Tuesday 30 September 2008

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ “ဗြောင်း” ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

.............................................................................

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။

ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"


"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)



ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကို အရမ်းချစ်သလောက် အရမ်းထိန်းချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။

အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။

ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော် ခုထိ မှတ်ထားတဲ့ စကားတခွန်းကတော့ "တာဝန်သိသူမှာပဲတာဝန်ရှိတယ်" တဲ့။

လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊လူအခွင့်အရေးနဲ့ တရားမျှတရေးတို့ကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်ရှိကြောင်းသိကြပါစေဗျာ...။။။။။။။။။။။။။။
ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....


moethway
Generation Wave

Sunday 28 September 2008

နအဖတို့သွားရာလမ်း

“သံဃာကို သတ်တာတောင် ဘာအပြစ်မှမကျဘူးဟေ့” ဆိုသော ပြည်သူတို့၏ အသံများကိုကြားရပါသည်။ ယနေ့ခေတ် လူငယ်တွေကြားမှာလည်း “အို-ဘုရား၊ တရား၊ သံဃာကို သတ်ဖြတ် စော်ကားတာတောင် ဘာမှမဖြစ်တာ … အရက်သောက်၊ ဖဲရိုက်၊ မကောင်းမှုလုပ်၊ မိဘကို ပြန်ပြော စော်ကားတာလောက်ကတော့ ဘာအပြစ်ဖြစ်မှာလဲ” စသောအသံများကို မပြတ်ကြားနေရသဖြင့် ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပါတော့၏။

“လူ”ဟု ခေါ်သော ကျွန်ုပ်တို့သည် ဗုဒ္ဓအလိုအရ ဗြဟ္မာက ဆင်းသက်သလို၊ ဒါဝင် အလိုအရမူ မျောက်က ဆင်းသက် လာသည်ဟု ဆို၏။ ထို့ကြောင့် လူကို ဗြဟ္မာတပိုင်း၊ တိရစ္ဆာန်တပိုင်းဟုဆိုသောဆိုနိုင်သည့် အပြင်လူ့စိတ်၌လည်း ဗြဟ္မာနှင့်တူသော ကုသိုလ်စိတ်၊ တိရစ္ဆာန်နှင့်တူသော အကုသိုလ်စိတ်တို့ စုပေါင်းနေပါသဖြင့် ကျွန်ုပ်တို့သည်ကုသိုလ်အလုပ်၌ပျော် မွေ့၍ဗြဟ္မာအကျင့်ကို ကျင့်မှသာ ဗြဟ္မနှင့်တူသော လူ ဖြစ်မည်ဖြစ်ပြီး၊ အကုသိုလ်အလုပ်၌ ပျော်မွေ့၍ တိရစ္ဆာန်အကျင့်ကိုကျင့်ပါက တိရစ္ဆာန်နှင့်တူသော လူသာဖြစ်ပေမည်။

ယနေ့လူအများစုသည် အကုသိုလ်အလုပ်၌ပျော်မွေ့၍ တိရစ္ဆာန်အကျင့်များကို ကျင့်လျက်ရှိနေသည်ဟု မြင်မိပါသည်။ လူသားအများစု၏ နေ့စဉ် တာဝန်တခုလို ဖြစ်လာသော သဘာဝတရားကြီးကို ဖျက်ဆီးခြင်း၊ အမျိုးကောင်းသားသမီးများကို ဖျက်ဆီးခြင်း၊ ကြီးနိုင်ငယ်ညှင်း၊ သောက်စားမူးယစ်၊ လိမ်လည်လှည့်ဖြား အစရှိသော မကောင်းမှုငယ်များကို ထားပါတော့။

ဘုရားနဲ့ တဂိုဏ်းတည်းဟု တင်စားခဲ့သော အချို့မိဘတို့၏ မေတ္တာသည်ပင်လျှင် စားဝတ်နေရေးအကြောင်းပြပြီး အရွယ်မရောက်သေးသော သားသမီးများကို လွယ်လွယ်ကူကူစွန့်ပစ်မှုများကို မြင်နေရပါသည်။

တိရစ္ဆာန်ဖြစ်သော “ခွေး” တို့သည်ပင် အစာမစားရ၍ “ခွေး” ငယ်များကို “နို့” မတိုက်ပဲနေသည်ကို ကျွန်တော်မမြင်ဖူးသေးသလို အရွယ်မရောက်သေးသော မျောက်ငယ်၊ ကျားငယ်တို့ မိဘမဲ့ဖြစ်နေသည်ကိုလည်း မမြင်ဖူးသေးပါ။ သေချာသည်မှာ အချို့သောလူတို့သည် တိရစ္ဆာန်ထက်ပင် ဆိုးရွားသော အကျင့်ကို အမှန်ပင် ကျင့်လျက်ရှိနေကြပြီ ဖြစ်ပါသည်။



ထိုသူများထဲတွင် ယနေ့ကမ္ဘာ၏ “Top Ten” စာရင်းဝင် လူဆိုးများဖြစ်သော မြန်မာပြည် စစ်အစိုးရကို တိရစ္ဆာန်နှင့် အတူဆုံးလူသားများဟု ကျွန်တော်မြင်မိပါသည်။ သူတို့သည် မြင့်မြတ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် မိမိအကျိုးတခုတည်းအတွက် ရတနာ(၃)ပါးကိုလည်း မယုံကြည်၊ ပြည်သူတွေကိုလည်း အမျိုးမျိုးနှိပ်စက် သတ်ဖြတ်နေခြင်းတို့သည် ဗုဒ္ဓသာသနာအတွက် အလွန်ကြေကွဲဖွယ်ကောင်းလှသလို အခြားဘာသာဝင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်သေးသွားကြမည်မှာ မလွဲဧကန်ပါ။ တကယ်တော့ သူတို့သည် ဗုဒ္ဓဘာသာကို မလွဲသာ၍ အရေခြုံထားခြင်းသာဖြစ်ပြီး သူတို့၏ လုပ်ငန်းလမ်းစဉ်ဝါဒသည်ကား သာသနာပ ကာလက ဒိဋ္ဌိဆရာကြီးများ ချမှတ်ခဲ့သော ၀ါဒတွေသာဖြစ်ပါသည်။

“ပန်းတိုင်တစ်ခုကို ချီတက်ရာတွင် ပန်းတိုင်သို့ ရောက်ရန်သာ အရေးကြီး၏။ ပန်းတိုင်ကို ချီတက်လာသော လမ်းတစ်လျှောက် အဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ပန်းတိုင်ကိုရောက်လာခြင်းသည် မိမိလုပ်ခဲ့သမျှ မှန်ကန်ခြင်းကြောင့်ဖြစ်သည်” ဟုဆိုခဲ့ပါသည်။

အိမ်တစ်အိမ်ကို ၀င်ရောက်ဖို့အတွက် တံခါးမကြီးသည် ပဓါနမဟုတ်။ ခြံစည်းရိုးကို ကျော်တက်ပြီးဝင်ဝင်၊ ခွေးတိုးပေါက်က၀င်ဝင် အိမ်ထဲကို ရောက်ရန်သာ အရေးကြီးသည်ဟု လည်းဆိုခဲ့ပါသည်။

ထိုကဲ့သို့ပင် ယခု နအဖသည် မိမိအာဏာရရှိတည်မြဲရေးအတွက် ခြံစည်းရိုးကို ကျော်တက်ပြီး ၀င်ခဲ့ရုံသာမက ကြွက်ကဲ့သို့ မြေအောက် လိုဏ်ခေါင်းတူး၍လည်း ၀င်ခဲ့ပါသည်။ အခုန်အပျံ အကျော်အလွား၊ အပေါ်လမ်း၊ အောက်လမ်း စသောနည်းပေါင်းစုံကို သုံးခဲ့ ပြီးဖြစ်သည့်အပြင် မိမိအိပ်စက်နားခိုနေသော ကျေးဇူးရှင် အိမ်ကြီးကိုလည်း ဖျက်ဆီး ရောင်းစားပစ်ခဲ့ပြီ ဖြစ်ပါသည်။

သို့သော်သူတို့သည် ဥပဒေ၏ အထက်တွင်ရှိသဖြင့် ချမ်းသာစွာ နေကြရပါသည်။ သူတို့ကို ဘယ်သူက တရားစီရင်ပါမည်နည်း။

ကျွန်ုပ်တို့  လျှောက်နေသော ဤသံသရာခရီးတွင် “ပါရိဘာသိကသစ္စာနှင့် ဓမ္မသစ္စာ” ဟူသော တရား၂ပါး ရှိပါသည်။ ပါရိဘာသိကသစ္စာကား လောကီလူသားတို့ ထုတ်ပြန်ထားသော ဥပဒေတရားများဖြစ်ပြီး ထိုတရားသည် ဘယ်တော့မှ100% မမှန်ကန်ပါ။ ဓမ္မသစ္စာသည် သာသံသရာအဆက်ဆက် အမြဲတမ်း မှန်ကန်သော တရားဖြစ်ပါသည်။

ထို့ကြောင့် အကုသိုလ် အပြစ်ဒဏ်ကို ကျူးလွန်ခဲ့သော လူတယောက်သည် ဥပဒေတရားအရ အပြစ်ဒဏ်ပေး ခံရသည်ဖြစ်စေ၊ လွတ်မြောက်ခဲ့သည်ဖြစ်စေ၊ ဓမ္မသစ္စာအလိုအရ မိမိပြုခဲ့သော ကံ၊ ကံ၏အကျိုးကို မလွဲမသွေ ခံစားကြရမည် ဖြစ်သည်။ ဘယ်လောက်ပြေးပြေး မလွတ်မြောက်နိုင်ပါ။

အဇာတသတ်သည် အဖကိုသတ်ခဲ့သော အကျိုးကို ပါရိဘာသိက ဥပဒေအရ လွတ်မြောက်ခဲ့သော်လည်း ဓမ္မအလိုအရ မလွတ်မြောက်ခဲ့ပါ။ သားဖြစ်သူ၏ ပြန်သတ်ခြင်းကို ခံခဲ့ရသည့်အပြင် ယနေ့ထက်တိုင် လောဟကုမ္ဘီ ငရဲ၌ ကျရောက်ခံစားနေရပါသည်။ ထို့ပြင် ခေတ်သစ် ရာဇ၀တ်ကောင်များဖြစ်သော နေ၀င်း၊ စောမောင်၊ တင်ဦး၊ ၀င်းမြင့်၊ ခင်ညွန့်၊ စိုးဝင်း စသောသူတို့၏ အကုသိုလ်အကျိုးပေးကံသည် နောက်ဘ၀သို့ပင် မကူးခဲ့ပါ။ ကံ၊ ကံ၏ အကျိုးပေးသည် အလွန်ကြောက်စရာကောင်းလှပါသည်။

သံသာရာ ခရီးသည် ရေစီးကဲ့သို့ အစုန်အဆန် ရှိပါသည်။ “ငါ” ဆိုသော အတ္တအတွက်သာ ဆောင်ရွက်ပြီး ကိလေသာနောက် တကောက်ကောက်လိုက်နေခြင်းကို ရေစုန်မျောသည်ဟု ခေါ်၍ သူတို့၏ ဖြစ်လေရာဘ၀တိုင်းသည်လည်း အစုန်၏ဓမ္မတာ အတိုင်းအနိမ့်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားပါလိမ့်မည်။ အကုသိုလ်အပေါင်း သရဖူဆောင်းထားသော နအဖတို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် စုန်ဆင်းလျက်ရှိနေပါသည်။

လူ့ ဘ၀ထက် နိမ့်ကျသော အ၀ီစိကိုပဲ ဆင်းသွားမလား (သို့) နအဖအတွက် သီးသန့် အပါယ်တဘုံပဲ ပေါ်လာမလား။ ခန့်မှန်းလို့ မရနိုင်လောက်အောင်ပါ။

ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်ဆိုပါက ဗုဒ္ဓအလိုကျ အစုန်၏ ဆန့်ကျင်ဖက် အဆန်လမ်း (အများအကျိုးအတွက် ဆောင်ရွက်ခြင်း၊ အနစ်နာခံခြင်း၊ ကုသိုလ်အလုပ်၌ ပျော်မွေ့ခြင်းစသောလမ်းများ) ကိုသာလိုက်သင့်ပါသည်။ သို့မှသာ ကျွန်ုပ်တို့၏ ဘ၀များသည် အဆင့်ဆင့်မြင့်တက်လာပြီး အဆုံးတစ်နေ့၌ ဗုဒ္ဓကဲ့သို့ သံသာရာထွက်ရပ်လမ်းကို ရောက်ကြရပါလိမ့်မည်။

ဗုဒ္ဓသည် ပါရမီဖြည့်ရာ ခရီးတလျှောက် အဆန်လမ်းကိုသာ လိုက်ခဲ့ပြီး ဒေ၀ဒတ်သည် အစုန်လမ်းကိုသာ လိုက်ခဲ့ပါသည်။ ထို့ကြောင့် အဆန်လမ်းကို လျှောက်နေသော၊ ပြည်သူတွေအတွက် မိမိအကျိုး၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို စွန့်လွတ်ပြီးဆောင်ရွက်နေသော ဒေါ်စုသည် ဘုရားဆုကို ပန်ခဲ့ပြီးသော(သို့) ဘုရားဆုကို ပန်ရန် ပါရမီဖြည့်နေဆဲသော သူကောင်းသူမြတ်တစ်ယောက် မဖြစ်နိုင်ဘူးလို့ မပြောနိုင်သလို ငါ့ဖို့နှင့် အဖျက်လုပ်ငန်းဟူသမျှကို လုပ်နေသော နအဖသည်လည်း ဒေါ်စု၏ ပါရမီကို ရင့်သထက်ရင့်အောင် ဖြည့်ပေးနေသော ဒေ၀ဒတ် အလောင်းအလျာကြီးမဖြစ် နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ။

အမှန်အားဖြင့် လောကဟူသည် စစ်မြေပြင်ဖြစ်၏။ ထိုစစ်မြေပြင်၌ ဘ၀ပိုင်ရှင်တို့သည် ဓမ္မလက်နက်၊ အဓမ္မလက်နက်တို့ဖြင့် သူနိုင်ကိုယ်နိုင် အပြိုင် စစ်ပွဲဆင်နွဲနေကြခြင်းသာ ဖြစ်၏။ နိုင်သူကပျော်၍ ရှုံးသူက မဲ့ကြသည်။ စစ်ပွဲ၌ ထာဝစဉ် နိုင်သူဟူ၍ မရှိကောင်း။ ရှုံး တစ်ခါ နိုင်တစ်လှည့်သာ ဖြစ်သည်။ သို့သော် ဓမ္မသည် အဓမ္မအပေါ် အမြဲတမ်း အောင်နိုင်သည်ဖြစ်ရာ အချိန်တခု၌ အဓမ္မက ဓမ္မအပေါ် နိုင်ကောင်း နိုင်ခဲ့မည် ဖြစ်သော်လည်း အဆုံးသတ်စစ်ပွဲများ၌ကား ဓမ္မသူရဲကောင်းများသာ အောင်ပွဲခံစမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုနှင့် နအဖတို့၏ နောက်ဆုံး စစ်ပွဲတွင် မည်သူက ဓမ္မသူရဲကောင်းအဖြစ်အောင်ပွဲခံသွားမလဲဆိုတာကို စောင့်ကြည့်ကြပါစို့။

မိမိတို့သည် မတော်မတရား လုပ်နေပါလျက် တော်သည်၊ တရားသည်ဟု ထင်နေသော၊ ဘယ်သူလာ ဆုံးမဆုံးမ ကျွဲပါးစောင်းတီးသာဖြစ်နေသော နအဖကို များများမပြောလိုတော့ပါ။ ဦးချိုက နို့ညှစ်လို့ ရကောင်းရမည်၊ ရွေတိဂုံဘုရား မြောက်ဘက်မုဒ်က ခြင်္သေ့နှစ်ကောင်ကို ထမင်းသွားကျွေးရင် ထစားကောင်း ထစားပါလိမ့်မည်။ အယူလွဲမှားနေသော မိစ္ဆာနအဖကိုကား ဆုံးမပြောဆို၍ ရတော့မည်မဟုတ်တော့ပါ။

ထို့ကြောင့် နောက်ဆုံး ကျွန်တော် ဆုတောင်းလိုသည်ကား အဓမ္မကို အားကောင်းစေသော နအဖသည် လျှင်မြန်စွာ ဤကမ္ဘာမှပျောက်ကွယ်၍ ဓမ္မကို အားကောင်းစေမည့် ဒီမိုကရေစီတရားများ အမိမြန်မာပြည်၌ အလျှင်အမြန် ထွန်းကားပါစေ သောဝ်---------


ကိုယ့်အလှည့်ကျရင်တော့ မနွဲ့စတမ်း


လေးစားပါသည်။

သိမ်းအောင်

အရိုင်းတေးသံ

မသိကျိုးကျွံ ပြုခံထားရတဲ.
အုပ်ထိန်းသူမဲ.ကလေးတစ်ယောက်ပါ။

သူ.ရင်ထဲကအိပ်မက်ဟာ
ငှက်တစ်ကောင် ဖြစ်ချင်လိမ်.မယ်။

သူ.ရင်ထဲက မကျေမနပ်ခံစားချက်ဟာ
တူတစ်ချောင်းဖြစ်နေလိမ်.မယ။်

သူ.ရင်ထဲက အတွေးအခေါ်ဟာ
ပန်းခင်းနဲ.အစာရေစာဖြစ်တယ။်

သူ.ရင်ထဲက အမှန်တရားဟာ
ငွေစက္ကူနဲ. ဆဲဆိုသံတွေဖြစ်တယ်။

သူပြဌာန်းမယ်. ဘ၀အဘိဓာန်ဟာ
တော်လှန်ခြင်းဆိုရင် မမှားပေဘူး
သူသိတဲ.ကမ္ဘာဟာ…..ခုထက်ထိမလွတ်လပ်နိုင်သေးလို.ဘဲ။ ။

မင်းသစ်တည်

မိုးမခ အတင်း - (တချက်လေး စောင်းငဲ့ကြည့်ဦး)


(မိုးမခမှ ရယူထားပါသည်။)

ညွန့်ထွေး

စက်တင်ဘာ ၂၅၊ ၂၀၀၈

ရွှေပြည်တော် မျှော်တိုင်းဝေးနေချိန်မှာ နေပြည်တော်ကတော့ ပင်ဂွင်းမြို့တော်ကြီး ဖြစ်နေပြီပေါ့ အကိုတို့ရေ … ။ အခု အဆိုတော်ကောင်မလေးတွေ ပြန်ဆိုနေတဲ့ တချက်လေး စောင်းငဲ့ကြည့်ဦး ဆိုတဲ့ စာသားလေးကို ဟဲပြီးတော့ ဆိုင်ရာ ပိုင်ရာတို့ဆီ လူစိတ်ကလေးများ ပြန်ပေါ်လာလေမလားလို့ တင်ပြစရာရှိတာ တင်ပြလိုက်ပါရစေ။

ရန်ကုန်မှာ လူတွေတောင် အနိုင်နိုင် စားဖို့ မနည်းရုန်းကန်နေရချိန်မှာ ဆင်းရဲသားအိမ်၊ ကျနော်တို့ ငမွဲအိမ်တွေမှာ “ခွေး သတိ” တို့ “ခွေး ကိုက်တတ်သည်” တို့ ချိတ်ဆွဲထားဖို့က “တို့တာဝန် အရေး ၃ ပါး”ထက် အရေးကြီးလာပြီ ဖြစ်ကြောင်းပါ ခင်ဗျား။ ထို့အပြင် မုဆိုးမတို့၊ တခုလပ်တို့ အိမ်တွေမှာတောင် ယောကျာင်္းသားများ ရှိလေဟန် အ၀တ်တန်းမှာ ပုဆိုးတွေ လှန်းထားရကြောင်းပါ ခင်ဗျား။

ပသို့ဟူကား - ရန်ကုန်မြို့တော်ကြီးမှာ အေးဓါးပြတွေ၊ အလှူခံအရေခြုံ အလစ်သမားတွေ၊ ခွက်စောင်းခုတ်တွေရဲ့ ရန်က ကာကွယ်ရန် အလို့ငှာ ယခုလို အစီအမံ အစီအရင်တွေ ဆောင်နေရတာ ဖြစ်ပါတယ်။ လူစိမ်း သူစိမ်း မသမာသူတို့ အလစ်အငိုက် ၀င်ရောက်ကျူးကျော်ခြင်းကို ထန်းရွက်နှင့် ကာနေရကြောင်းပါခင်ဗျား။

တပ်မတော်ကြီးက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အစွမ်းကုန် ကာကွယ်နေပါသည် ဆိုလား ဘာလား ဆိုင်းဘုတ်နီကြီးတွေအောက်မှာ ကျနော် ငမွဲကောင်ဆီက လံကွတ်တီလေးကို ဒါးထောက်ပြီး လုသွားလို့ တလောကတောင် အိမ်ကို ငိုပြီး ပြန်လာရတာကို မြင်ယောင်ကြည့်တော်မူကြပါ …

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ပတ်တရောင်ကတော့ လှည့်နေတာပါပဲ။ လမ်းမတွေပေါ်မှာ လူစည်ကားတဲ့ နေရာတွေမှာ သေနတ်ကြီး တကားကားနဲ့ အင်အားတွေပြလို့ လှည့်လိုက်ရတဲ့ လုံခြုံရေးပါခင်ဗျာ။ အိမ်နောက်ဖေးလမ်းကြားက သူခိုး ဓါးပြကို ကလေးသူငယ် မိန်းမများက ကြောက်နေရချိန်မှာ၊ စားဝတ်နေရေး ကြပ်တည်းလွန်းလို့ အိမ်ရှိလူကုန် တနေ့ ၂၄ နာရီ အလုပ်ထွက်လုပ်နေလို့ ရပ်ကွက်တွေ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်နေချိန်မှာ ၀န်ကြီးတွေ ၀န်ကလေးတွေ၊ ၀န်ကြီးဌာနတွေ၊ အစိုးရရုံးကြီးတွေမှာ အထပ်ထပ်ချလိုက်တဲ့ လုံခြုံရေးပါ ခင်ဗျာ … ခွေးဝဲစားတောင် ဖြတ်မလျောက်ရဲဘူး ဗျာတို့ ။

ခွေးမပြောပါနဲ့ အကိုတို့ရယ် … ပဲပြုတ်သည်တောင် အဲသည်လမ်းတွေ ခြံတွေကို ရှောင်ကွင်းပြီး သွားကြရပါတယ်။ ဘာကြောင့်ဆိုတော့ ပဲပြုတ်တောင် အလကားတောင်းစားလို့။ ဆက်ကြေးလို့ ခေါ်တယ်နဲ့ တူပါရဲ့။ ပဲပြုတ်သည်များ အဓမ္မဆက်ကြေးအကောက်ခံနေရတယ်ဆိုပြီး ကုလသမဂ္ဂကို တိုင်လည်း တိုင်မိတဲ့လူကို အကြမ်းဖက်သမားဆိုပြီး ဖမ်းထောင်ချခံရမှာ စိုးလို့ပါခင်ဗျား။

သို့ဖြစ်ပါ၍ မြန်မာပြည်သူတို့ မြန်မာနည်း မြန်မာဟန် ခွေးဆိုင်းဘုတ်တင်၊ ပုဆိုးလှန်းနည်းပညာများနဲ့ ဒုစရိုက်မှုများကို ကာကွယ်နေရကြောင်း ဟူလို။

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ဟဲ့ … ရဲတွေ ပုလိပ်တွေ ရွှေပြည်ကြီးမှာ ဘယ်ရောက် ဘယ်ပျောက်နေကြသလဲ မမေးပါနဲ့။ သူတို့လည်း ရွှေပင်နား ရွှေကျေးကလေးတွေဆိုတော့ သူခိုးနဲ့ပေါင်းတော့ သူခိုးပုလိပ်ပေါ့ ခင်ဗျား …။ ဖာသည်နဲ့ ပေါင်းတော့ ဖာသည်ပုလိပ်ပေါ့ ခင်ဗျား …။ အနှိပ်သည်နဲ့ပေါင်းတော့ အနှိပ်ပုလိပ်ပေါ့ ခင်ဗျား …။ မင်း ဒီလမ်းကို ၀င်ခိုးရင် မသိချင်ယောင်ဆောင်နေမယ် ဆိုပဲ။ ကော်မရှင်စား ပုလိပ်တွေအဖြစ် ဈေးကွက်စီးပွားရေး အလုပ်ဖြစ်ကုန်ကြောင်းပါ …

ပြည်တွင်းက ရိုးသား ကြိုးစား လုပ်အားဖြင့် မိသားစု စောင့်ရှောက်နေသူ လက်လုပ်လက်စားများခင်ဗျာ … “သူခိုး သူခိုး …” လို့ မအော်ရဲပါခင်ဗျား …။ တော်ကြာ ပုလိပ်နဲ့ ကြံ့ဖွတ်က သူတို့ကို စောင်းမြောင်းတယ်ဆိုပြီး ဖမ်းသွားမှာ စိုးလို့ပါ။

“ဟဲ့ ခွေး ဟဲ့ ခွေး …” မအော်ရဲပါခင်ဗျား …။ ထမင်းရည်တောင်မှ အနိုင်နိုင် ၀ယ်သောက်နေရသူ ကျနော်တို့ ကျောမွဲ လူမွဲများခင်ဗျာ ခွေး မမွေးနိုင်ဘဲ ဆိုင်းဘုတ်မျှသာ တင်ထားနိုင်တာဆိုတော့ လမ်းပေါ်က ရဲများ၊ ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ၊ ကလေးစစ်သားများကဲ့သို့ အလျံပယ်ပေါတဲ့ လမ်းပေါ်က ခွေးလေ ခွေးလွင့်များက သူတို့ကို အဖက်လုပ်တယ်ထင်ပြီး ထမင်းရည် လု လျှက်သွားမှာ စိုးလို့ပါ ခင်ဗျား။

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

သို့သော်လည်း ရွှေမြို့တော်ကြီးမှာ ခွေးလေခွေးလွင့်နဲ့ လမ်းပေါ်က ပြည်သူတို့ဆိုတာ ဘ၀တူတွေပါ ခင်ဗျား။

မြို့တော်စည်ပင်သာယာရေးအတွက် မြို့တော်ဝန်အဆက်ဆက်လက်အောက်မှာ ခွေးလေခွေးလွင့် ထောင်ပေါင်းများစွာ လမ်းပေါ်မှာ အစတေးခံခဲ့ရသလိုပဲ ကျနော်တို့ လူမွဲတွေ ပြည်သူလူထုတွေလည်း စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများ အဆက်ဆက် သေနတ်ပြောင်းအောက်မှာ လူထောင်ပေါင်းများစွာ လမ်းပေါ်မှာ အသတ်ဖြတ်ခံခဲ့ရတာပါပဲ ခင်ဗျား …

လူမွဲတွေလည်း မနှေးခေတ်မီ ထမင်းရည်ကို သကြားခပ်ပြီး သောက်နိုင်ကြတော့မည် ဆိုတဲ့ စကားအတိုင်းပါပဲ … လှိုင်သာယာမှာ ထမင်းရည် တပုလင်း ၇၀၀ ကျပ်။ အမေရိကန်ဒေါ်လာ ၇၀ ဆင့် ရှိကြောင်းပါ။ အ၀သောက်ရင် သုံးပုလင်းလောက်ဆိုတော့ အမေရိကန် ၂ ဒေါ်လာဖိုးတော့ ကုန်ပါတယ်။ အကိုတို့ဆီမှာ မက်ဒေါ်နယ်ဘာဂါကို အအေးမပါဘဲ ၁ ဒေါ်လာနဲ့ ရောင်းနေပြီဆိုတော့ ကျနော်တို့ မြန်မာလူမွဲတွေက ခင်ဗျားတို့လူမွဲတွေထက် ချမ်းသာတယ်ဗျ။ လခတော့ နည်းသပေါ့ဗျာ။ တလကို မြန်မာငွေ ၂ သောင်းလောက် အနိမ့်ဆုံးဆိုတော့ ထမင်းရည် ပုလင်း ၃၀ လောက်တော့ တန်းနေတာပေါ့။ ဟဲဟဲ။ ဒါတောင် မိန်းမနဲ့ကလေးကို မတိုက်နိုင်သေး …

အစိုးရမင်းများ တချက်လေး စောင်းငဲ့ ကြည့်တော်မူကြပါခင်ဗျား …

ခွေးကျေးဇူးကို တရင်းနဲ့ လူစိတ်မရှိတော့သူ မင်းကြီးများကို အတင်းကာရော ပင်းနေတော်မူသော နိုင်ငံရေးသက်ကြီးရွယ်အိုကြီးများကိုလည်း ဒီကနေ တောင်းပန်လိုက်ချင်ပါတယ် အကိုတို့ရေ …။ သွားမယ့်သွားလည်း နေပြည်တော်အထိသာ သွားပြီးသာ သီတင်းသုံးတော်မူကြပါခင်ဗျား လို့။ ရန်ကုန်က ကျနော်တို့ ကျောမွဲများကို တချက်ကလေးမှ ငဲ့စောင်းပြီး ကြည့်မနေပါနဲ့ခင်ဗျား … စစ်ဗိုလ်ချုပ် တပ်မတော်မင်းကြီးများနဲ့ အတူတကွ မင်းနေပြည်တော်ကြီးမှာ အရိုးထုတ်နှင့်ကြပါစေကြောင်း အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။

Thursday 25 September 2008

ရန်ကုန်မြို့တော်ခန်းမအရှေ့၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း။



ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံအကြား ယခု၁၁နာရီခန့်က ဗုံးတလုံးပေါက်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။ အနည်းဆုံးလူ(၈)ဦးခန့်ထိခိုက် ဒဏ်ရာရမှု ရှိကြောင်းနှင့်(၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါသည်။

သူရဲကောင်း။

Wednesday 24 September 2008

နာဂစ်လေဘေးဒုက္ခသည် အလှူပစ္စည်းများကို ကြံ့ဖွတ်များအား ခွဲဝေပေး

နာဂစ်လေဘေးဒုက္ခသည်၊ များအတွက်ပေးပို့ထားတဲ့၊ အလှူပစ္စည်းများကို တိတ်တဆိတ်သိမ်းဆည်းထားရာမှ၊ယခုအခါပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းဝင်များအား၊ခွဲဝေပေးနေပြီ။

နာဂစ်လေမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံတကာမှ ပေးပို့ လှူဒါန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများအား၊ “ ကြံ့ဖွတ် ” အသင်းဝင်များကို ခွဲပေးရန်၊ ဗဟို အာဏာပိုင်အဖွဲ့အစည်းမှ ညွှန်ကြားခဲ့ ကြောင်းသိရှိရပါသည်။

ခွဲတန်းအလိုက် ရရှိကြသော ပစ္စည်းများအား၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ တိုင်း၊ အသင်းတာဝန်ခံပုဂ္ဂိုလ်များမှ အသီးသီး သွားရောက် ထုတ်ယူကြရပြီး၊အ သင်းဝင်များကို ပြန်လည်ဝေငှပေးခဲ့ရာ၊ အနိမ့်ဆုံးအဆင့် ရပ်ကွက်စည်းရုံးရေးမှူးတဦးလျှင်၊ ဆီ တပိဿာငါးဆယ်ကျပ်သားနှင့် တီရှပ်ငါးထည်စီ ရရှိကြောင်းနှင့်၊ ရာထူးအလိုက် ပိုမိုကောင်းမွန်သော ပစ္စည်းများရရှိ ကြကြောင်းသိရှိရပါသည်။

စစ်အာဏာသိမ်း ကောင်စီမှ နိုင်ငံတော် ၀န်ကြီးချုပ် တာဝန်ပေးခံထားရသော၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်၏ “သူတို့ဟာ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေသူတွေဖြစ်ကြပြီး၊ အခုအခါ ပုံမှန်အခြေနေ ပြန်ရောက်နေပြီဖြစ်လို့ သူတို့ကို ဆက်လက်ပေးဘို့ မလိုတော့ဘူး” ဆိုတဲ့ မှတ်ချက်အရ၊ ယခုလို ဒုက္ခသည်တွေအတွက် ပေးပို့ထားသော ပစ္စည်းများကို “ကြံ့ဖွတ်” တွေကို၊ ခွဲဝေပေးခဲ့ ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

(ကြံ့ဖွတ်အသင်းဟာ၊ လေဘေး ကယ်ဆယ်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့်၊ ဆုလဒ်အဖြစ် ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့အချင်းချင်း အရှက်မရှိ ပြောဆိုနေကြတာကို ကြားသိနေရပါတယ်။)

သူရဲကောင်း။



DONATED GOODS FOR CYCLONE VICTIMS ARE DISTRIBUTED
TO USDA MEMBERS.
With permission from higher authority, the donated goods for Cyclone victims are divided and distributed to USDA members in all division.

We approach to confirm some USDA members for that news and found out that the lowest level member received 1.5 viss (3 bottle of approximately 800gm each) of cooking oil and 5 pieces of T-shirt. Divisional level, district level and township level members taken themselves very much more quota.

Goods were divided and distributed in warehouse and every general secretary of concerning townships received them accordingly as per instruction from USDA head office.
Every township general secretary explain the reason of distributing the goods to receiving members that;
According to Prime Minister Lt-Gen.Thein Sein Remarks that;-
The Cyclone victims are lazy, flippant and negligence people so they are not worth to receive that much of goods anymore and already settled down and they don’t need support anymore.

Reported by Thu Ye Kaung.

ဘယ်တော့မှ မမေ့ဘူး


Tuesday 23 September 2008

ထောင်မှ လွတ်လာသော ကိစ္စများနှင့် ပက်သက်သမျှ

နအဖ၏ ကြေငြာချက်အရ အကျဉ်းသား (၉၀၀၂) ဦးကိုလွှတ်ပေးဟု သိရပါသည်။

ဝမ်းသာစရာ သတင်းတစ်ခု ကတော့၊ ကျွန်တော်တို့ လေးစားရသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ယုံကြည်ချက်ဖြင့် မတရားမှုများကို တွန်းလှန် တိုက်ပွဲဝင်နေသော ဆရာကြီး ဦးဝင်းတင်လည်း လွတ်မြောက်လာသည်ဟု သိရပါသည်။ “ငါ့ကို နိုင်ငံရေးအရ ဖမ်းထားတာ၊ ပြန်လွှတ်လည်း နိုင်ငံရေးအရပဲ ပြန်လွှတ်ရမယ်။ အသက်ကြီးလို့ လွှတ်တာ၊ ကျန်းမားရေး မကောင်းလို့ လွှတ်တာ ဆိုတာမျိုးတွေ လက်မခံနိုင်ဘူး” လို့ ဆရာကြီးဦးဝင်းတင် ပြောခဲ့တာကြောင့် ယခု ပြန်လွတ်လာခြင်းမှာ နိုင်ငံရေးအရ ပြန်လွှတ်ခြင်း ဖြစ်လျှင် တိုင်းပြည်မှာ ကောင်းမွန်သော အပြောင်းအလဲ အတွက် မမြင်ရသော နိုင်ငံရေး စီးကြောင်း အဟုန်တစ်ခု ထပ်မံ ဖြစ်ပေါ်နေသော သဏ္ဍန်ရှိပါသည်။
(သတင်းစာ ဆရာကြီး ဦးဝင်းတင်)

ဦးဝင်းတင်နှင့်အတူ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေသော နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည့် ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့လည်း လွတ်လာသည်ဟု သိရပါသည်။ (အခြား နိုင်ငံရေး အကျဉ်းသားများ လွတ်လာသည့် စာရင်းတွင်ပါရှိပါက ထပ်မံ ဖြည့်စွက်ပါဦးမည်။)

ယခု လက်ရှိ သိရသော နိုင်ငံရေး အကျဉ်းသားများမှ အပ ထောင်မှ လွတ်လာသော ကျန်သည့် အကျဉ်းသားများမှာ ကုမ္ပဏီထောင်ပြီးနောက် ငွေရေးကြေးရေး ပြဿနာဖြင့် ထောင်ကျနေကြသော လူများ၊ လက်မှတ်လိမ်ထိုးမှုဖြင့် ထောင်ကျနေသော သူများနှင့် သူခိုး၊ ဂျပိုး (ဖိုးတွမ်တီး) သမားများသာ ဖြစ်ပါသည်။ (ဖိုးတွမ်တီး - ဆိုသော အသုံး အနှံးကို သုံးမိသဖြင့် .. ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံတော်) ဆိုသော အေးလွင်ကို ပြေးမြင်မိပါသည်။ အခုမှ ခပ်တည်တည်နှင့် တိုင်းပြည်အကျိုးအတွက် လုပ်နေသယောင် လုပ်ပြနေသော အေးလွင်မှာ လူလိမ် ဖိုးတွမ်တီး အမှုဖြင့် ထောင်ကျခဲ့သည်ဆိုသော အချက်ကို စကားကြုံသောကြောင့် ထည့်ပြောမိခြင်းဖြစ်ပါသည်။ ။စကားချပ်)

အင်းစိန် သီးသန့်ထောင်ထဲတွင် ထောင်ကျနေသော ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့် ကိုဥာဏ်လင်းတို့ နှစ်ဦးကို လူကြီးများနှင့် စကားပြောရန်ဆိုသော အကြောင်းပြချက်ဖြင့် ထောင်မကြီးသို့ ရွေ့ခိုင်းကြောင်း သိရပါသည်။

ပြီးခဲ့သော စက်တင်ဘာ ၁၈ ရက်နေ့(ကြာသာပတေးနေ့)က အင်းစိန်ထောင် ၂ ဆောင်၊ အပေါ်ထပ်တွင် မတရားဖမ်းဆီးထောင်ကျခြင်း ခံထားရသော သံဃာတော်များအား တဦးခြင်းဆီ ရေချိုးထုတ်သည့်အတွက် ပုံမှန်အတိုင်း လေးဦးတစ်ခါ ရေချိုးခွင့်ပြုရန် တောင်းဆိုရာ ထောင်ဝန်ထမ်းများနှင့် ပြဿနာ တတ်သည့် အတွက် သံဃာတော်များက ရေချိုးခြင်း၊ ရုံးထုတ်ခြင်းများကို လက်မခံကြောင်း သိရပါသည်။ ၄င်းအပြင် ၂ ဆောင် အောက်ထပ်ရှိ သံဃာတော်များကလည်း စက်တက်ဘာ ၂၀(စနေနေ့) ရက်နေ့တွင် အဆိုပါ အချက်ကို ထပ်မံတောင်းဆိုကာ အခြားသံဃာတော်များနှင့် အတူ ရေချိုးခြင်း နှင့် ရုံးထုတ်ခြင်း ကိစ္စများကို လက်မခံကြောင်း သိရပါသည်။ (တစ်ဦးခြင်းစီ ရေချိုးထုတ်လျှင် ရေချိုးချိန်မှာ အလွန်တိုပြီး ရေချိုးရသည်နှင့်လုံးဝ မတူပါ။ လေးဦးတစ်ခါ ရေချိုးထုတ်လျှင်တော့ အချိန်နည်းနည်းပိုရကာ ရေချိုးရ အဆင်ပြေသောကြောင့် ဖြစ်ပါသည်။)

အထက်ပါ အချက်များအပြင် ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်သူ၏ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေကြောင်း သိရပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Monday 22 September 2008

2007 sep 25 ည တွင် ငွေကြာယံ ကျောင်းကို ဝင်စီးကာ သံဃာတော်များအား မိုက်ရိုင်း စော်ကားသူများ၏ မှတ်တမ်း

သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရန်တဲ့ ညသန်းခေါင် ၂၄း၀၀း၄၅ မှာ လက်နက် အပြည့်တင်ထားတဲ့ ကားနဲ့ ကျောင်းဝင်းတံခါးကို ဝင်တိုက်ပစ်တယ်တဲ့ဗျာ။ အခုလို တပ်မတော်က အိပ်ရေးပျက်ခံပြီး စေတနာနဲ့ ညင်ညင်သာသာ ညသန်းခေါင် သန့်ရှင်းရေး လုပ်တာကို ပြည်သူတွေက တပ်မတော် စေတနာကို အခု အထိ နားလည်ပုံ မပေါ်ကြသေးဘူး။

ကျွန်တော်ကတော့ အောက်က စာကို “ရွှေဝါရောင် တော်လှန်ရေး သမိုင်း သက်သေခံ မှတ်တမ်း (၁)” လို့ နာမည်ပေးထားပါတယ်။ အခြားမှတ်တမ်းများလည်း ကျန်ရှိနေသေးသောကြောင့် ဖြစ်ပါတယ်။


ရွှေဝါရောင် တော်လှန်ရေး သမိုင်း သက်သေခံ မှတ်တမ်း (၁)



အမှန်က အထက်ပါ report မှာ ဒီလို ရေးသင့်တာဗျာ ...

ကျောင်းဝင်း တံခါးလေးကို ကားဖြင့် ညသန်းခေါင်းကျော်မှာ လက်နက်လေးတွေ ကိုင်ထားတဲ့ လူတွေ ဝင်တိုက်တာလေးကို အကြမ်းဖက်လိုသော ဘုန်းကြီးများက ခဲလုံးကြီးများပစ်ခတ် ရန်စ ကြပါသည်။ လက်နက်များသာ ကိုင်ထားရသော စစ်သားများနှင့် တုတ်လေးများသာ ကိုင်ထားသော စွမ်းအားရှင်များက ကားပေါ်မှ ဆင်းလာရာ၊ ငွေကြာယံကျောင်းရှိ ဘုန်းကြီးများက အတင်း အဓ္ဓမ အကြမ်းဖက်ကာ မိမိတို့၏ ခေါင်းများဖြင့် စစ်သားများ၊ စွမ်းအားရှင်များ၏ တုတ်များကို ဦးတည်ကာ ဝင်ရောက် တိုက်ခိုက်ကြကြောင်း။
ကဲ မဟုတ်ဘူးလားဗျာ။
စာဖတ်သူ မိတ်ဆွေရော ဒီနေရာမှာ ဘယ်လို report များ ရေးကြည့်လိုပါသလဲ။


လေးစားစွာဖြင့်
ကိုထိုက်


Saturday 20 September 2008

တောင်းပန်ခြင်း

ကျွန်တော် ယခု ရက်ပိုင်းအတွင်း အခြားကိစ္စ ရပ်များဖြင့် မအားလပ်သောကြောင့် ပို့စ် အသစ်များကို ယခင်လို သွက်သွက်လက်လက် ဖိဖိစီးစီး မတင်နိုင်ခြင်းကို တောင်းပန်ပါသည်။ ယခု လုပ်နေသော အလုပ်များ ပြီးပါက ပုံမှန် ပြန်လည်ကာ ပို့စ် အသစ်များ တင်နိုင်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

Wednesday 17 September 2008

Suu Kyi put on IV drip

By Hla Hla Htay in Rangoon
September 16, 2008 09:51pm

(From www.news.com.au)

BURMA'S detained democracy leader Aung San Suu Kyi has accepted food rations for the first time in a month, after her doctor found her so weak that he placed her on a drip.
The doctor administered intravenous fluids on Sunday to the 63-year-old Nobel Peace Prize winner, who has been confined to her lakeside Rangoon home for most of the last 19 years, an official said.

"She accepted her food supplies Monday evening, after she was given a drip by her doctor, who found that she was too weak on Sunday," the official said.

Her lawyer Kyi Win yesterday described her as "malnourished" after she had refused to accept her daily rations since August 16.

Her National League for Democracy (NLD) party released a statement today saying that she was not staging a hunger strike, but was eating "thriftily" from the small supplies stored in her home.

However, the NLD said that her health was weakening because she had given most of the stored food to her ailing housekeeper.

"Daw Aung San Suu Kyi was eating thriftily because she gave her food to her housekeeper, Daw Khin Khin Win, who is not in good health," the statement said, using an honorific before her name. "Daw Aung San Suu Kyi's health is weakening."

Khin Khin Win and her daughter stay voluntarily in the home to care for the woman known in Burma simply as "The Lady". The maid's daughter was hospitalised on Friday with kidney problems.

Concerns for Aung San Suu Kyi's health have mounted over the last month.

The lawyer Kyi Win has also denied that she was on a hunger strike, but said she had stopped accepting food deliveries to press for greater human rights.

Her action came amid a rare series of meetings with Kyi Win to discuss filing a formal legal appeal against detention.

Kyi Win has also been in talks with military officials on loosening the terms of her confinement, by allowing her to receive magazines and letters from her family, or allowing her maids to move freely in and out of her home.

The Burma official said that Aung San Suu Kyi had been allowed to receive copies of news magazines such as Time and Newsweek, but so far she had not been allowed to receive any messages from her family.

She has had no communication from her two sons since 2003, according to NLD.

Both the government official and NLD spokesman Nyan Win said that she would likely meet with the junta's liaison officer later this week, if her strength improves.

"We hope there will be some progress and good results after the meeting," Nyan Win said.

"We are also expecting to develop to higher-level talks between Daw Suu and senior leadership from this dialogue."

Aung San Suu Kyi has refused to meet with anyone other than her lawyer and her doctor since early August, declining to hold talks with visiting UN envoy Ibrahim Gambari and with the liaison officer, Labour Minister Aung Kyi.

Aung San Suu Kyi's NLD won a landslide victory in a 1990 election but the junta never allowed it to take office. The military has ruled Burma since 1962.

Tuesday 16 September 2008

အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီများ တည်ထောင်ဖို့၊ စတင်ပြင်ဆင်ပြီ။

တိုင်းပြည် အာဏာကို မတရားရယူထားသော စစ်ခေါင်းဆောင်များဟာ၊ နိုင်ငံတကာကိုလှည့်စားပြီး၊ တရားဝင်အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းကာ၊ အာဏာဆက်လက်ဆွဲကိုင်နိုင်ရေးအတွက်၊ ၎င်းတို့ဘာသာရေးဆွဲပြီး၊ အတင်းအကျပ် အတည်ပြုထားတဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ၂၀၁၀ခုနှစ်မှာ ကျင်းပမည့်၊ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံရန်အတွက် နိုင်ငံရေးပါတီများတည်ထောင်ဖို့၊ စတင် ပြင်ဆင်နေကြောင်း၊ နေပြည်တော်ရှိ၊ အမည်မဖေါ်လိုတဲ့ စစ်တပ်အရာရှိ ကြီးတဦး၏ ပြောကြားချက်အရ၊သိရှိရပါသည်။

စစ်အာဏာသိမ်းခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ၊ သူယုံကြည်စိတ်အချရဆုံးဖြစ်တဲ့၊ ဦးအောင်သောင်း၊ ဦးသောင်း၊ ဗိုလ်ချုပ်ဌေးဦး၊ ဗိုလ်မှူးချုပ်ကျော်ဆန်းတို့ကို၊ တဦးချင်းစီ နိုင်ငံရေးပါတီအသီးသီး တည်ထောင်ရန်၊ တာဝန်ပေးထားကြောင်း သိရှိရပါသည်။

အလားတူ နိုင်ငံရေးပါတီအသီးသီးမှ၊ ခွဲထွက်ပြီး၊ စစ်အစိုးရရဲ့ အထောက်အပံ့တွေရနေကြတဲ့၊ ပုဂ္ဂိုလ်တွေ(အေးလွင်လိုလူမျိုး)၊ အညံ့ခံ တိုင်းရင်းသားအဖွဲ့အစည်းအချို့ မှ ပုဂ္ဂိုလ်တွေ၊ (Zahkung Ting Ying & Tanggu Dang @ Ahdang..etc.,)၊ အမည်ခံ စီးပွားရေးလုပ်ငန်းရှင် အခွင့်ထူးခံပုဂ္ဂိုလ်များ (တေဇ၊ ခင်ရွှေ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်..စသဖြင့်) အပါအ၀င်၊ နိုင်ငံ့ဝန်ထမ်းများထဲမှ၎င်းတို့စိတ်ချကြရသောပုဂ္ဂိုလ်များအား၊ ရွေးကောက်ပွဲတွင်ပါဝင်ရန်၊ အမည်စာရင်း ပြုစုထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

စစ်တပ်အတွင်းမှ ၂၅% ကိုလည်း၊ နာမည်စာရင်းပြုစုထားပြီးဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ် ချုပ်မှူးကြီးမောင်အေးတို့ထံ အတည်ပြုပေးရန် တင်ပြထားကြောင်း၊ကြားသိရပါသည်။

၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူပြည်သားတွေရဲ့ တခဲနက် ထောက်ခံရွေးချယ်ခံခဲ့ရတဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား၊ မတရားအသင်းကြေညာနိုင်ရေးအတွက်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ပြန်ကြားရေးဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့်၊ တရားသူကြီးချုပ်ဦးအောင်တိုးတို့ကိုအသီးသီး တာဝန်ပေးထားကြောင်း၊ ကြားသိရပါသည်။

(စစ်အာဏာသိမ်း ခေါင်းဆောင်တသိုက်ဟာ၊ တပ်မတော် လက်နက်ကိုင် အင်အားစုတွေကို အသုံးချပြီး၊ ၎င်းတို့ အာဏာ ဆက်လက် တည်တန့်ခိုင်မြဲရေးအတွက်၊ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်နေကြတာကို၊ သတိပြုစေလိုပါတယ်။ ဒီမိုကရေစီအင်အားစုများအနေနဲ့လည်း၊ ပြည်တွင်းပြည်ပ အချိတ်အဆက်မိမိ၊ စည်းလုံးညီညွတ်စွာဖြင့်၊ တိုင်းပြည်နှင့်လူမျိုးအား၊ စစ်အာဏာရှင်လက်အောက်မှ၊ အချိန်မှီကယ်တင်နိုင်ရန်၊ ပိုမိုအားထုတ် ကြိုးစားလုပ်ကြပါရန်၊ ရိုးသားစွာ အချိန်မီ သတိပေးမေတ္တာရပ်ခံအပ်ပါတယ်။)

ဒီမိုကရေစီအင်အားစုအားလုံးကို ၊ထာဝရလေးစားဦးညွှတ်လျှက်၊
သူရဲကောင်း။

Friday 12 September 2008

စက်တင်ဘာ ၂၆ ရက် ရွှေဝါရောင်နှစ်ပတ်လည် အထိမ်းအမှတ်

စက်တင်ဘာ ၂၆ ရက်နေ့ စစ်အစိုးရ၏ နှိပ်စက်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွားကြသော သံဃာတော်များကိုရည်စူး အကြောင်းပြု၍ သံဃာတော် ၁၅ ပါးအား စုပေါင်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆုတောင်း အမျှပေးဝေကြပါမည်။ ကုသိုလ်လိုလားကြသော ဗုဒ္ဓဘာသာမြန်မာ အမျိုးသား အမျိုးသမီးများ ကြွရောက်ကြပါရန် ဖိတ်ကြားပါသည်။
နေရာ။ ။ လန်ဒန်ဝိဟာရကျောင်း။
1’Old Church Lane
NW9 8TG
Ph. 020 8200 6898
အချိန်။ ။ နံနက် ၁၁ နာရီ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါမည်။
နေ့ ၁ နာရှီဆုတောင်းအမျှပေးဝေကြပါမည်။
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့
+++ ကျေးဇူးပြု၍ တဆင့်စကား ဖိတ်ကြားပေးကြပါရန် မေတ္တာရပ်ခံပါသည်။

Wednesday 10 September 2008

CREDENTIALS CHALLENGE

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၂)

မြန်မာပြည်၌ ရဟန္တာဟု အထူးကျော်ကြားခဲ့သောဆရာတော်ကြီးများသည်ပင် မိမိသည် အရိယာပုဂ္ဂိုလ်ပါဟု မကြွေးကြော်ခဲ့ကြပါ။ ပြည်သူအကျိုး၊ လောကအကျိုး၊ သာသနာ အကျိုးကိုသာအသက်ထက်ဆုံး ရိုးရိုးကုပ်ကုပ် မဆုတ်မနစ်ဆောင်ရွက်ခဲ့ကြပေသည်။

မိမိကိုယ်ကို လောဘကင်းပြီဟု ထင်ယောင်ထင်မှား ဖြစ်နေသော ဦးကျော်သည် ထိုဆရာတော် ကြီးများကို အတုယူသင့်ပေသည်။……….

နောက်ပြီးတော့ ဦးကျော် ကျင့်နေတာ ဘာအကျင့်လဲဆိုတာကိုန ည်းနည်းပြောပါရစေ။ မိမိအကျင့်နဲ့ ပတ်သက်ပြီး ဦးကျော်ဖြေခဲ့တာက “ငါ့စိတ်ကို ငါ သိနေတယ်၊ သိနေတယ် ငါသိနေတယ် သိနေတာကို ထပ်သိတယ်။ ဒါပေမယ့် ဒါဟာ သမထမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ သမထ မဟုတ်ရင်ဘာလဲ။ သတိပဋ္ဌာန်တရားလား၊ သို့မဟုတ် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးထက် ပိုကောင်းတာလား၊ ဦးကျော်ဖြေနိုင်ရပါမယ်။ ဦးကျော် ကျင့်နေသော “စိတ္တ၀ိသုဒ္ဓိ”ဆိုတဲ့ စိတ်စင်ကြယ်ခြင်း အကျင့်သည် သာသနာပ ကျင့်စဉ်တခုမျှသာ။ မဂ္ဂင်လမ်းနှင့် မိုးနဲ့မြေလိုကွာခြားပါသည်။ ထို အကျင့်ကို အဆင့်ဆင့် ဆက်ပြီးကျင့်ရင် ဈာန်ရပြီး မြေလျှိုး၊ မိုးပျံနိုင်ရုံပါ။ သံသရာထွက်ရပ် လမ်းကိုထား၊ အပယ် (၄) ပါး တံခါးကိုတောင် မပိတ်နိုင်သေးပါ။…..

ဦးကျော်ရဲ့ ကျင့်စဉ်တခုလုံးမှာ ငါ့စိတ်၊ ငါသိ၊ ငါတတ်၊ ငါ့အကျင့်ဆိုသော ငါစွဲအတ္တတွေနဲ့သာ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ စိတ်ဟာ စိတ်၊ အသိဟာ အသိ၊ ကြားတာဟာ ကြားတာပဲ ဖြစ်ရပါမယ်။ ငါ ဆိုသော အတ္တကို ပယ်ရပါမယ်။ `ငါ´ သည်အပယ်သို့ သွားရာလမ်းဖြစ်ပြီး အတ္တကို မပယ်သတ်နိုင်သရွေ့ အပယ်ဘေးက ပြေးမလွတ်ပါဘူး။ ဒါကြောင့် ဦးကျော်ကိုယ်တိုင် အပယ်မပိတ်သေး၊ အပယ်ပိတ်တရား၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှင်းရှင်းလင်းလင်း မသိသေးဘဲနဲ့ သတ္တ၀ါတွေကို ဘာတရား သွားဟောမှာပါလဲ။ အပယ်ရောက်မယ့် တရားကို ဟောမှာလား။……….

လောကမှာဓမ္မနဲ့ အဓမ္မဆိုပြီး တရား နှစ်ပါးသာရှိပါတယ်။ မိမိကျင့်နေသော အကျင့်ဟာဓမ္မ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဓမ္မဖြစ်ရပါလိမ့်မယ်။ မြတ်စွာဘုရားတိုင်း၊ အရိယာပုဂ္ဂိုလ်တိုင်းသိခဲ့သော ဓမ္မသည် ကွဲပြားခြားနားမှုမရှိ။ အတူတူ တခုတည်းပင်ဖြစ်သည်။ ထို့ကြောင့် “ကျွန်တော် ကျင့်နေသော အကျင့်သည် ဘုရား၏ ဓမ္မနဲ့ ညီချင်မှ ညီလိမ့်မယ်” လို့ မပြောဆိုကောင်း မပြောဆိုအပ်ပါ .. ဦးကျော်။ ဓမ္မနဲ့ ညီကို ညီရပါလိမ့်မယ်။ ဒါမှမဟုတ်ရင် အဓမ္မ အကျင့်သာ ဖြစ်လိမ့်မည်။ …… လူဝတ်ကြောင်ဘ၀မှာတော့ ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ကျင့်၊ ဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ကျွန်တော်မဝေဖန်လိုပါ။ သို့သော် ဘုရားသားတော် ရဟန်းဘွဲ့ကိုခံ ယူပြီးသောအခါ၌ကား ဗုဒ္ဓလျှောက်ခဲ့သောလမ်း၊ ဗုဒ္ဓချမှတ်ခဲ့သော ၀ိနည်းနှင့် အညီ ဗုဒ္ဓကျင့်ခဲ့သော အကျင့်ကိုပဲ ကျင့်ရမှာပါ။

ဗုဒ္ဓသည် တရားကို ရှာနေဆဲ (၆) နှစ်လုံးလုံး ဘယ်သူ့ကိုမှ တရားမဟောခဲ့ပါ။ ယခု ရဟန်းပင်မဖြစ်သေးသော ဦးကျော်၌ကား တရားပွဲများသည် တပေါင်းလပြည့်နေ့အထိ Booking ပြည့်သွားပြီဟု ကြားသိရပါသည်။ မိမိ၏ Experience ဘ၀အတွေ့အကြုံကို ဟောပြောချင်ရင် သင်္ကန်းမ၀တ်ဘဲ လူဝတ်ဖြင့် ပိုသင့်တော်မှာပါ။ လူ အများ၏ စိတ်၌လည်း ဦးကျော်၏ တရားကို နာကြားချင်တာထက် ရုပ်ရှင်မင်းသား ကျော်ဟိန်းကိုမြင်ချင်တဲ့စိတ်က ပိုများနေမှာပါ။ သင်္ကန်းကို ရုံထားပြီးနောက် ရဟန်းအလုပ်ကို မလုပ်ဘဲ ကိုယ်ထင်ရာ လျှောက်
လုပ်နေမယ်ဆိုရင် “နောက်ဆုံး ကျော်ဟိန်းကနေ ရဟန်းဖြစ်မလာဘဲ အဓမ္မကျော်ဟိန်း (သို့) ပေါက်ကရ ကျော်ဟိန်း” သာဖြစ်လာလိမ့်မည်။

နောက်ဆုံးနေ့များနှင့် အလုပ်ရှုပ်နေသော နောက်ဆုံး ကျော်ဟိန်းကို နောက်ဆုံး ပြောချင်တာကတော့ အလုပ်တကာ့ အလုပ်၊ အလှူတကာ့ အလှူ ထဲတွင် သာသနာအတွက် ရည်းစူးပြီး လှူသောအလှူ၊ သာသနာကိုမပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သော အလုပ်သည် ဘုရားအဆူဆူကို လှူရခြင်း သံဃာအပေါင်းကို လှူရခြင်းထက် အမြင့်မြတ်ဆုံးသော ကုသိုလ်အလုပ် ဖြစ်ပါသည်။ ဒီလောက်ဆိုရင် ဦးကျော် ဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဦးကျော်ပြောသကဲ့သို့ အမိမြန်မာပြည်ကို ကျေးဇူးဆပ်ချင်သပဆိုရင် မိမိ၏ လွဲမှားနေတဲ့အယူ၊ အသိတွေကို စွန့်လွတ်ပြီး သျှင်ဦးဥတ္တမသျှင်ဦးဝိစာရသျှင်ဦးဥတ္တမသာရ စသော ဆရာတော်ကြီးများ ကဲ့သို့  သတ္တ၀ါအကျိုး၊ လောကအကျိုးနှင့် မြတ်ဘုရားသာသနာတော်ကြီးးကို မပျောက်ကွယ်အောင် ဦးလည်မသုန် ထမ်းရွက်နေသော သာသနာ့ အာဇာနည် ရဟန်းကောင်း၊ ရဟန်းမြတ် တစ်ပါးဖြစ်အောင် ကြိုးးစားသင့်ပါသည်။ ထိုသို့သာ ဖြစ်လာခဲ့ရင် လူသားအားလုံးက ဦးကျော်ကို ထိခြင်း ငါးပါးနဲ့ ဦးချကန်တော့ကြမှာပါ။

သို့သော် ယခုနောက်ဆုံး ကြားသိရသည်ကား ဦးကျော်သည်မိမိ၏ ရဟန်းခံ၊ ဆံချခြင်း အခမ်းအနားကို ပရိတ်သတ်အလယ်၌ စင်ပေါ်တက်ပြီး ပြုလုပ်မယ်လို့ ကြားသိရသလို ဆရာတော်ကြီးတစ်ပါးကလည်း ဦးကျော်ကို ဆံချပေးဖို့ ငြင်းပယ်လိုက်ကြောင်း ၀မ်းနည်းဖွယ် ကြားသိရပါသည်။

အားလုံးကိုကျေးဇူးတင်လျှက်
ညမင်းသား

Tuesday 9 September 2008

ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်အနီး၊ ပေါက်ကွဲမှူဖြစ်ပွား။



ယနေ့ (၉/၉/၂၀၀၈)၊ နံနက် ၁၁း၁၅ နာ၇ီ ခန့်တွင်၊ ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ပေါက်ကွဲမူုတခုဖြစ် ပွားခဲ့ပါသည်။

ရန်ကုန်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသော၊ မထသ(၄၅)၊ ယဉ်အမှတ် (၄ခ/၅၄၈၁) ခရီးသည်တင်၊ ကားတွင်တပ်ဆင်ထားသော၊ CNG ဓါတ်ငွေ့အိုး ပေါက်ကွဲမှူ ဖြစ်ပွားခဲ့ပြီး၊ မော်တော်ယဉ်အား မီးဆွဲ လောင်ခဲ့ကြောင်း သိရှိရပါသည်။

ထိခိုက်ဒဏ်ရာရရှိမှု မသိရှိရသေးသော်လည်း၊ နောက်နားတွင်၊ ကပ်လျှက်မောင်းနှင်လာသော၊ အဌားယဉ် (City Taxi E-5066) တစီးလည်း၊ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း၊ မျက်မြင်သက်သေတဦးပြောကြားချက် အရ၊သိရှိရပါသည်။

သူရဲကောင်း။

သတိရမိသည်များ (၄)

အမှတ်မထင် ပုံလေး တစ်ပုံကို မိတ်ဆွေ တစ်ယောက်ရဲ့ gtalk မှာ avatar အဖြစ် သုံးနေတာကို တွေ့လိုက်မိတယ်။ တစ်ကြောင်း ကာတွန်းလေးပါ။ ဒေါသထွက်နေတဲ့ မျက်နှာလေးနဲ့ ဂရပ် တစ်ခုကိုကိုင်ထားတယ်။ ဂရပ်က တစ်ခုခု ထိုးတတ်နေတာကို ပြထားတဲ့ ဂရပ် ကလေးပေါ့။ လမ်းလျှောက်နေတဲ့ ပုံစံလေး တစ်ခု။ သူ့ status က သေချာ မမှတ်မိတော့ပါဘူး။ ကုန်ဈေးနှုံးတတ်၊ ဆီဈေးကြီးလို့ ကိုမင်းကိုနိုင်တို့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ လမ်းလျှောက် အပြီးမှာ ကုန်ဈေးနှုံးကြီးတာကို ဒေါသထွက်နေတဲ့ ပြယုဒ်။

အဲဒါလေးကို မြင်လိုက်မိတော့ ကျွန်တော့် ရင်ထဲ တစ်ခုခု လုပ်ချင်တဲ့ စိတ်တစ်ခု ထိုးထွက်လာတယ်။ ခက်တာက ကိုယ်တိုင်က တိုင်းတပါးမှာ။ ဆန္ဒဝင်ပြလို့လည်း မရ။ အတူတူ ရင်ဘောင်တန်း လမ်းလျှောက် ဖေါ်ထုတ်နိုင်စွမ်းမရှိ။ ဒါနဲ့ လန်ဒန်မှာ ဆန္ဒပြလို့ ရတဲ့ နေရာက မြန်မာသံရုံး တစ်ခုပဲ ရှိတယ်။ ဒီတော့ ကျွန်တော့် ဘဝမှာ ပထမဦးဆုံး ဆန္ဒပြပွဲ တစ်ခု လုပ်ဖို့ “စ”တွေးတော့တာပါပဲ။ ဆန္ဒပြဖို့ ဘာတွေ လိုအပ်လဲ၊ ဘာတွေ လုပ်ရလဲ ဆိုတာတွေ မသိ။ ကိုယ်တိုင်လည်း တခါမှ ဆန္ဒပြပွဲတောင် ဝင်ပါဖူးတာ မဟုတ်။ အဲဒါမှ အခက်။

လန်ဒန်မှာ ဆန္ဒပြပွဲ လုပ်နေကြ အတွေ့အကြုံ ရှိပြီးသား ဖြစ်တဲ့၊ လုပ်လေ့ လုပ်ထလည်း ရှိတဲ့ မြန်မာတွေ ဦးဆောင်တဲ့ BDMA-UK ရုံးခန်းသွားပြီး အဲဒီက လူတွေနဲ့ တိုင်ပင် ဆန္ဒပြဖို့ စီစဉ်နဲ့ပေါ့။ ကွန်ပြူတာရိုက် ဖုန်း ဆက်တာတွေနဲ့ ရှုပ်နေတာပါပဲ။ တစ်ခါမှ မလုပ်ဖူးတဲ့ လူတစ်ယောက်အတွက် လွတ်လပ်တဲ့ တိုင်းပြည်မှာ စည်ကားတဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ရဖို့ စီစဉ်တာ ထင်သလောက် မလွယ်သေးပါလား။ အဲ .. ခက်တာက လန်ဒန်ရောက် မြန်မာတွေ အဲဒီ အချိန်က ဆန္ဒပြဖို့ စိတ်မဝင်စားကြသေးတာပဲ။

ဒီတခါလည်း စာက တောင်ရောင် မြောက်ရောက် ဖြစ်နေပြန်ပါပြီ။ တကယ် ပြောချင်တဲ့ အရာက၊ အဲဒီ ရုံးခန်းမှာ ကွန်ပြူတာ သုံးရင်း၊ မေးလ်စစ်ရင်း ခုန ပုံကလေးကို ထပ်တွေ့လိုက်ရတယ်။ ဒါနဲ့ အဲဒီ မိတ်ဆွေကို မေးလိုက်မိတော့တယ်။ အဲဒီ ပုံကို မူရင်း ဘယ်သူဆွဲတာလဲ ဆိုတော့၊ သူလည်း အခြားလူဆီက ကူးထားတာ၊ အဲဒီ လူကို မေးပေးမယ် ဆိုတာနဲ့ မေးရင်းမြန်းရင်း နောက်ဆုံး မူရင်း စသုံးတဲ့ လူကို တွေ့ပြီပေါ့။ နာမည်တော့ ရပြီ။ လူတော့ မသိသေးဘူး။ ဒါနဲ့ မိတ်ဆက်ခိုင်း၊ add ခိုင်းနဲ့ အလုပ်ရှုပ်လိုက်တာ .. ။

အခု မြန်မာပြည်ထဲမှာ ကုန်ဈေးနှုံးကြီးမြင့်လာတာကို ပြည်သူ့ကိုယ်စား လောင်စာဆီဈေး ချပေးဖို့ တောင်းဆိုနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများ၊ ကုန်ဈေးနှုံးကျဆင်းရေး အဖွဲ့ဖြစ်တဲ့ ကိုထင်ကျော် အပါ အဝင် ပြည်သူ့သားကောင်းရတနာများ၊ အခြားသော ရဲရင့်သော မျိုးချစ် ပြည်သူလူထုများကိုယ်စား ဂုဏ်ပြုဖို့ logo လေး တစ်ခုလောက် ကျွန်တော်လုပ်ချင်လို့။ အဲဒါ ခင်ဗျားကူညီပေးနိုင်မလားလို့ မေးမိလိုက်တော့ .. ဝမ်းသာ အားရပါပဲ ချက်ချင်းကို ကူညီပေးတယ်။

သူကလည်း အဲဒီ logo ပုံလေးကို အခြား သူ့ မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို အကူအညီထပ်တောင်း ပြီဆွဲခိုင်းလိုက်တာ ပုံကလေး တစ်ပုံ ထွက်လာတယ်။ ပထမတွေ့ခဲ့တဲ့ ပုံကို အခြေခံပြီး modify လုပ်ထားတာ။ logo ပုံလေးကို ရပြီဆိုတော့ ရရခြင်းမှာ အခြားမိတ်ဆွေ ဘလော့သမားတွေ အားလုံးကို ဆက်သွယ်ပြီး ဂုဏ်ပြုတင်ပေးဖို့ လိုက်ပြောလိုက်တာ၊ မထင်မှတ်ပါပဲ သံဃာတွေ အမြောက်အများ ဆန္ဒ ထွက်ပြတဲ့ အချိန်မတိုင်ခင်အထိ အဲဒီ logo လေးက အင်တာနက်သုံးတဲ့ လူတွေကြားမှာ လက်ခံပြီး အတူတကွ ဂုဏ်ပြုပေးကြနဲ့။ ဘလော့တွေ အပါအဝင် အခြား အင်တာနက် သုံးနေတဲ့ မြန်မာပြည်သူတွေအားလုံး ညီညွတ်စွာ ဂုဏ်ပြုကြတာ ကြည်နူးမိပါရဲ့။

စက်တင်ဘာ လှုပ်ရှားမှုနဲ့ အတူ နအဖ မတရားတာ လုပ်တာတွေကို ခေါင်းငုံ ခံမနေဘဲ ပြန်လည်တုံပြန် ဆန္ဒပြတဲ့ ကြားမှာ အဲဒီ logo လေးက မေ့မရတဲ့ သတိရမိသည်များ ထဲက တစ်ခုဖြစ်နေပါတော့တယ်။ အောက်က ပုံလေးပါ။

၂၀၀၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာလတွေရဲ့ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ မေ့မရတဲ့ သမိုင်းမှာ အမှတ်တမဲ့ မှတ်တမ်းလေး တစ်ခု အဖြစ် ကျန်ရစ်ခဲ့တဲ့ ပုံလေးဟာ သတိရမိသည်များရဲ့ တစိတ်တပိုင်းပါပဲ။

အော် ဒါနဲ့ စကားမစပ် လန်ဒန် စံတော်ချိန် ၂၀၀၇ ခုနှစ် သြဂတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီမှ ၁၃ နာရီအထိ ၊ကျွန်တော့ ဘဝ ပထမဦးဆုံး ဆန္ဒပြပွဲမှာ ကိုထင်ကျော်တို့နဲ့ အတူတူ တပြိုင်နက် ဆန္ဒပြရန် ကြံစည်ပြီး သံရုံးရှေ့သွားပြီး တသွေးထဲ ဖြစ်ကြောင်း ပြတဲ့ ပွဲမှာ ကျွန်တော် အပါ အဝင် မြန်မာလူမျိုး ၆ ယောက် သံရုံးမှာ ဆန္ဒပြခဲ့ကြောင်းနှင့် အတူ လာရောက် စောင့်ရှောက်ပေးခဲ့တဲ့ ရဲအရေအတွက်က ၅ ယောက်ဖြစ်ပါကြောင်း သတိရမိသည်များတစ်စိတ် တပိုင်းပဲပေါ့။

အိမ်ပြန်ရောက်တော့ ကြားလိုက်ရတဲ့ သတင်းကတော့ မြန်မာနိုင်ငံမှာ ၂၁ ရက်နဲ့ ၂၂ ရက် အကူး သူခိုး စစ်တပ် ဦးဆောင်တဲ့ နအဖ ထုံးစံအတိုင်း သူခိုးများ ကျင်လည်ရာ ည ၁၂ နာရီ ကျော် အချိန်မှာ ၈၈ မျိုးဆက်သူရဲကောင်း ၁၅ ယောက် အိမ်ကို ခွေးများ ဝိုင်းရံပြီး ဥပဒေမဲ့၊ ဖမ်းဝရမ်း မပါ ခေါ်သွားလိုက်ကြတာ အခုဆို ၁ နှစ်ကျော်ခဲ့ပြီပေါ့။

သူရဲကောင်း ၁၅ ယောက်ရဲ့ နာမည်တွေကတော့
၁။ ကိုမင်းကိုနိုင်၊
၂။ ကိုကိုကြီး၊
၃။ ကိုပြုံးချို၊
၎။ ကိုမင်းဇေယျာ၊
၅။ ကိုမြအေး၊
၆။ ကိုကျော်မင်းယု (ကိုဂျင်မီ)၊
၇။ ကိုဇေယျ၊
၈။ ကိုကျော်ကျော်ထွေး (ကိုမာကီး)၊
၉။ အံဘွယ်ကျော်၊
၁၀။ ကိုပဏ္ဏိထွန်း၊
၁၁။ ကိုဇော်မင်း၊
၁၂။ ကိုဇော်ဇော်မင်း၊
၁၃။ ကိုသက်ဇော်၊
၁၄။ ကိုဥာဏ်လင်း၊
၁၅။ ကိုရင်ထွန်း

တို့ ဖြစ်ကြ ကြောင်းပါ။

သတိရမိသည်များ အပိုင်း (၅) ဆက်ပါဦးမည်။

လေစားစွာဖြင့်
ကိုထိုက်

Saturday 6 September 2008

DESPERATE ACT BY LEADER OF USDA AND MAYOR OF YANGON.

Yangon Division Union Solidarity and Development Association (USDA) members were briefed by every belonging Township General Secretary that they should avoid associated with former Military Intelligent personnel. They are the most undesirable enemies of the State and all USDA members should exercise with caution to monitor their movement.

Additional to above briefing, USDA members were also warned that present Military Affairs Security personnel are not to be trusted and do not pass any important information to them. Like that kind of policy is only can make by either U Aung Thaung or Brigadier General Aung Thein Lin (Mayor of Yangon) as no one else has direct influence to USDA in Yangon.

Most probably, the main suspect is Aung Thein Lin as his case of stealing the money from disaster relief fund was revealed by said Military Security Organization. He is shamelessly steal the goods destined for poor and suffered but still not holding the responsibility but blaming other parties. Another possibility is those two organizations are acted together discredit the USDA.

Reported by Thu Ye Kaung.


ကြံမိကြံရာထင်ရာစိုင်းနေကြတဲ့၊ ကြံ့ဖွတ်ခေါင်းဆောင်နဲ့ ရန်ကုန်မြို့တော်ဝန်။

ရန်ကုန်တိုင်း အတွင်းရှိမြို့နယ် အသီးသီးမှ၊ ကြံ့ဖွတ်အဖွဲ့ဝင်တွေကို ယခင် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများနှင့် အပေါင်းအသင်းမလုပ်ကြရန်၊ ၄င်းတို့ဟာ တိုင်းပြည်ရဲ့ မငြိမ်သက်မှုတွေကို နောက်ကွယ်မှ မီးထိုးပေးနေတဲ့ အဓိက ရန်သူဖြစ်ကြောင်းနှင့် ၄င်းတို့အား သတိထား စောင့်ကြည့်နေကြရန် ကြံ့ဖွတ် ခေါင်းဆောင်ပိုင်းက ညွှန်ကြားထားကြောင်း သိရပါသည်။

ပိုမို စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ စစ်ထောက်လှမ်းရေးဟောင်းများကို သာမက၊ ယခု လက်ရှိတာဝန်ယူထားတဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲဝင်တွေနဲ့လည်း ပေါင်းသင်းဆက်ဆံမှု မပြုလုပ်ရန်၊ မည်သည့် သတင်းအချက်အလက်များကိုမှ ပံ့ပိုးမှု မပြုလုပ်ရန်နှင့် ၄င်းတို့အား သတိထား ဆက်ဆံကြရန် ဖြည့်စွက်မှာကြား လမ်းညွှန်မှုပြုထားသည့် အချက်ဖြစ်သည်။

အဖြစ်နိုင်ဆုံး အခြေအနေ (၂) ရပ်ရှိကြောင်း၊ အမည်မဖော်လိုသူ ကြံ့ဖွတ် ထိပ်တန်း အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

(၁) မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းကို၊ လေဘေး ရန်ပုံငွေ အလွဲသုံးစားမှုကြောင့် ၊တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်များက၊ ခေါ်ယူစစ်ဆေးမှုကို မကျေနပ်ခြင်း။

(၂) လက်ရှိ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးရာ အဖွဲ့ဝင်များက၊ ယခင် တပ်မတော် ထောက်လှမ်းရေးဟောင်းများ အကြံဥာဏ်ယူလျက် ကြံ့ဖွတ်အသင်းအား လျှို့ဝှက်စွာ ထောက်လှမ်း သတင်းစုဆောင်း နေမှုကို၊ မကျေနပ်ခြင်း။

သူရဲကောင်း။

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၁)

ညမင်းသား

ဘုရားတရားသံဃာ(အစစ်)အား ရိုသေမြတ်နိုးစွာ ကန်တော့ပါ၏ဘုရား


ယခုအချိန်သည် သာသနာခုနှစ်အားဖြင့် ၂၅၀၀ ကျော်ခဲ့ပြီ၊ သာသနာ တစ်ဝက်ကျိုးလာသည်နှင့်အမျှ ဘုရားသာသနာသည်လည်း အဖက်ဖက်မှ ဆုတ်ယုတ်လျှက် ရှိသည်၊ ယနေ့ နအဖခေတ်မှာကား အဆိုးဆုံးပင်ဖြစ် သည်။ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာရတနာသည် ကွယ်လုဆဲဖြစ်နေပါသည်။

အဆိုးဆုံးဟုပြောရလောက်အောင် ခေတ်အဆက်ဆက် ဘယ်မင်းဘယ် ပုဂ္ဂိုလ်မှ မလုပ်ခဲ့ဖူးသော သံဃာအပေါင်းကို အတုဆိုပြီးရိုက်သတ် လိုက်ခြင်းပင်။ ပညာကျော် နအဖကားအတုနဲ့အစစ်ကို ဘယ်လိုခွဲလိုက် သည်မသိပါ၊ ပြည်သူတွေကြားမှတော့ အတုအစစ် ပြသာနာသည် တော်တော်ကြီးဂယက် ရိုက်ခတ်သွားခဲ့ပါသည်။

တချို့ပြည်သူများဆိုလျှင် မိမိတို့တစ်သက်လုံး ထိုင်ကန်တော့ ကိုးကွယ် လာခဲ့သော ရဟန်းတော်များသည် နအဖ၏ အတုစာရင်းထဲပါသွားသဖြင့် ဘာမှအကျိုးမရှိဖြစ်ကုန်လေ၏။ ထို့ကြောင့် ပြည်သူတွေ သံဃာ အစစ်အမှန်ကို ကိုးကွယ်ဆည်းကပ် ခွင့်ရအောင် ဒီပုဂ္ဂိုလ်တွေက သံဃာအတုဖြစ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ သံဃာအစစ်တွေပါဆိုပြီး နအဖ ဘက်က ဆက်လက်ဆောင်ရွက် ပေးသင့်ပေသည်။

နအဖ သည် အတုကို ဖော်ထုတ်ခဲ့ပြီး အစစ်ကိုတော့ မဖော်ထုတ်ခဲ့ပေ၊ အတုနဲ့အစစ် ကိုဘယ်လိုခွဲခြားကြမလဲ။ ရေသန့်ဗူးနဲ့ပစ်လို့ မှန်နှစ်ချပ် ကွဲသွားတာကို မကျေမနပ်ဖြစ်ပြီး အရေးယူပေးဖို့ တောင်းဆိုတဲ့ သာသနာပိုင်ကို သံဃာ အစစ် လို့ခေါ်ဆိုနိုင်မလား၊ ဒါမှမဟုတ် စစ်အစိုးရအလိုကျ ဆောက်ရွက်ပေးနေတဲ့ သူတွေကိုပဲ သံဃာအစစ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေ အကျိုးကို လိုလားတဲ့ သူတွေကိုရော သံဃာလို့ မသတ်မှတ်တော့ဘူးလား နအဖကား ရည်ရွယ်ချက်ရှိရှိ သံဃာကို သင်းကွဲလိုက်လေပြီ။ ဘယ်ပုဂ္ဂိုလ်တွေက ငါ့ဟာသံဃာအစစ်ပါလို့ လက်မထောင်ပြီး ကြွေးကြော်ဝံ့ပါသလဲ၊ သာသနာ ထက်ဝက် ကျိုး လာသည်နဲ့အမျှ ရဟန်း အရေခြုံမျှသာ ဖြစ်သော ဒုဿီလရဟန်း (ရဟန်းနဲ့တူသောအရာဆိုလို့ အ၀ါရောင်မျှသာရှိသော ပုဂ္ဂိုလ်) တို့ တိုးတက် များပြားလာလိမ့်မည်၊ ဒါဟာ အမှန်တရားပါဘဲ အခြားတစ်ဖက် မှာလဲ မြတ်သောရဟန်းအကျင့်ကို ကျင့်နေသည့်အပြင် သတ္တ၀ါတို့၏ ကောင်းကျိုးကိုဆောင်ရွက် ပေးနေသော သံဃာပုဂ္ဂိုလ်မြတ် တွေဟာလည်း လက်ညိုး ထိုးမလွဲအောင် ရှိနေပါသေးသည်။

ဤသို့ နအဖ၏ ပယောဂကြောင့် သာသနာညှိုးနွမ်းနေချိန်တွင် ဦးကျော်ဟိန်းသည် မြင့်မြတ်သော ရဟန်းဘ၀ကိုခံယူပြီး သတ္တ၀ါတွေရဲ့ အကျိုးကိုဆောင်ရွက် ပေးမည်ဟု ကြားသိရသောအခါ ကျွန်တော် အလွန်ဝမ်းသာမိပါသည်။ သို့သော် ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းရေးတွင် သဘောမကျစရာ အချက်တွေကို ကျွန်တော်တွေ့လာရပါသည်။ သူတောင်းစား တစ်ယောက်နှင့် တိုင်းပြည်ကို စွန့်ပြီးရဟန်းပြုလာသော ဘုရင်တို့တွင် အကျိုးဖြစ်သော ရဟန်းဖြစ်လာခြင်းသည် အတူတူပင်ဆိုငြားလူ အများ၏ စိတ်ဝင်စားမူသည် တူညီလိမ့်မယ် မဟုတ်ပါ၊ ထိုနည်းတူစွာ ယနေ့ ပေါ်ပြူလာခေတ်တွင် ရုပ်ရှင်နယ်ပယ်၌ ထင်ရှားကျော်ကြားနေသော ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းမှူကို လူ့အများ စိတ်ဝင်စားလျှက်ရှိသည်။ သည်တွင် ကျွန်တော် ပြောရပေတော့မည်။ ဦးကျော်သည် မိမိ ရဟန်းပြုခြင်းကို ကြေငြာ မောင်းထုနေသည်ဟု ကျွန်တော်ရိုးရိုးလေးမြင် သည်၊ ဦးကျော်၏ ရဟန်းပြုခြင်းသည် ထင်ပေါ်ကျော်ဇောခြင်းကို လိုချင်လို့လား၊ ရဟန်းပြုခြင်းသည်ကား သာမန်လူပုဂ္ဂိုလ်တို့ မကျင့် နိုင်သော မြင့်မြတ်သည့် အကျင့် ကိုကျင့်ရန်နှင့် မိမိ၏ ကိလေသာကိုပယ်သတ်ရန်။

ရည်ရွယ်ချက် -- ရဟန္တာ အရိယာ ပုဂ္ဂိုလ်ဖြစ်ရေးပင်။ ဤကား ဘုရားအကြိုက်၊

ရဟန်းပြု ရခြင်းကိုဘန်းပြပြီး လူအများ စိတ်ဝင်စားအောင်ရုပ်ရှင်ရိုက်သလိုမျိုး Action များနဲ့လူလုံး မပြသင့်ဟု ထင်ပါသည်။ ခုသတင်းစာ၊ စာစောင်များ၌ ဦးကျော်၏ နောက်ဆုံးနေ့များဆိုပြီး ခဏခဏတွေ့ နေရတော့ ဦးကျော် သေတော့မလားလို့တောင် လူတွေက ပြောနေကြပြီ။

အကျိုးမျှော်တဲ့ စပွန်ဆာတွေကလည်း ပွဲလန့်တုန်း ဖျာခင်း မီးလောင်ရာ လေပင့် လုပ်နေကြသည်ဟု ကျွန်တော်မြင်သည်။ ဒါတွေကိုထားပါတော့ ဦးကျော်သည် စိတ်အကြောင်းဆွေးနွေးခန်းဆိုပြီးတော့ လူတွေနှင့် တရုန်းရုန်း လုပ်နေသည့်အပြင် ယခုနောက်ဆုံး မြန်မာပြည် တပတ်ပတ်ပြီး တရားပွဲများကျင်းပမည်ဟု သိရပါသည်။

ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ပြီး ဘယ်တရားကိုဟောပြောမှာဘာလဲ။ ကျွန်တော် သတိပြုမိတဲ့ ပထမတစ်ချက်က ဦးကျော်ပြောခဲ့သော “ကျွန်တော်ဟာ လောဘကင်းတဲ့ လူတယောက်” ဟုဆိုခဲ့ခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်မျှသာ ဖြစ်သေးတဲ့ ဦးကျော်အတွက် ဒါဟာအများကြီး စဉ်းစားစရာပါ။ ပုထုဇဉ် လူသားတစ်ယောက်ကို လောဘကင်းပြီလို့ တကယ်တမ်း ပြောလို့ရပါသလား၊ ဦးကျော်လောက်ကို ထားဦး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ အရာအားလုံးကို စွန့််ပြီးတောထွက်ပါတယ်၊ သာမန်အမြင်အရဆိုရင်တော့ ဒါဟာလောဘကင်းပြီလို့ ထင်စရာပါ၊ မဟုတ်ပါဘူးဗျ လောဘနောက်ကိုလိုက်တာပါ၊ မိမိလိုချင်တဲ့ ဘုရားဆိုတဲ့အရာနောက်ကိုလိုက်တာ..၊ အဲဒီမှာ လိုချင်တဲ့ ဘုရားမဖြစ်တော့ ဒေါသတွေဖြစ်ခဲ့ပါတယ်၊ အဲဒီလိုလောဘ၊ဒေါသနဲ့ပဲ ခြောက်နှစ်လုံးလုံး တရားအမှန်ကို ရှာမတွေ့ခဲ့ပါဘူး၊

ဟုတ်ပါပြီ.. ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို လောဘ၊ ဒေါသ၊ မောဟ၊ တဏှါ၊ ရာဂ ကင်းပြီလို့ ပြောနိုင်ပါသလဲ.. ရဟန္တာအရိယာမဖြစ်သေးသမျှ ဘယ်ပုဂ္ဂိုလ်ကိုမှ လောဘကင်းပြီဟု မပြောနိုင်ပါဘူး။

ကျွန်ုပ်တို့ အလှူအတန်း လုပ်ခြင်းသည် လောဘကို ပယ်သတ်ရန်မျှသာ၊ လူတယောက် ဘာမှ မလိုချင်ခြင်းသည် ဘာမှ မရှိခြင်းကြောင့်သာ၊ လောဘကို အမြစ်ပြတ်ပယ်သတ်ပြီး၍ကား မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် လောဘစိတ်များသည် တဒင်္ဂမျှ ငုတ်လျှိုးနေခြင်းသာဖြစ်သည်၊ တကယ်လို့ အကြောင်း တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင် သူတို့၏ လောဘစိတ်များဟာ ဒိုင်းခနဲ့ ပွင့်ထွက်လာတတ်ပါတယ်…

လောဘ စိတ်ကလေး ပယ်သတ်တာလောက်ကို ထားပါတော .. ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင်မှ ငါ ဟာအရိယာ ပုဂ္ဂိုလ်မြတ်ပါလို့ ဘာကြောင့် မကြွေးကြော်ကြပါသလဲ….

ကျေးဇူးတင်ပါသည်….

ဒုတိယပိုင်းမျှော်….

ညမင်းသား

Monday 1 September 2008

နိုင်ငံတော် အဓိပ္ပါယ် သတ်မှတ်ချက် အကြောင်း

ကျွန်တော် စိတ်ထဲမှာ ပြောချင်နေသော စကားလုံးနဲ့ အကြောင်းအရာ တစ်ချို့ ရှိနေပါတယ်။ မပြောဖြစ်ဘဲ နေမိတဲ့ အကြောင်းကတော့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ဆိုတာ ကိုယ်ပြောချင်ရာကို သူတပါးကို မထိခိုက်ပဲ လွတ်လွတ်လပ်လပ် ပြောနိုင်ရမယ်လို့ နားလည်ထားမိလို့ပါ။ အခုတော့ ပြောကြည့်လိုက်ပါဦးမယ်။ ပြောချင်တာတွေကတော့ စကားလုံး အဓိပ္ပါယ် သတ်မှတ်ချက်တွေပါ။

အမြဲလိုလို ကြားနေရတဲ့ စကားလုံးကတော့ .... နိုင်ငံတော် ... တဲ့။

နိုင်ငံတော် ........ အဲဒီ နိုင်ငံတော် ဆိုတာ ဘာကို ရည်ညွန်းတာလဲ ဆိုတာ သတိထားမိပါရဲ့လား။.... ကျွန်တော် ပြောမယ်ဗျာ၊ ..... ကျွန်တော်တို့ မြန်မာနိုင်ငံက လူတိုင်း အဲဒီ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို သေချာ နားမလည်ကြဘူး။

သန်းရွှေက နိုင်ငံတော် ဖြစ်လိုဖြစ်၊ ဘာမဟုတ်တဲ့ စစ်ဗိုလ်လောက်က မယက ဥက္ကဌဖြစ်တော့ သူပြောချင်ရာ ပြောတာကို လူတွေက နိုင်ငံတော်က ပြောတာလို ဖြစ်လိုဖြစ်နဲ့။ ဘာလဲ နိုင်ငံတော် ဆိုတဲ့ အဓိပ္ပါယ်။ စာတတ်ပေတတ် အတွေ့အကြုံ ရှိ ပညာရှင်တွေ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ခက်ဆစ် အဓိပ္ပါယ် ဖွင့်ပေးကြပါဦးဗျာ။

ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်အညို ပျက်စေမှု ပေါ့။ ဟုတ်ပါတယ်။ အဲဒီ အမှုနဲ့ တရားဆွဲခံရမယ်ဆို ထောင်ကျဖို့က သေချာတယ်။ လူသတ်မှုကမှ လွတ်ရင် လွတ်နိုင်တယ်။ အဲဒီ အမှုက မလွတ်တာသေချာတယ်။

... အဲဒီ နိုင်ငံတော်ကို အကြည်ညို ပျက်စေစေမှုမှာ တကယ် တရားဆွဲခံရတဲ့ လူတွေကြည့်တော့ ... သန်းရွှေ သမီး မင်္ဂလာဆောင်ခွေ ကြည့်မိလို့ ဆိုတဲ့ လူတောင် ပါသေးတယ်။ သန်းရွှေ သမီး မင်္ဂလာဆောင်တာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာလား။ ဒါဆို မင်္ဂလာဆောင်တဲ့ အဲဒီ သတို့သမီးက နိုင်ငံတော်လား ... ဒါမှ မဟုတ် ... နိုင်ငံတော်အကြည်အညို ပျက်စရာ ဘာတွေများ ရိုက်ပြထားပါလိမ့်။ (အသက် ၁၈ နှစ်အောက် မကြည့်ရ ခွေများ ရိုက်ထားလား မသိ။)

ကိုဇာဂနာလို လူမျိုးကိုလည်း နိုင်ငံတော် အကြည်အညို ပျက်စေမှုတဲ့။ မုန်တိုင်း ဒုက္ခသည်တွေကို ကူညီတာ၊ သူ့ဘာသာ ဘုရားစာရွတ် မေတ္တာပို့ လမ်းလျှောက်တဲ့ သံဃာတော်တွေကို ဆွမ်းကပ်တာလည်း နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုပဲလား။ ဒီတော့ နိုင်ငံတော်ဆိုတာ အခု လောလောဆယ် လူတွေ သတ်မှတ်ထားပုံကို ကြည့်ရင်

နိုင်ငံတော် ဆိုသည်မှာ ... သန်းရွှေနှင့် ဆွေမျိုး တစ်စု အပါအဝင်၊ စစ်ဝတ်စုံ ဝတ်ထားသော ရာထူး အတန်ငယ် ရှိသော လူပုဂ္ဂိုလ် အားလုံးကို ဆိုလို ပါသည် ... လို့ ကလေးတွေကို စာအော်ကျတ်ခိုင်းရမလို ဖြစ်နေပြီ။

နိုင်ငံတော်ဆိုတဲ့ စကားလုံးကို မိမိ ပါးစပ်က မထွက်ခင် ငါဆိုလိုချင်တာ ဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို သေချာ စဉ်းစားစေချင်ပါတယ်။ သေချာ သိမှ တိကျမှ သုံးစေချင်ပါတယ်။ နအဖက မတရားဥပဒေ လုပ်ပြီး ပြောချင်ရာ ပြောပေမယ့် ကိုယ်တွေကလည်း အဲဒီ မတရားတဲ့ အသုံးအနှုံးအတိမ်အနက်ကို သေချာ မတွေးမိဘဲ အလွယ်တကူ နအဖ ပြောတဲ့ အတိုင်း လိုက်လံ သုံးဆွဲခြင်းအားဖြင့် နအဖလူမိုက်ကို အားပေးဖြစ်ရာ ရောက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပက်သက်၍ ကွယ်လွန်သည်မှာ မဟုတ်ကြောင်း

အထူးသတင်း

သတင်းစကားများ ထွက်နေကြသော အန်တီစု အစာငတ်ခံ ဆန္ဒပြပြီး ကွယ်လွန်သွားပြီ ဆိုသော သတင်းမျာ လုံးဝ မဟုတ်ပါ။ ဒီနေ့ နေလည်က မိနစ် ၃၀ ခန့် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အန်တီစုမှာ အနည်းငယ် ပိန်သွားပြီး ပင်ပန်းနေကြောင်းနှင့် ခဏမျှ အနားယူရန်လိုကြောင်း သာပြောကြားခဲ့ကြောင်း ဦးကြည်ဝင်းမှ ပြောခဲ့ပါသည်။

ကိုထိုက်

သတိရမိသည်များ (၃)

လောင်စာဆီဈေးတွေ တတ်လို့ ပြည်သူပြည်သား အားလုံး စိတ်ညစ်နေချိန်မှာ ဘလော့ သမားတချို့လည်း ဘယ်မှာ အငြိမ်နေနိုင်ပါ့။ ပြည်သူတွေထဲက ပြည်သူပဲလေ။ ဘလော့ ရေးနေတဲ့ လူတွေ ဆိုတာ ဘာသားနဲ့ ထုဆစ်ထားတာမို့လို့လဲ။ အိမ်က မုန့်ဖို့းနဲ့ အင်တာနက် ကဖေးမှာ ဝင်ရေးတဲ့လူနဲ့၊ ကိုယ့်အလုပ်နဲ့ ကိုယ်၊ ကိုယ့်ငွေ ကိုယ်ရှာပြီး ဘလော့ပေါ်မှာ သိသမျှ အရာရာ ဝေမျှပေးနေတော့၊ ဆီဈေးတတ်လို့ ကုန်ဈေးနှုံး ကြီးလာတာကို မြင်နေကြားနေရတော့ မြင်သမျှ ရေးမိနဲ့ပေါ့။ ကိုယ်တိုင်လည်း ခံနေရတာကိုး။

ကဲ အဲဒီ အထဲက ကိုမိုးတိမ်ကလည်း သူ့အတွေ့အကြုံကို ရေးထားတာတွေ ရှိပါတယ်။ သူရေးထားသမျှ ကတော့ အောက်မှာ ဖတ်ကြည့်ပါဦး၊ ခေါင်းစဉ်က တော့ “ရန်ကုန်မှာ ဒီလို ဒီလို” တဲ့။ (ရေးတဲ့ ရက်ဆွဲကတော့ သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇)
တနေ့ညက ခေါင်းတွေကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ မနေ့က ရုံးခွင့်ယူပြီး မျက်စိဆရာဝန်သွားပြရတယ်။ မနက် ၁၀ နာရီလောက် အိမ်ကနေထွက်ပြီး ရွှေဘုံသာလမ်းကိုသွားဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်။ ဒီအချိန်ဆိုအတော်ပဲ ကားသိပ်မကျပ်တော့ဘူး။ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတယ်။ ခါတိုင်းဆို ကားပေါမှပေါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ကားတွေ Gas မရပြန်ဘူးထင်တယ် လို့တွေးမိတယ်။ ဒါက ဖြစ်လေ့ဖြစ်ထတစ်ခုမို့ လူတိုင်းသိနေတယ်လေ။ တစ်ခါတစ်လေ ကားတွေကို Gas ဆိုင်က ထည့်မပေးနိုင်လို့ ကားတွေမထွက်ရဘူး ညလုံးပေါက် တန်းစီပြီး စောင့်ရတယ်။ အဲ့ဒီလိုနေ့တွေ မှာဆိုရင် ကားတွေရှားတယ်။ Gas ရှိတဲ့ကားတွေလောက်ပဲ ထွက်တယ်။ ဒီနေ့လည်း ဒီလိုပဲထင်တယ်လို့ ..... တွေးမိတယ်။ တွေးနေရင်း ကားရောက်လာပြီ .. “ဆူးလေ .. ဆူးလေ ... လာလာချောင်တယ် ... ကားတွေမထွက်ဘူးနော် ... ကားရှားတယ် .. မစောင့်နဲ့ .. စောင့်ရင်းနဲ့မှတ်တိုင်နဲ့ ညှားသွားဦးမယ်” .. စပယ်ရာတွေက အဲ့လို ..ပေါက်ကရတွေ ... ငါထင်တာ မှန်နေပြီလို့မှတ်လိုက်တယ်။ ကားတွေ မထွက်ဘူးတဲ့ ..... ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မြို့ထဲဆိုတော့ ၁၀၀ ပေါ့။ ၂၀၀ တန်ပေးလိုက်တယ် .... “အကို ဘယ်လဲ ... ” “အေး ... လမ်း ၃၀ ကို” .... “အကို .... တစ်ယောက် ၂၀၀ နော်”တဲ့ ... ကျွန်တော်အံ့သြသွားတယ်။ “အောက်ဆိုဒ်ကားလား၊ လိုင်းကားမဟုတ်ဘူးလား” လို့မေးတော့ အကိုမသိဘူးထင်တယ် ... ညက CNG ထည့်ရတဲ့ ဈေးတက်လို့ ကားခတွေလည်း နှစ်ဆ တက်ကုန်ပြီ” .. “အမ် .. ဟုတ်လား .... ဘယ်လောက်တောင် တက်သွာလို့လဲ .. ”လို့မေးတော့ “၅ ဆ .. အကို .. ၅ ဆ ... အရင်က အိုး ၁၀လုံး ၅၀၀၀ ပေးရတယ် ... အခု ၃၀၀၀၀ ပေးရတယ် ... စဉ်းစားတာကြည့်ပေတော့ဗျာ” “ဒါတင်မဟုတ်ဘူးအကို ဓါတ်ဆီဆိုရင် အရင်ဆိုင်ထည့်ဈေး ၁၂၀၀ ... အခု ၃၀၀၀ ဖြစ်သွားပြီ၊ ညစ်တယ်ဗျာ ကျွန်တော်တို့ကော ခရီးသည်တွေပါ ဒုက္ခရောက်ကုန်တာပေါ့” “အဲ့ဒါကြောင့် မနေ့ညက ဒုက္ခတွေရောက်လိုက်ကြတာ ပြောမနေနဲ့ တန်းစီထားတဲ့တချို့ကား တော်တော်များများတွေဆို အုံနာအိမ်ကို ပြန်မောင်းသွားကြတယ်။ CNG မထည့်တော့ဘူး၊ ဒါကြောင့်ဒီနေ့ ကားရှားနေတာပေါ့။ ယာဉ်ကြီးတွေ တော်တော်များများ မထွက်ကြဘူး၊ အိမ်မှာ ဒီအတိုင်းထိုးထားပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ ကျွန်တော့်ကားတောင် လက်ကျန်လေးရှိနေလို့ ထွက်ဖြစ်တာ”လို့ ကျွန်တော့်ကို ပြောပြတယ်။ သူ့မျက်နှာမှာလည်း မကျေနပ်တဲ့အရိပ်အရောင်တွေ သန်းနေတယ်တာ ကျွန်တော်တွေ့လိုက်တယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အဲ့ဒီအရိပ်ကြီးစိုးမိုးနေတာ ကြာပါပြီ။ ထမင်းတနပ်စားရဖို့အရေး ရုန်းကန်နေရတဲ့ဘ၀မှာ ဒီလိုပဲ အောင့်အီးပြီး အစိုးမိုးခံနေကြတယ်။ .... ကျွန်တော်တော်တော် တုန်လှုပ်သွားတယ် .. ဘာတွေဖြစ်ကုန်ပြီလဲ ..... မြန်မာနိုင်ငံမှာ ပေါများလှတဲ့ သဘာဝဓါတ်ငွေ့တွေ ဈေးတက်ကုန်ပြီတဲ့ ... ဖြစ်နိုင်သလား .. ဖြစ်နိုင်ပါတယ် .. ဘာလို့မဖြစ်နိုင်ရမှာလဲ ... CNG တွေကို အစိုးရက နိုင်ငံခြားကို ရောင်းစားနေတော့ ပြည်သူတွေ ငတ်ပြီပေါ့။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါပဲ .... မြန်မာနိုင်ငံမှာ သဘာဝ ရေမြေဓါတ်ခံကောင်းတော့ စိုက်ပျိုးရေး၊ မွေးမြူရေး/ရေလုပ်ငန်းတွေ အောင်မြင်ထွန်းကားတာ လူတိုင်း အသိပါပဲ အခုဆိုရင် ... ကောင်းပေ့ဆိုတဲ့ ပုဇွန်တွေ၊ ငါးတွေ၊ စပါးတွေ၊ သာမက .. ကြက်သွန်နီကိုတောင် နိုင်ငံခြားကို တင်ပို့ပြီးရောင်းနေကြပြီဆိုတော့ ဘယ်မှာလဲ ပြည်သူတွေစားဖို့။ လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားပဲပို့တော့မှာပေါ့ ပြည်တွင်းမှာ ဘယ်ရောင်းတော့မှာလဲ။ မြန်မာနိုင်ငံက ပြည်သူတွေ ငတ်ပြီပေါ့။ အဲ့ဒီလို အငတ်ခံလို့ အကျိုးကျေးဇူးခံစားရရင် မပြောလိုပါဘူး။ အခုဟာက ဘာမှကိုဖြစ်မလာတာ။ အခုချိန် အိမ်ရှင်မတွေ “ဈေးသွားရင် ရှူဆေးတွေယူသွား၊ နှလုံးရောဂါသည်တွေကို ဈေးမသွားခိုင်းပါနဲ့” ဆိုတဲ့ သတိပေးချက်တွေကို ရုပ်မြင်သံကြားတွေမှာ အသိပေးသင့်နေပြီ။ ဈေးထဲသွားရင် ဘုရားတနေရတယ်။ အေးပေါ့လေ .... လိမ္မော်ခြံပိုင်ရှင်က လိမ္မော်သီးအကောင်း မစားရဘူးဆိုတဲ့ စကားလို့ဖြစ်နေပြီ။ ဘယ်စားရမလဲ .. အကုန်ရောင်းစားတာကိုး။ ဒါပေမယ့် ဒီအချက်တွေကြောင့် မြန်မာနိုင်ငံဟာ သူများထက်မနှိမ့်ဘူးဆိုပြီးတော့ ကိုယ်ကိုကိုယ်ဖြေသိမ့်မိတယ်ဗျာ ... ငယ်ငယ်တုန်းက အဖိုးပြောလို့ ကြားဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ်ကြောင့်ပါ .. ပုံပြင်လေးက ဒီလို ..
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......
စာအရေးအသားက ရှင်းပါတယ်။ ရှင်းဆို မြင်သလို ရေးတာကိုး။ .... ပြည်သူလူထုထဲက ပြည်သူ တစ်ယောက်ဖြစ်တဲ့ ဘလော့သမားတစ်ယောက်ရဲ့ အမြင်နဲ့ လောင်စာဆီ ဈေး ထိုးတတ်သွားတဲ့ အပေါ်ကို တွေ့ရသမျှ ရိုးရိုး သားသား တင်ပြထားတာပဲလေ။

မြန်မာ့ သမိုင်းရဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ လူသတ်ပွဲမတိုင်ခင်မှာ ဖြစ်နေတဲ့ ဖြစ်ရပ် သမိုင်းကို ထင်ဟပ်စေခဲ့တဲ့ ပို့စ်တွေ ထဲက ခင်မင်ရတဲ့ ကိုမိုးတိမ်ရဲ့ ကိုယ်တွေ့တစ်ခု ဖြစ်ခဲ့လို့ မှတ်သားဖွယ်ရာ သတိရမိသည်များထဲက တစ်ခုပေါ့။

အော် .. မေ့တော့မလို့ ကိုမိုးတိမ်ရဲ့ ဘလော့ လိပ်စာက http://shwemoetain.blogspot.com ဖြစ်ပြီး၊ ဘလော့ နာမည်က “မိုးတိမ်၏ ဘာညာသာရကာ နေကြာ ကွာစိ” ပါတဲ့ .. ခင်ဗျာ။

သတိရမိသည်များ အပိုင်း (၄) ကိုဆက်ပါဦးမယ်။

လေးစားစွာဖြင့်
ကိုထိုက်