Showing posts with label စိတ်ဓါတ်ရေးရာ. Show all posts
Showing posts with label စိတ်ဓါတ်ရေးရာ. Show all posts

Wednesday, 10 September 2008

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၂)

မြန်မာပြည်၌ ရဟန္တာဟု အထူးကျော်ကြားခဲ့သောဆရာတော်ကြီးများသည်ပင် မိမိသည် အရိယာပုဂ္ဂိုလ်ပါဟု မကြွေးကြော်ခဲ့ကြပါ။ ပြည်သူအကျိုး၊ လောကအကျိုး၊ သာသနာ အကျိုးကိုသာအသက်ထက်ဆုံး ရိုးရိုးကုပ်ကုပ် မဆုတ်မနစ်ဆောင်ရွက်ခဲ့ကြပေသည်။

မိမိကိုယ်ကို လောဘကင်းပြီဟု ထင်ယောင်ထင်မှား ဖြစ်နေသော ဦးကျော်သည် ထိုဆရာတော် ကြီးများကို အတုယူသင့်ပေသည်။……….

နောက်ပြီးတော့ ဦးကျော် ကျင့်နေတာ ဘာအကျင့်လဲဆိုတာကိုန ည်းနည်းပြောပါရစေ။ မိမိအကျင့်နဲ့ ပတ်သက်ပြီး ဦးကျော်ဖြေခဲ့တာက “ငါ့စိတ်ကို ငါ သိနေတယ်၊ သိနေတယ် ငါသိနေတယ် သိနေတာကို ထပ်သိတယ်။ ဒါပေမယ့် ဒါဟာ သမထမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ သမထ မဟုတ်ရင်ဘာလဲ။ သတိပဋ္ဌာန်တရားလား၊ သို့မဟုတ် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးထက် ပိုကောင်းတာလား၊ ဦးကျော်ဖြေနိုင်ရပါမယ်။ ဦးကျော် ကျင့်နေသော “စိတ္တ၀ိသုဒ္ဓိ”ဆိုတဲ့ စိတ်စင်ကြယ်ခြင်း အကျင့်သည် သာသနာပ ကျင့်စဉ်တခုမျှသာ။ မဂ္ဂင်လမ်းနှင့် မိုးနဲ့မြေလိုကွာခြားပါသည်။ ထို အကျင့်ကို အဆင့်ဆင့် ဆက်ပြီးကျင့်ရင် ဈာန်ရပြီး မြေလျှိုး၊ မိုးပျံနိုင်ရုံပါ။ သံသရာထွက်ရပ် လမ်းကိုထား၊ အပယ် (၄) ပါး တံခါးကိုတောင် မပိတ်နိုင်သေးပါ။…..

ဦးကျော်ရဲ့ ကျင့်စဉ်တခုလုံးမှာ ငါ့စိတ်၊ ငါသိ၊ ငါတတ်၊ ငါ့အကျင့်ဆိုသော ငါစွဲအတ္တတွေနဲ့သာ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ စိတ်ဟာ စိတ်၊ အသိဟာ အသိ၊ ကြားတာဟာ ကြားတာပဲ ဖြစ်ရပါမယ်။ ငါ ဆိုသော အတ္တကို ပယ်ရပါမယ်။ `ငါ´ သည်အပယ်သို့ သွားရာလမ်းဖြစ်ပြီး အတ္တကို မပယ်သတ်နိုင်သရွေ့ အပယ်ဘေးက ပြေးမလွတ်ပါဘူး။ ဒါကြောင့် ဦးကျော်ကိုယ်တိုင် အပယ်မပိတ်သေး၊ အပယ်ပိတ်တရား၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှင်းရှင်းလင်းလင်း မသိသေးဘဲနဲ့ သတ္တ၀ါတွေကို ဘာတရား သွားဟောမှာပါလဲ။ အပယ်ရောက်မယ့် တရားကို ဟောမှာလား။……….

လောကမှာဓမ္မနဲ့ အဓမ္မဆိုပြီး တရား နှစ်ပါးသာရှိပါတယ်။ မိမိကျင့်နေသော အကျင့်ဟာဓမ္မ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဓမ္မဖြစ်ရပါလိမ့်မယ်။ မြတ်စွာဘုရားတိုင်း၊ အရိယာပုဂ္ဂိုလ်တိုင်းသိခဲ့သော ဓမ္မသည် ကွဲပြားခြားနားမှုမရှိ။ အတူတူ တခုတည်းပင်ဖြစ်သည်။ ထို့ကြောင့် “ကျွန်တော် ကျင့်နေသော အကျင့်သည် ဘုရား၏ ဓမ္မနဲ့ ညီချင်မှ ညီလိမ့်မယ်” လို့ မပြောဆိုကောင်း မပြောဆိုအပ်ပါ .. ဦးကျော်။ ဓမ္မနဲ့ ညီကို ညီရပါလိမ့်မယ်။ ဒါမှမဟုတ်ရင် အဓမ္မ အကျင့်သာ ဖြစ်လိမ့်မည်။ …… လူဝတ်ကြောင်ဘ၀မှာတော့ ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ကျင့်၊ ဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ကျွန်တော်မဝေဖန်လိုပါ။ သို့သော် ဘုရားသားတော် ရဟန်းဘွဲ့ကိုခံ ယူပြီးသောအခါ၌ကား ဗုဒ္ဓလျှောက်ခဲ့သောလမ်း၊ ဗုဒ္ဓချမှတ်ခဲ့သော ၀ိနည်းနှင့် အညီ ဗုဒ္ဓကျင့်ခဲ့သော အကျင့်ကိုပဲ ကျင့်ရမှာပါ။

ဗုဒ္ဓသည် တရားကို ရှာနေဆဲ (၆) နှစ်လုံးလုံး ဘယ်သူ့ကိုမှ တရားမဟောခဲ့ပါ။ ယခု ရဟန်းပင်မဖြစ်သေးသော ဦးကျော်၌ကား တရားပွဲများသည် တပေါင်းလပြည့်နေ့အထိ Booking ပြည့်သွားပြီဟု ကြားသိရပါသည်။ မိမိ၏ Experience ဘ၀အတွေ့အကြုံကို ဟောပြောချင်ရင် သင်္ကန်းမ၀တ်ဘဲ လူဝတ်ဖြင့် ပိုသင့်တော်မှာပါ။ လူ အများ၏ စိတ်၌လည်း ဦးကျော်၏ တရားကို နာကြားချင်တာထက် ရုပ်ရှင်မင်းသား ကျော်ဟိန်းကိုမြင်ချင်တဲ့စိတ်က ပိုများနေမှာပါ။ သင်္ကန်းကို ရုံထားပြီးနောက် ရဟန်းအလုပ်ကို မလုပ်ဘဲ ကိုယ်ထင်ရာ လျှောက်
လုပ်နေမယ်ဆိုရင် “နောက်ဆုံး ကျော်ဟိန်းကနေ ရဟန်းဖြစ်မလာဘဲ အဓမ္မကျော်ဟိန်း (သို့) ပေါက်ကရ ကျော်ဟိန်း” သာဖြစ်လာလိမ့်မည်။

နောက်ဆုံးနေ့များနှင့် အလုပ်ရှုပ်နေသော နောက်ဆုံး ကျော်ဟိန်းကို နောက်ဆုံး ပြောချင်တာကတော့ အလုပ်တကာ့ အလုပ်၊ အလှူတကာ့ အလှူ ထဲတွင် သာသနာအတွက် ရည်းစူးပြီး လှူသောအလှူ၊ သာသနာကိုမပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သော အလုပ်သည် ဘုရားအဆူဆူကို လှူရခြင်း သံဃာအပေါင်းကို လှူရခြင်းထက် အမြင့်မြတ်ဆုံးသော ကုသိုလ်အလုပ် ဖြစ်ပါသည်။ ဒီလောက်ဆိုရင် ဦးကျော် ဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဦးကျော်ပြောသကဲ့သို့ အမိမြန်မာပြည်ကို ကျေးဇူးဆပ်ချင်သပဆိုရင် မိမိ၏ လွဲမှားနေတဲ့အယူ၊ အသိတွေကို စွန့်လွတ်ပြီး သျှင်ဦးဥတ္တမသျှင်ဦးဝိစာရသျှင်ဦးဥတ္တမသာရ စသော ဆရာတော်ကြီးများ ကဲ့သို့  သတ္တ၀ါအကျိုး၊ လောကအကျိုးနှင့် မြတ်ဘုရားသာသနာတော်ကြီးးကို မပျောက်ကွယ်အောင် ဦးလည်မသုန် ထမ်းရွက်နေသော သာသနာ့ အာဇာနည် ရဟန်းကောင်း၊ ရဟန်းမြတ် တစ်ပါးဖြစ်အောင် ကြိုးးစားသင့်ပါသည်။ ထိုသို့သာ ဖြစ်လာခဲ့ရင် လူသားအားလုံးက ဦးကျော်ကို ထိခြင်း ငါးပါးနဲ့ ဦးချကန်တော့ကြမှာပါ။

သို့သော် ယခုနောက်ဆုံး ကြားသိရသည်ကား ဦးကျော်သည်မိမိ၏ ရဟန်းခံ၊ ဆံချခြင်း အခမ်းအနားကို ပရိတ်သတ်အလယ်၌ စင်ပေါ်တက်ပြီး ပြုလုပ်မယ်လို့ ကြားသိရသလို ဆရာတော်ကြီးတစ်ပါးကလည်း ဦးကျော်ကို ဆံချပေးဖို့ ငြင်းပယ်လိုက်ကြောင်း ၀မ်းနည်းဖွယ် ကြားသိရပါသည်။

အားလုံးကိုကျေးဇူးတင်လျှက်
ညမင်းသား

Saturday, 6 September 2008

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၁)

ညမင်းသား

ဘုရားတရားသံဃာ(အစစ်)အား ရိုသေမြတ်နိုးစွာ ကန်တော့ပါ၏ဘုရား


ယခုအချိန်သည် သာသနာခုနှစ်အားဖြင့် ၂၅၀၀ ကျော်ခဲ့ပြီ၊ သာသနာ တစ်ဝက်ကျိုးလာသည်နှင့်အမျှ ဘုရားသာသနာသည်လည်း အဖက်ဖက်မှ ဆုတ်ယုတ်လျှက် ရှိသည်၊ ယနေ့ နအဖခေတ်မှာကား အဆိုးဆုံးပင်ဖြစ် သည်။ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာရတနာသည် ကွယ်လုဆဲဖြစ်နေပါသည်။

အဆိုးဆုံးဟုပြောရလောက်အောင် ခေတ်အဆက်ဆက် ဘယ်မင်းဘယ် ပုဂ္ဂိုလ်မှ မလုပ်ခဲ့ဖူးသော သံဃာအပေါင်းကို အတုဆိုပြီးရိုက်သတ် လိုက်ခြင်းပင်။ ပညာကျော် နအဖကားအတုနဲ့အစစ်ကို ဘယ်လိုခွဲလိုက် သည်မသိပါ၊ ပြည်သူတွေကြားမှတော့ အတုအစစ် ပြသာနာသည် တော်တော်ကြီးဂယက် ရိုက်ခတ်သွားခဲ့ပါသည်။

တချို့ပြည်သူများဆိုလျှင် မိမိတို့တစ်သက်လုံး ထိုင်ကန်တော့ ကိုးကွယ် လာခဲ့သော ရဟန်းတော်များသည် နအဖ၏ အတုစာရင်းထဲပါသွားသဖြင့် ဘာမှအကျိုးမရှိဖြစ်ကုန်လေ၏။ ထို့ကြောင့် ပြည်သူတွေ သံဃာ အစစ်အမှန်ကို ကိုးကွယ်ဆည်းကပ် ခွင့်ရအောင် ဒီပုဂ္ဂိုလ်တွေက သံဃာအတုဖြစ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ သံဃာအစစ်တွေပါဆိုပြီး နအဖ ဘက်က ဆက်လက်ဆောင်ရွက် ပေးသင့်ပေသည်။

နအဖ သည် အတုကို ဖော်ထုတ်ခဲ့ပြီး အစစ်ကိုတော့ မဖော်ထုတ်ခဲ့ပေ၊ အတုနဲ့အစစ် ကိုဘယ်လိုခွဲခြားကြမလဲ။ ရေသန့်ဗူးနဲ့ပစ်လို့ မှန်နှစ်ချပ် ကွဲသွားတာကို မကျေမနပ်ဖြစ်ပြီး အရေးယူပေးဖို့ တောင်းဆိုတဲ့ သာသနာပိုင်ကို သံဃာ အစစ် လို့ခေါ်ဆိုနိုင်မလား၊ ဒါမှမဟုတ် စစ်အစိုးရအလိုကျ ဆောက်ရွက်ပေးနေတဲ့ သူတွေကိုပဲ သံဃာအစစ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေ အကျိုးကို လိုလားတဲ့ သူတွေကိုရော သံဃာလို့ မသတ်မှတ်တော့ဘူးလား နအဖကား ရည်ရွယ်ချက်ရှိရှိ သံဃာကို သင်းကွဲလိုက်လေပြီ။ ဘယ်ပုဂ္ဂိုလ်တွေက ငါ့ဟာသံဃာအစစ်ပါလို့ လက်မထောင်ပြီး ကြွေးကြော်ဝံ့ပါသလဲ၊ သာသနာ ထက်ဝက် ကျိုး လာသည်နဲ့အမျှ ရဟန်း အရေခြုံမျှသာ ဖြစ်သော ဒုဿီလရဟန်း (ရဟန်းနဲ့တူသောအရာဆိုလို့ အ၀ါရောင်မျှသာရှိသော ပုဂ္ဂိုလ်) တို့ တိုးတက် များပြားလာလိမ့်မည်၊ ဒါဟာ အမှန်တရားပါဘဲ အခြားတစ်ဖက် မှာလဲ မြတ်သောရဟန်းအကျင့်ကို ကျင့်နေသည့်အပြင် သတ္တ၀ါတို့၏ ကောင်းကျိုးကိုဆောင်ရွက် ပေးနေသော သံဃာပုဂ္ဂိုလ်မြတ် တွေဟာလည်း လက်ညိုး ထိုးမလွဲအောင် ရှိနေပါသေးသည်။

ဤသို့ နအဖ၏ ပယောဂကြောင့် သာသနာညှိုးနွမ်းနေချိန်တွင် ဦးကျော်ဟိန်းသည် မြင့်မြတ်သော ရဟန်းဘ၀ကိုခံယူပြီး သတ္တ၀ါတွေရဲ့ အကျိုးကိုဆောင်ရွက် ပေးမည်ဟု ကြားသိရသောအခါ ကျွန်တော် အလွန်ဝမ်းသာမိပါသည်။ သို့သော် ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းရေးတွင် သဘောမကျစရာ အချက်တွေကို ကျွန်တော်တွေ့လာရပါသည်။ သူတောင်းစား တစ်ယောက်နှင့် တိုင်းပြည်ကို စွန့်ပြီးရဟန်းပြုလာသော ဘုရင်တို့တွင် အကျိုးဖြစ်သော ရဟန်းဖြစ်လာခြင်းသည် အတူတူပင်ဆိုငြားလူ အများ၏ စိတ်ဝင်စားမူသည် တူညီလိမ့်မယ် မဟုတ်ပါ၊ ထိုနည်းတူစွာ ယနေ့ ပေါ်ပြူလာခေတ်တွင် ရုပ်ရှင်နယ်ပယ်၌ ထင်ရှားကျော်ကြားနေသော ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းမှူကို လူ့အများ စိတ်ဝင်စားလျှက်ရှိသည်။ သည်တွင် ကျွန်တော် ပြောရပေတော့မည်။ ဦးကျော်သည် မိမိ ရဟန်းပြုခြင်းကို ကြေငြာ မောင်းထုနေသည်ဟု ကျွန်တော်ရိုးရိုးလေးမြင် သည်၊ ဦးကျော်၏ ရဟန်းပြုခြင်းသည် ထင်ပေါ်ကျော်ဇောခြင်းကို လိုချင်လို့လား၊ ရဟန်းပြုခြင်းသည်ကား သာမန်လူပုဂ္ဂိုလ်တို့ မကျင့် နိုင်သော မြင့်မြတ်သည့် အကျင့် ကိုကျင့်ရန်နှင့် မိမိ၏ ကိလေသာကိုပယ်သတ်ရန်။

ရည်ရွယ်ချက် -- ရဟန္တာ အရိယာ ပုဂ္ဂိုလ်ဖြစ်ရေးပင်။ ဤကား ဘုရားအကြိုက်၊

ရဟန်းပြု ရခြင်းကိုဘန်းပြပြီး လူအများ စိတ်ဝင်စားအောင်ရုပ်ရှင်ရိုက်သလိုမျိုး Action များနဲ့လူလုံး မပြသင့်ဟု ထင်ပါသည်။ ခုသတင်းစာ၊ စာစောင်များ၌ ဦးကျော်၏ နောက်ဆုံးနေ့များဆိုပြီး ခဏခဏတွေ့ နေရတော့ ဦးကျော် သေတော့မလားလို့တောင် လူတွေက ပြောနေကြပြီ။

အကျိုးမျှော်တဲ့ စပွန်ဆာတွေကလည်း ပွဲလန့်တုန်း ဖျာခင်း မီးလောင်ရာ လေပင့် လုပ်နေကြသည်ဟု ကျွန်တော်မြင်သည်။ ဒါတွေကိုထားပါတော့ ဦးကျော်သည် စိတ်အကြောင်းဆွေးနွေးခန်းဆိုပြီးတော့ လူတွေနှင့် တရုန်းရုန်း လုပ်နေသည့်အပြင် ယခုနောက်ဆုံး မြန်မာပြည် တပတ်ပတ်ပြီး တရားပွဲများကျင်းပမည်ဟု သိရပါသည်။

ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ပြီး ဘယ်တရားကိုဟောပြောမှာဘာလဲ။ ကျွန်တော် သတိပြုမိတဲ့ ပထမတစ်ချက်က ဦးကျော်ပြောခဲ့သော “ကျွန်တော်ဟာ လောဘကင်းတဲ့ လူတယောက်” ဟုဆိုခဲ့ခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်မျှသာ ဖြစ်သေးတဲ့ ဦးကျော်အတွက် ဒါဟာအများကြီး စဉ်းစားစရာပါ။ ပုထုဇဉ် လူသားတစ်ယောက်ကို လောဘကင်းပြီလို့ တကယ်တမ်း ပြောလို့ရပါသလား၊ ဦးကျော်လောက်ကို ထားဦး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ အရာအားလုံးကို စွန့််ပြီးတောထွက်ပါတယ်၊ သာမန်အမြင်အရဆိုရင်တော့ ဒါဟာလောဘကင်းပြီလို့ ထင်စရာပါ၊ မဟုတ်ပါဘူးဗျ လောဘနောက်ကိုလိုက်တာပါ၊ မိမိလိုချင်တဲ့ ဘုရားဆိုတဲ့အရာနောက်ကိုလိုက်တာ..၊ အဲဒီမှာ လိုချင်တဲ့ ဘုရားမဖြစ်တော့ ဒေါသတွေဖြစ်ခဲ့ပါတယ်၊ အဲဒီလိုလောဘ၊ဒေါသနဲ့ပဲ ခြောက်နှစ်လုံးလုံး တရားအမှန်ကို ရှာမတွေ့ခဲ့ပါဘူး၊

ဟုတ်ပါပြီ.. ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို လောဘ၊ ဒေါသ၊ မောဟ၊ တဏှါ၊ ရာဂ ကင်းပြီလို့ ပြောနိုင်ပါသလဲ.. ရဟန္တာအရိယာမဖြစ်သေးသမျှ ဘယ်ပုဂ္ဂိုလ်ကိုမှ လောဘကင်းပြီဟု မပြောနိုင်ပါဘူး။

ကျွန်ုပ်တို့ အလှူအတန်း လုပ်ခြင်းသည် လောဘကို ပယ်သတ်ရန်မျှသာ၊ လူတယောက် ဘာမှ မလိုချင်ခြင်းသည် ဘာမှ မရှိခြင်းကြောင့်သာ၊ လောဘကို အမြစ်ပြတ်ပယ်သတ်ပြီး၍ကား မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် လောဘစိတ်များသည် တဒင်္ဂမျှ ငုတ်လျှိုးနေခြင်းသာဖြစ်သည်၊ တကယ်လို့ အကြောင်း တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင် သူတို့၏ လောဘစိတ်များဟာ ဒိုင်းခနဲ့ ပွင့်ထွက်လာတတ်ပါတယ်…

လောဘ စိတ်ကလေး ပယ်သတ်တာလောက်ကို ထားပါတော .. ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင်မှ ငါ ဟာအရိယာ ပုဂ္ဂိုလ်မြတ်ပါလို့ ဘာကြောင့် မကြွေးကြော်ကြပါသလဲ….

ကျေးဇူးတင်ပါသည်….

ဒုတိယပိုင်းမျှော်….

ညမင်းသား

Monday, 25 August 2008

Thai PM Says West Uses Myanmar's Suu Kyi As Political Tool

Click here to Read what did he say.

Is he Nut? How come outsider can use Daw Aung San Suu Kyi as Political tool?
In reallity, he has been used as Political tool by Junta.

Since she has been detain, Daw Aung San Suu Kyi never meet with outsider apart from that so call UN envoy whilst Mr Samak Sundaravej worship a few times to junta.

Who is the actual tool?

Sunday, 24 August 2008

မတရားတာကို ခေါင်းငုံ မခံတဲ့ စိတ်ဓါတ်နှင့် လုပ်ရပ်

ကိုရင်လေး၂ ပါးကို ဒုတပ်ကြပ်တဦးက ဖြားယောင်းခေါ်ဆောင်သွား
(RFA မှ ရယူထားပါသည်။)


Thursday, 21 August 2008

လွန်ခဲ့သော ၁ နှစ်၊ ဒီအချိန်၊ ဒီည


လွန်ခဲ့သော ၁ နှစ်၊ ... ၂၀၀၇ ခုနှစ်၊ သြဂုတ်လရဲ့ ၂၁ ရက် ည၊ ၂၂ ရက်ကို အကူးမှာ လူတစ်စုကို လူမိုက် တဖွဲ့က အကျည်းတန်စွာ လက်နက်အားကိုးနဲ့ အဓမ္မဝင်ရောက်ဖမ်းဆီးသွားခဲ့တာဟာ မြန်မာ့ သမိုင်းအတွက် မေ့မရတဲ့ ရက်စွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။

လာရောက် အနိုင်ကျင့် ရမ်းကား ဖမ်းဆီးသူများကတော့ ရဲချုပ် ခင်ရီရဲ့ လက်အောက်က ဒုရဲအုပ် အောင်မြင့် ဆိုတဲ့ လူပါဝင်တဲ့ လူရမ်းကား တစ်စုသာဖြစ်ပါတယ်။ ထို လူများဟာ မိမိကိုယ်ကို ဝန်ထမ်းလို့ နာမည်ခံထားပေမယ့် ပြန်ပေးသမားများ လုပ်ရပ်အတိုင်း လူတစ်ယောက်ကို ဖမ်းရာမှာ ဖမ်းဝရမ်း မပါ၊ တိကျတဲ့ အကြောင်းပြချက် မပါဘဲ အနိုင်ကျင့်နေတဲ့ လူမိုက်ဂိုဏ်းသားများသာ ဖြစ်ကြပါတယ်။ ယခုဆို ပြန်ပေးဆွဲခံရသော တိုင်းပြည်သားကောင်းများကတော့ ယခုအခါ လူသူ မျက်ကွယ်ရောက်နေတာ တနှစ် တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ ဒါကြောင့် အဲဒီညမှာ မတရားပြုကျင့် ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းပြည်သားကောင်းများရဲ့ နာမည်များကို အားလုံး ပြန်လည် မှတ်မိနိုင်အောင် ဖေါ်ပြလိုက်ပါသည်။

ကိုအံဘွယ်ကျော်ရဲ့ မိခင် ဒေါ်တင်တင်ဝင်းနှင့် အမေးအဖြေ လုပ်ခဲ့သော အသံဖိုင်ကိုလည်း ပြန်လည်မှတ်မိစေရန်နှင့် ထိုရက်က မတရား ပြုကျင့်မှုများကို သက်သေအဖြစ် အောက်တွင် နားထောင် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မပြောရဲဘူးလား .. မရိုးသားလို့ပေါ့၊ မမှန်ကန်လို့ပေါ့ ...



၁။ ကိုမင်းကိုနိုင်၊
၂။ ကိုကိုကြီး၊
၃။ ကိုပြုံးချို၊
၎။ ကိုမင်းဇေယျာ၊
၅။ ကိုမြအေး၊
၆။ ကိုကျော်မင်းယု (ကိုဂျင်မီ)၊
၇။ ကိုဇေယျ၊
၈။ ကိုကျော်ကျော်ထွေး (ကိုမာကီး)၊
၉။ အံဘွယ်ကျော်၊
၁၀။ ကိုပဏ္ဏိထွန်း၊
၁၁။ ကိုဇော်မင်း၊
၁၂။ ကိုဇော်ဇော်မင်း၊
၁၃။ ကိုသက်ဇော်၊
၁၄။ ကိုဥာဏ်လင်း၊
၁၅။ ကိုရင်ထွန်း

တိုင်းပြည်ရဲ့ သူရဲကောင်း အာဇာနည်များ အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးမှာ မြန်မာပြည် လွတ်မြောက်ရေးအတွက် အရေးကြီးသော အဓိကကျသည့် အဆင့် တစ်ဆင့်ဖြစ်ပါသည်။ မတရား အကျဉ်းကျခံနေရသော အဆိုပါ နိုင်ငံရေး အကျဉ်းသားများ မလွတ်မြောက်မခြင်း မြန်မာပြည်လွတ်မြောက်ရေး မရနိုင်တာ သေချာသော ငြင်းမရသည့် အချက် ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပြန်ပေးဆွဲ အဖွဲ့ ဖြစ်သည့် နအဖတွင် တောင်းဆိုနေသည်ထက် သူတို့ မလွှတ်လျှင် မဖြစ်သော အခြေအနေသို့ ရအောင် ပြုလုပ်ရန်မှာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါသည် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

I have questions



Why is the United Nations Organization existed in the world?

Is there any problem that has actually been sorted by UN?

Burma, Tibet, Iraq War, Sudan Darfur, ... Now Georgia?

If there is no mistake, there are multi-million us dollars has been used to run UN organization in every month. Does it worth to use such large amount of money? Shouldn't we use this money for global warming effect instead of UN to run itself?

Why should we spend Mr Gambari air tickets to Burma for such a worthless trip, Shouldn't we use this money for cyclone victims in Burma or use one year education for orphan child?

There is a saying ..
If you are not a part of solution, then you are a part of Problem.

Does Mr Gambari is a part of solution for Burma?
If not ... What will he be?

Thursday, 14 August 2008

စစ်သားဟောင်း တစ်ယောက်ရဲ့ အတွေး

ဈာပနထဲကအတွေး

ကျနော်ရဲ့မိတ်ဆွေတစ်ယောက်က ဗွီစီဒီလေးတစ်ချပ်လာပေးပြီး ကော်ပီကူးပေးပါဆိုလို့ ကူပေးလိုက်တယ်၊ ကျနော်က ဘာစီဒီလည်း ဆိုတော့ အစ်ကိုလည်းကြည့်ပါဆိုလို့ ကူးပြီးတော့ကြည့်ဖြစ်တယ်၊ အားလားလား…. ငပွေးတို့ရဲ့ဘိုးတော်ချုပ် စောဘိုမြရဲ့ ဈာပနအခမ်းအနားကို ရိုက်ထားတဲ့ အခွေပေါ့။ တစ်ချိန်က ကျနော်ရဲ့ ရန်သူတော်ကြီး ၊ ကျနော်တို့ ပြည်သူတွေကို ရက်ရက်စက်စက်သတ်၊ လှံစွပ်နဲ့ထိုးလိုထိုး၊ တပည့်တပန်းတွေကို မြန်မာပြည်အနှံ့မိုင်းတွေထောင် ၊ ဗုံးတွေခွဲခိုင်း တဲ့ အမိန့်ရှင် စောဘိုမြ … ခုတော့ မရဏမင်းကခေါ်သွားပြီပေါ့၊ ကျနော်က စစ်သားလုပ်ခဲ့တဲ့လူဆိုတော့ အတွေးထဲမှာ ကျနော့်ရဲ့ ရန်သူတော်ဟောင်းကြီးတစ်ယောက် ဇီဝိန်ကြွေသွားပြီ ၊ ငါတို့နဲ့သေနတ်ပစ်တမ်းကစားခဲ့တဲ့ ကစားဖော်တစ်ယောက်ကြွသွားပြီပေါ့၊ ဒီလောက်ပဲတွေးပြီး ဆက်ကြည့်နေရင်းနဲ့ အတွေးနယ်ချဲ့မိတယ်။


နောက်ဆုံးထိတွေ့ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ပွဲဆိုရင် ဘိုကလေးဘက် စိမ့်ဝင်နေပြီ၊ အဲဒီတုန်းက အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ တိုင်းမှူးက ဗိုလ်ချုပ်မြင့်အောင်၊ ဘယ်လောက်အထိနှိပ်ကွပ်ခဲ့သလဲဆို လေတပ်က ရဟတ်ယာဉ် ၂စီးကို ဦးစီးချုပ်စီကနေ တောင်းယူပြီး လယ်ကွက်ထဲမှာရှိနေတဲ့ သောင်းကျန်းသူနဲ့ ဆက်စပ်မယ်ထင်တဲ့နေရာတွေကို လက်တည့်စမ်းခဲ့တယ်။ တပ်ချုပ်ကလည်း ဘာကြောင့်ပေးသုံးခဲ့သလဲဆိုရင် ၀ါဆောစာချုပ်ဖျက်ပြီး ဘ၀ပျက်ကြတဲ့ အဖွဲ့ဝင်တွေထဲက ပိုလန်နဲ့ ရုရှ က မြန်မာပြည်ကို ဆန်နဲ့လဲတန်လဲ၊ ဈေးပေါပေါနဲ့ရောင်းလိုရောင်း လုပ်ထားတဲ့ မီ-၂ နဲ့ ဆူဂေါ ရဟတ်ယာဉ်တွေကလည်း ၀ယ်ထားပြီး မစမ်းရသေးခင် အတော်ပဲဖြစ်သွားတယ်။ အချို့ရွာသားတွေ သေသာသေသွားတယ်၊ သူတို့ကိုယ်သူတို့ စောဘိုမြရဲ့တပည့် ဟုတ် မဟုတ်တောင် မသိသွားရှာဘူး၊ ဘာကြောင့်လဲဆိုတော့ ကေအင်ယူကစပြီး စိမ့်ဝင်ကာစရှိသေးတာ တစ်ကြောင်း၊ စည်းရုံးးရေးကာလ ဖြစ်နေတာတစ်ကြောင်း၊ မိုးတွင်းကာလ၀င်သွားတာ တစ်ကြောင်း၊ သူတို့ရဲ့ အခြေခံစစ်သင်တန်းက မစရသေးတာတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အရှုံးနဲ့ တွေ့ခဲ့ရတယ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ (နတခ) မှာ ဘယ်လိုမှ ထင်မထားတဲ့ရန်သူကို တွေ့လိုက်ရတော့ တိုင်းမှူးပြာယာခတ်ပြီး ဆော်တော့တာပေါ့၊ သူကိုယ်တိုင် ရဟတ်ယာဉ်ပေါ်တက်၊ လယ်တဲတွေ့ရင် အောက်ကိုဝိုင်းခိုင်းထားပြီး အပေါ်က ရော့ကက်ခ်နဲ့ပစ်တယ်။ ထွက်ပြေးလာတဲ့ အမာခံ (ရွာသားနဲ့သောင်းကျန်းသူခွဲမရရင်သုံးတဲ့ သတ်မှတ်ချက်) ကိုဖမ်းတယ်၊ တိုင်းမှူး အမိန့် ပေးတာက (ငါအသံမကြားချင်ဘူးတဲ့) ဘာလုပ်လိုက်တယ်ထင်သလဲ… ၀ါးရင်းတုတ်နဲ့ ရိုက်သတ်ပစ်လိုက်တယ်။ အဲ့ဒီတိုက်ပွဲကို ပြန်ကြည့်ရင် မိုက်တန်စန် နဲ့ မူးနေတဲ့ဆိုက်ကားသမား ထိုးသလိုပါပဲ။ အာပီဂျီလက်ထဲမှာရှိပြီး မပစ်တတ်သေးတဲ့ အမာခံဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအောက်မှာ အသက်ပျောက်သွားရရှာတယ်၊

အဲဒီ့တိုက်ပွဲအပြီးမှာ တိုင်းမှူးလည်း လောကီသားပဲ၊ ဘာရမလဲ၊ ယတြာချေတာပေါ့…

နတခ ၀န်းထဲမှာ ကိုးလံပြည့်စေတီကို ကိုးရက်နဲ့အပြီးတည်တော့တာပဲ။ ရှိသမျှလိုင်းထဲက မိန်းမရော ကလေးပါ အိမ်ထောင်ဦးစီး စစ်သားကြီးရဲ့ ကျွန်ဝယ်ရာအဆစ်ပါဇာတ်ကို ၀င်ကခဲ့ရတယ်။ တပ်ချုပ်ကြီးကလည်း မြှောက်စားပါတယ်။ စစ်ရေးချုပ်ရာထူးပေး၊ စစ်ရုံးခေါ်ထား၊ ပြီးတော့ လယ်ဆည် ၀န်ကြီးပေးပြီး ဆက်တိုက်မြှောက်စားလိုက်တာ၊ နောက်ဆုံး ၀န်ကြီး 17 ယောက်ကိုဖြုတ်တဲ့အထဲထည့်လိုက်တဲ့အထိပဲ၊ ထွန်းကြည် ၊ ကျော်ဘ ၊ မောင်လှ သိန်းဝင်း ၊ စိန်အောင် ၊ ဖေသိန်း ၊ မျိုးညွန့် စတဲ့ စီနီယာ န၀တ သောက်တလွဲအုပ်စုဝင်တွေကို လာဘ်စားမှုနဲ့ ဖမ်းစစ်ပြီး ပိုင်ဆိုင်မှုတွေသိမ်းလိုက်တာနေစရာအိမ်တောင် ဘုံပျောက် သွားတဲ့အထိ ဂျုနီယာန၀တက သူကောင်းပြုလိုက်တာ မရှုမလှခံလိုက်ရတယ်။ သူများကိုသတ်ခဲ့တဲ့လူ၊ ဘုရားတည်တာတောင် Force Labor သုံးခဲ့တဲ့စစ်ဗိုလ်ချုပ် တစ်ယောက်၊ ဘယ်လိုလဲ၊ ဘ၀တောင်မကူးလိုက်ပါလား၊ ၀ဋ်ကြွေးက ကြီးလိုက်တဲ့အမျိုး…..


တွေးရင်းနဲ့ စောဘိုမြ အခွေကိုဆက်ကြည့်နေလိုက်တယ်၊ တောထဲမှာ လုပ်တဲ့ဈာပန၊ ငိုတဲ့သူတွေကငိုကြ၊ တော်တော်များများရဲ့မျက်နှာက ၀မ်းနည်းနေကြတဲ့မျက်နှာတွေ၊ တစ်ယောက်ပြီးတစ်ယောက် လာကန်တော့ကြတယ် ၊ နောက်ဆုံးတော့ ကေအင်ယူ စစ်အခမ်းအနားနဲ့ ယူနီဖေါင်းအပြည့်အစုံဝတ်ပြီး နောက်ဆုံးခရီးကို လိုက်ပို့ကြတယ်။ စထွက်တဲ့နေရာကနေ နောက်ဆုံးသင်္ဂြုလ်တဲ့နေရာအထိက တော်တော်ဝေးတယ်။ ထမ်းလာတဲ့လမ်းတစ်လျှောက် လိုက်ပို့ကြတဲ့ပရိတ်သတ်က ငိုလို့ပေါ့၊


အဲ့ဒီမှာ ကျနော်ရဲ့အတွေးတစ်ခုက ဒိန်းကနဲဝင်လာတယ်။ ဒီလူတွေဟာ တကယ်ငိုကြတာလား၊ မကောင်းတတ်လို့ ဟန်ဆောင်ပန်ဆောင် ငိုကြတာလားဆိုတာ။ အခွေကို ပြန်ရစ်ပြီး ငိုကြတဲ့သူတွေမျက်နှာကို အဓိပါယ်ဖွင့်ကြည့်မိတယ်။ တမင်ဖန်တီးပြီး လန်ကျုပ်ငိုတာ မဟုတ်ဘူး ၊ တကယ် ၀မ်းနည်းမှုနဲ့ ငိုတဲ့မျက်နှာဆိုတာ ပေါ်လွင်လာတယ်။ သူ့ရဲ့မိသားစုဝင်တွေဆိုလည်း ဒီလောက်များမှာမဟုတ်ပါဘူး၊


သြော်.. ဒါတွေက သူ့ရဲ့ပြည်သူတွေ (သူ့ကိုချစ်တဲ့ သူ့ပြည်သူတွေ) ဆိုတာ သဘောပေါက်လာတယ်။ နှိုင်းယှဉ်ပြီးတွေးစရာက အသက်လည်းကြီးနေပြီ ၊ အနားလည်း ယူသင့်နေပြီဖြစ်တဲ့ တပ်ချုပ်ကြီး အတွက်ပါ။ ကဲဗျာ…. တပ်ချုပ်ကြီး သေသွားရင် ခင်ဗျားငိုမှာလား … မေးစရာမလိုတဲ့ မေးခွန်းကိုမေးလို့ဆိုပြီး ကျနော့်ကို မဆဲနဲ့လေဗျာ၊ ခင်ဗျားလည်း ပြည်သူတစ်ဦးမဟုတ်လား… တောထဲမှာဖွဲ့ထားတဲ့အစိုးရ ရဲ့ ဂိုဏ်းချုပ်သေတာ တောင် သူ့လူတွေ ငိုကြသေးတာပဲ။ ခင်ဗျားတို့ ကျနော်တို့က မြို့ပေါ်မှာ ဖွဲ့ထားတဲ့ အစိုးရ ရဲ့ လူတွေလေ၊ ပိုပြီးမငိုသင့်ဘူးလား… ဟုတ်တယ်ဗျာ… တပ်ချုပ်ကြီးအတွက်ကို စိတ်ကူးနဲ့တောင် ၀မ်းနည်းလို့မရဘူး၊ 55 သန်းသောပြည်သူတွေထဲက 2% လောက်တောင် သူ့ဘက်ကမကျိန်းသေဘူး၊ မြန်မြန်သေပါစေလို့ဆုတောင်းနေကြပြီ၊ မြန်မာလူမျိုးတွေရဲ့ ကြီးသူကိုရိုသေတယ်ဆိုတဲ့ ဂါရ၀တရား ၊ အုပ်ချုပ်မင်းလုပ်တဲ့သူကို စိတ်ထဲကနေတောင် မပြစ်မှားကြတဲ့သူတွေ၊ အခုဘယ်လိုဖြစ်ကုန်ပြီလဲ.. ပြောရရင် အရမ်းအမျိုးချစ်တတ်တဲ့လူမျိုးဗျ ကိုယ့်ဆွေမျိုးအရင်းမဟုတ်ရင်တောင်မြန်မာဆိုတဲ့အသံကြားတာနဲ့ ဘယ်နေရာရောက်ရောက် ကရင်ပဲဖြစ်ဖြစ် ၊ မွန်ပဲဖြစ်ဖြစ် ၊ ရှမ်းပဲဖြစ်ဖြစ် အားလုံးကစည်းရုံးပြီးသားပါ။ ဘယ်သူ့ကိုမှ အောက်ကျမခံခဲ့တဲ့စိတ်ဓါတ်အရမ်းကြီးတဲ့လူမျိုးမှပဲ မင်းဆိုးမင်းယုတ်တွေအုပ်ချုပ်တာ နှစ်ရှည်လများခံခဲ့ရတယ်။ သီးခံခြင်း၊ ရောင့်ရဲခြင်းတွေနဲ့ စောင်းဆိုင်းခြင်းတွေအောက်မှာ လူစဉ်မမှီတဲ့လူ့ဘ၀ကို ဖြစ်သလိုတည်ဆောက်နေကြရတယ်၊ စစ်တပ်ကအုပ်ချုပ်မှု တာဝန်ယူပြီးမှ လူတွေက ပိုပြီးဆင်းရဲတွင်းနက်လာတယ်၊ ပညာပိုပြီးမဲ့လာတယ်။ ၀မ်းရေးကို ကိုယ်ကျင့်တရားနဲ့ရင်းပြီးဖြေရှင်းနေကြရတယ်၊ ဒီလိုအချိန်မှာ ထွက်ပေါက်အမျိုးမျိုးကို စဉ်းစားကြရင်း စစ်အာဏာရှင်တွေကို ဆုံးမနိုင်မယ့် နည်းအားလုံးကိုတွေးကြတယ် UN တပ်ကိုမျှော်မိတာ၊ နိုင်ငံစုံတပ်ကိုမျှော်မိတာ၊ ဒါတွေအားလုံးဟာ လိုအပ်မှုတစ်ခုက တောင်းဆိုလို့ဖြစ်လာကြတာ၊ ပြည်သူ တွေက လောဘတကြီးနဲ့ အနောက်မျှော်ကြတာမဟုတ် ပါဘူး ၊


ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ရိုက်တယ် ၊ သတ်တယ် ။

ပြည်သူတွေခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်တယ်။ မထင်ရတဲ့ ရက်စက်ခြင်းတွေနဲ့ အာဏာကိုမြဲအောင် ဆုပ်ကိုင်ထားတယ်။ စောဘိုမြက သတ်လို့မရလို့လား၊ ဒါမှမဟုတ် မသတ်ချင်လို့ပဲလားတော့မသိ၊ လက်နက်မဲ့ ဘုန်းကြီးကိုတော့ သေနတ်နဲ့မပစ်ခဲ့ဘူးထင်တယ်၊ ဒါတောင် စောဘိုမြက ခရစ်ယာန်ဘာသာဝင်ပါ။ ဒီကေဘီအေ နဲ့ တိုက်တုန်းက သေနတ်နဲ့ အပြန်အလှန်တိုက်ကြတာ၊ ဒါမျိုးကိုသဘောကျတယ်။ ခုချိန်ခါ……… သာသနာ့တာဝန် ထမ်းနေကြတဲ့ သံဃာတော်တွေကို မေးကြည့်ရင်တောင် သေနတ်ချင်းယှဉ်ပစ် မလားဆိုရင်……… ငါးပါးသီလမှာ တစ်ပါးဖြစ်တဲ့ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းကို မကျုးလွန်ကြတဲ့ သံဃာတော်တွေတောင် ကျုပ်တို့ရဲ့တပ်ချုပ်ကြီးကို ယှဉ်ပစ်ချင်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာလည်း တပ်ချုပ်ကြီးရဲ့ တောင်းဆိုမှု တွေပဲမဟုတ်လား……………


စောဘိုမြရဲ့ ဈာပန တော့ ပြီးသွားပြီ၊

မပြီးသေးတာက ကျနော့် အတွေး…………..

တပ်ချုပ်ကြီးသေရင် ဘယ်သူတွေလိုက်ပို့မှာလဲ၊ ဘယ်သူတွေငိုမှာလဲဆိုတာ……

အဲ.. ကျိန်းသေတာကတော့ …. ဟန်ဆောင်ပြီးငိုမယ့် ၊ ဒါမှမဟုတ် အခကြေးငွေနဲ့ငိုမယ့် စွမ်းအားရှင်နဲ့ ကြံ့ဖွတ် တွေရှိနေဦးမှာပါ၊

ခေတ်ပျက်စစ်သည်ဟောင်းတစ်ဦး

Wednesday, 13 August 2008

မဖြစ်မနေ ဖြေရှင်းရမည့် ကိစ္စ တစ်ခု

ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း

(ရဲရင့် မြင့်မောင်)
ခေတ်ပြိုင်မှ ရယူထားပါသည်။

ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့် လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ်စားလာသည်။

အမေရိကန်နိုင်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အားဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်း ပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်း အသုံးချပြီး အမေရိ
ကန် ၀င်ခွင့်ရဖို့ ကြိုးစားသည့်နည်းများ သုံးလာကြသည်။

ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံ သွားလိုလျှင် ပွဲစားအမျိုး မျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူကုန်ကူးကြခြင်းဖြစ်သည်။

ပွဲစားမှာလည်း အမျိုးမျိုးရှိပြီး ရန်ကုန်မှ နယ်စပ်ရောက်အောင် ပို့ပေးသည့်အဆင့် ပွဲစားများတွင်ပင် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်နေပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားဖြစ်လာသူ မြန်မာအချို့ပင် ပါဝင်သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ အဆိုပါ အမေရိကန်နိုင်ငံသား မြန်မာ ပွဲစားများကို ရန်ကုန်ကို အလည်အပတ် ပြန်စဉ်ကာလအတွင်း အမေရိကန် သွားလိုသူများကို အခကြေးငွေယူပြီး နယ်စပ်ပွဲစားများကတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ လူမှောင်ခိုကုန်ကူးခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ အမေရိကန်အပါအ၀င် တတိယ နိုင်ငံများသို့ ထွက်ခွာသည့်လမ်းကြောင်းမှာ ယခုအခါ ငွေကြေးတတ်နိုင်သူများ၏ စားကျက်ခွင်တခု အဖြစ် ပြောင်းလဲသွားပြီဟု နို့ဖိုးဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ပြောသည်။

၎င်းက “ငွေကြေးတတ်နိုင်သူတွေကတော့ စိတ်ကြိုက် လုပ်ချင်တာရတဲ့ ခွင်ဖြစ်သွားတာ (၂) နှစ် ကျော်သွားပြီ။ ကျနော်တို့စခန်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ မြန်မာတယောက် ရန်ကုန်မှာ ကျန်နေတဲ့ သူ့မိသားစုကိုခေါ်ပြီး ဘတ်ငွေ (၃) သိန်းလောက် အကုန်ခံပြီး ဒုက္ခသည် စခန်းက လူကြီးတွေ ရပ်ကွက်မှူးတွေနဲ့ ညှိလိုက်တာ အခု မိသားစုလိုက်ကို အမေရိကန်ရောက် ကုန်ပြီ။ ဒါက စခန်းအချို့မှာဖြစ်နေတာ၊ အထူးသဖြင့် မဲဆောက်နဲ့နီးတဲ့ စခန်းတွေမှာဖြစ်တယ်” ဟုပြောသည်။

ရန်ကုန်အပါအ၀င် ဒေသအသီးသီးက မြန်မာများမှာ ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန် ရောက်ရှိရေးအတွက် ထောင်မြင်ရာစွန့်ကာ မဲဆောက်နှင့် ဒုက္ခသည်စခန်းများရှိ အသိအကျွမ်း ဆွေမျိုးများ၊ ကြားပွဲစားများနှင့် ဆက်သွယ်ကာ ငွေထုပ်ပိုက်လာသူများ အဆင်ပြေသူများ ရှိ
သကဲ့သို့ အဆင်မပြေဘဲ အလိမ်ခံရကာ ဖွတ်မရ ဓားမဆုံး ဘ၀ပျက်၍ မဲဆောက်တွင် သောင်တင် နေသူများလည်း အများအပြားရှိသည်။

ဒုက္ခသည်ပွဲစားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ ကဲ့သို့မြို့ကြီးတို့မှ လူများကိုဆက်သွယ်ပြီး တဦးချင်းအလိုက် ဘတ်ငွေ (၅) သောင်း (မြန်မာကျပ်ငွေ ၁၇ သိန်းခန့်)၊ မိသားစုအလိုက် ဘတ်ငွေ (၁) သိန်း (မြန်မာငွေ ၃၅ သိန်းခန့်) အထိ ပွဲခယူကာ လူမှောင်ခိုကူးလျက်ရှိသည်။ မဲဆောက်တွင် နေထိုင်ပြီး ထိုင်း ဧည့်နိုင်ငံသားလက်မှတ် ရရှိထားသည့် မြန်မာမိသားစု (၅) ဦးဆိုလျှင် ဘတ်ငွေ (၂) သိန်းခွဲဖြင့် စခန်းဝင်ရန် မလိုဘဲ အမေရိကန်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ငွေအလုံးအရင်းနှင့် ပေးနိုင်သူများ ဒုက္ခသည်စခန်းအတွင်း လာရောက်နေထိုင်ရန်မလိုဘဲ ကုလ သမဂ္ဂမှ လူတွေ့စစ်ဆေးမည့်နေ့ရက်၊ ဆေးစစ်မည့်နေ့၊ လေယာဉ်စီးသင်တန်းနှင့် အခြားဗဟုသုတ ဆိုင်ရာ သင်တန်းတက်ရမည့်နေ့များကို စခန်းအတွင်းရှိ ပွဲစားက ဖုန်းဖြင့်ဆက်သွယ်လာပါက မဲဆောက်မှ ကားငှား၍ သွားရုံသာဖြစ်သည်။

အချို့နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဆိုလျှင် ၎င်းတို့ကိုယ်တိုင် နိုင်ငံခြားမထွက်ကြသော် လည်း ပြည်တွင်းရှိ ၎င်းတို့ဆွေမျိုးသားချင်းများ၊ အသိအကျွမ်းများအား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ကာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ လာစေသည်။ ထိုမှတဆင့် နယ်စပ်ဒုက္ခသည် စခန်းများသို့ သွားကာ တတိယနိုင်ငံတခုခု ရောက်ရှိရေးအတွက် ကြိုးစားကြသူ အများအပြားရှိသကဲ့သို့ ဒေါနတောင်တန်းကို ကျော်ပြီး နယ်စပ်မြ၀တီမြို့မှတဆင့် လာရောက်သူများလည်းရှိသည်။

အမေရိကန်ရောက်ရှိသွားသူ အမျိုးသမီးတဦးက “ရန်ကုန်ကနေ လေယာဉ်နဲ့ထွက်တယ်။ ဒေါ်လာ (၂) ထောင်ယူလာတယ်။ ဘန်ကောက်မှာ လာကြိုတဲ့ အသိတွေနဲ့ မဲဆောက်သွားပြီး ပွဲစားနဲ့ တွေ့တယ်။ စခန်းထဲ ၀င်ရဖို့ စောင့်ရတာ (၂) လကျော်ကြာတယ်။ စာအုပ်က ဘန်ကောက်အ၀င် တလနေထိုင်ခွင့်ရတယ်။ ရက်ပြည့်တာနဲ့ မဲဆောက်မှာရှိတဲ့ ထိုင်းလ၀ကရုံးမှာ တလဘတ်ငွေ (၂,၈၀၀) နှုန်းနဲ့ (၂) လ ထပ်ရတယ်။ အဲဒါပြီးရင် စာအုပ်သေပြီ။ ကန့်ထဲကိုဝင်ဖို့ စာအုပ်မသေခင် ပြီးအောင်စီစဉ်ရတယ်။ စခန်းထဲမှာနေဖို့ အိမ်ဝယ်တဲ့ကိစ္စ လူဟောင်းစာရင်းထဲ လူစားထိုးတဲ့ ကိစ္စတွေကို ပွဲစားကပဲ အားလုံးစီစဉ်ပေးတယ်။ ဘတ်ငွေ (၁) သိန်းလောက်ကုန်တယ်။ လိုတဲ့ငွေကို အိမ်က အောက်လမ်းကနေ မဲဆောက်ကို ပို့ပေးတယ်။ ငွေလွှဲတဲ့ဆိုင်က ဒုက္ခသည်စခန်းအထိ ငွေလာပို့ပေးတယ်" ဟု ပြောသည်။

ဒုက္ခသည်စခန်း၌ အ၀င်အထွက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းမှ အမည်မဖော်လိုသူတဦးက “ဒီကိစ္စ ပြောရရင်တော့ စခန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ယူအန်ကလူတွေ ပါဝင်ပတ်သက်မှုတွေရှိတယ်။ ၂၀၀၅ ခုနှစ်က စခန်းတိုင်းမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်လုပ်ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်ဆယ်ချောင်း စလုံး လက်ဗွေနှိပ်ရတယ်။ မှန်ပြားပေါ်မှာ လက်ဗွေနှိပ်ရပြီး ချက်ခြင်းပဲ ကွန်ပျူတာထဲသွင်းတယ်။ ဒါကို ထိုင်းပြည်ထဲရေးက ကိုင်တယ်။ ဒုက္ခသည်တွေ နိုင်ငံခြားထွက်ရဖို့ ဆုံးဖြတ်တာက UNHCR နဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့သံရုံးတွေဖြစ်တယ်။ နိုင်ငံခြားသွားဖို့ စီစဉ်တာက IOM ဖြစ်တယ်။ သူ့ အလုပ်က ဆေးစစ်မယ်။ ယဉ်ကျေးမှုသင်တန်း တက်ရမယ်။ ခရီးသွားသင်တန်း တက်ရမယ်။ နိုင်ငံခြားထွက်မယ့်လူဟာ စခန်းအုပ်ချုပ်ရေးမှူး (ပလာ) က လက်မှတ်မထိုးရင် စခန်းထဲကနေ
လုံးဝထွက်ခွင့်မရှိဘူး။ အဲလိုစနစ်တကျ ရှိတဲ့ကြားမှာ နိုင်ငံခြားထွက်ရဖို့ လူသစ်တွေကို လူဟောင်း
တွေနဲ့ အစားထိုးတဲ့ကိစ္စမှာ အောက်ခြေကနေစပြီး အထက်အထိ အားလုံးပါဝင်မှုမရှိရင် ဒီကိစ္စ ဘယ်ဖြစ်မှာလဲ” ဟု ပြောသည်။

မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေသည့် မူတူးဆိုလျင် အမေရိကန်သွားခါနီးမှ လူတဦးက ဘတ်ငွေ (၅) သောင်းဖြင့် လူစားထိုးရန် လာညှိသဖြင့် အမေရိကန် မသွားတော့ဘဲ ၎င်းငွေဖြင့် ရင်းနှီးပြီး မဲဆောက်မှာပင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည်။

၂၀၀၅ ခုနှစ် ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်စဉ်က မဲဆောက်ဒေသအတွင်းမှ လူများ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ စသည့်ဒုက္ခသည်စခန်းများသို့သွားကာ သက်ဆိုင်ရာ စခန်းကော်မတီဝင်များ ရပ်ကွက် မှူးများ ပွဲစားများဖြင့် ဆက်သွယ်ကာ မှတ်ပုံတင် ပြုလုပ်ကြသည်။ ရာနှင့်ချီရှိသည့် အဆိုပါလူများ သည် မဲဆောက်မြို့ရှိ မြန်မာစီးပွားရေး အလွှာအသီးသီးတွင် လုပ်ကိုင်နေကြသူ အများစုဖြစ်သည်။

မဲဆောက်ကျောက်ဝိုင်းမှ ကျောက်အရောင်းအ၀ယ် လုပ်ကိုင်ကြသည့် မြန်မာများ အနည်းဆုံး (၁၀၀) ခန့် (၁) နှစ်ကျော်ကာလအတွင်း အမေရိကန် ရောက်ရှိသွားပြီဟု သားသမီးများ အမေရိကန် ထွက် သွားသူ မြန်မာကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းအဆိုအရ လူတဦး အနည်းဆုံး ဘတ်ငွေ (၅) သောင်းမှ (၁) သိန်းထိ ပေါက်ဈေးရှိကြောင်း ယခု အချိန်ထိ သွားလာလုပ်ရှားသူများ မပြတ်ရှိကြောင်း၊ ပွဲစားများ မဲဆောက်တွင် အမြဲရှိကြောင်း ပြောသည်။

ခါတော်မီများ ငါးပွက်ရာ ငါးစာချနေချိန်တွင် နို့ဖိုးဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးဒုက္ခသည် NI နံပါတ် (၁၆၇) ခု၊ လူဦးရေ (၅၀၀) ခန့်သည် သံရုံးအင်တာဗျူးနှင့် ဆေးစစ်အပြီးတွင် ၎င်းတို့အား အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သံရုံးမှ အကြောင်းပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခ သည်တဦးက ဒုက္ခသည်မဟုတ်သည့် အကြံအဖန်များကိုတောင် လက်ခံလျှင် ဒုက္ခသည် အမှန် အကန်များအတွက် လက်ခံစဉ်းစားသင့်သည်ဟုပြောပြီး ၎င်းကိစ္စအတွက် အမေရိကန်အစိုးရထံသို့ စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုမှု ပြုလုပ်မည်ဟု ပြောသည်။

ဒုက္ခသည်စခန်းများမှ အမေရိကန်နှင့် တတိယနိုင်ငံတခုခု ထွက်လိုသူများကြောင့် မဲဆောက်ရှိ ပွဲစားများမှာ ဘတ်ငွေ သိန်းချီကာ မြိုးမြိုးမြက်မြက် ပွဲခရသော်လည်း စခန်းလူကြီးများ အပါအ၀င် ဒုက္ခသည်စခန်းရှိ အဓိက စီစဉ်ပေးသူများမှာ သောင်းဂဏန်းခန့်သာ ရရှိကြသည်ဟု ပွဲစားများနှင့် ရင်းနှီးသူများက ပြောသည်။

အမေရိကန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိပြီး ၎င်းနိုင်ငံသားများ ဖြစ်သွားကြသော မြန်မာလူမျိုး အချို့ မဲဆောက်သို့ ပြန်လာကာ ဆွေမျိုးသားချင်းများနှင့် တတိယနိုင်ငံတခုခု သွားလိုသူများ အတွက် ကူညီမှုများရှိပြီး အချို့မှာ ပွဲစားကဲ့သို့ အခကြေးငွေများယူကာ မက်လုံးပေး စည်းရုံးမှုများ ကြောင့် မြန်မာအချို့ ခရီးပေါက်သူများရှိသလို အချို့အလိမ်ခံရရုံမက အမျိုးသမီးအချို့ ဘ၀ပျက် ခဲ့ကြရသည်။

ဒုက္ခသည်စခန်းများတွင်လည်း စခန်းတာဝန်ရှိသူများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် ကြသဖြင့် စခန်းအတွင်း ဒုက္ခသည်အတုနှင့် အစစ်များကြားတွင် မကျေနပ်မှုများ ရှိကြသော်လည်း မပြောရဲကြောင်း၊ ၎င်းအတုများကို စခန်းတာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ထား ကြောင်း၊ သာမန်လူများအနေဖြင့် ကြည့်လျှင် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများမှ ထွက်ပြေးတိမ်း ရှောင်လာသူများဟု ထင်ရလောက်အောင် ဟန်ဆောင်ကောင်းကြကြောင်း ဒုက္ခသည်တဦးက ပြောသည်။

လူမှောင်ခိုနည်းဖြင့် ရောက်လာသည့် ဒုက္ခသည်အတုတို့သည် အချိန်မှန် ဘီဘီစီ၊ ဗွီအိုအေ နား ထောင်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုင်ဆောင်ခြင်း၊ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းများ အလွတ်ကျက်ခြင်း၊ ၈၈ နောက်ပိုင်း အရေးကြီး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်များနှင့် နေ့စွဲများကို အလွတ်ကျက်ခြင်းများ ပြုလုပ်ပြီး ဟန်ဆောင်ကြသည်ဟု သိရသည်။

၎င်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းအချို့မှ တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား မီဒီ ယာများက မေးမြန်းကြရာ ကောလာဟလသတင်းများသာဖြစ်သည်ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်၍ တုံ့ပြန်ဖြေကြားလေ့ရှိသည်။

သို့သော် ဒုက္ခသည်အစစ်များအား နှစ်ချီ၍ ရိက္ခာမပေးသောကြောင့် မယ်လစခန်းမှဒုက္ခသည် (၂၀) ခန့် မဲဆောက်ရှိ UNHCR ရုံးတွင် ယခင်လက လာရောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ မယ်လဒုက္ခသည်စခန်းတွင် ယူအန်အသိမှတ်ပြု လက်မှတ်ရပြီး ရိက္ခာမရရှိသူ (၁၀၀) ကျော်ရှိသည်ဟု စုံစမ်းသိရသည်။

မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်တဦးကမူ ဒုက္ခသည်စခန်းမှတဆင့် သွားသော်လည်း ထိုင်းမှာ အသစ်ပြဋ္ဌာန်းသည့် “လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး ၂၅၅၁” အရ လူကုန်ကူးမှု မြောက်သည်ဟုပြောပြီး ယခုဖြစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှာလည်း လူကုန်ကူးမှုကျူးလွန်ရန် အားပေးကူညီခြင်း ပုဒ်မ-၇ အရ အကျုံးဝင်သည်ဟု ပြောသည်။

ယခုဖြစ်ရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းတကျ ဖြေရှင်းမှု မပြုဘဲထားမည် ဆိုပါက ဒုက္ခသည်စခန်းအချို့သည် မသမာသူများ ကြီးစိုးရာဒေသနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သည့် ပတ်ဝန်းကျင်ဖြစ်လာပြီး မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်ဟု ဒုက္ခသည်စခန်းမှ ဘာသာရေးခေါင်းဆောင်တဦးက ပြောသည်။ ။

(ဤသတင်းဆောင်းပါးတွင် ပါဝင်သည့် ပုဂ္ဂိုလ်တို့၏ အမည်ရင်းကို လွှဲပြောင်းထားသည်)

Wednesday, 5 March 2008

“ဖိုးမောင်” အလိုရှိသည်။

ဆရာကြီး မင်းသုဝဏ် ကဗျာတစ်ပုဒ်ဖြစ်တဲ့ ဖိုးမောင် လာပြီ ကဗျာလေးကို ပြန်ဖတ်ကြည့်ရင်း၊ အာဏာရှင် နအဖရဲ့ “ရန်” ကနေ ကျွန်တော်တို့ ချစ်တဲ့ အမိ မြန်မာနိုင်ငံတော်ကြီးကို ကာကွယ် ကယ်တင်ဖို့ “ဖိုးမောင်” လို လူမျိုးတွေ များများလို နေတယ်လို့ ခံစားမိပါတယ်။

သာမန် အချိန်မှာလည်း ဖိုးမောင်က ရွာရဲ့လိုအပ်ချက်တွေ ဖြည့်ပေးပြီး၊ အရေးကြုံလာရင်လည်း အသက်ပေးဖို့ ဝန်မလေးတဲ့ ဖိုးမောင်ပါ။

“ဓါးပြ ငါ့အား ဖမ်း၍ထား” ဆိုတဲ့ အသံကို ဖိုးမောင်က ပေးနိုင်ခဲ့သလို၊ .... ဓါးပြ နအဖရဲ့ road map (၇) ချက် အလိုမရှိလို့ ဆိုပြီး ပြတ်ပြတ်သားသား ကန့်ကွတ်ပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ တောင်းဆိုတဲ့ အသံ ပေးနိုင်ဖို့ ဖိုးမောင်ကို အလိုရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း “ဖိုးမောင်” အဖြစ် ပြောင်းလဲပြီး၊ ဓါးပြနအဖရဲ့ ဆန္ဒခံယူပွဲကို ဝိုင်းကန့်ကွက်ကြပါစို့။

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)

Wednesday, 27 February 2008

ဘုရားရိုက်ခြင်းလား၊ နအဖရဲ့ သက်သေခံ ဖျက်ဆီးခြင်းလား

မြန်မာနိုင်ငံရှိ သံဃာတော်များဦးဆောင်၍ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတောင်းဆိုမှုများကို ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်ခဲ့သည်မှာ ကမ္ဘာက အသိဖြစ်သည်။ ထို ငြိမ်ချမ်းစွာ တောင်းဆိုခဲ့သော သံဃာတော်များကို အကြမ်းဖက် နှိမ်နှင်းခဲ့သည်မှာ လူသတ် ရာဇဝတ်ကောင် သန်းရွှေ ဦးဆောင်သော နအဖ အဖွဲ့သာဖြစ်သည်။

ယခုအခါ အဆိုပါ ရာဇဝတ်သမားများကို နိုင်ငံတကာ ခုံရုံးတွင် တင်ကာ အရေးယူနိုင်ရန် ကြိုးပမ်းနေချိန်တွင် သက်သေများကို ဖျောက်ဖျက်သည့်အနေဖြင့် ငွေကြာရံ ဘုန်းကြီးကျောင်းကို ဝင်ရောက် ဆီးနင်း လုယက်ခဲ့သော ဒမြများကို လက်စတုံး အစီအစဉ်ဖြင့် သက်သေခံများကို ဖျက်ဆီ;နေပြီဖြစ်သည်။

ကဲ ..... နအဖ၏ အမိန်ကို တကယ်နာခံကာ လူမိုက်လုပ်၍ ဘုရားသားတော်များကို မိုက်ရိုင်းခဲ့သော သူများ ယခုအခါတွင် အချင်းချင်း သတ်နေရပြီဖြစ်သည်။ ဆုံဆည်းရာမှ ရယူထားသော သတင်းကို quote ပြန်လုပ်လိုက်ပါသည်။ ထိုကဲ့သို့ သက်သေများကို ဖျောက်ဖျက်ပေးသော သူများကလည်း နောင်နေ့တွင် သူတို့သည်လည်း ရာဇဝတ်ကောင် ကြီးများ၏ နောက်ထပ် သက်သေ ဖျက်အစီအစဉ်များတွင် သားကောင်များ ပြန်ဖြစ်နေနိုင်ပါသည်။

"23 Feb ကျောက်ကြီးမြို့ နယ်အရှေ့ ဘက်တစ်နေရာတွင် မှော်ဘီအခြေစိုက် ခမရ ၇၀၁ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး မြင့်ဝေ ဦးစီးသည် စစ်ကြောင်း၁ သည့် ခြုံခိုးတိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထိုတိုက်ပွဲတွင် အရာရှိ၃ ဦးကျဆုံးခဲ့ ပြီး ဒဗမ မြင့်ဝေ ကိုယ်တိုင် ဒဏ်ရာထိမှန်ပြီး အရေးပေါ်အနေအထား ရှိနေပြီး ရန်ကုန်စစ်ဆေးရုံးသို့ သည်ဆောင်လာကြောင်းသိရသည်။ ခမရ ၇၀၁ သည် စက်တင်ဘာ ရဟန်းသံဃာများ စီးတန်းလမ်းလျှောက်ရာတွင်ပြစ်ခတ်ခဲ့ပြီး ၂၇ ရက် မနက်စောစော ငွေကြာရံဘုန်းကြီး ကျောင်းကို ၀င်စီးခဲ့သည် တပ်ရင်းဖြစ်သည်။ ယခုအခါ ဘုရားရိုက်တာကို ခံနေရခြင်းပင်ဖြစ်သည်။"
အော် .. တိုင်းပြည် ကာကွယ်ချင်လို့ တပ်ထဲဝင်ပါတယ်၊ ရာဇဝတ်သမားတွေရဲ့ သက်သေများကို ဖျက်ပေးနေရသော သူများဖြစ်နေပြီး၊ ကိုယ့်အလှည့်ဘယ်နေ့ ရောက်မလဲဆိုတာ တွေးကာ ကိုယ့်အရိပ်ကို ရန်သူ ထင်နေရတဲ့ တပ်မတော်သားဘဝတွေပါလား။ ဒါလား ... ယောက်ကျားပီသတဲ့ တပ်မတော်သား ဘဝ။

Tuesday, 26 February 2008

မီးလောင်မှုများ နှင့် စပ်ဆက်၍

မတရားမှုများ ကြီးစိုးနေသော မင်းစိုး မင်းညစ်၊ သာသနာ ဖျက်သော လူများက အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ကပ်ဘေးများ စိုက်ရောက်လာနေပြီလား စဉ်းစားစရာ ဖြစ်လာလို့ နေပါပြီ။

၁။ ရေဘေး ဒုက္ခ ...... စက်တင်ဘာ မတိုင်ခင် မြန်မာနိုင်ငံမှာ တခါမှ မကြားဖူး၊ မကြုံဖူးသော ရေ ကြီးမှုများ နိုင်ငံတစ်ခုလုံး အနှံ ဖြစ်ပွားခဲ့ပါသည်။

၂။ အငတ်ဘေး ဒုက္ခ ..... လောင်စာဆီဈေးများ မတရားထိုးတက်ခြင်း၊ တိုင်းပြည်၏ အထွေထွေ ဆင်းရဲကျပ်တည်းမှုကြောင့် ပြည်သူလူထု စားဝတ်နေရေး ခက်ခဲနေသည်မှာ နိုင်ငံ တစ်ခုလုံး အနှံ ဖြစ်ခဲ့ပါသည်။

နောက်ဆုံး

၃။ မီးဘေး ... တခါမှ မကြုံဘူးအောင် ရန်ကုန်မန္တလေးမြို့ကြီး ၂ ခုမှာ နှစ်ရက်စက်တိုက် မီးလောင်ခဲ့ပါတယ်။ လောင်နေဆဲပါ။

ဘာကြောင့်ဒါတွေ ဖြစ်နေရတာလဲ ....

သာသနာတော် ပျက်စီးစေခဲ့ခြင်း ...... စက်တင်ဘာ သံဃာသတ်မှု

အစိုးရ ၀န်ထမ်းအားလုံး၏ အကျင့်ပျက်ခြင်း ... နိုင်ငံအနှံ ဗိုလ်ချုပ်မှုးကြီး လုပ်သူ သန်းရွှေက အစ သူခိုး(အာဏာ သူခိုး၊ စည်းစိမ် သူခိုး) ဖြစ်နေတာကြောင့် အထူးတလည် ပြောစရာ မလိုတော့ပါဘူး။

ကိုယ့် အလုပ် ကိုယ် မလုပ်ခြင်း ...... မီးသတ်သမားဆိုတဲ့ ၀န်ထမ်းတွေကလည်း မီးသတ်ဖို့ လေ့ကျင့်နေရတာထက် စွမ်းအားရှင် လုပ်ပြီးဘုန်းကြီးနဲ့ လူထုကို သတ်ဖို့ လေ့ကျင့်နေကြရတာကြောင့် တကယ်မီးလောင်တဲ့အခါ မီးမသတ်နိုင်ဘဲ ဖြစ်နေရပါတယ်။

ဒါတွေဟာ အစိုးရလုပ်သူများရဲ့ မှားယွင်းသော အုပ်ချုပ်မှု ရလဒ်တွေသာ ဖြစ်ပါတယ်။

အဲဒီလို အမှားမှား အယွင်း ပျက်စီးနေသော အုပ်ချုပ်မှု စနစ်ပုံစံကို ယခု အသက်သွင်းထားတဲ့ အခြေခံဥပဒေကို ပြည်သူလူထုအား ထောက်ခံခိုင်းရန် ကြံစည်နေတာကတော့ဖြင့် ... ပြည်သူတွေ ဘာလုပ်မလဲဆိုတာ ... ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းပါ။

Saturday, 23 February 2008

ခုန်ထွက်မှာလား၊ အသေခံမလား

လူသိများ ကျော်ကြားတဲ့ ဥပမာလေး တစ်ခုပါ။ ငယ်ငယ်ကတည်းက ကြားဖူး မှတ်ယူထားတဲ့ ပုံပြင်လေး တစ်ခုပါ။

“ဖား တစ်ကောင်ကို၊ ပူနေတဲ့ ရေနွေးအိုးထဲ ထည့်လိုက်ရင် အဲဒီ ဖားဟာ ခုန်ထွက်လာမယ်။ ဒါပေမယ့် အဲဒီဖားကို ရေအေးထဲထည့် ပြီးရင် အောက်က မီးမြှိုက်လိုက်ရင် အဲဒီဖားဟာ သေတဲ့အထိ ရေပူထဲမှာ နေသွားတယ်။”

အခု နအဖက ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတရပ်လုံးကို ရေအေးထဲထည့်ပြီး အောက်က မီးမြှိုက်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ လူတိုင်း လူတိုင်းမှာ အခုကတည်းက ခုန်ထွက်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ ငါကတော့ မပူသေးလို့ ဆိုတဲ့ အကြောင်းပြချက်က မလုံလောက်တော့ပါဘူး။ ပြန်အေးသွားမလားဆိုပြီး စောင့်ကြည့်ဦးမယ်ဆိုရင်လည်း မကြာခင် သေမှာပါပဲ။ ဒီတော့ ဘာလုပ်ကြမှာလဲ။

အောက်က သတင်းက ပါတဲ့ အချက်တွေ မှားတယ်လို့ ဘယ်သူ ငြင်းနိုင်ပါသလဲ။ မြန်မာနိုင်ငံက လူတိုင်း အဲဒီလို မိန်းကလေးတွေ မလုပ်ချင်ပဲ ခပ်ပေါပေါနဲ့ ခန္ဓာကိုယ်ရောင်းစားပြီး ဝမ်းစာရှာနေရတာ အားလုံး သိပါတယ်။ ... အဲဒါဟာ ဘာကြောင့်ပါလဲ။ နအဖ ပေါက်တက်ရ စီမံခန့်ခွဲမှုတွေကြောင့် အမျိုးကောင်း သမီးတွေ ဘဝ ပျက်နေရတာပါ။ အဲဒါ ငါနဲ့ မဆိုင်ဘူး၊ ငါ့ မပူသေးလို့ ခုန်မထွက်သေးဘူး၊ ရသလောက်နေမယ်ဆိုရင်တော့ နောက် အလှည့်ဟာ ခင်ဗျား အလှည့် ဖြစ်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။

တကယ်လို့ အဆိုပါ မိန်းကလေးထဲက မိန်းကလေးတစ်ယောက်က ကျွန်တော့်ညီမ၊ ခင်ဗျား ညီမ ဖြစ်နေမယ်ဆို ဘယ်လို ခံစားရမလဲ။

ငါတို့က ချမ်းသာတာပဲ ငါ့ မိသားစု မဖြစ်လာဘူး မထင်ပါနဲ့။ နအဖ လက်ထဲမှာ ဘယ်သူမှ မမြဲပါဘူး။ ဥပဒေ မရှိတဲ့ နအဖ လက်ထဲမှာ ခင်ဗျား ချမ်းသာမှုဟာ နောက်နေ့မှာ သူတို့ ပစ္စည်း အဖြစ် အချိန်မရွေး ဒမြတိုက်ယူသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

အခု ငါတို့ဟာ ရေအေးထဲ ထည့်ပြီး အောက်က မီးမြှိုက်ခံနေရပြီဆိုတာ သိပါ။ သတိရှိပါ။ ဒါကြောင့် တည်ငြိမ် စိတ်ချရတဲ့ စနစ်၊ တရားဥပဒေဆိုတာတွေ ရှိလာအောင် နအဖ အာဏာရှင် စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ပြည်သူတရပ်လုံး အသိ၊ သတိ ရှိရှိနဲ့ ပါဝင်ကြပါလို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။ Unity To Victory

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

As Myanmar's economy crumbles, prostitution lures young women

YANGON (AFP) - Cherry and Kay Kay walk into room Number Two of a Yangon karaoke bar, where a man waits alone for them on a brown leather sofa.

"Come on, girls. Sing, please," he says, as they flick the karaoke machine to a Myanmar folk song they hope he likes.

The scene may not be uncommon in many parts of Asia, but was until recently rare here in isolated Myanmar, where economic desperation is increasingly pushing young women into a sex trade that hides behind the facade of karaoke bars and massage parlours.

At the bars, known locally as KTVs for "karaoke television," young women in their late teens and early 20s entertain clients in private air-conditioned rooms furnished with sofas and karaoke equipment.

Waiters enter only when customers order food and drinks, or if the women ring a bell to alert the management that a client is getting out of hand.

Workers at KTVs say sex is not necessarily on offer, but they add that in the private rooms boundaries can be vague.

"It's hard to control men in this kind of room," 22-year-old Kay Kay says.

"They are so wild when they get drunk. I need to hold both his hands to protect myself. Sometimes I need to ring the bell to call for help from the waiters," she says.

Customers vary from teenagers to adults. Sometimes they come with friends, occasionally even with family, to venues that blur the line between casual entertainment and brothels.

Cherry and Kay Kay are among 20 girls working in their KTV bar, located near Yangon's landmark Shwedagon Pagoda, one of the Buddhist country's holiest shrines. Ostensibly they are hostesses, paid to keep customers company, encourage them to buy drinks, and to sing for them.

Prostitution is illegal in Myanmar, but it began to take root underground after the ruling junta abandoned socialism for a market economy in 1996.

Myanmar is one of the world's poorest countries, where even urban professionals scrape out a living on less than a dollar a day. Salaries for civil servants, for example, start at about 20,000 kyats (16 dollars).

Many industries have been decimated by decades of economic mismanagement by the military, coupled with the effects of Western sanctions imposed over the regime's failure to make good on promises of democratic reforms.

Cherry says she decided to work in the karaoke bar after quitting her low-wage job at a garment factory.

The eldest daughter in her family, Cherry was taken out of school before she reached her teens so her family could afford to send her brothers to school.

She then started working in the factory, but quit after discovering that she could earn more in tips in one night at the karaoke bar than she earned in a month at her old job.

Cherry and Kay Kay say they both grew up in broken families, and have not told any of their relatives about their new jobs.

"I didn't tell my mum that I'm working at KTV. She thinks that I'm working as a sales girl in a supermarket," Cherry says.

-- 'Our girls even include university graduates' --

Many of the girls working in Yangon's KTV bars have come from Myanmar's impoverished countryside in search of better opportunities in the city.

The bar that employs Cherry and Kay Kay provides them with free room and board, and a base salary of 20,000 kyats, or about 18 dollars.

"The basic salary is similar to what I earned at the factory, but here we get tips from customers," Cherry says. "Sometimes we earn 30,000 kyats (25 dollars) in one night just from the tips."

The women are not allowed to leave the bar before its 2:00 am closing time, and then they are driven back to the hostel.

In a nation that prides itself on the glories of its past and its literary culture, the growth of the entertainment industry has caused some public soul-searching.

One poet, who wrote about the trend in a poem called "Yangon Nights," said poverty was not the only culprit driving young women to their after-hours jobs.

"As many of them are uneducated and don't value their life, so they eventually end up in this community," he told AFP, speaking on condition of anonymity.

But Wine, who worked as a cashier in a music restaurant, said that even some professional women are turning to the nightlife for second jobs to help make ends meet.

"The girls working in our shop include schoolgirls, nurses who are available to work at night and university graduates," Wine said, adding that she started working at the restaurant after twice failing her high school graduation exam and being unable to find any other job.

"Many friends of mine work in KTVs or music pubs while also taking university correspondence courses," she said.

The stigma attached to the bar girls remains strong, and many parents would rather see their children join the millions of Myanmar migrants heading overseas to search for work.

"My youngest daughter wanted to work in a KTV bar. I did not allow her, because once she takes the step of working there, it becomes very easy for her to become a commercial sex worker. It's very hard to control," said Ei, a 59-year-old mother of two daughters.

Ei says that like many families here, hers is struggling to survive. But she would rather see her daughters try to find work overseas than let them work in a karaoke bar.

Cherry and Kay Kay say they are happy they make enough money to support their families without having to leave the country.

"I can support my family well. One of my brothers will graduate from university very soon," says Cherry.

"I don't need to work very hard like I did in the factory but you know customers treat us just as bar girls, they look down on us. The reputation of a bar girl is not so good in this community."

Saturday, 15 September 2007

ဟုတ်ပါ့မလား မောင်ကာဠုရဲ့

ကိုoppositeye က သူ အွန်လိုင်း မလာတာ ၃-၄ ရက် ရှိပြီ ဆိုပြီး ဖြစ်ကြောင်းကုန်စင်ကို စာပြန်ရေးထားလေရဲ့။ ရှေ့ကဖုံး နောက်က ဖေါ်ဆိုသလို သူရေးခဲ့တဲ့ ကပ်ရပ်က Post ကြီးက ကျွန်တော်တို့ ပြောခဲ့တဲ့ (သူ ခရီးသွားနေတယ်လို့ပြောတဲ့) ၁၃ ရက်၊ ၉လ၊ ၂၀၀၇ ကြီး ဖြစ်နေလေရဲ့။

ကျွန်တော့်ကို သူက လူလိမ်တဲ့ ..

ကိုထိုက်

Thursday, 13 September 2007

ကျွန်တော်နှင့် oppositeye

cbox ထဲမှာ ကျွန်တော်နဲ့ မေးခဲ့ ပြောခဲ့တာလေးတွေကို ရသလောက် ပြန်ရှာပြီး ဒီမှာတင်လိုက်တာပါ။ cbox ထုံးစံအတိုင်း အောက်ကနေ စဖတ်ပါ။ oppositeye နဲ့ boycott တို့ ၂ ယောက် တပ်မတော်ကို သိက္ခာချတဲ့ စကားတွေ ပြောဆိုနေတာ တွေ့ရမှာပါ၊ တပ်မတော်ကို ဥပဒေမရှိဘူးလို့ သူတို့ ပြောနေကြပါတယ်။

ကိုထိုက်
: ဒါပါပဲ တပ်မတော်ကို သိက္ခာချတဲ့ လူတွေနဲ့ ကျုပ်ဆက်မပြောချင်တော့ဘူး

13 Sep 07, 18:30

ကိုထိုက်: ဥပဒေမရှိတဲ့ တပ်မတော်လို့ ခင်ဗျားတို့ ၂ ယောက်ပြောနေတာလို့ ကျုပ်သတ်မှတ်လိုက်ပြီါ်၊ ခင်ဗျားတို့လဲ တပ်မတော်ကို သိက္ခာချနေတဲ့ လူတွေပဲ

13 Sep 07, 18:30

Boycott>ကိုထိုက်: ယဉ်ကျေးစွာထပ်ပြောပါမယ်။မဆိုင်တာထပ်မပြောပါနဲ.။.

13 Sep 07, 18:30

Oppositeye: ကျုပ်သိပြီ..ခင်ဗျားဘယ်သူဆိုတာ..ကိုထိုက်

13 Sep 07, 18:29

ကိုထိုက်: လာပြန်ပြီ ဒီသမ္မတ၊ အခု သမ္မတ မရှိဘူး၊ ဒါပေမယ့် တရားဥပဒေ တပ်မတော်မှာ ရှိတယ်၊ တပ်မတော်ရဲ့ တရားဥပဒေက သူကို အရေးမယူနိုင်ဘူးလား

13 Sep 07, 18:29

Boycott>ကိုထိုက်: ပညာသင်နေတဲ.လူတွေကိုမနှောင်.ယှက်ပါနဲ..

13 Sep 07, 18:29

Oppositeye: ခင်ဗျားကလဲ ပြောရတာအာပေါက်လာပြီ

13 Sep 07, 18:28

Boycott>ကိုထိုက်: မဆိုင်တာထပ်မပြောပါနဲ.

13 Sep 07, 18:28

ကိုထိုက်: တပ်မတော်ဆိုတာ ဂုဏ်သိက္ခာအရှိဆုံး ပုဂ္ဂိုလ်တွေ မဟုတ်လား၊ စည်းကမ်းက အသက်မဟုတ်လား၊ စည်းကမ်းမလိုက်နာတဲ့ စစ်သားဟာ တပ်မတော်ဂုဏ်သိက္ခာကို စော်ကားတာပဲလေ

13 Sep 07, 18:28

Oppositeye: သူ့ကို အနားယူလို့ ပြောနိုင်တာ သမ္မတ တစ်ဦးပဲရှိတယ်..

13 Sep 07, 18:28

Oppositeye: အေးလေဗျာ..ခင်ဗျားကလဲ တိုင်ပတ်နေပြန်ပြီး..စီနီယာ ရှိတဲ့အတွက် စီနီယာကို အနားယူတော့လို့ ပြောလို့မရဘူးလို့ ကျုပ်ပြောပြီးပဲ .ခင်ဗျားကလဲ

13 Sep 07, 18:27

Ba-Mar Lu-Myo: In Tatmadaw, (military) the order comes from the TOP. In Democracy, the real power comes from the bottom majority. These TWO different systems cannot be combined TOGETHER.

13 Sep 07, 18:27

ကိုထိုက်: အဲဒီ ဂုဏ်ကြောင့် ပြောနေရတာပေါ့၊ တရားမင်တဲ့ လူတွေ လုပ်ချင်ရာ လုပ်နေရင် တပ်မတော် ဂုဏ်သိက္ခာကျတာပေါ့

13 Sep 07, 18:26

Oppositeye: သာမာန်ပြည်သူတွေလို မဟုတ်တဲ့အတွက် သာမန်လူလို လုပ်လို့မရပါဘူး

13 Sep 07, 18:26

ကိုထိုက်: လာပြန်ပြီ ဒီရွေးကောက်ပွဲ၊ တပ်မှာ စီနီယာ ရှိပြီးသားပဲ၊ သူ့ဟာနဲ့ သူ သွားနေတာ မဟုတ်ဘူးလား

13 Sep 07, 18:26

Oppositeye: တပ်မတော်ထဲမှာ သူ့အဆင့်ကိုယ်အဆင့်..အထက်အောက်ရိုသေမှုဆိုတာ ရှိပါတယ်

13 Sep 07, 18:25

Oppositeye: တပ်မတော် သမိုင်းမှာ ခေါင်းဆောင်ကို အာဏာဖီဆန်တဲ့ အမှုမျိုးမရှိခဲ့တဲ့အတွက် တပ်မတော်ရဲ့ ဂုဏ်ကိုလဲ ထည့်တွက်ဖို့လိုပါတယ်..

13 Sep 07, 18:24

ကိုထိုက်: ကျွန်တော် တပ်မတော်သားတွေ ဘက်က မခံနိုင်လို့ ပြောနေတာ

13 Sep 07, 18:24

Oppositeye: ရှင်းရှင်းလေးပါ..ကိုထိုက်

13 Sep 07, 18:24

Oppositeye: ရှင်းပါတယ်..အဲဒီအခါ နိုင်ငံတော် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ရွေးချယ်ပါလိမ့်မယ်

13 Sep 07, 18:24

ကိုထိုက်: အာ ခင်ဗျာတို့ကလည်း ... အဲဒီလို မတရားတာကို တပ်မတော်သားတွေက ငုံခံနေရတာ ၄ သိန်းကျော်တဲ့ တပ်မတော်သားတစ်ရပ်လုံး အသုံး မကျတဲ့ လူတွေ ဖြစ်သွားရောပေါ့

13 Sep 07, 18:23

Oppositeye: ပြည်သူတွေအလုပ်က ကြိုက်တဲ့သူမဲပေးဖို့နဲ့ အနိုင်ရပါတီကို တပ်မတော်က အာဏာလွဲပေးဖို့ .ဒါပါပဲ

13 Sep 07, 18:23

thakhogyithanshwe: That's stupid

13 Sep 07, 18:22

Oppositeye: အခုလက်ရှိမှာ နိုင်ငံခေါင်းဆောင်ဆိုတဲ့အတွက် အမိန့်နာခံမှုရှိဖို့က တပ်မတော်ရဲ့ သိက္ခာပါ.

13 Sep 07, 18:22

ကိုထိုက်: တပ်မတော်က စည်းကမ်းမရှိရင် ကျုပ်တို့ပြည်သူတွေကို ဘယ်သူ့ကို သွားယုံရမှာလြ

13 Sep 07, 18:21

ကိုထိုက်: အဲဒီလို စည်းကမ်းဖောက်တဲ့ လူတွေရဲ့ အမိန့်ကို နာခံနေရတာ တပ်မတော် သိက္ခာမကျဘူလား

13 Sep 07, 18:21

Oppositeye: ခေါင်းဆောင်တစ်ယောက်ကို အနားယူတော့လို့ ကျုပ်တို့အဆင့်မှာ ပြောခွင့်မရှိဘူးလေ..ဒါဟာလဲ တပ်စည်းကမ်းပဲ ကိုထိုက်

13 Sep 07, 18:20

ကိုထိုက်: ဒါဆို ဦးသန်းရွှေနဲ့ ဦးမောင်အေးက စည်းကမ်းဖောက်ဖျက်နေတာ သေချာနေပြီပေါ့

13 Sep 07, 18:20

Oppositeye: တပ်စည်းကမ်းအရ အသက် ၆၀ မှာ အနားယူနိုင်ပါတယ်..ခင်ဗျာ

13 Sep 07, 18:20

thakhogyithanshwe: Hay ,Ko htait _ oppsiteye answer is so stupid and so funny ,that guy is not your level.

13 Sep 07, 18:19

ကိုထိုက်: ကျွန်တော် မေးတာ ဖြေပါ၊ တပ်မတော်သား တစ်ယောက် တပ်စည်းကမ်းအရ ဘ်ာအသက်အရွယ်မှာ အနားယူရသလဲ

13 Sep 07, 18:18

Oppositeye: ကာကွယ်ဦးစီချုပ်ကို အခြားအဆင့်က ပယ်ဖျက်လို့ မရသလို ခန့်ထားလို့လဲမရပါဘူး..ကာကွယ်ရေးဦးစီးချုပ်ကို ရွေးမဲ့သူဟာ နိုင်ငံတော် သမ္မတသာလျှင်ဖြစ်ပါတယ် ကိုထိုက်

13 Sep 07, 18:17

ကိုထိုက်: အဲဒါသာ ဖြေပါ

13 Sep 07, 18:17

ကိုထိုက်: တပ်မတော်ရဲ့ ဥပဒေမှာ ဘယ်အချိန် တပ်မတော်သား တစ်ယောက် အနားယူရသလဲ

13 Sep 07, 18:17

Oppositeye: ကာကွယ်ရေးဦးစီးချုပ်ကို ရွေးကောက်ပွဲနဲ့ ရွေးလို့မရဘူး..သူ့ကို ရွေးချယ်တဲ့သူဟာ ပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့ သမ္မတကရွေးချယ်မှာပါ.ဒါကြောင့် ကျုပ်ပြောနေရတာပါ

13 Sep 07, 18:16

ကိုထိုက်: ခင်ဗျား ဘေးချော်နေပြန်ပြီ

13 Sep 07, 18:16

ကိုထိုက်: အာ

13 Sep 07, 18:16

ကိုထိုက်: တိုင်းပြည်ခေါင်းဆောင်ကို ခင်ဗျားပြောသလို ၂၀၀၈ မှာ လုပ်မယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ ရွေးမယ်၊ တင်ကြမယ် ထားပါတော့

13 Sep 07, 18:15

Oppositeye: အခုလက်ရှိမှာတော့ တပ်မတော်သားတွေဟာ လက်ရှိခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံရမှာပါ..ဒါဟာ ကာကွယ်ခြင်းမဟုတ်ပါဘူး..ပြည်သူတွေ ရွေးကောက်လိုက်လို့ ကိုထိုက်က ခေါင်းဆောင်ဖြစ်လာရင်လဲ တပ်မတော်က ကိုထိုက်အမိန့်ကိုနာခံမှာ

13 Sep 07, 18:15

ကိုထိုက်: ကျွန်တော်ပြောနေတာ တိုင်းပြည်ခေါင်းဆောင်အတွက် မပြောဘူး၊ ကာကွယ်ရေး ဥိးစီးချုပ်အတွက် ပြောတာ

13 Sep 07, 18:14

ကိုထိုက်: ခင်ဗျားက ရွှေးကောက်ပွဲပဲ ပြောနေတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကို ရွေးကောက်ပွဲနဲ့ ရွေးလို့ရလို့လား

13 Sep 07, 18:14

ကိုထိုက်: တပ်မတော်သားတွေရှိတဲ့ တပ်မတော်မှ ဥပဒေကို မလိုက်နာရင်၊ တိုင်းပြည်ကို ဘယ်သူက လေးစားမှာလဲ၊

13 Sep 07, 18:13

Oppositeye: ကိုထိုက်အနေနဲ့ လုပ်ချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်..

13 Sep 07, 18:12

ကိုထိုက်: ခင်ဗျားက အခု တပ်မတော်ကိုနဲ့ တိုင်းပြည်ကို ကာကွယ်ပြောဆိုနေတာထက် ဥိးသန်းရွှေကို ကာကွယ်နေတာ ဖြစ်နေပြီ၊ စဉ်းစားကြည့်ဦး

13 Sep 07, 18:12

Oppositeye: မြန်မာနိုင်ငံမှာ ဦးနှောက်ယိုစီးမှု များနေတဲ့အတွက် ပညာရှင်တွေ ရှားပါးတာဖြစ်နေတာပါ..

13 Sep 07, 18:11

Oppositeye: အဲဒီတော့ ပညာရှင်ရော..ပစ္စည်းရော စိုက်ထုတ်လုပ်ကိုင်တဲ့ နီုင်ငံကို များများပေးရတာ မဆန်းပါဘူး..

13 Sep 07, 18:11

ကိုထိုက်: အာဏာသိမ်းဖို့ မပြောဘူး၊ ဥပဒေအရ သူတို့ အနားယူခိုင်းလိုက် သူရရွှေမန်းကို ဥပဒေအရ တင်လိုက်၊(ကာကွယ်ရေးဦးစီးချုပ်ကို ပြောတာ) ဥပဒေမှ သူတို့ မလိုက်နာရင် အရေးယူလိုက်ပေါ့ဗျာ

13 Sep 07, 18:11

Oppositeye: ကိုယ်ကျိုးစီးပွားကာကွယ်တယ်ဆိုတာ အကျိုးတူရင်းနှီးပြီး အကျိုးတူ ရယူတာကို ဆိုလိုပါတယ်..မြန်မာပြည်မှာ အကျိုးတူ မရင်းနှီးနီုင်ပါဘူး..ပညာရှင်နဲသလို ပစ္စည်းစိုက်ထုတ်မှုမှာလဲ နဲပါတယ်.

13 Sep 07, 18:09

ကိုထိုက်: ဒါလေးမှ မလုပ်တတ်ရင် စီးပွားရေးသွားလုပ်နဲ့ တရုပ်က ခင်ဗျားတို့ကို လုပ်ချင်ရာ လုပ်သွားလိမ့်မယ်

13 Sep 07, 18:09

Oppositeye: အဲဒီလို လုပ်တာတရားဝင်ဖြစ်မှာ မဟုတ်တဲ့အတွက် သူရရွှေမန်းတက်လာလဲ အာဏာသိမ်းတယ်လို့ ဖြစ်နေမှာပါပဲ..ပြည်သူကရွေးကောက်တင်မြောက်တဲ့ ဖြစ်ဖို့ အရေးကြီးပါတယ်

13 Sep 07, 18:08

ကိုထိုက်: အာ ... ခင်ဗျားကလဲ၊ အစိုးရတစ်ရပ်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဥပဒေဆိုတာ ရှိတယ်

13 Sep 07, 18:08

Oppositeye: ရင်းနှီးလုပ်ကိုင်တဲ့ နိုင်ငံက ၆၀ % .မြန်မာနီုင်ငံက ၄၀ % ပဲရပါတယ်..

13 Sep 07, 18:07

ကိုထိုက်: ကျွန်တော်ကတော့ ကျွန်တော်တို့ ခေါင်းဆောင် အဖြစ် သူရရွှေမန်းကိုပဲ အသိအမှတ်ပြုတယ်၊ တရားမ၀င် သန်းရွှေနဲ့ မောင်အေးကို ဒေါ်စုနဲ့ အတူ အကျဉ်းချပြီး တိုင်းပြည်က မောင်းထုတ်မယ်

Tuesday, 11 September 2007

ကျွန်တော်နှင့် သူခိုးဖမ်းပွဲ

ပြောရမှာလဲ ရှက်ပါတယ်။

ကြာသာပတေးနေ့ ညနေပိုင်း တစ်ခုမှာ ရင်းနှီးနေတဲ့ အစ်မတစ်ယောက်က ဖုန်းဆက်ပြီး ပြောလာတယ်။ သိပြီးပြီလားတဲ့ .... လာမယ့် တနင်္ဂနွေနေ့ (၉.၉.၂၀၀၇) လန်ဒန်မြို့က townhall တစ်ခုမှာ မော့စ်၊ မိုးဒီတို့ ပါတဲ့ အငြိမ့်ပွဲရှိတယ်တဲ့။ မြန်မာ့ သုခုမ အနုပညာ၊ ထိန်းသိမ်းတဲ့ မြန်မာပြည် အလွမ်းပြေပွဲတစ်ပွဲပေါ့။ ဒီလိုပွဲမျိုးကို ကျင်းပပေးနိုင်တာ .... ကောင်းပါတယ်။။ မြန်မာအသင်းကြီး-ယူကေက ဦးစီးတာပါ။ မြန်မာအသင်းကြီး-ယူကေဆိုတာက ကျွန်တော် လန်ဒန်ကို ခြေမချခင်ကတည်းက တည်ထောင်ထားတဲ့ အဖွဲ့ကြီးလို့ သိရပါတယ်။ ဦးဆောင် ဖွဲ့စည်းသူတွေကတော့ မြန်မာသံရုံးက အတွင်းဝန်တွေ၊ အပြင်ဝင်တွေ၊ စာရေး စာချီတွေနဲ့ အဝေးရောက် မြန်မာတွေပေါ့။

ဘာဖြစ်လို့လဲ ..... မြန်မာလူမျိုးတွေ စုစည်းပြီး မြန်မာယဉ်ကျေးမူ အငြိမ့်ကကြတာလေ။ ဟုတ်ပါတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါက နည်းနည်းမှားနေသလားလို့။

မြန်မာနိုင်ငံမှာ ၁၅ ရက် သြဂုတ်လထဲက ထိုးတတ်သွားတဲ့ လောင်စာဆီဈေးတွေနဲ့ အတူ တစ်နိုင်ငံလုံးမှာ ပြည်သူတွေ ဒုက္ခတွေ ပိုခံစားလာခဲ့ရတယ်။ အဲဒီအတွက် ကုန်ဈေးနှုံးကျဆင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူပေါင်း ၁၅၀ ခန့်ကို ဥပဒေမဲ့ ဖမ်းခံထားရတဲ့ အချိန်၊ ကြံဖွတ်တွေ၊ စွမ်းအားရှင်တွေ ၀ါးရင်းတုတ် လက်စွမ်းပြတဲ့နေတဲ့ အချိန်၊ ဘုရားသားတော် သံဃာတော်တွေ ဓါတ်တိုင်မှာ ကြိုးနှင့်တုပ်၊ တုတ်နှင့်ရိုက် ခံနေရတဲ့ အချိန်မှာ အငြိမ့်ပွဲကို လန်ဒန်ရောက် မြန်မာတွေ ဘယ်လို နှလုံးသားမျိုးတွေနဲ့ လှလှပပ ပျော်ပျော်ရွှင်ရွှင် ၀တ်စားပြင်ဆင်ပြီး ပြုံးပျော်နိုင်ကြသလဲဆိုတာ ကျွန်တော် မတွေးတတ်အောင်ပါပဲ။ ခံစားတတ်တဲ့ နှလုံးသားတွေမဲ့လှချေလားပေါ့။

တစ်ခါတည်းမှာပဲ ဖုန်းဆက်လာတဲ့ အစ်မက ငါတို့ ဒီအတိုင်းနှလုံးသားမဲ့တဲ့ လူတွေကို ကြည့်နေတော့မှာလားတဲ့ ...။ ကျွန်တော်ကလည်း အစ်မ ဘာဖြစ်စေချင်တာလဲလို့ မေးလိုက်တော့ ... ငါတော့ တစ်ခုခု လုပ်ချင်တယ်တဲ့။ ကျွန်တော်ကလည်း အစ်မ အကြံလေး ပြောပြပါဆိုတော့ ... အဲဒီကို လာတဲ့ မြန်မာတွေကို သူတို့ မြန်မာတွေဖြစ်တယ်ဆိုတာနဲ့ အထဲက ဖြစ်နေတာကို သတိရအောင် သတိလေး သွားပေးကြရအောင်ဆိုတာနဲ့ ... အဲဒီ အစ်မရဲ့ အကြံနဲ့ ကျွန်တော် အပါအ၀င် သူငယ်ချင်း ၃ယောက်၊ စုစုပေါင်း ၄ ယောက်သား သွားရောက် သတိပေးပွဲလေး လုပ်ကြတာပေါ့။ အောက်က လက်ကမ်းစာစောင်လေးကို ကျွန်တော်တို့ လက်ကမ်းဝေကြပါတယ်။ ဒီ လက်ကမ်းစာစောင်လေး ဖြစ်လာဖို့အတွက် ရင်းနှီးတဲ့ အစ်ကို တစ်ယောက်ကလည်း အကူအညီ ထိထိရောက်ရောက်ပေးခဲ့ပါတယ်။
တတ်တတ်ကြွကြွပါပဲ ကျွန်တော်တို့ ၄ ယောက်သား ပွဲကမယ့် townhall ရှေ့မှာ စာရွက်လေးတွေကိုင်လို့ ဝေနေကြတာ။ ပြောတဲ့ စကားတွေကတော့ ... အစ်ကို၊ အစ်မ၊ ဦးလေး အဒေါ်ရေ မင်္ဂလာပါ ခင်ဗျာ ... မြန်မာနိုင်ငံကပါလား ... ဒါဆိုရင် ဒီစာရွက်လေး ယူသွားပေးပါ .....။

သံရုံးဝန်ထမ်း တစ်ယောက်ကတော့ အန်ကယ်တို့က ရေဒီယို နေ့တိုင်းနားထောင်တော့ သိပါတယ်တဲ့ ယူစရာမလိုပါဘူးတဲ့။ ကျွန်တော်တို့က အန်ကယ် ဒီမှာရေးထားတာ ဖတ်ကြည့်ပါဦး၊ ပြီးရင် အန်ကယ်သဘောပါပဲ ဆိုတော့။ သူက မဖတ်တော့ပါဘူး နောက်လူတွေ ဝေလိုက်ပေါ့လို့ ပြောတယ်။ ကျွန်တော်တို့က မဟုတ်ပါဘူး။ အဲဒီစာရွက်က အန်ကယ့်စာရွက်ဖြစ်သွားပြီ၊ အန်ကယ်ငယ်ငယ်က ရန်ကုန်မှာ ကျူရှင်တတ်ဖူးရင် အဲဒီက လက်ကမ်းစာစောင်တွေဝေသလိုမျိုးပါပဲ၊ အန်ကယ် ကြိုက်ရင် သိမ်းထား၊ နောက်လူကို ပေးချင်ရင် ပေး၊ လွှတ်ပစ်ချင် လွှတ်ပစ်လိုက်လို့ ပြောတော့.... ခဏ ရပ်ဖတ်ပြီး ထွက်သွားတယ်။ အော် မြန်မာလူမျိုး .......

ခဏကြာတော့ သံရုံးက ၀န်ထမ်းတစ်ယောက် အပြင်ထွက်လာတယ်၊ ဒါ ... ရုံးကလုပ်တဲ့ ပွဲဖြစ်နေလို့ပါတဲ့၊ မဝေပါနဲ့တဲ့။ လွတ်လပ်တဲ့ တိုင်းပြည်မှာ ဘယ်သူ့ကိုမှ အနှောက်အယှက်မရှိရင် လွတ်လပ်စွာ လက်ကမ်းစာစောင် ဝေခွင့်ရှိတာကို ဘာကြောင့် လာပြီး ပိတ်ပင်ချင်တာလဲမသိဘူး။ သူတို့ပွဲကို ပျက်အောင် ဖျက်နေတာလဲ မဟုတ်၊ .... ကျွန်တော်နဲ့ အတူပါလာတဲ့ အစ်မက၊ ........ မောင်လေးက ဗမာလား၊ ဗမာဆို ဒါလေး ယူသွားဆိုပြီး ပြန်ပေးလိုက်တော့ နောက်ဆုံး သူပြန်ယူသွားရတယ်။ ...... အော် ... မြန်မာနိုင်ငံက စနစ်ဆိုးရဲ့ အရိပ်မဲကြီးပါလား .....

နောက်ထပ် မှတ်တမ်းတင်ရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကတော့ သံရုံးဝန်ထမ်း တစ်ယောက်ပါပဲ။ ကျွန်တော်တို့ ဝေနေတာလဲ သူကအဝေးကြီးကတည်းက မြင်နေပုံရတယ်။ သူဝင်လာတော့၊ .... အန်ကယ်က ဗမာလားလို့ မေးလိုက်တာက မျက်နှာပုံစံက အိမ်က မိန်းမနဲ့ အပြင်းအထန် စိတ်ဆိုးလာတဲ့ ပုံစံမျိုးနဲ့ (ဗမာသံနဲ့ ဗမာလို).... မဟုတ်ဘူး ... အင်္ဂလိပ်......တဲ့ .....။ အော် နအဖ သံတမန်ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ပါလား ....... (သူ့ပုံကို ကျွန်တော် မှတ်တမ်းတင်ထားတာ ရှိပါတယ်၊ လိုချင်ရင် မေးလ်နဲ့ တောင်းယူနိုင်ပါတယ်။)

အင်္ဂလိပ် ရဲဝန်ထမ်း ၂ယောက်က လာမေးသေးတယ်။ (ပွဲထဲက လူတွေ တစ်ခုခု ပြောလိုက်လို့ ဖြစ်နိုင်တယ်၊ ဒီနိုင်ငံက ရဲတွေက လက်ကမ်းစာရွက်ဝေတဲ့ လူတွေကို မလိုအပ်ပဲ စိတ်တ၀င်တစား မေးလေ့မရှိဘူး) ဘာတွေ ဝေနေတာလဲပေါ့။ ကျွန်တော်က တိုင်းပြည်ထဲက အခြေအနေတွေကို ပြောပြလိုက်တယ်။ နောက်ပြီး မြန်မာပြည်ကရဲနဲ့ ဒီကရဲတို့ ကွာခြားပုံကိုပြောပြလိုက်တယ်။ power ကို ဘယ်လို အလွဲသုံးစား လုပ်ပုံက အစပေါ့။ ရဲ တစ်ယောက်က ဘာပြန်ပြောလဲဆိုတော့ ... power.. ဆိုတာ ဘာလုပ်ဖို့လဲတဲ့။ သူရဲ့ ရဲဝန်ထမ်း ဖြစ်ရခြင်းနဲ့ ခံယူချက်ကို ပြောသွားတယ်။ ငါ့ boss က အပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတဲ့(queenကိုရည်ရွယ်ပါတယ်)။ ပြီးရင် ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ငါလုပ်ပေးမယ်၊ ..... အစိုးရ အဖွဲ့အစည်း၊ သာမန်လူ၊ နိုင်ငံခြားသားဆိုတာ ငါ့မှာ မရှိဘူးတဲ့ .. အားလုံးက ဒီနိုင်ငံထဲမှာ အတူတူပဲတဲ့။ သူ့ကိုသူ ရဲဝန်ထမ်း တစ်ဦး ဖြစ်ရခြင်းကို ဂုဏ်ယူနေတဲ့ ပုံပဲ၊.... ပျော်ရွင်သော အချိန်ဖြစ်ပါစေလို့ နှုတ်ဆက်ပြီး ပြန်သွားတယ်။ အော် ... ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းက ရဲဝန်ထမ်းပါလား ....

ဗမာ ၃ ယောက် ပွဲကို လာကြတယ်။ သားသားနားနား သပ်သပ်ရပ်ရပ်နဲ့ပေါ့။ ကျွန်တော်တို့က ထုံးစံအတိုင်း စာရွက်ဝေလိုက်ပါတယ်။ ၂ ယောက်က ယူသွားပြီး တစ်ယောက်ကတော့ တချက်ပဲ ကြည့်ပြီး ကျွန်တော်တို့ ရှေ့က အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။ အော် ... မြန်မာနိုင်ငံသား ....
(အဲဒီ အနှီ ပုဂ္ဂိုလ် ဒီနိုင်ငံမှာ ဘယ်လို status နဲ့ နေသလဲဆိုတာ စုံစမ်းဖို့ အလုပ်တစ်ခု ကျွန်တော်တို့မှာ ပိုလာပါတော့တယ်။ ထိုပုဂ္ဂိုလ်ရဲ့ ပုံကို လိုချင်လျှင်လည်း မေးလ်နဲ့ တောင်းနိုင်ပါတယ်။)

ခေါင်းစဉ်က သူခိုး ဖမ်းပွဲဆိုတာ အခုအထိ မပါသေးပါလား၊ ဟုတ်ကဲ့ ... ပြောပြရမှာပါ။ ကျွန်တော် အာချောင် လျှာရှည်တာကို ခွင့်လွှတ်ပါ။

ကျွန်တော်တို့ အခုလို ဝေနေတာကို ကားနဲ့ လမ်းကဖြတ်ပြီးမောင်းပြီး တွေ့သွားတဲ့ ရွှေမြန်မာတွေ ရှိပါတယ်။ ဒီနိုင်ငံမှာ နေထိုင်တဲ့ status က နိုင်ငံရေး ခိုလှုံခွင့်၊ ပြောတော့ မိုးလားကဲလား၊ သံရုံးက ပုဂ္ဂိုလ်တွေနဲ့ ပျော်ပျော်ပါးပါး ပွဲကြည့်ဖို့ လာကြလေရဲ့။ တစ်ချို့ဆို ပွဲဖြစ်မြောက်ရေးအတွက် ကိုယ်ရော စိတ်ပါ တတ်တတ်ကြွကြွပေါ့ ..... မြန်မာ့အရေးအတွက် ဆန္ဒပြပွဲရှိတယ်လို့ ဖိတ်ခံရရင် တီဆားနဲ့ တို့သလို တွန့်တတ်ကြတဲ့ သူတွေ။

ကျွန်တော်တို့ကိုလဲ တွေ့ရော ဘာလုပ်ကြတယ် ထင်လဲ၊ သူခိုးတွေလိုပါပဲ အားလုံး နောက်ပေါက်ကနေ ပွဲထဲကို ခိုးဝင်ကြပါလေရောလားဗျာ။ ကျွန်တော်တို့ အဲဒါတွေ ဝေနေတယ်ဆိုတာ သိတာနဲ့ အခြားလူတွေကို ဖုန်းဆက်၊ အကြောင်းကြားပေါ့၊ အရင်က လူကိုတွေ့ရင် နိုင်ငံရေးစကား အာဘောင်အာရင်း သန်သန် ပြောတဲ့ လူတွေ ၊ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေထိုင်နေတဲ့ လူတွေ ကျွန်တော်တို့ ရှိလို့ မလာတော့ဘူးဆိုတဲ့ လူကဆို၊ လာရင်းတန်းလန်းနဲ့မို့ နောက်ပေါက်က ၀င်တဲ့လူက၀င် အော် ငါတို့လူမျိုးတွေ သူခိုးတွေကို ဖြစ်လို့ ...။ ကျွန်တော်တို့က နောက်ပေါက်မှ ကြွရောက်လာတဲ့ ရွှေပွဲလာတွေကို ကားတစ်စီးပေါ်မှ ဂုဏ်ပြု မှတ်တမ်းတင်ထားပါကြောင်း .....။

မနေ့က feed back တချို့ ပြန်ရလာပါတယ်။ စိတ်ဆိုးတဲ့လူတွေဆိုး၊ စကားများတဲ့ လူတွေများနဲ့ (နိုင်ငံရေးစကား ခပ်ကျယ်ကျယ် ပြောတဲ့ လူတွေများပါတယ်။) လန်ဒန်ရောက် မြန်မာ့အသိုင်းအ၀ိုင်းမှာ တော်တော်လေး အသံထွက်ခဲ့ပါကြောင်း ... မှတ်တမ်းတွေ အပြည့်အစုံရှိပြီး နောက်ထပ် ခြေလှမ်းတွေ မြန်မာအသိုင်းအ၀ိုင်း (အထူးသဖြင့် နိုင်ငံရေး ခိုလှုံခွင့် ယူပြီး မသိချင်ယောင်ဆောင်၊ အစိုးရနဲ့ ပူးပေါင်းနေသော ပုဂ္ဂိုလ်များ အသိုင်းအ၀ိုင်း) ထဲမှာ ဆက်လက်လုပ်ကိုင် သွားမယ်ဖြစ်ကြောင်း အသိပေးအပ်တာပါ။

အော်ဒါနဲ့ အခု လုပ်တာ ဗြိတိန်ရောက် မြန်မာလူငယ်များ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရေး အဖွဲ့အစည်းအောက်မှ လုပ်ကိုင်ခြင်း မဟုတ်သလို၊ အဖွဲ့ ဖွဲ့ထားခြင်းလဲ မရှိပါ။ သို့သော် မြန်မာလူမျိုး သူခိုးများကို ဖမ်းဆီးဖော်ထုတ်ရန် ရည်ရွယ်ပါသည် ... ခင်ဗျာ။

ကိုထိုက်

(ကျွန်တော့် ဘလော့ကို ဗြိတိန်ရောက် မြန်မာတွေ သိပ်ဖတ်ဖြစ်ချင်မှ ဖတ်မှာပါ။ ဒါပေမယ့် အခြားနိုင်ငံများမှာလဲ အလားတူ သူခိုးများကို ဖော်ထုတ်နိုင်ရန် အကြံပြုသည့် အနေဖြင့် ရေးသားခြင်းဖြစ်ပါသည်။)