Friday 31 July 2009

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်း

(ပန်းချီ တင်တင်စန်း)


(From www.saffrontoward.blogspot.com
)

ဒေါ်အောင်ဆန်းစုကြည် အား ယနေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု သတင်းများ ထွက်နေခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် အမိန်မချပဲ နောက်လ ၁၁ နေ့သို့ ရွှေ့ဆိုင်းကြောင်း ရုံးချိန်းကိုသာ ဖတ်ကြားသွားခဲ့သည်ဟု သိရသည်။

အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကို ပိတ်ထား သည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။

သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိ လာခဲ့ကြသည်။

မြို့ခံ တဦးက ယနေ့တွင် လာရောက် သတင်းနားထောင်သူများ၊ အားပေးကြသူများမှာ ယခင်နေ့များကထက် ပိုမိုများပြားသဖြင် တစုံတရာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုး၍ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောပြ ခဲ့သည်။

နိုင်ငံရေး သုံးသပ်သူ တော်တော်များများ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်လိမ့်မည်ဟု ယူဆနေ ကြသည်။

စစ်ဘက်နှင့် နီးစပ်သော အသိုင်းအဝိုင်းများက ပြေပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချသင့် မချသင့်နှင့် ပါတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များတွင် အယူအဆကွဲပြားမှုများ ဖြစ်ပေါ်နေသည်ဟု သိရပါ သည်။
၃၀ ရက်နေ့နှင့် ယနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၃ ဦး ရှိခဲ့ပြီး ထိုအထဲမှ ဒေါ်နော်အုန်းလှနှင့် အောင်လံအမတ် ဦးညွန့်လှိုင်တို့ကို ယနေ့နံနက်က ပြန်လွှတ် ပေးခဲ့သည်ဟု သိရပါသည်။

(From Mail)

စီရင်ချက်ချမယ့်ရက်ကို Aug 11သို့ရွှေ့ဆိုင်းလိုက်ကြောင်း တရားသူကြီးကြေငြာချက်အဆုံးမှာ ဒေါ်စုက သံတမန်များဖက်သို့လှည့်၍.. လူကြီးမင်းများကို နောက်ထပ်အလုပ်ရှုပ်စေအုံးမှာဖြစ်

တဲ့အတွက် တောင်းပန်ပါတယ်ရှင် လို့ အရွှန်းဖောက်ပြောခဲ့သည်။

(From www.sbs.com.au)

Suu Kyi's verdict delayed to August 11


31 July 2009 | 02:48:02 PM | Source: AAP

A Burmese court has postponed its verdict in the case of democracy icon Aung San Suu Kyi until August 11, officials and diplomats say, the latest delay in her internationally condemned trial.

The Nobel peace laureate faces up to five years in jail if convicted on charges of breaching the terms of her house arrest following an incident in which an American man swam across a lake to her heavily-secured villa in May.

Critics have accused Burma's iron-fisted generals of using the intrusion to Suu Kyi's house by US national John Yettaw as an excuse to keep the opposition leader locked up during elections that are due in 2010.

"The court said they have to consider legal problems, that's why they said they will give the verdict on August 11," her lawyer Nyan Win told AFP after Friday's brief hearing at Rangoon's notorious Insein prison.

"We are not surprised. Daw Aung San Suu Kyi was also not surprised," said Nyan Win, who is also the spokesman for her National League for Democracy. Daw is a term of respect in the Burmese language.

Diplomats and Burmese officials also confirmed the delay in the case.

"The reason the judges gave is that they have to review the case again," said a foreign diplomat who attended the hearing.

Riot police surrounded the prison on Friday and police trucks patrolled the city following warnings in the junta-controlled state media that protests would not be tolerated.

The judges had said earlier this week that they would give their verdict on Friday following a two-and-a-half-month trial that has unleashed a storm of international outrage against Burma's military regime.

Diplomats from all foreign missions in Rangoon were allowed into the trial, Western diplomatic sources and Burmese officials said.

Observers and diplomats have widely predicted a guilty verdict but there has been speculation that the junta might bow slightly to foreign pressure and give a lesser prison sentence or even return her to house arrest.

Washington, which like the European Union has imposed sanctions against the Burmese regime, demanded Suu Kyi's release late on Thursday.

"We believe that she should be immediately and unconditionally released, along with the 2,100 other political prisoners in Burma," State Department spokesman Ian Kelly said.

Verdicts had also been expected on Friday in the cases of Yettaw and of Khin Win and Win Ma Ma, two female aides who were living with Suu Kyi at the lakeside property when the American arrived there in the dead of night.

Yettaw, 53, from Falcon, Missouri, faces charges of abetting Suu Kyi's breach of security laws, immigration violations and a municipal charge of illegal swimming. All three also face up to five years in prison.

Burma's junta has kept Suu Kyi in detention for nearly 14 of the past 20 years, ever since it refused to recognise her National League for Democracy's landslide victory in elections in 1990.

Yettaw has said he embarked on his mission to warn Suu Kyi of a vision that she would be assassinated, dismissing suggestions by the regime he was an agent of a foreign power bent on freeing her from detention.

He was arrested swimming back from her house just days before the most recent six-year spell of her house arrest was due to expire.

Lawyers for Suu Kyi have argued that she cannot be held responsible for Yettaw's actions, and that the legal framework for her initial detention at her house was under a 1975 law that has been superseded by later constitutions.

Suu Kyi told the trial that she did not report the American to the authorities for humanitarian reasons. The junta says she gave food, shelter and assistance to Yettaw, who has diabetes.


(From www.moemaka.com)

ဇူလိုင် ၃၁ - တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို

မိုးမခအထောက်တော် ၀၀၉

ဇူလိုင် ၃၁၊ ၂၀၀၉

ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ - မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။ ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၎င်းတို့မှာ -

ရေနံချောင်း
၁။ ကိုမြင့်ငွေ

၂။ ကိုတင့်လွင်

၃။ ကိုသန်းအောင်

၎။ အမည်မသိ

အောင်လံ
၅။ ဦးအေးမြင့်

၆။ ဦးမင်းမောင်

တောင်တွင်းကြီး
၇။ ကိုစိုး

၈။ ကိုပါလေး

၉။ ကိုကျော်နိုင်

မြို့သစ်
၁၀။ ဦးသာအောင် (အမတ်)

၁၁။ မဇင်မမထွန်း

၁၂။ ကိုသန်းစိုးမြင့်

ဒဂုံမြို့သစ်
၁၃။ ကိုထိန်ဝင်း

၁၄။ ဒေါ်ခင်ဝင်းကြည်

မင်္ဂလာဒုံ
၁၅။ မခင်မြတ်သူ

ဒေါပုံ
၁၆။ ကိုနေလင်းကျော်

သာကေတ
၁၇။ ကိုနေလင်းစိုး

မင်းဘူး
၁၈။ ဦးသောင်းစိုး-ဥက္ကဌ (မကွေးအမှတ် ၂ ရဲစခန်းမှာချုပ်ထား)

စကု
၁၉။ ကိုနေမျိုးကျော် (မကွေးအမှတ် ၁ ရဲစခန်းမှာချုပ်ထား)

ပွင့်ဖြူ
၂၀။ ကိုအောင်ဝင်း (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)

၂၁။ အမည်မသိ (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)




Thursday 30 July 2009

ယုံကြည်ချက် တိုက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ကို လက်နက်ကိုင် အကြမ်းဖက်သမားများက တရားစွဲဆိုထားခြင်းအရ (မ)တရားရုံးမှ မနက်ဖြန်(၃၁ ဇူလိုင် ၂၀၀၉) တွင် အမိန့်ချမည် ဖြစ်သည်။ နဂိုကတည်းက ဖမ်းချင်၍ အကြောင်းမျိုးစုံ ပြပြီး ကလိန်ဥာဏ်ဆင်ကာ ဖမ်းဆီးခြင်းဖြစ်သောကြောင့် .... နည်းမျိုးစုံဖြင့် ညစ်ပတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် ထိတွေ့ခွင့်မရအောင် ကြံစည် အမိန့်ချမည်သာဖြစ်သည်။

ကျွန်တော်တို့ မြန်မာပြည်သူများအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်သမား(နအဖ) စစ်အုပ်စုအား ဒီနေရာမှာ ပြောချင်တာ တစ်ခုကတော့ ...

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ထောင်ချမိန့်ချခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြန်မာပြည်တွင် ဖေါ်ဆောင်သည့် လုပ်ဆောင်မှုများ ရပ်တန့်သွားကြမည်၊ ငါတို့ အနိုင်ရသွားကြမည်ဟု နအဖ စစ်ဝါဒီ အကြမ်းဖက်သမားများက ထင်နေလျှင်အမှားကြီး မှားလိမ့်မည် ဖြစ်သည်။

ယခု လှုပ်ရှားမှုများသည် ဓမ္မနှင့် အဓမ္မ၊ အမှန်နှင့် အမှား၊ သူတော်ကောင်း တရားနှင့် သူယုတ်တရားတို့ အားပြိုင်ပွဲသာ ဖြစ်သဖြင့် ... ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်ကို ခင်ဗျားတို့ နအဖ စစ်ဝါဒီ အကြမ်းဖက်သမားများက ဖမ်းဆီးထောင်ချမိန့် ချရုံဖြင့် ခင်ဗျားတို့ အနိုင်ရလိမ့်မည် မဟုတ်။

နိုင်ငံအတွင်း တရားဓမ္မများ ဖုံးလွှမ်းပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတရား ထွန်းကားစေရန် စစ်ဝါဒီများအား တောထုတ်သည့် လုပ်ငန်းများအား တိုင်းပြည်ချစ်သည် ပြည်သူလူထုက ဆက်လက် လုပ်ကိုင်သွားမည်သာ ဖြစ်သည်ဟု အသိပေးလိုက်ပါသည်။

ကိုထိုက်

Tuesday 28 July 2009

Burma Vj (full)

မြန်မာ့ သမိုင်းမှာ အရက်စက်ဆုံးနဲ့ အယုတ်မာဆုံး လူတစ်စုရဲ့ အမျိုးဘာသာ သာသနာကိုဖျက်စီးခဲ့တဲ့ သမိုင်းဝင် မှတ်တမ်း ရုပ်ရှင် ဖြစ်တဲ့ Burma VJ ကို အကြောင်းကြောင်းကြောင့် မကြည့်လိုက်ရသော၊ မကြည့်ရသေးသော သူများကြည့်နိုင်ရန် တင်လိုက်ပါတယ်။

(အဆင်ပြေဖြစ်နိုင်လျှင် မိမိနေထိုင်သော နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျှင် သွားရောက် ကြည့်ရှု အားပေးကြပါရန် တိုက်တွန်း အပ်ပါသည်။)




Sunday 19 July 2009

အာဇာနည်နေ့

ရန်ကုန်မြို့ အာဇာနည်နေ့ မြင်ကွင်းများ

(photo AP - မိုးမခမှ ရယူထားပါသည်။)



(photo AP - မိုးမခမှ ရယူထားပါသည်။)


နအဖ နောက်လိုက် အကြမ်းဖက်သမားများက တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သော အာဇာနည်ကြီးများ၏ မျက်နှာကိုပင် မထောက်၊ အာဇာနည်နေ့ ဂုဏ်ပြုသူများအား အကြမ်းဖက် ဖမ်းဆီးနေပုံ
(photo AP - မိုးမခမှ ရယူထားပါသည်။)



(photo reuters - မိုးမခမှ ရယူထားပါသည်။)


(photo reuters - မိုးမခမှ ရယူထားပါသည်။)

Friday 17 July 2009

Burma VJ show in london

လန်ဒန်မှာ Burma Vj ရုပ်ရှင်ကားကို ရုံမှာ သွားရောက် ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါး အပ်ပါတယ် ခင်ဗျာ။

အခြားလူတွေတော့ မပြောတတ်ဘူး၊ ကျွန်တော် ကိုယ်တိုင်ကတော့ အဲဒီကားကို ကြည့်ရင်း ၂၀၀၇ စက်တင်ဘာလ တုန်းက ခံစားမှုမျိုးတွေ ပြန်လည်ရရှိလာတာတော့ အမှန်ပါပဲ။

အဲဒီရုပ်ရှင်ကို ကြည့်ရင်း စိတ်ဓါတ်တတ်ကြွတာ၊ ဝမ်းနည်း ဝမ်းသာဖြစ်တာ၊ မခံချင်စိတ်ဖြစ်တာ စတဲ့ စိတ်ခံစားမှုတွေကတော့ အပြည့်ပါပဲ။

စစ် အာဏာရှင် စနစ်ဆိုးကို မြန်မာမြေပေါ်ကသာ မက၊ ကမ္ဘာ့မြေပေါ်ကပါ မောင်းထုတ်ရမယ်ဆိုတဲ့ အတွေးလည်း ပွားစေမိပါတယ်။

မြန်မာနိုင်ငံ သမိုင်းရဲ့ အာဏာရှင် စနစ်ဆိုး၊ ...... လက်နက်ကိုင် အကြမ်းဖက်သမား သန်းရွှေ ခေါင်းဆောင်တဲ့ လူယုတ်မာ တစုရဲ့ နိုင်ငံတော် အကြမ်းဖက်မှု(state terrorism) ဖြစ်ကြောင်း မျက်မြင်သက်သေ မှတ်တမ်း ရုပ်ရှင် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်သင့် ကြည့်ထိုက်တဲ့ ရုပ်ရှင် တစ်ကားဖြစ်ပါကြောင်း ...

အောက်ပါ ပိုစတာမှာ ရုပ်ရှင်ရုံနေရာနှင့် ပွဲ အစီအစဉ်ကို ဖတ်ရှုပြီး သွားရောက် ကြည့်လိုသူများ ကြည့်ရှုနိုင်ပါရန် သတင်းပါးအပ်ပါသည်။


Burma VJ နမူနာ ရုပ်ရှင်


အနိုင်မခံ


လွမ်းနေမိသော ငယ်ငယ်တုန်းက ဇူလိုင်လ

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လ ၀င်လာပြီဆိုတာနဲ့ သတင်းစာတွေ ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို အမြဲတွေ့ရတယ်။ အမြဲဖတ်ရတယ်။
ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ ၀င်လာပြီ ဆိုတာနဲ့ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားမှာ အာဇာနည်နေ့ အမှတ်တယသီချင်းတွေ နဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ အမြဲကြည့်ရ၊ ကြားရတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ အာဇာနည်နေ့ နီးလာပြီ ဆိုတာနဲ့ ကျောင်းမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ နားထောင်ရတာ၊ ဆရာမတွေက အတန်းထဲမှာ အာဇာနည်နေ့အကြောင်းတွေ ပြောပြကြတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လမှာ ထုတ်တဲ့ မဂ္ဂဇင်းတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အာဇာနည်ခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ဖတ်ရတာ ဖတ်လို့ကို မ၀ဘူး။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းမိတယ်။ အာဇာနည်နေ့ရောက်ပြီဆိုရင် ကစားနေရင်းနဲ့ ဥသြဆွဲသံ၊ ဟွန်းသံ တွေကို နားစွင့်နေရင်း ဥသြဆွဲသံကြားတာနဲ့ ကစားတာတွေကိုရပ်ပြီး အလေးပြုခဲ့ကြတာတွေကို မှန်မိနေတယ်။

ခုတော့ အရင်တုန်းကနဲ့ မတူတဲ့ ဇူလိုင်လ တွေကိုပဲ ကိုယ်ပိုင်ဆိုင်နေရတယ်။ အာဇာနည်စိတ်ဓါတ်ကို ကျောင်းသားလူငယ် တွေဆီ လက်ဆင့်ကမ်းပေးတာလည်း မတွေ့ရတော့ဘူး။ အာဇာနည်နေ့ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်နာ ခံခြင်း၊ တိုင်းပြည်အတွက် ပေးဆပ်ခြင်းဆိုတဲ့ အရာတွေကိုလည်း ကလေးတွေ မသိဘူး၊ မကြားဘူးကြတော့ဘူး။ ခု ကလေးတွေက အာဇာနည်နေ့ရဲ့ အနှစ်သာရကို သိဖို့ ဆိုမထားနဲ့ အာဇာနည်နေ့ ဆိုတာ ဘာနေ့လည်း၊ အဲဒီနေ့ကို ဘာဖြစ်လို့ အားလပ်ရက်အဖြစ် သတ်မှန်ကြတာလည်း၊ အဲဒီနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေက ဘယ်နှစ်ယောက် လည်း၊ ဘယ်သူတွေလည်း၊ သူတို့က ဘာတွေလုပ်ခဲ့လို့ အာဇာနည်လို့ ခေါ်တာလဲ….. လဲ….. လဲ…. လဲ ပေါင်းများစွာ ကို မသိကြတော့ဘူး။ ရင်နာဖို့ကောင်းလိုက်တာ။

ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ လေးစားချစ်ခင်ရတဲ့ အကိုတစ်ယောက်ကတော့ ပြောခဲ့ဘူးပါတယ်… ကိုယ်လုပ်တာတွေ ကောင်းရင်၊ ကိုယ်လုပ်တာကို သူများက ချီးကျူးရင် ကိုယ့်အတွက်ကိုယ် ဂုဏ်မယူပါနဲ့ အဲဒါ ကိုယ်တော်တာမဟုတ်ဘူး။ ကိုယ့်ကို ပြုစု ပျိုးထောင်ပေး၊ အသိပညာတွေပေးခဲ့တဲ့ ကိုယ့်အထက်က၊ ကိုယ့်အရင်က လူတွေ တော်ခဲ့တာ။ ကိုယ်တော်လား မတော်လားဆိုတာကို ကိုယ့်နောက်က ကိုယ်လက်ဆင့် ကမ်းပေးရမယ့် လူငယ်လေးတွေရဲ့ လုပ်ဆောင်မှုနဲ့ တိုင်းရတယ်။ ကိုယ့်နောက်က လူငယ်လေးတွေ မတော်ရင် ကိုယ်မတော်တာပဲ။ ကိုယ့်အနောက်က လူငယ်လေးတွေ ညံ့ရင် ကိုယ်ညံ့တာ ပဲ တဲ့။ ဒီလိုဆို ခုခေတ် လူငယ်လေးတွေ အာဇာနည်နေ့အကြောင်းကို မသိကြတော့တာ ဘယ်သူတွေ ညံ့လို့လည်း။

ကိုယ်ကတော့ ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကိုပဲ ပြန်လွမ်းနေမိတယ်။ ခုခေတ် လူငယ်လေးတွေကို ငယ်ငယ်တုန်း က ဇူလိုင်လမှာ ထုတ်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ပေးဖတ်ချင်တယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ ဟောပြောခဲ့တဲ့ ဆရာမကြီးတွေရဲ့ ဟောပြောပွဲတွေကို ပြန်နားထောင်စေချင်တယ်။ ငယ်ငယ်တုန်းက ဇူလိုင်လမှာ လွှင့်ခဲ့တဲ့ အာဇာနည် နေ့သီချင်းတွေကို ပြန်နားထောင်စေချင်မိတယ်။ ငယ်ငယ်တုန်းကလို အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်မှာ ဆွဲလာမယ့် ဥသြသံကို နားစွင့်နေမိတယ်။ ကိုယ်လေ ကိုယ့်နောက်က နောင်လာနောက်သားတွေကို အာဇာနည်နေ့ဆိုတာ ကတော့ ဒီလိုပဲဟေ့ ဆိုပြီး ပြောပြချင်နေမိတယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့လေ….. ကိုယ်… ငယ်ငယ်တုန်းက ကိုယ်ကြုံတွေ့ခဲ့ရတဲ့၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဇူလိုင်လလေးတွေကို တော့ လွမ်းနေမိပါတယ်။
မေမင်းဆက်။

ကြံတောသင်္ချိုင်းမှာ နာမ်နှိမ်ခံလိုက်ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကတော့၊ မြန်မာစစ် ဗိုလ်ချုပ်ကြီးတွေရဲ့၊ ကလိမ်ကျမှု၊ ဗြောင်လိမ်မှုတွေအောက်မှာ နစ်မြုတ်သွားခဲ့ရပါပြီ။ ပိုဆိုးတာကတော့၊ ထုံးစံအတိုင်း၊ ပေါကြောင်ကြောင်၊ မိစ္ဆာအယူဝါဒ၊ အယူသည်းမှုတွေအပေါ်အခြေခံတဲ့၊ အစီအမံလုပ်ရပ်တွေနဲ့၊ မစ္စတာဘန်ကီ မွန်းကို၊ နာမ်နှိမ်ဘို့ဆောင်ရွက်ခဲ့တာကို၊ ကြုံတွေ့ခဲ့ရတာပါ။

စစ်အာဏာသိမ်း၊ဗိုလ်ချုပ်ကြီးတွေဟာ၊ သင်္ချိုင်းတွေကို၊ ကြောက်လန့်ရွံရှာလေ့ရှိပါတယ်။ အမင်္ဂလာနေရာလို့ယူ ဆထားပြီး၊ မသွားမဖြစ်မှ၊ သွားလေ့ရှိကြပါတယ်။ စစ်အကြမ်းဖက်ဓါးပြခေါင်းဆောင် သန်းရွှေတယောက်၊ ခုချိန် ထိ၊အာဇာနည်ဗိမာန်တောင်သွားရောက်ရဲတဲ့၊ သတ္တိမရှိပါဘူး။ လွတ်လပ်ရေးအတွက်၊ အသက်ပေးဆောင်ရွက် ခဲ့တဲ့၊တပ်မတော်ဖခင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းကို၊ အလေးပြုရမှာ၊လိပ်ပြာမသန့်လို့လား။ ဒါမှမဟုတ်၊အမင်္ဂလာ နေရာလို့ယူဆထားလို့လား။ ( ကြတ်ပြေးနေပြည်တော်ရှိ၊ စစ်အကြမ်းဖက်ရုံးချုပ်က၊ လူတွေအဆိုအရ၊ နှစ်ခုစ လုံးကြောင့်ပါတဲ့။ )

မစ္စတာဘန်ကီမွန်းနဲ့၊ သံတမာန်တွေ၊ တွေ့ဆုံရှင်းလင်းပွဲကို၊ မူလကဆီဒိုးနားဟိုတယ်မှာ၊ ကျင်းပဘို့စီစဉ်ထား ပြီးမှ၊ ရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းထောင့်ရှိ၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့၊ ပြောင်းရွှေ့ကျင်းပဘို့၊ အတင်းအကျပ်စီစဉ်ခဲ့ကြပါတယ်။ အဲဒိနေရာဟာ၊ယခင်က ကြံတောသင်္ချိုင်းလို့၊ လူသိများခဲ့တဲ့နေရာပါ။ အဲဒီပြတိုက်အတွင်းမှာ၊ လျှို့ဝှက်ဖမ်းဆီးထားတဲ့၊ လူ(၅)ဦးကိုချုပ် နှောင်ထားတဲ့၊ အချုပ်ခန်း(၅)ခန်း၊ လျှို့ဝှက်တည်ဆောက်ထားတယ်ဆိုတာ၊ သိရှိသူ၊မရှိသလောက်ပါ။


ပြတိုက်အစည်းအဝေးခန်းမဆောင်ကို၊ ဝင်ရောက်တဲ့အခါမှာလည်း၊ ရှေ့ပေါက်ကဝင်ရောက်ခွင့်မပြုဘဲ၊ တခြား အပေါက်ကဝင်ရောက်ဘို့စီစဉ်ထားတာကြောင့်၊ မစ္စတာဘန်ကီမွန်း၊ အကြီးအကျယ်ဒေါသဖြစ်သွားခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့၊ ရည်ရွယ်ချက်ကတော့၊ သံတမာန်တွေနဲ့၊ မီဒီယာသမားတွေရှေ့မှာ၊ မစ္စတာဘန်ကီမွန်း ဟာ၊ သူတို့ခိုင်းသမျှလုပ်နေရတယ်ဆိုတဲ့၊ ပုံစံဖြစ်အောင်စီစဉ်ခဲ့ကြတာပါ။

မစ္စတာဘန်ကီမွန်းနဲ့အဖွဲ့ဝင်တွေက၊ ရှေ့တခါးပေါက်မှဝင်ရောက်ခွင့်မပြုပါက၊ သံတမာန်များနှင့်၊တွေ့ဆုံရှင်း လင်းပွဲကို၊ ပြုလုပ်တော့မည်မဟုတ်ဘဲ၊ လှည့်ပြန်မယ်လုပ်တော့မှ၊ စစ်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက၊ သဘောတူ ခွင့်ပြုခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လို၊ ထိပ်ဆုံးကခေါင်းဆောင် ဦးဆောင်ကျင်းပတဲ့ပွဲဟာ၊ သင်္ချိုင်းဟောင်းမှာပြု လုပ်လိုက်ရတာကြောင့်၊ နောင်ဘယ်သောအခါမှ၊ ကုလသမဂ္ဂအဖွဲ့အစည်း၊အနေနဲ့၊မြန်မာနိုင်ငံအပေါ် သြဇာ သက်ရောက်နိုင်တော့မှာ၊ မဟုတ်တော့ဘူးလို့၊ ဗေဒင်ယတြာတွေကိုအ စွန်းရောက်ယုံကြည်နေကြတဲ့၊ စစ်အာ ဏာရှင်အုပ်စုအသိုင်းအဝိုင်းမှာ၊ ပြောဆိုနေကြပါတယ်။

တကမ္ဘာလုံးကို၊ကိုယ်စားပြုတဲ့၊အဖွဲ့ကြီးရဲ့၊ ဦးစီးခေါင်းဆောင် မစ္စတာဘန်ကီမွန်းအပေါ်၊ နာမ်နှိမ်ရန်ရည်ရွယ် ချက်ရှိရှိ၊ ဆောင်ရွက်ခဲ့ကြပေမဲ့၊ စစ်အာဏာရှင်တွေရဲ့၊ လုပ်ဆောင်မှုတွေက၊ အရာမရောက်ခဲ့ပါဘူး။ မစ္စတာ ဘန်ကီမွန်းကို၊ ကြတ်ပြေးနေပြည်တော်ရောက်စဉ်၊လည့်လည်ပြသပြီး၊ ဧည့်ခံပွဲတွေကျင်းပပေးဘို့စီစဉ်ထား ကြပေမဲ့၊ မစ္စတာဘန်ကီမွန်းရဲ့၊ ရဲဝံ့ပြတ်သားတဲ့၊ ငြင်းပယ်မှုကြောင့်၊သူတို့အစီအစဉ်တွေဖျက်သိမ်းခဲ့ရပါတယ်။ “သူလာတာဟာ၊ဧည့်ခံပွဲတက်ရောက်ဘို့လာတာမဟုတ်ကြောင်း” ပြောဆိုလိုက်တာကြောင့်၊ စစ်အာဏာရှင်အ ဖွဲ့အရှက်ကွဲခဲ့ရပါတယ်။ ဒါကြောင့်ကြတ်ပြေးနေပြည်တော်ကအပြန်၊ ရန်ကုန်မှာ၊မစ္စတာဘန်ကီမွန်းကို၊ နာမ်နှိမ် ဘို့အရေးပေါ်စီစဉ်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ရောက်ပြီး၊ လေယာဉ်ပေါ်မှဆင်းဆင်းခြင်း၊ သတင်းထောက်တဦးရဲ့အမေးကို၊ဖြေ ကြားရာမှာ၊ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့နှစ်ကြိမ်တွေ့ဆုံခဲ့ရာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထပ်တလဲလဲပြောကြားခဲ့ တဲ့စကားက၊ ၂၀၁၀မှာအရပ်သားအစိုးရကို၊အာဏာလွှဲပေးပါ့မယ်ဆိုတာပါဘဲ။ ပြီးတော့မှ မစ္စတာဘန်ကီမွန်း ဆက်ပြောသွားတာက၊ “နောက်တကြိမ်ထပ်တွေ့ရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို၊ အရပ်သားအဖြစ်တွေ့ရလိမ့် မယ်လို့ထင်ပါတယ်တဲ့။”

မြန်မာ့ဒီမိုကရေစီရရှိရေးအတွက်၊ မိမိဘဝကိုအနစ်နာခံဆောင်ရွက်ပေးနေတဲ့၊ လူထုခေါင်းဆောင်၊ ဒေါ်အောင် ဆန်းစုကြည်အပါအဝင်၊ ထိမ်းသိမ်းခ၊ံနိုင်ငံရေးအကျဉ်းသားများ၊ လွတ်မြောက်ရေးနဲ့၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်၊ တိုးတက်မှုဖြစ်ပေါ်လာစေရေးအတွက်၊ အစွမ်းကုန်ကူညီရန်၊ ရည်ရွယ်ပြီးလာရောက် ခဲ့ပေမဲ့၊ မစ္စတာဘန်ကီမွန်းအနေနဲ့၊ နိုင်ငံတကာတောင်းဆိုမှုတွေအပေါ်၊ အရေးမထားတဲ့၊ စစ်အာဏာသိမ်းအ ဖွဲ့ရဲ့၊ အောက်တန်းကျတဲ့၊ လှည့်စားမှုတွေကြောင့်၊ အချိန်ကုန်ပင်ပန်းပြီး၊ အကျိုးမရှိဘူးလို့ယူဆရပေမဲ့၊ အမှန်တ ကယ်မှာတော့၊ မြန်မာပြည်သူလူထုအတွက်၊ အကျိုးရှိခဲ့ပါတယ်။

အဲဒါကတော့၊ အာဏာသိမ်းစစ်ကောင်စီအနေနဲ့၊ အာဏာကိုလက်မလွှတ်ရအောင်၊ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာမိသားစုတွေကို၊ အသုံးချပြီး၊လုပ်ဆောင်နေတာကို၊ မစ္စတာဘန်ကီမွန်း၊ ကိုယ်တိုင်တွေ့ကြုံခံစား လိုက်ရတာကြောင့်ပါ။

လေးစားစွာဖြင့်၊

သူရဲကောင်း။



Meeting in the Kyantaw old Cemetery for UN Secretary-General H.E.Mr.Ban Ki-Moon

As usual, United Nation Secretary-General H.E. Mr. Ban Ki-Moon second trip to Burma was play out again by Burmese Junta as all Mr. Ban’s hopes were sunk into Junta’s tricks, shameless lies and further more and worst of all, was attacked by superstitious and Satanic heresy practice. Mr. Ban Ki-Moon was attacked by occult mean to cause misfortune to him.

Most of all Burmese generals are in believe that cemetery, old cemetery or any place of relating dead are of bad luck and misfortune to them. They avoid that place for doing something other than attending funeral. Junta leader Than Shwe never visit and pay homage to National Martyrs Mausoleum not only because he has no clear conscience in front of the tomb of National Hero and Arm-Forces Founder General Aung San (father of Aung San Su Kyi) but also afraid of misfortune will come to him.

When UN Secretary-General Mr. Ban Ki-Moon requesting for convening the meeting with his UN staff and Diplomatic Corps for explaining of his trip in the country, authority not allowed him to do as requested in convenience and regular venues such as Sedona Hotel, where Mr. Ban Ki-Moon is staying or Trader’s Hotel, where most of the UN Offices are residing but give him a permission to do so in Drugs Museum Hall which is not a place for such kind of event. That Museum was built in the area of old cemetery in Kyantaw, which was only closed down at end of 1997. When Mr. Ban Ki-Moon came to enter that meeting place, authority tried to let him in, not from main gate but from side door. A lot of arguments to be going on for opening of the main gate as that is a technique always practice by Junta to disturb someone they are not happy with.

Motive of ushering Mr. Ban Ki-Moon from side door is to show Diplomatic and media Corps that they are commanding UN Secretary General to follow their arrangement. But smart aides of Mr. Ban Ki-Moon strongly protest and given ultimatum of cancel the program if not allow to enter from main door. That is the end of struggle and generals gave in.

What all generals are satisfied from above pre-arranged conspiracy is that since Mr. Ban Ki-Moon’s own conference was held in cemetery, he (UN) will never be in success of conducting any activities in Burma. If he entered cemetery from side door means he (UN) will never be in main but sideline person/Org. That is what all half crack Generals believed.

We, Burmese people really appreciate what was tried to achieve by Mr. Ban Ki-Moon. We have no doubt about his intention and people of Burma are expecting to see the progress but we all are very disappointed and shame for what Junta was done to Mr. Ban Ki-Moon.

Some remarkable incident was occurred when Mr. Ban Ki-Moon was in Nay-Pyi-Taw. Authority arranges some entertainment program for Mr. Ban Ki-Moon and proudly informs him of what is in the program. Mr. Ban Ki-Moon bitterly refused to accept and retorted that he is not come here to enjoy the entertainment but to work for Burma.

Departing Burma and immediately after disembarking from aircraft in Bangkok, Mr. Ban Ki-Moon talk to reporters in waiting before starting formal press conference that during his two meeting with Senior General Than Shwe, most repeated promise he ever listen from him was that Junta will transfer the administrative power to civilian in 2010, then Mr. Ban Ki-Moon pause, smile and talk that if he has a chance to see Senior General Than Shwe again in 2010, then he believes to see S.G. Than Shwe as a civilian.

We, all Burmese applaud and tribute the smart act of Mr. Ban Ki-Moon, who return the good lesson to uneducated Generals. Anyway, we all Burmese people, enthusiastically respecting of Human Right and Democracy, are overwhelmingly supporting Mr. Ban Ki-Moon for his Burma Achievement.

Reported by Thu Ye Kaung.

Monday 6 July 2009

လက်ရှိ နိုင်ငံရေးနှင့် နအဖ ခြေလှမ်း အချို့

ကျွန်တော်လဲ Post အသစ် မတင်ဖြစ်ဘဲ ဘလော့ကို ဒီအတိုင်း ပစ်ထားတာ အချိန် အတော်ကြာနေတာမို့ စာလာဖတ်သူတွေကို ပထမဦးစွာ တောင်းပန်ချင်ပါတယ်။

မရေးဖြစ်တာတွေကတော့ အကြောင်းအရာ၊ အကြောင်းပြချက် အမျိုးမျိုးပါပဲ။ နောက်ဆုံး အဆုံးသတ်ရရင်တော့ ကျွန်တော့် အားနည်းချက်၊ ကျွန်တော် အလုပ် မလုပ်တာကြောင့်ပါပဲ။

အခုတော့ ဘန်ကီမွန်းကြီးလည်း မြန်မာပြည်ကနေ ပြန်လာခဲ့ရပြီ။ မကြာခင် ကာလ တစ်ခုမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ဥပဒေနဲ့ အကျဉ်းချဖို့ကလည်း သေချာသလောက် ရှိလာပါပြီ။

အခု လက်ရှိ ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို ပကတိ ကျွန်တော်မြင်သလောက် ပြောချင်လာတာတွေ ရှိလာပါတယ်။


၁။ တိုင်းပြည်ကို စစ်တပ်က တာဝန်ယူထားလို့ တိုင်းပြည်ငြိမ်နေတာ မဟုတ် ...

တချို့သော နိုင်ငံတွေက ပြောနေကြတာတွေ ရှိပါတယ်။ သထူးသဖြင့် အာဆီယံ နိုင်ငံတွေက ပြောလေ့ရှိတဲ့ စကားလုံးတွေပါ။ အဲဒီ စကားလုံးတွေကတော့ “မြန်မာနိုင်ငံ တည်ငြိမ်နေတာ စစ်တပ်က အခုလို အာဏာကို ထိမ်းချုပ်ထားလို့ တည်ငြိမ် နေနိုင်တာ။ တကယ်လို့ အဲဒီလို ထိမ်းချုပ်မှု မရှိရင် မြန်မာပြည်က တည်ငြိမ်နိုင်စရာ မရှိဘူး။” ... အဲဒီလို အကြောင်းပြချက် စကားလုံးတွေနဲ့ လက်နက်ကိုင် အကြမ်းဖက် သမားအဖွဲ့(နအဖ) နဲ့ အတူတူ ပူပေါင်းပြီး လုပ်သင့်တာ လုပ်ရမယ်လို့ ပြောလေ့ရှိပါတယ်။

ဒါပေမယ့် အခု ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုး ကိုယ်တိုင် မြန်မာပြည်ကို လာပြီး စေ့စပ်ဆွေးနွေးရေး လုပ်ဖို့ စကားလာပြောတာကို နအဖ ကိုယ်တိုင်က လက်ခံရတယ် ဆိုတာကြည့်ရင် ... အကြမ်းဖက် လက်နက်ကိုင် အဖွဲ့(နအဖ) ကိုယ်တိုင်က မြန်မာပြည်မှာ ပြဿနာတွေ ရှိနေတာကို ဝန်ခံနေပါတယ်။ ကုသမ္မဂကလည်း မြန်မာပြည်မှာ ပြဿနာတွေ ရှိနေတယ် ဆိုတာကို သက်သေပြ နေတာပါပဲ။ ဒီတော့ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းထားလို့ တိုင်းပြည် တည်ငြိမ်နေတယ် ဆိုတာ “လုံးဝ” အဓိပ္ပါယ် မရှိဘူးဆိုတဲ့ အချက်က ပထမ အချက်ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်အဖြစ် ကမ္ဘာက လက်ခံထားပြီး ဖြစ်နေပါပြီ။


တိုင်းပြည်ကို စစ်တပ်က တာဝန်ယူထားလို့ တိုင်းပြည်ငြိမ်နေတာ မဟုတ်ဘဲ တိုင်းပြည်အတွက် စစ်တပ်က ကိုယ်နဲ့ မဆိုင်တာကို ဝင်ရှုပ်တာကြောင့် တိုင်းပြည်မှာ ပြဿနာတွေ ဖြစ်နေတယ်လို့ ကောက်ချက်ချပါတယ်။


၂။ ကုလသမဂ္ဂ ခရီးစဉ်များ

ရာဇာလီ၊ ပီညဲရိုး၊ ဂမ်ဘာရီ အပါအဝင် အခု နောက်ဆုံး ဘန်ကီမွန်း အထိ ကုလသမဂ္ဂကနေ မြန်မာပြည်မှာ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပြုပြင်ညှိနှိုင်းဖို့ လာရောက်ခဲ့တဲ့ အကြိမ်ပေါင်း အတော်များခဲ့ပါပြီ။ တခါမှ သိသာထင်ရှားသော အောင်မြင်မှု မရခဲ့ပါ။ အထွေထွေ အတွင်းရေးမှုး ကိုယ်တိုင်လာရောက်ခဲ့ရပြီး အရှက်ကွဲခဲ့ရတာ အားလုံးမျက်မြင်ပါပဲ။

ဒီတခေါက် ဘန်ကီမွန်း မြန်မာပြည်အတွက်လာခဲ့တာက သိတဲ့ အတိုင်း နိုင်ငံရေး ပြဿနာများ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေး ဖြစ်ပါတယ်။ အရင်တခါလို နာဂစ် ကိစ္စ သီးသန့်မဟုတ်ဘဲ နိုင်ငံရေး ကိစ္စ သီးသန့်အတွက်ပါ။

ရာဇာလီ လာတယ်။ ပြန်တယ်။
ဂမ်ဘာရီ လာတယ်။ ပြန်တယ်။
မထူးဘူး။
တကြိမ်ထက် တကြိမ်မှာတောင် .. ပိုဖိနှိပ်တယ်။ လူပိုသတ်တယ်။ ပိုပြီး ဥပဒေမဲ့တယ်။ ပိုပြီး ယုတ်မာလာတယ်။

လူ့ယဉ်ကျေး အသိုင်းအဝိုင်းမှာက နောက်ဆုံး အထွေထွေ အတွင်းရေးမှု အဆင့်အထိ ကုလသမ္မဂက ကြိုးပမ်းတယ်၊ မအောင်မြင်ဘူး ဆိုတာကို သမိုင်းမှတ်တမ်း တစ်ခု အဖြစ် ကမ္ဘာနိုင်ငံရေး မှတ်တမ်း ဝင်သွားပါပြီ။ ဒီတော့ မြန်မာ့အရေးကို နောက်နောင် ကမ္ဘာ့ နိုင်ငံတွေမှာ ဆွေးနွေးကြတဲ့အခါ ဖြစ်လာခဲ့ရင်တော့ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့(နအဖ) ဘက်ကနေ ပျော့ပျောင်းတဲ့ နည်းနဲ့ အဖြေရှာသင့်ပါတယ်လို့ ပြောတဲ့ နိုင်ငံတွေရဲ့ ပါးစပ်တွေကို ဖြတ်ရိုက် ပြီးသား ဖြစ်သွားပါပြီ။ ပြောနိုင်တော့မှာ မဟုတ်တော့ပါဘူး။ (တရုတ်တောင် ကမ္ဘာပေါ်မှာ သူ့သိက္ခာ ထိမ်းသိမ်းဖို့ လိုလာပြီလို့ တချို့နေရာတွေမှာ ယူဆလာတဲ့ အခါ၊ အခုလို နအဖ ကိစ္စအတွက် ဝင်ပြောဖို့ကတော့ သူ့သိက္ခာကို ကျစေတာ ဖြစ်နိုင်လို့ နောက်အကြိမ်တွေမှာ နအဖကို ကာကွယ်ဖို့ ခက်လာနေပါပြီ။)

ဒါဟာ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အပါအဝင်၊ ဘန်ကီမွန်း အထိ လာရောက်ခဲ့ကြတဲ့ ခရီးစဉ်တွေရဲ့ မအောင်မြင်ခဲ့တဲ့ အောင်မြင်မှုလို့ ကောက်ချက် ချပါတယ်။

ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံရေးရဲ့ အဖြေတော့ မဟုတ်သေးပါဘူး။

၃။ နအဖ ရည်မှန်းချက်နှင့် ဝှက်ဖဲ

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ (နအဖ) ရဲ့ ရည်မှန်းချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပါပဲ။ စကားလုံး အရ အတိအကျ ပြောတာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဟာ နအဖရဲ့ အဓိက ရည်မှန်းချက်ပါ။

သူက ရွေးကောက်ပွဲမှာ သူ့လူတွေ အနိုင်ရရေး၊ မရရေး၊ ..... NLD ပါရေး၊ မပါရေး .. စတာတွေကို ဂရုမစိုက်ပါဘူး။ သူ ဂရုစိုက်တာ တခုပါပဲ။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး တစ်ခုပါပဲ။

ဘာကြောင့် ဂရုမစိုက်သလဲ ဆိုတာကတော့ ရှင်းပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ရလဒ်တွေဟာ ၂၀၀၈ ခုနှစ် နာဂစ် အခြေခံ ဥပဒေအရ အစိုးရဖွဲ့ရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေခံဥပဒေ အရ အစိုးရဖွဲ့တဲ့အခါ .. ဘယ်သူနိုင်နိုင် မြန်မာပြည်ဟာ လက်နက်ကိုင် အကြမ်းဖက်ဖွဲ့ရဲ့ မတရားမှုတွေကို တရားဝင် အသိအမှတ်ပြုပေးရမှာ ဖြစ်နေလို့ပါပဲ။

ဘယ်သူနိုင်နိုင် ကာကွယ်ရေး ဦးစီးချုပ် (သို့) ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်တဲ့ လူက အလိုလို သမ္မတဖြစ်လာပြီး အဲဒီ လူက တိုင်းပြည်ကို ချယ်လှယ်ပါလိမ့်မယ်။

ဝင်ရွေးခံကြ။ ပါတီ ဖွဲ့ကြ။ ပျော်ပျော်ကြီးနဲ့ ဘာမှ မရှိတာဟာ ရှိတာထက် ကောင်းတယ်လို့ ပြောကြတဲ့ လူတွေကတော့ အရိုးအရင်းလေးကိုက် ပါလီမန်မှာ ဝင်ထိုင်လိုက်၊ မဆိုစလောက် အာဏာလေး ပြပြီး လူထုကို အနိုင်ကျင့်လိုက် .... နအဖရဲ့ လူမိုက် အဆင့်အထိပဲ ရကြမှာပါ။ သူတို့မှာ တိုင်းပြည် ကံကြမ္မာကို ဖန်တီးနိုင်စွမ်း လုံးဝ မရှိပါဘူး။ အဲဒါနဲ့တင် မပြီးသေးပါဘူး။


ကာကွယ်ရေး ဦးစီးချုပ်က ရွေးလိုက်လို့ သမ္မတဖြစ်လာတဲ့လူက အခု ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် လက်ရှိ နအဖ လူကြီးတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်လာမယ်ဆိုရင်လည်း နိုင်ငံတော် လုံခြုံရေး ကောင်စီလို့ ခေါ်တဲ့ အဖွဲ့မှာ ရှိတဲ့ စစ်တပ်ကို ကြိုးကိုင်တဲ့ လူတွေက လက်ရှိ စစ်တပ်ကို နွားကြီး တစ်ကောင်လို ထပ်ခိုင်းပြီး အာဏာ အချိန်မရွေး သိမ်းနိုင်အောင် အခြေခံဥပဒေက ထပ်ပြီး ခွင့်ပြုထားပါသေးတယ်။

ဒီတော့ နအဖရဲ့ ဝှက်ဖဲက ဘာဖြစ်လာသလဲ ဆိုတော့ ၂၀၀၈ နာဂစ် အခြေခံ ဥပဒေ ဖြစ်လာပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဦးတည် လုပ်ကိုင်မှာပါပဲ။ အဲဒီ အတွက် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါစေ” လို့ သာပြော။ နအဖကလည်း “Yes” ပဲပေါ့။

လုပ်ချင်ရင် ခင်ဗျားတို့ ကိုယ်တိုင် လာပြီးတော့ သေချာကြီးကြပ်၊ စောင့်ကြည့်။ အကုန် မျှမျှတတ ဖြစ်စေရမယ်။ အီရန်လို မဲမခိုးစေရဘူး။ ဇင်ဘာဘွေလို မဲ ပြန်ပြီး ရေတွက်စရာ မလိုစေရဘူး။ ရလဒ်အတိုင်း မျှမျှတတ မှန်မှန်ကန်ကန် ဖြစ်စေရမယ်လို့ အာမခံပြီး ရွေးကောက်ပွဲကို လုပ်ပေးပြီး မြန်မာပြည်ကို ဒီမိုကရေစီ စနစ် ပြောင်းပေးလိုက်ပါပြီလို့ အော်ဟစ် ကြွေးကြော်မှာ သေချာနေကြောင်းပါ ခင်ဗျာ။ (ဟဲ . ဟဲ ... ၂၀၀၈ နာဂစ် ဥပဒေကိုတော့ ခင်ဗျားတို့ လာမထိနဲ့ ပေါ့ဗျာ။)

လေးစားစွာဖြင့်
ကိုထိုက်