Monday, 24 September 2007

သံဃာ့ နာယက အဖွဲ့ကို အသုံးပြု၍ သံဃာဂိုဏ်းကွဲအောင် နအဖက ကြံနေပြန်

ဒီကနေ့ နအဖပိုင် မီဒီယာမှ သံဃာစက်ဖြင့်မရလျှင် အာဏာစက်ဖြင့် သုံးမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖေါ်နေသော သိန်းဂဏန်းရှိသည့် သံဃာများကို ခြိမ်းခြောက်သွားကြသည်။

သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ကြီးများကို အသုံးပြုပြီး တိုင်းပြည်ကို ဆက်လက်လိမ်ညာရန် သံဃာကိုဂိုဏ်းကွဲအောင် ကြံစည်နေပြန်ပါသည်။ သို့ရာတွင် ဆရာတော်ကြီးများမှာ စိတ်ပါချင်းမရှိပဲ မျက်နှာမကောင်းစွာ ဆွေးနွေးနေကြရပြီး ၄၇ ပါးရှိသော သံဃာနာယက အဖွဲ့တွင် အပါး ၂၀ ခန့်သာ တတ်ရောက်ခဲ့ကြောင်းသိရသည်။ သံဃာဂိုဏ်းကို ခွဲသောသူသည် နောင် ဘ၀ပေါင်းများစွာ သံသရာမှာ ဗုဒ္ဓဘာသာ ဘယ်တော့မှ ပြန်မဖြစ်နိုင်သော ပဉ္စာနန္တရိယကံထဲမှ သံဃဘေဒကကံ ကိုဆိုက်ရောက်ကြမည်ဆိုတာကို နအဖတို့ နားလည်နိုင်စွမ်းရှိနိုင်မယ် မထင်ပါဘူး။

ကဲ .. တပ်မတော်သားများ ခင်ဗျာ ... လူမိုက် သာသနာဖျက် သန်းရွှေရဲ့ အပြစ်ကို တပ်မတော်ကြီး တစ်ခုလုံးရဲ့ အပြစ် မဖြစ်အောင် ပြည်သူတွေနဲ့ အတူ လက်တွဲကာ တိုင်းပြည်နှင့် ဘာသာ အရေးကို ဆောင်ရွက်ကြပါစို့။






မြန်မာစံတော်ချိန် ၁၈း၀၀


မြို့တော်ခန်းမ ရှေ့တွင် ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါကြောင်း သိရပါသည်။ မြို့တော်ခန်းမရှေ့တွင် စစ်ကား လေးစီးခန့် ချထားကြောင်း သိရပါသည်။





လှည်းတန်းမှ ၈ မိုင်အထိ ငြိမ်းချမ်းရေး ခရီးစဉ်




......ဘယ်သူကပြောလဲ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတာ.....

မြန်မာစံတော်ချိန် ၁၇း၄၅

ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ တစ်ညလုံးတောင်းဆိုပွဲလုပ်မယ် ဘယ်သူမှအိမ်မပြန်ဘူး သတင်းအား အတည်ပြုပါတယ်။

သံဃာတွေရော၊ လူတွေရော သိန်းဂဏန်းရှိမဲ့လူအုပ်ကြီးဟာ ကမ္ဘာအေးဘုရားကိုကျော်သွားပြီ၊ မြို့ထံအထိဆက်ချီတက်ပြီး ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ တစ်ညလုံးတောင်းဆိုပွဲလုပ်မယ် ဘယ်သူမှအိမ်မပြန်ဘူးလို့ ကြားသိရပါတယ်။ သတင်း အတည် မပြုရသေးပါ။







ကမ္ဘာပေါ်မှာ ပထမဦးဆုံး ငြိမ်းချမ်းစွာ ဆန္ဒပြတတ်တဲ့ လူသားလှိုင်းလုံးတွေကို မြန်မာလူမျိုးတွေ မော်ကွန်းထိုးလိုက်ပါပြီ။








မြန်မာစံတော်ချိန် ၁၅း၃၀

မိုးကုတ်မှာသံဃာ 5000 ကျော်နဲ့ လူထု အင်အား 200000 ကျော်ခန့်ဆန္ဒပြနေပါတယ်။