Sunday, 9 December 2007

With China support, Ready to kill innocent people



Blazon ရှေ့ ၊ တွင် သွားရောက်ကြည့်ရှု နိုင်သည်။

ပြည်တွင်းက မျိုးချစ် ပြည်သူတွေရဲ့ လူသတ် အစိုးရ ကျဆုံးပါစေ Poster တိုက်ပွဲ။ ဒီနေ့ သွားကြည့်နိုင်ပါသည်။

သာသနာအား ဆက်လက် ဖျက်ဆီးနေသော နအဖ၏ လုပ်ရပ်

နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ စာသင်သား သံဃာတော် ( ၈ ) ပါးကို ၆-၁၂-၂၀၀၇ ကြာသပတေးနေ့တွင် (သာထွန်းပြန့်) သာသနာရေး ဌာနမှ ထုတ်ပယ်လိုက်ကြောင်း သိရပါသည်။

နောင်တွင်လည်း သံဃာတော် အပါး ၃၀ ခန့်ကို ထပ်မံ၍ ထုတ်ပယ်မည့် အစီအစဉ်များ ရှိသေးကြောင်း သိရပါသည်။

ကိုယ်ထူ ကိုယ်ထ တရားစီရင်ရေး

မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်များ ပျက်စီးနေပြီး၊ လက်ရှိ နအဖ၏ တရားဥပဒေမှ အရေးယူနိုင်စွမ်း မရှိသော ဘာသာ သာသနာအား စော်ကား ဖျက်စီးနေသော၊ အဂတိ လိုက်စားနေသော လူများအား ကျွန်တော်တို့၏ ကိုယ်ထူ ကိုယ်ထ တရားစီရင်ရေး မှ ဆုငွေထုတ်၍ အရေးယူနိုင်ရန် ကြိုးစား ဖေါ်ထုတ်နေပါသည်။

ယခုလက်ရှိ သာသနာဖျက်၊ သံဃာ သတ်သမား၊ လူသတ်သမား၊ အဂတိ လိုက်စားသော ဒုစရိုက်သမား သန်းရွှေအား ပဏာမ အနေဖြင့် ဆုငွေထုတ်ထားပါသည်။ နောင်တွင်လည်း အခြားသော ဒုစရိုက် သမားများအား ကိုယ်ထူ ကိုယ်ထ တရားစီရင်ရေး မှ ဆုငွေဆက်လက် ထုတ်သွားမည် ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။

Wednesday, 5 December 2007

ဆုတော်ငွေ

Update reward;

မြန်မာကျပ်ငွေ သိန်း (၁၅၀)
EURO 100
US $ 1,000
Singapore $ 100

ဆုငွေတွင် ပါဝင် ထည့်လိုသူများ အောက်က comment တွင် နာမည်နှင့် ပမာဏကို ရေးခဲ့ပြီး ကျွန်တော့်ထံ email နှင့် ဆက်သွယ်ပါရန် မေတ္တာရပ်ခံပါသည်။ email နှင့် သေချာ confirm လုပ်ပြီးမှ တိုးလာသော ဆုငွေ ပမာဏကို ကျွန်တော် update လုပ်နိုင်မည် ဖြစ်ပါသည်။ ဘေးမှ cbox သည် အဆိုပါ သန်းရွှေအား ဆုငွေနှင့် သက်ဆိုင်သော အထွေထွေ အကြောင်းအရာများ ဆွေးနွေးရန်ဖြစ်ပါသည်။

မကြာခင် အချိန်တွင် ဤ ဆုငွေကိစ္စကို ကျွန်တော် အပါအ၀င် ဖွဲ့ထည်းထားသော ပြည်တွင်းပြည်ပ မြန်မာလူငယ်များ အဖွဲ့တွင် လွဲပြောင်းတာဝန်ယူကိုင်တွယ် ကြမည် ဖြစ်ပါသည်။ နိုင်ငံ အသီးသီးရှိ အသင်းဝင်များမှ အဆိုပါ ကိစ္စကို တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ပါသည်။



သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ ရာဇ၀င်ဆောင်းပါးထဲက သိုဟန်ဘွားလို လူဆိုး၊ လူညစ်၊ ဘာသာဖျက် လူရမ်းကား ဘုရင် တပါးကို သတ်ပေးခဲ့သော မင်းကြီး ရန်နောင်လို လူမျိုး၊ မြန်မာ့ မျိုးချစ်တပ်မတော်သားထဲက ဖြစ်ဖြစ်၊ သာမာန် လူထဲက ဖြစ်ဖြစ် ပေါ်ပေါက်လာပြီး ယခု လက်ရရှိ လူဆိုး၊ လူညစ်၊ ဘာသာဖျက် လူရမ်းကား သန်းရွှေအား သတ်ပေးမည့်(သို့) ဖမ်းဆီးပေးမည့် မည်သူ့ကို မဆို ထိုက်တန်သော ဆုတော်ငွေ ပေးရေး အစီအစဉ်ကို ကျွန်တော်မှ စတင်လိုက်ပါသည်။

အထက်ပါ ပုံတွင်ပါရှိသော ဘာသာဖျက် သန်းရွှေအား လုပ်ကြံမည့်(သို့) ဖမ်းဆီးပေးမည့် မည်သူ့ကို မဆို ကျွန်တော်မှ ဗမာငွေ သိန်း(၅၀) ပေးမည် ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

အခြားသော မျိုးချစ် မြန်မာပြည်သားများ အနေဖြင့်လည်း မိမိတို့ တတ်နိုင်သလောက် (နောက်ပြောင်ခြင်းမရှိဘဲ) ဆုတော်ငွေများ ပါဝင်၍ တိုးမြှင့်ပေးကာ၊ တိုင်းပြည်နှင့် သာသနာ ပျက်ဆီးမည့် အရေးကို ၀ိုင်းဝန်း ကာကွယ်ကြပါစို့။

ဆုတော်ငွေများ ပါဝင် တိုးမြှင့်ပေးမည်ဆိုပါက Comment တွင် (သို့) ကျွန်တော်၏ အီးမေလ်တွင် လာရောက် အကြောင်းကြားနိုင်ပြီး၊ ကျွန်တော်မှ အဆိုပါ ဆုငွေ တိုးမြှင့်ပေးမည့် ပုဂ္ဂိုလ်၏ လိုအပ်သော အာမခံ အချက် အလတ်များကို မေးမြန်း၍ (လုံခြုံစိတ်ချစွာ)သိမ်းဆည်းထားပြီး တိုးမြင့်လာမည့် ဆုငွေ ပမာဏကို တင်ပေးပါမည်။ (မကြာခင် ဤ အကြောင်း blog တစ်ခု သတ်သတ် လုပ်ကာ ရရှိလာသော ဆုငွေများကို အမြဲ update လုပ်နေပါမည်။)

ဤအမျိုးနှင့် သာသနာကို ဖျက်ဆီးသူ သန်းရွှေအား ဖမ်းဆီး လုပ်ကြံခဲ့သူ မည်သူမဆို ကျွန်တော်၏ အီးမေလ်တွင် လာရောက် အကြောင်းကြား၍ ဆုငွေ ထုတ်ယူနိုင်ပါသည်။ ဆုငွေမတောင်းလည်း အဆိုပါ အလုပ်ကို လုပ်ပေးနိုင်သူအား ကျွန်တော်မှ ရှာဖွေဆက်သွယ်ကာ ဆုချသွားမည်ဖြစ်ပါသည်။


Tuesday, 4 December 2007

ကျွန်တော်တို့ ဘာလုပ်ကြမလဲ


မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အလုပ် လုပ်ကြရာမှာ လုပ်ငန်းစဉ် အပိုင်း ၂ ပိုင်းကို သေချာတွေ့မိပါတယ်။
  1. နအဖကို တိုက်ရိုက် တိုက်ခိုက်တဲ့ အပိုင်း
  2. နအဖကို ဖိအားဝိုင်းပေးတဲ့ အပိုင်း
ဆိုပြီး ( ၂ ) ပိုင်းရှိပါတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အပြီး ( ၂ ) လ ကျော်ကျော်အတွင်း နိုင်ငံအတွက် အဓိက လုပ်နေတဲ့ အပိုင်းတွေကို ပြန်ကြည့်ရလျှင် ဒုတိယ အပိုင်းကိုသာ လုပ်နေကြပါတယ်။

ဂမ်ဘာရီ၊ ပီညဲရိုး၊ USA၊ Security Council၊ EU၊ ASEAN၊ China၊ Indina အစရှိတဲ့ အကြောင်းအရာတွေကို ပြောဆို ဖိအားပေးနေတာကို တွေ့ရပါတယ်။

အထက်ပါ နိုင်ငံတွေ၊ အဖွဲ့ အစည်းတွေက ပါဝင် ပြောဆို ကူညီနေကြတာဟာ၊ အမှန်တကယ်မှာတော့ ကျွန်တော်တို့ အဝေးရောက် ပြည်ပနိုင်ငံရေးကို လုပ်နေကြတဲ့ လူတွေက တောင်းဆိုနေတာကြောင့် ပါဝင်ပြောဆို လာကြတာလားဆိုတာကို မှန်မှန်ကန်ကန် ပြန်သုံးသပ်ကြည့်ဖို့လိုလာပါပြီ။

ကျွန်တော့် ကိုယ်ပိုင် အမြင်အရ အထက်ပါ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ဒီလောက် အထိပါဝင်ပြောဆို ကူညီလာကြတာဟာ ပြည်တွင်းက နအဖကို တိုက်ရိုက် တိုက်ခိုက်တဲ့ လူတွေနဲ့ သိန်းချီတဲ့ သံဃာတော်တွေ ရဲရဲတောက် ဆန္ဒပြခဲ့ကြလို့ပါပဲ။

ဒီတော့ နံပါတ် ၂ အချက်သည် နံပါတ် ၁ အချက်ဖြစ်တဲ့ တိုက်ရိုက် တိုက်ခိုက်ရေးရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ပြောရလျှင် တိုက်ရိုက် တိုက်ခိုက်ရေးက ထွက်လာတဲ့ result တွေကို ထိန်းသိမ်းတဲ့ အခြေအနေသာ ရှိပါတယ်။

အဲဒီအခြေအနေကိုတောင် ကျွန်တော်တို့က ညီညီညွတ်ညွတ်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးလို့ မညှာတမ်း ဝေဖန်ကြည့်ချင်ပါတယ်။ နအဖကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အခြေအနေအထိကို မည်သည့် ပြည်ပရောက် အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ် တဦး တယောက်ကမှ လုပ်နိုင်စွမ်းမရှိတာကို တွေ့ရပါတယ်။ ပြည်ပရောက် ကျွန်တော်တို့တွေ သေသေချာချာ အာရုံစိုက် လုပ်ရမှာကတော့ တိုက်ရိုက် တိုက်ခိုက်နည်းပဲ ဖြစ်ပါတယ်။ ဖိအားပေးတဲ့ နည်းကတော့ ကျွန်တော်တို့ ၀င်မပြောလဲ စက်တင်ဘာ တော်လှန်ရေးကြောင့် သူတို့တွေ ကူညီပြောဆိုနေမှာ မလွဲပါဘူး။ သူတို့ လိုတဲ့ သတင်းအချက်အလက် အကူအညီတွေကိုသာ ပေးရုံပါပဲ။

အခု အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ ဖိအားပေးမှုတွေကိုသာ အာရုံစိုက် ပြောဆိုတိုင်ပင် လုပ်ကိုင်မှုတွေများနေပြီး၊ တိုက်ရိုက် တိုက်ခိုက်တဲ့ နည်းကို အားနည်းနေတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းကနေ ၂၀၀၅ အထိမှာ မြန်မာ့နိုင်ငံရေး ကစားကွက်ကို ဘာကြောင့် နအဖက အပေါ်စီးက ကစားနိုင်ခဲ့သလဲ။ ပြန်စစ်ဆေးကြည့်ပါ။ ပြည်တွင်းရော၊ ပြည်ပရော တိုက်ရိုက် တိုက်ခိုက်ရေးကို မလုပ်ကြဘဲ ဖိအားပေးတဲ့ အလုပ်တွေကို လုပ်ကိုင်တာများနေတာတွေ့ရပါတယ်။ သတိထားမိတဲ့ စကားလုံးလေး တစ်ခုက .. စောင့်ကြည့်ရဦးမယ် .. တဲ့။ နအဖ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ် ဆိုတာပါပဲ။

၈၈ မျိုးဆက်ကျောင်းသားများ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ၈၈ ကျောင်းသားတွေ ဦးဆောင်ပြီး နအဖကို တိုက်ရိုက်တိုက်ခိုက်မှုတွေ လုပ်လာတာ တွေ့ကြရပါတယ်။ အဲဒီအခါမှာ နအဖတွေဘက်က ၈၈ ကျောင်းသားတွေ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ် ပြန်ဖြစ်သွားပါတယ်။ နအဖ စောင့်ကြည့်ရဦးမယ် ဆိုတာတွေက ပြီးခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးကို ဦးတည် သွားစေခဲ့ပါတယ်။

ကျွန်တော်တို့ ဖိအားကိစ္စတွေကို ပြောဆိုလုပ်ကိုင်နေကြတာဟာ နောက်ထပ် စောင့်ကြည့်ရဦးမယ် ဆိုတဲ့ အခြေအနေကို ပြန်သွားနေတာလား ......

ကဲ ...... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

ကိုထိုက်

Saturday, 1 December 2007

သားသုံးသား ရှင်းလင်းရေး နောက်ဆက်တွဲ


အများ သိကြတဲ့ အတိုင်းပါပဲ။ နအဖက သူ့လမ်းစဉ်အတိုင်း သားသုံးသား ရှင်းလင်းရေးကို သေချာစွာ အကောင်အထည် ဖေါ်ဖို့လမ်းစဉ်ကို တစိုက် တမက်မက် လုပ်ဆောင်နေပါပြီ။

ကျောင်းသားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်ပြီး ထောင်ထဲထည့်ရှင်းလင်း နည်းတွေကို သုံးခဲ့ကြပါတယ်။ နောက်တခါ ဘုရားသားတော်တွေကို သတ်ဖြတ်၊ ဖမ်းဆီး ထောင်ထဲထည့်ပြီးတဲ့ အပြင် ကျောင်းကို အဓမ္မ သိမ်းယူတဲ့ အထိပေါ်ပေါ်ထင်ထင်ထင် ရဲရဲတင်းတင်း သာသနာတော်ကို စော်ကား ရှင်းလင်းနေပါတယ်။

အခုနောက်ဆုံး အနေနဲ့ကတော့ ကျန်နေတဲ့ စစ်သား(သံဃာတော်တွေကို သတ်ဖြတ်တဲ့ အထဲမှာ ရှေ့တန်းက ပါဝင် ခဲ့တဲ့ စစ်သား)တွေကို ရှင်းဖို့သာ ကျန်ပါတော့တယ်။ ဒီတော့ .... ဘယ်လို ရှင်းမလဲ ....

ကျွန်တော်ကတော့ နအဖနေရာမှာ ခဏ ၀င်ပြီး Braistorming လုပ်ကြည့်ပါတယ်။ အောက်ပါ နည်းလမ်းတွေကို စဉ်းစားမိပါတယ်။

အကြီးအကဲ ရာထူးရှိတဲ့ လူတွေကို မတန်မရာ အခွင့်အရေးပေးပြီး ပါးစပ်တွေကို ပိတ်ပါမယ်။ အကျင့်ဖျက်ပါမယ်။ ဒီတော့ အဆိုပါ ရာထူးရတဲ့လူက ရထားတဲ့ အခွင့်အရေးတွေ လက်လွတ်မခံရလေအောင် နအဖကို သစ္စာစောင့်သိပါတော့တယ်။ သစ္စာ မစောင့်သိခဲ့ရင်လည်း သူတို့ပေးထားတဲ့ အခွင့်အရေးတွေကို သုံးထားပြီးတာကြောင့် အကျင့်ပျက်နေပါပြီ။ အဲဒီလို အကျင့်ဖျက်ခံထားရပြီး အကျင့်ပျက်တဲ့ အတွက် အဲဒီ အမှုတွေနဲ့ ဖမ်းဆီး ထောင်ချ၊ အလုပ်ဖြုတ် အရေးယူပါတယ်။ မိသားစု အထိပါ လိုက်လံ ဒုက္ခပေးပါတော့တယ်။ ဒါကတော့ ရာထူး အကြီးပိုင်းကိုပါ။

နောက်တစ်ခုက ရာထူး မရှိတဲ့ အခြေခံ စစ်သားတွေ၊ သေနတ်ကိုင်ပြီး သံဃာတော်တွေကို ဖြိုခွင်းခဲ့တဲ့ စစ်သားတွေကို ရှင်းလင်းဖို့ကတော့ အခြားနည်းကို ကြံစည်ရပါတော့တယ်။ ဒါကတော့ အသက် အန္တရာယ်ပေးတဲ့ နည်းသာ ရှိပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သာမန် စစ်သားတစ်ယောက်ကို အခွင့်အရေး မပေးနိုင်လို့ပါပဲ။ ပေးခဲ့ရင် တပ်ထဲမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြံမလဲ ...နည်းလမ်းဟောင်းကို ပြန်သွားရပါတော့မယ်။ ၈၈ အပြီး မဲသဝေါ၊ မာနယ်ပလော တိုက်ပွဲတွေကို မှတ်မိကြဦးမှာပါ။ သေလိုက်တဲ့ စစ်သားတွေ တပ်တစ်ခုလုံးပါ ပြုတ်ခဲ့တာတွေ ... ။ အဲဒီတပ်တွေက ဘယ်က တပ်တွေပါလဲ .. ။ ၈၈မှာ ရှေ့တန်းက ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ လို တပ်တွေပါပဲ။ အခု အခါ ၈၈ မှာ ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ တပ်က လက်ကျန် စစ်သားဆိုတာ မရှိသလောက်ကို ဖြစ်သွားတာ အားလုံး အသိပါ။ သူတို့အတွက် အန္တရာယ် ပေးနိုင်တဲ့ စစ်သားတွေကို ဒီနည်းတွေနဲ့ ရှင်းပါတော့တယ်။

အခု အခါ ... နောက်ဆုံး သတင်းအရ KNU ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြန်ပါပြီ။ သံဃာတော် တပါး KNU လက်ချက်နဲ့ ပျံလွန်တော်မူသွားတယ်ဆိုတဲ့ သတင်းကို သတင်းစားတွေထဲ အရှက်မရှိ လိမ်လည်နေပြန်ပါတယ်။ သတင်း မှန်၊ မမှန်ကို ကျွန်တော် မသုံးသပ်လိုတော့ပါ။ အနည်းဆုံး စက်တင်ဘာမှ ပျံလွန်တော်မူသွားခဲ့တဲ့ သံဃာအရေ အတွက်နဲ့ သတင်းကို ဘာလို့ မထုတ်ပြန်ပဲ၊ အခုကျမှ ဘယ်သူမှ မသိတဲ့ နယ်စပ်က သံဃာတော် တပါး ပျံလွန်တော် မူတာကို(မှန်ချင်မှ မှန်နိုင်ပါမည်။ သူတို့ သတ်တာလဲ ဖြစ်နိုင်ပါသည်။) ရေးကြီးခွင်ကျယ် သတင်းလုပ်ရေးနေရပါသလဲ .... ။ အဖြေက ရှင်းပါသည်။ တပ်မ ၆၆ ကို KNU နှင့် စစ်သွားတိုက်ခိုင်းရန် ကြံစည်နေသောကြောင့်သာ ဖြစ်ပါတော့သည်။ သားသုံးသား ရှင်းလင်းရေးနောက်ဆက်တွဲ စစ်သား ရှင်းလင်းရေး အစီအစဉ်ဖြစ်ပါတယ်။

အခုလို လုပ်ခြင်းအားဖြင့် တချက်ခုတ် နှစ်ချက်ပြတ်ပဲ ခေါ်ခေါ်၊ ငှက်တကောင်ကို ခဲတလုံးနဲ့ ပစ်တယ်ပဲ ဆိုဆို၊ နအဖက တပြိုင်တည်း အလုပ် ၂ ခုကို လုပ်လိုက်တာပါပဲ။ စစ်သားတွေကို ရှင်းလင်းရေးအပြင် ပြည်တွင်းက ပြည်သူတွေအနေနဲ့ သူတို့ အဓမ္မလုပ်ကိုင်နေသော သာသနာ ဖျက်ဆီးရေး လုပ်ငန်းတွေကို သတိမမူမိအောင် အာရုဏ်လွှဲပြောင်းရန် တပြိုင်နက် လုပ်ဆောင်နေကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်