Tuesday, 8 April 2008

ထမင်းရည် အငတ်ဘေးက လွတ်ကင်းပါစေ။


မေလမှာ အာဏာရူး နအဖ တစ်စုက မတရားတဲ့ အခြေခံဥပဒေဆိုတာကြီးကို ပြည်သူတွေက ဘာရေးထားမှန်း မသိအောင် ကြံစီထားပြီးနောက် အတည်ပြုရန်ဆန္ဒ ခံယူပွဲ လုပ်မယ်ဆိုပြီး ရူးကြောင်ကြောင် စီစဉ်နေတာ အားလုံးလည်း အသိပါပဲ။ ကဲ .. ထားလိုက်ပါဦး အခြေခံဥပဒေနဲ့ ဆန္ဒ ခံယူပွဲကိစ္စ။

ကျွန်တော်ကိုယ်တိုင်လည်း အခြေခံဥပဒေအကြောင်း ရေးထားတာ အတော်များနေပြီ။ ဒီတခါ အခြေခံဥပဒေအပြင် မမြင်နိုင်တဲ့ ဘေးက လာနေတဲ့ ပြည်သူလူထုအတွက် ပြဿနာ တစ်ခုကို အားလုံး သတိထားမိလာအောင် နည်းနည်းလေး သတိပေးချင်လို့ပါ။

အဲဒါကတော့ ဆန် ပြဿနာပါပဲ။ အရင်က ကမ္ဘာမှာ ဆန်ထွက်အများဆုံးတိုင်းပြည်လို့ အသိအမှတ်ပြုခံထားရတဲ့ တိုင်းပြည်ဟာ မြန်မာနိုင်ငံပါ။ အခုတော့ တိုင်းပြည်တိုးတတ်အောင် နေ့ မအား၊ ည မအား ပင်ပန်းကြီးစွာ ကြိုးပန်းနေတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ထက်မှာ အဲဒီ ဆုတံဆိပ်ကို ထိုင်းနိုင်ငံက လုယူသွားခဲ့ပါတယ်။ (ဒါ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ထူးချွန်ချက် တစ်ခု။ ဒါတောင် ဥာဏ်ကြီးစွာ သုံးသီးစား စိုက်ခိုင်းပြီး နေ့စဉ် လှည့်လည် စစ်ဆေးနေကြပေလို့ပေါ့။)

ကမ္ဘာမှာ အခု အခါ စီးပွားရေး ကျဆင်းမှု ပြဿနာတစ်ခုကလည်း အမေရိကန်က စလို့ မသိမသာ ပြန့်နှံ့လာနေပါတယ်။ အမေရိကန် စီးပွားရေး ကျတာ ငါတို့နဲ့ ဘာဆိုင်သလဲ မေးချင်ကြမှာပါ။ ဘာမှ မဆိုင်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့် အဲဒီ ပြဿနာက အမေရိကန်မှာတင် ရပ်နေရင် ဘာအရေးလဲ။ ကိစ္စမရှိဘူးပေါ့။ ရပ်မနေပဲ အာရှအထိရောက်လာမှ မဆိုင်ပါဘူး ဆိုပြီး ရပ်ကြည့်နေရင်တော့ ပြည်သူတွေ ထမင်းရည် ငတ်ရပါလိမ့်မယ်။ (ထမင်း ငတ်တာက နအဖ ဗိုလ်ချုပ်ကြီးတွေ တိုင်းပြည်ကို စပြီး ပင်ပင်ပန်းပန်း ဖျက်ဆီးကတည်းကဆိုတော့၊ အခု တခါ ငတ်ရင် ထမင်းရည်ပဲ ငတ်ရမှာပါ။)

စီးပွားရေး ကျဆင်းမှု ပြဿနာအပြင် သူ့နောက်မှာ သိသိသာသာ ကပ်လိုက်တာကတော့ ဆန် ရှားပါးမှု ပြဿနာပါပဲ။ အိမ်နီးချင်း ဆန်စားတဲ့ တိုင်းပြည်တွေမှာ ဆန် ရှားပါးမှု ပြဿနာကို အနှစ် ၂၀ အတွင်းမှာ ပထမဦးဆုံး ရိုက်ခတ်လာတာမို့ ဆန်တင်ပို့တာတွေ ရပ်တဲ့ တိုင်းပြည်ကရပ်၊ ကန့်သတ်တဲ့ တိုင်းပြည်က ကန့်သတ်၊ ဝယ်တဲ့ တိုင်းပြည်က ဝယ်လုပ်နေကြပါတယ်။ တိုင်းပြည်မှာ အရံ ဆန် အင်အား ဘယ်လောက်ရှိတယ်၊ နှစ်စဉ် ဆန် ဘယ်လောက် ကုန်တယ်ဆိုတာကို အိမ်းနီးချင်း တိုင်းပြည်တွေက တွက်ချက်ပြီး ဆန်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာပါ။

နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ တိုင်းပြည်မှာ အရံ ဆန်အင်အား ဘယ်လောက်ရှိလဲ သိပုံ မရပါဘူး။ နှစ်စဉ် တိုင်းပြည်က ပြည်သူတွေက ဆန်ဘယ်လောက် စားသုံးသလဲ ဆိုတာလဲ ဥာဏ်မီပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမိုက်လုပ်ပြီး ဆန်ကို အမြောက်အများ ရောင်းစားနေတာ အားလုံး အသိပါပဲ။ ဆန်ကို တန်ချိန်ပေါင်း သိန်းချီပြီး နိုင်ငံခြားကို တင်ပို့ ရောင်းချနေပါတယ်။

တိုင်းပြည်အတွက် အလုပ်လုပ်နေရလို့ ဦးနှောက်တွေ ချောင်ကုန်လားမသိ ရောင်းတဲ့ ဈေးကလည်း ... ထိုင်းက ဆန် (၁) တန်ကို ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင် ရောင်းနေချိန်မှာ၊ ဗိုလ်ချုပ်ကြီးတွေက ဒေါ်လာ ၄၀၀ ပတ်ဝန်းကျင်နဲ့ ရောင်းစားနေပါတယ်။

အဲဒီ ဆန်တွေ ရောင်းပြီး ရလာတဲ့ ငွေတွေကို ဘာလုပ်သလဲ။ ဆန်ရောင်းပြီး ရလာတဲ့ ငွေတွေကို လယ်သမားတွေ အပါအဝင် နောက်တခါ ဆန္ဒပြရင် စေတနာနဲ့ ပစ်သတ်နိုင်အောင် ရုရှား ၊တရုတ်နဲ့ မြောက်ကိုရီးယာက လက်နက် အစုတ်တွေကို မတန်တစ ဈေးပေးပြီးဝယ်ပါတယ်။

အကြာမီ လာမည် မျှော် .... ဆိုသလို မကြာခင် အချိန် အတွင်းမှာ တိုင်းပြည် စီးပွားရေးကျဆင်းလို့ လူတွေက စာရိတ္တတွေ ပျက်စီးလာရာကနေ၊ အခု တခါ စားစရာ ဆန်ရှားလာပြီး သောက်နေရတဲ့ ထမင်းရည်လေး ငတ်လာမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံတော်ကြီး ပျက်လတ္တံလို့ သင်္ကြန်စာ အရေးအသားကို ခိုးယူပြီး ပြောပါရတော့မှာပါပဲ။

ဒီပြဿနာတွေကို ဖြေရှင်းဖို့က နည်းလမ်း တစ်ခုပဲ ရှိပါတယ်။ နေ့မအား၊ ညမအား ပင်ပန်းကြီးစွား တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရရှာတဲ့ အသက် ၇၀ ကျော် အဖိုးကြီး အပါအဝင် နအဖ အဖွဲ့ တခုလုံးကို ပြည်သူတရပ်လုံးက ဝိုင်းဝန်း အနားပေးပြီး အဝီစိ တံခါးပေါက်လေးတွေ ဝိုင်းဖွင့်ပေးကြပါစို့ လို့ အကြံပြုရင်း တိုင်းပြည်မှာ ပြည်သူတွေ ထမင်းရည် အငတ်ဘေးက လွတ်ကင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

Monday, 7 April 2008

မြန်မာ့ သမိုင်း မှတ်တိုင်ကြီး တစ်ခု ပြိုလဲခြင်း


အမေ လူထု ဒေါ်အမာ (၉၃ နှစ်) သည် မြန်မာစံတော်ချိန် ၇ ရက်နေ့ ၂၀၀၈ ခုနှစ်၊ မနက် ၈ နာရီ ၃၇ မိနစ်က ကွယ်လွန်သွားကြောင်း သိရသဖြင့် မိသားစုနှင့် အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းမိပါတယ်။ မြန်မာ့ စာပေလောက၊ မြန်မာ့နိုင်ငံရေး လောက တွေမှာ အမေ့လို အာဇာနည် အမျိုး သမီးတဦးကို ပိုင်ဆိုင်ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကျွန်တော်တို့တွေ ထာဝရ ဂုဏ်ယူ နေမှာပါ အမေ။ အမေ ကောင်းရာ သုဂတိ လားပါစေ။

ဒါပေမယ့် အမေ၊ အမေ မျက်စိ မမှိတ်ခင် အထိ အမေ မြင်ချင်တဲ့ လွတ်လပ်တဲ့ မြန်မာ နိုင်ငံဆိုတာကို အမေ မြင်မသွားနိုင်ခဲ့ပါဘူး။ အမေ မြင်ချင်တဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို အေးချမ်းရာ ဘုံဘဝကနေ မြင်နိုင်အောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ် အမေ။

Sunday, 6 April 2008

London, Olympic Torch and Burma



Friday, 4 April 2008

ပြည်တွင်းမှ အနေအထားများ

- SPDC အနေဖြင့် (၂၁)ရက် ကြိုကြေငြာရန်လိုအပ်သဖြင့် ဧပြီလ(၁၀)ရက်ဝန်းကျင်ခန့်တွင် ဆန္ဒမဲ ပေးရမည့်ရက်ကို ကြေငြာနိုင်ဖွယ်ရှိပါသည်။ ကျင်းပမည့်ရက်သည် မေလ၊ ဒုတိယအပတ် (၉၊ ၁၀၊ ၁၁ရက်)ခန့်ဖြစ်နိုင်ပါသည်။ ၂၀၀၈ခုနှစ်၊ ဧပြီလ(၁၁)ရက် မှ (၂၀)ရက်နေ့အထိ တရားဝင် ရုံးပိတ်ရက်ဖြစ်ပြီး၊ သင်္ကြန်တွင်းနှင့် ခရီးသွားလာမှုများကြောင့် ၄င်းရက်ပိုင်းအတွင်း စိတ်ဝင်စားမှု လျော့ကျနိုင်ပါသည်။ တနည်းအားဖြင့် အတိုက်အခံများ (သို့) Vote No သမားများအတွက် အချိန် အနည်းငယ်သာ ရရှိနိုင်မည်ဟု ယူဆပါသည်။

- မဲပေးခွင့်ရှိသူ ပြည်သူလူထု အများစုမှာ နယ်များမှ ဖြစ်ပါသည်။ ယ္ခုအထိ ၄င်းတို့အနေဖြင့် သိလည်းမသိ၊ နားလည်းမလည်သဖြင့် သက်ဆိုင်ရာ ရရကများ၊ ပြည်ခိုင်ဖြိုးများနှင့် နီးစပ်သူများ၏ တိုက်တွန်းမှုဖြင့် ပြီးပြီးရောသဘောဖြင့် Yes ထည့်နိုင်ဖွယ်ရာလည်း ဖြစ်နေပါသည်။ SPDC နှင့် ၄င်းတို့နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် လွတ်လွတ်လပ်လပ် အပေါ်စည်းမှ ဆောင်ရွက် နိုင်ခြေရှိပါသည်။
- ကျနော့် ထင်မြင်ချက်အရ ယ္ခုအချိန်ထိ အခြေခံဥပဒေမူကြမ်းစာအုပ်ကလည်း မဖြန့်သေး၊ မြို့ကြီး များမှ အများစုကလည်း မိမိဝမ်းရေးကြောင့် သိပ်ပြီး အာရုံမစိုက်နိုင်ပါသဖြင့် SPDC အနေဖြင့် ၄င်းတို့စိတ်ကြိုက် Yes ဖြစ်သွားနိုင်ပါသည်။ မြန်မာပြည်သူလူထု ကောင်းစွာသဘောပေါက်ပြီး သဘောတူသဖြင့် Yes ဆိုလျှင်ကောင်းပါတယ်။ ယ္ခုအနေထားက နားမလည်တူသူကများပြီး လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ Yes ဆိုလျှင်ဖြင့် မြန်မာပြည်သူများဟာ အာဖရိကပြည်သူများထက် ပိုဆိုး ပိုနိမ့်ကျတယ်လို့ ပြောရမလိုဖြစ်သွားပါမယ်။

- Track Record များအရ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲ၊ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ၊ ၁၉၉၈ခုနှစ် လူထု လှုပ်ရှားမှု နှင့် ၂၀၀၇ ခုနှစ်စက်တင်ဘာ၊ အောက်တိုဘာကိစ္စများမှာ စည်းရုံးလှုပ်ရှားနိုင်တာနှင့်အမျှ ပြည်သူ လူထု ပိုမိုသဘောပေါက် ပါဝင်လာတာဆိုတာ မြင်နိုင်ပါတယ်။ ယ္ခုလည်း Yes ထည့်ထည့် No ထည့်ထည့် ပိုမိုသိရှိရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခြင်းပါ။

- အချိန်နည်းတဲ့အတွက် ပြည်သူလူထုပိုမိုသိရှိစေရန် နည်းလမ်းများကတော့ Priority အတိုင်း အုပ်စုခွဲရမယ်ဆိုရင် (၁) NLDပါတီနှင့် ၄င်းတို့၏ပါတီဝင်များ (၂) ဒီမိုကရေစီရေး လိုလားသူများ (၃) ပြင်ပအသံလွှင့်ဌာနများ (၄) အခြားမီဒီယာများနှင့် ပြင်ပအင်အားစုများ အတိုင်းဖြစ်ပါလိမ့်မယ်။

အုပ်စု (၁) NLD ပါတီနှင့် ၄င်းတို့၏ပါတီဝင်များ

၁၉၉၀ ကဲ့သို့အားမကောင်းပါ၊ တက်ကြွသူများ အားနည်းသွားပြီ၊ လှုပ်ရှားမှု နည်းသွားပြီ။ ၄င်းတို့ထဲမှကျန်ရှိနေသူများလည်း May မတိုင်မီထောင်ထဲမရောက်အောင် ချင့်ချိန်ပြီး လုပ်ရှားနေရသဖြင့် အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းက Radio နှင့် Media က ပြောကြား၊ ပါတီဝင်များက Radio နှင့်အခြား Media များမှ အချက်အလက်များသတင်းစကားကို ပြည်သူ အတွင်း ထပ်ဖြန့်ခြင်းအားဖြင့် အနည်းငယ်ပိုတိုးလုပ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကား ကို သင်္ကြန်ပြီးလောက်မှာ NLD ဖြန့်နိုင်ရင်နည်းနည်း ပိုကောင်းလာနိုင်စရာရှိပါတယ်။

အုပ်စု (၂) ဒီမိုကရေစီရေးလိုလားသူများ

ပြည်တွင်းက သာမာန်ဒီမိုကရေစီရေးလိုလားသူများ အနေဖြင့် သီးခြားဆောင်ရွက် လို့မရပါ။အနည်းအကျဉ်းဆောင်ရွက်နိုင်တဲ့စာရွက်စာတမ်း ဖြန့်ဝေခြင်းလိုကိစ္စများကလည်း အနည်းငယ် သာသက်ရောက်ပါမယ်။ ပြင်ပ Radio နှင့် Media များမှတဆင့်သာ ပြည်သူလူထုကို သတင်းစကား ပေးခြင်းဖြင့် ပြည်သူလူထုပိုမိုသိရှိတဲ့နည်းလမ်းက ပိုကောင်းပါမယ်။ အန္တရာယ်လဲနည်းပါတယ်။ ဥပမာ။ ။ ဒေါ်စု၊ NLD ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ဆရာလူထုဦးစိန်ဝင်း၊ လူထုဒေါ်အမာ၊ ဆရာမောင်စွမ်းရည်၊ သခင်သိန်းဖေ၊ ပီနန်ဆရာတော်၊ ဇာဂနာ၊ ကျော်သူ၊ ဖြစ်နိုင်သမျှ ဒီမိုကရေစီရေး လိုလားသူ နာမည်ကျော် ပြည်တွင်း၊ပြည်ပမှ လူများ၏ No ဘာကြောင်းထည့်သင့်ကြောင်းကို အရှိန်အဟုန် ဖြင့်ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် သင်္ကြန်ပြီးကာလတွင် ပိုမိုအရှိန်မြင့်နိုင်လျှင် ကောင်းပါမည်။

အုပ်စု (၃) ပြင်ပအသံလွှင့်ဌာနများ

ယခုအချိန်မှာ ၄င်းတို့၏ အခန်းကဏ္ဍကလည်း အတော်အရေးပါနေပါပြီ ပြည်တွင်းမှာ Radio နားထောင်သူ ၂သိန်းခန့်ရှိနိုင်ပါတယ်။ (ခန့်မှန်းချက်ပါ) ဂြိုလ်တုစလောင်းများမှ နားထောင်နေသူများလည်း အသင့်တင့်ရှိပါတယ်။ Radio နားထောင်သူပရိတ်သတ်မှတဆင့် နားမထောင်ဖြစ်တဲ့ အခြားပုဂ္ဂိုလ်များသို့ သတင်းစကားဖြန့်ဝေနိုင်ပါသည်။ Radio နားထောင်နေသူထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင်တွေလည်း ပါပါတယ်။ သူတို့မှာ NLD ရုံးချုပ်က ပြောတာတွေကို အသံလှိုင်းကတဆင့် သာသိနေရပါတယ်။ ယခုအချိန်မှာ အမြန်ဆုံးနဲ့ အကောင်းဆုံးက Radio ဖြစ်နေပါတယ်။

- ဖော်ပြခဲ့တဲ့ အုပ်စု(၁) နဲ့ အုပ်စု(၂)က လူတွေရဲ့သဘောထား သတင်းစကားကို အသံလွှင့်ဌာနတွေ ဆောင်ကျဉ်းမှု၊ ထိရောက်မှုက ဒီပွဲမှာ အတော်အရေးပါပါလိမ့်မယ်။ အုပ်စု(၁)(၂)မဟုတ်ပဲ အခြား လူများကို Interview ရင်းနဲ့ SPDC ရဲ့ မမျှတမှုကိုလဲပေါ်လွင်စေနိုင်ပါတယ်။

ဥပမာ - အခြေခံမူကြမ်းမှ ဥပဒေမူကြမ်းပြောင်းတဲ့နေရာမှာ အရေးကြီးဆုံး အချက်တွေကို မတော်မတရား ပြောင်းခဲ့တဲ့ ကိစ္စကို ညီလာခံတက်ခဲ့တဲ့ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ၄င်းတို့၏ကိုယ်စားလှယ်များ၊ ညီလာခံတက်နေတဲ့ NLD ဟောင်း လွတ်တော်အမတ်များ၊ သခင်သိန်းဖေ ကဲ့သို့လူများရဲ့ သဘောထားများကို မေးမြန်းအသံလွှင့် စေချင်ပါတယ်။ တစည၊ ကိုအေးလွင် နှင့် ၀ံသာနု NLD များကိုလည်း ဒီလိုပြင်တာ တရား၊ မတရား သဘောထားများ မေးနိုင်၊ လွှင့်နိုင်ပါတယ်။

အဓိကကတော့ ပြည်သူလူထု Heart ထိမဲ့ အချက်တွေဆိုရင် ဒီသတင်းစကားဟာ Radio နားထောင်သူများမှတဆင့် ပြည်သူလူထုကြားထဲ ပြန့်နှံ့သွားနိုင်ပါတယ်။ ပီနန်ဆရာတော်၊ မစိုးရိမ် ဆရာတော်လို ဆရာတော်များမှ တစ်နိုင်ငံလုံးမှာ ရှိတဲ့ သံဃာတော်များသို့ ပန်ကြားချက်မျိုး ထုတ်လွှင့်နိုင်ရင်လည်း ပြည်သူလူထု ပိုသိလာနိုင်ပါတယ်။ သံဃာတော်များမှလည်း စိတ်ဝင်စား ပါဝင်ကူညီလာနိုင်စရာ ရှိပါတယ်။ ဆရာတော်များမှ တပ်မတော်သားများထံသို့ (သို့) အခြား ထင်ရှားကျော်ကြားသူများမှ တပ်မတော်သားများ၊ မဲရုံမှူးများ၊ ကော်မရှင်များထံသို့ လေလှိုင်းမှ တဆင့် Free and Fair ဆောင်ရွက်ပေးဘို့ မေတ္တာရပ်ခံနိုင်ပါတယ်။

အုပ်စု (၄) အခြားမီဒီယာများနှင့်ပြင်ပအင်အားစုများ

Website များ နှင့် Blog များသည်လည်း 2007 September , October မှ စပြီး ပိုမို စိတ်ဝင်စားခံရတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြည်တွင်းအတွက်ကတော့ အတော့ကို အကန့်အသတ်တွေ ရှိပါတယ်။ Internet Speed ကနှေး၊ ကျော်ပြီးကြည့်ရတာကလဲ အင်တာနက်ကဖီးဆိုင်တိုင်းမှာ အဆင်ပြေ တယ်လို့ မပြောနိုင်ပါဘူး။ ကျနော့်အထင် ပြည်တွင်းကကြည့်သူ (၃၀၀၀)(၄၀၀၀)ထက် မကျော်ဘူး ထင်ပါ တယ်။ (ခန့်မှန်းပါ- မှားနိုင်ပါတယ်)၊ Radio လောက်တော့အားမကောင်းပါ။ ဒါပေမယ့် သူလဲ သူ့အထွာနဲ့သူ လိုအပ်ပါတယ်။ ပြည်တွင်းက ကြည့်တဲ့သူ အချို့က မကြည့်နိုင်တဲ့သူကို ပြန်ပြောပြတာမျိုး၊ Print Out ထုတ်ပြီး ပြန်ပြတာမျိုး လုပ်နိုင်ပါတယ်။ ပြည်ပမှာ မြန်မာတစ်ချို့လည်း ဖတ်ကြမှာပါ။ ပြင်ပမှ မြန်မာများက ပြည်တွင်းက သူတို့မိသားစုများကို တယ်လီဖုန်း(သို့) Mail များနှင့်လည်း ပြန်ပြောလို့ရပါသေးတယ်။ အသံတွေများလာရင် အနည်းနဲ့အများ လှုပ်လာမှာပါ။ အားလုံး လုပ်နိုင်သမျှ ၀ိုင်းပြီးဆောင်ရွက် စေချင်ပါတယ်။ အချိန်နည်းနည်းပဲရှိပါတော့တယ်။

Website များနှင့် blog များကပြည်တွင်းမှ ဆန္ဒမဲပေးတဲ့နေ့ ရရှိမဲစာရင်းများကို မြို့နယ်အလိုက် ရပ်ကွက်မဲရုံ အလိုက်၊ စာရင်းပြုစုပြီး တင်ထားမည်ဖြစ်ကြောင်း (တကယ်လဲ တင်သင့်ပါတယ်)၊ ပြည်တွင်းက ပေးပို့ကြပါရန် ယ္ခုထဲက ကြိုတင်မေတ္တာရပ်ခံထားသင့်ပါတယ်။ ဒီအချက်ကိုလည်း အပြန်အလှန်အားဖြင့် Radio များက ပြည်တွင်းကို ပြန်ပို့သင့်ပါတယ်။ ဒီနည်းနဲ့ မဲရုံမှူးများ၊ ရပ်ကျေးကော်မရှင်များ၊ မြို့နယ် ကော်မရှင်များ အနေနဲ့ ပိုမိုဂရုစိုက်လာနိုင်ပါတယ်။

မဲလိမ်လို့ရနိုင်မလား၊

ပြည်တွင်းမှ အခြေအနေကို သိရှိနားလည်တဲ့လူများအနေဖြင့် ခန့်မှန်းနေတာတွေက သဘောမတူလို့ (ကြက်ခြေခတ်) ခြစ်မဲ့လူများရဲ့မဲကို မဲပြားအနေဖြင့် မဲလိမ်ဘို့ မလွယ်ဘူးထင်ပါတယ်။ ရပ်ကွက်အဆင့်မှာ မဲရေတွက် တာ၊ ရမဲထည့်သွင်းရေးမှတ်တာအထိ လိမ်ဘို့မလွယ်ဘူးထင်ပါတယ်။ (ကျေးရွာများမှာတော့ရကောင်းရပါလိမ့်မယ်)၊ Loose hole က ဘယ်နေရာမှ ရှိနိုင်သလဲဆိုတာကတော့ ကျေးရွာ၊ ရပ်ကွက်တွေကတက်လာတဲ့မဲတွေကို မြို့နယ်မဲပေါင်းတဲ့နေရာမှာ လူအများစု မသိနိုင်တော့လို့ အဲဒီနေရာမှာ ခတ်တည်တည်နဲ့ ပေါင်းတာ မှားသလိုလိုနဲ့လုပ်နိုင်တယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့် Website များ၊ Blog များ၊ အသံလွှင့်ဌာန များကပါ ဘယ်ရပ်ကွက် (အမှန်)ဘယ်နှစ်မဲ၊ (ကြက်ခြေခတ်)ဘယ်နှစ်မဲဆိုတာ ကြေငြာဘို့ လုပ်သင့်ပါတယ်။

ယ္ခုထိ လူအများစုက ဘယ်လိုမဲပေးရမလဲဆိုတာ မသိကြသေးပါဘူး။ ပြင်ပ Media များလဲ မသိကြသေးလို့ မှားပြီးပြောနေတာ ကြားရပါတယ်။ လူနာမည်၊ မှတ်ပုံတင်နံပါတ် ဘာမှမပါတဲ့ ကော်မရှင် Sign တွေသာပါတဲ့ ပုံမှန်ပုံနှိပ်ထားတဲ့ မဲပြားပေါ်မှာ ဘောပင်နဲ့ (အမှန်) သို့ (ကြက်ခြေခတ်) ကို အခန်းငယ်အတွင်းမှာ ကိုယ်တိုင်ရေးခြစ်ပြီး လူအများရှေ့က မဲပုံးမှာ ထည့်ရမှာပါ။ (၁၉၉၀ကလို Stamp ရမှာမဟုတ်ပါဘူး)
အဓိကက ပြည်သူလူထု များများသိအောင် လုပ်ပေးနိုင်ရင် သူတို့ဘာလုပ်ရမလဲသိမှာပါ။ ကျနော်တို့အားလုံး အားမထည့်ရင်တော့ သိသင့်သိထိုက်တာကို ပြည်သူလူထုလဲ သိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် မြန်မာပြည် သူတွေဟာ ဇင်ဘာဘွေ ပြည်သူလူထုရဲ့အောက်မှာပဲ ရှိပါလိမ့်မယ်။
ကြံခိုင်ဖွံ့ဖြိုးရေး နဲ့ တာဝန်ရှိသူတချို့ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း ဘာမှမသိဘဲနှင့် (အမှန်)ခြစ်ဘို့ လိုက်ပြောနေတာပါ။ အားလုံးဝိုင်းကျိုးစားရင် သူတို့လဲ ပိုသိလာပြီး အတင်းအဓမ္မ (အမှန်)ခြစ်ခိုင်းဘို့ နည်းနည်း တွန့်သွားမယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံသား တစ်ဦး

``အခြေခံရမည့်မူများ နှင့် ဥပဒေမူကြမ်း ကွဲလွဲချက်များ´´ (အရေးကြီးပါသဖြင့် သေချာ ဖတ်စေချင်ပါသည်။)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေမူကြမ်း (၂၀၀၈ခုနှစ်) ကို ဖတ်ခွင့်ရခဲ့ပါပြီ။ ဖတ်ရတဲ့အချိန်မှာ အတော့်ကိုစိတ်မကောင်းစရာတွေ တွေ့ရပါတယ်။ ပြင်ပရောက် နိုင်ငံရေး အင်အားစုများနှင့် စိတ်ဝင်စားသူများလည်း PDF File နှင့်ရခဲ့ကြပြီးပြီ။ ဖတ်ခဲ့ကြပြီးပြီဟု ယူဆပါသည်။ နှိုင်းယှဉ်ဖော်ပြချက်ကို တိတိကျကျ ရေးသားဖော်ပြတာ မတွေ့မိသေးလို့ ရေးပို့ရခြင်းဖြစ်ပါတယ်။

၂။ (၁၄)နှစ်တာ ရေးဆွဲခဲ့တဲ့ အခြေခံရမယ့်မူများကိုတော့ စိတ်ဝင်စားသူအများစုက လေ့လာခဲ့ကြ ပြီးပါပြီ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်အစိုးရရဲ့ အပေါ်စီးရလိုမှုနဲ့ တပ်မတော် ခေါင်းဆောင်များရဲ့ လုံခြုံစိတ်ချမှုအတွက် ထည့်သွင်းစဉ်းစား ရေးဆွဲခဲ့ကြတယ်လို့ နားလည်ရပါတယ်။ ဒီအတွက်လည်း အတိုင်းအတာတစ်ခုအထိ နာလည်ပေးလို့ရပါသေးတယ်။ အကူးအပြောင်းကာလများ အတွက် တထစ်လျော့ပြီး လက်ခံရမလားလို့ တွေးမိပါသေးတယ်။ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလလယ်မှာ ဥပဒေမူကြမ်း ရေးဆွဲပြီးပြီလို့ ကြေငြာပါတယ်။ မတ်လအလယ် လောက်ထိ ဘယ်သူမှဥပဒေမူကြမ်းကို ဖတ်ရတယ်လို့ မကြားမိခဲ့ပါဘူး။ ဘာကြောင့်များ ဒီလောက် ကြာအောင် ပြည်သူလူထုကို ထုတ်မပြရဲတာလဲလို့ စိတ်ဝင်စား သူများက သံသယအတွေးများ ၀င်ခဲ့ကြပါတယ်။ သံသယ၀င်မယ်ဆိုရင်လဲဝင်စရာပါ။ အခုမတ်လ နောက်ဆုံးပတ်မှာ ဥပဒေ မူကြမ်းကိုဖတ်လို့ ရကြပါပြီ။ စိတ်ကြိုက်ခေါ်ပြီး ထိုင်ခိုင်းတဲ့ ညီလာခံ ကိုယ်စားလှယ်(၁၀၀၀)ကျော်နဲ့ (၁၄)နှစ် အချိန်ယူခဲ့တယ်။ ကိုယ့်စိတ်ကြိုက် အခြေခံမူများကို ရေးဆွဲကြတယ်။ ဒီလောက်ဆို တော်ဘို့ကောင်း ပါပြီ။ ဥပဒေမူကြမ်းအဖြစ်ပြန်ရေးတာမှာတော့ ထပ်ပြီး မရိုးမသားမလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အခုဖော်ပြမဲ့ ကွဲလွဲတဲ့အဓိကအချက်(၃)ချက် (အပိုဒ် နှစ်ပိုဒ်)က အရေးမကြီးဘူးလို့ ယူဆတဲ့လူလဲ ရှိနိုင်ပါတယ်။ ကျနော့်အဖို့တော့ ဒါဟာ အတော် အရေးကြီးပါတယ်။ အနာဂါတ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာလည်း ပြဿနာ ဖြစ်လာနိုင်ပါ တယ်။

- ဒီလိုပြင်လိုက်တာဟာ တပ်မတော်အပေါ်နားလည်ပေးလိုသူ၊ ပျော့ပြောင်းသူများ ကိုလည်း နားလည် မပေးနိုင်အောင် လုပ်လိုက်ရာကြပါတယ်။

- အမျိုးသားညီလာခံကိုယ်စားလှယ်တွေကိုလည်း စော်ကားရာရောက်ပါတယ်။

- မြန်မာ့တပ်မတော်သမိုင်းမှာ လက်ရှိတပ်မတော်ခေါင်းဆောင်များက ပြည်သူလူထုကို ထပ်မံစော်ကားရာ ရောက်ပါတယ်။

၃။ (က) အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄ (က)တွင် . . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟုရေးသားထားပါသည်။

(ခ) ၄င်းစာပိုဒ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈စာအုပ် ၊ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄၃၆ (က)တွင် . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် အားလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟု ပြင်ဆင် ရေးသားထားပါသည်။

(ဂ) ၄၃၆ (က)သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၁၀၀%ဟုဆိုလိုကြောင်းတွေ့ရပါသည်။ မူလ အခြေခံဥပဒေအသစ်ကို အတည်ပြုတဲ့အချိန်မှာတောင် မဲပေးခွင့်ရှိသူအားလုံ၏ တ၀က်ကျော်သာ မဲပေးဘို့လိုအပ်ပြီး၊ လာပေးခဲ့တဲ့လူဦးရေရဲ့ မဲတစ်ဝက်ကျော် ၊ တနည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ၂၆% ခန့်နဲ့ အတည်ပြုမယ်လို့ လုပ်ခဲ့တဲ့ဥပဒေကို ပြန်ပြင်တဲ့အခါကျမှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၁၀၀% လို့ ပြင်လိုက်တာလို့ နားလည်ရပါတယ်။

အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလပြဌာန်းချက်များအခန်း၊ အပိုဒ်-၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့်အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ။ . . . . . . ဟုရေးသားထားပြီး။

ယခု ဥပဒေမူကြမ်းစာအုပ်စာမျက်နှာ (၁၇၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်များအခန်း၊ အပိုဒ်-၄၄၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွတ်တော် ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ဟု ပြင်ဆင်ရေးသားထားသည်ကို တွေ့ရပါသည်။

(က) အချက်(၂)ချက်ပြင်ဆင်ထားတဲ့အထဲမှာ ပထမအချက်က အခြေခံရမဲ့မူများမှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၅၀.၁%ခန့် ထောက်ခံမဲပေးမှ အတည်ဖြစ်တယ်လို့ ဆိုလိုပြီး၊ ပြန်ပြင်လိုက်တဲ့အချက်မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၂၅.၁%ခန့် ထောက်ခံမဲပေးရင် အတည်ဖြစ်တယ်လို့ တွေ့ရပါတယ်။

(ခ) ဒုတိယအချက်က ၂၀၀၈ခုနှစ်၊ မေလအတွင်းမှာ ဆန္ဒမဲခံယူပြီး အတည်ဖြစ်ခဲ့လို့ရှိရင် အတည်ဖြစ် ကြောင်းကြေငြာတဲ့ ၂၀၀၈ခုနှစ်၊ မေ (သို့မဟုတ်)ဇွန်လမှာ ဥပဒေ က အတည်ဖြစ်ပါမည်။ ပြန်ပြင် လိုက်တာကတော့ အတည်ဖြစ်ပြီးရင်တောင် ၂၀၁၀ခုနှစ် မှာ ရွေးကောက်ပွဲလုပ် ၂၀၁၀ (သို့)၂၀၁၁ မှ လွတ်တော်ခေါ်၊ စခေါ်တဲ့နေ့မှ အာဏာတည်မှာလို့ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတစ်ဦး

The Findings In The Open Heart Letter Campaign In January 2007

Objectives for Writing This Report on Open Heart Letters

  • To show that the documentation of any violation or abuse by the authorities in any situation through any means, is essential to seek justice and remedy for the victims and to stop such violations in the future. {By doing this, such records will be valid and firm evidence of who is legally responsible for such violations, identifying who violated, conspired and abetted such offences and whom were violated and to what extent the damage they suffered from.}
  • To prove wrong the assumption held by the authorities that they are not legally or morally liable for the violations they commit against the people. {It means that: Most of the authorities who participate in human rights and other abuses against the people deceive themselves that they are safely condoned and shielded from any legal liability for such offences by their master, the government. They also justify their offences by asserting that they are only carrying out the duties of the state, accepting no personal liability for such acts. They often would like to mitigate their moral and legal liability, assuming that no one knows who committed the violations. These are their assumptions. Such assumptions must be proved wrong and so recording and documenting their violations are essential for that.}
  • To let the world know that human rights violations, political, social and economic troubles are taking place inside Burma, and urgently needs to be addressed. {They should pay attention to these human rights and humanitarian issues inside Burma and help us stop the violations through any possible means, including the means of using the instruments such as UN Security Council, Human Right Commission and International Criminal Court.}
  • To show our respect to the people who boldly asserted political, social and economic grievances such as abuses of power, human rights violations and injustices done by the authorities.

Click Here To Read More

Click Here To Download In PDF

Thursday, 3 April 2008

နအဖ၏ အခြေခံ ဥပဒေအပေါ် NLD ၏ ပြတ်သားသော ကျေညာချက်

လေးစားပါတယ် အိန္ဒိယမှ ညီ အစ်ကို တို့

ဓါတ်ပုံများကို Mizzima မှ ရယူပါသည်။

မောင်တောမြို့တွင် မူဆလင်ခေါင်းဆောင် ၁၀ ဦး ဖမ်းဆီိးခံရ

3/31/2008။ ။ရခိုင်ပြည်နယ် မောင်တောမြို့တွင် မူဆလင်ဘာသာဝင်ခေါင်းဆောင် ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံမူဆလင်ရေးရာအဖွဲ့ချုပ် မောင်တောခရိုင်ဥက္ကဌ ရှေ့နေ သန်းထွန်းခေါ် မူဟာမတ်ဆော်လိမ်နှင့် စိန်သုံးလုံးရွှေဆိုင်ပိုင်ရှင် ရွှေဇားရပ်ကွက်မှ ဦးနီရာ မတ်တို့ ပါဝင်ကြောင်းသိရှိရသည်။
ဖြစ်ပွားပုံ အသေးစိတ်နှင့်ပတ်သတ်ပြီး မျက်မြင်တဦးအပြောအရ ဦးသန်းထွန်းအပါအ၀င် မူဆလင်ခေါင်းဆောင် ၁၀-ဦးခန့်မှာ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီက ဦးသန်းထွန်း အလုပ် လုပ်ကိုင်သော ရှေ့နေရုံးခန်းတွင် အစည်းအဝေးလုပ်နေစဉ် ဘူးသီးတောင်ဗျူဟာမှ ဗျူဟာ မှူးနှင့် မောင်တောခရိုင် ဥက္ကဌတို့ ပါဝင်သော အဖွဲ့တဖွဲ့မှ ရောက်ရှိလာပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗျူဟာမှူးနှင့်အဖွဲ့မှာ ဦးသန်းထွန်းအခန်းအား ငါးနာရီနီးပါးခန့် ရှာဖွေမွှေနှောက်ပြီး ဖမ်းဆီးခံရသူအားလုံးကို ညနေလေးနာရီတွင် ဘူးသီးတောင်ဗျူဟာသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။

မောင်တောတွင်သူတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး သတင်းဖြစ်ပေါ်နေသည်မှာ နိုင်ငံရေး နှင့် ဆက်နွယ်ပတ်သတ်နေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆို နေကြသည်ဟု သိရှိရသည်။

သို့သော်လည်း သူတို့အား မည်သည့်အတွက်ကြောင်း စစ်အာဏာပိုင်များမှ ဖမ်းဆီးခြင်းကို မည်သူတဦးတယောက်မှ အသေးစိတ်မပြောနိုင်သေးကြောင်း မောင်တောမှ ပေးပို့သော သတင်းတရပ်တွင် ဖော်ပြသည်။

ယခုကဲ့သို့ မူဆလင်ခေါင်းဆောင်များ ဖမ်းဆီးခံရသဖြင့် တခြားမူဆလင် ခေါင်းဆောင်များ မှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ထွက်ပြေးသူများ အထဲတွင် မူဆလင်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်လည်းပါဝင်ကြောင်း သိရှိ ရသည်။

တရားလွန်ပါပြီ


ကန့်ကွက်မဲတွေ ပေးဖို့ လူထုက အသိတရားနိုးကြားလာချိန်မှာ လူထုရဲ့ အာရုံကို ခွဲသွားအောင် မကြံကောင်း မစီရာ သာမည ဆရာတော် ဘုရားကြီး ရုပ်ကလပ်ကို ခိုးယူပါတော့တယ်။

ဒါတွေ ဘယ်သူလုပ်တာလဲ .. ထင်ရှားပါတယ်။ အရင်က သာဓက တွေ ရှိပါတယ်။

မန္တလေးက မဟာ မုနိ ဘုရားကြီး ဗိုက်ဖောက်တာ ဘယ်သူလဲ ... အားလုံး သိကြပါတယ်။
အာဏာ အတွက် သံဃာတွေကို သတ်တာ၊ သံဃာတွေကို ရိုက်နှက်တာ၊ သံဃာတွေကို ထောင်ချ နှိပ်စက်နေတာ ဘယ်သူတွေလဲ .... ကမ္ဘာက သိပါတယ်။

ဒီမိုကကရေစီတောင်းဆိုနေတဲ့ လူတွေ၊ ဒီမိုကရေစီ အရေး အတွက် လက်နက်ကိုင်ထားတဲ့ လူတွေ ဘယ်သူကမှ အဲဒီလို အမှု ကိစ္စတွေကို မကျူးလွန်ပါဘူး။ သံဃာတော်တွေကို လမ်းမှာ တွေ့ရင် ကိုင်ထားတဲ့ လက်နက်ချပြီး ထိုင်ကန်တော့ မယ့် လူစားတွေပါ။

အဲ .. သံဃာတော်တွေကို လမ်းမှာ တွေ့လို့ တုတ်နဲ့ ရိုက်မယ့်ဆိုတဲ့ လူတွေက နအဖ သန်းရွှေနဲ့ သူ့နောက်လိုက် လူရမ်းကားတွေပါပဲ။၊ အဲဒီ လူတွေကသာ ဆရာတော် ဘုရားကြီး ရုပ်ကလပ်ကို ခိုးယူမယ်ဆိုတာ ငြင်းလို့မရပါဘူး။