Wednesday 27 June 2007

စိတ်ရဲ့ တင်းကြပ်မှု ထွက်ပေါက်များ

အလုပ်တွေများ၊ စိတ်ထွေပြားပြီး စိတ်ထဲမှာ သိပ်ပြီးရှုပ်ထွေးတင်းကျပ်နေလို့ ဘာလုပ်ရမယ်မှန်း မသိတဲ့အခါ ဘာတွေ လုပ်ရင်ကောင်းမလဲ ဆိုတာကို ကြံရာမရ ဖြစ်နေရင် အောက်က အချက်ကလေးတွေကို တစ်ကြိမ်ကို တစ်ခု လုပ်ကြည့်ပါ။ အစားအစာကောင်း တစ်ခုကို စားရင် တစ်ကိုက်ကိုက်ပြီး အရသာ ခံသလို တစ်ခါလုပ်ရင် တစ်ခု ပုံစံမျိုးနဲ့ စမ်းလုပ်ကြည့်ပါလား.

စိတ်ရဲ့ တင်းကြပ်မှု ထွက်ပေါက်များလို့ အမည်ပေးထားကြည့်ပါတယ်။


၁။ကိုယ်ဦးစားပေး လုပ်လေ့လုပ်ထ ရှိတာလေးတွေကို ပြောင်းလဲကြည့်ပါ။

၂။အညောင်းအညာပြေ လမ်းလျောက် အနားယူလိုက်ပါ။

၃။လုပ်နေတာတွေထဲက ခဏလောက် နောက်ဆုတ်ကြည့်ပြီး၊ ကိုယ့်ဘာသာ ပြန်လည် လေ့လာဆန်းစစ်မှုလေးတွေ လုပ်ကြည့်ပါ။

၎။ကိုယ် လုပ်နေတာရဲ့ ရည်ရွယ်ချက် အမှန်ကို ပြန်လည် သုံးသပ်ကြည့်ပါ။

၅။စိတ်နဲ့အတူ ကြွက်သားတွေက တင်းလာတတ်တာမို့၊ အနှိပ်ခံပြီး ကြွက်သား တောင့်တင်းမှုကို ဖြည်လျော့ကြည့်ပါ။

၆။သွားနေကြ၊ လုပ်နေကြ အချိန်ထက် ၅ မိနစ်လောက် စောစော သွားကြည့်ပါ။

၇။ရယ်စရာ ဇာတ်လမ်း၊ စာပေ လေးတွေ ကြည့်ရှုလိုက်ပါ။

၈။လုပ်တိုင်း တစ်ခါတစ်လေ မဖြစ်ရင် ထားလိုက်ပါ။ ရှိပါစေ၊ သွားပါစေ။ ကံကြမ္မာအတိုင်းပေါ့။

၉။ဆုံးဖြတ်ချက်တွေ ခိုင်မာပါစေ။

၁၀။အလုပ် (ဒါမှမဟုတ်) အိမ်မှာရှိတဲ့ ကိုယ်ပိုင်နေရာလေးကို သပ်သပ်ရပ်ရပ် လုပ်ကြည့်ပါ။

၁၁။စိတ်ခံစားမှုတွေ အကြောင်း နားထောင်ပေးမယ့် လူတစ်ယောက်နဲ့ စကားပြောကြည့်ပါ။

၁၂။ပန်းပွင့်လေးတွေကို တရှိုက်မက်မက် နမ်းရှုကြည့်လိုက်ပါ။

၁၃။တစ်စုံတစ်ယောက်ယောက်ကို အသိပေးပြီး အလုပ်လုပ်ကြည့်ပါ။

၁၄။မိမိ အတွင်းစိတ်က ပြောလာတာကို နားထောင်ကြည့်ပါ။

၁၅။အခြားတစ်ယောက်ယောက်ကို အကူအညီပေးလိုက်ပါ။

၁၆။ကိုယ့်ခြေ လက်တွေကို ဆုပ်နယ် ပွတ်သပ်ကြည့်ပါ။

၁၇။အကောင်းဘက် ရလဒ်ကို မြင်အောင်ကြည့်ပါ။

၁၈။ကျန်းမာရေးကို ဂရုစိုက်ပါ။

၁၉။အကဲ မဖြတ်ပါနဲ့၊ ချီးမွမ်းကြည့်ပါ။

၂၀။ကိုယ့်ခြံလေးထဲ အလုပ် လုပ်ကြည့်ပါလား။

၂၁။သုံးစွဲမှုတွေကို စားရင်းလေး လုပ်ပြီး သုံးကြည့်ပါ။

၂၂။ထပ်တူသာ ခံစားကြည့်ပါ။ ထိခိုက် လွယ်သူ မဖြစ်တတ်ပါနဲ့။

၂၃။ဘယ်အလုပ်ကို မဆို အချိန်ကုန်သက်သာတဲ့ နည်းလမ်းနဲ့ လုပ်ကြည့်ပါ။

၂၄။ငြိမ်သက်မှုကို ခံစားပါ။ ဖြစ်နိုင်ရင် တရားထိုင်ပါ။

အဝေးက ပုံရိပ်