Saturday, 3 October 2009

မှောင်ရိပ်ခိုမှု

(www.kaungkin.com မှ ရယူထားပါသည်။)


ကျုပ်ဒီလိုစကားပြောလိုက်ရင်

ခင်ဗျားတို့က ရှုးချင်ယောင်ဆောင်လိုက်ပြီ



ကျုပ်ဘေးထိုင်နေသူက

ဒီအခန်းလေးထဲရောက်တာထက်

သူ့အမေတွက်ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်လေး

သူတို့ စားသွားတာဝမ်းနည်းနေရှာတယ်..။



တစ်ယောက်သောလူငယ်လေးက

ကျောင်းသားကတ်ဆွဲဖြဲပြီး

စစ်တပ်ထဲဝင်မလားနဲ့ ဒီအထဲသွားမလားမေးခွန်းမှာ

ဒုတိယမေးခွန်းကိုရွေးလိုက်လို့

ဂုတ်ဆွဲခ်ါလာခံခဲ့ရတာ

အရွယ်က ဆွဲခေါ်လာခဲ့သူရဲ့ အကြီးဆုံးသားသာသာ



အဘကြီးကတော့

အသက်ကြီးလို့မထိန်းနိုင်လို့

လမ်းဘေးမှာအပေါ့သွားမိတုန်းလေး

ဝုန်းခနဲ ဆွဲလာခံရတာ

သားအရွယ်တွေဆဲခံရတာ ရှက်လိုက်တာကွာတဲ့

ဒီလိုနေရာထောင်မှာ ခပ်ပျော့ပျော့စကားပြောကောင်းတုန်း…။



ဟိုထောင့်က သူတောင်းစားလေး

စည်ပင်မြေမှာ ငွေဝင်ရှာမိလို့

တာဝန်ရှိသူကြီးများရဲ့

မှတ်လောက်သားလောက် သင်္ခန်းစာထောက်လိုက်တာတဲ့

မပျော်သုံးလပျော်သုံးလ

သေချာတာကတော့

ရှေ့တန်းကိုပေါ်တာပါမယ့်စာရင်းမှာ ထိပ်ဆုံးအဆင့်ခင်ဗျာ..



ကျုပ်ကလား

ကျုပ်လက်ထဲမှာရှိတာထမင်းချိုင့်

ဒီနေ့ကျုပ်ဝင်ငွေက ကျုပ်မယားရဲ့ဆေးဖိုး

ကျုပ်သားကခင်ဗျားအရွယ်

ခင်ဗျားလည်းမြင်တယ် ကျုပ်မှတ်တိုင်ထဲမှာရပ်နေခဲ့ပါတယ်ဆိုတာ..

အခုလိုဆိုလိုက်တော့လည်း

ကျုပ်စကားခင်ဗျားနားလည်သားနဲ့

မှောင်ရိပ်ခိုမှုတဲ့



ဆိုရအောင်ကလည်း

ရေတမံပေါင်း ရှစ်သောင်းလေးထောင်

မိဂါဝပ်သန်းပေါင်းကုဋေ

သတင်းစာမှာ လျှမ်းလျှမ်းဝေနေပါတယ်

တစ်ခုဘဲမေးပါရစေ

ကျုပ်မှောင်ရိပ်ခိုတယ်ဆိုရအောင်

ဘယ်မလဲအလင်းရောင်……



တစ်ညလုံးစစ်ကြောရေးပြောင်းဖို့

အချိန်ကောင်းစောင့်ခံနေရတဲ့ နိုင်ငံရေးသမားလေး

ဒဏ်ရာတွေကြားကဘဲ အဲသလို

ဒဏ်ရာအိုင်းအနာတွေကို တွေ့မိတက်ခေါက်လိုက်သေးရဲ့…

ဒဏ်ရာနာမည်က ဘာတဲ့”မှောင်ရိပ်ခိုမှု” တဲ့ ….။ ။



(ရွက်သစ်)။

(….)April 29, 2009.

04:00 am.

2 comments:

lwin said...

fantastic!
i like your poem. keep it up.

Anonymous said...

ကျနော်ပြောမယ်ဗျာ.. အနာဂတ် ကျောင်းစာ သင်ခန်းစာ လိုမျိုး curriculum တစ်ခုခုထဲ ထည့်သင့်တယ်ဗျာ။ ခေတ်ကို တကယ် ဖေါ်ပြနိုင်တယ်လို့ ခံစားမိတယ်။ ကျေးဇူးဗျာ-ကဗျာဆရာ ရွက်သစ်ရေ....