Wednesday 23 February 2011

ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လူသတ်သမား သန်းရွှေခေါင်းဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် အုပ်စု (နအဖ စစ်အုပ်စု)ရဲ့ အမျိုးမျိုး နှိပ်စက်မူကို ခံနေရတဲ့ မြန်မာပြည်မှာ ပြည်သူလူထု တရပ်လုံးက တဖြည်းဖြည်းနဲ့ ကျပ်တည်း၊ ရှားပါးလာပြီး .. ပြည်သူလူထုရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်လာရပြီး နောက်ဆုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲဆိုတာတွေ တော်တော်လေး နည်းပါးလာပါတယ်။ လွတ်လပ်ရေးနေ့လို နေ့မျိုးမှာတောင် လွပ်လွပ်လပ်လပ် ပျော်ရွှင်ရတဲ့ ပျော်ပွဲရွှင်ပွဲ ဆိုတာ ရှာမတွေ့တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကြုံရတဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ရတဲ့ နှစ်သစ်ကူး သင်္ကြန်လိုကာလမျိုး၊ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကြည်နူးပျော်ရွှင်ရတဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်လို ပွဲမျိုးတွေမှာတောင် ပျော်စရာ ရွှင်စရာတွေ ရှားပါးလာခဲ့တာ အားလုံး အသိပါပဲ။

ဒီတော့ ဒီနေ့က စပြီး ပျော်ပွဲ ရွှင်ပွဲ တခု အတွက် ကြိုတင်ပြီး စုစည်း စဉ်းစားထားကြရအောင်ပါလား။ ဗုဒ္ဒဘာသာရဲ့ ဘာသာရေး အမြင်နဲ့ ကြည့်ရင်တော့ သိပ်ပြီး မကိုက်ညီပေမယ့် … “ကိလေသာတော့ ကုန်သွားပြီ။ ဒါပေမယ့် တဏှာတော့ ကျန်သေးတယ်” လို့ဆိုပြီး နောက်ပြောင်ပြောကြတဲ့ သာမန်လူသားတို့၏ သဘာဝ သရုပ်အတိုင်း … သာမန်လူသား တစ်ယောက် ဖြစ်နေသေးတော့ …..

မြန်မာပြည်မှာ သန်းရွှေ သေရင်(ဘယ်လို သေသေ) သေတဲ့ နေ့အတွက် ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် တခုခု ကျင်းပကြရအောင်

လို့ စဉ်းစားထားမိတာ ကြာပါပြီ။

သန်းရွှေတို့ အုပ်စု နှိပ်စက်တာကြောင့် ပြည်သူတွေရဲ့ ဘဝတွေ၊ သွေးတွေ၊ မိဘ တွေရဲ့ မျက်ရည်တွေ၊ ငိုကျွေးနေရတာတွေနဲ့ နှိုင်းယှဉ်ရရင်တော့ ဒီလို ပျော်ပွဲရွှင်ပွဲ လုပ်မယ်လို့ စဉ်းစားမိတာ တရားတယ်လို့ ထင်ပါတယ်။ အဲဒီ ဘဝတွေ၊ သွေးတွေ၊ မျက်ရည်တွေ အတွက် ကျေကျေနပ်နပ်နဲ့ တခဏတာ ပျော်ပွဲလေး တခု လုပ်ချင်ရုံပါပဲ။

မိတ်ဆွေတို့ရော ဘယ်လို မြင်ပါသလဲ။

ခင်မင်စွာဖြင့်

ကိုထိုက်

11 comments:

ဝေယံလင်း said...

ဟီးဟီး
ကြိုက်တာသာလုပ် သဘောတူတယ်ဗျာ။
ဟီးဟီး
တွေးကြည့်ရုံနဲ့တောင်တော်တော်ပျော်ဖို့ကောင်းနေပြီ။

Unknown said...

Bravo....Great Idea!!!

Agreed It!!!

Unknown said...

Good Idea, Ko Htike!!! :)
ကြိုက်တဲ့ ပျော်ပွဲတာလုပ် ၀င်ပျော်မယ်ဗျာ...

Cells 3 said...

အပျော်ဆုံးနေ့ပဲ သန်းရွှေသေရင်

Anonymous said...

ပြောတဲ့သူတွေအရင်မသေပါစေနဲ့လိုပဲဆုတောင်းပါတယ်။

Unknown said...

I ka sin sar htar tar kyar pi.A gyi a kyawe loat thint tel.WELCOME

Maung Maung Kyaw Win said...

HAVE YOU ALREADY SIGNED IN THE FOLLOWING PETITION?

petition.com/1/put- on- trial- Than- Shwe-regime- and -cronies


Also appreciate should you pass over it to those who are in the same boat with us.

Unknown said...

သူသေရုံနဲ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာသိပေမဲ့ လုပ်ဗျာ ကျေနပ်တယ် ...
Tomahawk 4 Junta ........

Unknown said...

သူသေရုံနဲ့ဘာမှဖြစ်မလာနိုင်ဘူးဆိုတာသိပေမဲ့ လုပ်ဗျာ ကျေနပ်တယ်
Tomahawk4Junta .....

annandar said...

သိပ်ကောင်းတဲအတွေးပဲ

AYE CHAN said...

Than Shwe....Hey...bel kaung le kwa ..Ngar thay yin pwe thwin mel so dar..ie di kaung ko gote lar cho mel..Ngar thay yin thay char pauk THAYE phyit hmar kwa..kyut hmar ma hope tau buu..arr lone ko gote cho pyit mel..bar aung maye le..