Monday 23 March 2009

ရက်လည်ဆွမ်းကပ်ပွဲ ဖိတ်ကြားခြင်း


မတရားဖမ်းဆီး ခံရပြီး မြစ်ကြီးနားထောင်မှာနှစ်ရှည် အကျဉ်းချခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ နှင့် မိသားစုကိုယ်စား ကိုဇာဂနာ၏ မိခင်လည်းဖြစ်၊ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ရဲဝံ့ထင်ရှားတဲ့ သခင်မကြီးတဦးလည်းဖြစ်တဲ့ ကွယ်လွန်သူ ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီ ကြည်ဦးအား ရည်စူး၍ လန်ဒန်မြို့ ဝိဟာရ ဘုန်းတော်ကြီး ကျောင်း (Wembley ဘုန်းတော်ကြီးကျောင်း) တွင် ရက်လည် ဆွမ်းကပ်ပွဲ (နေ့ဆွမ်း) တစ်ခုကို (၂၆.၀၃.၀၉) ကြာသာပတေးနေ့တွင် ကပ်လှူပူဇော်မည် ဖြစ်ပါသဖြင့် တရားနာ ကုသိုလ်ယူနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

ကုသိုလ်ပါဝင် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ကိုထိန်လင်း ၀၇ ၉၀ ၆၆ ၀၇ ၁၉၇ artisthteinlin@gmail.com

ကိုထိုက် ၀၇ ၅၀၀ ၇၀၀ ၈၅၄ tzhtike2004@gmail.com


ဆွမ်းကပ်လှူဒါန်းမည့် နေရာ
Venue: London Vihara (Wembley Monastery)
1 Old Church Lane London NW9 8TG
ွှTime 10:30 AM
Tube: Wembley Park | Map:

လေးစားစွာဖြင့်
ကိုဇာဂနာအား ချစ်ခင်လေးစားသူများ

2 comments:

Anonymous said...
This comment has been removed by a blog administrator.
ပြည်ပရောက်(ထိုင်း) said...

အသုဘကို အေုကာင်းပြပြီး ဖဲဝိုင်းထောင်မဲ့ လူစားမျိုး တွေ .... အို ကမပူ စလောင်းကပူ