Monday, 18 February 2008
Let's Reject the Burmese Military Junta's Sham Constitution
ဘာကြောင့် နအဖရဲ့ ဆန္ဒခံယူပွဲကို ကန့်ကွက်ရဖို့ လိုပါသလဲ။ ... ဒီမှာ .... ဖတ်ရှု၊ ရယူနိုင်ပါတယ်။
Posted by
ကိုထိုက်
at
03:15
2
comments
Saturday, 16 February 2008
Friday, 15 February 2008
Thursday, 14 February 2008
ပြောချင်ရာ.... ပြော
ကဲ .. ဒီနေ့ မြန်မာ့နိုင်ငံရှေ့ရေးအတွက် နအဖက မတရားတာ လုပ်တာကို ဘယ်လိုမှ မခံစားနိုင်တော့လို့ ဒီနေရာမှာ ပြောချင်ရာ ပြော ပို့စ်ကို တင်လိုက်ပါတယ်။ အောက်က comment မှာ ပြောချင်ရာ ပြောဗျာ။
ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး။
အောက်မှာတော့ ကိုမင်းသန့်ဆိုတဲ့ လူတစ်ယောက် ပို့လာတဲ့ မေးလ်ကို ဒီမှာတင်လိုက်ပါတယ်။
..................................................
သြဂုတ်လမှာ လူတွေ ဆင်းရဲနေတာကို သိသိကြီးနဲ့ သူတို့ မတရားစားနေရတော့ ပြည်သူကို ဒုက္ခပေးချင်တာနဲ့ ဆီဈေး မတရားတတ်တယ်။ ဆီဈေးချပေးဖို့ လူတွေ၊ သံဃာတွေ ဆန္ဒပြတယ်။ အဲဒီ ပြတဲ့ လူတွေ၊ သံဃာတွေကို သတ်တယ်၊ ဖမ်းတယ်၊ နှိပ်စက်တယ်။ ဆီဈေး ကျမလာဘူး။ ပြည်သူ့ သွေးတွေ လမ်းမှာ စွန်းထင်းခဲ့ရတယ်။ ဒါလား ခင်ဗျားတို့ တိုင်းပြည်ကို ချစ်နေတာလို့ ပြောနေတဲ့ မြန်မာ့တပ်မတော် ဆိုတာကြီး။
ဒီနေ့ မယဉ်ကျေးနိုင်တော့ဘူး။ တပ်မတော်တစ်ခုလုံးကို ပြောချင်တယ်။ အရင်လို တပ်နဲ့ နအဖဆိုတာ ခွဲမနေတော့ဘူး။ စစ်သားတွေအားလုံး ....... မတရားတဲ့ လူမဆန်တဲ့ မိစ္ဆာဒိဌိကြီးကို လက်အုပ်ချီပူဇော်နေတဲ့ စစ်သားတွေ အားလုံး အတူတူပဲ။
ပြည်သူတွေ အကုန်လုံးက တိုင်းပြည်အတွက် ကောင်းအောင် လုပ်ပေးပါ။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး၊ တောင်းတောင်းပန်ပန် တမျိုး၊ အော်ဟစ်ပြီးတော့ တမျိုး ပြောကြတယ်။ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ နအဖတွေက နားပင်းနေတယ်။ ခင်ဗျားတို့ ကိုယ်တိုင်က သခင်အလိုကျ လိုက်ကိုက်တယ်။
စစ်သားလည်း အတူတူပဲ၊ ရဲ၊ ထောက်လှမ်းရေး၊ အကျဉ်းဝန်ထမ်း၊ ကြံဖွတ်၊ စွမ်းအားရှင်၊ တရားသူကြီး .... ခင်ဗျားတို့ အားလုံးဟာ တိုင်းပြည်ကို ဖျက်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေ။ ခင်ဗျားတို့ တတ်ထားတဲ့ ပညာတွေ အလကားပဲ။ အချိန်တန်ရင် သန်းရွှေကို ကန့်တော့နေတာနဲ့ ပြည်သူကို နှိပ်စက်ဖို့ပဲ တတ်တယ်။
ခင်ဗျားတို့ ဘ၀တွေ ဘယ်တော့မှ အေးအေးချမ်းချမ်း မနေရဘူးမှတ်ပါ။ ခင်ဗျားတို့သားသမီးတွေလည်း အဲဒီလို ဘယ်တော့မှ အေးအေးချမ်းချမ်းနေရမှာ မဟုတ်ဘူး။ ပြည်သူတွေက သေတောင် ခင်ဗျားတို့ကို မကြေဘူး။ မတရား အမိန့်ချတဲ့ တရားသူကြီးတွေ၊ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ ကြံဖွတ်တွေ၊ ရယကတွေ၊ စွမ်းအားရှင်တွေ၊ အကျဉ်းဝန်ထမ်းတွေ၊ နအဖ အဖွဲ့ဝင်တွေ၊ စစ်သားတွေ ခင်ဗျားတို့ ဘ၀တွေမှာ တသက်လုံး မတရားတာတွေနဲ့ နောင်ဘ၀အထိ ဖြစ်လေရာ ဘ၀(လူပြန်မဖြစ်တာတော့ သေချာတယ်) မှာ ဒုက္ခပေါင်းစုံနဲ့ တွေ့ရပါစေ။
အခုလည်း ဒီလောက် တိုင်းပြည်ကောင်းအောင် လုပ်ပေးပါ၊ သင်ပုန်းချေရေး လုပ်ပါမယ်လို့ ပြောနေတာတောင် ခင်ဗျားတို့ လူလို နားမလည်တဲ့ သတ္တ၀ါတွေက လမ်းပြမြေပုံ ၇ ရပ်တဲ့။ အရှက်မရှိ နောက်တခါ ရွေးကောက်ပွဲလုပ်မယ်တဲ့။ ခင်ဗျားတို့ လူလို သိပါ။ လူလိုနားလည်းပါ။ ခင်ဗျားတို့ နအဖတွေဟာ လူကမွေးတာ မဟုတ်တော့ လူလို နားမလည်တာလား မသိဘူး။ ဘာတပ်မတော်သားလဲ။ သတ္တိ တစ်စက်မှ မရှိတဲ့ တပ်မတော်သားတွေ။
တိုင်းပြည်မှာ အေးချမ်းလာအောင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပါလို့ ပြောတယ်။ ခင်ဗျားတို့က နောက်ထပ် လူ ၂၀၀ လောက်ဆက်ဖမ်းတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ကြပါလို့ ပြောနေကြတာကို ..... အခုတော့ ဘာမှ မလုပ်နိုင်ဘဲ အိမ်မှာ အဖမ်းခံနေရတဲ့ ဦးတင်ဦးကို နောက် တစ်နှစ် အကျဉ်းထပ်ချတယ်။ ခင်ဗျားတို့ လူတွေမဟုတ်ဘူးဆိုတာ ပြနေတာပဲ။ နေဘုန်းလတ်၊ ကိုစောဝေ အပါအ၀င် ဘာမှ မဟုတ်တာ မလုပ်တဲ့လူတွေကို ခင်ဗျားတို့ ဖမ်းတယ်။ ခွေးကမှ ထမင်းကျွေးတဲ့ လူကို ဘယ်တော့မှ မကိုက်တတ်ဘူး။ ခင်ဗျားတို့က ခွေးလောက်မှ မသိဥာဏ် မရှိတဲ့ သတ္တ၀ါတွေ။
အခုလည်း ကျောင်းသားရှိရင် ကျောင်းသာသမဂ္ဂ ရှိရမယ်လို့ ပြောတဲ့ ကိုသီဟ ကို ထောင်တစ်သက်တကျွန်း ချတယ်တဲ့။ အဲဒီ အမိန့်ချတဲ့ တရားသူကြီး ခင်ဗျားကို ကျုပ် အိမ်ကနေ နေ့တိုင်း ကျိန်ဆဲနေမယ်။
နောက်ဆုံး လူကို လူချင်း မနိုင်တော့ မတရားတဲ့ နည်းနဲ့ ပဒိုမန်းရှာကို လုပ်ကြံခဲ့တယ်။ ခင်ဗျားတို့ ဒီမတရားတဲ့ နအဖ ယန္တယား တစ်ခုလုံးမှာ လည်ပတ်အောင် အလုပ်လုပ်ပေးနေတဲ့ လူတွေ အားလုံး (လောဘတတ်လို့ လုပ်လုပ်၊ ကြောက်လို့ လုပ်လုပ်၊ မလွှဲသာလို့ လုပ်လုပ်) ခင်ဗျားတို့ အားလုံး နောင်တရကြပါ။ ပြည်သူအတွက် အလုပ်လုပ်ပါ။ ခင်ဗျားတို့ နောင်တ မရရင် ... ခင်ဗျားတို့ ဘ၀တွေ၊ ခင်ဗျားတို့ မိသားစု ဘ၀တွေ၊ ခင်ဗျားတို့ သားသမီး ဘ၀တွေ အားလုံး နောင်တစ်သက် ဘယ်တော့မှာ လူနဲ့ တူတဲ့ လူတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါ သေချာတယ်။
ကျုပ် ကိုယ်တိုင်လည်း ဘ၀ ကိုရင်းပြီး ခုနလို မတရား အမိန်ချတဲ့ တရားသူကြီးတွေကို ရှာပြီး တသက်လုံး တသက်တကျွန်းစာ ဒုက္ခလိုက်ပေးမယ် ဆိုတာ ဒီနေရာကနေ ကတိပေးတယ်။ သေသွားတောင်မှ ဒုက္ခလိုက်ပေးမယ်။ ဘယ်တော့မှ မကြေဘူး။
ပြည်သူတွေ အေးချမ်းပါစေ။
မင်းသန့်

16:20
5
comments
ဝမ်းနည်းမိပါသည်။
ပဒိုမန်းရှာ လုပ်ကြံခံရ၍ သေဆုံးသွားသောကြောင့် မိသားစု အပါအ၀င်၊ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် တကွ ထပ်တူ ၀မ်းနည်းမိပါသည်။
ကရင် တမျိုးသားလုံး အတွက် အစားထိုးမရသော ဆုံးရှုံးမူကြီး ဖြစ်ပါသည်။ အာဇာနည် တစ်ယောက် ဆုံးရှုံးသွားရ သော်လည်း ပဒိုမန်းရှာ၏ အာဇာနည်စိတ်ဓါတ်သည် မသေဘဲ ကျွန်တော်တို့နှင့်အတူ ရှင်သန်နေမည် ဖြစ်ပါသည်။

14:52
3
comments
Myanmar rebel leader killed in Thai town
MAE SOT, Thailand (Reuters) - A leader of Myanmar's biggest rebel group was assassinated at his home in the Thai border town of Mae Sot on Thursday, his wife told Reuters. Pado Mahn Sha Lar Phan, secretary-general of the Karen National Union, was shot at his two-storey wooden home by two men who arrived in a pickup truck, his wife Kim Suay told Reuters at the scene. He died instantly.
In an interview with Reuters on Monday, he had predicted a possible increase in violence ahead of a constitutional referendum in the former Burma in May.
(Reporting by Somjit Rungjumratrussamee; Writing by Nopporn Wong-Anan; Editing by Ed Cropley)
@@@@@@@@@@@@@@
လွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၀၀ - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၁၅ - မြန်မာစံတော်ချိန်
“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။
ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။
သေနတ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၃၀ - မြန်မာစံတော်ချိန်
ဖဒိုမန်းရှာ၏ ရုပ်ကလပ်ကို နေအိမ်တွင်ပင် ထားရှိသည်။ ဒီမိုကရေစီ လိုလားသူ မဟာမိတ် အဖွဲ့အစည်းများ အားလုံး ယူကြုံးမရ ဖြစ်နေကြောင်း ပြောဆိုကြသည်။
ဖိုးဝှီးကား အမဲရောင် နံပါတ် ၄၂၅ ဖြင့် ရောက်လာသော သေနတ်သမား ၂ ယောက်အနက် တဦးက အိမ်ပေါ် အရင်တက်လာပြီး ကျန်တဦးက ကရင်ဘာသာဖြင့် နေကောင်းလားဟူ၍ အဓိပ္ပါယ်ရသော နှုတ်ခွန်းဆက်စကား ပြောပြီးနောက် သေနတ်ဖြင့် ပစ်ခြင်း ဖြစ်သည်ဟု သိရသည်။ နောက်ကျ တက်လိုက်လာသော သေနတ်သမားကလည်း ပစ်ခတ်သွားခဲ့သည်ဟု ယုံကြည်ရသည်။
၉ မမ ကျည်ဖူးတခုကို ယခုအချိန်တွင် တွေ့ရှိထားပြီး ထိုင်းရဲက စုံစမ်း စစ်ဆေးမှု ဆက်လက် ပြုလုပ်လျှက် ရှိသည်ဟု အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သော မဇ္ဈိမ ဓာတ်ပုံ သတင်းထောက်က ကိုအောင်တင်က ပြောသည်။
သေနတ်သမားများမှာ အရပ် ၅ ပေ ၅ လက္မခန့် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
In an interview with Reuters on Monday, he had predicted a possible increase in violence ahead of a constitutional referendum in the former Burma in May.
(Reporting by Somjit Rungjumratrussamee; Writing by Nopporn Wong-Anan; Editing by Ed Cropley)
@@@@@@@@@@@@@@
ဖဒိုမန်းရှာ လုပ်ကြံခံရ၊ သေဆုံး
(From mizzima)လွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၀၀ - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၁၅ - မြန်မာစံတော်ချိန်
“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။
ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။
သေနတ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၃၀ - မြန်မာစံတော်ချိန်
ဖဒိုမန်းရှာ၏ ရုပ်ကလပ်ကို နေအိမ်တွင်ပင် ထားရှိသည်။ ဒီမိုကရေစီ လိုလားသူ မဟာမိတ် အဖွဲ့အစည်းများ အားလုံး ယူကြုံးမရ ဖြစ်နေကြောင်း ပြောဆိုကြသည်။
ဖိုးဝှီးကား အမဲရောင် နံပါတ် ၄၂၅ ဖြင့် ရောက်လာသော သေနတ်သမား ၂ ယောက်အနက် တဦးက အိမ်ပေါ် အရင်တက်လာပြီး ကျန်တဦးက ကရင်ဘာသာဖြင့် နေကောင်းလားဟူ၍ အဓိပ္ပါယ်ရသော နှုတ်ခွန်းဆက်စကား ပြောပြီးနောက် သေနတ်ဖြင့် ပစ်ခြင်း ဖြစ်သည်ဟု သိရသည်။ နောက်ကျ တက်လိုက်လာသော သေနတ်သမားကလည်း ပစ်ခတ်သွားခဲ့သည်ဟု ယုံကြည်ရသည်။
၉ မမ ကျည်ဖူးတခုကို ယခုအချိန်တွင် တွေ့ရှိထားပြီး ထိုင်းရဲက စုံစမ်း စစ်ဆေးမှု ဆက်လက် ပြုလုပ်လျှက် ရှိသည်ဟု အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သော မဇ္ဈိမ ဓာတ်ပုံ သတင်းထောက်က ကိုအောင်တင်က ပြောသည်။
သေနတ်သမားများမှာ အရပ် ၅ ပေ ၅ လက္မခန့် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
Posted by
ကိုထိုက်
at
11:20
2
comments
Wednesday, 13 February 2008
93 Birthday of General Aung San, the true hero and true soldier of burma
Posted by
ကိုထိုက်
at
12:01
2
comments
Subscribe to:
Posts (Atom)