တိုင်းပြည် အပြောင်းအလဲ
"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင် ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊ မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊ လယ်ကွင်းတွေကြည့်” .. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့ ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား စတဲ့ နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို မြန်မာနိုင်ငံသားတွေ “က” နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် … မြန်မာပြည်ဟာ ဒီမိုကရေစီတိုင်းပြည် ဖြစ်နေပါတယ်ဆိုတာ ..
၁။ ရွေးကောက်ပွဲဆိုတာ ရှိရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၂။ စစ်ယူနီဖေါင်း ချွတ်ပြီး ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်းရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး
၃။ နိုင်ငံရေး အကျဉ်းသားတွေ အယောင်ပြ လွှတ်ပြရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၎။ အစကတည်းက မလုပ်သင့်တာတွေကို လုပ်ခဲ့ပြီး .. အဲဒီ မလုပ်သင့်တာတွေကို ခဏလောက် ရပ်ပေးလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၅။ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စကားပြောရုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၆။ ပါလီမာန်ဆိုတဲ့ အဆောက်အအုံထဲမှာ ဟိုမေး၊ ဒီဖြေလုပ်နေရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၇။ အစကတည်းက မတားသင့်တဲ့ သတင်းစီးဆင်းမှု လုပ်ငန်းတွေ၊ ပြည်သူတွေ ပြောဆိုခွင့် အခွင့်အရေးတွေကို စံချိန် မမှီတမှီ ခွင့်ပေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၈။ လူ့အခွင့်အရေး ကော်မရှင် နာမည်တပ်ပြီး လူတစ်စုကို အဲဒီကော်မရှင်မှာ လုပ်ကွာလို့ ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၉။ တရားမဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကို လိုက်နာပါတယ် ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့မရဘူး
၁၀။ အလုပ်သမား သမဂ္ဂ (သူတို့အဆို) အလုပ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ပေးရုံနဲ့ သတ်မှတ်လို့မရဘူး
အဲဒါတွေ လုပ်ပြရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ရင်တော့ မြန်မာနိုင်ငံသားတွေဟာ မကြာခင်မှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်၊ ဖီလစ်ပိုင် .. စတဲ့ နိုင်ငံတွေမှာ ကျွန်ဇာတ်ကဖို့ ဇာတ်တိုက်ထားကြရတော့မှာ သေချာတယ်။
ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ချင်ရင် …
၁။ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး
(တိုင်းပြည်လုံခြုံရေး အကြောင်းပြပေမယ့် လက်တွေ့မှာ သေချာတာက တိုင်းရင်းသား တပ်တွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာထက် ကျော်ပြီး စစ်လိုက်မတိုက်ဘူး)
၂။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖွင့်မနေဘဲ .. နိုင်ငံရေး အကျဉ်းသားလို့ သံသယ ရှိသူအားလုံးကို ချက်ခြင်းလွှတ်
၃။ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေးစီ ဖေါ်ဆောင်ခွင့်ထဲပါ လွတ်လပ်စွာ ပါဝင်နိုင်ခွင့် ဖန်တီးပေး၊ ပြီးနောက် ပါဝင်လာအောင် တိုက်တွန်း နှိုးဆော်ပေး။
(ဒီမိုကရေစီဆိုတာ .. ဒီလို၊ ဟိုလို ဆိုပြီး အုပ်ချုပ်သူက ဝင်ပြီး ဆရာလုပ်စရာ မလို၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အသံတွေ တုံ့ပြန် ဆောက်ရွက်ရတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ပြည်သူတွေက လူညံ့တွေ မဟုတ်ဘူး။)
၎။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖန်တီးပေး
(အဲဒီ အသင်းအပင်းတွေက အစိုးရနဲ့ ပြည်သူကြား ထိန်းညှိပေးနိုင်မှာ ဖြစ်ပြီး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံရေးတွေကိုလည်း ထိန်းကွပ်နိုင်မှာ ဖြစ်တယ်။)
ဒါတွေ လုပ်ဆောင်ပြီးမှသာ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။
28 comments:
Get it right first time. Then it will right more in next time.
Be positive, sincere, open, transparency and constructive...then you are a winner. Today people are looking for these, actually. Those are already enough sick with current make over things..
စာရေးတဲ့ ဆရာလေးကိုလေးစားမိတယ်.
ညတိုင်းလိုလို မြန်မာ့အရေးကို အနဲဆုံး၆နာရီလောက် ကျွန်တော်တို့  ဇနီးမောင်နှံ ဖြတ်ကူးလေ့ရှိပါတယ်၊ မြင်တွေ့ ခံစားရတာတွေကြောင့် အင်တာနက်ကထွက်လိုက်ပြီးရင် ရင်မှာမောရတယ်၊စိတ်မကောင်းတာတွေ၊နိုင်ထက်စီးနင်းလုပ်ရပ်တွေကိုအံကျိပ်ခံရင်းသေဆုံးကြရရှာတဲ့တောတောင်၊မြို့ နေလူတွေရဲ့  လူမှုဆင်းရဲခြင်းတွေ၊အားလုံးငြိမ်းကြပါစေ၊၊
ဒီဆောင်းပါးလေးကို ပြည်ပ အသံလွှင့်ဌာနများမှတဆင့်
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ သတိပြုမိစေရန် ပေးပို့
ထုတ်လွှင့်သင့်ပါတယ်။
လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..
Myanmar Online Mp3 Songs: http://www.myanmaronlinemusic.com
ကျေးဇူးပါ...
မြန်မာပြည်ကို ချစ်သူတိုင်း စစ်မှန်တဲ့ ပြောင်းလဲမှုကို မြင်တွေ.ခြင်ပါတယ် သို.သော်... ၀မ်းနည်းစရာကောင်းတာက..
အိမ်နီးခြင်း အာဆီယံနိုင်ငံတွေနဲ့. တရုတ် ကုလား ခေါင်းဆောင်များသည် မြန်မာပြည်သူတွေ မျက်နှာကို မထောက်ထား ကိုယ်ကျိုးသာ
ကြည့်တဲ့စိတ်ဓါတ်တွေကြောင့် သူတို.နဲ. စိတ်ဓါတ်ခြင်းတူတဲ့ Corrupt မြန်မာဗိုလ်ချုပ်ကြီး များကို ပံ့ပိုးကူညီထောက်ခံ နေကြသရွေ. စစ်မှန်တဲ့ ဒီမိုကရေစီစံနစ် မြန်မာ့မြေမှာ ပေါ်လာဖို. မလွယ်ပါ။
It is impressive the number one is peace rather than release of prisoners.
If everybody in the country gets freedom to think, talk, act and choose and that right is upheld by rule of law, the details do not matter. Burma will be peaceful, prosperous and happy.
Currently even if there is success of various deals by the players, domestic and foreign, Burma is heading towards easy money and being slave labourers, vendors of various state assets with destruction of traditional family and social structure and community values in exchange for sprawling decadent drug and disease infested urban slums.
မြန်မာ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့်ရန်သူ ဆိုတာ အဝေးကြီးကို လှမ်းကြည့်မနေပါနဲ့ .....
ဒုတိယကမ်ဘာစစ် အင်္ဂလိပ်နယ်ချဲ.တပ်တွေ မြန်မာပြည်ကို ဘယ်လိုသိမ်းခဲ့တာလဲ ...( 3 M ) လို.ခေါ်ပါတယ်။
ပထမဆုံးရောက်လာတာ ဘာသာရေး တရားဟောဆရာတွေ။(Missionary)။
ဒုတိယရောက်လာတာက ကုန်သွယ်စည်းပွား
ရေနံနဲ.သစ်ကုန်သည်တွေ(Mercantile)
သူတို.စည်းပွားရေး လုပ်ငန်းကြီးတွေရဲ. ဂုတ်သွေးစုတ်တာ ကို ပြည်တွင်းကမြန်မာတွေ မခံမရပ်နိုင် ဆူပူအုံကြွ ကြတော့မှ... အင်္ဂလိပ်နယ်ချဲ.က လက်နက်ကိုင်တပ်တွေ (Military)နဲ.
မြန်ပြည်ထဲ ဝင်ရောက် သိမ်းပိုက်တော့တာ ပါပဲ ။
ယခုလဲ တရုတ်ပြည်သား တစ်သန်းခွဲ မြန်မာပြည်တွင်းမှာ ဘီလျှံချီတဲ့ စည်းပွားရေး လုပ်ငန်းကြီးတွေကို ကြိုးကိုင်ချယ်လှယ် နေကြတာ ဆယ်စုနှစ်ထဲ ရောက်လာပြီ။ နောက်ထပ်လဲ လာဖို.အစီအစဉ်တကျ လုပ်ထားတာတွေ များစွာ ရှိသေးတယ်။
ဒီလောက်အင်အားကြီးပြီး နီးကပ်စွာရှိနေတဲ့ တိုင်းတပါးသားကို ယုံယုံကြည်ကြည်နဲ. တိုင်းပြည်စည်းပွား လယ်ယာမြေ မြစ်ကြောကြီးတွေ ကအစ ထိုးအပ်သင့်သလား။
ဘယ်သူတွေ ဘယ်လိုအမျှော်အမြင်နဲ. စီမံလုပ်ဆောင်ခဲ့တာလဲ။
အရေးကြုံလာရင် ဒီလောက် အင်အားကြီးပြီး နီးကပ်လှတဲ့ တိုင်းတပါးသားကို ကာကွယ် အာခံနိုင်တဲ့ စွမ်းအား မြန်မာပြည်မှာ ရှိလို.လား...။ စဉ်းစါးဆင်ခြင်သင့်လှပါတယ်။
တိဘက်ကို နမူနာယူကြပါ။ မြန်မာတပ်သားလေးတွေ ပြည်သူတွေရဲ. အသက်တွေ ဘဝတွေကို ဖြုံးကြအုံးမှာလားဆိုတာ မတွေးဝန်.တော့ပါ။
လာသွားတယ်နော် ။ ဒီပို့စ်ကို အိမ်မှာပြန်ချိတ်လိုက်တယ်။ အကြိုက်တွေ့သွားလို့နော်။
UK Independent Schools
Hi,Impressive blogs! Visit us back too: http://ads.com.mm/?cid=4fd60e2be4b0fa6db841e334&utm_campaign=ads_mm_lb_blog_gverano&utm_source=ads_lb_blog&utm_medium=lb_blog
myanmar social network
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
စစ်မှန်တဲ့ ပြောင်းလဲမှုကို မြင်တွေ.လိုပါတယ် ... အားလုံးပါဝင်ပြောင်းလဲနိုင်ဖို့လည်း လိုပါတယ် ...
ခုချိန်ထိတော့ ဘာမှကိုမပြောင်းလဲသေးပါ ။ အပေါ်ယံရွှေမှုံကြဲ အထဲမှာ့။ ။
I love your site! You will be in our prayers and thoughts! Nice and informative post
on this topic thanks for sharing with us.Thank you
Real Estate Publicity
Multimedia Presentation
epoxy coatings
glue removal
thanks for sharing the information.. much appreciation https://www.cekaja.com/info/kta-online-pinjaman-pribadi-dengan-waktu-proses-24-jam
Beberapa Contoh Situs Betting Online Terbaik Di Indonesia :
JoinM88.com
https://pyayam.com
verticaleleven.in
https://serii.info
Agen Sbobet
M88
MPO SLOT
Bonus 100% Member Baru Sportsbook
Cara Mengubah Nama Pengguna Spotify
Very nice blog, Thanks for sharing great article.
You are providing wonderful information, it is very useful to us.
Keep posting like this informative articles.
Thank you.
From: Field Engineer
Get to know about highest paid freelance jobs.
A marketing automation small business CRM software automates repetitive online activities It is specifically designed for marketers who wish increase brand awareness on social networks, websites, and emails
www.amazon.com/mytv Prime is a paid subscription to Amazon, which provides you access to a massive selection of solutions: free speedy shipping, infinite video streaming, exclusive access to prices, among other people.It helps its readers unlimited streaming of films and TV shows. The Majority of the content accessible on Amazon Instant Video can be redeemed at No Cost on with an Amazon Prime membership.
To know more about amazon.com/code or any other info visit
Paypal login
To watch online prime videos on devices like computers, laptops, smartphones, and smart tv. You need to enter the 6 digit amazon activation code at Primevideo.com/mytv to watch the prime video for free. Watch amazon prime episodes on your device to sign in or create a new amazon account using email and password.
Primevideo.com/mytv
I have read your article it is very informative and helpful for me. I admire the valuable information you offer in your articles.
Hotmail sign in |
www.amazon.com/mytv
amazon.com/code
If you like watching movies, shows, videos, etc., Netflix is the best option for you because from here you can watch movies or shows that you have missed any time while playing online, as many times as you want. No restriction can be placed on them. Now more than 69 million users are using the Free Netflix Account Generator In 2021.
Netflix login |
showtimeanytime/activate |
youtube.com/activate |
paypal login |
AnimeFlix
Tech Splashers are a team full of web developers, freelancers, tech bloggers, and digital marketing executives.
ISC888 เปิดให้บริการ เกมพนันออนไลน์ มากมายหลากหลายรูปแบบรวบรวมเกมเดิมพันออนไลน์จากค่ายเกมจากทั่วโลกมากกว่า 200 เกม ด้วยการให้บริการแบบครบวงจร เปิดบริการตลอด 24 ชั่วโมง เปิดบริการมาอย่างยาวนาน
I am working as a SEO Analyst.My blog gives information about latest
technologies and IT Courses.
it courses for begineers
Nice Blog. Thanks for sharing with us. Such amazing information.
Is it possible to restore the data you deleted on Facebook?
Our experts are very qualified and highly experienced dedicated academicians renowned for their command over the subject. Despite being the best quality service provider out there, our MATLAB Homework Help is always cheap and affordable.
Post a Comment