Monday 19 October 2009

ကြယ်ကြွေ သတို့သား

တာရာမင်းဝေရဲ့ ဇာပနမှာ ကိုမင်းကိုနိုင် ရွတ်ဆိုခဲ့တဲ့ "ကြယ်ကြွေ သတို့သား" ကဗျာလေးကို မင်းကိုနိုင်မွေးနေ့ အမှတ်တရ တင်လိုက်ပါတယ်။

ကိုထိုက်



"ကြယ်ကြွေ သတို့သား"


၁။ သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို ရင်သွေးလို မွေးခဲ့တယ်။

၂။ သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမိးလို ထွန်းခဲ့တယ်

၃။ သူငယ်ချင်း
မင်းဟာ
ကိုယ့်အနာကို လျှာနဲ့ပြန်သပ်
ရှင်ပြတတ်ခဲ့ပြီးပြီပဲ။

၎။ သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြားကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး
ကိုယ်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ
ကျကျနန မင်းလှပြခဲ့ပြီးပြီပဲ။

၅။ သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေနေတဲ့
ဟောဒီကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်။

၆။ သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

၇။ သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေပြင်ရဲ့ ကြေကွဲခြင်းဓါတ်ပြားမှာ
မင်းကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

၈။ သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်မယ့် တနေ့
ငါတို့ ....။

မင်းကိုနိုင်



(Read on the occasion of the death of Shwe Pone Lu a.k.a Taya Min Wai (writer) who died on 6th August 2007; Written and read by Min Ko Naing)



A shooting star


My friend
You nurtured what you believe like a baby

My friend
You lit up your agonies like a candelight

My friend
You licked your bruises and lived your days

My friend
You peeled your skin off
And sharpened your bones as if they wrer needles.
You made your own clothes
And smartly you showed them off.

Go ahead, my friend
To believe the pains
Of this world with many stars falling down
We have to live on

Go ahead, my friend
To protect ourselves with our hands from the pains
Of this world, under many scorching suns,
We have to live on.

Go ahead, my friend
To collect your poems
In Cry of the Earth
We have to live on

Go ahead, my friend
On the day we wave the flag of "fighting-peacock"
In our schools
We will ......

No comments: