Wednesday, 14 November 2007
သံဃာတွေကို သတ်ခဲ့သော တပ်မ ၆၆ ကို အဓိက ဦးဆောင်ခဲ့သူ
ရန်ကုန်မြို့ စက်တင်ဘာ လူသတ်ပွဲကို အနီးကပ်ကြီးကွတ်ကဲခဲ့သူ ခလရ(ခ)၊ တပ်မ ၆၆၊ မင်းလှမြို့ ၊ ပဲခူးတိုင်းမှ တပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး ခင်ဇော်လို့ သိရပါတယ်။ သူဟာ စက်တင်ဘာလူသတ်ပွဲကို အဓိအမိန့်ပေးသူလို့ သတင်းရပြီး၊ ငွေကြာရံ ကျောင်းတိုက်ကို ၀င်စီးတဲ့ အဖွဲ့ကို ကြီးကျပ်သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
တပ်မ ၆၆ ဟာ သူရရွှေမန်းရဲ့ လက်အောက်ခံ တပ်လို့လည်း သိရပါတယ်။
Posted by
ကိုထိုက်
at
01:52
5
comments
Tuesday, 13 November 2007
Activist arrested as UN envoy meets Myanmar ministers

YANGON (AFP) - Myanmar police Tuesday arrested a labour activist as a UN rights envoy held talks with members of the junta, which drew international criticism for its deadly crackdown on pro-democracy protests.
Making his first visit to the country in four years, Paulo Sergio Pinheiro is investigating the death toll from the bloody suppression -- put at 10 by the regime but believed to be far higher by diplomats and rights groups -- and other rights abuses.
The United Nations said Pinheiro was expected to meet with some of the regime's political prisoners, including Nobel Peace Prize winner Aung San Suu Kyi who has been held under house arrest for most of the last 18 years.
Pinheiro met with junta officials Tuesday as police arrested prominent labour rights activist Su Su Nway while she was putting up anti-government leaflets, a source with knowledge of the matter told AFP.
"She was arrested this afternoon while she was trying to put some anti-government pamphlets in place," the source, who did not wish to be identified, told AFP.
Su Su Nway, 35, had been in hiding since leading a protest in Yangon in late August over soaring fuel prices.
Dozens of protesters were detained after that August march, one of a series of anti-junta rallies that began over the price hike and later snowballed into the biggest anti-government demonstrations since 1988.
Pinheiro arrived on Sunday, allowed back in for the first time since 2003 by the junta, which is under pressure to make steps towards democracy after its handling of the demonstrations.
He met Tuesday with the religious affairs and national planning and economic development ministers in the isolated capital Naypyidaw, a Myanmar official said. No details were immediately available.
Pinheiro is expected Wednesday to meet the foreign and information ministers and Labour Minister Aung Kyi, who was appointed to liaise with opposition leader Aung San Suu Kyi, the official said. He is also due to brief foreign diplomats.
Human rights groups have called on Pinheiro to pressure the junta to release all political prisoners.
Amnesty International has estimated that 700 people arrested over the recent protests were still in detention, although the government said only 91 of the 3,000 originally rounded up were being held.
On Monday, Pinheiro visited the notorious Insein prison as well as two monasteries which were at the centre of the democracy protests, as part of his probe into rights abuses connected to the crackdown.
Pinheiro, the UN's special rapporteur on human rights, "is expecting to interview detainees before the end of his mission and receive further details on their records," the United Nations said in a statement.
The UN expert is also seeking to investigate claims of abuses against ethnic minority groups before leaving the country on Thursday.
Pinheiro's visit comes just days after a mission by UN special envoy Ibrahim Gambari. The United Nations afterwards said some progress had been made towards establishing a dialogue between the junta and Aung San Suu Kyi.
UN Secretary General Ban Ki-moon on Monday urged both sides to redouble their efforts to achieve national reconciliation.
Aung Naing Oo, a Myanmar analyst based in Thailand said the international pressure and scrutiny, as well as protests and sanctions, "have played a major role in forcing the military to express that they will come to the table."
Other analysts say the generals have allowed the UN visits to deflect criticism ahead of the annual summit of the Association of Southeast Asian Nations, which opens in Singapore on Sunday.
Posted by
ကိုထိုက်
at
13:32
1 comments
ဦးဂမ္ဘီရ ဖမ်းခံရတဲ့ သတင်း(အတည်ပြုပြီး)
Posted by
ကိုထိုက်
at
10:40
0
comments
Monday, 12 November 2007
သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
လူမိုက် လူရမ်းကား သိုဟန်ဘွား
မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်းဝ နေ ပြည်တော် ကျရောက်ခဲ့သည်၊ ရှမ်းမင်း သိုဟန်ဘွားသည် ဗုဒ္ဓဘာသာဝင်မဟုတ်ချေ၊ သို့ဖြစ်၍ သိုဟန်ဘွားသည် ရဟန်းသံဃာတော် တို့အား ရန်သူသဖွယ် ထင်မှတ်ထားခဲ့သည်၊ သူ့ထီးနန်း စည်းစိမ်ကို လုယူမည့်သူများ ဖြစ်သည်ဟုလည်း အမြဲတမ်းနှလုံးသွင်းထားခဲ့သည်၊ သူသည် မင်းဆိုး မင်းညစ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတ၀ှမ်းရှိ ကျောင်းကန်ဘုရားများမှ ကြေးးဆင်းတုတော်၊ ကြေးခေါင်းလောင်း၊ ကြေးစည် မှန်သမျှတို့ကို အတင်းသိမ်းပိုက်ကာ အမြောက်ကျည်ဆံ ကျိုရာတွင် အသုံးပြုခဲ့သည်၊ သိုဟန်ဘွားလက်ထက်တွင် ဗုဒ္ဓသာသနာတော်သည် တိမ်ဖုံးသည့့် လ ပမာ ညှိုးငယ် စွာရှိခဲ့တော့သည်၊ သာသနာတွင်သာ မဟုတ်သေး မြန်မာပြည်သူ တို့လည်း ယနေ့ စစ်အစိုးရ လက်အောက်တွင် နေရသကဲ့သို့ ကြိမ်မီးအုံးပမာ တအုံနွေးနွေး ရှိနေခဲ့ကြရသည်။
အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဟန်းသံဃာများကို ရန်သူအဖြစ်အမြဲတမ်းမြင် နေသော သိုဟန်ဘွားသည် ရဟန်းတော် တို့အား အမြစ်ပြတ်ရှင်းလင်းပစ်ရန် ကြံစည်ခဲ့လေသည်၊ ကြံစည်ပုံမှာ အင်းဝနေပြည်တော် တောင်ဖက်အရပ်ရှိ တောင်ဖလူလယ်ပြင်တွင် တဲပြင်ကန္နား ကြီးမားစွာထိုးပြီးလျှင် ‘အင်းဝနေပြည်တော် တစ်ဝှန်းရှိ ရဟန်းသံဃာတော်အားလုံးတို့အား ဖူးမြှော်ကန်တော့ ပြီး ဆွမ်းဆက်ကပ်လှူဒါန်းလိုပါသဖြင့် ကြွရောက်ကြပါရန်’ဟု လျှောက်ထားစေပြီး တောင်ဖလူ လယ်ပြင်ရှိ မဏ္ဏပ်၊ ကန္နား ထိုးထားရာသို့ ပင့်ခေါ်စေခဲ့ပါသည်၊ သံဃာတော်များ မကြွလာမီ ကြီးမား သော ဆင်တပ်၊ မြင်းတပ်၊ ခြေလျှင်တပ်တို့ကိုလည်း မဏ္ဏပ်ကို ၀ိုင်းရံထားစေသည်၊ သံဃာတော်များ ကြွချီလာကြသောအခါ အချို့သံဃာတော်များက ဆွမ်းကျွေးပင့်တယ်ဆိုပြီး ဘာပြုလို့ စစ်တပ်ကြီးနဲ့ ၀ိုင်းထားရတာလဲ ဟု အမေးတော်ရှိခဲ့ကြသည်၊ အဖြေက “စစ်အင်္ဂါလေးပါးဖြင့် ခင်းကျင်းပြီး ဂုဏ်ပြု ကြည်ညို ချင်လို့ပါဘုရား”ဟု အမတ်များက လျှောက်ထားကြသဖြင့် သံဃာတော်များမှာ သံသယကင်းစွာဖြင့် ဆက်ကပ်သော ဆွမ်းကို ဘုဉ်းပေးတော်မှုကြလေသည်။
သံဃာတော်များကို သတ်ဖြတ်ကြပြီ
သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ် သိုဟန်ဘွားသည် မူလကြိုတင်စီစဉ်ထားခဲ့သည့်အတိုင်း သူ့စစ်တပ်ကို သံဃာတော် များအား ၀ိုင်းဝန်းသတ်ဖြတ်ရန် အမိန့်ပေးလိုက်လေသည်၊ အချက်ပေးအမိန့်သံ ရသည်နှင့်တပြိုင်နက် ဆင်တပ် မြင်းတပ် ခြေလျှင်တပ်တို့ဖြင့် သံဃာတော်များအား အတင်းဝင်ရောက် ထိုးခုတ်သတ်ဖြစ်ကြလေတော့သည်၊ ဆွမ်းကျွေးပွဲမှသည် လူသတ်ပွဲ မြေပြင်မှသည် သွေးပင်လယ်သို့ တမုဟုတ်ခြင်း ပြောင်းလဲသွားလေတော့သည်၊ ဆရာတော် သံဃာတော်တို့ ညည်းညူ အော်ဟစ်သံများ၊ ဒါးခုတ်သံ၊ လှံဖြင့်ထိုးသံ၊ သိုဟန်ဘွားနှင့် စစ်သားများ၏ အော်ဟစ်ကြိမ်းမောင်း ညာသံပေးသံတို့က ကွင်းပြင်တခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်၊ စုစုပေါင်း ပင့်သံဃာ (၇၀၀) ကျော်အနက် အနည်းငယ်မျှသာ လွတ်မြောက်ခဲ့ကြ လေတော့၏။
စာတတ်အကျော် ဆရာတော်များ ပါသွားခဲ့ရ
အသတ်ခံလိုက်ရသော ဆရာတော် သံဃာတော်များထဲတွင် နာမည်ကျော် “မဏိသာရမဉ္ဇူသာ” ခေါ်သည့် ဋီကာကျော်အဖွင့် ကျမ်းကြီးကို ပြုစုရေးသား တော်မူခဲ့သော ‘အရှင်အရိယ၀ံသ’ နှင့် အခြားသော မြန်မာ့ ခေတ်ဆန်းစာပေကို မိတ်ဆက်ပေးခဲ့ကြသော စာတတ်အကျော် ရဟန်းဆရာတော်များ ပါဝင်သွားခဲ့ကြပါသည်၊ အော် … ရဟန်းကို အဟိတ် တိရိစ္ဆာန် တွေက သတ်လိုက်ကြ လေပြီတကား၊ သံဃာတော်များ အသတ်အဖြတ်ခံရသော သတင်းကြားကြရသော အင်းဝနေပြည်တော် တခုလုံးမှ ပြည်သူများသည် မျက်ရည်စိုရွှဲ ငိုပွဲဆင်ကြရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ၊ သိုဟန်ဘွား၏ အုပ်ချုပ်မှုအောက်တွင် ရှမ်းနှင့်မြန်မာ အမှုထမ်းများမှာ တဖက်သတ် အဖိအနှိပ်ခံနေ ခဲ့ကြရပြီး ယခုခေတ် န.အ.ဖက ကြံ့ဖွတ် နှင့် စွမ်းအားရှင်တို့ကို အသုံးချကာ စစ်တပ် အား မထောက်ခံသောသူများအား နှိပ်စက်ညှင်းပမ်း နေပုံနှင့် အတူတူပင် ဖြစ်ခဲ့လေလျှော့ သလား၊ ထို ဘာသာရေး ခေါင်းပါးရအရပ်မှာ မြန်မာအများစုတို့မှာ အင်းဝနေ ပြည်တော်မှထွက်ခွာကြကာ အောက်မြန်မာပြည် မြန်မာမင်းရှိရာသို့ ၀င်ရောက်ခို လှုံခဲ့ကြရလေသည်။
ထိုကဲ့သို့ ပြည်သူ၊ပြည်သားတို့အဖို့ ခိုကိုးရာမဲ့ကာ ဘ၀တခုလုံး ကြိမ်မီးအုံး သကဲ့သို့ ဖြစ်နေရသည်ကို မကြည့်ရက် မရှုရက်နိုင် သူကား သိုဟန်ဘွား၏ လက်အောက်တွင် အမှုတော်ထမ်းနေ သည့် ရိုးသားဖြောင့်မတ် တည်ကြည်ပြီး စိတ်နှလုံးသား ကောင်းမွန်မြင့်မြတ်သော မင်းကြီးရန်နောင် ဆိုသူပင်ဖြစ်ပါ၏၊ မင်းကြီးရန်နောင်သည် မြန်မာတို့ဘက်မှ အကြီးအကဲတစ်ဦးဖြစ် သည့်အတွက် မြန်မာမူးမတ်များ၏ မကျေနပ်ချက်တို့ ကိုလည်း သိထားသူဖြစ်ပါ၍ ထို အခါအခွင့်ကိုသာ ငံ့လင့်နေသူပင် ဖြစ်တန်ရာတည်း။
တောင်ဖလူလယ်ပြင်နှင့် ယိမ်းနွဲ့ပါး ‘ဓား’
အင်းဝနန်းတော် မကျဆုံးမီက မြန်မာဘုရင်အဆက်ဆက်တို့ အသုံးပြုခဲ့သော ‘ယိမ်းနွဲ့ပါး’ အမည်ရှိ ဒါးတစ်ချောင်းရှိခဲ့သည်၊ ထိုဒါးကို မင်းကြီးရန်နောင်က သိမ်းဆည်းထားသည်၊ နန်းစဉ် သုံးဒါး ဖြစ်သဖြင့် အထူးဝိသေသ ဂုဏ်ပုဒ်များနှင့်ပြည့်စုံ သောဒါးလည်းဖြစ်သည်၊ ဘယ်လိုပြည့်စုံ သလဲဆိုလျှင် မြင်းစီးနေသောသူကို ထို ဒါးဖြင့် စလွယ်သိုင်း ခုတ်ပိုင်းလိုက်က မြင်းပေါ်က လူရော၊ မြင်းပါ ပြတ်ကျသည့်ဒါးဖြစ်သည် ဆို သည့် ကောင်းခြင်း အင်္ဂါ ပြည့်စုံသော ဒါးဖြစ်သည်၊ တနေ့တွင် သိုဟန်ဘွားမင်းသည် ယာယီဓာတ်ကိန်းခန်းကျသည်ဟု ဆိုပြီး တောင်ဖလူလယ်ပြင် တွင် ယာယီတဲနန်းဆောက် စံနေသည်၊ ထိုအချိန်တွင် ရှမ်းရောမြန်မာ မူးမတ်များပါ လိုက်ပါခစား ကြမည်ဖြစ်ရာ မင်းကြီးရန်နောင်၏ လျှောက်ထားတင်ပြချက် အရ မည်သူမျှလက်နက် ကိုင်ဆောင်ခွင့် ပြုထားခြင်းမရှိချေ၊ လက်ချည်းသာ ၀င်ရောက်ခစား ကြရခြင်းဖြစ်သည်၊ ထိုသို့ခစားကြရာတွင် မြန်မာမူးမတ်တို့၏ အကြီးအကဲ မင်းကြီးရန်နောင်က တောင်ဖလူလယ်ပြင် ယာယီတဲနန်း သဲပြင်များ အောက်တွင် နေရာများကို မှတ်သားထားပြီး ငှက်ကြီးတောင် ဒါးရှည်များ၊ လှံများ မြုတ်ထားကြရန် လှို့ဝှက်ညွှန်ကြားထားပြီး နောက်တနေ့ ညီလာခံဝင်ချိန်တွင် အချက်ပေးလိုက်သည်နှင့် တပြိုင်နက် အနီးဆုံးရန်သူကို အမြစ်ပြတ်သုတ်သင်ဖို့ အမိန့်ပေးထားလိုက်ပြီ ဖြစ်လေသည်။
သိုဟန်ဘွားကို သုတ်သင်ပြီ
နောက်တနေ့ ညီလာခံဝင်ချိန်တွင် ရှမ်းနှင့်မြန်မာမူးမတ်များ ကိုယ့်နေရာကို အသီးသီး နေရာ ယူထိုင်လိုက်ကြပြီးနောက် မင်းကြီးရန်နောင်၏ အချက်ပေးသံကို ရင်ခုန်သံ တဒိန်းဒိန်းဖြင့် စောင့်စား နေခဲ့ကြသည်၊ ထိုအချိန်သည် အိပ်မပျော်သောသူတို့ ညတာ လိုရှည်လွန်းလှပေစွ၊ မိမိတို့အကြံအစည် တချက်လွဲမှားသွားပါ လျှင် သိုဟန်ဘွားလို မင်းဆိုးမင်းညစ်၏ လက်တွင် အားလုံး မရှုမလှ အသက်ပျောက်ကြရမှာ မဟုတ်ပါ လား၊ ညီလာခံ စပြီးနောက် မင်းကြီးရန်နောင်က သိုဟန်ဘွား စံနေသည့် ယာယီပလ္လင်နား သို့သွား မတ်တပ်ရပ်ကာ ပလ္လင်ရှေ့တွင် ရှိသော ရှေးနန်းစဉ်သုံး ဓားများ၏ရာဇ၀င်ကို ပြောပြလျက်ရှိပြီး အာရုံဝင်စားအောင် ဖန်တီးကာ သိုဟန်ဘွားမင်း စိတ်ဝင်စားမှန်း သိလာသောအခါ၊ ထိုနန်းစဉ်သုံး ဓားများထဲမှ “ယိမ်းနွဲ့ပါးဓား” ကိုကောက်ကိုင်ကာ “ကိုယ်တော်ဘုရား ဒီ ဓားဟာ ရှေးမြန်မာဘုရင်များ အစဉ်အဆက် အသုံးပြုခဲ့တဲ့ ဒါးဖြစ်ပါတယ်၊ သူ့အမည်က ယိမ်းနွဲ့ပါး လို့ခေါ်ပါတယ်၊ ဒီဓားဟာ ဘယ်လောက်များ ထက်သလဲ ဆိုရင် မြင်းပေါ်ကလူကို ခုတ်ချရင် လူကော မြင်းကော ပြတ်ကျအောင် ပိုင်းဖြတ်နိုင်တဲ့ ထက်မြက်တဲ့ ဓား ဖြစ်ပါတယ်ဘုရား” ဟု ပြောပြောဆိုဆို ဓားကို လက်နှစ်ဘက်နှင့် မိမိရရ ကိုင်ကာ ညာသန်ဖြစ် သည့်မင်းကြီးရန်နောင်က သိုဟန်ဘွား၏ ဘယ်ဘက်လည်တိုင်မှ ပိုင်းဖြတ်ချလိုက်ရာ လူကော သလွန်ပါ တိကနဲ ပြတ်ကျသွားလေတော့သည်၊ မင်းကြီးရန်နောင်က စခုတ်လိုက်သည် နှင့်တပြိုင်နက် ကျန်သော မူးမတ်များကလည်း ယမန်နေ့ ကတည်းက မိမိတို့ထိုင်နေရာ အောက်တွင် အသီးသီးဝှက် မြုပ်ထားခဲ့ကြသော ဓားများကိုထုတ်ကာ အနီးဆုံးရန်သူ သိုဟန်ဘွားဘက်တော်သားများအား အမြစ်ပြတ်ချေမှုန်းလိုက်ကြရာ မင်းဆိုး မင်းညစ် သာသနာတော်ကို စော်ကားသူ၊ ရဟန်းသံဃာ ရာပေါင်းများစွာကိုသတ်ဖြတ်သူ သိုဟန်ဘွား၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးသည် နိဂုံးချုပ်ခဲ့ရလေသည်။
ပြည်မြို့စား မင်းကြီးရန်နောင်
မင်းကြီးရန်နောင်သည် မင်းဆိုးမင်းညစ်တစ်ပါးက ပြည်သူပြည်သားများအား မတရားနှိပ်စက် နေသည်ကို ဒါဏ်မခံနိုင် သဖြင့်သာ မြန်မာမူးမတ်များ၏ တောင်းဆိုချက်အရ ထ၍ တော်လှန်ရခြင်းဖြစ်သော်လည်း အာဏာကို လုံးဝမက်မောသူမဟုတ်ပါချေ၊ ထို့ကြောင့် မူးမတ်တို့လက်သို့ အာဏာကို အပ်ကာ သင့်တော်သောသူအား ထီးနန်းလွှဲအပ်ဖို့မှာကြားပြီး တောထွက်၍ အသက်ထက်ဆုံး ရဟန်းပြုသွားလေတော့သည်၊ သြော်…………ရှာမှရှားတဲ့ မြင့်မြတ်သော မင်းကြီးရန်နောင် ပါ.တကား။
သိုဟန်ဘွား အသစ်များ မွေးဖွားမည် မထင်ခဲ့
မိမိတို့ ငယ်စဉ်တောင်ကျေး ဘ၀တည်းက သင်ယူခဲ့ရသော သိုဟန်ဘွား၏ အကြောင်းသည် နောင် မြန်မာ့သမိုင်းတွင် ဘယ်သောအခါမှပေါ်ပေါက်တော့မည် မဟုတ်ဟု အစွဲအမြဲ ယုံကြည်မှတ်ယူခဲ့မှာ ယခုအခါ မှာလေစွ၊ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်ဖြစ်လာပြီး ကိုယ့်အမျိုးသားများ ကိုယ်တိုင် အုပ်ချုပ် နေသောကြောင့်ပင် စိုးစဉ်းမျှပင် မထင်ထား မမှတ်ယူခဲ့ အတွေးအမြင် တက်တက်စဉ် အောင်ပင်လွဲခဲ့ရ ၊ မြန်မာပြည်သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ခဲ့သည်မှာ မှန်သော်လည်း ၁၉၆၂ နှစ် မတ်လ (၂) ရက်နေ့မှစ၍ စစ်တပ်၏ ကျေးကျွန်ဘ၀သို့ လုံးလုံးလျားလျား ရောက်ရှိ သွားခဲ့ရပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲ မွဲတေကာ ပါးစပ်ပိတ်၊ မျက်စိပိတ်၊ နားပိတ်ခံထားခဲ့ရသည်မှာလည်း ယနေ့ ထိအောင်ပင် ဖြစ်ပါတော့သည်၊ မြန်မာနိုင်ငံတွင် စစ်တပ်လူတန်းစားပေါ်ပေါက်လာပြီး ပြည်သူလူထုမှာ စစ်တပ်၏ အဖိနှိပ်ခံ၊ အနင်းခံ နင်းပြားဘ၀သို့ရောက်ရှိသွားရသည်။
ယခုလောလောဆယ်ဖြစ်ပေါ်နေသော သံဃာတော်များ၏ ပရိတ်ရွတ် မေတ္တာပို့လမ်းလျှောက်နေခြင်းများ အပေါ် မောင်းပြန်စက်သေနပ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ညအချိန်မတော် လုံးဝကြိုတင်အသိပေးခြင်းမရှိဘဲ ရှေ့တန်းရန်သူ့ စစ်စခန်းကို ၀င်စီးနင်းသည့်နှယ် လေးဘက်လေးတန်မှ ၀ိုင်း၍ညာသံပေးကာ ၀င်လာကြပြီး တွေ့သမျှဆရာတော် သံဃာတော်တို့ သေနပ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုင်းပြည်တွင် တစ်ခါမှ မကြားဘူးသော နအဖ၏ လက်ကိုင်ဒုတ် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့က ရဲတင်းများနှင့် သံဃာတော် များအား ၀င်ရောက်၍ ထိုးခုတ်သတ်ဖြတ်ခြင်း များကို တောင်ဥက္ကလာပ ငွေကြာယံ ပရိယတ္တိစာသင် တိုက်ကို ၀င်စီးခဲ့ရာတွင် ထင်ထင်ရှားရှားပြုလုပ်သွားခဲ့ကြသည်၊ အင်တာနက် ပေါ်တွင်တွေ့ရသော သတင်းမှတ်တမ်းဓါတ်ပုံများအရ မိမိတို့ သိရခြင်းဖြစ်သည်၊ ဆန္ဒပြနေသူများကိုလည်း သွေးအေးအေးဖြင့် နောက်ကျောဘက်မှနေ၍ အနီးကပ်ကာ ပစ်သတ်သွားပုံများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်၊ မိမိတို့ ကိုးကွယ်နေ သော မြတ်စွာဘုရားတရားတော်များကို မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေကြသော သံဃာတော်များအား ထိုကဲ့သို့ မယုံကြည် နိုင်လောက်စရာကောင်းအောင် ရက်ရက်စက်စက် သတ်ဖြတ်သွားကြပုံကို မြင်ရ ကြားရသောအခါ ခေတ်ဟောင်းက သိုဟန်ဘွားထက် ဆိုးသော ခေတ်သစ်သိုဟန်ဘွား ယခုတော့ ငွားငွားငွင့်ငွင့်ကြီးကို ဘီလူး သရဲသဘက်ကြီးပမာ ပေါ်ပေါက်နေပါရော့လား ဟု အောက်မေ့မိပါတော့သည်။
ဗုဒ္ဓဘာသာနိုင်ငံတဲ့လား
ယခုလိုသံဃာတော်များအား ရက်ရက်စက်စက် လက်ရဲ ဇက်ရဲ သတ်ဖြစ်ရဲသော ဗိုလ်သန်းရွှေ အမှူးပြုသော စစ်ဗိုလ်များက မြန်မာပြည်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဟု ကြွေးကြော်ကြပြီး နိုင်ငံတကာကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့ကြသည်၊ သာသနာပြု တက္ကသိုလ်ကြီးများလည်း ထူထောင်ခဲ့ကြသေးသည်၊ ပြီးတော့ သာသနာပြု သံဃာတော်များကိုလည်း လွှတ်နေသည်၊ ထိုကဲ့သို့ လူနှင့်မတူ ဘီလူးနှင့်တူသော သူများက လွှတ်သော သာသနာသည်လည်း ဘယ်နိုင်ငံကမျှ အထင်ကြီး လိမ့်မည်၊ လက်ခံကြလိမ့်မည် မဟုတ်ချေ၊ အထူးသဖြင့် ယခုဆယ်စုနှစ် အတွင်းတွင်မှ အနောက်နိုင်ငံ များတွင် ခေတ်စားစပြုလာပြီး ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာကာ မြန်မာလူမျိုးနှင့် နိုင်ငံကိုလည်း အထင်ကြီး လေးစားလာကြသော အနောက်တိုင်းသားများသည် မယုံကြည်နိုင်လောက် အောင်ပင် အံ့သြ သွားကြလေတော့သည်။
ကမ္ဘာက မေးခွန်းများ ထုတ်လာကြပြီ
အရှင်ဘုရားတို့ရဲ့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ၊ ပြီးတော့ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ရဟန်းပုဂ္ဂိုလ်တွေ ထွန်းကားတဲ့နိုင်ငံ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာမူရင်းကို ယခုထက်ထိ ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နိုင်ငံ ဖြစ်ပါလျက်နဲ့ စစ်တပ်က ဘာဖြစ်လို့ သံဃာတော်တွေကို ယခုလို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ရတာပါလဲ ဟု မေးမြန်းလာကြသည်။
လူလိမ်ဆိုသည်မှာ မိမိဇာတိုရုပ်ကို ဘယ်သောအခါမျှ တာရှည်လိမ်၍မရချေ၊ ကြာတော့ အလိမ်ပေါ်လာသည်သာ ဖြစ်စမြဲမို့ ဗိုလ်သန်းရွှေတို့၏ မင်းသားခေါင်းဆောင်းထားသော မျက်နှာ များသည် အထင်းသား အရှင်းသား ဘွားကနဲပေါ်လာခဲ့ပြီဖြစ်ပေသည်၊ ဘာကြောင့် ဒီလို မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတော်များ မေတ္တာသုတ် နှင့် မောရသုတ်များ ရွတ်ကာ မြန်မာပြည် ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူတို့ အခွင့်အရေးများ ရရှိရန်အတွက် တောင်းဆိုလာသည်ကို စားပွဲဝိုင်းတွင် ထိုင်၍ ဆွေးနွေးရမည့်အစား မောင်းပြန်စက်သေနတ်များဖြင့် တုန့်ပြန်ခဲ့ ရပါသလဲလို့ ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသားများက မိမိတို့ အားမေးမြန်းလာကြပြီ်။
အာဏာရူးတွေမို့
ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသော ဗိုလ်သန်းရွှေခေါင်းဆောင်သည့် သူခိုး ဒါးပြအုပ်စုသည် မိမိတို့ တသက်တာတွင် ဘယ်တုန်းကမျှ မခံစား ခဲ့ရသော စည်းစိမ်ချမ်းသာများကို ခံစားနေရသဖြင့် ရရှိထားသော အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားခြင်းဖြစ်ပြီး တိုင်းပြည်အတွက် နှမ်းတစေ့မျှ လုပ်ပေးလိုသော ဆန္ဒလုံးဝမရှိသည်မှာ အထင်အရှားဖြစ်တော့သည်၊ အများပြည်သူတို့က ငတ်ပြတ်မွဲတေနေပြီး နိုင်ငံတကာသို့ သွား၍ ကျွန်ခံနေရချိန်၊ အမျိုးသမီးများ အများစုက ပြည့်တန်ဆာ အဖြစ် အိမ်နီးချင်းနိုင်ငံများတွင် ရောင်းစားခံနေရချိန်မှာ ဗိုလ်သန်းရွှေအမှူးပြုသော စစ်ဗိုလ်အုပ်စုက စိတ်ကူးယဉ်နေပြည်တော် ဆိုသည်ကို တောကြီးမျက်မဲထဲတွင် သွား၍တည်ဆောက်ခြင်း၊ မိမိတို့ကိုယ်ပိုင် ဇိမ်ခံအိမ်ကြီးများကို ဆောက်လုပ်နေထိုင်ခြင်း၊ ကိုယ်ပိုင်ဂေါက်ကွင်းကြီးများကို တည်ဆောက်ထားကြခြင်းတို့ဖြင့် ကမ္ဘာပေါ် မှာ မည်သည့် အစိုးရကမှ မလုပ်ခဲ့ကြသော၊ မလုပ်ရဲခဲ့ကြသော ကိုယ်ပိုင်မြို့တည်နေထိုင်သော အလုပ်မျိုးများကိုလုပ်နေကြပြီး ပြည်သူလူထုကိုတော့ ဆင်းရဲတွင်း နက်သထက် နက်စေကာ စစ်တပ်၏ကျေးကျွန်အဖြစ် သွတ်သွင်း၍ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဇာတ်ခင်းနေကြသည်မှာ အာဏာကို မက်မောပြီး အာဏာရူးတွေ ဖြစ်နေလို့ ပင်မဟုတ်ပါလား ဟုဖြေကြားနေရ ပါတော့သည်။
ပြည်သူများအား အငတ်ထားကာ သူတို့ကိုယ်တိုင်က မြန်မာရှင်ဘုရင်များပင် မခံစားခဲ့ဘူးသော အခိုက်တန့် စည်းစိမ် ချမ်းသာများကို ခံစားနေကြသဖြင့် အာဏာ လက်လွှတ်ဖို့ ဆိုတာကို အိပ်မက်မျှတောင် မက်ကြမည်
မဟုတ်ချေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသော အတွေးအခေါ်ဖြင့် စစ်တပ်လူတန်းစားတစ်ရပ် ပေါ်ထွန်း လာလျက် ရှိနေရာ မြန်မာပြည်သူ ပြည်သားတို့အဖို့ နီးရာဓားဆွဲ၍ ထတော်လှန်ဖို့ မှအပ အခြား ရွေးစရာလမ်းမရှိတော့ပေ။
ယခုဖြစ်ပွားပြီး ဖြစ်ပွားဆဲ ဖြစ်သော သံဃာများကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခြင်း မျိုးသည် သမိုင်းတွင် မကြုံဘူးသော ဖြစ်ရပ်ဖြစ်ရာ သည် မြန်မာပြည်သူများ အနေနှင့်သော် လည်းကောင်း၊ ကမ္ဘာ့ပြည်သူများ အနေဖြင့်သော်လည်းကောင်း ဘယ်သောအခါမှ မေ့ပျောက်၍ရနိုင်မည်မဟုတ်ပဲ ‘ကမ္ဘာကျေသော်လည်း ဥဒါန်းကား ဘယ်သောအခါမှ ကျေလိမ့်မဟုတ်ပါပေ’။
ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဗိုလ်သန်းရွှေသည် သိုဟန်ဘွား နှင့် ရက်စက်ပုံ ရက်စက် ချင်း သတ်ဖြတ်ပုံ သတ်ဖြစ်ချင်း တထေရာတည်း ဖြစ်ပါတော့သည်၊ သံဃာကို စော်ကားရဲသည် ဆိုသည်မှာ တော်တော်တန်တန် မိစ္ဆာဒိဌိ အယူရှိယုံနှင့် မပြုလုပ်ရဲချေ၊ ဗိုလ်သန်းရွှေ အနေနှင့် အလွန်တရာ နက်ရှိင်းသော မိစ္ဆာဒိဌိ အယူရှိနေ၍သာ သံဃာတော်များကို ရက်ရက်စက်စက် သတ်ဖြတ်ရဲခြင်းဖြစ်သည်၊ အကုသိုလ်ဆိုတာ အကျိုးမပေးသေးခင်တော့ လူမိုက်များအဖို့ ပျားရည်လို ချိုမြ နေပေလိမ့်မည်၊ အကျိုးးပေးချိန် တန်ပြီးဆိုရင်တော့ ပျားရည်ဘ၀မှ သံပူရည်ဘ၀သို့ရုတ်ချည်း ပြောင်းသွားမည် ဖြစ်ပေသည်၊
အာဏာတည်း ဟူသောအကြောင်းတစ်ခု တည်းကြောင့် လူပေါင်းများစွာကို ထောင်သွင်းအ ကျဉ်းချထားခြင်း၊ ပြည်သူတို့ရဲ့ နား၊ မျက်စိ၊ ပါးစပ်များကိုပိတ်ထားကာ မိမိတို့ စိတ်ကြိုက်ထင်သလို မြန်မာပြည်သူ လူထုအပေါ် နှိပ်စက် ကလူပြုနေခြင်းသည် မှာလည်း ရာစုနှစ်တစ်ဝက်မျှ ရှိလာပြီဖြစ်၏။
ပြည်သူ့အားနဲ့ သပိတ်မှောက်ကြ
မြန်မာပြည်သူတို့ အနေဖြင့် လုပ်ကိုင်နိုင်သော အခွင့်အရေး တခုရှိနေပါသည်၊ ထိုအခွင့် အရေးမှာ စစ်အစိုးရ နှင့် ၄င်းတို့၏ လက်ဝေခံ ကြံ့ဖွတ်၊ စွမ်းအားရှင်များ ပိုင်ဆိုင်သော ကုန်ပစ္စည်းများ၊ လေယာဉ်ပျံ၊ ကား၊ ရထားစသည်များကို မ၀ယ်ယူ မသုံးစွဲခြင်းဖြင့် သပိတ်မှောက်နိုင်ပါသည်၊ မနှစ်မြို့ ကြောင်းကို ပြနိုင်ပါသည်။
မြန်မာပြည်သူ လူထုအနေဖြင့် ယနေ့ ပြတ်ပြတ်သားသား ရွေးချယ်ရမည့် လမ်းနှစ်သွယ်သို့ ရောက်ရှိနေပေသည်ီ၊ အဲဒါကတော့ “စစ်အစိုးရရဲ့ အဖိနှိပ်ခံ အဆင်းရဲခံ ကျွန်ဘ၀ နှင့် နေကြမလား၊ ကျွန် ဘ၀က လွတ်မြောက်ရေးအတွက် အသေခံ တိုက်ပွဲဝင်ကြမလား” ဆိုတဲ့လမ်းနှစ်သွယ်ကို ရွေးကြရတော့မှာဖြစ်ပါသည်၊ တစ်ဘ၀မှာ တစ်ခါပဲသေကြရတာမို့ သေမှာကို မကြောက်ကြပဲ ဆက်လက်တိုက် ပွဲဝင်သွားကြဖို့ နှိုးဆော်ရသည်။
ဒုတိယမ္ပိ ရဟန်းသံဃာများ သွေးမြေကျခြင်း
မြန်မာသက္ကရာဇ် ၁၃၀၀ (၁၉၃၆) ပြည့်နှစ်တွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ရဟန်းပျိုများ ခေါင်းဆောင်ကာ တော်လှန်ရေးကြီး တခု ဆင်နွဲ ခဲ့ကြပါသည်၊ နောင်တွင် ထိုသံဃာတော်များသည် မန္တလေးတွင် စုရုံကြပြီး မန္တလေးမြို့ တောင်ပြင် ထီးလင်း တိုက်မဟာအုဌ်ကျောင်း လေးပြင်လေးရပ်လုံးဆိုင်ရာ သံဃာတော်များဦးစီး၍ “( All Burma Yahanpyo League ) မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်ကြီး” ကို အမျိုး၊ ဘာသာ၊ သာသနာ ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်အကျိုး ပြည်သူလူထု အကျိုးအတွက် ဖွဲ့စည်းခဲ့ကြလေသည်၊ ထိုစဉ်က ခေါင်းဆောင်ခဲ့ကြသော သံဃာတော်များမှာ အသက်အရွယ်အားဖြင့် ၂၀ ကျော်သာသာ သုံးဆယ်တွင်းမှာ သာဖြစ်ခဲ့ကြလေသည်။
၁၉၃၆ (၁၃၀၀) ပြည့်အရေးတော်ပုံကြီးပေါ်ပေါက်လာသော အခါ မန္တလေးမြိှု့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်မှ ကြီးမှူးကာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အင်္ဂလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းအတွက် မန္တလေးမြို့တွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြရာ ရဟန်းပျိုအဖွဲ့ချုပ်မှ သံဃာတော် (၇) ပါးနှင့် ကျောင်းသား၊ မိဘပြည်သူ (၁၀) ဦး စုစုပေါင်း အာဇာနည် (၁၇) ဦးတို့ကျဆုံးခဲ့ရပေသည်၊ သွေးမြေကျသော နေရာမှာ မန္တလေးမြို့ အနောက်တောင် ကျူံးဒေါင့် လမ်း(၈၀)နှင့် (၂၆) ဘီလမ်းတို့ဆုံရာ ထောင့်နေရာတွင်ဖြစ်သည်၊ ဆန္ဒပြသူများမှာ သံဃာတော်များက ဦးဆောင်၍ဈေးချိုတော် အနောက်ဘက်ရှိ မဟာ ဝေယံဘုံသာတိုက်ကျောင်းမှ ချီတက်လာကြခြင်း ဖြစ်သည်၊ ထိုသို့သံဃာတော်များ သွေးမြေကျခဲ့ရခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ဒုတိယအကြိမ် ဖြစ်သည်။
ထိုစဉ်က တိုင်းတစ်ပါသားတို့ အုပ်ချုပ်နေချိန် ဖြစ်သဖြင့် ကိုယ့်လူမျိုး မဟုတ်သည့် အတိုင်း ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်းကို ဘယ်လိုမှ ပြောဆိုဘွယ်ရာမရှိသော်လည်း ယခု ဖြစ်ပေါ်နေသော၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းမှာ ကိုယ့်လူမျိုး စင်စစ်များက တိုင်းတပါးသား နယ်ချဲ့ များထက် ရက်စက်စွာ သတ်ဖြတ်ရဲကြသည်မှာ မယုံကြည်နိုင်လောက်စရာပင် ဖြစ်ပါတော့ သည်။
စစ်ဘီလူးများကြောင့် တတိယမ္ပိ သွေးမြေခရခြင်း
စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်တွင် ဖြစ်ပွားခဲ့သော သံဃာတော်များနှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများအား နအဖ လက်ကိုင်ဒုတ် စစ်တပ်များမှ မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ဖြိုခွင်းသတ်ဖြတ်ခဲ့သည့် မြင်ကွင်းကိုကမ္ဘာ့မီဒီယာများတွင် မြင်ရသော အခါ မိမိ၏ မျက်စိနှင့်နားကိုပင် မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ထိုနေ့က အစာပင်စားလို့ မရတော့ချေ၊ တစ်ကိုယ်လုံး အသားများတဆတ်ဆတ် တုန်လာသည်အထိ ဖြစ်ခဲ့ရသည်၊ ဗုဒ္ဒဘာသာကို ယုံကြည်ကိုးကွယ်သော နိုင်ငံမှာ ဒီလောက်တောင်မှ ရိုင်းစိုင်းရက်စက်လေကြသလားဟုလဲ ရင်ထုမနာ ဖြစ်ခဲ့ရသည်။
ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းခဲ့ကြသော သူများသည် သူရဲဘော အလွန်ကြောင်သောသူများ ဖြစ်ကြ သည်ကို သတင်းများတွင် အထင်းသားမြင်ကြရသည်၊ သူများကို ပစ်ခတ်ရဲ ကြပေမယ့် မိမိတို့ကိုယ်ကိုတော့ ဒိုင်းများဖြင့်လည်း ကောင်း၊ သစ်ပင်များတွင် အကာအကွယ်ယူလည်း ကောင်း နေနေကြသည်ကိုတွေ့ရသည်။
စက်တင်ဘာလ (၂၆) ရက်နေ့သည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် သံဃာတော်များ ကိုယ့် လူမျိုးများ၏ လက်ချက်ဖြင့် သွေးစွန်းခဲ့ရသော တတိယအကြိမ်လည်းဖြစ်ပေသည်၊ ဇာတ်တူသားကို စားခဲ့ကြသော မြန်မာ့အာဏာရူးတပ်မတော်၏ သွေးစွန်းသော နေ့လည်းဖြစ်သည်၊ မိမိတို့ကိုးကွယ် ဆည်းကပ်အလေးအမြတ်ပြုနေသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ရဲသော မြန်မာ့တပ်မတော်၏ အလွန်အောက်တန်းကျသော လုပ်ရပ်ကိုလည်း စက်ဆုပ်ရွံရှာမိသည်။
စက်တင်ဘာ (၂၆) ရက်နေ့ကို သံဃာတော်များနေ့ အဖြစ် ကမ္ဘာတ၀ှမ်းလုံးက သတ်မှတ်ကြ၊ စက်တင်ဘာလ (၂၆) ရက်နေ့သည် မြန်မာပြည်သူလူထုကြီးခံစားနေရသော အထွေထွေ ဆင်းရဲဒုက္ခများမှ ကင်းလွတ်စေရန် သံဃာတော်များက ဦးဆောင်၍ ငြိမ်းချမ်းစွာ မိမိတို့၏ဆန္ဒများကို ဖေါ်ထုတ်ခဲ့ကြသည်၊ ထိုသို့ဖေါ်ထုတ်ခဲ့သည်ကို အာဏာရူး ဗိုလ်သန်းရွှေတို့ သူခိုးဒါးမြ စစ်အုပ်စုက လက်နက်မပါ ဗလာချည်းသက်သက်ဖြစ်သော သံဃာတော်များအား မောင်းပြန်သေနပ်များဖြင့်ပစ်ခတ်ခြင်း၊ ဘင်းနက် (လှံစွတ်တပ်ဒါး) ဖြင့်ထိုးသတ်ခြင်း၊ သံပြားကွပ်ထားသော ဒုတ်များဖြင့် ရိုက်သတ်ခြင်း၊ မကြားဝံ့ မနာသာ ဆဲရေး တိုင်းထွာခြင်းတို့ လက်တုံ့ပြန်ခဲ့ကြသည်၊ ထို့ကြောင့် စက်တင်ဘာလ (၂၆) ရက်နေ့ကို ပြည်သူများအတွက် အသက်ပေးလှူသွားခဲ့ကြသော သံဃာတော်များကို ဂုဏ်ပြု သတိရသော အထိမ်းအမှတ်အဖြစ် သံဃာတော်များနေ့ အဖြစ် သတ်မှတ်ပေးကြပါရန် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအား တောင်းဆိုလိုက်ချင်သည်။
ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ရန် အချိန်တန်ပြီ
သိုဟန်ဘွားက အများပြည်သူတို့ ကိုးကွယ်နေကြသော သံဃာတော်များကို မြန်မာသက္ကရာဇ် (၈၈၈) ခုနှစ်တွင် ယခု ဗိုလ်သန်းရွှေတို့ အုပ်စုကဲ့သို့ ရက်စက်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်သောအခါ ဗမာဘက်မှ မင်းခစား အကြီးအကဲ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သုတ်သင်ရှင်းလင်း၍ ဗုဒ္ဓသာသနာကို ကယ်တင်ခဲ့သလို ယခုအချိန်အခါမှာလည်း သာသနာတော်ကိုလည်းကောင်း၊ နိုင်ငံနှင့်လူမျိုးကိုလည်းကောင်း သုညအဆင့်သို့ ရောက်သွားအောင် ဖျက်ဆီးနေပြီး ခံစားမှုမျက်နှာမရှိ ရိုင်းစိုင်းရုပ်မာပြီး စည်းစိမ်ယစ်မူး နေကြသော တစ်ကိုယ်ကောင်းသမား ဗိုလ်သန်းရွှေအမှူးပြုသော ဒါးပြသူခိုး စစ်အုပ်စုတို့အား သုတ်သင်ရှင်းလင်းရန် ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ပေါက်ရန် အချိန်တန်ပြီဟု ထင်ပါသည်။
အို…….သာသနာကို ကိုးကွယ်မြတ်နိုးသော ပြည်သူကို ချစ်သော တပ်ဗိုလ်တပ်သား အပေါင်းတို့ မိမိတို့ ကိုးကွယ်အထွတ်အမြတ်ထားသော ဘာသာ၊ သာသနာကို စော်ကားရဲသော ခေတ်သစ်သိုဟန်ဘွား စစ်အုပ်စုအား မိမိတို့ တတ်နိုင်သော နည်းဖြင့် တွန်းလှန်ကာ ခေတ်သစ် မင်းကြီးရန်နောင်ဘွဲ့ကို ယူကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ချင်ပါရဲ့။
ရဟန်းပျို ရဲရင့်ဇာနည်
Posted by
ကိုထိုက်
at
23:03
5
comments
Pro-government film shot in Prome
Nov 12, 2007 (DVB) Around 200 government supporters and township police officers have been involved in a video shoot in Prome in which they re-enact the suppression of the recent monk-led protests.
A number of people posing as monks have also been involved in the filming. Prior to the making of the video, those involved undertook one month of riot training in preparation. The source said that those present acted out the recent protests, but made it look as though the government's crackdown came as a result of violence from the monks.
"The film looks like it's about the monk protests, but it shows the township police trying to suppress the violence initiated by monks. Then they have to call in the military when they can't overpower the monks," the source said. "So the military arrive, and first they fire rubber bullets into the crowd and some people get hit, but they made it look as though they had not choice but to fire as the monks were really getting out of hand," he said.
The scenes showed police officers following the orders of their superiors to ease the situation as much as possible without resorting to violence.
The source speculated that the film could be used to present a distorted picture of what happened during the crackdown on protests; however, the true purpose of the film could not be confirmed.
Posted by
ကိုထိုက်
at
21:51
2
comments
လူတစ်ယောက်ကို ဘယ်အချိန်မှာ သတ်ခွင့်ရှိပါသလဲ
ကျွန်တော့် မေးခွန်းကတော့ ...
လူတစ်ယောက်ကို ဘယ်အချိန်မှာ သတ်ခွင့်ရှိပါသလဲ...
အမေရိကန် အလိုတော်ရိတို့၊ သံဃာအတုတို့၊ မိုးလုံးပြည့် မုသာဝါဒီတို့၊ စစ်တပ်ကို အော်ဆဲတာတို့၊ ဘယ်နေရာမှာ ဒေါ်စုက စကားလာပြောရမှာလဲတို့၊ ၁၀ ယောက်ပဲ သေတာကို ပုံကြီးချဲ့တာတို့ .. စတဲ့ ကလေးဆန်ဆန် စကားတွေကို ကျွန်တော် မေးတဲ့ မေးခွန်းလေး ဖြေကြည့်ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။
ဖြေကြည့်ပါ ... လူတစ်ယောက်ကို ဘယ်အချိန်မှာ သတ်ခွင့်ရှိပါသလဲ ...
အစိုးရ အနေနဲ့ရော လူတစ်ယောက်ကို ဘယ်အချိန်မှာ သတ်ခွင့်ရှိပါသလဲ .....
မြတ်ခိုင်တစ်ယောက် ဖြေနိုင်ပါစေ။
(အမြင်မှန်ရပါစေလို့တော့ ပြောမနေတော့ဘူး။ အမြင်မှန်က မရနိုင်တဲ့ လူဖြစ်နေလို့ပါ။)
ကိုထိုက်



Posted by
ကိုထိုက်
at
15:52
5
comments
Sunday, 11 November 2007
U.N. human rights envoy arrives in Myanmar

YANGON, Myanmar (AP) -- A U.N. human rights envoy arrived Sunday in Myanmar on a mission to get inside the country's prisons to determine the numbers of people killed and detained since the military regime's crackdown on pro-democracy protesters.
Paulo Sergio Pinheiro, the U.N.'s independent rights investigator for Myanmar, had been barred from visiting the country since November 2003. He has said he will abandon his visit unless he gets full support from the junta.
"If they don't give me full cooperation, I'll go to the plane, and I'll go out," he said recently after the government gave him a green light to visit the country for five days.
Pinheiro has submitted a proposed itinerary for his visit to the Myanmar government, which was still being "fine-tuned," said Aye Win, a U.N. spokesman in Myanmar.
The junta has come under renewed international pressure after it crushed pro-democracy demonstrations led by Buddhist monks in September. The government says 10 people were killed in the September 26-27 crackdown, though diplomats and dissidents say the death toll was much higher. Thousands were arrested, with the events triggering intense global condemnation.
Pinheiro has a history of prickly relations with the ruling generals. He abruptly cut short a visit in March 2003 after finding a listening device in a room at a prison where he was interviewing political detainees. Later that year, he accused the junta of making "absurd" excuses to keep political opponents in prison.
Pinheiro's trip comes three days after the departure of U.N. envoy Ibrahim Gambari, who attempted during a six-day visit to kick-start talks between the junta and the pro-democracy opposition.
As a result of Gambari's trip, detained opposition leader Aung San Suu Kyi was allowed Friday to meet the leaders of her opposition party for the first time in three years. Suu Kyi said through a party spokesman she was "very optimistic" about the prospects of dialogue with the government.
Pinheiro said he was encouraged by Suu Kyi's meeting.
"I am very happy," he told AP Television News in Bangkok before boarding his flight for Yangon. "Ambassador Gambari did good work, and I'm very happy she was able ... to meet with her colleagues."
Posted by
ကိုထိုက်
at
12:28
4
comments
Saturday, 10 November 2007
လူတိုင်း ခေါင်းဆောင် ဖြစ်ပါသည်။
ဒီနေရာမှာ ဘာတွေ လုပ်ကြမလဲဆိုတာကို အရင်ပြောကြည့် တိုင်ပင်ချင်ပါတယ်။
လူတိုင်းခေါင်းဆောင် ဖြစ်ပါသည်။
လူတိုင်းခေါင်းဆောင် အဖြစ်နဲ့ ကိုယ့်ကို ကိုယ် သတ်မှတ်ပြီး ပြည်သူတိုင်းပါဝင် နိုင်တာတွေကို လုပ်ဆောင်ကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ လူ ရာထောင်ချီတဲ့ လူအုပ်ကြီး တန်းစီပြီ ဆန္ဒထွက်ပြဖို့ စည်းရုံးခေါင်းဆောင်မှ ခေါင်းဆောင်လို့ သတ်မှတ်နိုင်တယ်လို့ မထင်ပါဘူး။
မတရားတာကို မတရားဘူးလို့ သိပြီး၊ မတရားမူတွေကို ကိုယ့် အသိစိတ်နဲ့ ကိုယ့်ကိုကိုယ် ခေါင်းဆောင်ပြီး တွန်းလှန်ရာမှာ ပြည်သူတိုင်း ပါဝင်လုပ်ဆောင်နိုင်ကြပါတယ်။
နအဖတွေဟာ အကြောက်တရားနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြံနေတာပါ။ အဲဒီ အကြောက်တရားနဲ့ပဲ အုပ်ချုပ်ခဲ့တာပါ။ ဒီနေ့ သူတို့ အကြောက်တရားကို ဆက်လက်လုပ်ကိုင် အုပ်ချုပ်နိုင်ပါ့မလား ...
အဲဒီ အဖြေဟာ .. ပြည်သူတွေ လက်ထဲမှာ ရှိနေပါတယ်။
အဲဒီ အဖြေကို ဖြေကြည့်ကြရအောင်။
သူတို့တွေက ဥပဒေကို လက်တလုံးခြား လှည့်ပြီး အမျိုးမျိုး လိမ်ခဲ့ကြတာ အားလုံး အသိပါ။ အရှက်မရှိ ဗြောင်လိမ်တာတွေလဲ အများကြီးပါ။ ဒီတော့ ကျွန်တော်တို့ကလည်း သူတို့ ပြောနေတဲ့ ဥပဒေဆိုတာကို လက်တလုံးခြား ပြန်လုပ်ပြီး၊ သူတို့ကို တိုက်ခိုက်လို့ရပါတယ်။
နအဖတွေဟာ သူတို့တွေ လုံခြုံဖို့၊ အတာအဆီး အကာ အရံတွေ လုပ်ပြီး ကန့်သတ်လေ့ရှိပါတယ်။ ကျွန်တော်တို့က အဲဒီ အတားအဆီး အကန့်အသတ်တွေရဲ့ နောက်ဆုံး စည်းရိုးနားအထိ ကပ်ပြီး အလုပ် လုပ်ကိုင်လို့ရပါတယ်။ ကိုယ့်ကို ကိုယ်လည်း အန္တရာယ်ပေးရာ မရောက်ပါဘူး။
ဥပမာ ... အခု ရွှေတိဂုံ ဘုရားပေါ်ကို မှတ်ပုံတင် မပါရင် တတ်လို့ မရဘူးလို့ ရည်ရွယ်တဲ့ စာမျိုးတွေကို ဘရားဂေါပကတွေက ထုတ်သလိုမျိုး လုပ်လာကြပါတယ်။ ပြည်သူတွေကလည်း ကိုယ့်ဘက်က အန္တရာယ်ကင်းအောင်၊ သူတို့ကိုလည်း တိုက်ခိုက်ရာ ရောက်အောင် ကျွန်တော်တို့ ပြည်သူတွေက မတရားတာကို တွန်းလှန်ကာ ကိုယ့်ဘာသာ ခေါင်းဆောင်ပြီး လုပ်တဲ့ အနေနဲ့ သူတို့ တားထားတဲ့ နေရာကနေ လမ်းမပေါ်က ဘုရားကို ရှိခိုးတာ လုပ်လို့ရပါတယ်။
အိတ်ထဲမှာ မာကာပန် (Marker Pen) တွေ ဆောင်ထားပြီး လူလစ်တာနဲ့ သူတို့ကို ဆန့်ကျင်တဲ့ စာတွေ နံရံတွေမှာ ရေးလို့ရပါတယ်။
ဥပမာ ....
- လူသတ်သမား သန်းရွှေ
- သံဃာတွေကို သတ်တဲ့ ဘာသာမဲ့ သန်းရွှေကို တော်လှန်ကြ
- နအဖ လူလိမ်တွေ၊ နိုင်ငံတကာကို လိမ်နေပြီ
- အပြစ်မဲ့ သံဃာတော်တွေကို ချက်ခြင်းလွှတ်
ပတ်ဝန်းကျင်မှာ နအဖနဲ့ သက်ဆိုင်သော စီပွားရေး လုပ်ငန်းများကို ကိုယ့်ဘာသာ ဖော်ထုတ်ပြီး ပြည်သူလူထုကို နီးစပ်ရာ သပိတ်မှောက်ဖို့ နှိုးဆော်နိုင်ပါတယ်။
ဥပမာ ..
- သန်းရွှေမိသားစုပိုင် ဂျေဒိုးနတ်
- နအဖနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ သက်သာ ဆပ်ပြာမှုံ့၊
- မြတ်ခိုင် ဦးစီးသော လျှပ်တပြတ် ဂျာနယ်၊
- ကျော်ဆန်းပိုင်သော မြေနီကုန်းမှ အင်တာနက်ကဖေး
မိမိပတ်ဝန်းကျင်မှာရှိသော နိုင်ငံရေး အကျဉ်းသားများနှင့် သူတို့၏ မိသားစုများကို တတ်နိုင်သမျှ အားပေးစကား ပြောပေးခြင်း၊ ကူညီပံပိုးခြင်း အစရှိသည်တို့ကို လုပ်ကိုင်နိုင်ပါတယ်။ ထို့အတူ ဘုရားရှိခိုး ဆုတောင်းရာမှာလဲ နိုင်ငံရေး အကျဉ်းသားများအမြန်ဆုံး လွတ်မြောက်စေရန်နှင့် မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်မှ အမြန်လွတ်မြောက်ရန် နေ့စဉ်ဆုတောင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။
နအဖအား ယနေ့အထိ ကံဆောင် သပိတ်မှောက်နေကြသေ သံဃာတော်များကို ဆွမ်းကွမ်း ကပ်လှူ ပူဇော်ခြင်းများဖြင့် ကိုယ့်ကို ကိုယ် ခေါင်းဆောင်ပြီး တော်လှန်နိုင်ပါတယ်။
ထို အရာများထက် ပိုပြီး တတ်နိုင်လျှင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နီးစပ်ရာလူများကို ဤသို့ တော်လှန်နည်းများကို ဖြန့်ဝေခြင်း၊ ထိုထက်ပိုသော ထိရောက်သည့် တော်လှန်နည်းများကို စုပေါင်းတိုင်ပင် လုပ်ဆောင်ခြင်း အစရှိသဖြင့် မတရားမှုများကို တတ်နိုင်သမျှ တော်လှန် လုပ်ကိုင်နိုင်ပါကြောင်း .. တင်ပြလိုက်ပါသည် ခင်ဗျာ။
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
15:52
9
comments
Thursday, 8 November 2007
Where is SPDC leading to?
(When Mr Gambari met with Daw Suu in very first time in 2006)It is good to hear Daw Suu Statement, but I fully doubt on SPDC side. It is quite simple that if Than Shwe wants to change the country ... There are questions ...
- Why did he kill monks before?
- Can't he change the country without killing monks?
- Why is he still trying to arrest the people who get involve in last uprising?
- Why can't he release the leaders; such as Daw Aung San Suu Kyi and 88 Generation leaders?
The answer is simple,
Than Shwe, he still wants to trick on people of Burma and world's leaders.
Posted by
ကိုထိုက်
at
21:50
24
comments

