Monday, 21 April 2008

နှိုးဆော်ချက် (နိုင်ငံခြားရောက် မဲ ပေးမည့် သူများ မဲ မပေးခင် အရင် လုပ်ဆောင် သင့်သည်များ)

ကမ္ဘာ့အရပ် အသီးသီးမှ မြန်မာသံရုံးများတွင် မဲ သွားရောက် ပေးမည့် မိတ်ဆွေများ ခင်ဗျာ ...... ။

မဲ သွား မပေးခင် ...... ညီ၊ အစ်ကို တို့ ပင်ပင်ပန်းပန်းရှာထားသော အခွန်များကို စား၍ လစာ ယူနေကြသော သံရုံး ဝန်ထမ်းများကို အောက်ပါ မေးခွန်းများ အရင် (အချိန် သီးသန့် တရက် ယူ၍ သွားရောက်ကာ) မေးစေလိုပါသည်။

၁။ အခြေခံဥပဒေ မူကြမ်း စာအုပ်သံရုံးမှာ ရနိုင် ပါသလား။ ကျွန်တော်/ကျွန်မတို့ ဖတ်ရှုလိုပါသည်/ ဝယ်ယူလိုပါသည်။

(၁.က) မရှိဘူး ဆိုလျှင် ... မှာလို့ ရနိုင်မည်လား၊ မဲ မပေးခင် အချိန်မီ ရနိုင်မည်လား၊ အဆိုပါ မဲ ရယူမည့် စာအုပ်မရှိပဲ မည်သည့် အရာကို မဲပေးရမည်နည်း။ အခြေခံဥပဒေ မူကြမ်းဆိုတာ ဘာမှန်း မသိဘဲနှင့် မည်သို့ မဲ ပေးကြရမည်နည်း။
(၁.ခ) စာအုပ် မရှိလျှင်၊ မှာ၍ မရလျှင် ..... အစိုးရ ဝန်ထမ်း တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် ဤ အခြေခံ ဥပဒေပါ အဓိက အချက်များကို ရှင်းလင်း ပြပေးပါ။ (သူတို့ ရှင်းပြခဲ့သော် ...... ရှင်းပြသည့် အချက်များတွင် မေးချင်သော၊ မရှင်းသော၊ တရားနည်းလမ်း မကျသော အကြောင်းများ ပါလျှင် ထောက်ပြ မေးမြန်းကြပါ။)

၂။ မဲ ကို မည်သည့် စနစ်/ပုံစံဖြင့် ကောက်ယူပါသနည်း။ မဲ ခိုးမူ၊ လိမ်မူများ မဖြစ်အောင် မည်သို့ ကာကွယ်ထားသနည်း။

၃။မဲ ကို မည်သည့် ယုံကြည်ရသော ပုဂ္ဂိုလ်များက မည်သည့် စနစ် ပုံစံဖြင့် ရေတွက်မည်နည်း။ (အဆိုပါ အစိုးရ ဝန်ထမ်းဆိုသော ပုဂ္ဂိုလ်များကို လုံးဝ မယုံရသောကြောင့် ဖြစ်ပါသည်။)

၎။ မဲ စာရင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် မည်သည့် အချိန်တွင် ကြေငြာမည်နည်း။

မဲ ကောက်ယူသော အစိုးရဝန်ထမ်းများသည်ပင် အခြေခံ ဥပဒေကို မသိ၊ ........ မည်သို့ မည်ပုံ မဲရေတွက် ကောက်ယူမည်ကို မသိ၊ ...... မဲ စာရင်း လိမ်လည်မူများ ရှိနိုင်၊ မရှိ နိုင်ဆိုတာကို မသိလျှင်၊ ....... အဆိုပါ ဆန္ဒ ခံယူပွဲသည် မည်သို့မှ တရားမျှတမူ မရှိနိုင်ပါ။

ထို တရား မျှတမူ မရှိသော ဆန္ဒခံယူပွဲမှ ထွက်လာသော အခြေခံ ဥပဒေသည်လည်း တရား မဝင်နိုင်ကြောင်းကို .... ဤ မေးခွန်းများကို မေး၍ အထောက် အထား ရယူထားနိုင်ရမည် ဖြစ်သည်။ (သွားရောက် မေးမြန်းသော အခါ သက်သေအဖြစ် မိမိတို့ ဖုန်းများဖြင့် အသံများ သွင်းယူထားစေလိုပါသည်။)

တရားမျှတသော အခြေခံ ဥပဒေ ပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည် .. ဟု သတင်းစာများတွင် နေ့စဉ် ကြေငြာနေသည်ကို လက်တွေ့ အကောင်အထည် ဖေါ်ခြင်းသာ ဖြစ်သည်။

ဤမေးခွန်းများကို မေးမြန်းခြင်းသည် ဒီမိုကရေစီ ပုံစံကျင့်သုံးခြင်းသာ ဖြစ်ပြီး မိမိတို့၏ အခြေခံ လူ့အခွင့်အရေးများကို လေ့ကျင့်ခြင်းသာ ဖြစ်သည်။ ကိုယ်ပိုင် အခြေခံ လူ့ အခွင့်အရေးကို မသုံးနိုင်လျှင် တနိုင်ငံလုံး လွတ်မြောက်ရန် လမ်းစ မမြင်နိုင်ပါ။ ထိုကြောင့် မေးကို မေးရမည့် မေးခွန်းများ ဖြစ်ပါသည်။

ထောက်ခံရန် (သို့) ကန့်ကွက်ရန် တိုက်တွန်းခြင်း မဟုတ်ပဲ၊ ထောက်ခံမည်သူ၊ ကန့်ကွက်မည့်သူများ အားလုံး လုပ်သင့် လုပ်ထိုက်သော ကိစ္စ တစ်ခု ဖြစ်သောကြောင့် တင်ပြခြင်းဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

P.S ကျွန်တော်ကိုယ်တိုင်လည်း ယခု စာရေးပြီးသည်နှင့် လန်ဒန်ရှိ မြန်မာသံရုံးတွင် သွားမေးမည် ဖြစ်ပါသည်။

Sunday, 20 April 2008

A bomb is exploded in YGN

A bomb is exploded under a taxi today at 8 pm in the middle block of 36th street, near City Hall of the former capital city,Yangon.
It is a trick of military government to prove as if democracy activists has done to against them.

Vote No

Saturday, 19 April 2008

Friday, 18 April 2008

Press Release of AAPPB

April 18, 2008

Press Release

Subject: Min Ko Naing - Leading Burmese Democracy activist may face blindness

Min Ko Naing, a well known 88’ generation student leader and Burmese political prisoners who was imprisoned for more than 17 years for his democratic believes has been suffering from a serious eye infections for the past 3 weeks. Min Ko Naing requested a consultation with an eye specialist but the prison authority refused this request claiming that an eye doctor would not be available before May 2008.

Inside prison sources say that his eye condition is seriously deteriorating to the point that he is unable to sleep or eat because of the pain this infection has caused.

Min Ko Naing has been one of the most prominent and outspoken opponents of the Burmese Military regime. It is very clear that the military regime and prison authorities intentionally refused to provide necessary treatment in order to destroy Min Ko Naing's eye sight. The prison authorities have a long history of using the refusal of medical treatment to political prisoners as a tool for physical and psychological submission.

AAPP really concern that Min Ko Naing may loose his eye sight if he does not receive immediate treatment as our political prisoner case files from March 2008 show a similar behavior by the military regime for U Than Lwin, 70, who is in Mandalay prison lost one of his eye sight because he didn't receive in time treatment. When he was sent to eye specialist, the doctors said it was already about two months late to treat his eye and there was nothing they could do to help him.

AAPP urgently appeals to the Human Rights Council to discuss with the Burmese Than Shwe's regime the present situation of Min Ko Naing's case.

Assistance Association for Political Prisoners (Burma)

For more information:

Contact to: Ko Tate Naing at (66) 81-2878751

: Ko Bo Kyi at (66) 81- 3248935

# # #

About AAPP:
Whereas the Assistance Association for Political Prisoners - AAPP is dedicated to aid former Burmese political prisoners and their families in their struggle for survival and to record the present situation of all political prisoners; to collect evidence and names of the individuals who have committed human rights violations and crimes against humanity during the years of the dictatorship. For further information about human right violations in Burma please contact our web site at www.aappb.org

မြန်မာနိုင်ငံသားတစ်ဦးမှ မေတ္တာရပ်ခံချက်

စင်ကာပူနိုင်ငံရှိ မြန်မာများခင်ဗျာ

အနာဂါတ် မြန်မာနိုင်ငံသားများအတွက် အရေးပါသော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အစိုးရ ကြေငြာခဲ့သည်ကို စင်ကာပူရောက် မြန်မာများသိရှိပြီးဖြစ်ပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းရှိ ၅၀%ကျော်သော ပြည်သူလူထုက အခုထိမသိရှိသေးပါဘူး။ မြန်မာနိုင်ငံအခြေအနေဟာ ဒီလိုအခြေအနေမျိုး ရောက်နေပါပြီ။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊ ညံ့ဖျင်းမှုများ၊ စီးပွားရေးကြပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုတစ်ချို့ဟာ အနိမ့်ဆုံးလိုအပ်တဲ့ အာဟာရဓါတ်မပြည့်မှီရာကနေ၊ ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ အခြေအနေတစ်ချို့ကိုရောက်ခဲ့ပါတယ်။ ဒီလိုမိဘများက မွေးဖွားလာပြီး အဆင်ပြေသလို ရှာဖွေစားသောက်နေထိုင်ရင်းက အနိမ့်ဆုံးလူတွေ မြန်မာပြည်မှာ တိုးတိုးလာနေပါပြီ။

စင်ကာပူနိုင်ငံဟာ First World Country လို့နားလည်ရပါတယ်။ မြန်မာနိုင်ငံကတော့ Third World Country ရဲ့အောက်ဆုံးမှာရှိနေမှာပါ။ ၁၉၅၀ လွန်နှစ်များက စင်ကာပူကမြန်မာပြည်ကို အားကျလို့လာလေ့လာတယ်လို့ ကြားဖူးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့အခါ အခုခင်ဗျားတို့သိနေရတဲ့ အခြေအနေဖြစ်နေပါပြီ။ အခုဆိုရင် အခြေခံဥပဒေမူကြမ်း ဆိုတာဘာမှ မသိတဲ့၊ ကြက်ခြေခတ်ရမလား (X)၊ အမှန်ခြစ်ရမလား မသိတဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဘ၀တူပြည်သူလူထုအတွက် ထောက်ခံရမလား၊ ကန့်ကွက်ရမလားမသိတဲ့ မြန်မာတွေ ဖြစ်ကုန်ပါပြီ။ ဘွဲ့ရပြီးပြီ ဘာမှမသိပါဘူးဆိုတဲ့ မြန်မာတွေများတဲ့ခေတ် ရောက်နေပါပြီ။ ကြပ်တည်းလွန်းလို့ ဒုက္ခရောက်မှာသိရဲ့သားနဲ့ အခုထက်တော့ပို ကောင်းမလားဆိုတဲ့ အတွေးနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေကို စွန့်စွန့်စားစားထွက်ပြီး အလုပ်လုပ် ကြတော့အခုဆိုရင် Thai မှာ 1.8 million, Malaysia မှာ 0.8 million ဆိုတာသိကြမှာပါ။ 2008 April (10) ရက်နေ့က Thai နိုင်ငံ ရနောင်းနားမှာ Thai ကိုခိုးဝင်ရင်း အအေးခန်းကားပေါ်မှာ အသက်ရှုကြပ်ပြီး သေသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၅)ဦး အဖြစ်အပျက်ဟာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါက လူသိတဲ့အဖြစ်အပျက်ပါ၊ လူမသိတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေ ဘယ်လောက်များ များနေပြီလဲ။

အပြစ်တင်တာများတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ တကယ်လက်တွေ့က ဒီထက်ပိုဆိုးပါတယ်။ ကျနော့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့ Third World Country ရဲ့ အနိမ့်ဆုံးကနေ ပိုပြီးတိုးတက်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေခံဥပဒေမျိုးနဲ့တော့ တိုးတက်ဖို့ မမြင်ပါဘူး။ ဒီအတွက် အခုမေတ္တာရပ်ခံစာကို ပေးပို့ရခြင်းဖြစ်ပါတယ်။

စင်ကာပူရောက်တဲ့ မြန်မာတွေ WP နဲ့နေနေ၊ EP နဲ့နေနေ၊ PR နဲ့နေနေ citizen ခံခံ မြန်မာဟာ မြန်မာပဲလို့ ယုံကြည်ပါတယ်။ အားလဲကိုးပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာအများဆုံး ရောက်နေတဲ့ First World Country၊ မြန်မာပြည်နဲ့အနီးဆုံး၊ မြန်မာပြည်နဲ့ဆက်သွယ်မှု့ အများဆုံး၊ ပညာတတ်မြန်မာအများဆုံး၊ အမှန်တရားကို လိုလားတဲ့မြန်မာလူငယ်တွေ အများဆုံးရောက်နေတဲ့ နိုင်ငံပါ။ ခင်ဗျားတို့ ပြန်လာသည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ မြန်မာဖြစ်တယ် ဆိုတာနဲ့ ဒီအခြေခံဥပဒေဟာ တနည်းမဟုတ် တနည်းပတ်သက်နေရမှာပါပဲ။ အနည်းဆုံးခင်ဗျားတို့ရဲ့ မိဘဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ မြန်မာပြည်မှာ ကျန်နေရင် ပတ်သက်ရမှာပါပဲ။

ခင်ဗျားတို့ ဘာတွေလုပ်ပေးနိုင်ပါသလဲ

2008 April 25th, 26th, 27th, 28th, 29th, မှာစင်ကာပူ မြန်မာသံရုံးမှာ မြန်မာများ ကြိုတင်မဲပေးလို့ ရပြီလို့ သိရပါတယ်။ မဲသွားပေးစေချင်ပါတယ်။ တကယ်ပဲကောင်းတယ်လို့ ယူဆပြီး ထောက်ခံမဲ ပေးရင်လဲ လူကြီးမင်းတို့သဘောပါ။ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ community မှာနေနေရတဲ့ စင်ကာပူရောက် မြန်မာအများစုအနေနဲ့ မြန်မာနိုင်ငံကိုလဲ ဒီလိုကောင်းမွန်တဲ့ community ပဲဖြစ်စေချင်တယ်။ အခုမဲပေးရမယ့် အခြေခံဥပဒေမျိုးကို မကြိုက်တဲ့ လူတွေလို့ပဲ နားလည်ပါတယ်။ ကြိုက်လို့ပဲ ထောက်ခံမဲ ပေးပေး၊ မကြိုက်လို့ပဲ (X) ကြတ်ခြေခတ်ခတ် သွားပေးစေချင်ပါတယ်။ ခင်ဗျားတို့ ပေးတဲ့ ကန့်ကွက်မဲ (X) တွေထောက်ခံမဲ ဖြစ်သွားခဲ့ရင်တောင်ခင်ဗျားတို့ တာဝန်မဟုတ်ပါဘူး။ တပ်မတော် အစိုးရ၊ သံရုံးကလူတွေ၊ ကော်မရှင်တွေရဲ့ တာဝန်သာဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ သမိုင်းပေး တာဝန်ကိုသာ ကျေပွန်ပါစေလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပြီးရင် ကန့်ကွက်မဲတွေ ဘယ်လောက်ဆိုတာအတတ်နိုင်ဆုံး စုစည်းပြီး Blog များ website များမှာ တင်စေချင်ပါတယ်။ 25၊ 26၊ 27၊ 28၊ 29၊ ကိုအသံလွှင့်ဌာနများကလည်း စိတ်ဝင်တစား ဖော်ပြမယ်လို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့တော့ စင်ကာပူက မဲပေးတဲ့လူအများစုဟာ ကန့်ကွက်မဲ (X) ဖြစ်မယ်လို့ ယူဆရပါတယ်။ ခင်ဗျားတို့ရဲ့ အသံဟာ မြန်မာပြည်မှာ ပြန်ဟိန်းနိုင်ပါတယ်။ လူသန်း (၅၀)လုံး မသိရင်တောင်မှ လူ (၅သိန်း) (၁သန်း) ကိုသိစေနိုင်ပါတယ်။ တပ်မတော် အစိုးရသိစေနိုင်ပါတယ်။ ပြည်သူလူထုထဲက တချို့ဖြစ်တဲ့ စင်ကာပူကလူအများစုကတော့ မကြိုက်ကြောင်း သူတို့ကို သိစေနိုင်ပါတယ်။ ခင်ဗျားတို့သည် မြန်မာပြည်ရဲ့ အကြိုမဲပေးခြင်းဆိုတာ မမေ့ကြစေလိုပါ။ အလေးအနက်ထားကြစေချင်ပါတယ်။ မြန်မာပြည်ကလူတွေကစင်ကာပူမှာ ကျောင်းနေခွင့်ရတဲ့လူတွေ၊ စင်ကာပူ မှာအလုပ်လုပ်ခွင့်ရတဲ့ လူတွေကိုဆိုရင်အထင်ကြီး တတ်ကြပါတယ်။ ခင်ဗျားတို့က No (X) ဆိုရင် သူတို့လဲ ခင်ဗျားတို့ပေါ် အထင်ကြီးမှု့၊ အားကျမှု့နဲ့ ဘာထည့်ရမလဲ ဝေခွဲမရတာကနေ No (X) ဖြစ်နိုင်ပါတယ်။

စင်ကာပူက မြန်မာအများစုက mail တွေသုံးနိုင်ကြပါတယ်။ စင်ကာပူက လူငါသောင်း (၅၀၀၀၀)က တစ်ဦးကို မြန်မာပြည်က မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး (၁၀)ဦးကိုပဲ mail ပို့နိုင်တယ် ဆိုရင် မြန်မာ (၅)သိန်း ခင်ဗျားတို့ message ကိုရနိုင်ပါတယ်။ သူတို့သဘောတူရင် သူတို့က တီးတိုး ပြန်ပြောတဲ့ မြန်မာ (၅)ဦးစီ ထပ်ပြန့်သွားရင် မြန်မာ နှစ်သန်းခွဲ (၂.၅)သန်း ထံကိုပြန့်နိုင်ပါတယ်။ ပြန့်သွားမယ့် သူအားလုံး No (X) မယ်လို့မဆိုလိုပါ။ ခင်ဗျားတို့ message ရောက်သွားမှာတော့ အမှန်ပါပဲ။ သူတို့အတွက် စဉ်းစားစရာတော့ ရမှာပါ။

အခြားနိုင်ငံများက ရွှေမြန်မာများကို မအားကိုးလို့ မဟုတ်ပါ။ အားလုံးကိုအားကိုးပါတယ်။ အားလုံးလုပ်နိုင်လေလေ ကောင်းလေလေပါပဲ။ စင်ကာပူလို ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတစ်ချို့ကတော့ USA, JAPAN, KOREA, UK နဲ့ နိုင်ငံတစ်ချို့ဖြစ်နိုင်ပါတယ်။ သူတို့လဲ email (သို့) fax (သို့) ph သုံးပြီး ကူညီနိုင်ကြပါတယ်။ စင်ကာပူကတော့ သေးသေးကျဉ်းကျဉ်း မြန်မာတွေ နီးနီးကပ်ကပ်ပိုရှိလို့ပါ။ သံရုံးကို မဲသွားပေးမယ်ဆိုရင်လဲ ပေးနိုင်ချေရှိတဲ့ အနေအထားရှိလို့ပါ။

First world Country မှ ရွှေမြန်မာများခင်ဗျား Third World Country ကမြန်မာများကို စာနာသောအားဖြင့် 25th,26th, 27th, 28th, 29th, မှာ စင်ကာပူမြန်မာသံရုံးကိုသွားပြီး vote No ကန့်ကွက်မဲ(X) ပေးပေးကြပါခင်ဗျား။

အားကိုးယုံကြည်စွာဖြင့်

မြန်မာနိုင်ငံသားတစ်ဦး

NO Poem

ရန်ရန်ချန်း ကိုလဲ ခွေးဆွဲခံရပြီတဲ့ဗျို့


မိတ်ဆွေတို့ရေ နှစ်သစ်ကူးစ မှာ စိတ်မကောင်းစရာသတင်းတစ်ခုထပ်ဝင်လာပါတယ်

အဲဒါကတော့ ACID အဖွဲ့ဝင်တစ်ဦးဖြစ်သလို

အဖမ်းခံထားရတဲ့ ဇေယျာသော်ရဲ့ သူငယ်ချင်း ရန်ရန်ချန်း ကို လူကြီးလူကောင်းခွေးမသားတွေ လာဆွဲသွားပြီလို့ သိရပါတယ်
နေရာ အချိန် နဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ

ခွေးကိုက်ခံရတဲ့ ခွပ်ဒေါင်းတွေအတွက် စိတ်မကောင်းသလို ကျွန်တော့် နာကျည်းမှုတွေကို အရှိန်မြှင့်တင်ပေးလိုက်သလိုပါဘဲ

အောက်တန်းစား စစ်ခွေးဘီလူးတွေကို လုံးဝ လုံးဝ ကို ရှုံ့ချလိုက်တယ်

မျိုးချစ်

Let's Vote NO

Index on Censorship Freedom of Expression Awards 2008


Our venerable monk, U Gambira has been nominated for freedom of expression awards 2008 from the index on censorship.

Freedom of Expression Awards 2008: the nominees

The shortlists for the 2008 Index on Censorship Freedom of Expression Awards have been finalised. The awards will be presented on 21 April in London

The T R Fyvel Book Award

The Loser by Fatos Kongoli, Seren.
Holy Warriors: A journey into the Heart of Indian Fundamentalism by Edna Fernandes, Portobello
The Art of Political Murder: Who killed Bishop Gerardi? by Francisco Goldman, Atlantic Books
The Reluctant Fundamentalist by Mohsin Hamid, Penguin

The Guardian Journalism Award

Arat Dink (Turkey)
Huang Liangtian (China)
Iqbal Athas (Sri Lanka)
Manana Aslamazyan (Russian Federation)

The Bindmans Law and Campaigning Award

Lydia Cacho (Mexico)
The Human Rights Commission of Pakistan (Pakistan)
U Gambira (Burma)
Yetaai Vs China Telecom (China)

The Economist New Media Award

AJ Naklasila/Channel 4 New Media / Truevision (UK)
Ethio Zagol (Ethiopia)
Wikileaks (International / US)
Iran Proxy (Iran)

The Index Film Award

Battle For Haditha Dir: Nick Broomfield, 93 minutes, UK (2007)
Ahlam (Dreams) Iraq (2006), 110 Minute Running Time, Language: Arabic, English Sub-Titles
Black Gold Dir: Nick Francis and Marc Francis, Running Time: 78 minutes,
12.08 East of Bucharest (A Fost sau n-a fost?) Dir: Corneliu Porumboiu, Romania, 2006 / 89 Mins / In Romanian with English Subtitles