Showing posts with label ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ. Show all posts
Showing posts with label ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ. Show all posts

Sunday, 2 March 2008

ဒီမေးခွန်းတွေကို ဘယ်သူတွေက ဘယ်လိုမေးနိုင်မလဲ

- ဆန္ဒခံယူပွဲမှာ လူဦးရေရဲ့ ဘယ်လောက်ရာနှုန်း မဲထည့်မှ ဆန္ဒခံယူပွဲ အထမြောက်သလဲ။

- အထမြောက်တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးသူဦးရေရဲ့ ဘယ်လောက်ရာနှုန်းက ထောက်ခံမှ ဖွဲ့စည်းပုံဟာ အတည်ပြုသလဲ။

- ယခု ဆန္ဒခံယူပွဲရဲ့ ရလာဒ်ဟာ ဥပဒေကဲ့သို့ အာဏာတည်သလား။

- မဲပေးခွင့်ရှိသူ လူဦးရေ စုစုပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာ ဆန္ဒခံယူပွဲမတိုင်မီ တရားဝင်သိခွင့်ရမလား။

- ကန့်ကွက်မဲပေးသူကို အရေးယူမှာလား။ ကန့်ကွက်မဲပေးဖို့ တရားဝင်စည်းရုံးခွင့်ရှိလား။

- ထောက်ခံမဲပေးဖို့ရော ဘယ်သူက စည်းရုးံမှာလဲ။ အဲဒီလူတွေက အစိုးရနဲ့ဘယ်လိုပတ်သက်မလဲ။

- ဆန္ဒခံယူပွဲ ကော်မရှင်လူကြီးဖြစ်ဖို့ ဘာအရည်အချင်းတွေလိုလဲ။ ဘယ်လိုရွေးတာလဲ။

- တကယ်လို့များ ဆန္ဒခံယူပွဲရဲ့ အဖြေအရ ဖွဲ့စည်းပုံကို အတည်မပြုနိုင်သေးဘူး ဆိုရင် ဘာဆက်လုပ်မှာလဲ။ ပြန်ပြင်မှာလား..။ တွေ့ဆုံဆွေးနွေးရေးလုပ်မှာလား။

FTC

Friday, 29 February 2008

ပြောကြတဲ့ စကားတွေ

ENC's statement

Ethnic Nationalities Council
(Union of Burma)

Statement on the SPDC Announcement on Referendum
Statement No. 2008-2
29 February 2008
1. The Ethnic Nationalities Council (ENC) believes that political crisis in Burma is not just ideological confrontation between military dictatorship and democracy but a constitutional problem rooted in the denial of the rights of ethnic nationalities who joined the Union of Burma as equal partners in 1947 at Panglong Conference.

2. Since the root cause of political crisis is “constitution”, the problem should also be solved through constitutional means. As such, Burma needs a new constitution.

3. The Ethnic National Council and other democratic forces have drafted a new constitution of “Federal Republic of the Union of Burma” based on the spirit of “Panglong” and fundamental principles of democracy, equality and justice. A draft constitution also provides guarantees for collective rights of ethnic nationalities, human rights and gender equality, minority rights for all religious and ethnic groups, and the separation of politics and religion.

4. The SPDC announced that they will conduct a referendum in order to adopt a new constitution, which has drawn up in accordance with its 7 Steps Road Map. If the SPDC wants to peacefully implement its Road Map, it needs to consult widely with the ethnic nationalities, democratic forces, and ceasefire and non-ceasefires armed groups. However, the SPDC’s 7 Steps Road Map and its constitution process are not inclusive nor does it reflect the spirit of national reconciliation. The whole purpose of the SPDC constitution is to legalize the military dictatorship through constitutional means.

5. For the sake of the country and the people, and also for starting national reconciliation and establishing peace, the Ethnic Nationalities Council (ENC) proposes the following points:

(i) that a broad-based “Constitutional Review Commission” be formed as proposed by Mr. Gambari, UN Secretary-General Special Envoy for Burma, in October 2007, to review two draft constitutions prepared, one by the Federal Constitution Drafting and Coordinating Committee (FCDCC) on behalf of ethnic nationalities and democratic forces, and another one by the State Peace and Development Council (SPDC) at its National Convention.

(ii) that the Constitution Review Commission invites the main stakeholders of the Union of Burma, namely the SPDC, the 1990 election winning party led by Daw Aung San Suu Kyi, and Ethnic Nationalities for a tripartite consultation meeting in order to make necessary compromise and give-and-take through negotiation.

(iii) that the role of armed forces in the future Union of Burma, a democratic transition, and the right of ethnic nationalities through a federal arrangement be included in the tripartite consultation meeting;

(iv) that a transitional authority be formed by the SPDC, the 1990 election winning party led by Daw Aung San Suu Kyi, and ethnic nationalities based on the result a tripartite negotiation.

6. For the sake of peace and stability not only in Burma but also in the region, we request the international community, especially our neighboring countries, including China, India and ASEAN, to mediate a tripartite negotiation among the SPDC, the 1990 election winning party led by Daw Aung San Suu Kyi and ethnic nationalities.

7. If the SPDC rejects our proposal, we will have no choice but to call on the people of Burma to reject the SPDC’s constitution at its referendum in May 2008.

Contact Persons:
(1) Dr. Lian H. Sakhong, General Secretary (081-02 96 100)
(2) Saw David Taw, Joint General Secretary (081- 3064 351)

ညီညာပါမှ ပြည်သာမယ်



Thursday, 28 February 2008

Why Should we boycott referedum?

Following is my opinion on the referendum that junta will hold in May 2008.

Once we vote in referendum, it means that we agree with junta on their road map whether we vote against the constitution or not.

One step in junta's road map is to hold election.

It means that we agree with junta to hold new election according to their road map.

It means that we agree with junta to ignore 1990 election result.

That's why , by voting in referendum, junta will get advantage to stick to their road map and to ignore 1990 election result even we vote against the constitution.

If junta lose in referendum, I think thy will write constitution again.

That's why we should boycott referendum and concentrate on holding non-violence demonstration participated by the whole country including army,navy,air-force, USDA and power men ("Swan Arr Shin" named by themselves).

Mo zart

Tuesday, 26 February 2008

နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .. အပိုင်း(၇)

(တစ်ခါ အလိမ်ခံရလျှင် လိမ်သူ၏ အပြစ်ဖြစ်ပြီး၊ ၂ ခါ အလိမ်ခံရလျှင် အလိမ်ခံရသူ၏ အပြစ်သာဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုသည်မှာ ပြည်သူများ၏ ရပိုင်ခွင့်ကို ကာကွယ်ပေးသော ဥပဒေ ဖြစ်သည်။ နအဖက ယခု ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများကို ဖိနှိပ်ထားပြီး စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို လုပ်ချင်ရာ လုပ်နိုင်အောင် အကာအကွယ် ပေးထားသော အခြေခံဥပဒေ တရပ်သာဖြစ်သဖြင့် ပြည်သူများအားလုံး တခဲနက် ကန့်ကွက်ပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။)

( လ ) နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းပြီး - -

-၉၂- နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျ ဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။

အခြေခံမူ (၉၂) အရ လူတိုင်းသည် မိမိ၏အခွင့်အရေး၊ ယုံကြည်ချက်ပေါ်တွင် မူတည်၍ လွတ်လပ်စွာ ပါတီထူထောင်ခွင့်ရှိသည်။ အများအတွက်အကျိုးမပြုသော ပါတီများသည် အစိုးရကိုယ်တိုင်မှ ဖျက်သိမ်းရန်မလိုဘဲ သူ့အလိုကျပျောက်ကွယ် သွားမည်။ ပါတီ များလွန်းလျှင် အလွန်အကျွံ ဒီမိုကရေစီ ဖြစ်ခြင်းနှင့် ပါတီနည်းလွန်းလျှင် အာဏာရှင် ဖြစ်သွားနိုင်ခြင်းကို နိုင်ငံတော်မှ ထိန်းညှိပေးရမည်။

( ၀ ) အရေးပေါ်ကာလနှင့် စပ်လျဉ်းပြီး - -

-၉၃- ( ၁ ) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၌ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် သက်ဆိုင်သည့်ဥပဒေပြု အခွင့်အာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့် အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

-၉၅- ( ၃ ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ အာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အခြေခံမူ (၉၃) (၉၄) (၉၅) အရ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံ့အာဏာကို ရယူသုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားသည်။ စစ်အာဏာသိမ်းခြင်းကို တရားဝင် ပြဌာန်းပေးထားခြင်းကြောင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

တကယ်တမ်း အရေးပေါ် အခြေအနေ ပေါ်ပေါက်ခဲ့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းရမည့် အပြင် ပြည်ထောင်စုလွှတ်တော် အပေါ်တွင် သစ္စာစောင့်သိရပေမည်။ ဗဟိုအစိုးရ အနေဖြင့် ပြည်နယ်များ၏ ကိစ္စရပ်များအပေါ် မလိုအပ်ဘဲ ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ပြဌာန်းပေးရမည်။


( သ ) နိုင်ငံခြားရေးနှင့် စပ်လျဉ်းပြီး - -

-၉၆- ( ၁ ) နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဖက်မပျက် ပေါင်းဖက်းဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။

-၉၇- ( ၂ ) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။

-၉၈- ( ၃ ) နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။

အခြေခံမူ (၉၈) အရ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု ဆိုရာ၌ လက်ရှိမြန်မာ့ပင်လယ် ထွက်ပေါက်နှင့် ကိုကိုးကျွန်းများပေါ်ရှိ တရုတ်စစ်ဖက်ဆိုင်ရာ တပ်စခန်းများကို ဖျက်သိမ်းရမည်။ တရုတ် အားကိုးမှု ကင်းရှင်းစေရမည်။

( ဟ ) ပြစ်မူ ပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး

-၉၉- ( ၁ ) မည်သည့် ပြစ်မူဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့်မရှိ။

-၁၀၀- ( ၂ ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဌာန်းခွင့်မရှိဟု အခြေခံမူများ ချမှတ်ပါတယ်။

( ဠ ) သဘာဝ ပတ်ဝန်းကျင်နှင့် စပ်လျဉ်းပြီး

-၁၀၁- နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။

အခြေခံမူ (၁၀၁) အရ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောက်ရှောက်ရမည့်အပြင် သစ်တောသယံဇာတများကို ထုတ်ယူရာတွင် အကန့်အသတ်ဖြင့်ထုတ်ယူရမည်။ လက်တွေ့အားဖြင့် သက်ဆိုင်ရာ စစ်တိုင်းမှုးများနှင့် အပေါင်းအသင်းစီးပွားရေးသမားများ စည်းကမ်းမဲ့ ထုတ်လုပ်နေသောကြောင့် ပြုန်းတီးနေပြီဖြစ်သော မြန်မာ့သစ်တောများကို တတ်ကျွမ်းသော ပညာရှင်များအား အချိန်မှီ ခေါ်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ရမည်။

( အ ) အထွေထွေပြဌာန်း ချက်များနှင့် စပ်လျဥ်းပြီး

-၁၀၂- ( ၁ ) မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။

ဗမာစာသည် နိုင်ငံတော်၏ ရုံးသုံးစာဖြစ်သော်လည်း သက်ဆိုင်ရာလူမျိုးစုများ၏ စာကိုလည်း သက်ဆိုင်ရာလူမျိုးစုများ သင်ကြားခွင့်ရှိအောင် ပြဌာန်းပေးရမည်။

-၁၀၃- ( ၂ ) နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဌာန်းရာတွင်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြားဥပဒေများပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွန်များဖြစ်သည်။

-၁၀၄- ( ၃ ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်ချုပ်အုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မူဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မူ ရှိ၊ မရှိ စီစစ်ခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်ချုပ်မူရ စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမူများကို ကြားနားဆုံးဖြတ်ခြင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တစ်ရုံးကို ဖွဲ့စည်းမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

@@@@@@@@

အားလုံးအပေါ် ခြုံငုံသုံးသပ်ချက်

( က ) သမိုင်းဝင် ပင်လုံစာချုပ်ကြီး ပေါ်ပေါက်ခဲ့သောကြောင့်သာ ပြည်ထောင်စုကြီး ဖြစ်လာခြင်းဖြစ်သည်။ ထိုပင်လုံစာချုပ်၏ အနှစ်သာရမှာ ( ၁ ) တန်းတူ၊ ( ၂ ) ပြဌာန်း၊ ( ၃ ) ခွဲထွက် ဟူ၍ ဖြစ်သည်။


( ၁ ) တန်းတူး။ ။အမျိုးသားနိုင်ငံရေး တန်းတူညီမျှမူရှိရေး(ဗမာတစ်ကျပ် - ရှမ်းတစ်ကျပ်)
( ၂ ) ပြဌာန်း။ ။ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊
( ၃ ) ခွဲထွက်။ ။ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရန် - - - ဖြစ်သည်။

( ခ ) ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် အခြေခံ ဥပဒေရေးဆွဲရေးအတွက် ချမှတ်ထားသော ဦးတည်ချက် (၆) ရပ်သည် လမ်းလွဲသို့ ဦးတည်နေပါသည်။ ပြည်သူလူထုသည် သမိုင်းတောင်းဆိုချက်အရ အလိုရှိနေသည်မှာ ( ၁ ) ပါတီစုံ ဒီမိုကရေစီနှင့် ( ၂ ) စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်သည်။ ချမှတ်ထားသော ဦးတည်ချက်နှင့် အခြေခံမူ ( ၁၀၄ ) တို့သည် - - -

( ၁ ) တပ်မတော်က အာဏာကို ချုပ်ကိုင်ထားမည့် အချုပ်အချယ်ခံ ဒီမိုကရေစီဖြစ်သည်။
( ၂ ) ပြည်ထောင်စုမဟုတ်ဘဲ တစ်ပြည်ထောင် စနစ်( သို့ ) တိုင်းနှင့် ပြည်နယ်သာ ဖြစ်သည်။
ဤသည်ကား စစ်အာဏာရှင် မဟာဗမာနိုင်ငံတော် တည်ထောင်ခြင်းဖြစ်၍ ပြည်သူအားလုံး တပြေးညီနစ်နာမည်။ တိုင်းရင်းသား လူမျိုးများအဖို့ ခေါင်းမဖေါ်နိုင်သည့် ဘ၀မျိုးကျဆင်းသွားလိမ့်မည်။

( ဂ ) ညီလာခံ ဖွဲ့စည်းထားပုံသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ တကယ်ဖြစ်သင့်သည်မှာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသောကိုယ်စားလှယ်များကို အမာခံထားပြီး အခြားကိုယ်စားလှယ်များကို အရံထား၍ ဖွဲ့စည်းရမည်။ ယခု ဖွဲ့စည်းထားသည်မှာ ဖြစ်သင့်သည်နှင့် ပြောင်းပြန်ဖြစ်နေပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမျိုးတွင်မှ မရှိသောဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ဖြစ်သည်။

( ဃ ) ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ( ၄၀ ) ကျော်ကြာ အာဏာရှင် စစ်အစိုးရသည် လက်တွေ့အားဖြင့် အာဏာယူထားသော အစိုးရ (De Facto Government) အဆင့်သာရှိရာ လက်ရှိ တစ်ဖက်စောင်းနင်းရေးဆွဲနေသော အခြေခံမူ အတည်ဖြစ်သွားပါက နောင်နှစ်ပေါင်း (၄၀၀) အထိ တရားဝင် အစိုးရ (De jure Government)အဖြစ် ဆက်လက် အာဏာ တည်မြဲသွားမည်ကို တိုင်းရင်းသား ပြည်သူလူထုကြီး ရှင်းလင်းစွာ သိမြင်ဖို့ အရေးကြီးပါသည်။ ယခုအချိန်အခါသည် တိုင်းပြည်ချောက်ထဲသို့ ကျရန် လက်နှစ်လုံးသာလိုပါတော့သည်။ ထိုကြောင့် ချောက်ထဲမကျအောင် အချိန်မီ ကာကွယ်ရပေမည်။ ချောက်ထဲသို့ ကျသွားပြီးလျှင် ပြန်တတ်ဖို့ မလွယ်ကူကြောင်း နိုင်ငံရေး သတိရှိဖို့လိုမည်။

( င ) ပြည်သူလူထု အနေဖြင့် အမျိုးသားညီလာခံတွင် ချည်ပြီးတုတ်ပြီး ဖြစ်နေသည့်တိုင်အောင် နောက်ဆုံး ရုန်းကန်ထွက်နိုင်သည့် အခွင့်အရေးရှိပါသေးသည်။ ဤသည်မှာ `လူထု ဆန္ဒခံယူပွဲ´ ဖြစ်ပါသည်။ အခြေခံဥပဒေကို အာဏာပိုင်များက အပိုင်စီးထားရေးအတွက် ကြံဖွတ်လူတစ်စုကို အသုံးပြု၍ ဘောလုံးကွင်း ဒီမိုကရေစီနည်းဖြင့် အတည်ပြုရန်ကြိုးပမ်းကြပေလိမ့်ဦးမည်။ ထိုအစည်းအဝေးပွဲများကို တတ်ရောက်ခြင်း မပြုမိအောင် ရှောင်ကျဉ်ခြင်းဖြင့် ရန်သူအားပေး မလုပ်မိကြစေရန် အရေးကြီးပါသည်။ ထိုသို့ ဘောလုံးကွင်း ဒီမိုကရေစီမျိုးကိုလည်း ကမ္ဘာကလက်ခံမည် မဟုတ်ပေ။ သို့ဖြစ်ရာ လူထု ဆန္ဒ ခံယူပွဲကို မလွှဲမသွေ လုပ်ရပေမည်။ ပြည်သူလူထုက ထို အခွင့်အရေးကို လက်မလွတ်တမ်း အသုံးချနိုင်ရန် လိုအပ်ကြောင်း ယခုကပင်ကြိုတင်၍ အသင့်ပြင်ထားကြရလိမ့်မည်။

( စ ) လွတ်လပ်ရေး သက်တမ်းနှစ် ( ၆၀ ) တိုင်ရှိခဲ့ပြီဖြစ်သော်လည်း ဗမာ အပါအ၀င် တိုင်းရင်းသား အပေါင်းတို့သည် နယ်ချဲ့ အင်္ဂလိပ် ကျွန်ဘ၀မှ ပခုံးပြောင်းကာ စစ်တပ်၏ ကျွန်ဘ၀အောက် ရောက်ခဲ့ရပါသည်။ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် မိမိတို့ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်ရေးအတွက် တစ်ဦး တစ်ယောက်ချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ လူမျိုး အသီးသီးအလိုက်သော်လည်းကောင်း၊ တောင်တန်းမြေပြန့် မခွဲခြားဘဲ စုပေါင်းလက်တွဲခြင်းဖြင့် လာမည့်လူထု ဆန္ဒခံယူပွဲတွင် ဆန့်ကျင် ကန့်ကွက်မဲပေးနိုင်ခြင်းသည် မိမိအခွင့်အရေးအတွက်သာမက နောင်မျိုးဆက်အတွက်ပါ ကာကွယ်သမှုပြုရာရောက်သည်။

( ဆ ) ညောင်နှစ်ပင်ညီလာခံသည် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး၏ ကံကြမ္မာကို ဖန်တီး၍ ချောက်ထဲသို့ တွန်းချနေခြင်းကို ကာကွယ်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မကြာမီကျင်းပတော့မည့် လူထု ဆန္ဒခံယူပွဲတွင် တစ်ခဲနက် ကန့်ကွက်မဲများ ထည့်ပေးရန်သာ ဖြစ်ပါကြောင်း တပ်လှန့်နိုးဆော်လိုက်ရပါသည်။

(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

Friday, 22 February 2008

နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .. အပိုင်း(၆)

(တစ်ခါ အလိမ်ခံရလျှင် လိမ်သူ၏ အပြစ်ဖြစ်ပြီး၊ နှစ်ခါ အလိမ်ခံရလျှင် အလိမ်ခံရသူ၏ အပြစ်သာဖြစ်သည်။

ယခု နအဖက အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ပြောသည်။ ယခု လက်ရှိ အခြေခံမူ ၁၀၄ ချက်တွင် အဓိက ကျသော အခန်းကဏ္ဍအပိုင်းမှာ ထောက်ခံနိုင်စရာ ကောင်းတယ်လို့ ပြောလို့ရတဲ့ အချက်တစ်ချက်ရှိလျှင် ထောက်ပြပါ။ ထောက်ခံစရာ ကောင်းချက် မရှိဘဲ လုံးဝ မထောက်ခံနိုင်ပါ။)

( မ ) စီးပွားရေးနှင့်စပ်လျဉ်းပြီး - -

-၈၀- ( ၁ ) နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက် စီးပွားရေးစနစ် ဖြစ်သည်။

အခြေခံမူ (၈၀) အရ ဈေးကွက်စီးပွားရေးစနစ်ဆိုရာ၌ အာမခံချက်ရှိသော ဈေးကွက်စနစ်ကို ပြဌာန်းပေးနိုင်ရမည်။ သစ်သားပြားပေါ်တွင် ဆေးသုတ်ပြီး `တပ်ပိုင်မြေ´ ဟုရေးသားကာ ပြည်သူ့အိုးအိမ်၊ ခြံ မြေ ၊ လယ်ယာမြေများပေါ်တွင် စိုက်ထူ၍ ပြန်လည်ရောင်းစားသော `ခေတ်သစ်စစ်တပ် စီးပွားရေးစနစ်´ ကိုကာကွယ်ပြဌာန်း ပေးနိုင်ရမည်။


-၈၁- ( ၂ ) နိုင်ငံတော်သည် အမျိုးသား စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမ၀ါယမအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်။


-၈၂- ( ၃ ) နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။

အခြေခံမူ (၈၂) အရ အပြောထက်အလုပ်ကသာ ပဓါနကျပါတယ်။ လက်တွေ့အားဖြင့် ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သည် တိုင်းပြည် စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားသောကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့်အပြင် အာဏာပိုင်လူတချို့ နှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများသာ ခံစားနေရသောကြောင့် သင်ခန်းစာယူ၍ ကာကွယ်တားဆီးရမည်။

-၈၃- ( ၄ ) နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်းမြှင့်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရူဆောင်ရွက်မည်။

-၈၄- ( ၅ ) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။

-၈၅- ( ၆ ) နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။

-၈၆- ( ၇ ) နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။

အခြေခံမူ (၈၆) အရ တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ဆိုသည့်အစား အာမခံချက်ရှိအောင် ရွှေစဘော်တင်၍ ထုတ်လုပ်သော ငွေကြေးသာဖြစ်ရမည်။ သို့မှသာ ငွေကြေးတန်ဖိုးသည် တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိမည်။

( ယ ) မြေ၊ ရေ၊ လေ သယံဇာတပစ္စည်းများနှင့် စပ်လျဉ်းပြီး - -

-၈၇- ( ၁ ) နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။

-၈၈- ( ၂ ) နိုင်ငံတော်သည် နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်းမည်။

-၈၉- ( ၃ ) နိုင်ငံတော်သည် နိုင်ငံသားများ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်နှင့် အညီခွင့်ပြုမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အခြေခံမူ (၈၇- ၈၈- ၈၉) အရ သယံဇာတ အားလုံး၏ ပိုင်ရှင်မှာ မြေကြီးသာလျှင်ဖြစ်ပါသည်။ ပြည်ထောင်စု ဆိုသည်မှာ ပြည်နယ်များကို စုပေါင်းဖွဲ့စည်းထားသောကြောင့် ယင်းသယံဇာတ ပစ္စည်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ စုပေါင်းပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ထိုသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပါက မူလပိုင်ရှင်ဖြစ်သော ပြည်နယ်အာဏာပိုင်များကို အကျိုးခံစားခွင့် ရရှိစေရန် ဥပဒေတွင် အတည့်အလင်းပြဌာန်း ပေးထားရမည်။

သယံဇာတ ဆိုသည်မှာ မိမိမျိုးဆက် တစ်ခုတည်းအတွက်သာမဟုတ်ဘဲ နောင်သားစဉ်မျိုးဆက်များ အတွက်ပါဖြစ်သောကြောင့် ထုတ်ယူသုံးစွဲရာတွင် အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲရမည်။


( ရ ) ရွေးကောက်တင်မြောက်ခြင်းနှင့် စပ်လျဉ်းပြီး - -

-၉၀- ( ၁ ) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိရမည်။

-၉၁- ( ၂ ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု အခြေခံမူများချမှတ်ပါတယ်။

ဆက်ရန်
(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

ကမ္ဘာ့ အလယ်တွင်

ပြည်တွင်းကမြန်မာများရော ပြည်ပက မြန်မာများရောယခုဆိုလျှင် အကြိတ်အနယ်၊ ပြင်းပြင်းထန်ထန်၊ စိတ်ဝင်တစား၊ တင်ပြဆွေးနွေးတိုင်ပင်နေတဲ့ ငြင်းခုံနေကြသော ကိစ္စကြီးကတော့ လက်နက်ကိုင်ပြီး အာဏာကို မတရားသိမ်းပိုက်ကာ ကမ္ဘာအလယ်တွင် သောက်ရှက်မရှိသော မျက်နှာနှင့်ပြောင်ပြောင် လုပ်ချင်ရာလုပ်နေသော အစိုးရဟု လူသိများသော၊ ကမ္ဘာသိသော နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီအစိုးထုတ်ပြန် ကြေညာသော ၁/၂၀၀၈ မေလ လူထုဆန္ဒခံယူပွဲ ကိစ္စဘဲ ဖြစ်ပါတယ်။

မြင်တာတော်တော်များများနှင့် သိတာ၊ ကြားတာတော်များများကတော့ ပြည်တွင်းနှင့် ပြည်ပ တော်တော်များများက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့  ပြတ်ပြတ်သားသား ပြောဆိုမှုကိုလည်း ကြည့်နေသလို၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဖို့ လိုက်လံဆွေးနွေးနေရတုံးပါ။

ဒါကြောင့်လည်း ကျွန်တော်မြင်သော အမြင်ကိုသာ တင်ပြပါသည်၊ ဖြစ်သင့်သည်၊ ဖြစ်ထိုက်သည်ဟု ထင်မိသောကြောင့်ဖြစ်ပါသည်၊ ဘာကို ဖြစ်သင့်သည်၊ ဘာကိုဖြစ်ထိုက်သည် ဆိုတာကတော့၊

သေသေချာချာ စဉ်းစားပြီး အမှန်နှင့် သတ္တိရှိခြင်းကို ရဲရဲဝံ၀ံ လုပ်ဆောင်သင့်ကြောင်းကို ထပ်လောင်းပြောပါရစေ။ တော်တော်များများ အခုဆွေးနွေးနေသော လူထုဆန္ဒခံယူပွဲကို ခဏလေးထားပြီး၊ အရင်ဆုံး ၁၉၉၀ရွေးကောက်ပွဲမှာ ကြီးကို မည်သို့ မည်ပုံရှင်းပါမည်လည်းဆိုတာကိုပြောတာပါ။

သတင်းစာလေးထဲတွင် ထည့်ယုံနှင့်၊ လမ်းဘေးစကားပြောယုံနှင့်၊ ဒါတွေက နှစ်၂၀ ကြာပြီဆိုသောအကြောင်း ပြောယုံနှင့်၊ ထိုသို့ သောအရေးမပါသော အကြောင်းတွေနှင့် လွယ်လွယ်ကူကူ န၀တကလည်း လုပ်ဆောင်လို့ မရသလို၊ ဖျက်လို့လည်းမရပါ ပြည်သူကလည်းဝိုင်းပြီး န၀တ ဘာလုပ်လုပ် နောက်ဆုံး လိုက်ပေးရသော ပုံစံနှင့်လည်း အခင်းအကျင်းကို အားလုံးရဲ့ တနေ့ တခြား ပိုမိုပြင်းထန်စွာ ခံစားရခြင်းတွေကို ချိုးဖျက်ချင်တာ ကုလားကြီးလည်း ယောက်ကျားပါဘဲဆိုပြီး မလုပ်သင့်ပါ။

သမိုင်းရဲ့ သားကောင်ဘ၀ကိုဘဲရောက်ရောက်၊ မည်သို့ ပင်ဆိုစေကာမှု၊ ဖြစ်စေကာမှု ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကိုဖြစ်ထိုက်ခြင်းကို တရားခြင်း၊ မျှတခြင်း၊ အဓိပ္ပါယ်ပြည့်ဝခြင်း၊ အမှန်ဖြစ်ခြင်းတို့ကိုတော့ လူသားဆိုသော ဖြစ်စဉ် အရသေဆုံးခြင်းဆိုတာကို ရှိပေမယ့် ထို ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကို ဖြစ်ထိုက်ခြင်းကို တရားခြင်း၊ မျှတခြင်း၊ အဓိပါယ်ပြည့်ဝခြင်း၊ အမှန်ဖြစ်ခြင်းကိုတော့ သေသေချာချာရှင်သန်ခွင့်ကိုတော့ မြန်မာပြည်မှာရှိနေဖို့ တိုင်းရင်းသား၊ ပြည်သူအပေါင်းမှာ အပြည့်အ၀တာဝန်ရှိတယ်လို့ ဘဲမြင်ပါတယ်။

မြန်မာနိုင်ငံရဲစစ်တပ်ကတော့ဟိုလိုဒီလိုကယောင်ကြသောအတွေးတွေ၊မဟာမဟာဆန်ခြင်းထက်အစွန်းတဖက်ထက်ကျော်
သော၊ကလိန်ကျခြင်းများစွာနှင့်စံနစ်တကျလက်တလုံးခြား လိမ်လှည်၊လှည့်ဖျားကာ၊ကို ၁၉၆၂ ကစပြီးသေသေချာချာ ကျင့်သုံးနေခဲ့တာကအခုထိပါဘဲ။

ဒါကို လိမ်မှန်းသိပေမဲ့လည်း၊ ငါနှင့်ငါ့ မိသားစုဆိုသော၊ ငါအသိုင်းဝိုင်းဟူသော၊ မာန်တွေနှင့်၎င်း၊ ငါလူမျိုးမှဆိုသော အတွေးတွေနှင့် လုပ်ဆောင်ခဲ့တာကိုပျော်မွေ့ခြင်းရယ်၊ မသိခြင်ယောင်ဆောင်ပြီး နေထိုင်ခဲ့ကြသော လူတန်းစားရယ်၊ မည်သို့မှ၊ ဘာမှနားမလည်သော လူတန်းစားတွေကို သေသေချာချာမွေးယူသလို လုပ်ဆောင်ပေးနိုင်ခဲ့သော မဟာဥဏ်ကြီး အလိမ်ထိပ်ခေါင်ကို ယခုအပြီးပြတ် ရှင်းမယ်ဆိုတာကိုလည်းသိရော နအဖ(နဝတ) အစိုးရဟာ အာဏာမလွှဲဘဲ အချိန်သာဆွဲပြီး ၁/၁၉၉၀ ကို ကြေညာပြီး အမျိုးသားညီလာခံကိုဖေါ်ဆောင်ကာ အချိန်ဆွဲရေးကို စတင်တိုက်ခိုက်ပါတယ်။

ဒါလည်းအားလုံးသိထားပြီးသားပါ။ ပြီးတော့ နည်းမျိုးစုံနဲ့ ညစ်ပတ်စွာ၊ အာဏာဟူသောစကားလုံးကြီးကို လက်နက်နှင့်ပူးတွဲကိုင်တွယ်ကာ မကြာ၊ ကြာအောင်ကို လုပ်ရင်း ၁၉၉၀ ရွေးကောက် ပွဲကို ဘာသိဘာသာ အသံတိတ်ရှင်းလင်းပွဲ လုပ်ဆောင်ဖို့အတွက် တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်လာတာကိုလည်း သိသိကြီးနဲ့ အမျိုးသားညီလာခံကို ဝိုင်းသိုင်းကြဖို့ ပြည်သူဘက်ကနေ အသံကို လိုကြောင်းပြောကြ၊ ငြင်းကြ၊ ခိုင်းနှိုင်းကြနဲ့ ဝေဝေဆာဆာပါဘဲ။ နောက်ထပ် တစ်ခုဖြစ်လာပါသော နဝတရဲ ထုတ်ပြန်ချက်အပေါ် နောက်ထပ်ရွေးကောက်ပွဲအသစ် လုပ်ကြရအောင်ဆိုပြီး (ရို့ဒ်မက်ပ်) လမ်းစဉ်ခုနှစ်ချက်ကို ကြေညာတော့လည်း ပြည်သူကို သိုင်းဝိုင်းဖို့ ပြောနေကြပြန်ပါပြီ။

မေးပါရစေ၊ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ခေါ်နိုင်သော လိုင်းမရှိဘူးလား။ ၁၉၉၀ ပြည်လွတ်တော် ကိုယ်စားလှယ်တွေကို ဘာလို့ ချောင်ထိုးထားလိုက်သော၊ လုပ်ရပ်တွေကို လုပ်နေကြတာလည်း၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်တွေမှာ၊ န၀တရဲ့ ညှင်းပမ်းနှိပ်စက်ခြင်း၊ လက်တလုံးခြားဖိနှိပ်၊ နှိပ်ကွတ်ခြင်းကိုခံနေပေးခဲ့ရခြင်း၊ သူတို့ရဲ့ မြင့်မားသော စိတ်ဓါတ်ကိုတော့ လေးစားမှုပြုစေချင်ပါတယ်၊ အနှစ်၂၀ လောက် တစိုက်စိုက်မှတ်မှတ် လုပ်ဆောင်နေကြသော ဒီကိုယ်စားလှယ်တွေကို စော်ကားမူပြုသော အလုပ်တွေကို ရပ်တန်းကရပ်ကြပါတော့လို့ ပြောပါရစေ။

ခင်ဗျားတို့ ကျွန်တော်တို့ လုပ်ရမှာက န၀တအစိုးရကို တန်းလျှားကိုပြန်ပို့ ရမှာဖြစ်သလို၊ ဒီကိုယ်စားလှယ်တွေအားလုံး စုစည်းပြီး နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်ရန်အတွက်ကို ခင်းကျင်းပေရမှာ။ တခြားဘာလမ်းမှမရှိသလို၊ တခြားဘာကိုမှလည်း ကြည့်စရာမရှိပါဘူး။ ခင်းကျင်းစရာမရှိပါဘူးဗျာ။

သေသေချာချာလေး ပြန်စဉ်းစားကြပါ။ ကျွန်တော်တို့က နိုင်လည်းရှုံး၊ ရှုံးလည်းရှုံးဆိုသော ကွင်းကြီးကိုဘာလို့ လုပ်ကြ ချင်နေရတာလည်း။ ဒီလိုခင်းကျင်းတာဟာ သမိုင်းမှာတော့ စာတွင်မယ်ဆိုတာကတော့ သတိထားစေချင်ပါတယ်။ ခင်ဗျားတို့ ပြောပြောနေကြသော ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပြန်ပြီးတော့ကြည့်ကြပါအုံး။ ဥပဒေအောက်မှာ ကျွန်တော်တို့ ကရှိရမယ်ဆို၊ အခုက ဥပဒေအထက်ကိုတက်ပြီး ကိုယ်လုပ်ချင်တာကိုလုပ်ဖို့ အတွက်အိပ်ချင်ယောင် ဆောင်ပြကြတာလား။ အခုလို မလေးမစားလုပ်ခံရတဲ့ ကျွန်တော်တို့ ပြည်သူတွေကိုလည်း စစ်အာဏာရှုးတွေ သောက်ရှက်မရှိ လုပ်ချင်တာလုပ်တိုင်း နောင်သမိုင်းမှာအခုလို ၄၆ နှစ်တာ သောက်တလွဲမျိုးတွေ အထုံဆက်လိုပါအောင် ၀ိုင်းပြီးတော့ လုပ်ဆောင်ပေးကြမှာလား။ ပြောကြပါအုံးဗျာ။

ခင်ဗျားတို့ အားလုံကတော့ မရှက်ဘဲ မျက်နှာပြောင်တိုက်ပြီး LOBBY တွေလုပ် ၊ NO VOTE, NO CONSITUTION တွေလုပ်ဖို့ ကြိုးစားနေကြသလို၊ သောက်ရူး အာဏာရှင်တွေကလည်း ၄၆ နှစ်ဆိုသော ၄င်းတို့ ဖြတ်သန်း လာခဲ့သော လက်တစ်လုံးခြား လိမ်လည်ခြင်းနှင့် ဆက်လက် လိမ်လည်အုပ်ချုပ်ဖို့ကို၎င်း၊ မှားသွားရင် တစ်ကနေ ပြန်စမယ်ဆိုသော မူတွေနဲ့ အောင်နိုင်လို့ ကြားမှာ ပြည်သူတွေက မိအေး၂ ခါ မက ၃ ခါနာဖို့ အပြင် အဆစ်လေးပါလက်ဆောင် လုပ်ပေးလိုက်ရသော အကြောင်းတွေကို ရှက်ရှက်နှင့် မျက်စိမှိတ်ကာ၊ အများအတိုင်းဘဲ ဆိုသောစိတ်နဲ့ ၀ိုင်းလုပ် ပေးကြရမှာကိုလည်း ခင်ဗျားတို့ ကမျက်ကွယ်ပြု ကြရင်တော့ မကောင်းတော့ဘူးဗျာ။

ဘာလို သောမြေခံ၊ ရေခံ၊ သန္ဓေသား မကောင်းခံသော အကြောင်းတွေကို အခြေခံသောအကြောင်းတွေနဲ့ ရေးဆွဲ ထားသောအခြေခံဥပဒေကြီးကို လူထုဆန္ဒခံယူပွဲအဖြစ်လုပ်တာကို လက်ခံတာရယ်၊ ဝင်ရောက်ပြီးတော့ မထောက်ခံကြောင်းမဲ ပေးဖို့ အခင်းအကျင်းလုပ်ပြောနေကြရတာကိုက ကျွန်တော်တို့မှာ အဓိပ္ပါယ်မရှိသလို၊ တိုင်းရင်းသားပြည်သူအတွက်သော် လည်းကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း၊ ဘာမှ အကျိုးမဖြစ်၊ အကျိုးမမြတ်၊ အနှစ်သာရ မရှိပါဘူး။

တကယ်တန်းက နဝတလုပ်နေခြင်းမှာ လူထုဆန္ဒခံယူပွဲလို့သာ ယဉ်ယဉ်ကျေးကျေး စကားလုံးသုံးကာပြောနေပေမဲ့၊ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယား၊ အပြင် အောက်ကရမ်းဆိုသော နည်းနဲ့ တိုင်းရင်းသားပြည်သူကို စော်ကားပြီးရင်းစော်ကားသလို၊ ဘာသာကိုပါ စော်ကားမော်ကားလုပ်နေတာပါ။ ဖြစ်နိုင်ရင် နဝတက သူ့နောက်မလိုက်သော ပြည်သူအားလုံး ထောင်ထဲကိုတစ်သက်လုံး ထည့်ထားဖို့ အခွင့်ရေးမသာ
လို့ပါ။ ရရင်ထည့်ထားမှာပါဗျာ။

အခြေခံဥပဒေ (Constitution) ကိုအသက်နဲ့ တမျှတန်ဖိုးထားကြပါဗျာ။ အုပ်ချုပ်ခံ လူထုလူတန်းစား အသီးသီးက လွတ်လွတ်လပ်လပ်၊ ပြောဆိုတင်ပြခြင်းတွေ၊ ငြိမ်းချမ်းရေး၊ ညီတူမျှတူတွေနဲ့ အများသဘောတူတဲ့ ကိုယ်စါးလှယ်တွေ အားလုံး ပါဝင်ရေးဆွဲတာကိုမှ မြန်မာ နိုင်ငံရဲ့အချုပ်အခြာကို ပိုင်စိုးသောအခြေခံမှု့ ကိုဖြစ်သာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်လာမယ် ဆိုတာကိုလည်း အပြည့်အဝ ခံယူပေးကြပါဗျာ။

သဘောမတူဘူး ....... သဘောမတူဘူး ....... သဘောမတူဘူး..... အားလုံးကန့် ကွက်ကြပါ။ နီးစပ်ရာကို ရဲရဲတင်းတင်း ပြည်သူတွေ ကန့်ကွက်ရဲဖို့နဲ့ အတူမတရားသောအမိန့် အာဏာတွေကို ပြတ်ပြတ်သားသားဆန့် ကျင်ကြဖို့ ကိုသာစည်းရုံးကြပါ။
ခင်ကျင်းကြပါလို့ ပြောပါရစေ။

ဒီတာဝန်နဲ့ ဒီအလုပ်တွေသာလျှင် ကျွန်တော်တို့ မလွဲမသေ၊ မဖြစ်မနေ မြန်မာပြည်ကို တကယ်ချစ်ရင် လုပ်ကြရမှာပါ။ သူခိုးအားပေး၊ အလိမ်အားပေး၊ သန္ဓေမကောင်းသော အခင်းအကျင်းတွေကို အမွေပေးဖို့တော့၊ လက်ဆင့်ကမ်းဖို့တော့ ၀ိုင်းပြီးမခင်းကျင်းကြပါနဲ့ဗျာ။


စိုင်းမွန်