Friday 24 October 2008

ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီး အကျဉ်းကျခံရသော ၁၃ နှစ်ပြည့် ဆန္ဒပြပွဲ (လန်ဒန်)


အာဏာရှင် နအဖမှ မိမိတို့ ပြဌာန်းထားသော ဥပဒေကိုပင် မလိုက်နာဘဲ ဥပဒေမဲ့ ဒေါ်အောင်ဆန်းစုကြည်အား မတရား အကျဉ်းချထားသော ၁၃ နှစ်ပြည့်မြောက်သောနေ့နှင့် မြန်မာနိုင်ငံအတွင်း အခြားသောမတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် လန်ဒန်ရောက် သံဃာတော်များ အပါအ၀င် မြန်မာ့အရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များက နအဖ စစ်ဗိုလ်များ၏ ကိုးကွယ်ရာဆရာတစ်ဆူဖြစ်သော တရုတ်အစိုးရ ကိုယ်စား လန်ဒန်ရှိ တရုတ်သံရုံးသို့ အကျဉ်းတံခါးများအား ဖွင့်နိုင်သော သော့အား အထိမ်းအမှတ်ပြုသည့် သော့တစ်ချောင်း ပေးအပ်သော ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။


No comments: