Thursday 8 January 2009

SPDC's preparation for their bogus election 2010



လူ့အခွင့်အရေး ဘယ်လောက် ချိုးဖောက်နေသလဲဆိုတာ အထက်ပါ သန်းခေါင်စာရင်း ပုံစံ အသစ်ကိုသာ ကြည့်ရင် သိသာလွန်းပါတယ်။

လူ တစ်ဦး တစ်ယောက်၊ မိသားစု တစ်စုခြင်းဆီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး ဘာမဟုတ်တဲ့ ရပ်ကွက်လူကြီးဆိုတဲ့ လူတွေ ဆီမှာ အဲဒီ စာရင်းတွေ ပေးရမယ်တဲ့။

ပထမဦးဆုံး အဲလို မိသားစု စာရင်းကို ကောက်ယူထားတာကိုက လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ။ အခြားလူ့အခွင့်အရေးကို နားလည်ပြီး လူလို အသိစိတ်ရှိတဲ့ နိုင်ငံတွေမှာ အဲလို မိသားစု စာရင်း ကောက်ယူတာ မရှိပါဘူး။

ကိုယ့်ဘာသာ email ဘယ်နှစ်ခု ရှိရှိ ဒီလို ဘာမှ စာမတတ် ပေမတတ်နဲ့ လူမိုက် လူရမ်းကားတွေကို အဲဒီ လိပ်စာ ပေးဖို့ လိုသလား။ ဖုန်းနံပါတ်၊ အီးမေးလ် ဆိုတာတွေက ကိုယ်ပိုင် personal ကိစ္စ သက်သက်သာ ဖြစ်တယ်။ မိသားစုများနဲ့ လူတစ်ဦးခြင်းဆီရဲ့ ကိုယ်ပိုင် အခြေခံ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ အဲဒီ လွတ်လပ်ခွင့်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ဗြောင်ကျကျ အရှက်မဲ့စွာ ချိုးဖောက်လိုက်တာသာ ဖြစ်တယ်။

အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်း မရှိဘူးလို့ ယူဆရတဲ့ တရားမဝင် စွမ်းအားရှင်လို အဖွဲ့မျိုးကို အဖွဲ့ဝင် ရှိ၊ မရှိလည်း ဗြောင်စာရင်း ကောက်နေတာကို ကြည့်ရင် သူတို့ ဥပဒေ ဆိုတာ သူတို့ လိုက်နာခြင်း လုံးဝ မရှိဘူးဆိုတာကို ထင်းထင်းကြီး ပြနေတာပါပဲ။ ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အတော် ရင်နာစရာ ကောင်းပြီး၊ ရှက်စရာလည်း အတော် ကောင်းပါတယ်။ ယိုသူ မရှက် မြင်သူရှက်ရတာပါပဲ။

ဒီလို ဗြောင်ကျကျ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကျွန်တော် သိ နားလည် သလောက် ပြောရရင်တော့ .... လူ့အခွင့်အရေးဆိုတာ လူတဦးခြင်းဆီရဲ့ အခွင့်အရေးသာ ဖြစ်တယ်။ မွေးရာပါ ရသင့်တဲ့ အခွင့်အရေးပါပဲ။ ဘယ်သူ့ဆီကမှ တောင်းယူနေစရာ မလိုပါဘူး။ ကိုယ့်ဘာသာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ကျင့်သုံးနိုင်ကြပါစေ..။

လေးစာစွာဖြင့်
ကိုထိုက်

4 comments:

myan-law said...

ကိုထိုက်.. (ငထိုက်ဟုခေါ်သင့်သည်) စောက်ရူးက ထမိန်ခြုံကြားထဲမှာနေပြီး သူများတွေကို ထောင်ကျအောက် လိုက်မြှောက်ပေးနေ တယ်..ဟ ဟ
ရီရတယ်...မင်းက တကယ် စောက်ရူး အစစ်ဘဲ..ဒါပေမယ့် ငါသိပါတယ် မင်းကအရူးပါး..Sharp Idiot!!!

Unknown said...

ကိုထိုက်..

ခင်ဖျားရေးတာ..အရန်းမှန်တယ်။ဟိုကောင် စောက်ရုးmyan-law က..သူအဖေစစ်ခွေးတွေ ကို ..ပြောတော့နာတာပေါ့။ကိုတိုက်..ကျွန်တော်က..ရန်ကုန်မှာနေတော့သိတာပေါ့။
ဒီစစ်ခွေးတွေကတာ..လိမ်နေတာ။
်မြန်မာပြည်သူတွေ..စစ်ခွေးတွေက..အော့နလုံးနာနေကြတယ်။
တနေ့နေ့တော့..ဒီစစ်ခွေးတွေကို..မောင်းထုတ်ပစ်ရမယ်။
ွှSitmone

Unknown said...

ခင်ဖျာရေးတာ..အရန်းမှန်တယ်။ဟိုကောင် စောက်ရုးmyan-law က..သူအဖေစစ်ခွေးတွေကို ..ပြောတော့နာတာပေါ့။ကိုတိုက်..ကျွန်တော်က..ရန်ကုန်မှာနေတော့သိတာပေါ့။
ဒီစစ်ခွေးတွေကတာ..လိမ်နေတာ။
်မြန်မာပြည်သူတွေက..စစ်ခွေးတွေကို..အော့နလုံးနာနေကြတယ်။
တနေ့နေ့တော့..ဒီစစ်ခွေးတွေကို..မောင်းထုတ်ပစ်ရမယ်။
ွှSitmone

မင်းနန္ဒ said...

စောက်ရူးလေး.. ကိုထိုက်ကို စလုံးနေတယ်ပြောလိုပြော...privacy ကိုထိခိုက်စေတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မေးလိပ်စာတွေတောင်းပါနေတဲ့ သူ့အဖေလုပ်ရပ်ကို သက်သေသာဓကနဲ့မြင်နေတာကို..အရူးကလူလိုပြန်ဟစ် လိုဟစ်..။ လူတိုင်းသိနေတဲ့ NCGUB နဲ့ NCUB သတင်းတောင်မှားရေးတဲ့ သာကီနွယ်ကို အဟုတ်မှတ်လိုမှတ်.. ။ ငကြောင်လေး ဘာကြောင်ပြီး ဒီဘလော့လာ ဓါတ်ကျနေလဲ...။ ဒီတစ်ခေါက်တော့ အံ့မခန်းဖွယ်ရာ english အရေးအသားလေးတွေ မသုံးတော့ပါလား