ရန်ကုန်မြို့တွင် နေများ ပူနေသော်လည်း မိုးခြိမ်းသံများ ကြားနေရလျှက်ရှိသည်။ ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို စော်ကားနေသော သူများအား သတိပေးနေခြင်းဖြစ်သည်။
Voice from Eyewitness
|

ကြည့်မြင်တိုင် ဗားဂရာကျောင်းတိုက် နားသို့ သံဃာတော်များ နှင့် လူထုကြီးက ရောက်ရှိ ချီတတ်နေကြပါတယ်။ အခု လက်ရှိတွင် အခြေခံ ပညာ ဦးစီးဌာန(၃) (ယခင် RC-3) ကျောင်းနားသို့ ရောက်နေပြီ ဖြစ်ပါတယ်။
ဗုဒ္ဓ အာဇာနည် သံဃာတော် အပါး ၂၀၀ ခန့် ရွှေဂုံတိုင်တွင် လမ်းလျှောက်နေကြပါတယ်။ သူတို့နောက်မှာ စစ်ကား ၂ စီး သေနတ်များဖြင့် ချိန်၍ လိုက်နေကြပါတယ်။
မြန်မာစံတော်ချိန် ၁၂း၃၅
မတင်ချင်ပေမယ့်လဲ တင်ရပါတော့မယ်၊ ဗဟန်းဘက်မှာ ရိုက်နေကြပြီဆိုသော သတင်းကို အတည်ပြုပါတယ်။ မျက်မြင်တွေက ပြောပါတယ်။ ကြားတောရလမ်းဘက်မှ လူတွေဝိုင်းထားတဲ့ကြားက အရိုင်းအစိုင်း စစ်ခွေးတွေဟာ သံဃာတော်တွေ၊ သီလရှင်တွေကို ၀င်ရိုက်နေပါတယ်။ အနီးမှာရှိတဲ့ ဆိုင်တွေ၊ ကားတွေကို မှန်တွေခွဲ၊ ရိုက်နှက်တာတွေကို စစ်ခွေး တစ်စုက လုပ်နေကြပါပြီ။
နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ယမန်နေ့ညက နေအိမ်တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားခဲ့သည်။
နေအိမ်သို့ ည ၁ နာရီခန့်က ဝင်ရောက် ရှာဖွေပြီး ဓာတ်ပုံများ၊ တယ်လီဖုန်းတို့ကို သိမ်းဆည်းကာ ဖမ်းဆီးခြင်း ဖြစ်သည်။ ကိုကျော်သူက ထွက်ပြေးနေရသည်ဟု သတင်းရရှိပါသည်။
မြန်မာစံတော်ချိန် ၁၂း၀၀
သတင်းများ မျိုးစုံ ထွက်နေသည်။ ကြားနေရသည်။ သို့သော် အတည် ပြုနိုင်သော သတင်းသာ တင်ပေးမည် ဖြစ်ပါသည်။
ပြည်သူများက နအဖက ဖြိုခွင်းမည်၊ ဖမ်းဆီးမည်ဟု ကြံစည် လုပ်ကိုင်နေသော်လည်း ဆက်လက်ဆန္ဒပြသွားနိုင်ရန် လူများ စတင်စုဝေးနေကြပါပြီ။
ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မတရားတဲ့ အမိန့် မှန်သမျှကို ရဲရဲဝန့် ဝန့် ဆန့်ကျင်သွားမှာပါ။ ဒါကြောင့် အသိစိတ်ရှိရှိနဲ့  ငုံမခံဘဲ တတ်နိုင်သလောက် ပြန်ပြီး တော်လှန်သွားမှာပါ။ ပြည်သူတွေအားလုံး အရင်နေ့ များလို လမ်းမပေါ်ဆက်ထွက်ကြမှာပါ။ အားလုံးကိုလည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့  ပြောလိုပါတယ်။
နအဖ၏ ရက်စက်မူများကို သိပြီးသား ပြည်သူလူထုကြီးက စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် ရဲရဲတောက် အာဇာနည်ဖြစ်တဲ့ သံဃာတော်တွေက နောက်မဆုတ်ဘူးလို့ ဆိုကြပါတယ်။
ပြည်သူတွေက ဘုန်းဘုန်းတွေကို ပစ်ရင် သူတို့က ရှေ့မှာ နေကြမယ်လို့ ပြောကြပါတယ်။
ဘုန်းဘုန်းတွေကလည်း တကယ်လို့ မတရားဖမ်းဆီးတာတွေ လုပ်ရင် အားလုံး ရဲစခန်းတွေ၊ ထောင်တွေကို သွားပြီး အဖမ်းခံကြမယ်လို့ ပြောနေကြပါတယ် ... ခင်ဗျာ။



5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ
ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။
မြန်မာစံတော်ချိန် ၂၃း၃၀
ရန်ကုန်တွင် ရက်ပေါင်း ၆၀ ည ၉ နာရီ မှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကြေငြာထားပါသည်။








