Saturday 10 January 2009

နှစ်သစ်မှာ ကျန်းမာရေး ချို့တဲ့နေတဲ့ စစ်အာဏာရှင်ကြီးသန်းရွှေ

မေမြို့စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအပြီး ငလျင်လှုပ်တာကို ကြုံတွေ့လိုက်တဲ့ အကြမ်းဖက်အဖွဲ့ အစည်းရဲ့ခေါင်းဆောင် လူသတ်သမား စစ်အာဏာရှင် သန်းရွှေတယောက် အကြောက်ကြီးကြောက်ပြီး ယတြာချေဘို့ နာဂစ်လေပြင်းမုန်တိုင်းသင့် ဧရာဝတီတိုင်းဆီ ဒရောသောပါး အပြေးအလွှား ရောက်ရှိသွားခဲ့ပါတယ်။

ပုသိမ်မြို့ကို ၂၇ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ရောက်ရှိလာပြီး ၂၈ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ငွေဆောင်ပင်လယ်ကမ်း ခြေကိုရောက်ရှိလာခါ ၂၀၀၉နှစ်သစ်ကိုကြိုဆိုဘို့ ၃၁ ၊ ၁၂ ၊ ၂၀၀၈ နေ့ထိ တေဇ သိမ်းဆည်းလိုက်တဲ့ (CENTRAL HOTEL) မှာနေထိုင်ဘို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကျန်းမာရေးအခြေအနေ ရုတ်တရက် ဆိုးရွားလာတာကြောင့် ၃၀ ၊ ၁၂ ၊ ၂၀၀၈ နေ့မှာ ရန်ကုန်မြို့ကိုချက်ချင်းပြန်လာပြီး ညအိပ်ရပ်နားခဲ့ရပါတယ်။ ၁ ၊ ၁ ၊၂၀၀၉ နေ့မှာ နေပြည်တော်စစ်တန်း လျားနေအိမ်ကို ကျန်းမာရေးချို့တဲ့စွာနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။

စစ်အာဏာရှင်ကြီးသန်းရွှေဟာ ကျောရိုးအရိုးနုကျွံထွက်တဲ့ရောဂါ (Prolapsed Inter-Vertebral Disc) ဖြစ်ပွားနေတာကြောင့် မင်္ဂလာဒုံရှိ တပ်မတော်အရိုးအထူးကုဆေးရုံကြီးမှ အရိုးအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီးလှအောင် နဲ့ ဆေးပညာသည်အဖွဲ့ ကိုခေါ်ယူကုသနေရပါတယ်။

အခြေအနေဆိုးလို့ ခွဲစိတ်ကုသဘို့လိုအပ်ရင် စကာင်္ပူကိုသွားမယ်လို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ လတ်တလော အဲဒီလို PID ရောဂါမျိုး သွားရောက် ခွဲစိတ်ကုသခံနေတဲ့ နာမည်ကြီး ဆရာဝန်ကြီးတဦး စကာင်္ပူ ခွဲစိတ်ဆရာဝန်တွေရဲ့ လက်ချက်နဲ့ အခြေအနေပိုဆိုးသွားတယ် ဆိုတဲ့သတင်းကြောင့် အာဏာရူးကြီး သန်းရွှေတယောက် စိတ်ကျရောဂါ ပါဖြစ်ပွားနေပါတယ်။


အပြစ်မဲ့ ပြည်သူပြည်သားတွေနဲ့ ဘုရားသားတော်တွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကြီး သန်းရွှေဟာ ကိုယ်တိုင် ကျူးလွန်ထားတဲ့ အကုသိုလ် အကျိုးဆက်တွေကြောင့် ဒီဘဝမှာတင် ဘယ်လိုခံစား ရမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါစို့။

8 comments:

Unknown said...

မင်းတို့ ကောင်တွေကလဲ ကောလဟာလတွေ ရေးပြီးရင်းရေးနေပြန်ပါပြီကွာ၊ မင်း ဘလော့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေး မကောင်းဘူ ရေးတာ အခါ တစ်ထောင်လောက်ရှိပြီ။ မကြာပါဘူး၊ ဗိုလ်ချုပ်မှူးကြီးက သတင်းစာထဲမှာ ပါလာရော၊ အခုလဲ မကြာခင် တွေ့၇မှာပါ။ ယောင်္ကျားဆိုရင် ကောလဟာ အတင်းတွေ မပြောနဲ့ကွာ။

swe said...

Thank you for the news.Definitely, Than Shwe's suffering will last for a long time to come.
He has made our Sangas and Citizens suffered for 20 years (or more).

To let him die now, will be too easy escape for evil Than Shwe.

KeithWin said...

IF Than Shwe is really sick, how come it is not announced in other Burmese exile media? I dont think Than Shwe is seriously ill. He may be hiding. This is not the first time your blog and other blogs had reported that Than Shwe is sick and he turned out to be healthy.

myan-law said...

Hee..hee..Idiot!! Ko Htike..
I perceived that u dare not to publish some of my comments..It's ok whether u deleted or not. Keep on digging the hole to reach the HELL. Now u posted the fake information again. Ha..ha. Really funny. I know ur situation...No News..No Money..,right? If I see U Than Shwe's news who r healthy on Myanmar media, I'll give a long comment to you. Prepare to against me.

myan-law said...

Ko..... Don't be angry ..Man!!! Be easy.. Calm down. You want democracy..Right? Why are you so aggressive? I just test your guys temper.. EASY...EASY...
...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee...Hee..hee... to infinity....

မသူတော် said...

မောင်ထိုက်ရေ

ခွေးဝဲစားဆိုတာ ဟန့်ရုံနဲ့မရဘူး..
နောက်တခါလာရင်ေ၇နွေးနဲ့ပတ်..

ဘကြီးလောက်ဖျား

aaa said...

ဘာပဲပြောပြော ဒီသတင်းလေး ကြားနေရတာကို က စိတ်ချမ်းသာ နေတာ

KeithWin said...

IF Dog General Than Shwe is sick like you said Ko Htike, would he be seeking treatment in Singapore? I mean that would be a good news that he is about to die...but he always turned out to be healthy. I hope you are right that He is on his death bed.