Monday 31 March 2008

At lease Five Activists were detained

The following activists were detained on March 30, 2008. They
all are from members of National League for Democracy. They all participated in
the demonstration on March
27, 2008 in front of NLD Head Quarter in Rangoon. That
demonstration called for the people to do "Vote No" and Free
Political Prisoners. They all live in Lay Htaunk Kan Warad, Thingangyun Township. Atpresent, their families didn't know their where about and why they were detained.

(1)
Khin Oo –
(2)
Ye Zaw Htaik
(3)
Zar Ni Aung
(4)
Aung kyaw
(5)
Tin oo Maung

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်


To Get Vote "NO" Sticker Click Here 1, Click Here 2


မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား

မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။

အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။

အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။

ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”

ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။

ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။

ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။

နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။

တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ
(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့
(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့
(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။

ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။

လေးစားစွာ

အောင်ဒင်
US Campaign For Burma
မတ်လ ၂၈၊ ၂၀၀၈

To Get This Article In PDF Click Here

Wednesday 26 March 2008

Ven. U Pannya Vamsa, His Trip Schedules and Auckland Declaration




Ven. U Pannya Vamsa, the Chairman

of the International Burmese Monks Organization – IBMO’

Organizing trip to New Zealand, http://sasanamoli.blogspot.com/

Schedules

March26, 2008

3:15 pm. March 26, 2008 Arrival, Auckland International Airport

Welcome by the Burmese democratic activists

27 March, 2008

10:00 am. Collective “swams” to Sayadawgyi by

the Kiwi/Burmese Community

6:30 pm. Briefing about the IBMO to

The Kiwi/ Burmese Community

28 March, 2008

10:00 am. Collective “swams” to Sayadawgyi by

the Kiwi/Burmese Community

1:00 to 2:00 pm Press Briefing to Mps and Politicians (English/Burmese)

6:30 pm. Briefing to the Kiwi/Burmese Community

7:00 am 29 March, 2008 Departure to Australia

Where: Ratanadipa Buddhist Temple

3075/A. Gt. North Road.

NewLynn, Auckland

http://sasanamoli.blogspot.com/

Contact Phone: 00 642 1050 6855

00 642 1121 8118

00 642 722 35935

Hello Mr Gambari, what have you done so far and what will you do next?


Let's have a look back what have he done for Burma,

Since 2006 November, He visited to Burma a few times. Each and every time, he can only give false hope for the people of Burma who are suffering under cruel junta.

Nothing improve. Unlawful arrested by junta is still happening inside Burma. No political prisoner has been release by his request.

Majority of Burmese people doesn't want the so called Road Map of Junta at all, but he is saying in the favour of that bloody Road Map in UN Security Council.

In reality we now know , United Nations is nothing but a big name in the world.

Come on our fellow Burmese, Let's Fight to military Junta by ourself under the supervision of our Monks. No need to waste our energy by talking about this UN envoy in future.

Prepare For The Worse! .... Let's Fight, Till last blood.

Statement upon failure mission of UN


Joint Statement Issued by the All Burma Monks’ Alliance and the 88 Generation Students
Yangon (Rangoon), Myanmar (Burma)

Date: 26 March 2008

The United Nations Has Failed to Take Responsibility to Protect

The People of Burma, Who Are Prepared for the Worst

(1) We paid serious attention to the briefing by the UN Special Envoy Mr. Ibrahim Gambari to the United Nations Security Council on March 18, 2008 on Burma. Since his recommendations to the Burmese military junta have been flatly rejected on this and every one of his previous trips, we believed Mr. Gambari would report this failure truly. We hoped he would ask the Council to strengthen the mandate of the Secretary-General in pressuring the junta for an all party-inclusive, transparent and democratic process of national reconciliation in our country. However, to our surprise and sadness, he misled the Council. From the perspective of the people of Burma, he altered his mission from “pressuring or persuading the military junta in Burma to create a credible process of constitution writing and engage in a meaningful and time-bound dialogue with our leader Daw Aung San Suu Kyi”. Instead, it now appears he is “supporting the one-sided acts of the military junta and suggesting that democracy forces surrender”. We have been 100% supportive of the UN efforts on Burma, but we object Mr. Gambari for misleading the world body in favor of the Burmese military junta.

(2) We are also disappointed that the UN Security Council has failed to take an effective action on Burma. Under the misguidance of Mr. Gambari and due to objections by the governments of China, Russia and South Africa, the UN Security Council is paralyzed and has failed to undertake its major responsibility to protect the citizens of Burma, who continue to be severely oppressed by their own government, as has been the case for decades. We denounce the governments of China, Russia and South Africa for their strong protection of the most brutal military junta, ruling our country against the will of our people.

(3) We are also disappointed with UN Secretary-General Ban Ki-moon for his reluctance to ask for the UN Security Council to strengthen his good offices role in Burma by a binding resolution. Over the past 18 years, various UN Special Envoys and Rapporteurs have visited Burma 35 times to try to persuade the military junta to fully cooperate with the democracy forces led by Daw Aung San Suu Kyi and representatives of Burma’s ethnic nationalities, without success. The UN Charter, Article 99 authorizes the Secretary-General to bring the attention of the Security Council any matter which in his opinion may threaten the maintenance of international peace and security[1]. Despite the fact that the situation in Burma has spilled out over the region and become a threat to peace and stability in the region and in the world, Ban Ki-moon has failed to call for the Security Council to take effective action on Burma. From the perspective of the Burmese people, he has made zero impact on the situation in our country. On the contrary, the situation in Burma has grown even worse on his watch.

(4) However, we are encouraged by the continued and persistent support by the United States, United Kingdom, France, Canada, Australia, European Union, Switzerland, Mongolia, Costa Rica, Argentina, Ghana, The Czech Republic, Norway and other supportive countries. We appreciate these governments for standing together with us in our darkest time, sharing our feelings and lending much-needed assistance. We request these countries to continue to support us and continue to apply maximum pressure on the military junta, especially including the implementation of finance and banking sanctions against the generals, their family members and crony businessmen. We also request these governments not to recognize the military junta’s constitution and urge the UN Security Council to do the same.

(5) Nonetheless, the people of Burma will stand on their own feet and confront the injustices and oppression of the military junta by peaceful means. We all are determined to “VOTE NO” on the junta’s sham constitution in the upcoming referendum. As the military junta is aggressively and desperately pressuring the people to vote in favor of the constitution, our challenge to reject it will surely be met with a bloody response by the junta. Our vote “No” is not only to the sham constitution, but also to the junta. With or without the help of the UN Security Council, we are ready to determine our own future. Daw Aung San Suu Kyi recently told us to “hope for the best, prepare for the worst”. This call echoes the message of her father our National Independence Hero U Aung San. We are prepared to confront the worst. We are working for truth and justice, and we will prevail.

On behalf of the All Burma Monks’ Alliance

Ashin Aww Ba Tha Ashin Tay Za Ashin Pyannya Vamsa

On behalf of the 88 Generation Students

Tun Myint Aung Nilar Thein Soe Tun


[1] UN Charter, Chapter XV, Article 99, http://www.un.org/aboutun/charter/index.html

Picture of Tibet Monk

(From Phayul)

တရားမျှတမှုကို ဖေါ်ဆောင်ကြပါ။

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးအောင်တိုး၏ မတရားလုပ်ဆောင်မှုများကို ဖေါ်ထုတ် တရားဆွဲဆိုသော ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ထိုလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ကာ မိမိတို့ အခွင့်အရေးများကို တရားဥပဒေအရ ရယူခံစားပိုင်ခွင့် ရှိသည်ဆိုသော ဒီမိုကရေစီ အလေ့အကျင့်အကောင်းများကို ပြည်သူများအတွင်း ပျံနှံ့အောင် ဆောက်ရွက်ချက် တစ်ခုဖြစ်ပြီး၊ အဆိုပါ ဥပဒေ ပညာရှင်များက ပြည်သူလူထုအား လမ်းပြကာ မတရားမှုများကို ဖေါ်ထုတ်သည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း သုံးသပ်မိပါသည်။

အဆိုပါ ကြေညာချက် အပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။

Tuesday 25 March 2008

Shame On You China!!

China and Burmese Junta, You all have to know one thing, which is you will never win on people by using arms and fear.

You will never Conquer unless you win People's heart. Might is not the answer after all. This is the Universal Truth.

You can kill thousands but you can't kill People's Spirit, and further more you'll never live with peace, in your whole life.

Monday 24 March 2008

ဂမ်ဘာရီ အစီရင် ခံစာနှင့် ပက်သက်၍

Click Here To Read

ကိုကျော်ကိုကို၏ ကျန်းမာရေးနှင့် သက်ဆိုင်သော ဗကသ၏ ကြေညာချက်

Click Here To Read

ရန်ကုန်မြို့ သတင်း အချို့

တရားခံဖော်ထုတ်မရသေးသော ငါးလောင်းပြိုင်လူသတ်မှု

ငါးလောင်းပြိုင်လူသတ်မှုမှာ တရားခံရှာမတွေ့ဘဲဖြစ်နေဆဲပါ။ နိုင်ငံကျော်စီးပွားရေးသမားကြီးဖြစ်သူ ဦးတေဇရဲ့ ယောက်ဖတော်စပ်သူ ဦးဇော်ထူးဆိုသူမှာ ယင်းအမှုကြီးတွင် တရားခံစာရင်းတွင် ပါဝင်နေတာကြောင့် ယင်းအမှုကို လိုက်လံစုံစမ်းနေရသော ရဲတွေဟာ တရားခံ အစစ်အမှန်ကို ရှာဖွေဖော်ထုတ်ရာတွင် အခက်အခဲဖြစ်လျှက်ရှိပါတယ်။ တာဝန်ယူစုံစမ်းနေရသော ရဲမှူးကြီးရဲ့ဆောင်ရွက်ချက်များမှာ အောင်မြင်ထိရောက်မှု မရှိသည့်အတွက် ယခုအခါ အမှုမှန်ဖော်ထုတ်ရာတွင် နာမည်အလွန်ကြီးလှသော ရဲမှူးကြီးအောင်နိုင်သူကိုယ်တိုင် ငါးလောင်းပြိုင်လူသတ်မှုအတွက် စုံစမ်းမှုတွေ စလုပ်နေပါတယ်။

ငါးလောင်းပြိုင်လူသတ်ခံရမှုတွင် အသတ်ခံရသူတစ်ဦးဖြစ်သည့် ဦးချာလီ၏ သားမက်တော်စပ်သူ ဦးသုဇော်ကို လွန်ခဲ့သော တပါတ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး ဒေါ်နုနုသာ မသိရှိဘဲ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီနှင့် အဖွဲ့သည် ငါးလောင်းပြိုင်လူသတ်မှုမှာ တရားခံလို့ အထင်ခံရသူ ဦးသုဇော်ကို တ၀က်မေ့ဆေးနည်းပညာဖြင့် မေ့ဆေးပေးပြီး တရားမ၀င်စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ မေ့ဆေးဆရာဝန်ကြီး ဦးတင်မြင့်အား မတရားဖိအားပေးစေခိုင်းတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီမှ ကြားသိရပါတယ်။
(ဥပဒေရဲ့ အဆိုကတော့ အပြစ်ရှိသူ (၁၀၀)ယောက် လွတ်နေခွင့်ရှိပေမယ့် အပြစ်မဲ့သူ (၁)ယောက်ကို မှားယွင်းပြီး အပြစ်စီရင်ခွင့် မရှိပါဘူး။)

သူရဲကောင်း။

@@@@@@@@@@@@@@@@@@

ယနေ့ ပြည်သူလူထု၏ လက်တွေ့ဒုက္ခ

ရန်ကုန်မြို့ကြီးကို မီးလုံလောက်စွာရရှိရန် မီဂါဝပ်(၁၀၀၀) လိုအပ်ပါတယ်။ နေပြည်တော်ဆိုတဲ့ မြို့တစ်မြို့ မပေါ်ခင်က ရန်ကုန်မြို့ကို မီဂါဝပ်(၄၅၀) ဖြင့် ရန်ကုန်မြို့ကို မီးပေးနေပါတယ်။ ယခုအခါတွင် ရန်ကုန်မြို့ကို မီးပေးနေသော မီဂါဝပ်(၄၅၀) မှ တ၀က်ကျော်ကို နေပြည်တော်သို့ ပေးနေပါတယ်။ ထို့ကြောင့် မြို့နယ်၊ ရပ်ကွက်ရှိ အိမ်တိုင်းသည် မီးကို လုံလောက်စွာ မရရှိသည့်အပြင် ခွဲတမ်းစနစ်ဖြင့် ပေးရာတွင်လည်း အချိန်မှန် မပေးဝေသဖြင့် ဆင်းရဲ ချမ်းသာမရွေး လူတိုင်း လူတိုင်း အဆင်မပြေမှုများ ပိုများလာပါတယ်။ ထို့အပြင် စက်မှုဇုံများသည်လည်း မီးလုံလောက်စွာ မရရှိသည့်အတွက် ထုတ်ကုန်များကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ကုန်ထုတ်မှုတွေလည်း ကျဆင်းလာပါတယ်။ ကုန်ထုတ်လုပ်မှု ကျဆင်းလာသည်နှင့်အမျှ ကုန်ဈေးနှုန်းလည်း ပိုတက်လာသည့်အတွက်ကြောင့် ပြည်သူလူထုမှာ မီးလုံလောက်စွာ မရရှိသည့်အပြင် ကုန်ဈေးနှုန်းကြီးမှုဒဏ်ကိုလည်း ခံစားနေကြရကြောင်း ကြားသိရပါတယ်။

သူရဲကောင်း။

Sunday 23 March 2008

Quote Of The Day

မိုက်ပါရစေ

“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန် ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်း လုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊ အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]

Ex-Army man become beggar after he gave his right-leg for country.

Are YOU a solider from Than Shwe's Army? How about you? What will you be next?

If You were a true son of the Burma, You wouldn't be like that in your future. But If you are still as a Than Shwe's solider .......?

You have to choose between Than Shwe's solider or a true son of our soil.

Protester burns himself at Myanmar pagoda - witnesses

YANGON (Reuters) - An unidentified man apparently suffering from economic hardship in military-ruled Myanmar has set himself ablaze in the country's historic Shwedagon Pagoda, witnesses said on Sunday.

The man in his 30s did not shout anti-government slogans, but complained about difficulties in his life and the rising cost of living, before setting himself ablaze on Friday's Tabaung Full Moon Day, a significant religious day for Buddhists, witnesses said.

"It was about 8:40 when he poured petrol on his body and ignited himself with fire from a candle," a woman who was among hundreds of worshippers at the pagoda that night, told Reuters. "There was chaos when some eyewitness shouted that there was a fire."

Security is generally tight at the pagoda, one of the holiest Buddhist shrines in the capital of the former Burma and guards and police quickly closed the gates of the pagoda for about a half-hour, she said.

The pagoda has been a focal point in previous political uprisings, including last year's pro-democracy demonstrations. A sharp spike in fuel prices sparked the biggest protests in 20 years last August and September, with tens of thousands of monks and civilian demonstrating in Yangon and other cities.

The rallies prompted a brutal crackdown on protesters, in which the United Nations says at least 31 killed.

A government medical source told Reuters the man had burns on 70 percent of his body and was being treated in a Yangon hospital, but declined to give further details.

The opposition National League for Democracy said the protester was not one of its members.


Saturday 22 March 2008

U2V's First seminar invitation


Some one would like to attend to this seminar, Please contact to ....

u2v@u2v.org.uk

U2V will send the invitation by post to your door. If you would like to attend, please send mail to U2V before 26 of march 2008.

Friday 21 March 2008

ကျနော်တို့ လက်ထဲမှာ အသင့် ရှိနေပါတယ်

(၁)

“ရဲဘော်တို့...
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အာဏာကို သဘောထားကြီးစွာနှင့် အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်း မှာ ဘယ်ခေတ် ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ ဟစ်တလာလည်း သူ့ထက်ကြီးမားတဲ့အင်အားနှင့် ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပဲ၊ Force out လုပ်ခဲ့ရတာပဲ ဖြစ်တယ်။ ဖိလစ်ပိုင်က မားကိုးစ်လည်း Force out ပဲ။ အင်ဒိုနီးရှားက ဆူဟာတိုလည်း Force out ပဲ၊”

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူများသို့ တင်ပြလိုက်တဲ့ ပန်ကြားချက် ဖြစ်ပါတယ်။

ဒီပန်ကြားချက်ကို ကျနော် အပြည့်အဝ သဘောတူတယ်။
ဒုတိယကမ္ဘာစစ်ကြိုကာလ (၁၉၃၃ - ၃၄) လောက်မှာ ဟစ်တလာရဲ့ အရှိန်အဟုန် ထိုးတက်လာတယ်။ သူ့ရဲ့ နာဇီပါတီဟာ ရှမ်းရှမ်းတောက် သြဇာကြီးခဲ့ပြီး သူ့ရဲ့မုန်တိုင်းတပ်မတော်ကြီးဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်တဲ့ အနေ အထားထိ ရှိခဲ့တယ်။

“ကျုပ်တို့ ဂျာမန်လူမျိုးတွေ ညီညွတ်ရင် ကျုပ်တို့ကို ဗိုလ်ကျပြီး တဖက်သတ်ချုပ်ဆိုထားတဲ့ ဗာဆိုင်းစာချုပ်ကို စက္ကူစုတ် လုပ်ပစ် နိုင်တယ်” ဆိုတဲ့ သူ့မိန့်ခွန်းနှင့် နိုင်ငံတကာကို စိန်ခေါ်ခဲ့တယ်။ ဂျူး (၆)သန်းကို အဆိပ်ငွေ့လွှတ်ပြီး သတ်ပစ်ရဲလောက်အောင် လူစိတ်ကင်းသူ ဖြစ်တယ်။ ဂတ်စတာပိုလို့ ခေါ်တဲ့ သူ့ထောက်လှမ်းရေးတပ်ဟာ တွေ့တဲ့လူကို ဂုတ်ဆွဲထုပ်ပြီး နေရာမှာတင် သေနတ်နှင့်ထုတ်ပြီး ပစ်သတ်လို့ရ တဲ့အဆင့်ထိ ဗိုလ်ကျခွင့်ရခဲ့ကြတယ်။ ကမ္ဘာ့မြေပုံအသစ်ကို သူ့စိတ်တိုင်းကျပြန်ဆွဲမယ်ဆိုပြီး ဒုတိယကမ္ဘာစစ်ကြီးကို မိုက်မိုက်မဲမဲ စတင်တိုက် ခဲ့သူဖြစ်တယ်။ အဲဒီလောက် မောက်မာပြီး အဲဒီလောက် သွေး နထင် ရောက်ခဲ့သူ ဖြစ်တယ်။

ဒါပေမယ့် သူ ဘယ်လိုဇာတ်သိမ်းသွားခဲ့ရသလဲ။

ဆရာ ဦးစိန်ဝင်းထောက်ပြသလို သူ့ထက်ြကီးမားတဲ့အင်အားနှင့် ချေမှုန်းတိုက်ထုတ်ပစ်လိုက်တဲ့အခါ ....
ဒီမိုကရေစီနှင့် လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ ညီညွတ်ပေါင်းစည်းထားတဲ့ အင်အားနှင့် တိုက်ထုတ်လိုက်တဲ့အခါ .............
ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး အဆုံးစီရင်သွားရ၊ လက်မြှောက်အရှုံးပေးသွားရတာပဲ မဟုတ်လား။

ဖိလစ်ပိုင်က မားကိုးစ်လည်း ဒီလိုပဲ။
လူထုကို ဗိုလ်ကျချင်တိုင်း ဗိုလ်ကျ၊ အတိုက်အခံတွေကို ဖိနှိပ်ချင်းတိုင်း ဖိနှိပ်၊ မလွှဲသာ မရှောင်သာလို့ ပြည်ဝင်ခွင့်ပြန်ပေးလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင် မစ္စတာ အာကွီနိုကို လေယာဉ်ပေါ်က အဆင်းမှာ လုပ်ကြံသတ်ဖြတ်၊ ရွေးကောက်ပွဲမှာ မဲတွေ လိမ်ချင်တိုင်းလိမ်။ ရွေးကောက်ပွဲမှာ ရှုံးသွားတာ သေချာရက်နှင့်တောင် သူနိုင်ပါတယ်ဆိုပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ အတုတခုကို ဇွတ်လုပ် ... ဒီလိုမျိုး မားကိုးစ်ပါ။

အဲဒီလို အာဏာရှင် သမ္မတမျိုးရော ဘယ်လို ဇာတ်သိမ်းသွားရသလဲ။

ဖိလစ်ပိုင် ပြည်သူတွေနှင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တပ်မှူးတပ်သားတွေ ပေါင်းပြီး ဆန့်ကျင်လိုက်တဲ့အခါ ....
ရဟတ်ယာဉ်တစင်းပေါ် တင်နိုင်သမျှ ရွှေငွေလေးတင်ပြီး ကမန်းကတန်း ထွက်ပြေး၊ ဘယ်နိုင်ငံ ဘယ်လေဆိပ်ကမှ အဆင်းမခံလို့၊ လက်မခံလိုဏ္ဍ ဖုန်းတဆက်ဆက်၊ မျက်ရည်တရွှဲရွှဲနှင့် သေမလို ရူးမလို ဖြစ်ခဲ့ရတာပဲ မဟုတ်လား။

ဆူဟာတိုလည်း ဘာထူးလို့လဲ။

အာဏာရဖို့အတွက် အာဏာခိုင်မြဲဖို့အတွက် ဂျပန်တော်လှန်ရေးမှာ အတူတွဲပြီး တိုက်ခဲ့ကြတဲ့ လက်တွဲဖော် လက်တွဲဖက်၊ တိုက်ဖော် တိုက်ဖက် လက်ဝဲအင်အားစု (၆)သိန်းလောက်ကို သတ်ပစ်ခဲ့တဲ့ အာဃအာဏာရှင်တစ်ယောက်ပါ။

၁၉၆၄-၆၅မှာ အင်ဒိုနီးရှားမှာ ဆူဟာတိုဟာ အဲဒီလို သတ်ချင်တိုင်းသတ်။ ရမ်းချင်တိုင်းရမ်းပြီး အင်ဒိုနီးရှားပြည်သူတွေ အပေါ်မှာ မင်းမူချင်တိုင်းမင်းမူခဲ့တာပဲမဟုတ်လား။ သူ့အာဏာမြဲရေးအတွက် “လွှတ်တော်ထဲမှာ စစ်ဦးစီးချုပ်က အမည်စာရင်း တင်သွင်း သောအမတ် ၃ ပုံ ၁ ပုံ အလိုအလျောက် ပါဝင်ခွင့်ရှိသည်” ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင် ပြဌာန်းပြီး နှစ်ပေါင်း များစွာ လူထုအပေါ် ဗိုလ်ကျခဲ့တာပါ၊ (အခု ကျနော်တို့ကို နအဖလုပ်နေပုံနှင့် တထေရာ တည်းလုပ်ခဲ့တာပါ။) လွှတ်တော်ထဲမှာ အမတ် ၃ ပုံ ၁ ပုံက စစ်တပ်က၊ ကျန်တဲ့ အမတ်တွေက သူ့စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂိုကာပါတီက အမတ်တွေ။

အင်ဒိုနီးရှားပြည်သူတွေ ဘယ်လောက်မွန်းကြပ်လိုက်မလဲ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းမှန်သမျှ သူနှင့် သူ့သားတွေ သူ့သမီးတွေ သူ့ဆွေတော် မျိုးတော်တွေပဲ ပိုင်ဆိုင်စေခဲ့တာပါ။ ဆူဟာတိုနှင့် ဆူဟာတိုဆွေတော်မျိုးတော်မှန်သမျှဟာ ကမ္ဘာ့တန်းဝင် ဘီလီယန်နာတွေ ဖြစ်ကြ၊ ပြည်သူတွေက ကုန်းကောက်စရာမရှိ၊ မဆန့်ကျင်လိုက်နဲ့၊ ဆန့်ကျင်စကား တခွန်းမပြောလိုက်နဲ့၊ ဆန့်ကျင်လိုက်တာ၊ ဆန့်ကျင်စကား တခွန်းမပြောလိုက်တာနှင့် ကျောင်းသားဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ အနုပညာရှင်ဖြစ်ဖြစ် ပါမောက္ခဖြစ်ဖြစ် ကွန်မြူနစ်လို့ နာမည်တပ်ပြီး အတင်းဖမ်း အတင်းထောင်ချခဲ့တဲ့ အာဏာရှင်တစ်ယောက်ပါ။ သူလည်း တကယ့်အာဃထဲမှာ ပါပါတယ်။

အဲဒီလို အာဃအာဏာရှင်ဆိုတဲ့ ပုဂ္ဂိုလ်ရော ဇာတ်သိမ်းလှခဲ့ရဲ့လား။

မေဃာဝါဒီ ဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန့်ကျင်ဖြုတ်ချတာကို ခံခဲ့ရ၊ ပြည်သူ့ ဘဏ္ဍာ အလွဲသုံးစား လုပ်မှုတွေနှင့် ရုံးတင်တရားစွဲခံရ၊ စိတ်ရော ကိုယ်ရောဘုန်းဘုန်းကျပြီး အသေဆိုးနှင့် သေခဲ့ရတာပဲ မဟုတ်လား။

ဘယ်လောက်ပဲ ထောင်လွှားခဲ့ ထောင်လွှားခဲ့၊ ဘယ်လောက်ပဲ လက်နက်အားကိုးပြီး မာနတံခွန်ထူခဲ့ ထူခဲ့၊ လူထုတရပ်လုံးက ညီညီညွတ်ညွတ်နှင့် ဆန့်ကျင်တော်လှန်ကြတဲ့အခါ ..
ဘယ်အာဏာရှင်များ ကမ္ဘာတည်ခဲ့နိုင်လို့လဲ။

သေပြေး ရှင်ပြေး ပြေးခဲ့ကြရတာပဲ မဟုတ်ဖူးလား၊ ဒီကံကြမ္မာက လွတ်အောင် ဘယ်သူ ရုန်းနိုင် ရှောင်နိုင်ခဲ့လို့လဲ။ တယောက်မှ မလွတ်ခဲ့သေးပါဘူး။ ကျနော်တို့တာဝန်က ဆရာဦးစိန်ဝင်း ထောက်ပြသလို လူထုအားနှင့် Force out လုပ်ပစ်ကြဖို့ပဲ၊ လုပ်နိုင်ကြဖို့ပဲ။ ဒီအတွက် ကျနော်တို့ ကြိုးစားကြရလိမ့်မယ်။

(၂)

“တိုင်းပြည်က နာလှပါပြီ၊ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကို Force out လုပ်နိုင်တဲ့ Force ကျနော်တို့မှာ၊ လက်ထဲမှာ အသင့်ရှိနေပါတယ်။ အဲဒီ Force က ပြည်သူဆိုတဲ့ အင်အားပဲ ဖြစ်တယ်။
People Power ဆိုတဲ့ force ထက် ကြီးမားတဲ့ Force ဘယ်မှာရှိမှာလဲ၊”

ဆရာက သူ့ပန်ကြားချက်မှာ လူထုကြီးရဲ့ မကုန်မခမ်းနိုင်တဲ့ စွမ်းပကားတွေနှင့် ပတ်သက်ပြီး သူ့ယုံကြည်မှုကို ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

ကျနော်သဘောတူတယ်။

ကျနော်တို့ ပြည်သူတွေရဲ့ စွမ်းပကားကို ဆရာယုံသလို ကျနော်လည်း ယုံတယ်။ ကျနော်တို့ ပြည်သူတွေဟာ ဖိနှိပ်မှုကို ငုံ့မခံတတ်တဲ့နေရာမှာ၊ ဖိနှိပ်မှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ရဲတဲ့နေရာမှာ စံပြ ဖြစ်တယ် လို့ ကျနော်ဆိုချင်တယ်။

၁၉၆၂ စစ်အုပ်စုက အာဏာသိမ်းအပြီးကတည်းက တိုက်ပွဲတွေဟာ တခြိမ်းခြိမ်းပေါ်ခဲ့တယ်။ ၁၉၆၂ (၇)ရက် ဇူလိုင်ကအစ၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၇၈။ ပြီးတော့ ၁၉၈၇ ငွေစက္ကူ အရေးအခင်းနှင့် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံ။

‘မိုးပေါ်ထောင်မဖောက်ဘူး’ ဆိုတဲ့ စစ်အာဏာရှင်ကို ကျနော်တို့ People Power နှင့်ပဲ ဖြုတ်ချပစ်ခဲ့နိုင်တယ် မဟုတ်လား။

မဆလ တပါတီ အာဏာရှင်စနစ်ကို People Power နှင့်ပဲ ဇာတ်သိမ်းပစ်နိုင်ခဲ့တယ် မဟုတ်လား၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရာသီတုန်းကလည်း တ.စ.ည တရားပွဲဆိုရင် သိန်းချီတဲ့ လူထုနှင့် ကျင်းပခွင့်ပေး၊ NLD အပါအ၀င် ဒီမိုကရေစီပါတီတွေဆို လူ (၅၀)ထက် မစုနှင့်ဆိုပြီး ကန့်သတ်၊ မဲဆွယ်ပွဲ စည်းရုံးရေးတရားဟောချင်ရင် ဘယ်နှစ်ယောက်တက်မှာလဲ၊ ဘယ်နှစ်ယောက်ဟောမှာလဲ၊ ဘယ်နှစ်နာရီကြာမှာလဲ၊ ဘယ်အကြောင်းအရာတွေ ဟောမှာလဲ၊ စာကြမ်းနှင့်တကွ တင်ပါ ဆိုတာမျိုး ကြပ်ထားတဲ့ကြားက၊ ပါတီတွေကို မဲမပြား ပြားအောင် ဥာဏ်နဥာဏ်နက်တွေ သုံးထားတဲ့ကြားက၊ ဒေါ်စု လို၊ ဦးဝင်းတင် လို၊ ဦးတင်ဦး လို၊ ကိုမင်းကိုနိုင် လို ခေါင်းဆောင်တွေ အဖမ်းခံထားရတဲ့ကြားက ... ကျနော်တို့ ပြည်သူတွေရဲ့ တီထွင်နိုင်မှု၊ အမြော်အမြင်ကြီးမှု၊ ရဲရင့်တည်ကြည်မှု၊ ညီညွတ်ပေါင်းစည်းမှုတွေနှင့်NLD ကို ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိအောင်၊ပြည်နယ်တွေမှာလည်း ကိုယ့်အင်အားစုတွေ တိုင်းရင်းသားခေါင်းဆောင်တွေ အနိုင်ရရှိအောင် လူထုနည်းနှင့်၊ People Power နှင့် စွမ်းဆောင်ခဲ့ကြတာပဲ မဟုတ်လား။

(၃)

“ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနှင့် ကျောင်းသားလူငယ်တွေရဲ့ ဘာမထီတဲ့ သူရဲကောင်း စိတ်ဓါတ်ကို ပြခဲ့ပြီး ပြည်တွင်းမှာ ဖိနှိပ်မှုတွေသိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး Dialogue နှင့် အပေးအယူလုပ်ပြီး ပေးသမျှ ယူကြစို့လို့ ကြွေးကြော်နေကြတဲ့ အာဏာရှင်ကို မျက်နှာချိုသွေးပြီး ရာထူးရာခံလေး တောင်းခံချင်တဲ့ လူတွေရဲ့ အသံလည်း လုံးဝတိတ်ဆိတ် နှုတ်ပိတ်သွားခဲ့ပြီ။”

ဆရာ့ရဲ့ ဒီမှတ်ချက်ကိုလည်း ကျနော်သဘောတူတယ်။

ရန်သူ့ ဖိနှိပ်မှုကြီးနေတဲ့အခါမျိုးမှာ တိုက်ပွဲက ရှည်ကြာလာပြီး အခက်အခဲတချို့နှင့်ဆက်တိုက်ဆိုသလို ကြုံရဆုံရတဲ့အခါမျိုးမှာသူရဲဘောကြောင်သူတွေ ထွက်လာတတ်တယ်။

မိုးပြောဂျိုးပြော ပြောပြီး၊ တောင်တလုံး မြောက်တလုံး ပြောပြီး၊ တရားတခု ထူထောင်လာတတ်ကြတဲ့ သတ္တိနည်းသူတွေ ပေါ်လာ တတ်တယ်။

“တိုက်မနေနှင့်၊ နိုင်မှာလည်း မဟုတ်ဘူး၊ စေ့စပ်လိုက်၊ ရသလောက်ယူလိုက်” ဆိုတာမျိုး “လုံးလုံးမရှိတာနဲ့စာရင် တခုခုရှိလာတာ ပိုမကောင်းဘူးလား၊ ဒီကနေ တဆင့်ချင်း တက်ယူကြတာပေါ့” ဆိုတာမျိုး .... ငါးပြားရ ငါးပြားယူ၊ ဆယ်ပြားရ ဆယ်ပြားယူ ဆိုတဲ့ အပေါစား အတွေးအခေါ်တွေ ဈေးကွက်ထဲဝင်လာတတ်တယ်။

ဆရာဦးစိန်ဝင်း ထောက်ပြတဲ့ “ဘာမထီတဲ့ သူရဲကောင်းစိတ်ဓါတ်” ကို ပိုင်ဆိုင်ထားတဲ့ ရဟန်းရှင်လူ ပြည်သူတွေနှင့် ကျောင်းသား လူငယ်တွေကို အဲဒီလို ခတ်ပေါပေါ အတွေးအခေါ်လောက်နှင့် ဖျားယောင်းသွေးဆောင်လို့ ရမှာတဲ့လား။

ကျနော်တို့ ပြည်သူတွေဟာကျွန်ဖြစ်နေတဲ့ကာလတွေဆီတုန်းကတောင် Home Rule ကို တောင်းတဲ့ပြည်သူတွေဖြစ်တယ်၊ ဒိုင်အာခီကို တောင်းတဲ့ အမျိုးအစား လုံးဝ မဟုတ်ဘူး။ ၁၉၄၆-၄၇ လွတ်လပ်ရေးအကြိုကာလမှာလည်း လုံးဝလွတ်လပ်ရေးကို တောင်းတဲ့ ပြည်သူတွေဖြစ်တယ်၊ ဒိုမီနီယံ လွတ်လပ်ရေး လောက်နှင့် ကျေနပ်သွားတတ်တဲ့ ပြည်သူ အမျိုးအစား မဟုတ်ဘူး။ အစစ်အမှန်ကိုသာ မြတ်နိုးတတ်တဲ့ ပြည်သူဖြစ်တယ်။ အတုကို လက်ခံတတ်တဲ့၊ အတုအယောင်လောက်နှင့် ရောင့်ရဲကျေအေးသွားတတ်တဲ့ အမျိုးအစားမဟုတ်ဘူး။

(၄)

အခု ...
နအဖ စစ်အစိုးရဟာ အတုအယောင် အမျိုးသားညီလာခံက ချပေးလိုက်တဲ့ အတုအယောင်အခြေခံမူတွေကို အခြေခံပြီး အတု အယောင် အခြေခံဥပဒေ ဆိုတာကြီးကို ညစ်နည်းမျိုးစုံသုံးပြီး အတည်ပြုဖို့ကြိုးစားနေပါပြီ။ ဒီအခြေအနေအောက်မှာ ကျနော်တို့ လူထု ဘာတွေလုပ်ကြမလဲ။ ဘာမထီတဲ့ သူရဲကောင်းစိတ်ဓါတ်ကို ဘယ်နည်းနှင့် ပြသကြမလဲ။ ဒီပွဲဟာ အဆုံးအဖြတ်ပေးနိုင်တဲ့၊ အလှည့်အပြောင်းတခုကို ဖြစ်ပွားသွားစေနိုင်တဲ့ပွဲ ဖြစ်တယ်။

ကျနော်တို့ ရှုံးသွားရင် စစ်အာဏာရှင်စနစ်အောက် အခြေခံဥပဒေဆိုတာ အရပါ ခေါင်းထိုးပေးလိုက်ရသလို ဖြစ်သွားနိုင်တယ်။ စစ်အုပ်စုက ရှုံးလည်းနိုင်၊ နိုင်လည်းနိုင် ဆုံးဖြတ်ထားမှန်း မစ္စတာဂန်ဗာရီကို ပြောနေတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ လေသံနှင့်တင် အကဲခတ်လို့ ရနိုင်တယ်။

အဲဒီတော့ ကျနော်တို့ အသေအချာ နိုင်အောင်တိုက်ကြရလိမ့်မယ်။ ဘယ်လို တိုက်ကြမလဲ။ မဲပေးနိုင်သူတိုင်း တယောက်မကျန် မဲရုံကိုသွားပြီး ကန့်ကွက်မဲပေးတဲ့နည်းနှင့် အပြတ်အသတ် တိုက်ကြရလိမ့်မယ်။ စက်တင်ဘာရဲ့ ရဲရင့်တဲ့ သတ္တိတွေနှင့်နိုးကြားမှုတွေ၊ အရှိန်အဟုန်တွေဟာ ဒီနေ့ထိ တောက်ပနေဆဲဖြစ်တယ်။ ဒီအရှိန်ကို ဆက်မြှင့် ကြရပါလိမ့်မယ်။

ဒီပွဲမှာ စက်တင်ဘာသွေးကြွေးကို ကျနော်တို့ ပြန်ပြီး အရယူကြရလိမ့်မယ်။ ဒီပွဲဟာ စက်တင်ဘာတိုက်ပွဲရဲ့ အဆက်လည်းဖြစ်တယ်။ ဒီအခွင့်အရေး ဒီအရှိန်အဟုန်နှင့် ဒီစွမ်းပကားတွေကို မိမိရရ အသုံးချကြရလိမ့်မယ်။
၈၈ မျိုးဆက်ကျောင်းသားများပြောသလို ...
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်လုံးကျွတ်လူထုဆန္ဒပြပွဲကြီးအဖြစ် ပြောင်းလဲပစ်ကြရလိမ့်မယ်။

စစ်အာဏာရှင်ရဲ့ အာဏာ ထာဝရတည်မြဲရေး အစီအမံတွေကို ကန့်ကွက်မဲတွေ တခဲနက်ပေးခြင်းဖြင့် တစစီဖြစ်သွားအောင် ရိုက်ချိုးချေမွပစ်ကြရလိမ့်မယ်။ ဒီနည်းနှင့် ကျနော်တို့ ပြည်သူလူထုကြီးရဲ့ People Power တွေကို အစွမ်းကုန်ပြသကြရလိမ့်မယ်။

ဟစ်တလာသော မားကို့စ်သော ဆူဟာတိုသော ဗိုလ်နေဝင်းသော ဗိုလ်သန်းရွှေသော People Power ကတော့အကြောင်း သုံးပါးရွေးနေမှာမဟုတ်ဘူး။ အညှာအတာ ပေးနေမှာလည်းမဟုတ်ဘူး။ ပြည်သူလူထုကြီးရဲ့ရှေ့မှာ ကာဆီးပိတ်ဆို့နေတာမှန်သမျှ အကုန်လုံး တိုက်ချချေမှုန်းပြီး တစမကျန်ဖျက်သိမ်းပစ်မှာဖြစ်ပါတယ်။


ဇွန်မှိုင်း
၁၈-၃-၂၀၀၈

Wednesday 19 March 2008

တရုတ် အခက်၊ မြန်မာ အချက်နဲ့ ဘာတွေ ပြင်ဆင်ထား သင့်ပါသလဲ

မြန်မာနိုင်ငံမှာ ၈၈ ကျောင်းသား လှုပ်ရှားမှု အပြီး မကြာမတင် ကာလမှာ တရုတ်နိုင်ငံမှာ ကျောင်းသား လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ သံဃာလှုပ်ရှားမှု အပြီးမှာ တရုတ်တွေနယ်ချဲ့ကိုလိုနီ လုပ်ပြီး သိမ်းထားတဲ့ တိဗက် နိုင်ငံ လွတ်လပ်ရေးအတွက် တိဗက်ဘုန်းကြီးတွေ လှုပ်ရှားမှုက ပေါ်လာပါတယ်။

ဒီလို လှုပ်ရှားမှုတွေဟာ တဦး တယောက်တည်းကနေ လုပ်ယူလို့ မရနိုင်ပေမယ့် သမိုင်းဘီးဟာ တပတ်လည်တာကြောင့် ဒီလှုပ်ရှားမှုတွေဟာ အချိန်ကိုက် ပေါ်ပေါက်လာရတာပါ။

ကျွန်တော်တို့ကပဲ နောက်ကျနေတာလား၊ ဒါမှ မဟုတ် ငြိမ်းချမ်းစွာ တောင်းဆိုတတ်တဲ့ လူတွေ အဖြစ် နေချင်ကြတာလား မသိဘူး၊ ရန်ကုန်မြို့မှာ သောင်းဂဏန်း၊ သိန်းဂဏန်း ချီတဲ့ သံဃာဦးဆောင်သော ဆန္ဒပြသူ တွေဟာ ကမ္ဘာမှာ မှတ်တမ်းတင်လောက်ဖွယ်ရာ စည်းကမ်းရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသွားတာပါ။ စက်တင်ဘာလ ၁၈ ၊ ၂၀၀၈ ကနေ စတင်ဆန္ဒပြလာတဲ့ ရဟန်းတွေနဲ့ လူထုဟာ စက်တင်ဘာ ၂၅ အထိ ရန်ကုန် မြို့လယ်ခေါင် လမ်းမ အပြည့် လူအုပ်ကြီး ဖြစ်သွားခဲ့ပေမယ့် ဆန္ဒပြရာ ရန်ကုန်မြို့လယ်လမ်း တလျှောက်မှာ မှန်တချပ်မခွဲခဲ့ပါဘူး။

အကြမ်းဖက်သမား နအဖ စစ်တပ်တွေ မြို့ထဲဝင်လာတော့မှ သူတို့ သုံးတဲ့ လူရမ်းကားတွေက ပြည်သူယောင်ဆောင်ပြီး ဖျက်ဆီးတာတွေ လုပ်ပါတော့တယ်။ ဒီကိစ္စကို မဟုတ်ဘူးလို့ ဘယ်သူ ငြင်းချင်ပါသလဲ၊ ကြိုက်တဲ့ ရှုထောင့်က လာငြင်းပါ။ သက်သေ အပြည့်အစုံ ရှိပါတယ်။ မြို့လယ်ခေါင်မှာ အုတ်ခဲ တင်တဲ့ ကားကြီး သွင်းလာပြီး ခဲတွေကို လမ်းမပေါ် ချပေးပါတယ်။ အရှက်မရှိတဲ့ နအဖတွေရဲ့ ကလေး သာသာဦးနှောက်နဲ့ လုပ်ရပ်တွေကို လူထုက သိနေတာကြောင့် သူတို့လက်သပ်မွေးထားတဲ့ လူရမ်းကားတွေကသာ အုတ်ခဲတွေ ကောက်ပြီး ပစ်ပါတယ်။ ကျန်လူထုကတော့ ငြိမ်းချမ်းစွာဆန္ဒ ပြလျက်ပါပဲ။

လူမိုက်လက်ထဲ သေနတ်ရောက်လာတဲ့ အခါ အနိုင်ကျင့် ဗိုလ်ကျပြီး သေနတ်နဲ့ သံဃာသတ်၊ လူသတ် အကြမ်းဖက်ခဲ့တာကြောင့်သာ လူထုက ငြိမ်သွားရတာပါ။ ဒါပေမယ့် ဘယ်သူက အကြမ်းဖက်သမား၊ ဘယ်သူက ငြိမ်းချမ်းရေးလိုတယ်ဆိုတာ ကမ္ဘာကအသိ၊ ပြည်သူက အသိပါ။

အဲ ... ဒါပေမယ့် တိဗက်တွေက ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန္ဒပြ တောင်းဆိုနေတာတွေဟာ အလုပ် မဖြစ်တော့ဘူး တိုက်မှ ရမယ်ဆိုတဲ့ အသိဝင်ပြီး အခု နယ်ချဲ့ တရုတ်ကို ရရာလက်နက် ကိုင်ပြီး တော်လှန်နေပါပြီ။



“တရုတ်အခက်၊ မြန်မာ အချက်”


မြန်မာပြည် နယ်ချဲ့ ဆန့်ကျင်ရေး ကာလကလို “အင်္ဂလိပ် အခက်၊ ဗမာ အချက်” ဆိုတဲ့ စကားသုံးပြီး အင်္ဂလိပ်ကို တော်လှန်ခဲ့သလို၊ အခု မြန်မာပြည် ဒုတိယ လွတ်လပ်ရေး တိုက်ပွဲမှာ နအဖရဲ့ ဆရာ နယ်ချဲ့တရုတ်ကြီးတွေ သူ့ပြဿနာ သူဖြေရှင်းနေရချိန်မှာ ကျွန်တော်တို့က “တရုတ် အခက်၊ မြန်မာ အချက်” ဆိုပြီး တိုက်ပွဲအရှိန် ဆက်လက်မြှင့်တင်နိုင်ဖို့ လိုအပ်နေပါပြီ။

ကျွန်တော်တို့တွေ တိဗက်တွေလို လက်တွေ့ တိုက်ပွဲ ပြန်ဝင်ရတော့မယ့် အချိန်က မကြာတော့ပါဘူး။

ကျွန်တော်တို့တွေ ကရော တိဗက်တွေလို ငြိမ်းချမ်းသောနည်းနဲ့ တောင်းဆိုနေတာတွေ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာနေပြီး ....... ကဲ .... တိုက်မှ ရမယ်ဆိုရင် ... ကျွန်တော်တို့ လက်နက်ကိုင် တိုက်ဖို့ အဆင့်သင့် ဖြစ်နေပါပြီလား။ လက်နက်ကိုင် တိုက်ပွဲအတွက်
စနစ်တကျ အဆင်သင့် ပြင်ထားဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်မိသလောက် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

Tuesday 18 March 2008

ကောလ ဟာလ သတင်းများ

အခုတလော မလိုလားအပ်သော ကောလ ဟာလ သတင်းများ အတော်ပျံနှံနေတာကို သတိထားမိပါတယ်။


ပထမ သန်းရွှေ သေပြီဆိုတဲ့ သတင်းကို ဖုန်း message တွေနဲ့ ပျံနှံလာပါတယ်၊ အင်တာနက်ထဲ အထိ၊ Blog cbox တွေ အနှံ ပျံနှံလာပါတယ်။

နောက်တစ်ခါ မေဆွိ ကားတိုက်သေတယ်ဆိုသော သတင်းကို AP က လာတဲ့ သတင်း ပုံစံနဲ့ သတင်း အတု လုပ်ပြီး ဖြန့်ပါတယ်။ ဒါပေမယ့် ဖတ်လိုက်တာနဲ့ သတင်း အတုမှန်း သိသာပါတယ်။ ဘာလို့လဲဆိုတော့ AP က အဲဒီလောက် သတင်းအရေးအသား ညံတဲ့ သတင်းထောက်ကို အလုပ်ခန့်မှာ မဟုတ်ပါဘူး။ သမီးသေတယ်ဆိုတဲ့ သတင်းမှာ အမေပုံကို ထည့်ထားပြီး အမေအကြောင်းကို wiki မှာ ပြန်ညွန်းထားတဲ့ သတင်းသမားကို ဘယ်သတင်းဌာနကမှ မခန့်ပါဘူး။ (ကျော်ဆန်းလို မီဒီယာကတော့ ခန့်ချင် ခန့်ပါလိမ့်မယ်။)

အခု နောက်ဆုံး တစ်ခုကတော့ NLD က ထုတ်တယ် ဆိုပြီး ရေးလာတဲ့ စာဖြစ်ပါတယ်။ သူလည်း ဖတ်လိုက်တာနဲ့ အတု ဖြစ်မှန်း သိသာပါတယ်။ အဲဒီစာကတော့ အောက်မှာပါ။ အတုလို့ သတ်မှတ်ရတဲ့ အကြောင်းအရင်းတွေကတော့
  1. NLD က ဘယ်တော့မှ အလံကို Logo မလုပ်ပါဘူး။ အလံနဲ့ logo ဟာ လုံးဝ မတူပါဘူး။ အခု စာမှာ အလံကို Logo လုပ်ပြီး ရေးထားပါတယ်။
  2. NLD ရဲ့ တံဆိပ် နှိပ်ထားတာ လုံးဝ မရှိပါဘူး။
  3. NLD က ကြေညာချက်တွေဟာ စာရွက်ပေါ်မှာရေးပြီး scan ဖတ်ပြီးမှ Online ကိုရောက်တာပါ။ အခုစာက တစ်ခါတည်း ကွန်ပြူတာပေါ်မှာ လုပ်ကြံရေးထားတဲ့ စာဖြစ်နေတာကြောင့် အဆိုပါ စာဟာ အတု ဖြစ်နေတယ်ဆိုတာကို သိသာနေပါတယ်။
ထိုကြောင့် ကောလ ဟာလများကို သတင်းများကြားတွင် ထည့်ကာ ပြည်သူလူထု အာရုံကို လွဲအောင် လုပ်နေသော လုပ်ရပ်များ ရှိနေသည်ကို အားလုံး သတိထားမိစေရန် တင်ပြလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်



ဘာလုပ်ရမလဲ


အခု တလော မြန်မာက ပြည်သူတွေ အားလုံး မေးနေကြသော မေးခွန်းတစ်ခုကတော့

  1. မဲ မပေးဘဲ အိမ်ထဲမှာ နေရမှာလား
  2. ကန့်ကွက်မဲ သွားပေးရမှာလား
ဆိုတဲ့ မေးခွန်းပါပဲ။

အဲဒီ မေးခွန်းရဲ့ အဖြေကတော့ ပြည်တွင်းပြည်ပမှ သတင်းပေါင်းစုံအရ သုံးသပ်ပြီး နံပါတ် (၂) အဖြေ ဖြစ်တဲ့

“ကန့်ကွက်မဲ သွားပေး ကြ”

ဖြစ်ပါတယ်။

International Burmese Monks Organization (UK) in solidarity with Tibat's Monks and People

ဘုန်းဘုန်းချမှ လုံးလုံးရမယ်။


Part 1

Download Here


Part 2

Download Here

Sasana Moli - International Burmese Monks Organization in solidarity with Tibat's Monks and People - issued statement

GW's 2nd Song

သံဃာ့ တပ်ပေါင်းစုမှ သံဃာတော်များအပေါ် လျှောက်ထားတိုက်တွန်းချက်


Click here To get mp3 file

Congressional Resolution Introduced to Reject the Burmese Military Junta's Sham Constitution

Click Here To Read

မေ မှာ ကန့်ကွက်ပွဲ

Sunday 16 March 2008

China And Tibet monks

(picture from moemaka)

This picture remind us, how did junta kill our monks at the foot-hill of ShweDaGon Pagoda. Don't forget!!!!!

Saturday 15 March 2008

Quote Of The Day

"ရဟန်း သံဃာတော်တွေရဲ့ ဦးခေါင်းပေါ်က စစ်ဖိနပ်ရာတွေကို ဆန့်ကျင်ကန့်ကွက်မဲတွေနဲ့ ဆေးကြောသန့်စင်ပစ်ကြမယ်။"


၈၈ မျိုးဆက် ကျောင်းသားများ

Friday 14 March 2008

The 88 Generation Students' Statement

The 88 Generation Students
Yangon (Rangoon), Myanmar (Burma)

Statement 5/2008 (88)

Date: 14 March 2008

Let’s not be Slaves of the Military

Vote “No” to the Sham Constitution

An Appeal of “the 88 Generation Students” to the People of Burma

All the Monks, students and the people of Burma,

(1) We call for the people of Burma to reject the state constitution, written by the Burmese military junta, in the upcoming referendum decisively, because;

(a) The peoples’ representatives elected from the 1990 general elections were not allowed to participate in the constitution writing process.

(b) This constitution is not based on real federal system and does not grantee the equality, self-determination and minority rights for all ethnic nationalities.

(c) This constitution does not intend to build a democratic society and does not protect the interest and security of the people.


(2) The Referendum is expected to be a sham and the junta’s plan is to steal and abuse the real desire of the people. Here is how the junta has acted in writing the constitution and planning to approve it.

(a) According to the announcement 1/90, the junta claimed that elected representatives are solely responsible for writing the constitution. However, in violation of their own law, the junta did not allow the elected representatives to participate in writing the constitution.

(b) The basic and fundamental principles were illegally adopted by the junta-sponsored mass rallies, in which all the attendees were forced to participate.

(c) The national convention was just for show to approve these principles written in advance by the junta. Submissions by ethnic cease-fire groups were ignored.

(d) The junta’s order 5/96 threatens to punish with 20 years imprisonment the people who criticize the national convention and the constitution.

(e) Freedom of expression and media are severely restricted.

(f) The Commission for Holding Referendum was formed with the junta’s handpicked persons and those whom people can trust are not included. The Referendum Law, issued on Feb 28, 2008, is also not in line with international and ASEAN standards. There is no clear indication of what the junta will do if the majority of the voters reject the constitution. The junta is apparently planning to win anyhow.

(g) Thousands of democracy activists, including Buddhist Monks, Nuns, students, ethnic youths and our leader Daw Aung San Suu Kyi, are still incarcerated.

(3) This constitution is designed to protect and promote the interests and security of Generals and their cronies. Ordinary soldiers, who are actually sons and daughter of the people, would become an elite class, and will have more privileges than ordinary citizens, who are the root of them. This constitution will allow the military dictatorship to perpetuate in Burma.


(4) What will happen if this constitution is approved?

The people of Burma will be abused and oppressed more by the Generals, their families and their cronies. They will also monopolize the state economy and they will have a “License to Oppress”.
The people of Burma will become slaves of the military for generations.


(5) Let us transform the junta’s sham national referendum into the “National Show of Peoples’ Desire”. We will prevent the country from falling into the depths with the junta’s one-sided roadmap. “People Power” will prevail.


(6) How will the people vote?

People, who are eligible to vote, should go to pooling stations and put “No” votes in the ballot boxes. You do not need to be afraid. The authorities have no right to arrest you for voting “AGAINST” this constitution. You are entitled to use your vote freely. By voting “AGAINST” this constitution, let us show the enormous power of the people. If you fail to do so, you will be afraid of the military for the rest of your life and of your next generations.


(7) If the junta tries to claim that this constitution is approved, despite a majority of voters voting against it, we will continue our fight with various levels of peaceful acts. After the previous dictator Ne Win approved the one-party system constitution in 1974, there were mass protests in 1974, 1975 and 1976. In 1988, under the deluge of mass demonstration in August, the 1974 constitution was abolished. The history of our country has already proved that any constitution, which does not reflect the desire of the people, would not last long and is no more than a piece of paper.

(8) Let us be responsible for what we, each and every one of us, need to do. Our united action will frighten the Generals. They will come to realize that we are not puppets, which they can crush as they wish. This will be a way for us to be free from all the crises we face.


We will pave the way to freedom by ourselves.

All the people have the right to draw the roadmap for the people.

With our “No” votes, we will clean the blood and dirt stained on the bodies of our revered Monks by the soldiers.



The 88 Generation Students

Yangon (Rangoon), Myanmar (Burma)

88gstudent@gmail.com

Thursday 13 March 2008

Referendum and SPDC's plan

Authorities were very busy in Marathon collecting of the list of above 18 years old people, who are eligible for voting. Meetings were held everywhere for Referendum Commission but Divisional level Authorities were confused of the procedure and those responsible persons from state level were confused too. They are just a conveyer of the messages. All Regional Commanders were busy only for forthcoming Referendum as they have no other business to involve because they were very clearly instructed to arrange for winning the referendum by at least 80% of the votes. Now they are thinking day and night for how to play with dirty tricks and bullying to achieve that goal.

Latest instructions from Referendum Commission are as follow:

  1. Ballot box to be placed in open and conspicuous area.
  2. To create one enclosure for voter to write the vote (tick or cross).
  3. There will be only one ballot box.
  4. Ballot is a small sheet of white paper with official seal on one end and other end is empty space for voter to write tick or cross.
  5. One polling station for every 1000 voters.

There is still no clear instruction for how to build the polling station and ballot box. Looks like every quarter should make out in any appropriate area and do according to own idea with own expenses. No budget or allowances so far.

Divisional, District, Township and Village/Quarter level each has to form 15 members Referendum Committee, which included 10 members from government services, 3 from business circle and 2 to be ex-service person (pensioner). So far no news heard about the involvement of USDA role in this committee yet.

Although all preparation were going on with a lot of threatening at least to the level of Director in government services for supporting them, punishment for those opposing the instruction was still not clear yet.

Another difficulty for those responsible for collecting the voters list was that the polling date is not announced yet so for those around 18 years olds born in the month of May are on the margin for eligibility to vote and still can’t put them in the list until the polling date is announced.

One more controversial instruction and which can cause the complication in the future are to issue the Temporary Resident Cards to every person above 18 years old regardless of eligibility to hold the citizenship. In that card, no photo required, blood group not to be mentioned and purpose is only to get the vote from concerning person. But don’t forget, that since person is eligible to vote for constitution, he can claim his right to become citizenship. Good chances for those people stay in the border area long time waiting for Identification.

Learnt from above collection of information is that although a lot of force instruction and threats were issued illegally by authorities, system of voting procedures are relatively safe for voters. We need to encourage the frightening but opposing people to go and vote bravely as voting systems are so far safe for them to oppose. Media supports are gravely required to plant the courage in the mind of sincere voters to go ahead confidently. We need to let the people know that voting is much effective and safe for them than absent from doing that. We hereby requesting all concerning parties to involve in this Cross for Country campaign. We need it desperately.

Wednesday 12 March 2008

FBPPN



FREE BURMA’S POLITICAL PRISONERS NOW!

e-mail: info@fbppn.net, Website: www.fbppn.net
........................................................................................................................................

Date: March 12, 2008

PRESS RELEASE

Embargoed Until: 13 March 2008 13.00 hrs BKK Time (06.00 hrs GMT)

Global Campaign Demands Immediate Release of Burma’s Political Prisoners

London, 13 March 2008 – Behalf of The Assistance Association for Political Prisoners (Burma) (AAPPB) and the Forum for Democracy in Burma (FDB), Burmese Community in UK will launch the "Free Burma's Political Prisoners Now!" signature campaign today in United Kingdom to mark International Human Rights Day. The campaign demands the release of the 1,873 political prisoners detained in jails throughout Burma and condemns the use of systematic torture, the failed judicial system and targeted harassment of political prisoners’ families.

The campaign in Thailand, England, Japan, South Korea and Canada calls upon the international community including the United Nations to step up efforts for the unconditional release of prisoners of conscience in Burma through an online petition on the campaign site: www.fbppn.net to be submitted to the United Nations Security Council.

The Burmese ruling military regime, the State Peace and Development Council (SPDC) denies the existence of political prisoners which human rights group report increased following the brutal crackdown on non-violent pro-democracy demonstrators and Buddhist monks in September 2007 during the “Saffron Revolution”.

A photography exhibition displaying portraits of political prisoners, testimony about forms of punishment and courageous activities by political prisoners inside notorious jails including Insein Prison will be opened in Burmese Democratic Movement Association (UK) office. Also we will mark the Burma’s Human Right Day and launch the "Free Burma's Political Prisoners Now!" signature campaign and speeches in Wembley monastery in London on March 13, 2008.

Burma’s military junta has crushed political dissent and non-violent activities calling for democratic change through arrest and torture in a bid to repress any attempt to exercise fundamental human rights such as the freedom of speech or the freedom of assembly.

"The release of political prisoners is an essential step towards national reconciliation and any meaningful political dialogue between the military regime and the political opposition led by Nobel Peace laureate Aung San Suu Kyi. We are calling to United Nations Security Council to use effective pressure upon to the military regime to release all political prisoners in Burma,” said Ko Aung, former Prisoner of Conscience and Campaign Committee member.


Venue: Burmese Democratic Movement Assocition (UK) For more information contact:

Ko Aung +44 7762094562

Thant Zin Oo +44 7727248755

110 B Rectory Road, Stoke Newington

Lodon, N16 7SD

United Kingdom

Email: info.fbc@breathemail.net


To Download These Form In PDF Click Here

တံတားနီ အမှတ်တရ

လွန်ခဲ့တဲ့နှစ် ၂၀…… နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ ဒီတံတားဟာ သွေးစွန်းခဲ့တယ်။

လက်နက်မပါ လက်ဗလာနဲ့
ကျောင်းသူကျောင်းသား လူငယ်များကို
လုံထိန်းတွေရှေ့နောက်ပိတ်ကာဝိုင်းလို့
သေရိုက်နှက် ကြတယ်။

ကျောင်းသူအပျို ကလေးမငယ်လေးတွေကို
တဏှာရူးတဲ့လုံထိန်းတွေက
ကားပေါ်ဆွဲတင် အမှောင်တိုက်သွင်းလို့
ခွေးဇာတ်ခင်းတာခံခဲ့ကြရတယ်။

ကျောင်းသားလူငယ် ယောက်ကျားငယ်များ
ဦးနှောက်ထွက်၊ မှောက်ခုံလဲလို့
သွေးသံရဲရဲနဲ့ သေပွဲဝင်ခဲ့ကြရတယ်။

ပိုင်ရှင်မဲ့နေတဲ့ကျောင်းသားကတ်တွေ၊
သွေးစွန်းနေတဲ့ စာအုပ်တွေ၊
ဖိနပ်တွေ၊ လွယ်အိတ်တွေ……
ဟိုမှာတစ… ဒီမှာတစနဲ့ ပြန့်ကာကြဲလို့
မြင်မကောင်းအောင်ဖြစ်ခဲ့ရတာ။

ဒီနေရာ ဒီတံတားဟာ သွေးမခြောက်သေးပါ။
မြက်ခင်းအောက်မှာ၊ သွေးတွေရှိသေးတယ်။
တံတားပေါ်ကခုံတွေကို ခေါက်ကြည့်ရင်
ငိုသံ၊ ညည်းသံ၊ အော်ဟစ်သံတွေ ကြားရအုံးမယ်။

မမြင်ဘူး၊ မတွေ့ဘူး၊ မမီလိုက်တဲ့လူငယ်များ
အင်းလျားကို လျှောက်သွားတဲ့အခါ
မင်းတို့ခြေထောက်အောက်မှာ
ကျောင်းသားကျောင်းသူတွေသွေး
စေးထန်းနေတာ သတိရပါ။

မြင်ဘူးတွေ့ဘူး၊ ကြုံဘူးခဲ့သူ လူလတ်များ
အသက်ပေးခဲ့ကြရသူတွေ၊ အရှက်စတေးခဲ့ရသူတွေကို
မင်းမေ့ထားလိုက်တော့မှာလား။

တမလွန်မှာ.. စိတ်မအေးနိုင်ဘဲရှိနေသေးတဲ့ဝိညာဉ်များ
လက်စားချေနိုင်ဘို့အရေး
လာကူပေးလှည့်ကြပါ။

လွန်ခဲ့တဲ့နှစ်၂၀၊ နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ ဒီတံတားဟာ
သွေးစွန်းခဲ့တယ်။

မေမင်းဆက်

Tuesday 11 March 2008

နှစ် (၂၀) ပြည့် ကိုဖုန်းမော် နှစ်ပတ်လည်နေ့ ဖိတ်ကြားလွှာများ

ကိုဖုန်းမော် ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့်၊ မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့ (သို့) တံတားနီနေ့ အထိမ်းအမှတ် အတွက် အင်္ဂလန်၊ အမေရိကန်၊ စင်္ကာပူနှင့် ထိုင်း နိုင်ငံတို့ရှိ လှုပ်ရှားမှု ဖိတ်ကြားလွှာများကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ သက်ဆိုင်ရာ ဒေသများတွင်း နေထိုင် ကြသော မြန်မာအရေး စိတ်ဝင်စားသူများ တတ်ရောက် ဂုဏ်ပြုပေးကြပါလို့ အဆိုပါ နိုင်ငံများ ကိုယ်စား ဖိတ်ကြားလိုက်ပါသည်။

ကိုထိုက်