Monday, 7 July 2008

ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
… … နောက်ထပ် … …
… … နောက်ထပ် … …

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး … တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် …
နောက်ဆုံးနေ့အထိ …

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
ဒိန်းဒုံး ဆူညံသွားတယ် …
အဲဒီအခါ … ကျောင်းတော်မှာ …
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ … …
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ …
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
အဲဒီထဲက တချို့ဟာ …
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း …
ထုံးတံတားကို လျှောက်နင်း …
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
တချို့ကတော့ …
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို … လူစားတွေကိုတော့ …
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ … သမိုင်းမှာ …
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ …
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ …
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ …
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်…။

(၁၀)
နောက်ဆုံးမှာ …
ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို … သူရဲကောင်းတို့
အို … ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း …
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ …
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို … သူရဲကောင်းတို့
အို … ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

တာရာမင်းဝေ အမှတ်တရ ဘလော့မှ ကူးယူဖေါ်ပြပါသည်။

7 July

ပိတ်ထားတဲ့ နေ့ မှ ဒီပရင်္ဂ အထိ

ကဗျာ အရေးကောင်းတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာနဲ့ နောက်ဆက်တွဲ ဂယက်တွေကို အားလုံး သိကြမှာပါ။ (ဒီပရင်္ဂ ကဗျာနှင့် နောက်ဆက်တွဲ ဂယက်ကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။)

အခုလည်း ကဗျာဆရာ ကြည်မောင်သန်းရဲ့ အရင်က လက်ရာလေး တစ်ခုကို တင်ပေးလိုက်ပါတယ်။ ကဗျာထဲကလိုပါပဲ .. ကျွန်တော်တို့ လက်မောင်းတွေကို သုံးပြီး အာဏာရှင်တွေရဲ့ တံခါးတွေကို ရိုက်ချိုးပစ်နိုင်ရမယ်။ ကျွန်တော်တို့ လက်မောင်းတွေကို သုံးပြီး လွတ်လပ်မှု အလင်းရောင်ကို တိုင်းပြည်ထဲ အရောက်သွင်းဖို့ ဖျက်သင့်တာဖျက်ရမယ်၊ ချိုးသင့်တာတွေ ချိုးရမယ်။ ကျွန်တော်တို့ လက်မောင်းတွေသာလျှင် အားကိုးရာ အစစ်။ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းတွေရဲ့ ဦးခေါင်းထဲမှာမှ အာဏာရှင်တွေရဲ့ တံခါးတွေကို ဖွင့်ပေးဖို့ သော့မရှိပါဘူး။ .......... ရှာမနေကြပါနဲ့။ ..... ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တိုက်ပွဲ ကိုယ်ဝင်ပြီး၊ ကိုယ့်အနာဂတ်ကို ကိုယ်ဘာသာ တည်ဆောက်ဖို့ ... နိုးထကြပါတော့။ လက်မောင်းတွေ သွေးကြပါတော့။

“ပိတ်ထားတဲ့နေ့”

လမိုက်ည
ကောင်းကင်ကြီးက အမှောင်ထဲ လွင့်မျောလို့ရယ်
ကြယ်တွေက မပွင့်တပွင့်
နံရံက မီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေ ဖွင့်လိုက်တယ်
နေရောင်က မပွင့်တပွင့်
ပန်းတွေက ပွင့်တချို့ ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကို ဖွင့်ကြည့်တယ်
ရေဒီယိုကို ဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကို ဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘက်ကိုတော့ ဖွင့်ကြည့်လို့မရ
နေ့ကတော့ ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နှင့်အမျှ ဆာလောင်မှုတွေ အတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့ အနာဂတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ ပိတ်ထားဆဲ

ပိတ်ထားတဲ့နေ့ကို ဖွင့်ဖို့ သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်

ပိတ်ထားတဲ့နေ့ကို ဖွင့်မဲ့သော့တစ်ချောင်း
ကျွန်တော့်လက်မောင်း မဖြစ်နိုင်ဘူးလား။

Sunday, 6 July 2008

IS HE ABOVE THE LAW?

On 2nd July 2008, 01:00 PM in Nyaung Tone Township, near Pwe Yon Seik School, pedestrian name U Soe Han (Age:40) from Kyone Tamar Village was badly hit by black GMC vehicle.

Responsible person for that accident is U Zaw Zaw, Chairman of Max Myanmar Company. Witnesses saw him driving at that time. Minister for Co-Operative, Mj-Gen Tin Htut was in the same car.

Victim was died in Rangoon General Hospital the next day but U Zaw Zaw is still undisturbed and no news of any action taken upon him. Probably money, abuse of power and using of fales evidence and witnesses fabricated by Authority keep the true culprit above the Law as U Zaw Zaw is away from the long arm of justice freely. Only junta and cronies are having this kind of privilege.

Reported by Thu Ye Kaung.

Saturday, 5 July 2008

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။

အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။

ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….

ဒီလွန်

ငါးလောင်းပြိုင် လူသတ်မှု၏ မူရင်းသတင်းကို မသိရှိလိုက်သူများ သိရှိနိုင်ရန် ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Friday, 4 July 2008

မစုစုနွေး ထောင်ထဲတွင် တိုက်ပိတ်ခံရခြင်း


၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က နအဖ၏ အမေရိကန်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာကပ်ရန် သွားစဉ် အဖမ်းခံခဲ့ရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေး အဖမ်းခံခဲ့ရသည်။

အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်ကို အာဏာပိုင်များကိုတိုင် ကြီးမာသော စာများဖြင့် စိုက်ထူထားသော်လည်း စာရွက် အသေးများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာကပ်ရန်ကြိုးစားသူ အမျိုးသမီးတစ်ယောက်ကို ထောင်ဒဏ် အပြစ်ပေးတတ်သော မြန်မာ စစ်တပ်မှ သတိခဲ စစ်ဗိုလ်ကြီးများ၏ အာဂ လုပ်ရပ်တစ်ခုဟု မှတ်တမ်းတင်အပ်ပါသည်။ မြန်မာ စစ်ဗိုလ်ကြီးများ၏ စစ်မှန် မျှတသော ဒီမိုကရေစီ လမ်းစဉ်ဆိုတာ ဤကဲ့သို့ လုပ်ရပ်များ ဖြစ်သည်ဟုလည်း သမိုင်းမှတ်တမ်းတင်ထားနိုင်လိုက်ပါသည်။

ယခုအခါ မစုစုနွေးသည် အမျိုးသမီး ထောင်ဝန်ထမ်းများ၏ အကျင့်တန်သော ဆက်ဆံမှုများကြောင့် စကားများ ပြဿနာဖြစ်ခဲ့ပြီး ထောင်ထဲတွင် ၁၄ ရက် တိုက်ပိတ်ထားခြင်းခံနေရသည်ဟု သတင်းရရှိပါသည်။

ထောင်အတွင်းမှ အမျိုးသမီး ထောင်ဝန်ထမ်းများ၏ အကျင့်တန် မိုက်ရိုင်း ယုတ်မာ ဆက်ဆံမှုများ မြောက်များစွာ ရှိနေသည်ဆိုသော အချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသော အိမ်ထောင်သည် နိုင်ငံရေး အကျဉ်းသူများ၏ ပြန်လည် ပြောပြချက်များအရ သိရလေ့ရှိပါသည်။ ထိုကြောင့် ထောင်ထဲတွင် ပြဿနာ ဖြစ်ပြီး တိုက်ပိတ်ခံထား နှလုံးရောဂါအခံ ရှိသည့် မစုစုနွေးအတွက် စိုးရိမ်ရဖွယ်ရှိနေပါသည်။

Thursday, 3 July 2008

Mr Surin, You and Your Org .. Leave us alone. Without You and You Org, we can survive and we can fight.

Just Back Off from Burma, We have enough trouble by your Asean. Enough is Enough.



Shameless organizations in the world


Association of Southeast Asian
Nations (ASEAN)


African Union (AU)

The shame of Africa and Asean


It is sad that the outcome of the African leaders' summit reflected anything but condemnation and shame on Zimbabwean president Robert Mugabe.


Some African countries are ready to defend Mugabe, who rigged and stole the country's general election held last week. It is amazing how some African leaders have the face to back a leader who suppresses his people and intimidates the opposition with violence, resulting in numerous deaths and injuries. Last month, former South African president Nelson Mandela criticised Mugabe for his tragic failure of leadership. His comment should have paved the way for other leaders to take up similar positions. Unfortunately, not many African leaders can claim similar status to Mandela. Many are dictators who do not respect human rights and democratic values. Worse, they do not want to be labelled as allies of the West against Mugabe, who was also considered an African hero when he fought for independence of the former Rhodesia.

Since 2000 the African Union has done good work in peace-keeping and peace-building. AU troops have been dispatched to troubled countries throughout Africa with assistance from Western countries. Now the West is up in arms about African leaders who have failed to condemn Mugabe. France and the UK have issued strong words on Mugabe. France said the Mugabe government is illegitimate and British PM Gordon Brown urged AU members to reject the result. The UN Security Council is contemplating a resolution which would call for sanctions against the Mugabe regime. There are reports that Mugabe might consider a power-sharing government with opposition leader Morgan Tswangirai, who holed up in the Dutch Embassy in Harare after he withdrew from the election.

The AU leaders remind us of Asean leaders, who protect their pariah member, Burma. Since its admission in 1997, Burma has caused embarrassment and humiliation for the grouping, but Asean leaders always stand up for Gen Than Shwe's junta. They prefer to suffer at the behest of their unruly member than take a moral stand on the international stage. It is the same AU rationale that Asean leaders continue to use to shore up support for Burma.

Wednesday, 2 July 2008

ကျေးဇူးပါ

ကျွန်တော် ခရီးထွက်နေစဉ် အချိန်မှာ သတင်း တချို့ ထွက်လာပြီး ကျွန်တော် အတွက် စိုးရိမ် မေးမြန်းကြသော မိတ်ဆွေ အပေါင်းကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကျွန်တော်သွားခဲ့သော ခရီးမှာ ကျွန်တော် ပြောခဲ့သလို ရန်ပုံငွေနှင့် မြန်မာနိုင်ငံအကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်မှတ်စုဆောင်းနေသော AAPP ရဲ့ အစီအစဉ်မှာ စီစဉ်ထားတဲ့ အတိုင်း လက်မှတ် စုဆောင်းတဲ့ အလုပ်တွေ လုပ်သော campaign တစ်ခုသာ ဖြစ်ပါတယ်။

မြန်မာ ပြည်ထဲ ပြန်မဝင်ခဲ့သလို၊ လက်နက် သင်တန်းလည်း မတတ်ခဲ့ပါ။ သို့သော် လူ သိန်းကျော် ရှိတဲ့ ကမ္ဘာအရပ်ရပ်က လူတွေကြားထဲမှာ ခွပ်ဒေါင်း အလံကို လွှင့်ထူနိုင်ခဲ့ပြီး၊ မြန်မာ့ပြည်နဲ့ မြန်မာပြည်တွင်းက ယုံကြည်ချက်အတွက် အသက်နဲ့ ဘဝတွေ ပေးသွား၊ ပေးထားကြတဲ့ လေးစားဖွယ် အာဇာနည်တွေအကြောင်းကို
ပြောပြနိုင်ခဲ့ပြီး၊ အချို့သော စာနာစိတ် ရှိတဲ့ လူများရဲ့ လူသားခြင်း စာနာစိတ်နဲ့ ထိုအာဇာနည်များအတွက် မျက်ရည်စက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
ကိုထိုက်

ဇူလိုင်လ ၁ ရက်နေ့တွင် ကြံဖွတ်ရုံး၌ ပေါက်ခဲ့သော ဗုံး၏ နောက်ဆက်တွဲ

(Picture from AP)

ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်ရှိ ကြံဖွတ်ရုံးတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိ၊ ထိခိုက်ပျက်စီးမှုသာ ရှိသည်ဟု သိရပါသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ပေါက်ကွဲခဲ့သော ဗုံးများသည် မည်သည့်အဖွဲ့အစည်းမှ ဖေါက်ခွဲသည်ဆိုတာကို ကျေညာလေ့ မရှိဘဲ၊ နအဖက မခိုင်လုံသော အဓိပ္ပါယ်မဲ့ စွပ်ဆွဲချက်များဖြင့် ပြည်ပရှိ အဖွဲ့အစည်းများကို စွပ်ဆွဲလေ့ရှိပြီး၊ အစွပ်ဆွဲခံ အဖွဲ့အစည်းများကလည်း နအဖ စွပ်ဆွဲသလို မဟုတ်ဘဲ မိမိတို့ လက်ချက်မဟုတ်၊ နအဖသာလျှင် ဖေါက်ခွဲသူ ဖြစ်နိုင်ကြောင်း ပြန်လည် ပြောကြားလေ့ရှိသည်။

ယခု အကြိမ် ရွှေပြည်သာတွင် ပေါက်သော ဗုံးကွဲမှုတွင် ယခင်ကလို မဟုတ်ဘဲ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ကျေညာ ခဲ့သည်။ ၄င်းအပြင် ပြီးခဲ့သော ဧပြီလ ၂၀၊ ၂၀၀၈ က ၃၆ လမ်း အလယ်ဘလောက်ရှိ အေဘီစီ စားသောက်ဆိုင်ရှေ့ ကြံဖွတ်ပိုင်ကားအား ဖောက်ခွဲမှု၊ ထရိတ်ဒါး ဟော်တယ်အနီး ရပ်ထားသော စစ်အရာရှိ တစ်ဦး၏ ကားအား ဖောက်ခွဲမှုတို့သည် မိမိတို့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျေညာခဲ့သည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့မှ “သံမဏိ စစ်ဆင်ရေး” ဟု နာမည်ပေးထားသော အဆိုပါ စစ်ဆင်ရေးဖြင့် တိုက်ပွဲ ဝင်နေပြီး နအဖ စစ်အရာရှိများမှ စ၍ နောက်လိုက် ရယက၊ မယက၊ ကြံဖွတ်၊ စွမ်းအားရှင်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်ပြီး၊ ပြည်သူလူထုအား မထိခိုက်အောင် ရှောင်ရှားတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကျေညာခဲ့သည်။

ပြည်သူလူထု အပေါ် ဖိနှိပ်နေသော စစ်အာဏာပိုင်များနှင့် ၄င်းတို့၏ လက်ဝေခံ အဖွဲ့များ၏ ပြည်သူလူထု အပေါ် မတရား အနိုင်ကျင့် စော်ကားနေသည်များကို လုံးဝ လက်သင့် မခံဘဲ ပိုမိုပြင်းထန်စွာ လက်တုံပြန် တိုက်ခိုက်မှုများအား ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကျေညာချက်တွင် ရေးသားထားသည်။

ကိုထိုက်