Friday 9 April 2010

မတရားသည့် ရွေးကောက်ပွဲ ဥပဒေများအပေါ် NLD ၏ ဆန့်ကျင်မှုအား ထောက်ခံ ကြိုဆိုသည့် အခမ်းအနား ဖိတ်ကြားလွှာ

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ စစ်အုပ်စုမှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် လူထုကို မျက်နှာမှု၍ ပါတီရပ်တည်မှုထက်၊ တနိုင်ငံလုံး၏ အမျိုးသား အကျိုးစီးပွားကို ဦးတည်သောကြောင့် .....

ကျွန်ုပ်တို့ ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အခန်းအနားတစ်ခုကို ကျင်းပမည် ဖြစ်ပါသဖြင့် ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အဆိုပါ ထောက်ခံပွဲ အခန်းအနားသို့ မပျက်မကွက် တတ်ရောက်နိုင်ကြပါရန် မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ၁၁ရက်၊ ဧပြီလ ၂၀၁၀

အချိန် ညနေ ၆နာရီ မှ ၈နာရီအထိ

ကျင်းပမည့် လိပ်စာ

117-125, West Hendon Broadway,

London, NW9 7BP (Map Here) BUS 142, 32.

မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)

Dear friends,

We would like to invite you to attend the supporting of NLD decision on unjust electoral law of the SPDC regime.

On the 29th of March, the National League for Democracy (NLD) to reject party registration and not take part in the Burmese election. National League for Democracy (NLD) chooses to continue to stand together with the people of Burma by rejecting the regime's sham election. They made history.


Therefore, we all need to come together to Support for National League for Democracy (NLD) party’s decision for Burma

Could you also please kindly forward or send a message to your friends to support for NLD?

Date:
11-04-2010

Time
:
18:00 to 20:00


Place
:
117-125, West Hendon Broadway,

London, NW9 7BP (Map Here) BUS 142, 32.


In Solidarity,

Burma Initiative Coordination Committee

2 comments:

victorOway said...

ကာစက်စတန်နိုင်ငံကိုအတုယူကြ။ တိုက်ပွဲဝင်ကြ။
ကျုပ်တို့ ဒီတကြိမ်တိုက်ပွဲက အဲဒီလို မြို့ ပြလူထုတိုက်ပွဲကို ဖော်ဆောင်ရမယ်။ တွေ့  တယ်မဟုတ်လား လူထုတိုက်ပွဲလည်းစရော မြို့ ပြပြောက်ကျားတွေက မျက်နှာမှာ အ၀တ်စည်းပြီး သေနတ်နဲ့  အစိုးတပ်ကိုပြန်လည်ခြေမှုန်းနေတဲ့မြင်ကွင်းတွေ။ ပျုပ်တို့ ဒီလိုတိုက်ရမယ်။ ဒီလိုလူထုတိုက်ပွဲကိုဖော်ဆောင်ရမယ်။ ဒီတိုက်ပွဲကဒီတကြိမ်ပဲရတော့မယ်။ တကမ္ဘာလုံးက မစစ်မှန်တဲ့အစိုးရတွေကို ဒီလိုရဲရဲရင့်ရင့်တိုက်ပွဲဝင်ပြီး လူထုအာဏာကိုအမ်အရစိုက်ထူပြစ်ရမယ်။ ဒါမှလူထုအုပ်ချုပ်ရေးဖြစ်လာမယ်။ အခုဖြစ်သွားတဲ့နိုင်ငံကလူထုတိုက်ပွဲနဲ့ ကျုပ်တို့ နိုင်ငံနဲ့အကိုက်ပဲဖြစ်နေတယ်။ ဒီလိုမှမဟုတ်ပဲ ဒီအတိုင်းပဲလူထုက မျှောလိုက်နေမယ်ဆို အဲဒီလူထုနဲ့ ပဲထိုက်တန်တဲ့ အစိုးရကိုရလာပါလိမ့်မယ်။ အမိမြေစစ်အာဏာရှင်စနစ်ကအမြန်ဆုံးလွတ်မြောက်စေချင်ရင် ကျုပ်တို့ ရဲ့ စိတ်ဓါတ်တွေကိုမြင့်တင့်ပြီး လူထုတိုက်ပွဲမှာ အားလုံးပါဝင်တိုက်ပွဲဝင်ကြပါ။

ရဲဘော်ဂျာကြီး

victorOway said...

သင်္ကြန်ဆိုတော့ပြောရဦးမယ်။ရှေ့ တန်းထွက်ရင်းတခူးနွေရဲ့ ပူပြင်းမှုတွေကြောင့် နောက်နှစ်အတွက်တောင်ယာခုတ်ထားတဲ့မီးလောင်ပြင်ကြီးကိုဖြတ်ရတာပူပြင်လို့ နေပေါ.။ မောလည်းမောဟိုက်၊ ဒီလိုနဲ့ -ဟိုးအဝေးကမြင်နေရတဲ့ထင်းရူးတောတန်းနဲ့ ဝါးရုံစိမ်းစိမ်းလေးထဲအရောက်သွားပြီးနားမှပဲဆိုပြီးအားတင်းရင်းသေနတ်ကိုထမ်း-- ၀ါးရုံစိမ်းစိမ်းလေးအောက်မှာ ပူအိုက်လွန်းလို့ ဆောင်းထားတဲ့ ဦးထုတ်ကိုချွတ်ပြီးယက်ခတ်ပြီး လေးနုအေးလေးကိုမျှော်ရှိုက်ရင်း--ရုတ်တရက်--ဗွမ်းဆို--ကျနော့ကျောပြင်ပေါ်သို့ အေးစက်လှတဲ့သင်္ကြန်ရေအေးလေး-ရင်ကိုလန်းဆန်းသွားတာပဲ-- ဘယ်သူလည်းလို့ ကြည့်လိုက်တော့--တောင်ပေါ်ကရင်ရွာထဲက ကလေးလေးတစ်ရောက် ကျနော့ကိုပြုံးပြီး-လက်တဘက်မှာလည်း ၀ါးဆစ်ဘူးလေးကိုင်လို့ --ကျနော့်တော်လှန်ရေးဘ၀မှာ-အဲဒီလိုရှားပါးတဲ့သင်္ကြန်လေးကိုသတိရနေဦးမှာပါ။