Wednesday 11 March 2009

သတိထား

သူငယ်ချင်းရေ့  သတိထာ့း့ 
မပြောမဖြစ်လို့
ပြောတယ်ဆိုတာအမှန်တရား
တကယ်ဆိုအဲ့ဒီလမ်းဟာ
တကယ့်ကိုမာယာအန္တရာယ်တွေများ
အတွေးအခေါ်နဲ့လုပ်ရပ်တချက်မှားသွားရင်
သားစဉ်မြေးဆက်အထိပါလိုက်ပြီး
သမိုင်းမျိုသွားမယ်ဆိုတာမှတ်ထာ့း့  ။

သူငယ်ချင်းရေ့  သတိထာ့း့ 
တချို့သောသူတွေက
တွန်းပို့တာတွေ
မာယာပရိယာယ်ကြွယ်လို့
တကယ့်လုပ်စားနည်းတွေနဲ့
အမှန်တကယ်ကိုတော်ပေသာ့း့  ။

သူငယ်ချင်းရေ့  သတိထာ့း့ 
လူ့သမိုင်းဖြစ်စဉ်ကစလို့ပေါ့
ဒီကနေ့အချိန်အခါထိတိုင်အောင်
ယောင်္ကျားမိန်းမတို့သာလျှင်
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံတွေအဖြစ်
ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြတယ့့်  ။

သူငယ်ချင်းရေ့  သတိထာ့း့ 
အတိတ်ကဖြစ်ရပ်တွေကိုသင်ခန်းစာယူ
လက်ရှိအခြေအနေမှာအမြဲလန်းနေအောင်
ကိုယ်ပိုင်အသိကိုမျှတအောင်ထား
ရှေ့ကိုချီဖို့ ဆက်ကြိုးစားသွား

သူငယ်ချင့်း့ 
မင်းနဲ့ငါနဲ့ကောင်ကောင်းကြီးမှီလိုက်တဲ့
ရှစ်ဆယ့်ရှစ်ကိုပြန်ကြည့်လိုက်စမ်း
စိန်လွင်ခြောက်တန်းတဇောက်ကန်းနဲ့
လေပြေအေးမောင်မောင်တို့ကိုလည်း
ပြည်သူ့အင်အားနဲ့ပဲ
ဖြုတ်ချနိုင်ခဲ့တယ်မဟုတ်လား
အဲ့ဒါဟာ့ 
ဒီမိုကရေစီရဲ့ဖြစ်စဉ်တရာ့း့  ။

သူငယ်ချင်းရေ့  သတိထာ့း့ 
မင်းနဲ့တွေ့တဲ့လူတွေကိုလည်း
တယောက်စကားတယောက်နားနဲ့
စစ်အစိုးရသက်တမ်းရှည်အောင်ပြုလုပ်မဲ့
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲမှာ
မဲသွားမပေးကြဖို့ပြောပေးပါကွာ
စစ်အစိုးရဦးစီးပြုလုပ်တဲ့
အဲ့ဒီရွေးကောက်ပွဲမှာလည်း
သူတို့လူတွေမနိုင်သေးသ၍
စစ်တပ်ကအာဏါကိုဆက်ကိုင်ထားလို့
မြန်မာပြည်သူတွေကို
လက်နက်အားကိုးနဲ့ထပ်ပြီးနှိပ်စက်နေဦးမှာ
သူငယ်ချင်းရေ့  မင်းသတိထားလို့
မဲမပေးကြဖို့ဆိုတဲ့ ငါ့စကားကို
တွေ့တဲ့သူတိုင်းကိုပြောပေးပါ့  ။

ဇာနည်မောင် ( ၂၁့  ၂့  ၂၀၀၉ )

မှတ်ချက် ( ကျနော့ရဲ့ကဗျာကိုဖတ်မိကြတဲ့ ဒီမိုကရေစီလက်တော်သားမျာ့း့  စစ်အစိုးရ
စိတ်တိုင်းကြလူတွေနီးပါးနဲ့ပြုလုပ်ပြီး တရားမျှတမှုမရှိမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မဲသွား
မပေးကြပဲ * မဲမပေးတဲ့နည်း * နဲ့သပိတ်မှောက်ကြဖို့လက်ဆင့်ကမ်းပြောပေးကြပါခင်ဗျား)

2 comments:

lwin said...

hi!
Don't worry about it.When I told my relatives and my fd not to vote it,they said they already know what to do.They hate military regime as well.You are a good poet.
thanks

Anonymous said...
This comment has been removed by a blog administrator.