Wednesday, 26 November 2008
ထောက်ပံ့ကြပါစို့
ဒီနေရာမှာ ကျွန်တော် တစ်ခု တွေးမိတာလေး ပြောပါရစေ။
အခုလို လက်နက်ကိုင် သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူများထံ အလင်းဝင်လာသော စစ်သားများအား လက်ခံကြိုဆိုကာ နွေးနွေးထွေးထွေး ဆက်ဆံသော ကရင် အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူး တင်မိပြီး၊ ထိုကဲ့သို့ အလင်းဝင်လာသူများကို အခြားသော ပြည်သူများမှလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကာ ငွေအား၊ လူအားဖြင့် ထောက်ပံ့မူများ လုပ်ဆောင် သင့်ပါသည်ဟု တွေးမိသလောက် ရေးမိလိုက်ပါသည်။
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
11:38
0
comments
Cartoon Beruma - 2010 Welcome Performance - Monkey Dance
http://moemaka.com/images/berumagame03.htm တွင် အခမဲ့ ခံစား ကြည့်ရှုနိုင်သည်။
ခေါင်းအက - ခေါင်းငြိမ်၊ ယိမ်း၊ ပြူတစ်၊ ရှန်တိန်
လက်အက - လက်ငြိမ်၊ ဝှေ့ရမ်းက၊ စက်ရုပ်က၊ လက်လွှဲက
ခြေအက - ခြေငြိမ်၊ ဘေးယိမ်း၊ နောက်ထိုး၊ ခုန်ဆွ တို့မှာ ကပွဲတွင် မျက်နှာမသာမယာဖြစ်နေသူ မင်းသား၏ ကကွက်များ ဖြစ်သည်။
ကျေနပ်နေဟန်မျက်နှာပေးနှင့်မင်းသား၏ ကကွက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ခေါင်းအက - ခေါင်းငြိမ်၊ ညိတ်၊ ရမ်း၊ လိပ်ခေါင်း
လက်အက - လက်ငြိမ်၊ ဗလကြီးက၊ ပုံးဆွဲက၊ ဝှေ့ယမ်းက
ခြေအက - ခြေငြိမ်၊ ကီထိုင်၊ ဘိုကြက်ဖ၊ ချီတက်
ခေါင်း၊ လက်၊ ခြေ တခုခုကို ငြိမ်သက် ရပ်နားစေလိုပါက ခေါင်းငြိမ်၊ လက်ငြိမ်၊ ခြေငြိမ် ဟူသော ခလုတ်များကို နှိပ်ရမည်ဟု ဘီရုမာက ဆိုသည်။
ကချင်တာက” ဟူသော အထူးခလုတ်ကို နှိပ်လိုက်လျှင် မင်းသားနှစ်ဦးက ၎င်းတို့နှစ်သက်ရာ ကကွက်များဖြင့် အသုံးတော်ခံမည်ဟု ဆိုသည်။
ကကွက်များ ပြောင်းလဲစေလိုပါက အဆိုပါခလုတ်ကို ဆက်တိုက်နှိပ်ရန် လိုအပ်မည်ဟု သိရသည်။
မင်းသားနှစ်ပါးက “နေပြည်တော်မှာ သူမပျော်ပါ၊ ရွှေမြို့သစ်ကိုပြောင်းချင်တာ” ဟူသည့် နောက်ခံသီချင်းဖြင့် တင်ဆက်ထားသည်။
အဆိုပါသီချင်းမှာ ပရိသတ်များ နားစွဲပြီးဖြစ်သည့် “တို့အညာဒေသ ရွာသာယာ၊ ရွာဦးကျောင်းမှ ထိုအနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ ရေကန်သာ” ဟူသော ဦးဘသိန်း(မန္တလေး)၏ ‘စိမ်းလဲ့ကန်သာ’ သီချင်းအလိုက်ကို ယူထားခြင်းဖြစ်သည်။
ယခု အကပဒေသာပွဲသည် ကာတွန်းဆရာဘိရုမာ၏ တတိယမြောက် ဂိမ်း ဖြစ်သည်။ ဘိရုမာသည်
http://thanshwe.blogspot.com/2008/10/ad.html နှင့် http://moemaka.com/images/berumagame02.htm တို့ရှိ ဂိမ်းနှစ်မျိုးကို တီထွင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဂိမ်းများမှာ လေးခွ (လေးဂွ၊ ဘတ်ဂွ)၊ ပစ္စတိုသေနတ် တို့ဖြင့် အကြမ်းဖက်၊ ပစ်ခတ်သည့်ကစားနည်းဖြစ်ပြီး၊ ယခု နောက်ဆုံး တီထွင်လိုက်သည့် ဂိမ်းမှာ ဆို၊ က၊ ရေး၊ တီး အနုပညာများကို အားပေးအားမြှောက်ပြုသည့်ဂိမ်းဖြစ်ကြောင်း ကာတွန်းဆရာက ရှင်းပြသည်။ ။
Posted by
ကိုထိုက်
at
11:08
1 comments
Monday, 24 November 2008
မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ
လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-
မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။
အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။
မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။
ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။
NEJ
Posted by
ကိုထိုက်
at
13:12
2
comments
အမိန့်မချခင် 10 မိနစ်အလို၌ရေးသားထားသော ဇေယျာသော် နှိုးဆော်ချက်
Posted by
ကိုထိုက်
at
13:03
6
comments
ဥပဒေအထက်က၊အာဏာရှင်ဖိုးလပြည့် ရဲ့ အကြမ်းဖက်လူမိုက်အဖွဲ့။

အဲဒီအဖြစ်အပျက်နဲ့၊မရှေးမနှောင်းမှာဘဲ ၁၃-၁၁-၂၀၀၈ ရက်နေ့ညနေပိုင်း ( ၅နာရီခွဲခန့် ) မှာ၊ အဲဒီအကြမ်းဖက် လူရမ်းကားအဖွဲ့က ရန်ကုန်မြို့ အင်းယားလမ်းရှိ “THE SERENITY” စားသောက်ဆိုင်မှာ စားသောက်နေတဲ့ လူငယ်အချို့ကို ၀င်ရောက်ရိုက်နှက်ကြပြန်ပါတယ်။ လူတွေကိုလိုက်ရိုက်သလို ဆိုင်ရှေ့မှာရပ်ထားတဲ့ ကားတွေကိုလည်း ဖျက်စီးကြပါတယ်။ ဒီတကြီမ်မှာတော့ အရိုက်ခံရသူတွေဟာ (ကမာရွတ်) ရဲစခန်းမှာအမှူဖွင့်တိုင်ကြားလိုက်ပါတယ်။
ရဲစခန်းမှတာဝန်ရှိသူများကအခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာပြီး စစ်ဆေးခါ သက်သေခံကားများအား စခန်းသို့ဆွဲယူသွားကြပါတယ်။ အရိုက်ခံရသူတွေထဲမှာ ယခင် မဆလ ခေတ်က၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့မြေး၊ ယခုလက်ရှိလူမှူဝန်ထမ်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ (ဒုတိယဗိုလ်ချုပ်မှူး ကြီးမောင်အေးရဲ့ယောက်ဖ) ရဲ့တူ နဲ့ စစ်ဘက်အရာရှိကြီးတချို့ရဲ့တူသား၊တွေပါနေတာကြောင့် ရဲကတရားခံ တွေကိုအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူပေးမည့်အကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်လူရမ်းကားအုပ်စုကို ခေါင်းဆောင်လာသူကတော့ ရွှေလင်းယုန်ကားရေဆေးဆီထိုးအလုပ်ရုံပိုင်ရှင် ၏မြေးဖြစ်သူ “ချိုထွေး” ဖြစ်ပြီး၊ အပေါင်းအပါတွေကတော့ ရန်ကုန်မြို့က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် များရဲ့ တူ၊သားတွေဖြစ်ကြပါတယ်။
ဒါပေမဲ့ နာရီပိုင်းအတွင်းမှာဘဲ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ရဲစခန်းကို တယ်လီဖုန်းနဲ့အမိန့်ပေး လိုက်တာကြောင့်ပါ။ “ဒီအမှူကိုလျှို့ဝှက်အဖြစ်သတ်မှတ်ပြီး၊အမြန်ဆုံးအမှူပိတ်ဖို့ဆောင်ရွက်ပါ” လို့အမိန့်ပေးသူ ကတော့၊ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ဘဲဖြစ်ပါတယ်။
ဖိုးလပြည့်ဟာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်များရဲ့ သားသမီးများနဲ့ပေါင်းသင်းပြီး စီးပွားရေးအကျိုးအမြတ် တွေ ခံစားရရှိနေသူဖြစ်ပြီး အဖိုးရဲ့အာဏာနဲ့ ထင်ရာစိုင်းနေသူတဦးပါ။
ဖိုးလပြည့်ရဲ့ညွှန်ကြားချက်အရ ပြစ်မှူကျူးလွန်သူ၊ချိုထွေး နဲ့ အပေါင်းအပါတွေဟာ ရန်ကုန်မှ ခေတ္တရှောင်တိမ်း နေကြပါတယ်။(မန္တလေးမြို့မှာရောက်ရှိနေပါတယ်။) အရိုက်ခံလိုက်ရသူတွေအတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အသိုင်းအ၀ိုင်းဘက်က ဘယ်လိုအရေးယူဆောင်ရွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သာမန်လူငယ်တွေရဲ့ ရန်ပွဲလို့ထင်ရပေမဲ့ ဒါဟာဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အသိုင်းအ၀ိုင်းနှစ်ခုရဲ့ အားပြိုင်ပွဲတခုပါ။
တချိန်က အာဏာရှင်ကြီး ဦးနေ၀င်းနဲ့သူ့မြေးတွေလိုဘဲ အာဏာရှင်ဗိုလ်ချုပ်ကြီးများနဲ့ မြေး၊တူများဟာလည်း မဝေးတော့တဲ့ကာလမှာ မိုက်ဇာတ်သိမ်းကြရတော့မှာပါလို့ ရန်ကုန်မြို့ရှိ ၎င်းတို့နှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ ထင်ကြေးပေး လျှက်ရှိနေကြပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေကြတဲ့ လူငယ်တွေ (ကိုနေဖုန်းလတ်၊ ကိုစည်သူမောင် အပါအ၀င် ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်စဉ် မတရား ထိန်းသိမ်း၊ အပြစ်ဒဏ် ပေးခံနေကြရသော လူငယ်သူရဲကောင်း၊အမျိုးသားများ၊အမျိုးသမီးများအားလုံး) ကိုတော့၊အာဏာပိုင်အဖွဲ့ အစည်းများက ဖမ်းဆီးထောင်ချနေပြီး၊ တိုင်းပြည်အတွက်ဘာတခုမှအသုံးမ၀င်တဲ့ ဆိုးသွမ်းလူငယ်တွေကို အရေးယူအပြစ်ပေးခြင်း မလုပ်နိုင်တာဟာ တိုင်းပြည်အတွင်းမှာ စစ်မှန်တဲ့တရားဥပဒေ မရှိဘူးဆိုတာ နိုင်ငံတကာကို အတိအလင်းသက်သေပြလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီ ရရှိရေးကြိုးပမ်းဆောင်ရွက်နေသူတွေကို မတရားဖမ်းဆီးထောင်နှစ်ရှည်လများ ချနေကြတဲ့ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးအမည်ခံ မတရားသူကြီးများအနေနဲ့ စစ်အာဏာရှင်ကြီးတွေရဲ့ အစေအပါးအဖြစ် မတရားတဲ့အမိန့် တွေမှန်းသိသိကြီးနဲ့ အာဏာရှင်တွေအလိုကျ ရပ်တည်ဆောင်ရွက်နေ တာကြောင့်၊ ( ဒီမတရားမှူတွေမှာ ပါဝင်ပါတ်သက်သူအားလုံး) မကြာမှီ ပြည်သူတွေရဲ့ ဒဏ်ခတ်မှူတွေနဲ့ ကြုံတွေ့ရတော့မယ်လို့သတိပေးလိုက်ပါတယ်။
Posted by
ကိုထိုက်
at
02:31
2
comments
Saturday, 22 November 2008
အင်တာဗျူး
မေး ။ အခု ကိုမင်းကိုနိုင်တို့ နှစ်ရှည် ထောင်ကျသွားတော့ နိုင်ငံရေး ဂုရု အနေနဲ့ ဘာတွေ လုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ မတရား ထောင်ချတာတွေကို ရှုံ့ချကြောင်း ကြေငြာချက်ထုတ်မယ်၊ နိုင်ငံတကာနဲ့ ကုလ သမ္မဂ ဖိအားတွေရအောင် နိုင်ငံတကာမှာ လိုက်လံ ပြောဆိုမယ်လေ။
မေး ။ ဟုတ်ကဲ့။ အဲဒါတွေ အပြင် အခြားရော ဘာတွေများ လုပ်ဖို့ ရှိပါသေးလဲ .. ဂုရု။
ဖြေ ။ အကျဉ်းသားတွေကို ထောက်ပံ့မယ်။ အကျဉ်းသား မိသားစုတွေကို ထောက်ပံ့တာတွေ လုပ်မယ်။
မေး ။ ဒါနဲ့ နိုင်ငံရေး အတွက်ရော ဘာတွေ လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ဟေ့ကောင် .. မင်း .. လာနောက်နေတာလား၊ အဲဒါ နိုင်ငံရေး လုပ်နေတာပဲလေ။ နိုင်ငံတကာ အစည်းအဝေးတွေ ရှိတယ်၊ fund ပေးမယ့် လူတွေနဲ့ စကားပြောရမယ်။ ကြေငြာချက်ထုတ်တာ၊ ထောက်ပံ့တာ၊ နိုင်ငံတကာမှာ lobby လုပ်နေတာ အဲဒါ နိုင်ငံရေးပဲ ပေါ့ကွ။
ဟုတ်ကဲ့ ..ဟုတ်ကဲ့ .. ကျွန်တော် မသိလို့ပါ။ ဆက်မေးပါရစေ။
ဖြေ ။ ဒါလား ... မင်းကိုနိုင်တို့ ထွက်လာရင် သူတို့ ဆက်လုပ်လိမ့်မယ်လေ။
မေး ။ ဟုတ် .. ဟုတ် .... သူတို့က ၆၅ နှစ် ကျထားတာ ဆိုတော့ .......
ဖြေ။ မင်း .. ဘလော့သာ ရေးနေတာ .. တော်တော် တုန်းတဲ့ ကောင်ပဲကွ။ နောက် ၆၅ နှစ်မှာ သူတို့ လွတ်လာရင် လွတ်မြောက်ရေး သူတို့ ဆက်လုပ်မှာပေါ့ကွ။
ဖြန်း .... ဟိုက် !!!
(နောက်ဆုံး စာကြောင်းကတော့ ... နှဖူး လက်နဲ့ ရိုက်မိပြီး အော်မိလိုက်တဲ့ မြည်သံစွဲ အလင်္ကာသာ ဖြစ်ပါကြောင်း)
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
00:23
1 comments
မြန်မာနိုင်ငံမှ (မ)တရားသူကြီးများအား မှတ်တမ်းတင်ခြင်း (၂)
ဇေယျာသော် အပါအဝင် လူငယ် ၆ ဦးအား လမ်းမတော် မြို့နယ် ရဲစခန်းမှူး သူရထွန်း၊ တရားလို(နအဖ အလိုကျ) ရှေ့နေမှာ ဒေါ်နန်းအေးခမ်၊ လမ်းမတော်မြို့နယ် (မ)တရားသူကြီး ဒေါ်ဖြူဖြူခိုင် မှ နအဖ အလိုကျ မတရား မျက်ကွယ် ထောင်ဒဏ် ချမှတ်။
ယခင် စာရင်းဟောင်း
ကျောက်တံတားမြို့နယ် အထူး အာဏာရ (မ)တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်း၊
(သင်္ကန်းကျွန်းမှ ကိုမြသန်းထိုက်အား နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ)
မြောက်ဒဂုံမြို့နယ် (မ)တရားသူကြီး ဒေါ်မြမြဆွေ
ကိုသားကြီး ၈၈ မျိုးဆက်ကျောင်းသား၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ
(ထိုအမှု တရားလို သက်သေ ရဲအုပ် ဟန်စိန်)
အင်းစိန် ထောင်တွင်း (မ)တရားသူကြီး ဦးစိန်လှ
(ကုန်ဈေးနှုံး ကျဆင်းရေး ဆန္ဒပြသူ ကိုစိုးမြင့်ထိန်၏ အမှုတွင် နအဖ အလိုကျ ဥပဒေမဲ့ မတရား အမိန့်ချသူ)
Posted by
ကိုထိုက်
at
00:02
2
comments
Sunday, 16 November 2008
ကျောင်းသားခေါင်းဆောင်များကို နယ်စွန်နယ်ဖျားရှိထောင်များသို့ ခွဲပို့
(မိုးမခမှ ရယူထားပါသည်။)
၁။ မင်းကိုနိုင်၊ ကိုကိုကြီး - ကျိုင်းတုံ(မြို့အကျဉ်းထောင်)၊ ရှမ်းပြည်နယ်
၂။ မြအေး(သူရ) - လွိုင်ကော်၊ ကယားပြည်နယ်
၃။ ပြုံးချို (ဋ္ဌေးဝင်းအောင်) - ကော့သောင်း၊ တနင်္သာရီတိုင်း
၎။ အောင်သူ နှင့် အခြား ၈ ဦး - ပူတာအို၊ ကချင်ပြည်နယ်
၅။ ဋ္ဌေးကြွယ် - ဘူးသီးတောင်၊ ရခိုင်ပြည်နယ်
၆။ မျိုးအောင်နိုင် - ကလေး၊ စစ်ကိုင်းတိုင်း
၇။ လှမျိုးနောင် - မြစ်ကြီးနား၊ ကချင်ပြည်နယ်
On 11 Novermber, Nine 88 Generation Group leaders including Min Ko Naing were get long term imprisonment 65 years again in Maubin prison same as previous Fourteen members of the 88 Generation Students Group. After that they were transferred to Insein prison then transferred again far from Rangoon and different areas per each in this early morning as following –
- Min Ko Naing and Ko Ko Gyi – Kengtung Prison, Eastern Shan State
- Mya Aye (Thu Ya) – Loikaw Prison, Kayha State
- Pyone Cho (Htay Win Aung) – Kawthaung Prison, Tenasserim Division
- Aung Thu, Bo Bo Win Hlaing and another 7 members – Putao Prison, Kachin State
- Htay Kywe – Buthidaung Prison, Northern Arakan State
- Myo Aung Naing – Kale Prison, Sagaing Division
- Hla Myo Naung – Myitkyina Prison, Kachin State.
- Saw Wai, Win Maw, Tint San, Myat San and Su Su Nway - Mandalay Prison
Posted by
ကိုထိုက်
at
12:17
2
comments
Tuesday, 11 November 2008
နေဘုန်းလတ် ပေးဆပ်မှုအတွက် မှေးမှိန်ခြင်း မရှိစေရ
အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ နေဘုန်းလတ်ကို နအဖ အလိုကျ မတရားသူကြီးက ထောင်ဒဏ် အနှစ် ၂၀နဲ့ ၆ လ ချလိုက်ပါပြီ။
နအဖက အခုလို တရားဥပဒေမဲ့ လုပ်ချင်ရာ လုပ်တာကို ကျွန်တော်တို့ တစ်ခုခု တုန့်ပြန်ချက်(ဒါမှ မဟုတ်) မတရားတာကို သမိုင်းမှာ အလိုလို မှေးမှိန် မပျောက်ပျက်အောင် တစ်ခုခု လုပ်သင့်တယ်လို့ ယူဆ မိပါတယ်။
ဘာလုပ်လျှင် ကောင်းမလဲဆိုသော သင့်တော် ကောင်းမွန်သော အကြံရှိသူများ ဝိုင်းဝန်းပံ့ပိုး ပါဝင်ကူညီ ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။
comment မှာ ရေးသားအကြံပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ကိုထိုက်
Posted by
ကိုထိုက်
at
04:11
21
comments





