Sunday, 24 August 2008

ခြောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)


(မေးလ်မှ ရသော စာတစ်ပုဒ်ကို အားလုံး ဖတ်နိုင်စေရန် ပြန်လည် ဝေမျှ လိုက်ပါသည်။ မူရင်းဖေါ်ပြထားသော web site စာမျက်နှာကို မသိ သဖြင့် ဖေါ်ပြပေးနိုင်ခြင်း မရှိပါ။ သိသူများ ထိုလိပ်စာကို ကျွန်တော့်ထံ အကြောင်းကြားပေးပါက အဆိုပါ ဆိုဒ်သို့ ညွန်းပေးနိုင်မည် ဖြစ်ပါသည်။)


အမှတ် ၇

ဆယ့်ရှစ်ရာစုက ပေါ်ခဲ့တဲ့ Jonathan Swift ရဲ့ Gulliver's Travels ဆိုတဲ့ ၀တ္ထုဟာ ကျော်ကြား လူသိများပါတယ်။ ဆရာကြီး မောင်ထင် က `ဂါလီဗာ၏ ခရီးစဉ်´ ဆိုပြီး ဘာသာပြန်ခဲ့တယ်လေ။ ၀တ္ထုထဲမှာ ကမောက်ကမနိုင်လှတဲ့လူတွေအကြောင်း သရော်ထားတာ အလွန်ပီပြင်လှပါတယ်။ အခု နှစ်ဆယ့်တစ်ရာစုမှာတော့ အလားတူ ၀တ္ထုတပုဒ် ပေါ်လို့နေပါပြီ။ နာမည်ကလည်း ခပ်ဆင်ဆင်ပါ။ Gambari's Travels ပါတဲ့။ `ဂမ်ဘာရီ၏ ခရီးစဉ်´ပေါ့။ သူသွားတဲ့ နိုင်ငံကတော့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီးတဲ့ ခင်ဗျ။

ဟုတ်ပါရဲ့။ ဂမ်ဘာရီ ခမျာ ဒီခရီးကို သွားလေတိုင်း ဖြစ်ရပ်ဆန်းတွေ ဇာတ်လမ်း အတိုအရှည်တွေနဲ့ တိုးလို့ချည်း နေတော့တာကိုး။ ၂၀၀၆ နိုဝင်ဘာ ပထမဆုံး အခေါက်တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းသတင်းဓာတ်ပုံ အဖြစ် ကမ္ဘာကို ပြန့်ခဲ့တယ်လေ။ ၂၀၀၇ ကျပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတစောင်ကို ဂမ်ဘာရီက တိတ်တဆိတ် သယ်ဆောင်လာပြီး ထုတ်ပြန်ပေးလိုက်ပုံက တကယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါပဲ။ အဲ ဒီနှစ်ထဲကျတော့ ဂမ်ဘာရီခမျာ အပြင်က လူတွေက ကန့်ကွက်လိုက်, ပြစ်တင်လိုက်၊ ဟိုရောက်တော့လည်း အဆူခံလိုက်ရ အငေါက်ခံလိုက်ရနဲ့ သွားပေါ်အောင်တောင် ဖြဲမပြနိုင်ရှာတော့ပါဘူး။ ဒီတခေါက်မှာတော့ဖြင့်…

လော်နဲ့ခေါ် မော်တောင်မကြည့်

သြဂုတ်လ ၁၈ ရက်နေ့က ဂမ်ဘာရီ ရွှေပြည်ကြီးကို ရောက်ပါတယ်။ သက်ဆိုင်ရာတို့က ဂမ်ဘာရီသည် မည်သူမည်ဝါတို့နှင့် မည်သည့်နေရာတွင် တွေ့လေသတည်း… လို့ သတင်းတွေ ထုတ်ပေးပါတယ်။ သို့သော်လည်း ဟိုလူ ဒီလူ ဘယ်သူ ဘယ်ဝါတွေနဲ့ တွေ့တယ်ပဲ ပြောပြော၊ ထမင်းလက်ဆုံစားတယ် ဆိုဆို ဂေါက်သီးပဲ အတူရိုက်ရိုက်၊ အဲဒါတွေကို ဘယ်သူကမှ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလား။ တွေ့ပြီးတော့ ဘာပြောသလဲ။ ဗိုလ်သန်းရွှေနဲ့ တွေ့သလား။ သူကကော ဘာပြောသလဲ။ အဲဒါတွေပါ။
ဂမ်ဘာရီ၏ လက်ထောက်နှစ်ဦး သည်းထိတ်ရင်ဖို ကားပေါ်မှ ဆင်းလာပုံ

မထင်မှတ်တဲ့ ဖြစ်ရပ်က ၂၀ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပေမဲ့ ဒေါ်စု ရောက်မလာဘူးလို့ ဆိုပါတယ်။ အဲသည်နောက် နာရီပိုင်းအတွင်းမှာ တွေ့ခဲ့ကြတဲ့ အဖွဲ့ချုပ် လူကြီးတွေတောင် ဒီကိစ္စကို ဂဃနဏ မသိရဘူး ဆိုတော့၊ ဘယ်လိုမှ မထင်မှတ်တဲ့ `ရှော့ခ်´ တခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နေမကောင်းလို့လား။ ကြိုတင်မသိလို့လား။ ကားပျက်နေလို့လား။ စိတ်ကောက်တာလား။ တွေးစရာတွေက အများသား။

(လူကြီး လူကောင်း ပီသစွာ လော်နှင့် အော်ခေါ်နေသောပုံ)

ဒီလို ဖြစ်လာတဲ့အခါ ရွှေပြည်တော်ကြီးက မောင်မင်းကြီးသားများက အခက်အခဲကို အလွယ်တကူပဲ ဖြေရှင်းလိုက်ပါတယ်။ ဘယ်လို ဖြေရှင်းသလဲ ဆိုတော့ ဒေါ်စုအိမ်ရှေ့ကနေ `ဂမ်ဘာရီက တွေ့ချင်လို့ပါ ခင်ဗျာ´ ဆိုပြီး လော်နဲ့ အော်ခေါ်သတဲ့လေ။ ပြီးတော့ ဂမ်ဘာရီရဲ့ လက်ထောက်နှစ်ယောက်ကလည်း အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲ စောင့်နေကြသတဲ့။

ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဒေါ်စုကို အိမ်ချုပ်ချထားပြီး လုံခြုံရေးကို အပြည့်ချထားတယ်လို့ ဆိုတယ်။ ဒီတော့ ဒေါ်စုဆီကို ဘယ်သူကမှ အဆက်အသွယ် လုပ်တာ မရှိတော့လို့လား။ အရင့်အရင်တုန်းက ဂမ်ဘာရီနဲ့ တွေ့တာတို့၊ ဦးအောင်ကြည်နဲ့ တွေ့တာတို့မှာ ကျတော့ကော ဒီလိုပဲ အိမ်ရှေ့ကနေ `တွေ့ချင်လို့ပါ ခင်ဗျား´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ မကြာခင်ကပဲ ရှေ့နေ ဦးကြည်ဝင်း တို့၊ ဆရာဝန် ဦးတင်မျိုးဝင်း တို့ ဒေါ်စုဆီ သွားတာ ကျတော့ရော ဒီလိုပဲ `ရှေ့နေ ဦးကြည်ဝင်း ရောက်နေပါပြီ ခင်ဗျား။ တံခါးဖွင့်ပေးပါ´။ `ဒေါက်တာ တင်မျိုးဝင်း ရောက်နေပါပြီခင်ဗျား။ ဆေးစစ်ချင်လို့ပါ´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ ဒေါ်စုကို အချုပ် တနှစ် ထပ်တိုးတုန်းကကော ဒီလိုပဲ အိမ်ပေါက်ဝက လော်နဲ့ အော်ခဲ့တာပဲလား။

ရွှေပြည်တော်မှာကတော့ ``ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ။ မနက်ဖြန် စနေနေ့ လုပ်အားပေးသို့ တအိမ်တယောက် မပျက်မကွက် လာရောက်ကြပါရန်… ´´ ဆိုပြီး လော်နဲ့ အော်တာက ကျင့်သားရနေပြီ မဟုတ်လား။ အဲ နောက်ဆက်တွဲ ရှိသေးတယ် ``မလာရောက်က ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း…´´ ဆိုပါလား။ ကိုကြီးပေါ်လည်း ကြားပါများတော့ အလွတ်တောင် ရနေပြီ။ အခု ဒေါ်စုကို လော်နေ အော်တော့ရော ``မတွေ့ပါက ပြင်းထန်စွာ အရေးယူမည်…´´ ဆိုတာ ပါသေးလား မသိ။

ရွှေပြည်တော်သားတွေကတော့ အကျင့်ပါနေလို့ ထားပါတော့။ ဟို ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့လက်ထောက် နှစ်ယောက်ကိုပါ လော်အဖွဲ့ထဲ ထည့်ပေးလိုက်တာ စဉ်းစားစရာပါပဲ။ တကယ်ဆို လာမတွေ့သူကို လော်နဲ့ အော်ရတယ် ဆိုတာ ဂမ်ဘာရီ လက်တွေ့ တွေ့နေပြီပဲ။ သူတွေ့ချင်တဲ့ ဗိုလ်သန်းရွှေကိုလည်း အဲသလို လော်နဲ့ သွားအော်ဖို့ ကောင်းတာပေါ့။ ``ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ ကျနော် ဂမ်ဘာရီပါ၊ တွေ့ပါရစေ ခင်ဗျား…´´ ဘာညာပေါ့။ သူ့တိုင်းပြည်ရောက်ရင် သူ့ဓလေ့အတိုင်းတော့ ကျင့်ရမှာပေါ့။ မတွေ့ တွေ့တွေ့ ကိုယ်ဖက်က အော်စရာရှိတာတော့ အော်သင့်တာပေါ့။ ဟုတ်ဘူးလား။ ဒေါ်စုကိုတောင် လော်နဲ့ အော်သေးတာ။ ဗိုလ်သန်းရွှေကိုလည်း လော်နဲ့ အော်ပေါ့။

ဘာကြောင့်လဲဆိုတော့ ဂမ်ဘာရီရဲ့ အလုပ်က အဲသည်နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်နေလို့ပါပဲ။

အရင်တခေါက်ကလည်း ဂမ်ဘာရီက တွေ့ တွေ့ တွေ့ ဆိုတာတွေ လုပ်ပေမယ့် အရေးပါသူ ဗိုလ်သန်းရွှေကို မတွေ့ရခဲ့ရဘူး။ ဒီတခေါက်လည်း တွေ့ဖို့ အလားအလာ မရှိပါဘူး။ ဒါကို သိတဲ့ ဒေါ်စုက အကြောင်းထူးနိုင်စရာ မရှိတာမို့ မတွေ့ဘဲ နေလိုက်တာပဲလို့ ကိုကြီးပေါ်က ကောက်ချက်ချပါတယ်။ ဒါက ကိုကြီးပေါ်ရဲ့ ကောက်ချက်ပါ။ လွဲချင်လည်း လွဲမှာပေါ့ နော။ အဖွဲ့ချုပ်ကိုတောင် တွေ့တယ်ဆိုရုံလေး ထုံးတို့လို့၊ အဖွဲ့ချုပ်က ခပ်ပြင်းပြင်း ပြောလိုက်တော့မှ နောက်ထပ် ဆွေးနွေးဖြစ်တာ။ ဒါလဲ ဆွေးနွေးပွဲ တန်းလန်းကြီးနဲ့ ဂမ်ဘာရီ-ပြန်ပါပြီ ဖြစ်သွားရတာပါပဲ။

ဒီတခေါက်မှာ ထူးတာလေး တခု ရှိသဗျ။ ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဒီဇင်ဘာမှာ ရွှေပြည်တော်ကြီးကို သွားမယ် ဆိုပဲ။ နိုင်ငံရေးကိစ္စ သက်သက်တဲ့။ ကိုကြီးပေါ် ပြောခဲ့သားပဲ။ `မွမ်းမံသင်တန်း´ ဆိုတဲ့ ခေါင်းစဉ် အောက်မှာလေ။ မပူပါနဲ့ ဘန်ကီမွန်းလည်း အချိန်တန်ရင် သွားမှာပါလို့။ ဟော… အခု သွားတော့မယ်။ ဂမ်ဘာရီက လေးငါးခေါက် ရှိပြီဆိုတော့ အရည်အချင်းတွေ တော်တော် တောက်ပြောင်သွားပြီ။ မယုံရင် သူ့မျက်နှာကို ကြည့်ပါ။ မည်းပေမဲ့ ပြောင်ပါတယ်။ အခု ဘန်ကီမွန်း အလှည့်။ လာတော့မယ်။

ဘန်ကီမွန်းအတွက် တခုတော့ ကြပ်ကြပ်မှာလိုက်ချင်သပ။ လက်ကိုင် လော်စပီကာ ကောင်းကောင်း တခုတော့ မပါ ပါအောင် ဆောင်သွားပါ။ ရွှေပြည်တော်ကြီးရောက်လို့ ``သူနဲ့ မတွေ့ချင်ဘူး ဟူး ဟူး´´ ဆိုတဲ့အခါ အဲဒီ လော်စပီကာက အသုံးတည့်ကောင်း တည့်ပါလိမ့်မယ်။ အကယ်၍ မတွေ့ရင်တောင်မှ ရွှေပြည်တော်ရဲ့ အကျင့်စရိုက်အတိုင်း ကျင့်သုံးခဲ့တာမို့ ၀ိနည်းလွတ်နိုင်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာပေါ်တဲ့ `ဂမ်ဘာရီ၏ ခရီးစဉ်´ ဇာတ်လမ်းတွဲဟာ လူထူးလူဆန်းတို့နေတဲ့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီး တခုနဲ့တင် ဂန္ထ၀င်မြောက်နေမှာ အသေအချာပါ။

ကိုကြီးပေါ်

Saturday, 23 August 2008

မြန်မာနိုင်ငံသား ၆ ဦးအား ဗီဇာသက်တမ်း တိုးပေးရန် စင်္ကာပူငြင်းပယ်

ဆော်လမွန်
စနေနေ့၊ သြဂုတ်လ 23 2008 12:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စင်္ကာပူ အစိုးရသည် အကြောင်းတစုံတရာ မပြဘဲ မြန်မာနိုင်ငံသား ၆ ဦး၏ ဗီဇာသက်တမ်း တိုးပေးရန် လျှောက်ထားမှုကို ငြင်းပယ်လိုက်သည့်အတွက် ၃ ဦးမှာ ဂျူလိုင်လကတည်းက တိုင်းပြည်မှ ထွက်ခွါသွားခဲ့ရပြီ ဖြစ်သည် ဟု သူတို့ကိုယ် သူတို့ မြန်မာမျိုးချစ်များဟု ခေါ်ဝေါ်သည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက သောကြာနေ့ က ပြောကြားလိုက်ကြပါသည်။

အဆိုပါ တက်ကြွ လှုပ်ရှားသူများက သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (ICA) နှင့် လူအင်အား ဝန်ကြီးဌာနတို့က အဆိုပါ ဗီဇာသက်တမ်း တိုးမြှင့်မှုကို အဘယ်ကြောင့် ငြင်းပယ်ရသည်ဆိုသည့် အကြောင်းရင်းကို ထုတ်ဖေါ် ပြောဆိုပါရန် စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ကြသည်။

“ဤမြန်မာမျိုးချစ် ၆ ဦးသည် စင်္ကာပူ တရားဥပဒေကို ဆန့်ကျင်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် အထောက်အထားလဲ ဘာမှမရှိပါ” ဟု မြန်မာမျိုးချစ်များ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင် ကျင်းပခဲ့သူ ကိုမျိုးမြင့်မောင်က မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားမှုကို ငြင်းပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် ပေးပါရန် သူတို့ စင်္ကာပူအစိုးရကို တောင်းဆိုထားသည်ဟု ပြောသွားပါသည်။

“ဘာအကြောင်းပြချက်မှ ရေရောရာရာ မပေးဘဲ ဗီဇာသက်တမ်း တိုးပေးဘို့ ငြင်းတာ ဒါပထမဆုံးအကြိမ်ဘဲ” ဟုသူက ဆိုပါသည်။

အလားတူ ပြဿနာများနှင့် ကြုံတွေ့နေရသည့် အခြား မြန်မာနိုင်ငံသား အများအပြား ရှိနိုင်သော်လည်း သူတို့သိသည်မှာ ဤ ၆ ဦးသာဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရဲစခန်း တွင် စစ်ဆေးမေးမြန်းခြင်းကို သူတို့ ခံခဲ့ကြရကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“ကျနော်တို့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အခြား ပုဂ္ဂိုလ်တွေအတွက်လည်း ကျနော်တို့ စိတ်ပူနေရပါတယ်” ဟု ကိုမျိုးမြင့်မောင်က ပြောဆိုသွားပြီး တရားမျှတမှု ပေါ်ပေါက်ရေးအတွက် သူတို့ ရှေ့နေနှင့်အတူ ရင်ဆိုင်သွားရန် ပြင်ဆင် ထားကြောင်းလည်း ပြောဆိုသွားခဲ့ပါသည်။

အဆိုပါ ဗီဇာသက်တမ်း တိုးပေးရန် လျှောက်ထားမှုကို ငြင်းပယ်ခံခဲ့ရသူ ၆ ဦး အနက် ၃ ဦးမှာ မောင်စိုးသီဟ၊ ကိုမျိုးထွန်း နှင့် ကိုလှိုင်မိုးတို့ ဖြစ်ပြီး သူတို့သည် ဂျူလိုင်လကုန်နှင့် သြဂုတ်လအစောပိုင်းက စင်္ကာပူနိုင်ငံတွင်းမှ ထွက်ခွါသွားခဲ့ကြရသည်ဟု ဆိုပါသည်။

အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန် နိုဝင်ဘာ ၂ဝ ရက် ၂ဝဝ၇ ခုနှစ်က စင်္ကာပူနိုင်ငံ အော်ချတ်လမ်းမ ကြီးပေါ်တွင် မြန်မာမျိုးချစ်များက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲ တရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာစစ်အစိုးရ၏ အတုအယောင် ဆန္ဒခံယူပွဲကို ဆန့်ကျင် ကန့်ကွက်သည့် ‘ကန့်ကွက်မဲ’ ထည့်ရေး လှုပ်ရှားမှုကိုလည်း ၂ဝဝ၈ ခုနှစ် ဧပြီလနှင့် မေလအတွင်းက ကျင်းပ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံသား ၆ ဦး ဗီဇာသက်တမ်း တိုးမြှင့်ရန် လျှောက်ထားခဲ့ခြင်းကို အဘယ်ကြောင့် ငြင်းပယ်ခံခဲ့ရသည် ဆိုသည့် အကြောင်းအချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စင်္ကာပူအစိုးရ၏ မြန်မာစစ်အစိုးရနှင့် နီးနီးကပ်ကပ် ဆက်ဆံနေခြင်းနှင့် ကြီးကြီးမားမား ပတ်သက်နေဖွယ် ရှိသည်ဟု တက်ကြွလှုပ်ရှားသူများက ယုံကြည်နေကြသည်။

မြန်မာ ၆ ဦး၏ ဗီဇာသက်တမ်းကို တိုးမြှင့်ပေးရန် ငြင်းပယ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ရှင်းလင်းဖေါ်ပြပေးရန် တက်ကြွ လှုပ်ရှားသူများက စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ကြပြီး၊ မြန်မာ့တက်ကြွ လှုပ်ရှားသူများအပေါ် မျှမျှတတ တန်းတူ ညီမျှ သဘောထား ဆက်ဆံပါရန်လည်း တောင်းဆိုခဲ့ကြသည်။

စင်္ကာပူ လူအင်အားဝန်ကြီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဤကိစ္စနှင့် စပ်လျဉ်း၍ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုသွားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (ICA) ကိုသာ မေးမြန်းပါ ရန် ညွှန်းဆိုပြောကြားသွားခဲ့သည်။

သို့သော် အဆိုပါဌာနသို့ မဇ္ဈိမ က ဆက်သွယ် မေးမြန်းရာတွင်လည်း “ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့ မပြောနိုင်ပါဘူး၊ ICA က ဒီပြဿနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မဖြေနိုင်ပါဘူး” ဟုသာ ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

Singapore shows Burmese dissidents the door

(Before reading the story for the head-line, Could you please read and see how Singapore Gov is trying so hard for human Right working group. Does Singapore Gov know the menaing of the word "Human Right"? (To be able to learn the meaning of human right read in wikipedia .....)

Click here to Read about Singapore Gov is working on Human Right working group)

Led by Singapore's George Yeo, Asean foreign ministers last September "expressed their revulsion to Myanmar Foreign Minister Nyan Win over reports that the demonstrations in Myanmar [were] being suppressed by violent force", and called on the military junta there to "work towards a peaceful transition to democracy."

Singapore's Prime Minister Lee Hsien Loong had spoken "to his ASEAN counterparts... and [would] be writing to Senior General Than Shwe," the joint Asean statement said [1]. During that period, Singapore was the rotating chair of Asean, and people thought this unusually strong statement was a hopeful sign of where Singapore stood. But was this government, always so boastful of its "integrity", being sincere?

After handing over the chair of Asean to Thailand last month, Singapore appears to have reverted to its true nature -– and mindless of our international reputation too -– which is to punish anyone who had organised and spoken out against a fellow authoritarian government.

Their core philosophy seems to be: "Autocrats of the world, unite!"

Six Burmese have been thrown out of Singapore in the last month or so when their residency passes were denied renewals. While the immigration office has not provided any explanation for any of these cases -- and the silence itself can be read as sinister -– "they had some commonalities", said Myo Myint Maung at a press conference on 22 August.

All six have had their personal particulars recorded by the police at one or more events organised by the expatriate Burmese community since last September, and each of them have, at least once, been summoned to Tanglin Police Station for investigation.

The press conference on 22 August 2008 at Peninsular Excelsior Hotel. Picture shows only half the room.
The Burmese in Singapore have organised "more than dozen" events in the last few months, from the march along Orchard and Tanglin Roads during the Asean summit held in Singapore last November, to petition signing against the sham referendum, to prayer vigils for those slain in the streets of Rangoon, said Myo. All have been peaceful, but they have also been a reflection of the deep anger felt by Burmese over the vileness of the military regime.
Paid for his education, then threw him out

One of the six persons our government threw out had in fact been bonded to work for Singapore-registered companies for 3 years, a condition of a tuition grant given by the Ministry of Education. Maung Soe Thiha had been looking forward to start work when he graduated from the National University of Singapore this year.

His student pass expiring upon graduation, he applied for a Long Term Social Visit Pass, to look for a job. This should be routine, and "normally, people on Long term Social Visit Passes can stay for 6 months or more to seek employment," said Myo. But in Soe Thiha's case, the government rejected his application altogether, giving no reason for its decision.

Simultaneous with these events, the young man's job search had just about found success. Hai Yong Engineering was prepared to give him his first job and the company promptly filed an electronic application for an Employment Pass for him. Without any visa at all, however, Soe Thiha had to leave Singapore. Hai Yong's application for an Employment Pass for him is still in limbo three weeks later.

He is now languishing in Cambodia living on his savings.

Employer wants him, but government says Go!

Another equally ridiculous case is that of Hlaing Moe. He had been working as a Technical Supervisor with Sankyu (Singapore) Pte Ltd since July 2006 on an S Pass, which is the residency document for skilled foreigners. He applied for a renewal of his S Pass in July this year (his company was willing to continue employing him) but this application was also rejected without any explanation.

He therefore could only continue staying for a short while more under a Social Visit Pass (i.e. a tourist pass).

Hlaing Moe was also a part-time student at Ngee Ann Polytechnic, studying for a Diploma in Technology (Mechanical) with exams on 14 – 24 August 2008. He appealed for an extension of his Social Visit Pass to enable him to complete his exams, but this appeal was rejected, also without any reason.

He is now languishing in Malaysia.

Myo Myint Maung provided more details of 2 other cases at the press conference, which you can glean from his press release, archived as Burmese citizens denied renewal of visas in Singapore.

Singapore still trying to "recruit" talent

Not in the Press Statement is the case of Thu Yein Win (right). He was at the press conference to share with the public his experience over his application for Permanent Residency (PR).

Thu Yein Win has been working in Singapore for over a year (but less than 2 years) as an Assistant Engineer with a private company. He is also on the executive committee of the Overseas Burmese Patriots in Singapore (OBP).

In April this year, he applied for Permanent Residency, following which he was asked to attend an interview at the Immigration and Checkpoints Authority (ICA) in June.

To his surprise, there was virtually nothing in the two-and-a-half hour interview relating to his application for PR status, nothing on his qualifications or the documents that he had submitted. Instead, the 2 officers present focussed exclusively on his Burmese patriotic activities.

"They asked me: 'Who is the leader of the OBP? How many members do you have? Who are they? What are their names? Where do you usually gather for meetings?' And they also asked about my close friends."

At one point, they asked him if he would inform them in advance of any activities by the OBP. It's not clear (to me at least) what answer he gave them, but the more important point, as you can see, is what our government agents are up to.

Thu Yein Win had in March this year helped organise a petition against the junta's referendum on their extremely undemocratic new constitution. While doing so, his particulars were recorded by some officers, and he was subsequently summoned to a police station for investigations.

Cold heart

Hlaing Moe was not even allowed to stay on for 2 more weeks to finish his exams. Were our bureaucrats just plain unfeeling? Were they merely being robotic?

Or were they deliberately being cruel?

The number of Burmese whose particulars have been recorded by the police for participating in various activities is unknown. "Perhaps 50," was Myo Myint Maung's best guess. But going by these examples, all of them may well be expecting the worst.

It's not easy to find another country to take them. Do they have to return to Burma? Chasing them out of Singapore "may put them into physical danger of the violence that the Singapore government condemned [last year]," said Myo Myint Maung.

Myo was careful to stress that he was not calling these cases deportations. He pointed out that strictly speaking, each case was one of a non-renewal of residency papers. He concedes that such decisions are up to the Singapore government; as foreigners they cannot demand the right to stay. The intent of the press conference was to raise awareness of this trend and ask the Singapore government for reasons for the non-renewals.

He was being diplomatic.

Yawning Bread is a citizen of Singapore. I don't have to be diplomatic. Let me be blunt: For all practical purposes, these are deportations. By putting their lives at risk, the Singapore government is as callous as the junta when they blocked foreign aid to Cyclone Nargis victims. By penalising anyone who has spoken out against generals, the Singapore government is aiding and abetting those generals in their continuing crime against humanity.

Not only is this deportation policy morally wrong -- shockingly, revoltingly wrong -- but from a self-interest perspective, it is unbelievably stupid.

Do we think the military regime will last forever? Impossible. One day, it will fall and these young men and women whom we antagonise today will quite possibly be part of the new government. How can it serve Singapore's interest to be on the wrong side of history?

What fools we have for a government.

© Yawning Bread


Related Documunts
Press Ststement
Spoke person's comment

Thursday, 21 August 2008

လွန်ခဲ့သော ၁ နှစ်၊ ဒီအချိန်၊ ဒီည


လွန်ခဲ့သော ၁ နှစ်၊ ... ၂၀၀၇ ခုနှစ်၊ သြဂုတ်လရဲ့ ၂၁ ရက် ည၊ ၂၂ ရက်ကို အကူးမှာ လူတစ်စုကို လူမိုက် တဖွဲ့က အကျည်းတန်စွာ လက်နက်အားကိုးနဲ့ အဓမ္မဝင်ရောက်ဖမ်းဆီးသွားခဲ့တာဟာ မြန်မာ့ သမိုင်းအတွက် မေ့မရတဲ့ ရက်စွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။

လာရောက် အနိုင်ကျင့် ရမ်းကား ဖမ်းဆီးသူများကတော့ ရဲချုပ် ခင်ရီရဲ့ လက်အောက်က ဒုရဲအုပ် အောင်မြင့် ဆိုတဲ့ လူပါဝင်တဲ့ လူရမ်းကား တစ်စုသာဖြစ်ပါတယ်။ ထို လူများဟာ မိမိကိုယ်ကို ဝန်ထမ်းလို့ နာမည်ခံထားပေမယ့် ပြန်ပေးသမားများ လုပ်ရပ်အတိုင်း လူတစ်ယောက်ကို ဖမ်းရာမှာ ဖမ်းဝရမ်း မပါ၊ တိကျတဲ့ အကြောင်းပြချက် မပါဘဲ အနိုင်ကျင့်နေတဲ့ လူမိုက်ဂိုဏ်းသားများသာ ဖြစ်ကြပါတယ်။ ယခုဆို ပြန်ပေးဆွဲခံရသော တိုင်းပြည်သားကောင်းများကတော့ ယခုအခါ လူသူ မျက်ကွယ်ရောက်နေတာ တနှစ် တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ ဒါကြောင့် အဲဒီညမှာ မတရားပြုကျင့် ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းပြည်သားကောင်းများရဲ့ နာမည်များကို အားလုံး ပြန်လည် မှတ်မိနိုင်အောင် ဖေါ်ပြလိုက်ပါသည်။

ကိုအံဘွယ်ကျော်ရဲ့ မိခင် ဒေါ်တင်တင်ဝင်းနှင့် အမေးအဖြေ လုပ်ခဲ့သော အသံဖိုင်ကိုလည်း ပြန်လည်မှတ်မိစေရန်နှင့် ထိုရက်က မတရား ပြုကျင့်မှုများကို သက်သေအဖြစ် အောက်တွင် နားထောင် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မပြောရဲဘူးလား .. မရိုးသားလို့ပေါ့၊ မမှန်ကန်လို့ပေါ့ ...



၁။ ကိုမင်းကိုနိုင်၊
၂။ ကိုကိုကြီး၊
၃။ ကိုပြုံးချို၊
၎။ ကိုမင်းဇေယျာ၊
၅။ ကိုမြအေး၊
၆။ ကိုကျော်မင်းယု (ကိုဂျင်မီ)၊
၇။ ကိုဇေယျ၊
၈။ ကိုကျော်ကျော်ထွေး (ကိုမာကီး)၊
၉။ အံဘွယ်ကျော်၊
၁၀။ ကိုပဏ္ဏိထွန်း၊
၁၁။ ကိုဇော်မင်း၊
၁၂။ ကိုဇော်ဇော်မင်း၊
၁၃။ ကိုသက်ဇော်၊
၁၄။ ကိုဥာဏ်လင်း၊
၁၅။ ကိုရင်ထွန်း

တိုင်းပြည်ရဲ့ သူရဲကောင်း အာဇာနည်များ အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးမှာ မြန်မာပြည် လွတ်မြောက်ရေးအတွက် အရေးကြီးသော အဓိကကျသည့် အဆင့် တစ်ဆင့်ဖြစ်ပါသည်။ မတရား အကျဉ်းကျခံနေရသော အဆိုပါ နိုင်ငံရေး အကျဉ်းသားများ မလွတ်မြောက်မခြင်း မြန်မာပြည်လွတ်မြောက်ရေး မရနိုင်တာ သေချာသော ငြင်းမရသည့် အချက် ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပြန်ပေးဆွဲ အဖွဲ့ ဖြစ်သည့် နအဖတွင် တောင်းဆိုနေသည်ထက် သူတို့ မလွှတ်လျှင် မဖြစ်သော အခြေအနေသို့ ရအောင် ပြုလုပ်ရန်မှာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါသည် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

I have questions



Why is the United Nations Organization existed in the world?

Is there any problem that has actually been sorted by UN?

Burma, Tibet, Iraq War, Sudan Darfur, ... Now Georgia?

If there is no mistake, there are multi-million us dollars has been used to run UN organization in every month. Does it worth to use such large amount of money? Shouldn't we use this money for global warming effect instead of UN to run itself?

Why should we spend Mr Gambari air tickets to Burma for such a worthless trip, Shouldn't we use this money for cyclone victims in Burma or use one year education for orphan child?

There is a saying ..
If you are not a part of solution, then you are a part of Problem.

Does Mr Gambari is a part of solution for Burma?
If not ... What will he be?

Wednesday, 20 August 2008

ထူးမခြားနား

Thursday, 14 August 2008

စစ်သားဟောင်း တစ်ယောက်ရဲ့ အတွေး

ဈာပနထဲကအတွေး

ကျနော်ရဲ့မိတ်ဆွေတစ်ယောက်က ဗွီစီဒီလေးတစ်ချပ်လာပေးပြီး ကော်ပီကူးပေးပါဆိုလို့ ကူပေးလိုက်တယ်၊ ကျနော်က ဘာစီဒီလည်း ဆိုတော့ အစ်ကိုလည်းကြည့်ပါဆိုလို့ ကူးပြီးတော့ကြည့်ဖြစ်တယ်၊ အားလားလား…. ငပွေးတို့ရဲ့ဘိုးတော်ချုပ် စောဘိုမြရဲ့ ဈာပနအခမ်းအနားကို ရိုက်ထားတဲ့ အခွေပေါ့။ တစ်ချိန်က ကျနော်ရဲ့ ရန်သူတော်ကြီး ၊ ကျနော်တို့ ပြည်သူတွေကို ရက်ရက်စက်စက်သတ်၊ လှံစွပ်နဲ့ထိုးလိုထိုး၊ တပည့်တပန်းတွေကို မြန်မာပြည်အနှံ့မိုင်းတွေထောင် ၊ ဗုံးတွေခွဲခိုင်း တဲ့ အမိန့်ရှင် စောဘိုမြ … ခုတော့ မရဏမင်းကခေါ်သွားပြီပေါ့၊ ကျနော်က စစ်သားလုပ်ခဲ့တဲ့လူဆိုတော့ အတွေးထဲမှာ ကျနော့်ရဲ့ ရန်သူတော်ဟောင်းကြီးတစ်ယောက် ဇီဝိန်ကြွေသွားပြီ ၊ ငါတို့နဲ့သေနတ်ပစ်တမ်းကစားခဲ့တဲ့ ကစားဖော်တစ်ယောက်ကြွသွားပြီပေါ့၊ ဒီလောက်ပဲတွေးပြီး ဆက်ကြည့်နေရင်းနဲ့ အတွေးနယ်ချဲ့မိတယ်။


နောက်ဆုံးထိတွေ့ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ပွဲဆိုရင် ဘိုကလေးဘက် စိမ့်ဝင်နေပြီ၊ အဲဒီတုန်းက အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ တိုင်းမှူးက ဗိုလ်ချုပ်မြင့်အောင်၊ ဘယ်လောက်အထိနှိပ်ကွပ်ခဲ့သလဲဆို လေတပ်က ရဟတ်ယာဉ် ၂စီးကို ဦးစီးချုပ်စီကနေ တောင်းယူပြီး လယ်ကွက်ထဲမှာရှိနေတဲ့ သောင်းကျန်းသူနဲ့ ဆက်စပ်မယ်ထင်တဲ့နေရာတွေကို လက်တည့်စမ်းခဲ့တယ်။ တပ်ချုပ်ကလည်း ဘာကြောင့်ပေးသုံးခဲ့သလဲဆိုရင် ၀ါဆောစာချုပ်ဖျက်ပြီး ဘ၀ပျက်ကြတဲ့ အဖွဲ့ဝင်တွေထဲက ပိုလန်နဲ့ ရုရှ က မြန်မာပြည်ကို ဆန်နဲ့လဲတန်လဲ၊ ဈေးပေါပေါနဲ့ရောင်းလိုရောင်း လုပ်ထားတဲ့ မီ-၂ နဲ့ ဆူဂေါ ရဟတ်ယာဉ်တွေကလည်း ၀ယ်ထားပြီး မစမ်းရသေးခင် အတော်ပဲဖြစ်သွားတယ်။ အချို့ရွာသားတွေ သေသာသေသွားတယ်၊ သူတို့ကိုယ်သူတို့ စောဘိုမြရဲ့တပည့် ဟုတ် မဟုတ်တောင် မသိသွားရှာဘူး၊ ဘာကြောင့်လဲဆိုတော့ ကေအင်ယူကစပြီး စိမ့်ဝင်ကာစရှိသေးတာ တစ်ကြောင်း၊ စည်းရုံးးရေးကာလ ဖြစ်နေတာတစ်ကြောင်း၊ မိုးတွင်းကာလ၀င်သွားတာ တစ်ကြောင်း၊ သူတို့ရဲ့ အခြေခံစစ်သင်တန်းက မစရသေးတာတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အရှုံးနဲ့ တွေ့ခဲ့ရတယ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ (နတခ) မှာ ဘယ်လိုမှ ထင်မထားတဲ့ရန်သူကို တွေ့လိုက်ရတော့ တိုင်းမှူးပြာယာခတ်ပြီး ဆော်တော့တာပေါ့၊ သူကိုယ်တိုင် ရဟတ်ယာဉ်ပေါ်တက်၊ လယ်တဲတွေ့ရင် အောက်ကိုဝိုင်းခိုင်းထားပြီး အပေါ်က ရော့ကက်ခ်နဲ့ပစ်တယ်။ ထွက်ပြေးလာတဲ့ အမာခံ (ရွာသားနဲ့သောင်းကျန်းသူခွဲမရရင်သုံးတဲ့ သတ်မှတ်ချက်) ကိုဖမ်းတယ်၊ တိုင်းမှူး အမိန့် ပေးတာက (ငါအသံမကြားချင်ဘူးတဲ့) ဘာလုပ်လိုက်တယ်ထင်သလဲ… ၀ါးရင်းတုတ်နဲ့ ရိုက်သတ်ပစ်လိုက်တယ်။ အဲ့ဒီတိုက်ပွဲကို ပြန်ကြည့်ရင် မိုက်တန်စန် နဲ့ မူးနေတဲ့ဆိုက်ကားသမား ထိုးသလိုပါပဲ။ အာပီဂျီလက်ထဲမှာရှိပြီး မပစ်တတ်သေးတဲ့ အမာခံဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအောက်မှာ အသက်ပျောက်သွားရရှာတယ်၊

အဲဒီ့တိုက်ပွဲအပြီးမှာ တိုင်းမှူးလည်း လောကီသားပဲ၊ ဘာရမလဲ၊ ယတြာချေတာပေါ့…

နတခ ၀န်းထဲမှာ ကိုးလံပြည့်စေတီကို ကိုးရက်နဲ့အပြီးတည်တော့တာပဲ။ ရှိသမျှလိုင်းထဲက မိန်းမရော ကလေးပါ အိမ်ထောင်ဦးစီး စစ်သားကြီးရဲ့ ကျွန်ဝယ်ရာအဆစ်ပါဇာတ်ကို ၀င်ကခဲ့ရတယ်။ တပ်ချုပ်ကြီးကလည်း မြှောက်စားပါတယ်။ စစ်ရေးချုပ်ရာထူးပေး၊ စစ်ရုံးခေါ်ထား၊ ပြီးတော့ လယ်ဆည် ၀န်ကြီးပေးပြီး ဆက်တိုက်မြှောက်စားလိုက်တာ၊ နောက်ဆုံး ၀န်ကြီး 17 ယောက်ကိုဖြုတ်တဲ့အထဲထည့်လိုက်တဲ့အထိပဲ၊ ထွန်းကြည် ၊ ကျော်ဘ ၊ မောင်လှ သိန်းဝင်း ၊ စိန်အောင် ၊ ဖေသိန်း ၊ မျိုးညွန့် စတဲ့ စီနီယာ န၀တ သောက်တလွဲအုပ်စုဝင်တွေကို လာဘ်စားမှုနဲ့ ဖမ်းစစ်ပြီး ပိုင်ဆိုင်မှုတွေသိမ်းလိုက်တာနေစရာအိမ်တောင် ဘုံပျောက် သွားတဲ့အထိ ဂျုနီယာန၀တက သူကောင်းပြုလိုက်တာ မရှုမလှခံလိုက်ရတယ်။ သူများကိုသတ်ခဲ့တဲ့လူ၊ ဘုရားတည်တာတောင် Force Labor သုံးခဲ့တဲ့စစ်ဗိုလ်ချုပ် တစ်ယောက်၊ ဘယ်လိုလဲ၊ ဘ၀တောင်မကူးလိုက်ပါလား၊ ၀ဋ်ကြွေးက ကြီးလိုက်တဲ့အမျိုး…..


တွေးရင်းနဲ့ စောဘိုမြ အခွေကိုဆက်ကြည့်နေလိုက်တယ်၊ တောထဲမှာ လုပ်တဲ့ဈာပန၊ ငိုတဲ့သူတွေကငိုကြ၊ တော်တော်များများရဲ့မျက်နှာက ၀မ်းနည်းနေကြတဲ့မျက်နှာတွေ၊ တစ်ယောက်ပြီးတစ်ယောက် လာကန်တော့ကြတယ် ၊ နောက်ဆုံးတော့ ကေအင်ယူ စစ်အခမ်းအနားနဲ့ ယူနီဖေါင်းအပြည့်အစုံဝတ်ပြီး နောက်ဆုံးခရီးကို လိုက်ပို့ကြတယ်။ စထွက်တဲ့နေရာကနေ နောက်ဆုံးသင်္ဂြုလ်တဲ့နေရာအထိက တော်တော်ဝေးတယ်။ ထမ်းလာတဲ့လမ်းတစ်လျှောက် လိုက်ပို့ကြတဲ့ပရိတ်သတ်က ငိုလို့ပေါ့၊


အဲ့ဒီမှာ ကျနော်ရဲ့အတွေးတစ်ခုက ဒိန်းကနဲဝင်လာတယ်။ ဒီလူတွေဟာ တကယ်ငိုကြတာလား၊ မကောင်းတတ်လို့ ဟန်ဆောင်ပန်ဆောင် ငိုကြတာလားဆိုတာ။ အခွေကို ပြန်ရစ်ပြီး ငိုကြတဲ့သူတွေမျက်နှာကို အဓိပါယ်ဖွင့်ကြည့်မိတယ်။ တမင်ဖန်တီးပြီး လန်ကျုပ်ငိုတာ မဟုတ်ဘူး ၊ တကယ် ၀မ်းနည်းမှုနဲ့ ငိုတဲ့မျက်နှာဆိုတာ ပေါ်လွင်လာတယ်။ သူ့ရဲ့မိသားစုဝင်တွေဆိုလည်း ဒီလောက်များမှာမဟုတ်ပါဘူး၊


သြော်.. ဒါတွေက သူ့ရဲ့ပြည်သူတွေ (သူ့ကိုချစ်တဲ့ သူ့ပြည်သူတွေ) ဆိုတာ သဘောပေါက်လာတယ်။ နှိုင်းယှဉ်ပြီးတွေးစရာက အသက်လည်းကြီးနေပြီ ၊ အနားလည်း ယူသင့်နေပြီဖြစ်တဲ့ တပ်ချုပ်ကြီး အတွက်ပါ။ ကဲဗျာ…. တပ်ချုပ်ကြီး သေသွားရင် ခင်ဗျားငိုမှာလား … မေးစရာမလိုတဲ့ မေးခွန်းကိုမေးလို့ဆိုပြီး ကျနော့်ကို မဆဲနဲ့လေဗျာ၊ ခင်ဗျားလည်း ပြည်သူတစ်ဦးမဟုတ်လား… တောထဲမှာဖွဲ့ထားတဲ့အစိုးရ ရဲ့ ဂိုဏ်းချုပ်သေတာ တောင် သူ့လူတွေ ငိုကြသေးတာပဲ။ ခင်ဗျားတို့ ကျနော်တို့က မြို့ပေါ်မှာ ဖွဲ့ထားတဲ့ အစိုးရ ရဲ့ လူတွေလေ၊ ပိုပြီးမငိုသင့်ဘူးလား… ဟုတ်တယ်ဗျာ… တပ်ချုပ်ကြီးအတွက်ကို စိတ်ကူးနဲ့တောင် ၀မ်းနည်းလို့မရဘူး၊ 55 သန်းသောပြည်သူတွေထဲက 2% လောက်တောင် သူ့ဘက်ကမကျိန်းသေဘူး၊ မြန်မြန်သေပါစေလို့ဆုတောင်းနေကြပြီ၊ မြန်မာလူမျိုးတွေရဲ့ ကြီးသူကိုရိုသေတယ်ဆိုတဲ့ ဂါရ၀တရား ၊ အုပ်ချုပ်မင်းလုပ်တဲ့သူကို စိတ်ထဲကနေတောင် မပြစ်မှားကြတဲ့သူတွေ၊ အခုဘယ်လိုဖြစ်ကုန်ပြီလဲ.. ပြောရရင် အရမ်းအမျိုးချစ်တတ်တဲ့လူမျိုးဗျ ကိုယ့်ဆွေမျိုးအရင်းမဟုတ်ရင်တောင်မြန်မာဆိုတဲ့အသံကြားတာနဲ့ ဘယ်နေရာရောက်ရောက် ကရင်ပဲဖြစ်ဖြစ် ၊ မွန်ပဲဖြစ်ဖြစ် ၊ ရှမ်းပဲဖြစ်ဖြစ် အားလုံးကစည်းရုံးပြီးသားပါ။ ဘယ်သူ့ကိုမှ အောက်ကျမခံခဲ့တဲ့စိတ်ဓါတ်အရမ်းကြီးတဲ့လူမျိုးမှပဲ မင်းဆိုးမင်းယုတ်တွေအုပ်ချုပ်တာ နှစ်ရှည်လများခံခဲ့ရတယ်။ သီးခံခြင်း၊ ရောင့်ရဲခြင်းတွေနဲ့ စောင်းဆိုင်းခြင်းတွေအောက်မှာ လူစဉ်မမှီတဲ့လူ့ဘ၀ကို ဖြစ်သလိုတည်ဆောက်နေကြရတယ်၊ စစ်တပ်ကအုပ်ချုပ်မှု တာဝန်ယူပြီးမှ လူတွေက ပိုပြီးဆင်းရဲတွင်းနက်လာတယ်၊ ပညာပိုပြီးမဲ့လာတယ်။ ၀မ်းရေးကို ကိုယ်ကျင့်တရားနဲ့ရင်းပြီးဖြေရှင်းနေကြရတယ်၊ ဒီလိုအချိန်မှာ ထွက်ပေါက်အမျိုးမျိုးကို စဉ်းစားကြရင်း စစ်အာဏာရှင်တွေကို ဆုံးမနိုင်မယ့် နည်းအားလုံးကိုတွေးကြတယ် UN တပ်ကိုမျှော်မိတာ၊ နိုင်ငံစုံတပ်ကိုမျှော်မိတာ၊ ဒါတွေအားလုံးဟာ လိုအပ်မှုတစ်ခုက တောင်းဆိုလို့ဖြစ်လာကြတာ၊ ပြည်သူ တွေက လောဘတကြီးနဲ့ အနောက်မျှော်ကြတာမဟုတ် ပါဘူး ၊


ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ရိုက်တယ် ၊ သတ်တယ် ။

ပြည်သူတွေခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်တယ်။ မထင်ရတဲ့ ရက်စက်ခြင်းတွေနဲ့ အာဏာကိုမြဲအောင် ဆုပ်ကိုင်ထားတယ်။ စောဘိုမြက သတ်လို့မရလို့လား၊ ဒါမှမဟုတ် မသတ်ချင်လို့ပဲလားတော့မသိ၊ လက်နက်မဲ့ ဘုန်းကြီးကိုတော့ သေနတ်နဲ့မပစ်ခဲ့ဘူးထင်တယ်၊ ဒါတောင် စောဘိုမြက ခရစ်ယာန်ဘာသာဝင်ပါ။ ဒီကေဘီအေ နဲ့ တိုက်တုန်းက သေနတ်နဲ့ အပြန်အလှန်တိုက်ကြတာ၊ ဒါမျိုးကိုသဘောကျတယ်။ ခုချိန်ခါ……… သာသနာ့တာဝန် ထမ်းနေကြတဲ့ သံဃာတော်တွေကို မေးကြည့်ရင်တောင် သေနတ်ချင်းယှဉ်ပစ် မလားဆိုရင်……… ငါးပါးသီလမှာ တစ်ပါးဖြစ်တဲ့ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းကို မကျုးလွန်ကြတဲ့ သံဃာတော်တွေတောင် ကျုပ်တို့ရဲ့တပ်ချုပ်ကြီးကို ယှဉ်ပစ်ချင်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာလည်း တပ်ချုပ်ကြီးရဲ့ တောင်းဆိုမှု တွေပဲမဟုတ်လား……………


စောဘိုမြရဲ့ ဈာပန တော့ ပြီးသွားပြီ၊

မပြီးသေးတာက ကျနော့် အတွေး…………..

တပ်ချုပ်ကြီးသေရင် ဘယ်သူတွေလိုက်ပို့မှာလဲ၊ ဘယ်သူတွေငိုမှာလဲဆိုတာ……

အဲ.. ကျိန်းသေတာကတော့ …. ဟန်ဆောင်ပြီးငိုမယ့် ၊ ဒါမှမဟုတ် အခကြေးငွေနဲ့ငိုမယ့် စွမ်းအားရှင်နဲ့ ကြံ့ဖွတ် တွေရှိနေဦးမှာပါ၊

ခေတ်ပျက်စစ်သည်ဟောင်းတစ်ဦး

ဦးအောင်သောင်းမိသားစုရဲ့လမ်းပြမြေပုံ၊

နိုင်ငံတော်သမ္မတဖြစ်ရန်အကြံကြီးနေသူတစ်ယောက်အကြောင်း။

မြန်မာပြည်အလယ်ပိုင်း၊ မိုးခေါင်ရေရှားဒေသရဲ့ ဝေးလံလှတဲ့တစ်နေရာ၊ တောင်သာမြို့နယ်ထဲက”ဝဲလောင်ဆိုတဲ့ ရွာလေးတစ်ရွာကနေ၊ ဒီဇာတ်လမ်း စ ခဲ့ပါတယ်။ အဲဒီ ဒေသမှာနေထိုင်သူ အများစုဟာ လယ်သမားတွေဖြစ်ပေမယ့်၊ မိုးခေါင်ရေရှား မြေဆီသြဇာ ညံ့ဖျင်းတဲ့အရပ်မှာ အများစုဟာ၊ ရပ်တည်နိုင်စွမ်း မရှိကြရှာပါဘူး။ သူတို့ဟာ မြန်မာနိုင်ငံအနှံ့သွားရောက်ပြီး၊ ရွေှ့ပြောင်းအလုပ်သမားတွေအဖြစ် ဘဝကိုရပ်တည်ကြရပါတယ်။ ယနေ့ခေတ် မြန်မာပြည်ရ့ အိမ်ထောင်စု အတော်များများမှာ၊ မရှိမဖြစ်ကူညီနေကြရတဲ့ အိမ်ဖော်အများစုဟာလည်း၊ အဲ့ဒီ တောင်သာနယ်တဝိုက်ကနေ လာရောက် လုပ်ကိုင်နေကြသူတွေများပါတယ်။ အဲ့ဒီ လိုဘဝရပ်တည်မှု ခက်ခဲတဲ့ ဒေသတစ်ခုရဲ့ ရွာလေးတစ်ရွာကနေ၊ မကြာခင်မှာ မြန်မာပြည် သမ္မတဖြစ်မယ့် လူတစ်ယောက် ပေါ်ပေါက်လာဖို့ မဝေးတော့ပါဘူး။ ဝဲလောင်သား တစ်ယောက်ကတော့ဖြင့် ကြီးမားလှတဲ့ လျှို့ဝှက်ကြံစည်မှုတွေနဲ့ မဝေးလှတော့တဲ့ အနာဂတ်မှာ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာတော့မှာပါ။

ဦးအောင်သောင်းကို၊ ဝဲလောင်ရွာမှာမွေးပါတယ်။ စစ်တပ်ထဲမှာ ၊ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မကွေးတိုင်း၊ တဝကဥက္ကဌဖြစ်လာခဲ့ပါတယ်။ မကွေးတိုင်းဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိခဲ့ပြီး၊ တိုင်းမှူးကြီး-ဗိုလ်ချုပ်ထွန်းကြည်ဟာ၊ ဦးအောင်သောင်းရဲ့ ဆရာရင်းဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်ဟာ၊ ဒုတိယဗိုလ်ချုပ်ကြီးဘဝနဲ့ ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာချိန်မှာ သူရဲ့ယုံကြည်လှစွာသော တပည့်ကြီး ဦးအောင်သောင်းဟာ၊ ဒုတိယဝန်ကြီးဘဝနဲ့ ဆရာ့အပါးမှာ တဖဝါးမှမခွာဘဲ လိုက်ပါလာခဲ့ပါတယ်။ အဲဒီ့အချိန်ကစပြီး ဦးအောင်သောင်းဟာ သူ့ဘဝရှေ့ရေးကို မျှော်တွေး ပြင်ဆင်လာခဲ့ပါတော့တယ်။ သူရဲ့သား'နေအောင်'ဟာ၊ အဖေရဲ့အရှိန်အဝါကိုသုံးပြီး၊ စီးပွါးရေး လုပ်ငန်းတွေ စတင်လုပ်ခဲ့ပါတယ်။ အာဖရိကတိုက်ကို ဆန်ရောင်းတဲ့ကိစ္စတွေမှာ၊ ကြားလူအဖြစ် ဝင်ရောက်အမြတ်ထုတ်ပြီး၊ စတင် ချမ်းသာလာပါတယ်။

ဦးအောင်သောင်းဟာလဲ၊ ချမ်းသာခြင်းနဲ့ အာဏာရဲ့အရသာကို၊ စတင်တွေ့ရှိလာပါပြီ။ အဲဒီ့မှာဘဲ၊ ကောက်ကျစ်စဉ်းလဲလှတ ဦးအောင်သောင်းဟာ သူ့ကျေးဇူးရှင် ဆရာအရင်း၊ ဗိုလ်ချုပ်ထွန်းကြည်ကို စတင် သစ္စာဖောက်တော့တာပါဘဲ။ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ လျှို့ဝှက်ချက်များနဲ့တကွ လာဘ်ယူမှုများကို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံတိုင်ကြားခဲ့ပါတယ်။

ဦးအောင်သောင်းကို ယုံကြည်မိတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်ကို ရာထူးမှဖယ်ရှားခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးအဖြစ်၊ စားဖို့ဝါးဖို့မျှော်လင့်ထားတဲ့ ဦးအောင်သောင်းကိုတော့ သစ္စာဖောက်မှု ဆုလာဘ်အဖြစ်စက်မှု (၁) ဝန်ကြီးဌာနကို အပိုင် ပေးသနားခဲ့ပါတယ်။ စက်မှု(၁)ဝန်ကြီးဘဝမှာ ဦးအောင်သောင်းနဲ့ မိသားစုဟာ၊ ဒေါ်လာသန်းပေါင်း ထောင်ချီ ချမ်းသာတဲ့ဘဝကို တက်လှမ်းခဲ့ပါတယ်။ သူ့သား'နေအောင်'ဟာ၊ အဖေရဲ့အရှိန်အဝါကိုသုံးပြီး၊ 'အောင်ရီဖြိုး' ကုမ္ပဏီကိုတည်ထောင်ခါ၊ ဒေါ်လာသန်းပေါင်းများစွာကို တရားသောနည်း၊ မတရားသောနည်း၊ နည်းလမ်းပေါင်း များစွာသုံးပြီး၊ ရှာဖွေချမ်းသာလာပါတယ်။

လောဘကြီးလှတဲ့ ဦးအောင်သောင်းဟာ ဒီလောက် ချမ်းသာယုံနဲ့တော့၊ မကျေနပ်နိုင်သေးပါဘူး။ အာဏာအရှိဆုံး၊ အချမ်းသာဆုံး၊ ဖြစ်လိုလှတဲ့ ဦးအောင်သောင်းဟာ၊ သူ့ရဲ သားတစ်ယောက်ကို နည်းပေး၊ လမ်းပြလုပ်ပြီး 'နန္ဒာအေး'ကို၊ ရအောင် ယူခိုင်းခဲ့ပါတယ်။ နန္ဒာအေးဆိုတာ၊ နိုင်ငံတော်ရဲ့ ဒုတိယအာဏာအရှိဆုံး၊ ဒုတိယ - ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ တစ်ဦးတည်းသော သမီးပါ။နန္ဒာအေးဟာ“Queen Star”ဆိုတဲ့ ကုမ္ပဏီထောင်ထားပြီး ကွန်ပျူတာ အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေကို အဖေအရှိန်အဝါနဲ့ တင်သွင်း ရောင်းချနေသူပါ။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သမီးကို အရယူပြီး မောင်အေးကို ဆွေမျိုးတော်လိုက်တဲ့ ဦးအောင်သောင်းရဲ့ အစီအစဉ်ကတော့၊ တကယ့် မဟာအကြံအစည်ကြီးပါဘဲ။ မောင်အေးဟာ၊ နိုင်ငံတော်ရဲ့ စီးပွါးရေးကို ချုပ်ကိုင် ထားသူလဲဖြစ်ပါတယ်။

ဦးအောင်သောင်းမိသားစုနဲ့ အောင်ရီဖြိုး ကုမ္ပဏီတို့ဟာ၊ နိုင်ငံ့စီးပွါးရေးကို လက်ဝါးကြီးအုပ်ပြီး၊ အခွင့်ထူးခံဘဝနဲ့ နိုင်ငံတော်ဘဏ္ဍာ၊ ငါ့ဘဏ္ဌာလုပ်ပြီး ကြီးပွါးချင်တိုင်း၊ ကြီးပွါးတော့တာပါဘဲ။

ကလိန်ကကျစ်၊ လိမ်လည် လှည့်ဖြားမှုတွေကလဲ၊ ပြောမဆုံးပေါင် တောသုံးတောင်ပါ။ ဥပမာဆိုရင် စက်ပစ္စည်း အစုတ်အဟောင်းတွေကို နိုင်ငံတော်က အသစ်စက်စက် ဈေးပေးပြီးသွင်းရတယ်။

ဆိပ်ကမ်းတို့ ၊လေဆိပ်တို့မှာလဲူတို့ရဲ့ပစ္စည်းတွေကို ဘယ်သူမှ မစစ်ဆေးရဲကြဘူး။ သူတို့က ဥပဒေရဲ့ အပေါ်မှာရှိတယ်လေ။ အစုတ်ဈေးနဲ့ဝယ်၊ အသစ်ဈေးနဲ့ရောင်း၊ နိုင်ငံတော်ကို အခွန်မဆောင်၊ တိုင်းပြည်ဘဏ္ဍာကို၊ သူတို့အိတ်ထဲ၊ သပိတ်ဝင် အိတ်ဝင် ထည့်နေတာပါ။

နိုင်ငံခြား ကုမ္ပဏီတွေနဲ့ လုပ်တဲ့အလုပ်မှန်သမျှ၊ လက်မှတ်ထိုးခ၊ ကော်မရှင် ရသမျှအားလုံးဟာ၊ စင်ကာပူမှာရှိတဲ့ မိသားစုဘဏ် စာရင်းထဲ ရောက်တာပါဘဲ။ အောင်ရီဖြိုးကုမ္ပဏီဟာ၊ စင်ကာပူမှာ လူမသိအောင် 'IGE' ဆိုတဲ့ကုမ္ပဏီကို၊ ဖွင့်ထားပါတယ်။

၂ဝဝ၇ စက်တင်ဘာလ၊ သံဃာသတ်ပွဲကြီး အပြီးမှာ မြန်မာအစိုးရနဲ့ အပေါင်းအပါများရဲ့ ဘဏ်စာရင်းတွေ ပိတ်မှာကို ကြိုသိခဲ့တဲ့ ဦးအောင်သောင်း မိသားစုဟာ၊ စင်ကာပူက ပိုက်ဆံတွေကို ကြိုတင် ထုတ်ယူပြီး၊ မြန်မာပြည်ကို ပြန်သယ်ခဲ့ပါတယ်။ လုပ်ချင်တာ လုပ်လို့ရတဲ့ မိသားစုဖြစ်လေတော့၊ လေယာဉ်တွေ၊ လေဆိပ်တွေမှာ၊ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် မှောင်ခိုဈေး ငွေလဲနှုန်းမှာတော့၊ ၁ဝ ရက် အတွင်း၊ တစ်ဒေါ်လာကို ၊ကျပ် ၁၅ဝ လောက် ကွာဟချက်ရှိသွားခဲ့ပါတယ်။ လက်ထဲမှာ ဒေါ်လာတွေ သန်းချီရှိနေတော့၊ အိမ်ခြံမြေတွေကို အကောင်းဆုံး နေရာတွေမှာ ဝယ်ယူစုဆောင်းကြပါတယ်။
အင်းယားကန်စောင်း၊ ပြည်လမ်းပေါ်ကနေ ဝင်ရတဲ့ နေရာက မြေနဲ့အိမ်ကိှု့ US $ ၄ သန်းနဲ့ ဝယ်ခဲ့တာ မကြာသေးပါဘူး။ တစ်ခါတစ်ရံ နာမည်မခံချင်လို့၊ တပည့်သားမြေး၊ သစ္စာတော်ခံတွေ နာမည်နဲ့ ဝယ်တာတွေလည်း၊ မရေမတွက်နိုင်ပါဘူး။

စက်မှု(၁) လက်အောက်မှာ ရှိရှိသမျှ စက်ရုံတွေအားလုံး ၊အသစ်၊ အဟောင်း၊ ပြန်လည်ပြုပြင်တာ အများစုဟာ တရုတ်ကုမ္ပဏီတွေနဲ့ လုပ်နေတာပါ။ အထက်မှာ ဆိုခဲ့သလိုပဲ အဟောင်းကို အသစ်ဈေးနဲ့ရောင်း၊ ဈေးအပေါဆုံးကို အများဆုံးဈေးတင် လုပ်တာတွေဟာ နောက်ဆုံးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ နိုင်ငံတော်မှာဘဲ၊ နစ်နာဆုံးရှုံးမှုတွေဖြစ်ရတာပါ။ စက်မှု (၁) ဝန်ကြီးဌာန လက်အောက်က ဌာနတွေ၊ စက်ရုံတွေဟာ၊ ဘာမှ မပြောရဲကြပါဘူး။ စတပ်ကတည်းက၊ မလည်တဲ့စက်၊ လည်ပြီးတာနဲ့ရပ်တဲ့ စက်တွေဟာ စက်မှု (၁) မှာများမှများပါဘဲ။ ဥပမာ 'သာပေါင်း' ကပျော့ဖတ်စက်ရုံဟာ အမြဲလိုလို ရပ်နေတာပါ။ ဒါပေမယ့် အနီးတဝိုက်က ဝါးတောတွေကတော့၊ ပြုတ်ပြုတ်ပြုန်းကုန်ပါပြီ။ စက်ရုံကနေ ထွက်တဲ့ စွန့်ပစ် ပစ္စည်းတွေကလည်း၊ ဧရာဝတီတိုင်းက ရေနေ သတ္တဝါတွေရဲ့ ဘဝကိုမြန်မြန် နိဂုံးချုပ်ပေးနေပါတယ်။

အနီးပတ်ဝန်းကျင်က ရွာသူရွာသားတွေမှာလည်း၊ ဓါတုအဆိပ်သင့်ရသလို၊ လုပ်ကိုင် စားသောက်ရတာလည်း၊ ကျပ်တည်းလာပါတယ်။ ဖမ်းစရာငါးမရှိ၊ ခူးစရာဝါး(မျှစ်)မရှိ၊ လယ်တွေမှာ ဓါတုအဆိပ်သင့်၊ စက်မှု (၁) လက်အောက်က၊ စက်ရုံ အလုပ်ရုံ (၅ဝ) ကျော်ဟာ နှစ်စဉ်ရှုံးပြီး ကြွေးတင်နေပေမဲ့၊ ဦးအောင်သောင်းနဲ့ မိသားစုကတော့၊ ထားစရာမရှိအောင် ချမ်းသာနေပါတယ်။

တရုတ်ပြည်နဲ့ မြန်မာ စစ်အစိုးရတို့ ပတ်သက်မှုဟာလည်း၊ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ တကယ်တော့၊ တရုတ်ပြည်ဟာ မြန်မာပြည်ကို အခုလောက် အကြွင်းမဲ့ ထောက်ခံနေစရာ မလိုပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ လက်လွန်ထားတဲ့ အကြွေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ နောက်အစိုးရများ တက်လာခဲ့ရင်၊ ဆုံးရချည်ရဲ့ဆိုတဲ့ အတွေးတွေနဲ့ တရုတ် ကုန်သည်ကြီးများက အစိုးရကို ဖိအားပေးပြီး၊ ထောက်ခံ ခိုင်းနေတာလို့ ယူဆရပါတယ်။

တကယ့် အဖြစ်အပျက်တွေမှာတော့၊ 'ထူး'ထရေးဒင်း၊ အဲပုဂံ၊ ဦးတေဇ၊ စသည်တို့ဟာ နာမည်ကြီးမဲ့သာကြီးနေကြတာ၊ တကယ်တမ်းတော့၊ ဦးအောင်သောင်း မိသားစုချမ်းသာတာရဲ့ အဖျားအနားတောင်၊ မမှီကြပါဘူး။ ရင်းနှီးမြှုပ်နှံမှုအပိုင်း၊ ရေရှည်စီမံကိန်းအပိုင်း၊ အစရှိတာတွေမှာ ဦးအောင်သောင်း မိသားစုဟာ စနစ်တကျရှိလှပါတယ်။ လက်ရှိ ”အဲပုဂံ” ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကြည့်ပြီး၊ ဦးအောင်သောင်း မိသားစုကတော့ ဝမ်းသာနေကြမှာပါပဲ။

ဦးအောင်သောင်းဟာ၊ ခေါင်းဆောင်ကြီး ဦးသန်းရွှေရဲ့ မျက်နှာသာပေးမှုကို အခံရဆုံးပါ။ ကြံ့ခိုင်ရေးအသင်းကို၊ စတင်တည်ထောင်သူတွေထဲမှာ ပါဝင်ခဲ့ပြီး တစ်ဦးတည်းသော ၊ဆက်လက်ကျန်ရှိနေဆဲ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်းကို ခုတုံးလုပ်ပြီး သူ့ရဲ့ခိုင်မာတဲ့နယ်မြေကိုလည်း တည်ဆောက်ထားပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာထဲက၊ ခိုးထားတဲ့ငွေတွေနဲ့ ချမ်းသာနေတဲ့ ဦးအောင်သောင်းဟာ၊ ဒီငွေတွေကို သုံးပြီးအလှူတွေ၊ ထောက်ပံ့မှုတွေ၊ ကုသိုလ်ဖြစ်ဆေးကုတာတွေ လုပ်ပြရင်း၊ ဦးသန်းရွှေကို မျက်နှာလုပ်ပြီး၊ နေရာယူလာပါတယ်။ သူရဲ့ရှေ့ရေးကို မျှော်တွေး တည်ဆောက်လာတဲ့ အုပ်စုဟာလည်း တောင့်တင်းခိုင်မာစွာ ရှိနေပါပြီ။ နိုင်ငံက ခိုးလို့ရတဲ့ငွေတွေကို သုံးပြီး၊ သန်းရွှေကိုဖြုတ်ချပြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်မယ့် အစီအစဉ်ဟာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပါပြီ။ ငါးကြင်းဆီနဲ့၊ ငါးကြင်းကြော်မှာပါ။

ဒီပဲယင်း လုပ်ကြံမှုကြီးမှာ ဦးအောင်သောင်းဟာ အဓိကကြိုးကိုင်သူပါ။ တကယ့်တကယ်မှာက ၊ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးကို အစုလိုက် အပြုံလိုက် သတ်ဖို့ကြံစည်ခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ကြံ့ခိုင်ရေး ရာဇဝတ်သားတွေရဲ့ လက်က၊ လက်မတင်လေး လွတ်ခဲ့ရပါတယ်။ အံ့သြစရာ ကောင်းလောက်အောင်ဘဲဦးအောင်သောင်းဟာ အများ ပြည်သူမြင်ကွင်းမှာ သိပ်မသိလိုက်ဘဲ၊ သေရွာစံသူ၊ ဗိုလ်ချုပ်ကြီး စိုးဝင်းသာလျှင် အဓိက တာဝန်ရှိသူအဖြစ်၊ ဓားစာခံဖြစ်ရပြန်ပါတယ်။ ဒါတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်မဲ့သူရဲ့ ကလိန်ကကျစ် အရည်အချင်းကိုပြတာပါဘဲ။ ဆရာသမားများရဲ့ ချီးကျူးမှုကို ခံယူပြီး မဟုတ်တာလုပ်တဲ့ကိစ္စကိုလဲ ဖုံးကွယ်နိုင်ခဲ့တယ်။ မသက်ဆိုင်သူကိုပါ အပြစ်ရှိအောင် ဆွဲထည့်လိုက်သေးတယ်။

ဦးအောင်သောင်းကတော့ တရုတ်ပြည်ရယ်၊ ဦးသန်းရွှေရယ်၊ အစိုးရအဖွဲ့တစ်ဖွဲ့လုံးရယ် ၊ကြံ့ခိုင်ရေးအဖွဲ့တွေရယ်၊ အားလုံးကို လိုသလို ချယ်လှုယ်ကြိုးကိုင် ကစားနေတာပါ။ အားလုံးဟာ ဦးအောင်သောင်း ဖွင့်ပေးတဲ့ တီးလုံးနဲ့ ကနေကြရတဲ့ ရုပ်သေးရုပ်တွေပါဘဲ။

၂ဝဝ၇ စက်တင်ဘာလက ငြိမ်းချမ်းစွာ၊ လှည့်လည် မေတ္တာပို့နေတဲ့ သံဃာတော်တွေကို မလိုအပ်ပဲ၊အကြမ်းဖက်၊ နှိမ်နင်း သတ်ဖြတ်ခဲ့မှုကြီးဟာလည်းဦးအောင်သောင်းရဲ့ တစ်ဦးတည်း ဦးဆောင် ညွှန်ကြားမှုနဲ့ လုပ်ခဲ့တာလို့ လေ့လာသူတွေက မှန်းဆကြပါတယ်။ ကြိုတင်ကြံစည်ပြီး သံဃာတော်တွေကို သတ်ဖြတ်မှုဟာ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဦးသန်းရွှေပဲ တာဝန်ခံရမယ်ဆိုတာကို သိတဲ့ ဦးအောင်သောင်းဟာ၊ တမင်သက်သက် ဦးသန်းရွှေကို၊ အဖတ်ဆယ်မရအောင် လုပ်လိုက်တာပါ။ ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ဦးအောင်သောင်းရဲ့၊ ကြိုတင်မြော်မြင်မှု၊ ကောက်ကျစ်စဉ်းလဲမှုတွေကို တွေ့နိုင်သလို၊ ဦးသန်းရွှေရဲ့တုံးမှု၊ ပေါတာကြီးဖြစ်မှုတို့ကို၊ ရှင်းလင်းစွာတွေ့နိုင်ပါတယ်။

ဦးအောင်သောင်းရဲ့ ကြံစည်မှုကြီးဟာ၊ ဆယ်စုနှစ်၊ တစ်ခု ကျော်ဖြတ်လာခဲ့ပြီးနောက်မှာတော့၊ ယခုအချိန်ဟာ ငွေကြေးအားဖြင့်၊ အာဏာအားဖြင့် အထွဋ်အထိပ် ရောက်ရှိနေပါပြီ။ သူ့ရဲ့အရေးအကြီးဆုံး မဟာမိတ်အဖြစ်၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးဟာလည်း၊ သူ့ရဲ့ ဆွေမျိုးအဖြစ်၊ ရှိနေပြီဆိုတော့၊ နောက်ဆုံး အဆင့်အာဏာကို လွှဲပြောင်းယူဖို့ဘဲ ကျန်ပါတော့တယ်။ ဦးသန်းရွှေမှာလည်း ရွေးစရာ လမ်းသိပ်မရှိတော့ပါဘူး။

ဦးအောင်သောင်း မိသားစုကသူ့ကို၊ ကန်ချမဲ့ရက်ကို စောင့်မျှော်နေရင်း၊ ကျား(အောင်သောင်း)သနားမှ၊နွား(သန်းရွှေ) ချမ်းသာရမယ့်ဘဝကို ဆုတောင်းနေရပါတော့တယ်။



THE ROAD MAP FOR U AUNG THAUNG DYNASTI.

(Story of Future Myanmar President Hopeful)

It was started from very remote village located in unfertile land at dry and drought area of central Burma (Myanmar). Place was called Well-Long village in Taung-Thar township and most of the inhabitants there are struggling farmers and some people unable to survive were moved to work in greener pastures land as immigrant laborers. Even now a day Burma (Myanmar) still can see the populations of domestic housemaid were mostly from that area as chances to survive in above said land is very much minimal. But today Burmese will have a chance to see the next President of Burma (Myanmar) from that Well-Long village as son of the Well-Long was constructing the clandestine plan to reach the highest level of the country in very near future.

U Aung Thaung was born in Well-Long village and served in the army till he get the rank of colonel then became the chairman of Magway Division Law and Order Restoration Council. His immediate boss at that time was Lt. General Tun Kyi of Central Division Area Commander. When Lt. General Tun Kyi became the Minister for Ministry of Trade, U Aung Thaung became the Deputy Minister. That was the time for him to start building his own Road Map to reach higher position. His son Nay Aung started to do the business with full influence of his father. Selling rice to Africa and Nay Aung act as middle man for smooth transaction .He was getting rich from that and U Aung Thaung started to know the taste of rich and influential. He was very wicked and betrays his master by giving information about Lt. General Tun Kyi’s corruptions to Senior General Than Shwe.

Senior-General Than Shwe did believe U Aung Thaung’s story and fired Lt. General Tun Kyi. U Aung Thaung expected to become the Minister of Trade as he saw many opportunities to benefits within the same ministry but he was rewarded as the Minister in the Ministry of Industry (1), in which, he makes his family to the top billionaire in the world later. His son leads the family business and build up the Aung Yee Phyo Company. It’s make millions of US$ per year in way of performing legal and illegal business.

U Aung Thaung still not satisfies and is trying to become a billionaire and powerful person in the country as well thus he tries to find the way and guide one of his son to be married with Nandar Aye, who is the daughter of country’s number two Vice-Senior General Maung Aye [ Vice Chairman of the State Peace and Development Council, Deputy Commander-in-Chief of Defence Services, Commander-in-Chief ( Army ) ]. Nandar Aye herself owns the company in the name of “Queen Star”, which import computers, its accessories and electronic appliances.

The most interesting point of how U Aung Thaung is trying to become rich and powerful guy in the country is his successful plan to get related with Vice-Senior General Maung Aye, is a chairman of Trade Council and most influential for procuring all machineries, equipments and spare-parts required for all 32 ministries in the government. U Aung Thaung family and “Aung Yee Phyo” Company are the most privilege and beneficial as they had been build up the empire to monopolize the country’s business as their own. Aung Yee Phyo Company is doing all tricky things while it procure all second hand tools and spare-parts to be imported but the agreements for the official business mention these are said to be genuine. No one at the ports, airports or whatsoever the entry points and check points into the country dare to check. They are really above the law. The worst thing is that they don’t declare anything as they don’t need to pay taxes, which might be for the government budget.

Another benefit comes from the signature bonus from all suppliers and contractors for concerning Ministries. All these go into the foreign account for his family in the name of the company. The Aung Yee Phyo Company tried to stay themselves in low profile abroad by changing the company name to “IGE”, which is registered in Singapore. It was learnt from the recent sanction, which effecting the closure of the Bank account after the Monks uprising in September, the U Aung Thaung family got the news ahead of the action went into place so they withdraw all money in cash and brought back into the country. Because of that the exchange rate of US$ went down abruptly about 150kyats per dollar within 10 days.

They bought the big mansion on the Inya lake water front and entrance can make from Pyay road next to Phi-Lin Thai restaurant. It cost 4 million US$ and was cleared within a week. They keep on buying as they have a lot of US$ in hand.

There are many factories (new and renovated) under the Ministry of Industry (1) are being supported by China business groups in many different way. U Aung Thaung is always trying to find the cheap parts which actually mentioned as brand new ones in the document. In a way that they are doing the benefit most. They get commission and bonus in the percentage which is calculated with the price of brand new. The sufferers are the Ministry and country. Most Ministries and departments have no right to decline for the parts and equipments which all break down easily as they are bad in quality. Among many example, paper pulp mill in Tha-baung, Ayeyarwaddy Division, stopped rapidly. But all bamboo forest disappeared around that area. All wastes products sneaking down from the factory has destroyed the all marine lives and harms the people. Villagers are suffering a lot. There are altogether 50 factories in different sizes under the Ministry of Industry (1). All are in big debt.

China involvement with Junta is intrigued. In fact the China is not in the position for the absolute support but that is good cover story for rather to avoid the big lost of money and investment which are now turn to bad loan and debt of no repayment. China afraid of those debts not pays back to them if in case new government is elected.

Actually, Htoo Trading, Air Bagan and U Tay Za are getting famous and popular in this country and abroad but his business empire is just a peanut if compare with U Aung Thaung family’s own in every sectors such as in capital, asset, investment, involvement and long term plan. Recent hardship for Air Bagan is probably good news for U Aung Thaung family as one of their competitor’s downfall.

U Aung Thaung is among the most favoured by S.G Than Shwe and key person in USDA (Union Solidarity and Development Association) as he had been building his strong hold in there. He has much more resources of his looted money from state to use for organizing the activities such as donations, charities and whatsoever to build up the trust of Than Shwe and clandestinely forming his own group. All his looting from state was used again to take over of the ultimate and absolute power to rule the country. That is in Burmese proverb saying “Fry the carp fish with its own fat”.

U Aung Thaung is a most responsible culprit of De-pe-yin conspiracy. They actually planned to murder all including Daw Aung San Suu Kyi but she was merely escape from the hands of USDA (Union Solidarity and Development Association) criminals by a chance of luck. Wonderful thing is that U Aung Thaung can keep away of his involvement from public and only pathetic now deceased General Soe Win became a scapegoat. That is obvious of how the future president hopeful is smartly preserve his reputation but get full blessing of his superior for doing notorious thing.

U Aung Thaung is playing around with China, Than Shwe, USDA( Union Solidarity and Development Association ) and the whole cabinet as look like they all are dancing with the music of whatever U Aung Thaung is playing without noticing they of become as clowns.

The crackdown of Monks Demonstration also was handled by U Aung Thaung single-handedly and political analysis strongly believe that the unnecessary handling of violent attack to cull down the Reverend Monks was deliberately done to discredit the Senior General Than Shwe and thus to lower his reputation and dignity to the lowest level. Don’t forget that Burmese are the very religious Buddhist. We can imagine the shrewdness of U Aung Thaung and motive behind the real scene. From that we can clearly see the Senior General Than Shwe’s stupidity too.

Ever since U Aung Thaung building his empire for almost a decade passed and now is a right time for him as he get all the wealth and political power in hand. He is got the most important ally in military as Vice-Senior General Maung Aye already became his relative and only the final step remain for him is to take over the position of what is now in the hand of Senior General Than Shwe .In this situation, Senior General Than Shwe has not much choice but to wait for the day of take-over from U Aung Thaung Dynasty and pray for the mercy if U Aung Thaung Dynasty grant for him.

Reported by Thu Ye Kaung.