ပြန်လှန်တွေးခေါ် တိုက်ခိုက်ခြင်း
တော်လှန်ရေး ကာလမှာတော့ ပြန်လှန် တွေးခေါ် တိုက်ခိုက်ခြင်းဆိုတာကို သုံးသင့်ပါတယ်။ တော်လှန်ရေး အတွက် Think Tank အဖွဲ့တွေ များများလိုပါတယ်။
လက်ရှိ နအဖကို ဒီမိုကရေစီ တော်လှန်ရေး လုပ်နေရာမှာ အဲဒီလို ပြန်လှန်တွေးခေါ် တိုက်ခိုက်ခြင်း မလုပ်နိုင်လျှင် ကျွန်တော်တို့ ခံစစ် ဖြစ်နေရမှာပါပဲ။ သူ့ဘက်က တိုက်လာတဲ့ တိုက်စစ်ကို ဘယ်လို ခုခံရမလဲ ဆိုတာကို ဆွေးနွေးအချိန်ကုန်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ခုခံမှု ပြုနေရုံနဲ့တင် ရပ်မနေဘဲ၊ ခုခံရင်း ပြန်တိုက်၊...... တပြိုင်နက်ထဲမှာ နောက်ထပ် တိုက်စစ်တွေ ဘယ်လို ဆက်လက် ဆင်နွဲမလဲဆိုတာပါ တခါတည်း တွေးခေါ် အကောင်အထည်ဖေါ်နိုင်ရပါမယ်။
လက်တွေ့ မြေအောက် တော်လှန်ရေး လုပ်ဖို့ စီစဉ်နေကြသလို၊..... ပြည်သူလုထု စိတ်ဓါတ်အတွက်လည်း မြေပေါ် တိုက်ခိုက်ရေးတွေကို လုပ်ပြပြီး စိတ်ဓါတ်မြှင့်တင်ပေးရပါမယ်။ မြေပေါ် မြေအောက် ဟန်ချက် ညီဖို့ အရမ်း အရေးကြီးပါတယ်။
လက်တလော ကိစ္စကိုဘဲ ပြန်သုံးသပ်ကြည့်ပါ။ နအဖက ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး တိုက်စစ်ဆင်လာပါတယ်။ သူ့နောက်မှာ ဖုန်းကွယ်ပြီး လိုက်လာတဲ့ ခေါင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ပေးမဝင်ဘူးတဲ့။ နအဖတွေကို ငတုံးတွေလို ဘယ်သူ ပြောလဲ။
လူတွေက road map (၇) ချက်ကို လက်မခံဘူး၊ ဆန္ဒခံယူပွဲနဲ့ နောက်ထပ်ရွေးကောက်ပွဲကို လက်မခံဘူး ပြောနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့် မပြုဘူး လုပ်လိုက်ပါတယ်၊ အတော်ပါးနပ်ပြီး ကောက်ကျစ်တဲ့ နအဖပါ။ ပုံပြင်ထဲက မြေခွေးကောက်ကျစ်တယ်ဆိုတာ နအဖကို ခြေဖျားတောင် မမှီပါဘူး။
သူက ဒေါ်စု ကိစ္စ ပြောလိုက်တော့ ... လူတွေက ရွေးကောက်ပွဲမှာ ဘာလို့ ဒေါ်စု မပါရမှာလဲ။ ပါခွင့် ပြုရမယ် ဖြစ်လာပါရော။ .. ကဲ ဒါဆို ... သူတို့ ပြောတဲ့ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုတာတွေကို လူတွေက လက်ခံလိုက်ပြီပေါ့ ... ။
နအဖရဲ့ ကလိမ်ကျတဲ့ ကောက်ကျစ်မှုကို သာမန်ပုံနဲ့ ရိုးရိုးသားသား ကြည့်လို့မရတော့ပါဘူး။
နောက် ထပ် တစ်ခုက .. အခု လူတွေက ဆွေးနွေးလာကြတယ်။ ကန့်ကွက်မဲပေးမယ်ပေါ့၊ .. ဟာ .. ဒါဆို road map (၇) ချက်ကို ပြည်သူတွေက လက်ခံလိုက်ပြီပေါ့။ အဲဒါ ပြဿနာပါ။
ကန့်ကွက်မဲ မပေးဘဲ လုံးဝ ဆန္ဒပြမယ်။ ဒါဆိုရင် ဒီကောင်တွေက ကြံဖွတ်တွေ သုံးပြီး သဘောတူညီမှု ယူလိုက်ရင် တိုင်းပြည်ချောက်ထဲကျပြီ။ ...
ကဲ ဒီတော့ ဘာလုပ်ကြမလဲ။ ပြည်သူတွေကို ဘာ message ပေးမလဲ။
ဒီနေရာမှာ “ပြန်လှန်တွေးခေါ်တိုက်ခိုက်ခြင်း”ကို သုံးကြည့်လို့ ရနိုင်မလား။ ဘယ်လို လုပ်မှာလဲ...။ ဘယ်လို ပြန်လှန်တွေးခေါ် တိုက်ခိုက်မှာလဲ။ ? ? ?
အဲဒိ အချက်တွေကို အားလုံး စဉ်းစားဖို့ လိုနေတယ်လို့ ထင်လို့ ထောက်ပြကြည့်တာပါ။ တကယ်လို့ ပြန်ပြီး တိုက်ခိုက်လာနိုင်ရင် နောက်ထပ် ထပ်ချက် မကွာ ဘယ်လို တိုက်ခိုက်မှုတွေကို ဆက်လုပ်မှာလဲ ဆိုတာကိုပါ တပြိုင်ထဲ တွေးခေါ် ပြင်ဆင်ထားဖို့ လိုနေပါပြီ။
ကျွန်တော်တို့က နအဖနဲ့ တိုက်ခိုက်ရာမှာ systematic revolution ဖြစ်ဖို့ လိုနေကြောင်းပါ။
................................
်ဒီနေရာမှာ ကျွန်တော်တွေးမိတဲ့ “ပြန်လှန်တွေးခေါ်တိုက်ခိုက်”နည်းကတော့ နအဖ စစ်အုပ်စုက တဖက်သက် ရေးထားတဲ့ အခြေခံဥပဒေကို ပြည်သူလူထုက ကန့်ကွက်မဲဝိုင်းပေးကြပြီး၊ တိုင်းရင်းသားတွေပါတဲ့ သုံးပွင့်ဆိုင် တွေးဆုံဆွေးနွေးရေးကို တောင်းဆိုဖို့ တိုက်တွန်းနှိုးဆော်သင့်ကြောင်း ထင်မြင် ယူဆမိပါတယ် ခင်ဗျာ။
လေးစားစွာဖြင့်
ကိုထိုက်



