Wednesday 13 May 2009

ကိုရင် သာဂိ၏ မှတ်တမ်း ၃

ကျွန်တော် မောင်သာဂိ တစ်ယောက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် သိုးဆောင်း ဘာသာ စကား ဖြစ်တဲ့ အင်္ဂလိပ် စကားပြောသင်တန်း တစ်ခု သွားတတ်တယ်။

ကျွန်တော်ထက် စီနီယာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်လို ပြောနေကြတာကို ပါးစပ် အဟောင်းသားပေါ့။ ဒါပေမယ့် သာဂိ တို့ကတော့ အလျော့ပေးလိမ့်မယ် မထင်ပါနဲ့။ နိုင်ငံတော်ကို ကမ္ဘာ့အဆင်မှီ အဆင်းရဲဆုံး ဖြစ်အောင်၊ ပညာရေးအဆင့်အတန်း နိမ့်ကျအောင် ကြိုးစားပမ်းစား ဆောင်ရွက်သွားခဲ့တဲ့ မ၊ဆ၊လ ပါတီ ဥက္ကဌကြီး ဦးနေဝင်းရဲ့ လက်ထက်မှာ တပိုင်းတစ်စ ပညာသင်ယူခဲ့ပြီး၊ မြန်မာ့ ပညာရေးကို မြောင်းထဲရောက်အောင် နေ့ည မအား ကြိုးစားပမ်းစား ဖျက်ဆီးခဲ့နေတဲ့ နဝတ၊ နအဖ လက်ထက်မှာ ကျောင်းတတ် ဘွဲ့တစ်ခု ရခဲ့သူ ပီပီပေါ့၊ .. အေ(A) ကို မြင်တာနဲ့ ရွာကလှည်းဒေါက် ပြောင်းပြန်ထောင်ထားတာကို ကူးရေးထားတယ်ဆိုတာ မဟုတ်မှန်းတော့ သိပါသေးတယ်။ (အဲ .. အဲ .. အဲဒီ ထက်တော့ ပိုမသိဘူး။)

ဒီလိုနဲ့ သင်တန်းမှာ စာလုံးတွေကို အဓိပ္ပါယ်တွေနဲ့ သင်ရတာပေါ့။ အဲဒီမှာ သာဂိ ရှင်းရှင်းလင်းလင်း နားမလည်တဲ့ တချို့ စာလုံးတွေကို စီနီယာတစ်ယောက်က သင်ပေးသွားတာလေးကို ပြန်ပြီး ဖောက်သယ်ချပေးချင်လို့ပါ။

hate ဆိုတာကို ရှင်းပြတာပါ။ dislike(don't like) or opposite of love ပေါ့။

အဲဒီ စာလုံးတွေနဲ့ ဝါကျ လုပ်ပြပြီး ရှင်းပြသွားတာ သာဂိ တစ်ယောက် တသက်လုံး မမေ့တော့ဘူးပေါ့။ သူရှင်းပြသွားတဲ့ ဝါကျတွေက ..

ှုIn Thailand, some of the thai people don't like Thai Army.

In Burma, almost every burmese people hate Burmese Army. တဲ့။

ကဲ ကျွန်တော့်ကို ငတုံး သာဂိ တစ်ယောက် ဘယ်လိုလုပ်ပြီး အဲလို ရှင်းပြတာကို မေ့ဦးမှာလဲ။ hate ဆိုတဲ့ စကားလုံး သုံးနှုံးပုံ ပြောပါတယ်။

အော် ..... မြန်မာ့ မျိုးချစ် တပ်မတော်ကြီးကို ပြည်သူတွေ ဘယ်လောက် ကြည်ညိုကြသလဲ ဆိုတာ၊ .... လမ်းမှာ ခွေးချေးတွေ့ရင် မနင်းမိအောင် ရှောင်သွားကြသလို၊ စစ်သား ဆိုရင် လမ်းမက ခွေချေးလို လူတွေက ရှောင်နေကြတာ တပ်မတော်သားတွေ သိမှ သိပါလေစ ... လို့ သာဂိရဲ့ မှတ်တမ်းထဲ တို့ထိ မှတ်တမ်း တင်လိုက်ရပါတယ်။

ချင်ခင်လေးစွားမေတ္တာထား၍

ကိုရင်သာဂိ


No comments: