Wednesday, 7 May 2008

အရှက် မရှိသော နအဖ ဗိုလ်ချုပ်များ၏ နိုင်ငံရေး အမြတ်ထုတ်မှု (Shameless Junta, Just adding their name on Aids form thailand)

ထိုင်းနိုင်ငံမှ တင်ပို့လှူဒါန်းလိုက်သော လေဘေးဒုက္ခသည်များ အတွက် အစားအသောက်နှင့် ကယ်ဆယ်ရေး ပစ္စည်းများတွင် အရှက်မဲ့စွာ နိုင်ငံရေး အမြတ်ထုတ်နေကြသော နအဖ စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်များ ....

ဲHaving their Generals names at the front of Aids boxes form Thailand before distribution to cyclone victims.

What a Shameless Junta!!!


Burma Cyclone Appeal

If you would like to donate for Burma cyclone disaster,......

On line donation is accepting form some countries within Burmese community...

United Kingdom
(http://freeburmafunduk.blogspot.com/)

Singapore
(http://www.nargis-myanmar.org/)

U.S.A
(http://www.myochitmyanmar.blogspot.com/)

If there are other Burmese community form other countries who is doing the same, Please let me know and I would update the list.

Regards,
ko htike

Tuesday, 6 May 2008

မြန်မာ့ရှေ့ရေး ရင်လေးစရာနှင့် နအဖ၏ လုပ်ရပ်များ

မုန်တိုင်းကြောင့် လူမြောက်များစွာ သေဆုံးခဲ့ရသော်လည်း နအဖ၏ လုပ်ရပ်များမှာ တိုင်းပြည်နှင့် လူမျိုးအတွက် ကူညီနေတာထက် တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်နေခြင်းသာဖြစ်နေသည်ဟု သံသယ ဖြစ်စရာတွေ တွေ့လာရပါသည်။

တိုင်းပြည်အတွက် အဓိက ချက်ချင်း လိုအပ်နေသည်မှာ ...

ရေတို လုပ်ငန်းများအတွက်
  • ၁။ သောက်သုံးရေ
  • ၂။ စားသောက်စရာ
  • ၃။ သေဆုံးသွားသူများအား ကောင်းမွန်စွာ မြှုပ်နှံနိုင်ရန်
  • ၄။ နေထိုင်စရာ
  • ၅။ ကျန်းမာရေး စောင့်ရှောက်မှု
စသည်တို့ဖြစ်သည်။

အထက်ပါ ရေတို လုပ်ငန်းများကို ထိထိရောက်ရောက်နှင့် ရက်ပိုင်းအတွင်း မလုပ်နိုင်ပါက မြို့ပျက်များကဲ့သို့ ပျင်စီးသွားနိုင်ပြီး၊ ဒုစရိုက်မှု လုယက်မှုများဖြင့် ပြဿနာများစွာ ဖြစ်လာနိုင်သည်။ ကူးဆက်ရောဂါများ ဖြစ်နိုင်ပြီး ထိုရောဂါများကြောင့် အသက်ဆုံးရှုံးမှုများကို ရင်ဆိုင်နိုင်ရမည် ဖြစ်သည်။ အခြားလုပ်ဆောင်ရမည် ဖြစ်သော ရေရှည် လုပ်ငန်းများလည်း ရှိနေဦးမည်ဖြစ်သည်။

သို့သော် လက်ရှိ အာဏာရယူထားသော နအဖက ဘာတွေ တာဝန်ယူလုပ်နေသပါသလဲ။

UN မှ ကူညီမည်ဟု ဆိုသော ကမ်းလှမ်းချက်ကို မုန်တိုင်းအပြီး ၂ ရက်မြောက်မှ လက်ခံခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို အကြောင်းပြချက်မပေးဘဲ ဒီနေ့ ပိတ်ထားလိုက်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်းသို့ NGO မှ ကူညီရန် visa လျှောက်၍ မရ ဖြစ်နေကြသည်။

UN နှင့် နိုင်ငံတကာမှ ကူညီသော ပစ္စည်းများကို သူတို့၏ နာမည်များတပ်၍ ဒုက္ခသည်များကို သူတို့ ကူညီသယောင်ပြုကာ နိုင်ငံရေး အမြတ်ထုတ်နေကြသည်။

ကဲ ... ညီ အစ်ကို တို့၊ ကျွန်တော်ရဲ့ ဒီ ဘလော့ကို လာဖတ်နေသော စာဖတ်သူ .. သင် .. သည် အခြေအနေ အလွန်ကောင်းနေသူ ဖြစ်သည်။ ဒါကြောင့် နအဖက လုပ်ချင်ရာ လုပ်နေသော်လည်း ဒုက္ခရောက်နေသော ကျွန်တော်တို့ သွေးချင်း မောင်နှမများ၏ ဒုက္ခများအတွက် .... သင် .... ဘာလုပ်ပေးနိုင်ပါသလဲ။

တစ်ခုခုကို တတ်နိုင်သမျှ ထိထိရောက်ရောက် လုပ်ပေးဖို့ မြန်မာပြည်သူတွေ ကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါသည် ခင်ဗျာ။

ငွေကြေးအားဖြင့် ကူညီနေသူများကိုလည်း အထူးမေတ္တာရပ်ခံလိုသည်မှာ တစ်ကြိမ်သာလှူသော အလှူမျိုး မဟုတ်ပဲ နောင်တွင် ဆက်လက် ကူညီပေးနေရဦးမည် ဆိုတာကို သတိရှိပြီး တတ်နိုင်သမျှ လစဉ် လှူဒါန်းမှုများကို ပြုလုပ်ပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

ဆန္ဒခံယူပွဲအတွက် နေရာ အချို့ ရက်ရွေ့ခြင်း

ပြည်သူတွေ အခုလို ဒုက္ခမျိုးစုံ ခံစားနေရတဲ့ အချိန်မှာ ဘာဖြစ်လို့ ဒီဆန္ဒခံယူပွဲကြီးဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လွတ်ကျွတ်ကျွတ် မရွေ့ဆိုင်းနိုင်ရတာလဲ။ ပြည်သူ့ အသက်တွေ အခုလို အစုလိုက် အပြုံလိုက် သေနေကြတာတောင် သူတို့ အာဏာမြဲရေးဆိုတာကို ရှေ့တန်းတင်နေသော ကိုယ်ကျိုးရှာ နအဖ အုပ်စုကို ခိုင်းနှိုင်းပြောဆိုစရာ စကားလုံး မရှိတော့ပါ။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းမှ မြို့နယ် (၇) မြို့နယ်။ ရန်ကုန်တိုင်းမှ မြို့နယ် (၄၀ ) မြို့နယ်တို့တွင် ဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်း လိုက်ပြီး မေလ ၂၄ ရက် နေ့မှ ကျင်းပမည်ဟု ကြေညာချက်ထုတ်ပြန်ကြောင်း မေ ၆ နေ့လည် ၁၂၃၀ နာရီတွင် မြန်မာ့အသံက ကြေညာခဲ့သည်။

မြန်မာ့ အသံမှ ကြေငြာချက်ကို နားထောင်နိုင်ရန် CLick Here

ဘာကြောင့် အခုလို နေရာအချို့သာ ရက်ရွေ့ဆိုင်းနေရတာလဲ။
၂ ပတ်အတွင်း ပြည်သူ့ ဒုက္ခတွေကို အပြီး အပြတ် ကယ်ဆယ်နိုင်မယ်လို့ နအဖ စစ်အုပ်စုမှ မျှော်လင့်နေတာလား၊

သေချာတွေးကြည့်လေ နအဖရဲ့ တကိုယ်ကောင်း အတ္တဆန်မှုတွေကို တွေ့ရလေ ဖြစ်ရတာကြောင့် မုန်တိုင်းဒဏ်နဲ့ မင်းစိုး မင်းညစ်ဆိုတဲ့ ရန်သူမျိုးတွေရဲ့ ဒုက္ခပေးမူကို ခါးသီးစွာ ဘဝနှင့်အတူ ခံစားနေရတဲ့ ပြည်သူတွေ အတွက် ဆို့နစ်ကြေကွဲရပါကြောင်း ..

Monday, 5 May 2008

မုန်တိုင်းကြောင့် ပျက်စီးမှုများအတွက် အကူအညီပေးရေး

ကျွန်တော် အရင် ပို့စ်မှာ ဖေါ်ပြခဲ့သလို မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန်အတွက် အလှူငွေပါဝင် ထည့်လိုသူများ အောက်ပါ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ၏ ဘဏ် အကောင့်တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။ ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com ကို စတင်ရေးသားနေပါသည်။

ဆရာတော်၏ ဘဏ် အချက်အလက်များမှာ

Bank Name : Barclays
Account Holder Name Mr A Candobhasa
A/C 90 00 28 36
S/C 20 80 71

ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်
Ph 078 77 297 205
email: ashinucandobhasa@yahoo.co.uk

UK နိုင်ငံမှ မဟုတ်သော အခြားနိုင်ငံမှ လှူဒါန်းလိုသူများအတွက် paypal အကောင့် တွင် ပေးပို့နိုင်ပါသည်။
paypal အကောင့်ဖြင့် ပေးလိုလျှင် www.paypal.com တွင် မိမိ၏ paypal account ဖြင့် ဆရာတော်၏ paypal email account သို့ ပေးနိုင်ပါသည်။

ဆရာတော်၏ paypal email account မှာ
ashinucandobhasa@yahoo.co.uk
ဖြစ်ပါသည်။

မည်သို့ ပေးရမည်ကို သိလိုလျှင် ကျွန်တော်(ကိုထိုက်)ထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။

မုန်တိုင်းအတွက် သီးသန့် အကောင့်တစ်ခုကိုလည်း ဘဏ်ဖွင့်ရက်တွင် သွားရောက်ဖွင့်လှစ်ပြီး အကောင့် အသစ် စတင် အသုံးပြုရသည့်အချိန်တွင် ချက်ချင်း အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Sunday, 4 May 2008

YGN pictures after the Strom

မုန်တိုင်းနှင့် စဉ်းစားမိရာ

မုန်တိုင်း မြန်မာပြည်ကိုဝင် သွားတာ တော်တော့်ကို ထူးဆန်းတယ်လို့ ခံစားမိပါတယ်။ အောက်ပါပုံကို ကြည့်ရင် ထူးဆန်းမူကို တွေ့ရမှာပါ။

မုန်တိုင်း စတင် ဖြစ်ပွားရာနေရာကနေ မုန်တိုင်း ဦးတည်ရာကို ကြည့်ရင် ထုံးစံအတိုင်း မုန်တိုင်းဟာ မြောက်ဖက် တည့်တည့်ကို ဦးတည်သွားနေတာကို တွေ့ရမှာပါ။ အဆိုပါ မြောက်ဘက်သို့ ဦးတည်နေရာကနေ မုန်တိုင်း လမ်းကြောင်းဟာ နာရီလက်တံ လမ်းကြောင်းအတိုင် အရှေ့ဘက်ကို စူးစူး ၁၀၀ ဒီဂရီ(N100'E) ခန့် ချက်ခြင်း လမ်းပြောင်းသွားတာကို တွေ့ရမှာပါ။

တစ်စုံ တစ်ယောက်ယာက်က လက်နဲ့ဆွဲပြောင်း လိုက်သလို လမ်းကြောင်းဟာ မြန်မာနိုင်ငံထဲကို ဦးတည်သွားခြင်းဖြစ်ပါတယ်။

မြန်မာ့ ပထဝီ မြေ အနေအထားအရ မုန်တိုင်းဟာ မြန်မာပြည်ထဲကို အခုလို တည့်တည့်ဝင်ဖို့ အင်မတန် ခက်ပါတယ်။ ........ အခုလို မဖြစ်နိုင်တာကြီးက ဘာကြောင့် တည့်တည့် ဝင်လာရတာလဲ..... ရန်ကုန်မြို့ကိုမှ ဘာကြောင့် ဦးတည်ဝင်ရတာလဲ ......ဘာကြောင့် အခုလို ရက်မျိုးမှာ ဝင်ရတာလဲ .... မေးခွန်းတွေ အများကြီးပါ။

ဖြစ်နိုင်ချေတွေကတော့ ...

၁။ သီတဂူ ဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ရဲ့ သွားရာလမ်းတရားတော်ထဲကလို သူတော်ကောင်းတွေကို ပြစ်မှားတဲ့ မြန်မာနိုင်ငံကြီးက ပျက်စီးစေဖို့ လမ်းကြောင်း စတင်နေပြီလား

၂။ ရန်ကုန်မြို့မှာ သံဃာ့သွေးတွေ ပေနေတာကို ဆေးကြောဖို့ တမင်သက်သက် ဝင်လာတာလား

၃။ မေလ (၁၀) ရက်နေ့ မှာ လုပ်မယ့် ဆန္ဒခံယူပွဲမှာ သွေးထွက်မှုတွေ အတော်များများ ဖြစ်မှာစိုးလို့ မလုပ်ဖြစ်အောင် တားဆီးဖို့ ဝင်လာတာလား

ဖြစ်နိုင်ချေတွေကို တွေးကြည့်တာပါ။

မုန်းတိုင်းနောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေကလည်း မနည်းပါဘူး။ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ စီးပွားရေးတွေထိခိုက်တာကြောင့် လုပ်ငန်းတွေ လည်ပတ်တာ ရပ်ပြီး လူတွေ ဒုက္ခရောက်နိုင်ပါတယ်။
အဆိုးဆုံးကတော့ ... ဧရာဝတီတိုင်းကို ပျက်စီးစေခဲ့တာပါပဲ။

မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ပျက်သွားတာပါ။ ဒီနှစ် ကမ္ဘာမှာ ဆန်ရှားလို့ ပြဿနာတွေ ဖြစ်နေတာ အားလုံး အသိပါပဲ။ တိုင်းပြည်ရဲ့ အရန် ဆန်တွေကို တွေးတောဆင်ခြင်မူ မရှိပဲ နအဖက နိုင်ငံခြားကို ရောင်းစားထားခဲ့လို့ သိပ်ကျန်နိုင်မယ်တောင် မထင်ပါဘူး။ အခု မုန်တိုင်းဝင်လိုက်တော့ တိုင်းပြည် လက်ကျန်ဆန် ကုန်သွားသလာက်အထိ ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။

ဆန်ဈေးကြီးတာ မဟုတ်ဘဲ ဆန်မရှိတဲ့ ဒုက္ခကို နောင်တနှစ် ဆန်ပေါ်တဲ့အချိန်အထိ ပြည်သူတွေ အငတ်ဘေးနဲ့ရင်ဆိုင်နိုင်စရာ ဖြစ်လာပါတယ်။ အစိုးရက ဆန်ပြန်ဝယ်ပြီး ပြည်သူကို ကျွေးဖို့ ငွေ ရှိပါ့မလား။ ငွေရှိတာတောင် အခြားတိုင်းပြည်တွေက ရောင်းပါမလား။ ငွေမရှိရင် ... ဒါမှမဟုတ် ... မရောင်းရင် ပြည်သူတွေ ငတ်ပါလိမ့်မယ်။ ဒါဆို ဘာတွေ ဖြစ်လာမလဲ ..... ။

ဒါကြောင့် သီတဂူဆရာတော်ကြီးဟောတဲ့ လူမိုက်တို့ သွားရာလမ်းတရားတော်ဟာ ပုံစံပြောင်းပြီး မြန်မာနိုင်ငံတော်ကြီးမှာ စတင်နေပြီလား တွေးမိရင်း ကိုယ်ထိလက်ရောက် ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ ကိုယ်တိုင် ပြစ်မူကို ပါဝင် ကျူးလွန်မိတဲ့ လူတွေကိုယ်စား ရင်လေးမိနေပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

Saturday, 3 May 2008

မုန်းတိုင်းအတွက် ကူညီကြပါရန် နှိုးဆော် အပ်ပါသည်။

အားလုံး သိပြီးလောက်ပြီထင်ပါတယ်၊ မသိသေးလဲ ..... သိသလောက် ရထားတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမုန်းတိုင်းဝင်တဲ့ သတင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေပါ။

တနာရီ မိုင် ၁၀၀ ကနေ ၁၅၀ အတွင်း ပြင်းအားရှိတဲ့ နာဂစ်(Nargis) ဆိုတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်ပြီး မေလ ၂ ရက်နေ့ ညပိုင်းမှ စ၍ ရန်ကုန်မြို့တွင် တိုက်ခတ်ခဲ့ပါသည်။

ရထားသော သေချာသည့် သတင်းတွေအရ ရန်ကုန် လေဆိပ်ကို ပိတ်ထားရပြီး၊ လျှပ်စစ်မီးများ ပျက်တောက်နေပါသည်။ ဖုန်းလိုင်း အချို့သာ အဆက်အသွယ်ရပြီး၊ အင်တာနက် အဆက် အသွယ်လုံးဝ မရပါ။ ရန်ကုန်မြို့အပါအဝင် အခြားမြို့များတွင် ရေကြီးနေပြီး၊ သစ်ပင်များလဲနေပြိုနေပါသည်။ အိမ်အချို့လည်း ပြိုကျ ပျက်စီးနေသည်ဟု သိရပါသည်။ ရန်ကုန်မြို့နေ လူများသည် ဘဝ တလျှောက်တွင် တခါမှ မကြုံဖူး ဆိုးရွားသည့် ရာသီဥတု ဒဏ်ကို ခံစားနေရပါသည်။

သတင်း အချို့ကို သိလိုလျှင်
မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ်ကျော်မည်
ရန်ကုန်လေဆိပ် ပိတ်ထားရ

မုန်တိုင်းပြီးသွားသည့် အချိန်တွင် ဆက်လက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ လူမှု ဒုက္ခများကို မြန်မာပြည်သူများ ဆက်လက် ခံစားကြရဦးမည် ဖြစ်ပါသည်။

ထိုကြောင့် လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့(ယူကေ)မှ ဦးစီးပြီး၊ Unity To Victory (U2V) မှ မြန်မာပြည်ရှိဒုက္ခသည်များ၏ ဒုက္ခများကို တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်နိုင်ရန် Fund များကို စတင် စုဆောင်းနေပြီ ဖြစ်ပါသည်။

ကူညီလှူဒါန်းလိုလျှင်

u2v@u2v.org.uk
tzhtike2004@gmail.com

ကိုကျော်စွာ (+44) 7828 890 224
ကိုသန့်ဇင် (+44) 7727 248 755
ကိုမိုးဆွေ (+44) 7773 325 635
ကိုမြတ်စိုးခိုင် (+44) 7939 222 932
ကိုထိုက် (+44) 7974 817 387

သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Friday, 2 May 2008

"ကန့်ကွက်သူ မ၀င်ရ" နှင့် ဒုတိယအကြိမ် သက်တမ်းတိုးခြင်း

ဂျေမိုး
ဧပြီ ၂ ရက် ၂၀၀၈။

စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆန္ဒမဲပေးရမည့်ရက်ကို ဒုတိယအကြိမ် သက်တမ်းတိုးပေးလိုက်ပါသည်။ ယခုအကြိမ်သက်တမ်းတိုးရာတွင် နံနက်(၉)နာရီမှ နေလည်(၁)နာရီအထိ နေ့တစ်ဝက်သာဖြစ်ပြီး ဒုတိယအကြိမ်သက်တမ်းကို "မေလ(၃)ရက်နေ့မှ(၉)ရက်နေ့အထိ" တိုးမြှင့်လိုက်ကြောင်း မြန်မာသံရုံးအ၀င်ပေါက် တံခါးနံရံတွင် ကပ်ထားခဲ့ပါသည်။ သံရုံးနှင့် ပတ်သက်သော ကိစ္စများကိုလည်း ၄င်းရက်များတွင် ရပ်နားထားမည်ဖြစ်ကြောင်း စာကိုလည်း သံတံခါးဝတွင်ပူးတွဲ ကပ်ထားပါသည်။

မြန်မာသံရုံးမှ ဖိတ်ကြားစာရရှိထားသူများကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ ကြိုတင်ဆန္ဒမဲ ပေးခွင့်ပြုထားခဲ့ပါသည်။ ဆန္ဒမဲပေးသည့်ရက်တိုင်းတွင် မြန်မာသံရုံးမှ မလိုအပ်သည့်အထောက်အထားများကို တောင်းခံခြင်း အချိန်ဖြုန်းတီးခြင်းများပြုလုပ်ခဲ့ပြီး သံရုံးဝန်ထမ်းများကိုယ်တိုင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူများ အပေါ်တွင် တရားဥပဒေမဲ့ပြုမူဆက်ဆံမှုများ ရှိခဲ့သည်ဟု သတင်းရရှိပါသည်။
ဧပြီ(၂၉)ရက်နေ့တွင် မဲပေးရမည့်ရက်ကို "အထက်ညွန်ကြားချက်အရ" ဟုဆိုကာ ပထမအကြိမ် သက်တမ်းတိုးခဲ့ပါသည်။ မေလ(၂)ရက်နေ့ထိတိုင် သုံးရက်သက်တမ်းတိုးခဲ့သော်လည်း အမှန်မဲပေးခွင့်ရခဲ့သူများမှာ လူနည်းစုသာဖြစ်ခဲ့ပါသည်။ သံရုံးမှ နိုင်ငံသားဖြစ်ကြောင်း စိစစ်ရာတွင် မဲဆန္ဒရှင်များ အခွန်ထမ်းဆောင်ထားခြင်း ရှိမရှိကိုသာ အဓိကတောင်းခံကာ ဆန္ဒမဲပေးရေး လုပ်ငန်းစဉ်တစ်ခုလုံးကို ခက်ခဲအောင် ပြုလုပ်ခဲ့ပါသည်။ စင်္ကာပူနိုင်ငံရှိ မဲဆန္ဒပေးလိုသူများမှ မြန်မာသံရုံးရှေ့သို့ အကြိမ်ကြိမ်သွားရောက် တောင်းဆိုခဲ့ပါသော်လည်း သံရုံးဝန်ထမ်းများ၏ ငြင်းပယ်ခြင်းကိုသာ ခံစားခဲ့ရပါသည်။

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ကြောင်းကို နိုင်ငံကူးလက်မှတ်တစ်ခုတည်းဖြင့် အခိုင်အလုံ သက်သေပြနိုင်ပါသော်ငြားလည်း မဲဆန္ဒပေးလိုသူများ စိတ်အနှောက်အယှက်ဖြစ်အောင် အချိန်ကြာနှောင့်နှေးအောင် ရည်ရွယ်ချက်ဖြင့် စနစ်တကျ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားလူငယ်များနှင့် မျိုးချစ်စိတ်ရှိသူလူငယ်များမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခဲ့သော ၁⁄၂၀၀၈ ဥပဒေနှင့် မြန်မာသံရုံး၏လုပ်ရပ်မှာ လွဲမှားနေကြောင်း အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့သော်လည်း သံရုံးဝန်ထမ်းများမှ လစ်လျှူရှုခဲ့ပါသည်။

တပ်မတော်အစိုးရမှ ပြဌာန်းထားသာ "ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈)" အခန်း(၅) မဲစာရင်းများပြုစုခြင်းခေါင်းစဉ် အပိုဒ် ၁၁။ အပိုဒ်ငယ် (က) တွင် ဖေါ်ပြထားသော-
(က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။
ဟုဖေါ်ပြထားခဲ့ပါသည်။

မည်သို့ပင် ၁⁄၂၀၀၈ ဥပဒေမှ ပြဌာန်းထားသော်လည်း စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ မဲဆန္ဒပေးရန်လာရောက်သူများကို အခွန်ပြေစာနှင့် အခွန်ဆောင်ထားခြင်း ရှိမရှိကိုသာအဓိက စစ်ဆေးခဲ့ပါသည်။

ဆန္ဒခံယူပွဲဥပဒေ အမှတ် (၁/၂၀၀၈) အခန်း(၄) အပိုဒ် ၆၊ အပိုဒ်ငယ် (ဇ) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများနှင့် စပ်လျဉ်း၍ ဖေါ်ပြထားသော-
(ဇ
) နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာသံရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း။ ဟု ဖေါ်ပြခဲ့သော်လည်း သံရုံးမှ ဖိတ်စာရရှိသူများသာ မဲပေးခွင့်ရရှိခဲ့ပြီး စင်္ကာပူရှိမြန်မာ အများစုမှာ မဲပေးခွင့်မရရှိဟု သတင်းရရှိပါသည်။ ၄င်းမဲပေးခွင့်မရသူများ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်းမှ ထုတ်ပေးထားခြင်းဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

မြန်မာသံရုံးဝန်ထမ်းများ၏ လုပ်ရပ်နှင့်ပတ်သက်၍ ဆန္ဒမဲပေးပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်းကို စင်္ကာပူရောက် မြန်မာကျောင်းသားလူငယ်တစ်ဦးမှ "သံရုံးမှလုပ်ထုံးလုပ်နည်းများဟာ တရားဥပဒေနည်းလမ်းတကျလုပ်တာမဟုတ်ဘူး မဲရုံမှူး လုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီဘူး စတာတွေဟာ ပြည်သူလူထုအပေါ် ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားရှိခြင်း မဟုတ်ဘူး ဒါကြောင့် မကျေနပ်ဘူး" ဟု ပြောပြခဲ့ပါသည်။

စင်္ကာပူနိုင်ငံရှိ အင်ဂျင်နီယာတစ်ဦးမှလည်း "အခုကျင်းပခဲ့သော ဆန္ဒခံယူပွဲမှာဖြစ်စဉ်တစ်ခုလုံးကိုကြည့်ရင် အတုအယောင် သက်သက်သာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ် ဘာဖြစ်လို့လဲဆိုတော့ မဲပေးနိုင်တဲ့သူတွေကို မဲပေးနိုင်အောင်လုပ်ပေးမထားဘူး တကယ်မဲလာပေးတဲ့သူတွေရဲ့ ၂၀% လောက်သာ မဲပေးခွင့်ရရှိခဲ့တယ် ဒီသက်သေတွေကို ကျွန်တော်တို့က ထုတ်ပြန်ကြေညာချက်တွေ ထုတ်ထားရမယ် နောင်တချိန်မှာ မေလ (၁၀) ရက်နောက်ပိုင်းမှာ ဆန္ဒခံယူပွဲကို အတင်းအဓမ္မ အတည်ပြုပြီး အတည်ဖြစ်သွားခဲ့ပြီဆိုရင် ကျွန်တော်တို့က အဲဒီသက်သေအထောက်အထားတွေကို ထုတ်ပြသင့်တယ်" ဟု ပြောပြခဲ့ပါသည်။

မဲပေးခွင့်ရှိသူစာရင်းပြုစုခဲ့ပုံ မဲရုံတည်ဆောက်ပုံနဲ့ မဲပေးခဲ့သည့်ဖြစ်စဉ်တစ်ခုလုံးမှာ တရားဥပဒေနှင့် မညီညွတ်သည်များရှိခဲ့ကြောင်း သတင်းများရရှိခဲ့ပါသည်။ ဆန္ဒမဲပေးလာသူများသည် ယခင်ရက်များတွင် NO တံဆိပ်ပါအကျင်္ကျီ၊ဦးထုပ်များ ဝတ်ဆင်ခဲ့ကြပြီး မေလ(၁) ရက်နေ့တွင်မူ ထီးများ ယပ်တောင်များပေါ်တွင် ကြက်ခြေခတ်ပုံစံနှင့် NO တံဆိပ်ရိုက်နှိပ်ထားကာ မိမိတို့ဆန္ဒများကို လူမြင်ကွင်းတွင်ထုတ်ဖေါ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

စင်္ကာပူနိုင်ငံထုတ် နေ့စဉ်သတင်းစာများတွင် မြန်မာသံရုံး၏ လုပ်ထုံးလုပ်နည်းများ အားနည်းကြောင်း ထောက်ပြရေးသားမှုများရှိနေပါသည်။ ၂၅ ရက်မေလမှစတင်၍ ယနေ့ထိတိုင် မဲပေးခွင့်မရရှိသေးသူ အများအပြားရှိနေကြောင်း သတင်းရရှိပါသည်။ မြန်မာပြည်ရှိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ အသေးစိတ်လေ့လာစောင့်ကြည့်နေသော နိုင်ငံတစ်ကာသတင်းမီဒီယာများရှေ့တွင် ၂၀၀၈ ခုနှစ် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကျင်းပပေးခဲ့သော အခြေခံဥပဒေ ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားတရားမျှတမှုရှိမရှိကို သံရုံးဝန်ထမ်းများ၏ လုပ်နည်းကိုင်နည်းများအား လေ့လာခြင်းအားဖြင့် အကြမ်းဖျင်းသိရှိနိုင်ပါသည်။

Thursday, 1 May 2008