Saturday 7 November 2009

သံဝေဂတရားရယူနိုင်သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ဖြစ်ရပ်။

၎-၁၁-၂၀၀၉ ရက်နေ့က နာမည်ဆိုးနဲ့ ကမ္ဘာကျော်လှတဲ့ အင်းစိန် အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို နိုင်ငံခြားရေးဝန်ထမ်းဟောင်း တဦး၏ မေတ္တာရပ်ခံချက် အရ ရေးသားတင်ပြအပ်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်မကြိုင်တို့ရဲ့ သမီးနှစ်ဦးဖြစ်တဲ့ မပြုံးပြုံးရွှေနဲ့ မသန္တာရွှေတို့ နှစ်ဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘာအလုပ်မှလုပ်စရာ မယ်မယ်ရရမရှိဘဲ အလုပ် ခန့်ထားခံခဲ့ရပါတယ်။ အလားတူ အခြားစစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အတော်များများဟာလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝင်ရောက် လုပ်ကိုင်လာကြပါတယ်။ အကြောင်းကတော့ နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးတွေမှာ သွားရောက်တာ ဝန်ထမ်းဆောင်နိုင်ဘို့ပါ။

မူလကတည်း အရည်အချင်း မရှိမှန်းသိကြပေမဲ့ အာဏာရှင်တွေရဲ့ အမိန့်တွေကို မလွန်ဆန်ရဲကြတာကြောင့် အရည်အချင်းပြည့်မှီပြီး တဆင့်ပြီးတဆင့် တာဝန်ထမ်းဆောင်ရင်း စာမေးပွဲဖြေဆို အောင်မြင်လာကြတဲ့ ဝန်ထမ်းကောင်းတွေထက် အာဏာရှင် သားသမီးတွေကို ဦးစားပေး စေလွှတ်ခဲ့ရပါတယ်။

“ဦးဝင်းအောင်” နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်ကာလ တပ်ချုပ်ကြီးရဲ့ သမီးကြီး ပြုံးပြုံးရွှေမှာ ဂျနီဖာရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေပြီး သမီးငယ် သန္တာရွှေမှာ ပီကင်းရှိ မြန်မာသံရုံးတွင် တာဝန် ထမ်းဆောင်လျှက်ရှိပါတယ်။ တပ်ချုပ်ကြီးကတော် ဒေါ်မကြိုင်က အဲဒီ သမီးနှစ်ယောက်စလုံးကို စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ရာထူးတိုးမြင့် ပြောင်းရွှေ့တာဝန်ပေးရန် ဝန်ကြီးဦးဝင်းအောင်အား ညွှန်ကြားခဲ့ပါတယ်။

ဝန်ကြီး ဦးဝင်းအောင်က သမီးနှစ်ဦးအား တပြိုင်တည်း ပြောင်းရွှေ့တာဝန်ပေးပါက အများ ဝေဖန်ခံရမှာ စီုးရိမ် တာကြောင့် အကြီးမဖြစ်တဲ့ ပြုံးပြုံးရွှေတဦးကိုသာ ပြောင်းရွှေ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ သမီးငယ်ဖြစ်သူကို ကာလ အတန်ကြာစောင့်ပြီးမှ ပြောင်းရွှေ့ပေးမယ်လို့ ဆုံးဖြတ်စီစဉ်ခဲ့ပါတယ်။

သမီးကြီး ပြုံးပြုံးရွှေရဲ့ အမိန့်စာထုတ်ပြန်ပြီး မကြာခင် ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့အတူ ဝန်ကြီး ဦးဝင်းအောင်ဟာ အာစီယံအစည်းအဝေး တက်ရောက်ဘို့ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တပ်ချုပ်ကြီးကတော် ဒေါ်မကြိုင်တယောက် သူ့အမိန့်ကို မလိုက်နာတဲ့ ဝန်ကြီး ဦးဝင်းအောင်အပေါ် ဒေါသပုန်ထပါတော့တယ်။

ခရီးစဉ်က ပြန်ရောက်ရောက်ခြင်း ဝန်ကြီးဦးဝင်းအောင်ကို တာဝန်မှာ ရပ်ဆဲ အလုပ်ထုတ်ခဲ့ပါတော့တယ်။ ဝန်ကြီး ဦးဝင်းအောင်က သူ့ရည်ရွယ်ချက် အစစ်အမှန်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ် တွေကို နည်းမျိုးစုံနဲ့ရှင်းပြပြီး ဒေါ်မကြိုင်အား ရှင်းလင်းတင်ပြပေးပါရန် တောင်းပန်ခဲ့ပေမဲ့ အရာမရောက်ခဲ့ တော့ပါဘူး။ ဒေါ်မကြိုင်ရဲ့ တချက်လွှတ် အမိန့်ကြောင့် သူ့ရဲ့တောင်းပန်ချက်ကို ဗိုလ်ချုပ်ခင်ညွှန့်လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒေါ်မကြိုင်ရဲ့ အမုန်းတရားက အဆုံးမသတ်သေးပါဘူး။ ဦးဝင်းအောင်ကို ထောင်ထဲအထိ ပို့ဘို့ကြံရွယ်ပါတယ်။ ဦးဝင်းအောင်က ပွဲစားကတဆင့် မိမိတရားဝင် ပိုင်ဆိုင်ထားတဲ့ ကားတစင်းကို ရောင်းချထားခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်အမည် မပြောင်းလဲရသေးပါဘူး။ ဒါကို စုံစမ်းသိရှိထားတဲ့ ဒေါ်မကြိုင်က အခွင့်ကောင်းယူပြီး ကြံစည်ပါ တော့တယ်။

ရှမ်းပြည်ဘက်မှာ ဘိန်းဖြူ သယ်လာတဲ့ ကားတစင်းကို ဖမ်းမိလို့စစ်ဆေးရာ ကားပိုင်ရှင်မှာဝန်ကြီး ဦးဝင်းအောင် ရောင်းချထားသော ကားဖြစ်နေပြီး ဆက်လက်စစ်ဆေးရာ အဆိုပါကားမှာ တရားမဝင်တဲ့ ကားအဖြစ် စစ်ဆေးတွေ့ရှိကြောင်း လုပ်ကြံဇာတ် ဖန်တီးခါ ဦးဝင်းအောင်ကို ထောင်ဒဏ် (၇) နှစ်ကျခံစေပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပါတော့တယ်။

ဦးဝင်းအောင်ဟာ တပ်မတော် ထောက်လှမ်းရေးမှာ ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ခါ ဂျာမဏီနဲ့ အင်္ဂလန်ရှိ မြန်မာသံရုံးမှာ သံအမတ်ကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် နှိုင်းယှဉ်ပါက အလွန် အရည်အချင်း သာလွန်သူဖြစ်ကြောင်း သံတမာန်လောကမှ အသိအ မှတ်ပြု လက်ခံထားကြပါတယ်။

(စစ်အာဏာရှင်ခိုင်းသမျှ မှန်မှန်မှားမှား တာဝန်ယူဆောင်ရွက်ပေးနေကြသူတွေအားလုံး ဒီဖြစ်အပျက်ကနေ အမှန်ကိုသိမြင်ကြပြီး သံဝေဂတရားရယူနိုင်ကြပါစေ။)

လေးစားစွာဖြင့်၊
သူရဲကောင်း။

3 comments:

pan pan said...

ကျမတို့မြန်မာလူမျိုးတွေလဲ ဘယ်လိုဖြစ်ကြတယ်မသိဘူး သေတဲ့လူဆို အကောင်းပြောချင်တာ ရှိတုံးကမှ မကောင်းဘူးဆိုရင် မပြင်ပြောနဲ့တော့လေ မကောင်းရင် မကောင်းဘူးပေါ့ ဒေါ်စုကို နိမ့်ချဝေဖန်ခဲ့တာဘဲ ဘာမှ ကောင်းစရာ မရှိပါဘူး

Unknown said...

သေတဲ့လူကို အကောင်းပြောတာ၊မပြောတာက
အရေးမကြီးပါဘူး။ လူတွေကိုအာဏာနဲ့ ရက်ရက်ဆက်ဆက် ဒုက္ခတွေအမျိုးမျိုးပေးနေတဲ့
သန်းရွှေနဲ့မကြိုင်တို့ရဲ့လုပ်ရပ်ကသာ၊ အဓိကပါ။

aunghtut said...

ဒီထက်ဆိုးတာတွေအများကြီးရှိသေးတယ်