Thursday, 2 October 2008

SINGAPORE AMBASSADOR DONATES THE MONEY

၂၄.၉.၂၀၀၈ ရက်နေ့ထုတ်၊ မြန်မာသတင်းစာတွေထဲမှာ၊ မြန်မာနိုင်ငံဆိုင်ရာ စကာင်္ပူသံအမတ်ကြီး H.E. Mr. Robert Chua Hian Kong နှင့် မြန်မာစကာင်္ပူအဖွဲ့အစည်းရဲ့ ဥက္ကဌ Mr. Teddy Choo တို့က၊ လှူဒန်းမှုတခုပြုလုပ်ရာမှာ၊ လက်ခံခဲ့တဲ့သူမှာ၊ မူးယစ်ဆေးဝါးအမှုနဲ့၊ ကျော်ကြားခဲ့တဲ့ မိသားစုဝင်တယောက်၊ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကို မြန်မာစကာင်္ပူအဖွဲ့အစည်း (SAM) က၊ ကျပ်ငွေ (၄.၅) သန်း လှူဒန်းခဲ့ရာ လက်ခံရယူခဲ့တဲ့၊ ဒုတိယဥက္ကဌ - ဒေါက်တာ တင်လင်းမြင့်ဟာ ရာထူးမှဖြုတ်ချ ခံရတယ်လို့ ယူဆရပေမဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ဇနီးဖြစ်ပြီး၊ မူးယစ်ဆေးဝါး သုံးဆွဲရောင်းဝယ်မှုကြောင့်၊ နာမည်ဆိုးနဲ့၊ ကျော်ကြားခဲ့သူ၊ အောင်ဇော်ရဲမြင့်ရဲ့ မိခင်ဖြစ်ပါ တယ်။

မကြာသေးခင်ကာလက၊ အောင်ဇော်ရဲမြင့်ကို မူးယစ်ဆေးဝါး၊ ဆေးပြားထုတ်လုပ်တဲ့စက်၊ ဓါတုဆေး၊ ပစ္စည်းတွေအပါအ၀င်၊ သက်သေအထောက်အထား အတိအကျနဲ့၊ ဖမ်းဆီးခဲ့ပေမဲ့ ယခုအချိန်ထိ ဘာမှထိရောက်တဲ့၊ ပြစ်ဒဏ်ပေးခြင်း၊ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူနဲ့အတူတူ စီးပွားရေးလုပ်ခဲ့တဲ့၊ လူငယ်လုပ်ငန်းရှင် (ဗိုလ်ချုပ်ကြီးများရဲ့အတွင်းလူ)၊ မောင်ဝိတ်ဟာ အဲဒီအမှုမှာ၊ နံပါတ် (၁) တရားခံအဖြစ်၊ တရားစွဲဆိုခြင်း၊ ခံနေရပါတယ်။

နိုင်ငံတော်အကြီးအကဲဆိုတဲ့၊ စစ်အာဏာရှင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေး၊ မူးယစ်ဆေးဝါးစွဲတဲ့ကိစ္စမှာ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့၊ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီတို့က၊ အောင်ဇော်ရဲမြင့်ကို၊ လွှတ်နိုင်ရေးအတွက်၊ မောင်ဝိတ်ကို အသုံးချလိုက်တာဖြစ်နိုင်ကြောင်း၊ စီးပွားရေးလောကမှ၊ အကြောင်းသိ၊ အတွင်းလူတွေရဲ့၊ တိုးတိုးတိတ်တိတ် ဝေဖန်သံတွေအရ၊ ကြားသိရတာပါ။

မူးယစ်ဆေးဝါးကြောင့် အတိဒုက္ခရောက်ရရှာတဲ့၊ မိသားစုတွေဟာ၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရှိနေကြရပါတယ်။ အထူးသဖြင့် မိခင်နှင့်ကလေးတွေဟာ အထိခိုက်ဆုံးပါ။ ဒါပေမဲ့မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဆိုတဲ့၊ အရည်အချင်းမရှိတဲ့အသင်းရဲ့ လုပ်ဆောင်ချက်တွေကတော့၊ ဘာမှပြောပလောက်အောင်မရှိပါဘူး။



လှူဒါန်းသမျှငွေတွေဟာ၊ ဗိုလ်ချုပ်ကြီးကတော်များရဲ့ ဧည့်ခံစားရိတ်နဲ့တောင် မလောက်ငှပါဘူး။ သူတို့မည်မည်ရရ လုပ်တဲ့အလုပ်ကတော့၊ သတင်းစာတွေထဲမှာ သူတို့ဓါတ်ပုံနဲ့ သတင်းပါဘို့ပါဘဲ။ ပြည်သူအများ ယုံကြည်တာကတော့၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ဟာ စစ်အစိုးရဲ့ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွေမှာ၊ ဦးဆောင်ခဲ့သူဖြစ်တာကြောင့်၊ စစ်အစိုးရအဖွဲ့အနေနဲ့ လက်လွှတ်လို့မရ ဖြစ်နေရတာပါ။

နိုင်ငံတကာကို လှည့်စားတဲ့အနေနဲ့၊ သူ့ကိုရာထူးကဖယ်ရှားထားသလို ပုံဖေါ်ထားပေမဲ့၊ လက်တွေ့မှာတော့၊ စစ်အကြံပေးကောင်စီမှာ အဖွဲ့ဝင်အနေနဲ့၊ (ဘိန်းကုန်ကူးမှုလုပ်ငန်း) တာဝန်ထမ်းဆောင်ဆဲပါ။ ဒါကြောင့်သူ့ဇနီးဖြစ်တဲ့၊ ဒေါက်တာတင်လင်းမြင့်ဟာ ယခုအချိန်ထိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရဲ့ ဒု-ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားမခံရသေးတာပါ။

စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ဥပဒေအထက်မှာ၊ ယခုအချိန်ထိ ဆက်လက်ရှိနေသေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့်မိသားစုအကြောင်းကို ရန်ကုန်ရှိ စကာင်္ပူသံရုံးက မြန်မာနိုင်ငံသားတွေထက် ပိုသိလိမ့်မယ်လို့ ယူဆရပါတယ်။ အလားတူ စစ်အစီုးရရဲ့ မူးယစ်ဆေးကုန်ကူးမှုကြီးမှာ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ဟာ မရှိမဖြစ်လိုအပ်သူဆိုတာ စကာင်္ပူသံရုံးက သိရှိလိမ့်မယ်လို့ ယူဆရပါတယ်။

မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေတဲ့ စကာင်္ပူနိုင်ငံမှ သံအမတ်ကြီးတဦးဟာ စကာင်္ပူနိုင်ငံကိုယ်စား မြန်မာမူးယစ်ရာဇာမိသားစုဝင်တဦးထံ ကိုယ်ထိလက်ရောက် ပေးလှူနေတာကို မြင်ကြရတဲ့၊ မြန်မာနိုင်ငံသားတွေအမြင်မှာတော့၊ စကာင်္ပူနိုင်ငံရဲ့ဒီလုပ်ရပ်ဟာ၊ အပြောနဲ့ လုပ်ရပ်တခြားစီဖြစ်နေတဲ့၊ စကာင်္ပူအစိုးရရဲ့ ရှက်စရာလုပ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်လျှက်ရှိပါတယ်။

သူရဲကောင်း။

SINGAPORE AMBASSADOR DONATES THE MONEY

It is a shame to read in Burmese news papers (Date: 24.09.08) that Republic of Singapore Ambassador for Burma H.E. Mr. Robert Chua Hian Kong and Singapore Association of Myanmar (SAM) Chairman Mr. Teddy Choo hand-out the donation to the most notorious drugs trafficker family member in Naypyitaw.

SAM makes the donation of 4.5million kyat to Maternal and Child Welfare Association. Vice President of MCWA Dr. Daw Tin Linn Myint receives the money. She is a wife of Lt. General Ye Myint (rumor said he was sacked but then reinstated) and mother of drugs trafficker Aung Zaw Ye Myint.

Aung Zaw Ye Myint was arrested recently and caught with vast amount of drugs and some tablet making machines together with different kinds of chemical in premise of his resident. The case was later turn out as leading businessman and crony of ruling generals Maung Weik as prime accused but Aung Zaw Ye Myint name was nowhere to find.

In junta’s chief Than Shwe’s grandson drugs abuse case, Home affairs Minister Maj. Gen. Maung Oo and Police Chief Brig. Gen. Khin Yee need to name the main culprit but want to save real criminal Aung Zaw Ye Myint because he is a son of their junta member so Maung Weik became a scapegoat. It was learnt through the grapevines of junta and cronies inner circle families.

Many Burmese families are deeply in trouble because of drugs abuse and drugs related cases and most of the victims are women and children. So call Myanmar Maternal and Child Welfare Association is meaningless, disqualify and just only a showcase of junta’s wives propagandas association. Instead of doing welfare for needed people, entertainment money use for junta’s wives is enormous and they only struggle to include their photo in newspaper so as to say they are working.

It was believed that Lt. Gen. Ye Myint is a leading person involved in junta’s sideline business of smuggling drugs inside and outside of the country. This is a reason why Ye Myint is still not totally kicked out. He may not be in active post to show international communities that no drugs related person in their organization but he is still holding the Lt Gen. Post and member in Military Advisory Council to conduct the drugs smuggling activities. This is a obvious reason why his wife Dr. Daw Tin Linn Myint still in position of Vice President in MCWA

Embassy of the Republic of Singapore in Burma should know all about Lt. Gen. Ye Myint and his drugs related family. They also should know why Ye Myint is still in position. He is the main connection for drugs business in and out of country. Junta can’t abandon him.

Singapore is admired as a world leading country of fighting the drugs and now their country’s representative is in situation of donating money to MCWA so he is to shake hand with drugs related family member. This is a shame for Singapore government and disappointing for those who against the drugs and supporting the policy of Singapore’s stance on fighting drugs.

Reported by Thu Ye Kaung.

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုနှင့် သံဃာ့လှုပ်ရှားမှုအား အကြမ်းဖက်ဖြိုခွဲခဲ့သည့် ကြံ့ဖွတ် - စွမ်းအားရှင် စာရင်း



To Download these list with PDF, Click Here

စစ်အာဏာသိမ်းခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အရေးပေါ် ဆေးကုသမှုခံယူရန်၊ စကာင်္ပူနိုင်ငံသို့ သွားရောက်မည်။

မြန်မာစစ်အာဏာရှင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့်၊ အရေးပေါ် ဆေးကုသမှုခံယူရန်၊ မနက်ဖြန် (၃-၁၀-၂၀၀၈၊ သောကြာနေ့)တွင် နေပြည်တော်မှရန်ကုန်မြို့ သို့ရောက်ရှိ၊ ညအိပ်ရပ်နားပြီး၊ (၄-၁၀-၂၀၀၈၊ စနေနေ့) နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့်၊ စကာင်္ပူနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း၊ နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော၊ အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။ (သတင်းအတည်ပြုချက်၊ ရရှိရန်၊ ဆက်လက်စုံစမ်းလျှက် ရှိပါသည်။)

သူရဲကောင်း။

Burmese Junta Sr.Gen.Than Shwe needs immediate medical treatment in Singapore.

It was learnt from Nay-Pyi-Taw inner sources that Sr.Gen.Than Shwe was serious ill and arranging for further medical treatment in Singapore. He will arrive from Nay-Pyi-Taw to Yangon tomorrow (3/10/2008) and then to Singapore Saturday (4/10/2008) as tentatively planned. Probably his condition is quite serious that he can’t go straight to Singapore but stopover in Yangon for a while.

Reported by Thu Ye Kaung

Wednesday, 1 October 2008

Beruma's Game - How to shoot down Than Shwe - published

(Click picture to Play the Game)
(မိုးမခမှ ရယူထားပါသည်။)

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက်နိုင်သည့် အခွင့်အရေးမှာ လက်တကမ်းအကွာတွင်ရှိနေသည်။ စစ်ဆင်တိုက်ခိုက်ရေးအတွက် အင်တာနက်ချိတ်ဆက်ထားသည့် ကွန်ပြူတာတလုံးသာ လိုအပ်သည်။ ကာတွန်းဆရာ ဘိရုမာက မိုးမခ ပရိသတ်များအတွက် မြန်မာဆန်ဆန် တီထွင်ပေးလိုက်သည့် တိုက်ခိုက်ရေးနည်းလမ်းဖြစ်ကြောင်း သိရသည်။

နွားကျောင်းသားလေးက ဘယ်ညာ ပြေးလွှားနိုင်သည်။ ညာဘက်ထောင့်ရှိနံပတ်မှာ ပစ်မှတ်ကို ထိမှန်ခဲ့သည့် အရေအတွက် ဖြစ်သည်။ ပွဲစဉ်တခုပြီးဆုံးတိုင်း ရမှတ်များကို မှတ်သားထားသင့်သည်။ သို့မှသာ မိမိ၏ တိုက်ခိုက်ရေးစွမ်းအင် အတက်အကျကို သိရှိနိုင်သည်။

နွားကျောင်းသားလေးက မိုးပေါ်မှ ထီးဖြင့်ဆင်းလာသော ဗိုလ်ချုပ်မှူးကြီးကို လေးဂွဖြင့် ပစ်ခတ်သည့် ကစားနည်းဖြစ်သည်။ တချက်ချင်း ပစ်နိုင်သကဲ့သို့၊ စက်သေနတ်ကဲ့သို့လည်း အဆက်မပြတ် ပစ်ခတ်နိုင်သည်။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလတွင် ထွက်ပေါ်လာသော အဆိုပါကစားနည်း၏ နောက်ခံပုံရိပ်တွင် ရန်ကုန်မြို့ရှုခင်း၊ သာသနာ့အလံနှင့် ဗုဒ္ဓဘာသာရဟန်းသံဃာများကို တွေ့ရသည်။

ယမန်နေ့က အဆိုပါဂိမ်းကို စမ်းသပ်ခွင့်ရသော မိုးမခ ၀က်ဘ်မာစတာက “မိုးမခပရိသတ်တွေ ဒီဂိမ်းကို ကြိုက်လိမ့်မယ်”ဟု ဟောကိန်းထုတ်လိုက်သည်။

Beruma's Game - How to shoot down Than Shwe - published September 30th 2008

ငွေကြာယံ လူသတ် ဒမြ များ

အထက်ပါအကြမ်းဖက်မှုတွင် အဓိက အမိန့်ပေးညွှန်ကြားသူမှာ

စကခ (၄) မှ (ကြည်း/၁၅၉၂၇) ဗိုလ်မှူးချုပ် မြင့်နောင် (ယခု) တိုက်ခိုက်ရေးကျောင်းအုပ်(ဘုရင့်နောင်)
ခမရ (၇၀၃) မှ (ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင် (ယခု) တောင်ငူ (စရဖ) (G1)စစ်ဦးစီးအရာရှိ (ပ)
(ကြည်း/၂၀၆၁၇) ဗိုလ်မှူးရွှေဝင်း တို့ ဖြစ်သည်။

လက်စေခံ လူသတ် ဒမြ များမှာ

အကူရဲဘော် ခင်ဇော်ဦး
အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉)
အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သား ၁၀၀ ကျော် တို့ ဖြစ်သည်။

သတင်းအပြည့်အစုံသို့


Monk Killers and Monastery Robbers

Bahtoo, September 25, 2008

It is reported that the Light Infantry 703 was one of the troops which attacked and crushed the Ngwe Kyar Yan Monastery in South Okala, Rangoon during the Golden Colour Revolution in September 2007. Deputy Battalion Commander Major Shwe Win and his soldier Khin Zaw Oo looted gold worth about 4 million Kyats, donated to the monastery by the public. Suspicions were raised when Khin Zaw Oo, a lowly soldier, bought a plot in Myine Tharyar village.

All the resident monks of Ngwe Kyar Yan Monastery were either beaten to death, tortured or imprisoned when it was attacked by Light Infantry groups 703 and 709 (both under No. 4 Military Operation Control Headquarters) and also over 100 police from No. 8 Police Force.

On 27 September, the angry citizens, who heard the screaming and shouting at night and also saw the monastery buildings covered in blood, and littered with broken glass and furniture, were staging a protest against the troops’ terrorism. In response to the protest, the troops were ordered to crush the protesters and 3 people were shot dead.

According to reports, Khin Zaw Oo was forced to resell the plot and the money was divided between the Battalion Commander and his deputy. The Battalion Commander Colonel Soe Tint Naing has since been promoted to First General Staff (G1) at Taungoo (sa ya pa)

The military officials, who gave the orders to terrorize Ngwe Kyar Yan Monastery are:

Myint Naung (Brigadier General, and currently Head of the Bayint Naung Military School)
Soe Tint Naing (Colonel)
Shwe Win (Major)

Tuesday, 30 September 2008

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ “ဗြောင်း” ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

.............................................................................

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။

ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"


"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)



ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကို အရမ်းချစ်သလောက် အရမ်းထိန်းချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။

အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။

ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော် ခုထိ မှတ်ထားတဲ့ စကားတခွန်းကတော့ "တာဝန်သိသူမှာပဲတာဝန်ရှိတယ်" တဲ့။

လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊လူအခွင့်အရေးနဲ့ တရားမျှတရေးတို့ကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်ရှိကြောင်းသိကြပါစေဗျာ...။။။။။။။။။။။။။။
ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....


moethway
Generation Wave

Sunday, 28 September 2008

နအဖတို့သွားရာလမ်း

“သံဃာကို သတ်တာတောင် ဘာအပြစ်မှမကျဘူးဟေ့” ဆိုသော ပြည်သူတို့၏ အသံများကိုကြားရပါသည်။ ယနေ့ခေတ် လူငယ်တွေကြားမှာလည်း “အို-ဘုရား၊ တရား၊ သံဃာကို သတ်ဖြတ် စော်ကားတာတောင် ဘာမှမဖြစ်တာ … အရက်သောက်၊ ဖဲရိုက်၊ မကောင်းမှုလုပ်၊ မိဘကို ပြန်ပြော စော်ကားတာလောက်ကတော့ ဘာအပြစ်ဖြစ်မှာလဲ” စသောအသံများကို မပြတ်ကြားနေရသဖြင့် ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပါတော့၏။

“လူ”ဟု ခေါ်သော ကျွန်ုပ်တို့သည် ဗုဒ္ဓအလိုအရ ဗြဟ္မာက ဆင်းသက်သလို၊ ဒါဝင် အလိုအရမူ မျောက်က ဆင်းသက် လာသည်ဟု ဆို၏။ ထို့ကြောင့် လူကို ဗြဟ္မာတပိုင်း၊ တိရစ္ဆာန်တပိုင်းဟုဆိုသောဆိုနိုင်သည့် အပြင်လူ့စိတ်၌လည်း ဗြဟ္မာနှင့်တူသော ကုသိုလ်စိတ်၊ တိရစ္ဆာန်နှင့်တူသော အကုသိုလ်စိတ်တို့ စုပေါင်းနေပါသဖြင့် ကျွန်ုပ်တို့သည်ကုသိုလ်အလုပ်၌ပျော် မွေ့၍ဗြဟ္မာအကျင့်ကို ကျင့်မှသာ ဗြဟ္မနှင့်တူသော လူ ဖြစ်မည်ဖြစ်ပြီး၊ အကုသိုလ်အလုပ်၌ ပျော်မွေ့၍ တိရစ္ဆာန်အကျင့်ကိုကျင့်ပါက တိရစ္ဆာန်နှင့်တူသော လူသာဖြစ်ပေမည်။

ယနေ့လူအများစုသည် အကုသိုလ်အလုပ်၌ပျော်မွေ့၍ တိရစ္ဆာန်အကျင့်များကို ကျင့်လျက်ရှိနေသည်ဟု မြင်မိပါသည်။ လူသားအများစု၏ နေ့စဉ် တာဝန်တခုလို ဖြစ်လာသော သဘာဝတရားကြီးကို ဖျက်ဆီးခြင်း၊ အမျိုးကောင်းသားသမီးများကို ဖျက်ဆီးခြင်း၊ ကြီးနိုင်ငယ်ညှင်း၊ သောက်စားမူးယစ်၊ လိမ်လည်လှည့်ဖြား အစရှိသော မကောင်းမှုငယ်များကို ထားပါတော့။

ဘုရားနဲ့ တဂိုဏ်းတည်းဟု တင်စားခဲ့သော အချို့မိဘတို့၏ မေတ္တာသည်ပင်လျှင် စားဝတ်နေရေးအကြောင်းပြပြီး အရွယ်မရောက်သေးသော သားသမီးများကို လွယ်လွယ်ကူကူစွန့်ပစ်မှုများကို မြင်နေရပါသည်။

တိရစ္ဆာန်ဖြစ်သော “ခွေး” တို့သည်ပင် အစာမစားရ၍ “ခွေး” ငယ်များကို “နို့” မတိုက်ပဲနေသည်ကို ကျွန်တော်မမြင်ဖူးသေးသလို အရွယ်မရောက်သေးသော မျောက်ငယ်၊ ကျားငယ်တို့ မိဘမဲ့ဖြစ်နေသည်ကိုလည်း မမြင်ဖူးသေးပါ။ သေချာသည်မှာ အချို့သောလူတို့သည် တိရစ္ဆာန်ထက်ပင် ဆိုးရွားသော အကျင့်ကို အမှန်ပင် ကျင့်လျက်ရှိနေကြပြီ ဖြစ်ပါသည်။



ထိုသူများထဲတွင် ယနေ့ကမ္ဘာ၏ “Top Ten” စာရင်းဝင် လူဆိုးများဖြစ်သော မြန်မာပြည် စစ်အစိုးရကို တိရစ္ဆာန်နှင့် အတူဆုံးလူသားများဟု ကျွန်တော်မြင်မိပါသည်။ သူတို့သည် မြင့်မြတ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် မိမိအကျိုးတခုတည်းအတွက် ရတနာ(၃)ပါးကိုလည်း မယုံကြည်၊ ပြည်သူတွေကိုလည်း အမျိုးမျိုးနှိပ်စက် သတ်ဖြတ်နေခြင်းတို့သည် ဗုဒ္ဓသာသနာအတွက် အလွန်ကြေကွဲဖွယ်ကောင်းလှသလို အခြားဘာသာဝင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်သေးသွားကြမည်မှာ မလွဲဧကန်ပါ။ တကယ်တော့ သူတို့သည် ဗုဒ္ဓဘာသာကို မလွဲသာ၍ အရေခြုံထားခြင်းသာဖြစ်ပြီး သူတို့၏ လုပ်ငန်းလမ်းစဉ်ဝါဒသည်ကား သာသနာပ ကာလက ဒိဋ္ဌိဆရာကြီးများ ချမှတ်ခဲ့သော ၀ါဒတွေသာဖြစ်ပါသည်။

“ပန်းတိုင်တစ်ခုကို ချီတက်ရာတွင် ပန်းတိုင်သို့ ရောက်ရန်သာ အရေးကြီး၏။ ပန်းတိုင်ကို ချီတက်လာသော လမ်းတစ်လျှောက် အဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ပန်းတိုင်ကိုရောက်လာခြင်းသည် မိမိလုပ်ခဲ့သမျှ မှန်ကန်ခြင်းကြောင့်ဖြစ်သည်” ဟုဆိုခဲ့ပါသည်။

အိမ်တစ်အိမ်ကို ၀င်ရောက်ဖို့အတွက် တံခါးမကြီးသည် ပဓါနမဟုတ်။ ခြံစည်းရိုးကို ကျော်တက်ပြီးဝင်ဝင်၊ ခွေးတိုးပေါက်က၀င်ဝင် အိမ်ထဲကို ရောက်ရန်သာ အရေးကြီးသည်ဟု လည်းဆိုခဲ့ပါသည်။

ထိုကဲ့သို့ပင် ယခု နအဖသည် မိမိအာဏာရရှိတည်မြဲရေးအတွက် ခြံစည်းရိုးကို ကျော်တက်ပြီး ၀င်ခဲ့ရုံသာမက ကြွက်ကဲ့သို့ မြေအောက် လိုဏ်ခေါင်းတူး၍လည်း ၀င်ခဲ့ပါသည်။ အခုန်အပျံ အကျော်အလွား၊ အပေါ်လမ်း၊ အောက်လမ်း စသောနည်းပေါင်းစုံကို သုံးခဲ့ ပြီးဖြစ်သည့်အပြင် မိမိအိပ်စက်နားခိုနေသော ကျေးဇူးရှင် အိမ်ကြီးကိုလည်း ဖျက်ဆီး ရောင်းစားပစ်ခဲ့ပြီ ဖြစ်ပါသည်။

သို့သော်သူတို့သည် ဥပဒေ၏ အထက်တွင်ရှိသဖြင့် ချမ်းသာစွာ နေကြရပါသည်။ သူတို့ကို ဘယ်သူက တရားစီရင်ပါမည်နည်း။

ကျွန်ုပ်တို့  လျှောက်နေသော ဤသံသရာခရီးတွင် “ပါရိဘာသိကသစ္စာနှင့် ဓမ္မသစ္စာ” ဟူသော တရား၂ပါး ရှိပါသည်။ ပါရိဘာသိကသစ္စာကား လောကီလူသားတို့ ထုတ်ပြန်ထားသော ဥပဒေတရားများဖြစ်ပြီး ထိုတရားသည် ဘယ်တော့မှ100% မမှန်ကန်ပါ။ ဓမ္မသစ္စာသည် သာသံသရာအဆက်ဆက် အမြဲတမ်း မှန်ကန်သော တရားဖြစ်ပါသည်။

ထို့ကြောင့် အကုသိုလ် အပြစ်ဒဏ်ကို ကျူးလွန်ခဲ့သော လူတယောက်သည် ဥပဒေတရားအရ အပြစ်ဒဏ်ပေး ခံရသည်ဖြစ်စေ၊ လွတ်မြောက်ခဲ့သည်ဖြစ်စေ၊ ဓမ္မသစ္စာအလိုအရ မိမိပြုခဲ့သော ကံ၊ ကံ၏အကျိုးကို မလွဲမသွေ ခံစားကြရမည် ဖြစ်သည်။ ဘယ်လောက်ပြေးပြေး မလွတ်မြောက်နိုင်ပါ။

အဇာတသတ်သည် အဖကိုသတ်ခဲ့သော အကျိုးကို ပါရိဘာသိက ဥပဒေအရ လွတ်မြောက်ခဲ့သော်လည်း ဓမ္မအလိုအရ မလွတ်မြောက်ခဲ့ပါ။ သားဖြစ်သူ၏ ပြန်သတ်ခြင်းကို ခံခဲ့ရသည့်အပြင် ယနေ့ထက်တိုင် လောဟကုမ္ဘီ ငရဲ၌ ကျရောက်ခံစားနေရပါသည်။ ထို့ပြင် ခေတ်သစ် ရာဇ၀တ်ကောင်များဖြစ်သော နေ၀င်း၊ စောမောင်၊ တင်ဦး၊ ၀င်းမြင့်၊ ခင်ညွန့်၊ စိုးဝင်း စသောသူတို့၏ အကုသိုလ်အကျိုးပေးကံသည် နောက်ဘ၀သို့ပင် မကူးခဲ့ပါ။ ကံ၊ ကံ၏ အကျိုးပေးသည် အလွန်ကြောက်စရာကောင်းလှပါသည်။

သံသာရာ ခရီးသည် ရေစီးကဲ့သို့ အစုန်အဆန် ရှိပါသည်။ “ငါ” ဆိုသော အတ္တအတွက်သာ ဆောင်ရွက်ပြီး ကိလေသာနောက် တကောက်ကောက်လိုက်နေခြင်းကို ရေစုန်မျောသည်ဟု ခေါ်၍ သူတို့၏ ဖြစ်လေရာဘ၀တိုင်းသည်လည်း အစုန်၏ဓမ္မတာ အတိုင်းအနိမ့်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားပါလိမ့်မည်။ အကုသိုလ်အပေါင်း သရဖူဆောင်းထားသော နအဖတို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် စုန်ဆင်းလျက်ရှိနေပါသည်။

လူ့ ဘ၀ထက် နိမ့်ကျသော အ၀ီစိကိုပဲ ဆင်းသွားမလား (သို့) နအဖအတွက် သီးသန့် အပါယ်တဘုံပဲ ပေါ်လာမလား။ ခန့်မှန်းလို့ မရနိုင်လောက်အောင်ပါ။

ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်ဆိုပါက ဗုဒ္ဓအလိုကျ အစုန်၏ ဆန့်ကျင်ဖက် အဆန်လမ်း (အများအကျိုးအတွက် ဆောင်ရွက်ခြင်း၊ အနစ်နာခံခြင်း၊ ကုသိုလ်အလုပ်၌ ပျော်မွေ့ခြင်းစသောလမ်းများ) ကိုသာလိုက်သင့်ပါသည်။ သို့မှသာ ကျွန်ုပ်တို့၏ ဘ၀များသည် အဆင့်ဆင့်မြင့်တက်လာပြီး အဆုံးတစ်နေ့၌ ဗုဒ္ဓကဲ့သို့ သံသာရာထွက်ရပ်လမ်းကို ရောက်ကြရပါလိမ့်မည်။

ဗုဒ္ဓသည် ပါရမီဖြည့်ရာ ခရီးတလျှောက် အဆန်လမ်းကိုသာ လိုက်ခဲ့ပြီး ဒေ၀ဒတ်သည် အစုန်လမ်းကိုသာ လိုက်ခဲ့ပါသည်။ ထို့ကြောင့် အဆန်လမ်းကို လျှောက်နေသော၊ ပြည်သူတွေအတွက် မိမိအကျိုး၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို စွန့်လွတ်ပြီးဆောင်ရွက်နေသော ဒေါ်စုသည် ဘုရားဆုကို ပန်ခဲ့ပြီးသော(သို့) ဘုရားဆုကို ပန်ရန် ပါရမီဖြည့်နေဆဲသော သူကောင်းသူမြတ်တစ်ယောက် မဖြစ်နိုင်ဘူးလို့ မပြောနိုင်သလို ငါ့ဖို့နှင့် အဖျက်လုပ်ငန်းဟူသမျှကို လုပ်နေသော နအဖသည်လည်း ဒေါ်စု၏ ပါရမီကို ရင့်သထက်ရင့်အောင် ဖြည့်ပေးနေသော ဒေ၀ဒတ် အလောင်းအလျာကြီးမဖြစ် နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ။

အမှန်အားဖြင့် လောကဟူသည် စစ်မြေပြင်ဖြစ်၏။ ထိုစစ်မြေပြင်၌ ဘ၀ပိုင်ရှင်တို့သည် ဓမ္မလက်နက်၊ အဓမ္မလက်နက်တို့ဖြင့် သူနိုင်ကိုယ်နိုင် အပြိုင် စစ်ပွဲဆင်နွဲနေကြခြင်းသာ ဖြစ်၏။ နိုင်သူကပျော်၍ ရှုံးသူက မဲ့ကြသည်။ စစ်ပွဲ၌ ထာဝစဉ် နိုင်သူဟူ၍ မရှိကောင်း။ ရှုံး တစ်ခါ နိုင်တစ်လှည့်သာ ဖြစ်သည်။ သို့သော် ဓမ္မသည် အဓမ္မအပေါ် အမြဲတမ်း အောင်နိုင်သည်ဖြစ်ရာ အချိန်တခု၌ အဓမ္မက ဓမ္မအပေါ် နိုင်ကောင်း နိုင်ခဲ့မည် ဖြစ်သော်လည်း အဆုံးသတ်စစ်ပွဲများ၌ကား ဓမ္မသူရဲကောင်းများသာ အောင်ပွဲခံစမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုနှင့် နအဖတို့၏ နောက်ဆုံး စစ်ပွဲတွင် မည်သူက ဓမ္မသူရဲကောင်းအဖြစ်အောင်ပွဲခံသွားမလဲဆိုတာကို စောင့်ကြည့်ကြပါစို့။

မိမိတို့သည် မတော်မတရား လုပ်နေပါလျက် တော်သည်၊ တရားသည်ဟု ထင်နေသော၊ ဘယ်သူလာ ဆုံးမဆုံးမ ကျွဲပါးစောင်းတီးသာဖြစ်နေသော နအဖကို များများမပြောလိုတော့ပါ။ ဦးချိုက နို့ညှစ်လို့ ရကောင်းရမည်၊ ရွေတိဂုံဘုရား မြောက်ဘက်မုဒ်က ခြင်္သေ့နှစ်ကောင်ကို ထမင်းသွားကျွေးရင် ထစားကောင်း ထစားပါလိမ့်မည်။ အယူလွဲမှားနေသော မိစ္ဆာနအဖကိုကား ဆုံးမပြောဆို၍ ရတော့မည်မဟုတ်တော့ပါ။

ထို့ကြောင့် နောက်ဆုံး ကျွန်တော် ဆုတောင်းလိုသည်ကား အဓမ္မကို အားကောင်းစေသော နအဖသည် လျှင်မြန်စွာ ဤကမ္ဘာမှပျောက်ကွယ်၍ ဓမ္မကို အားကောင်းစေမည့် ဒီမိုကရေစီတရားများ အမိမြန်မာပြည်၌ အလျှင်အမြန် ထွန်းကားပါစေ သောဝ်---------


ကိုယ့်အလှည့်ကျရင်တော့ မနွဲ့စတမ်း


လေးစားပါသည်။

သိမ်းအောင်

အရိုင်းတေးသံ

မသိကျိုးကျွံ ပြုခံထားရတဲ.
အုပ်ထိန်းသူမဲ.ကလေးတစ်ယောက်ပါ။

သူ.ရင်ထဲကအိပ်မက်ဟာ
ငှက်တစ်ကောင် ဖြစ်ချင်လိမ်.မယ်။

သူ.ရင်ထဲက မကျေမနပ်ခံစားချက်ဟာ
တူတစ်ချောင်းဖြစ်နေလိမ်.မယ။်

သူ.ရင်ထဲက အတွေးအခေါ်ဟာ
ပန်းခင်းနဲ.အစာရေစာဖြစ်တယ။်

သူ.ရင်ထဲက အမှန်တရားဟာ
ငွေစက္ကူနဲ. ဆဲဆိုသံတွေဖြစ်တယ်။

သူပြဌာန်းမယ်. ဘ၀အဘိဓာန်ဟာ
တော်လှန်ခြင်းဆိုရင် မမှားပေဘူး
သူသိတဲ.ကမ္ဘာဟာ…..ခုထက်ထိမလွတ်လပ်နိုင်သေးလို.ဘဲ။ ။

မင်းသစ်တည်

မိုးမခ အတင်း - (တချက်လေး စောင်းငဲ့ကြည့်ဦး)


(မိုးမခမှ ရယူထားပါသည်။)

ညွန့်ထွေး

စက်တင်ဘာ ၂၅၊ ၂၀၀၈

ရွှေပြည်တော် မျှော်တိုင်းဝေးနေချိန်မှာ နေပြည်တော်ကတော့ ပင်ဂွင်းမြို့တော်ကြီး ဖြစ်နေပြီပေါ့ အကိုတို့ရေ … ။ အခု အဆိုတော်ကောင်မလေးတွေ ပြန်ဆိုနေတဲ့ တချက်လေး စောင်းငဲ့ကြည့်ဦး ဆိုတဲ့ စာသားလေးကို ဟဲပြီးတော့ ဆိုင်ရာ ပိုင်ရာတို့ဆီ လူစိတ်ကလေးများ ပြန်ပေါ်လာလေမလားလို့ တင်ပြစရာရှိတာ တင်ပြလိုက်ပါရစေ။

ရန်ကုန်မှာ လူတွေတောင် အနိုင်နိုင် စားဖို့ မနည်းရုန်းကန်နေရချိန်မှာ ဆင်းရဲသားအိမ်၊ ကျနော်တို့ ငမွဲအိမ်တွေမှာ “ခွေး သတိ” တို့ “ခွေး ကိုက်တတ်သည်” တို့ ချိတ်ဆွဲထားဖို့က “တို့တာဝန် အရေး ၃ ပါး”ထက် အရေးကြီးလာပြီ ဖြစ်ကြောင်းပါ ခင်ဗျား။ ထို့အပြင် မုဆိုးမတို့၊ တခုလပ်တို့ အိမ်တွေမှာတောင် ယောကျာင်္းသားများ ရှိလေဟန် အ၀တ်တန်းမှာ ပုဆိုးတွေ လှန်းထားရကြောင်းပါ ခင်ဗျား။

ပသို့ဟူကား - ရန်ကုန်မြို့တော်ကြီးမှာ အေးဓါးပြတွေ၊ အလှူခံအရေခြုံ အလစ်သမားတွေ၊ ခွက်စောင်းခုတ်တွေရဲ့ ရန်က ကာကွယ်ရန် အလို့ငှာ ယခုလို အစီအမံ အစီအရင်တွေ ဆောင်နေရတာ ဖြစ်ပါတယ်။ လူစိမ်း သူစိမ်း မသမာသူတို့ အလစ်အငိုက် ၀င်ရောက်ကျူးကျော်ခြင်းကို ထန်းရွက်နှင့် ကာနေရကြောင်းပါခင်ဗျား။

တပ်မတော်ကြီးက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အစွမ်းကုန် ကာကွယ်နေပါသည် ဆိုလား ဘာလား ဆိုင်းဘုတ်နီကြီးတွေအောက်မှာ ကျနော် ငမွဲကောင်ဆီက လံကွတ်တီလေးကို ဒါးထောက်ပြီး လုသွားလို့ တလောကတောင် အိမ်ကို ငိုပြီး ပြန်လာရတာကို မြင်ယောင်ကြည့်တော်မူကြပါ …

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ပတ်တရောင်ကတော့ လှည့်နေတာပါပဲ။ လမ်းမတွေပေါ်မှာ လူစည်ကားတဲ့ နေရာတွေမှာ သေနတ်ကြီး တကားကားနဲ့ အင်အားတွေပြလို့ လှည့်လိုက်ရတဲ့ လုံခြုံရေးပါခင်ဗျာ။ အိမ်နောက်ဖေးလမ်းကြားက သူခိုး ဓါးပြကို ကလေးသူငယ် မိန်းမများက ကြောက်နေရချိန်မှာ၊ စားဝတ်နေရေး ကြပ်တည်းလွန်းလို့ အိမ်ရှိလူကုန် တနေ့ ၂၄ နာရီ အလုပ်ထွက်လုပ်နေလို့ ရပ်ကွက်တွေ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်နေချိန်မှာ ၀န်ကြီးတွေ ၀န်ကလေးတွေ၊ ၀န်ကြီးဌာနတွေ၊ အစိုးရရုံးကြီးတွေမှာ အထပ်ထပ်ချလိုက်တဲ့ လုံခြုံရေးပါ ခင်ဗျာ … ခွေးဝဲစားတောင် ဖြတ်မလျောက်ရဲဘူး ဗျာတို့ ။

ခွေးမပြောပါနဲ့ အကိုတို့ရယ် … ပဲပြုတ်သည်တောင် အဲသည်လမ်းတွေ ခြံတွေကို ရှောင်ကွင်းပြီး သွားကြရပါတယ်။ ဘာကြောင့်ဆိုတော့ ပဲပြုတ်တောင် အလကားတောင်းစားလို့။ ဆက်ကြေးလို့ ခေါ်တယ်နဲ့ တူပါရဲ့။ ပဲပြုတ်သည်များ အဓမ္မဆက်ကြေးအကောက်ခံနေရတယ်ဆိုပြီး ကုလသမဂ္ဂကို တိုင်လည်း တိုင်မိတဲ့လူကို အကြမ်းဖက်သမားဆိုပြီး ဖမ်းထောင်ချခံရမှာ စိုးလို့ပါခင်ဗျား။

သို့ဖြစ်ပါ၍ မြန်မာပြည်သူတို့ မြန်မာနည်း မြန်မာဟန် ခွေးဆိုင်းဘုတ်တင်၊ ပုဆိုးလှန်းနည်းပညာများနဲ့ ဒုစရိုက်မှုများကို ကာကွယ်နေရကြောင်း ဟူလို။

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ဟဲ့ … ရဲတွေ ပုလိပ်တွေ ရွှေပြည်ကြီးမှာ ဘယ်ရောက် ဘယ်ပျောက်နေကြသလဲ မမေးပါနဲ့။ သူတို့လည်း ရွှေပင်နား ရွှေကျေးကလေးတွေဆိုတော့ သူခိုးနဲ့ပေါင်းတော့ သူခိုးပုလိပ်ပေါ့ ခင်ဗျား …။ ဖာသည်နဲ့ ပေါင်းတော့ ဖာသည်ပုလိပ်ပေါ့ ခင်ဗျား …။ အနှိပ်သည်နဲ့ပေါင်းတော့ အနှိပ်ပုလိပ်ပေါ့ ခင်ဗျား …။ မင်း ဒီလမ်းကို ၀င်ခိုးရင် မသိချင်ယောင်ဆောင်နေမယ် ဆိုပဲ။ ကော်မရှင်စား ပုလိပ်တွေအဖြစ် ဈေးကွက်စီးပွားရေး အလုပ်ဖြစ်ကုန်ကြောင်းပါ …

ပြည်တွင်းက ရိုးသား ကြိုးစား လုပ်အားဖြင့် မိသားစု စောင့်ရှောက်နေသူ လက်လုပ်လက်စားများခင်ဗျာ … “သူခိုး သူခိုး …” လို့ မအော်ရဲပါခင်ဗျား …။ တော်ကြာ ပုလိပ်နဲ့ ကြံ့ဖွတ်က သူတို့ကို စောင်းမြောင်းတယ်ဆိုပြီး ဖမ်းသွားမှာ စိုးလို့ပါ။

“ဟဲ့ ခွေး ဟဲ့ ခွေး …” မအော်ရဲပါခင်ဗျား …။ ထမင်းရည်တောင်မှ အနိုင်နိုင် ၀ယ်သောက်နေရသူ ကျနော်တို့ ကျောမွဲ လူမွဲများခင်ဗျာ ခွေး မမွေးနိုင်ဘဲ ဆိုင်းဘုတ်မျှသာ တင်ထားနိုင်တာဆိုတော့ လမ်းပေါ်က ရဲများ၊ ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ၊ ကလေးစစ်သားများကဲ့သို့ အလျံပယ်ပေါတဲ့ လမ်းပေါ်က ခွေးလေ ခွေးလွင့်များက သူတို့ကို အဖက်လုပ်တယ်ထင်ပြီး ထမင်းရည် လု လျှက်သွားမှာ စိုးလို့ပါ ခင်ဗျား။

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

သို့သော်လည်း ရွှေမြို့တော်ကြီးမှာ ခွေးလေခွေးလွင့်နဲ့ လမ်းပေါ်က ပြည်သူတို့ဆိုတာ ဘ၀တူတွေပါ ခင်ဗျား။

မြို့တော်စည်ပင်သာယာရေးအတွက် မြို့တော်ဝန်အဆက်ဆက်လက်အောက်မှာ ခွေးလေခွေးလွင့် ထောင်ပေါင်းများစွာ လမ်းပေါ်မှာ အစတေးခံခဲ့ရသလိုပဲ ကျနော်တို့ လူမွဲတွေ ပြည်သူလူထုတွေလည်း စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများ အဆက်ဆက် သေနတ်ပြောင်းအောက်မှာ လူထောင်ပေါင်းများစွာ လမ်းပေါ်မှာ အသတ်ဖြတ်ခံခဲ့ရတာပါပဲ ခင်ဗျား …

လူမွဲတွေလည်း မနှေးခေတ်မီ ထမင်းရည်ကို သကြားခပ်ပြီး သောက်နိုင်ကြတော့မည် ဆိုတဲ့ စကားအတိုင်းပါပဲ … လှိုင်သာယာမှာ ထမင်းရည် တပုလင်း ၇၀၀ ကျပ်။ အမေရိကန်ဒေါ်လာ ၇၀ ဆင့် ရှိကြောင်းပါ။ အ၀သောက်ရင် သုံးပုလင်းလောက်ဆိုတော့ အမေရိကန် ၂ ဒေါ်လာဖိုးတော့ ကုန်ပါတယ်။ အကိုတို့ဆီမှာ မက်ဒေါ်နယ်ဘာဂါကို အအေးမပါဘဲ ၁ ဒေါ်လာနဲ့ ရောင်းနေပြီဆိုတော့ ကျနော်တို့ မြန်မာလူမွဲတွေက ခင်ဗျားတို့လူမွဲတွေထက် ချမ်းသာတယ်ဗျ။ လခတော့ နည်းသပေါ့ဗျာ။ တလကို မြန်မာငွေ ၂ သောင်းလောက် အနိမ့်ဆုံးဆိုတော့ ထမင်းရည် ပုလင်း ၃၀ လောက်တော့ တန်းနေတာပေါ့။ ဟဲဟဲ။ ဒါတောင် မိန်းမနဲ့ကလေးကို မတိုက်နိုင်သေး …

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ခွေးကျေးဇူးကို တရင်းနဲ့ လူစိတ်မရှိတော့သူ မင်းကြီးများကို အတင်းကာရော ပင်းနေတော်မူသော နိုင်ငံရေးသက်ကြီးရွယ်အိုကြီးများကိုလည်း ဒီကနေ တောင်းပန်လိုက်ချင်ပါတယ် အကိုတို့ရေ …။ သွားမယ့်သွားလည်း နေပြည်တော်အထိသာ သွားပြီးသာ သီတင်းသုံးတော်မူကြပါခင်ဗျား လို့။ ရန်ကုန်က ကျနော်တို့ ကျောမွဲများကို တချက်ကလေးမှ ငဲ့စောင်းပြီး ကြည့်မနေပါနဲ့ခင်ဗျား … စစ်ဗိုလ်ချုပ် တပ်မတော်မင်းကြီးများနဲ့ အတူတကွ မင်းနေပြည်တော်ကြီးမှာ အရိုးထုတ်နှင့်ကြပါစေကြောင်း အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။

Thursday, 25 September 2008

ရန်ကုန်မြို့တော်ခန်းမအရှေ့၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း။



ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံအကြား ယခု၁၁နာရီခန့်က ဗုံးတလုံးပေါက်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။ အနည်းဆုံးလူ(၈)ဦးခန့်ထိခိုက် ဒဏ်ရာရမှု ရှိကြောင်းနှင့်(၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။

သူရဲကောင်း။