လန်ဒန်မြို့ မြန်မာ သံရုံး၏ ဆန္ဒမဲခံယူရန် စာရင်းကောက်ယူခြင်း
လန်ဒန်မြို့ မြန်မာ သံရုံးမှ ကြိုတင်၍ အကြံအစီ ရှိရှိ ကလိမ်ကကျစ်ကျသော စီစဉ်မှု တစ်ခု ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော စာထုတ်ပြန်သောနေ့မှာ ၀၅.၀၃.၂၀၀၈ ဖြစ်ပြီး၊ စာပို့သော နေ့မှာ ၀၇.၀၃.၂၀၀၈ ဖြစ်သည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ ခံသောကြောင့် အောက်ပါစာသည် လူနည်းစု မြန်မာများထံ ၁၀.၀၃.၂၀၀၈ မှ ရောက်ရှိပါသည်။
စာပါသော နောက်ဆုံး အကြောင်းကြားရန် ရက်စွဲမှာ ၁၂.၀၃.၂၀၀၈ ဖြစ်သောကြောင့် UK ရောက် မဲပေးလိုသော မြန်မာနိုင်ငံသားများအားလုံးကို မရည်ရွယ်ဘဲ၊ သူတို့ ကိုထောက်ခံမည့် လူ အနည်းငယ်ဖြင့်သာ ဆန္ဒခံယူ၍ အနိုင်မဲ စာရင်းသွင်းကာထောက်ခံသွားရန် ဖြစ်သည်။
ပြီးလျှင် ကမ္ဘာ့လူထုကို UK ရောက် မြန်မာနိုင်ငံသားများ အားလုံးမှ ထောက်ခံသည်ပုံစံဖြင့် လိမ်လည်ရန် ကလိမ်ကကျစ် အကြံသာဖြစ်ကြောင်း မြန်မာ လူထု အားလုံးကို ကြိုတင်၍ အသိပေး အပ်ပါသည်။
ထိုကြောင့် ပြည်ပရောက် မြန်မာပြည်သူလုထုအနေဖြင့် ထောက်ခံ/ကန့်ကွက် မဲ ပေးလိုသူများ ၁၁.၀၃.၂၀၀၈(သို့) ၁၂.၀၃.၂၀၀၈ ရက်များတွင် စာရင်းပေးသွင်းကာ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်နိုင်ရန် အသိပေးလိုက်ပါသည်။
(မဲ လိမ်မည်ဟု အားလုံးက သိကြသော်လည်း မဲ မလိမ်ခင်ကတည်းက ပြည်ပ နိုင်ငံများတွင် စတင်၍ ယုတ်မာသော ကလိမ်ကကျစ် နည်းကို သုံးနေပြီ ဖြစ်သောကြောင့် အဆိုပါ ထောက်ခံပွဲသည် မည်သည့်နည်းနှင့်မျှ စစ်မှန်သော ထောက်ခံ ဆန္ဒခံယူပွဲ ဖြစ်နိုင်မည် မဟုတ်ပါ။ UK တစ်နိုင်ငံထဲတွင် မဟုတ်ဘဲ အခြား နိုင်ငံများတွင် လည်း ဤကဲ့သို့ လုပ်နေကြောင်း သိရပါသည်။)
ကိုထိုက်

.jpg)