Saturday 26 July 2008

SCANDAL OF USDA LEADERS.

The most civilian members in USDA were involved in big scandal and their cases are under investigation by Bureau of Special Investigation.

U Aye Myint, General Secretary of Yangon Division USDA, U Oo Thar Deputy G.S and Executive Members, U Tin Maung Win and Daw San San Win were involved in misuse of money, materials donated for Cyclone Nergis. But all of above persons are close associate of their immediate boss B-Gen Aung Thein Lin, who is also famous in breach of trust, misuse of donor’s money and corruption.

They might get a pardon because they are on the same boat. In other way, they are above the law.

Reported by Thu Ye Kaung



ကြံ့ခိုင်ရေးဆိုတာဘာလဲ (၁)

နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မြှောက်ပင့်ရေးသားနေကြတဲ့ ကြံခိုင်ရေးအဖွဲ့ဝင်တွေ ဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကူညီကြမဲ့ ကြံခိုင်ရေးအဖွဲ့တွေအကြောင်း ဖတ်နေရပါတယ်။ ဗိုလ်ချုပ်ကြီးများရဲ့ လက်သပ်မွေးထားတဲ့ ခွေးလေးတွေပေါ့ဗျာ။

အစထဲကအဆင့်မရှိတဲ့၊ သိက္ခာမရှိတဲ့၊ အရှက်မရှိတဲ့ လူတန်းစားတရပ်ကို ပြည်သူချဉ်ဖတ်အဖွဲ့နဲ့ ပေါင်းစပ်ပေးလိုက်တော့ ကမ္ဘာပေါ်မှာ သိက္ခာမရှိဆုံးအဖွဲ့တခု ဖြစ်လာရတော့တာပေါ့။ ဒါကိုခေါင်းထဲမှာ ဦးနှောက်မရှိလို့ ခါးကြားမှာသေနတ်ချိတ်ထားရတဲ့ ဗိုလ်ချုပ်တွေက တတ်သမျှနည်းလမ်းပေါင်းစုံနဲ့ သိက္ခာဆယ်ဖို့ ကြိုးစားပေမဲ့ စက္ကူရှား လို့မှင်သာကုန်မယ်၊ ကြံခိုင်ရေးဆိုတာကတော့ ကြာလေပုပ်လေ၊ လဒစာဖြစ်မဲ့ ခွေးသေကောင်ပုပ်ဘဝ ကမတက်နိုင်တော့တဲ့ ဝဲစားအဖွဲ့ဘဝနဲ့ ဘဲရပ်တည်ရမှာပါဘဲ။

ဟော အခုလဲ ကြားရပြန်ပြီဗျာ။ ရန်ကုန်တိုင်း ကြံခိုင်ရေးရဲ့ လေးစားလောက်ဖွယ်ရာ ထိပ်တန်းခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ အတွင်းရေးမှူးဦးအေးမြင့်၊ တွဲဖက်အတွင်းရေးမှူးဦးဦးသာ၊ အလုပ်အမှုဆောင် ဦးတင်မောင်ဝင်းနဲ့ ဒေါ်စန်းစန်းဝင်းတို့ ဆိုင်ကလုန်းက လူတွေကိုဖြတ်စားလပ်စားလုပ်တဲ့ ကိစ္စတွေအလုံးအရင်းနဲ့ လှူဒါန်းလိုက်တဲ့ ငွေတွေကိုဘုန်း၊ အိမ်ဆောက်ဖို့ပေးတာကိုတဲသာဆောက်၊ နောက်ဆုံး ဒန်အိုး၊ ဒန်ခွက်ကအစ အိမ်သယ်တဲ့ကိစ္စတွေဟာ အခုတော့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုရောက်နေပြီတဲ့။ ဒါကလည်း သူတို့အချင်းချင်းထဲက မစားရတဲ့ သူကသဲနဲ့ပက်၊ မနာလိုသူကတိုင်ကြတာပေါ့။

ပျော်တဲ့သူတွေကလည်း ပျော်နေကြပြီ။ ဒီနေရာကိုငါတို့တက်မယ်ပေါ့။ သိပ်တော့လဲမျှော်လင့်မနေကြနဲ့ဦး။ သူတို့စားတာဝါးတာတွေထဲက တာဝန်ခံပြောင်ကြီး(ခေါ်)မြို့တော်ဝန်အောင်သိန်းလင်းဆီ ဘယ်လောက် ပို့ထားသလဲဆိုတာရော သိကြရဲ့လား။ အတူတူဘဲခွင့်ပြုချက်နဲ့ ခွဲဝေစားကြသလားလဲမသိဘူး။

ဗိုလ်ချူပ် ဆိုကတည်းကိုက သူရဲ့ဂုဏ်သိက္ခာတွေနောက်မှာ တိုင်းပြည်ဘဏ္ဌာခိုးသူ၊ အလှူငွေဘုန်းသူ၊ အရှက်မရှိ ဘိုကျ လာဘ်စားသူ ဆိုတဲ့ခေါင်းစဉ်တွေကပါပြီးသားပဲ။ သူခိုးလေးတွေကို သူခိုးကြီးတွေက ကာကွယ်ပေးမှာပါ။ သိပ်တော့စိတ်မပူကြပါနဲ့။ တိုင်းသူပြည်သားတို့ရေ ဤအထက်တွင်ဆိုခဲ့သော ဂုဏ်သရေရှိ လူကြီးသူခိုးတို့က မြန်မာပြည်ကို အုပ်ချုပ်ဖို့အတွက် မဲလိမ်၊ မဲခိုးပြီး တိုင်းပြည်ကောင်းကျိုး ဆောင်မလို့တဲ့ဗျာ။ ကျုပ်တို့ တိုင်းပြည်ကြီးတော့ တိုးတက်တော့မှာ ဧကန်မလွဲပါပဲ။ ဒါက ကြံခိုင်ရေးလောက်ဘဲရှိသေးတာ၊ စစ်တပ်တိုင်းဌာနချုပ်က စစ်ဗိုလ်တွေရဲ့အိမ်တွေမှာ သွားကြည့်ကြပါဦးဗျာ။ ကလေးတွေဆော့ဖို့ရွက်ဖျင်တဲနဲ့ အိမ်ကအလှ မွေးတဲ့ခွေးကို နိုင်ငံခြားကလာတဲ့ဘီစကွတ်ကြွေးပြီးလေဘေးအလှူကရတဲ့ အိမ်ဆောက်ပစ္စည်း၊ လက်သမားကိရိယာတွေကလဲ အလျှံပယ်တဲ့ဗျာ။

ဒါတွေကို ဘဘကြီးဦးသန်းရွှေတစ်ယောက် သိမှသိရဲ့လား။ သိသိကြီးနဲ့ ခိုးလို့ရသမျှ ဆက်ကြေးမြက်မြက်လေးရလို့ ငြိမ်နေသလား။ အေးလေသူတို့က အမြော်အမြင်ကြီးမားကြတာဘဲ၊ ဒါကြောင့်မုန်တိုင်းလာမှာသိလျှက်နဲ့ ထိရောက်တဲ့သတိပေး၊ ကာကွယ်မှုတွေ မလုပ်ဘဲများများသေလေ အလှူများများရလေဖြစ်အောင် လုပ်ခဲ့တာပေါ့။ အခုရသမျှအလှူကနေ ခွဲဝေစားသောက်နေကြတာကတော့ သိသာထင်ရှားလှပါတယ်။

မြန်မာပြည်ကြီး ခိုးသား၊ဓားပြ ရန်မှမြန်မြန်ကင်းဝေးပါစေ။

သူရဲကောင်း။

1 comment:

Anonymous said...

escape goats aha?... hmmm