ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာရေး
မြန်မာပြည်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတပြောလိုက်တဲ့ မိန့်ခွန်းက ခုတလော လူပြောများလာပါတယ်။
"အစိုးရသစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ အဲဒီလို ဖြစ်နိုင်ဖို့အတွက် အစိုးရ လုပ်ငန်းများဟာ ပွင့်လင်းမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီပြီး အားလုံး ပါဝင်နိုင်မှု ရှိရမယ်၊ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိရမယ်။" (သမ္မတ ဦးစိန်းစိန်)
ဦးသိန်းစိန် ပြောတာတွေကလည်း ပြောတာပေါ့။ တကယ်တန်း အဲဒီလို ပြောတာတွေဖြစ်တဲ့ ."ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့" ဆိုတာတွေအတွက် သမ္မတရာထူးယူထားတဲ့ လူက ပြောတိုင်း ဖြစ်လာတဲ့ အရာမဟုတ်ဘူးဆိုတာ ပြောတဲ့သူကိုယ်တိုင် သိဖို့ကောင်းတယ်။ အဲလို အစိုးရဖြစ်လာဖို့ဆိုရင် "ပါလီမာန်(ဥပဒေပြု အာဏာ)၊ အစိုးရအဖွဲ့အစည်း(အုပ်ချုပ်
ပထမ တချက်အနေနဲ့ အားကောင်းတဲ့ အတိုက်အခံမရှိအောင် ရွေးကောက်ပွဲမှာ အစီအစဉ်တကျ နည်းမျိုးစုံနဲ့ တားမြစ်ထားတဲ့ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ပါလီမာန် (ဥပဒေပြု အာဏာ)ကနေ အတည်ပြုလာမယ့် ဥပဒေတွေဟာ "တရားမျှတပါရဲ့လား၊ သန့်ရှင်းပါရဲ့လား၊ လူတစ်စုကိုပဲ ကိုယ်စားပြုတဲ့ ဘက်လိုက်မှုဆိုတာတွေ ကင်းနိုင်ရဲ့လား၊ ပြည်သူ့ကောင်းကျိုးကို ဖြစ်ပေါ်လာစေမှာလား" ဆိုတဲ့ မေးခွန်းတွေကို ဦးသိန်းစိန် အရင်ဖြေသင့်ပါတယ်။
ဒုတိယ အချက်အနေနဲ့ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ယူထားပြီး ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ သမ္မတက နိုင်ငံရဲ့ "တရားစီရင်ရေးအာဏာ" ရှိမယ့် တရားသူကြီးချုပ်ကို တိုက်ရိုက်ရွေးချယ် ခန့်ထားနိုင်ခွင့်ရှိသလို၊ အချိန်မရွေးလည်း ရာထူးကနေ ထုတ်ပယ်ပိုင်ခွင့်ရှိနေပါတယ်။ ဒီအချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်အင်မတန်ကြီးတဲ့ အချက်ဖြစ်သလို သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်လာဖို့အတွက် အဓိက တားဆီးနေတဲ့ အချက်ဖြစ်နေတယ်ဆိုတာ မိန့်ခွန်းမပြောခင် သမ္မတအနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်ထင်ပါတယ်။ (ဥပမာ အစိုးရ အဖွဲ့အစည်း (ဒါမှမဟုတ်) သမ္မတက ဥပဒေ ချိုးဖေါက်တာလုပ်ရင် တရားသူကြီးချုပ်က အရေးယူလို့ မရတော့ပါဘူး။) ဘာလို့လဲဆိုတော့ အဲဒီ တရားသူကြီးချုပ်ကို သမ္မတက အချိန်မရွေး ဖြုတ်လို့ ရနေလို့ပါပဲ။ .. သမ္မတရဲ့ ဥပဒေ ချိုးဖောက်မှုတွကို အရေးမယူမယ့် တရားသူကြီးချုပ်ကိုပဲ ရွေးချယ်ခန့်မှာ ဖြစ်နေလို့ပါပဲ။ တရာစီရင်ရေးနဲ့ ဥပဒေရေးဆွဲရေးလုပ်ရာမှာလည်း တရားသူကြီးချုပ်က သမ္မတ မျက်နှာကို ကြည့်ပြီး လုပ်ရမှာ ဖြစ်တာကြောင့် .. သမ္မတနဲ့ အစိုးရအဖွဲ့ကို မထိခိုက်မယ့် ဥပဒေတွေကို ရေးဆွဲပါတော့မယ်။ ဒီအခါ တိုင်းပြည်ဟာ ပြည်သူလူထုကို အန္တရယ်ပေးမယ့် "state terrorism" ဖြစ်လာပါတော့မယ်။ အစိုးရအဖွဲ့အစည်းကို အရေးယူလို့ရမယ့် တရားစီရင်ရေး စနစ် မရှိတာကြောင့် သန့်ရှင်းတဲ့ အစိုးရဖြစ်လာစရာ လမ်းမရှိပါဘူး။ ဒါကြောင့် လက်ရှိ အခြေခံဥပဒေအရ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာရေး ဆိုတဲ့ စကားလုံးကို ပြောနိုင်ဖို့ ဦးသိန်းစိန်က ဘယ်လို အချက်မျိုးနဲ့ ထောက်ပံ့ပြောဆိုနေလဲ ဆိုတာမေးဖို့ လိုလာပါတယ်။
အုပ်ချုပ်ရေး အာဏာ အပိုင်းမှာလည်း ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေအရ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ နောက်ပိုင်းမှ ထပ်မံ ဆွေးနွေးပါ့မယ့်။
လေးစားစွာဖြင့်
ကိုထိုက်