အတွေးရှင်းရှင်း တွေးကြည့်ပါ။
ကျွန်တော် စဉ်းစားလို့ မရတာ တခုရှိတယ်။ အခြေခံ တွေးမိတာလေးပါ။
ဘာလို့ နအဖက ရွေးကောက်ပွဲ လုပ်ပြီး၊ ဘာလို့ NLD က ဝင်မယ်၊ မဝင်ဘူး တွေးနေရတာလဲ မသိဘူး။
ရွေးကောက်ပွဲဆိုတဲ့ လုပ်ငန်း ဖြစ်စဉ်ကြီးက အလကား ငွေကုန် လူပန်းတဲ့ ဖြစ်စဉ်ကြီးပါ။ ဘာလို့လဲ ဆိုတော့ အောက်က အခြေခံ မေးခွန်းလေးတွေရဲ့ ရလဒ်အရ သိသာနေတာပါပဲ။
မေးခွန်း ( ၁ )။
၂၀၁၀ မတိုင်ခင် ကာလမှာ ....
မေး။ ............. တိုင်းပြည်ကို အမိန့်ပေး ရောင်းစားနေတာ ဘယ်သူလဲ ....
ဖြေ။ ............. သန်းရွှေနှင့် လက်နက်ကိုင် အကြမ်းဖက်သမား တစ်စု
(ဒါက လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ရပ်။)
မေးခွန်း (၂) ။
၂၀၁၀ လွန် ကာလမှာ ....
မေး။ ............... တိုင်းပြည်ကို အမိန်ပေး ရောင်းစားမှာ ဘယ်သူလဲ
ဖြေ။ ............... သန်းရွှေနှင့် လက်နက်ကိုင် အကြမ်းဖက်သမား တစ်စု
ဒါက အနာဂတ် ဖြစ်ရပ်။
မေးခွန်း (၃)
၂၀၁၀ မတိုင်ခင် တိုင်းပြည်၏ အခြေအနေနှင့် ၂၀၁၀ လွန် တိုင်းပြည်၏ အခြေအနေ ဘယ်လို ဖြစ်မလဲ။

ဘာလို့ ပြောနိုင်တာလဲ ။ ရှင်းပါတယ်။
နာဂစ် အခြေခံ ဥပဒေ ... သမ္မတ ၃ ယောက် ရှိတယ်။
၂ ယောက်က ပြည်သူတွေက ရွေးမယ်။ (ကောင်း၏။)
တစ်ယောက်ကို သန်းရွှေက ရွေးမယ်၊ (တိုင်းပြည်ရဲ့ ၃ ပုံ ၁ ပုံ ဆန္ဒမဲက သန်းရွှေမှာ ရှိနေတာပဲ။ အံ့သြ ကုန်နိုင်ဖွယ် ....... ။)
အဲဒီ ၃ ယောက်ထဲက တစ်ယောက်ကို သမ္မတ ရွေးတဲ့အခါ ပါလီမန် စစ်သား အစိတ်သားက ဆန္ဒမဲ ပေးရဦးမှာ။ အဲဒီ စစ်သား အစိတ်သားကို သန်းရွှေက ရွေးဦးမှာ။ (တိုင်းပြည်ရဲ့ နောက်ထပ် ၄ ပုံ ၁ ပုံ ကို သန်းရွေက ဆုံးဖြတ်ဦးမှာ။ အံ့သြ ကုန်နိုင်ဖွယ် ............ ။)
ဒီတော့ သမ္မတ သုံးယောက်ကနေ စစ်သား အစိတ်သားက ရွေးလိုက်ရာ (ဗိုလ်သန်းရွှေ ဆုံးဖြတ်ချက်အရ) ဦးသန်းရွှေ(သို့မဟုတ်)သန်းရွှေ၏ လူယုံ က သမ္မတမင်း ဖြစ်သွားပါရောလား။
ဒီတော့ .......
၂၀၁၀ မတိုင်ခင် ကာလ = ၂၀၁၀ လွန်ကာလာ
ဘာများ ထူးဦးမှာလဲ။
အဲဒီလို မထူးတာကို ... ဘာလို့ ငွေကုန်၊ အချိန်ကုန်ခံပြီး ရွေးကောက်ပွဲ လုပ်နေတာလည်းဆိုတာ စဉ်းစားမရသလို
NLD ကလည်း ဘာလို့ ဝင်မယ် မဝင်ဘူးဆိုတာကို အချိန်ကုန်ခံ တွေးနေရတာလဲ မသိ။
ကိုထိုက်
















