Monday 8 October 2007

တဘောင်

ကျွန်တော် ငယ်ငယ်က အဘိုးက ပြောပြလေ့ရှိတယ်။ သူငယ်ငယ်က အင်္ဂလိပ် လက်အောက်မှာ နေခဲ့ရတဲ့ အကြောင်းတွေနဲ့ အင်္ဂလိပ်ခေတ်မှာ ပေါ်ခဲ့တဲ့ တဘောင် တစ်ခု အကြောင်းပါ။ အဲဒီတဘောင်ကို အဘိုးက ခဏခဏ ရွတ်ပြပြီး အဓိပ္ပါယ် ရှင်းပြခဲ့ဖူးပါတယ်။ တဘောင်ဆိုတာ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ် ကံကြမ္မာ အကြောင်းကို ထင်ဟပ်ပြတဲ့ စာစုလေးတွေလို့ အဘိုးက ပြောလေ့ရှိတယ်။ မြန်မာ့ သမိုင်းကြောင်း တလျှောက် ဖြစ်ပြီးတာတွေ၊ နောင် ဖြစ်လာမည့် အကြောင်းအရာတွေကို ဘယ်သူက `စ´ လိုက်မှန်းမသိတဲ့ ကဗျာလိုလို စာချိုးလိုလို ရွတ်ဆိုလို့ ကောင်းတဲ့ တဘောင်ကို အင်္ဂလိပ်ခေတ်မှာ ကလေးတွေ အပါအ၀င် လူကြီးတွေပါ ရွတ်ဆိုကြတယ်လို့ ပြောပြဖူးပါတယ်။ ပြီးတော့ အားလုံး မှန်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။ အဲဒီ တဘောင်က ဦးနေ၀င်း အာဏာ သိမ်းတဲ့ အကြောင်းအထိပါဝင် တယ်တဲ့။ ကုန်းဘောင် ခေတ်ကနေ နောက်ဆုံး မဆလ ခေတ်အထိပေါ့။ (နောက်ပိုင်းတော့ ဘာတဘောင် ပေါ်လဲ သူ မသိတော့ဘူးတဲ့။) သူ ရွတ်ပြလေ့ရှိတဲ့ တဘောင်ကို ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော့် အဘိုး ကွယ်လွန်သွားခဲ့တာ ၅ နှစ်ခန့်ရှိပါပြီ။ ပြန်မမေးနိုင်တော့ပါ။ (မှတ်မိတဲ့ သိရှိတဲ့ လူများရှိလျှင် ပြောပြပေးပါ။) ဒါပေမယ့် ဦးနှောက်ထဲ ဆွဲမိတဲ့ စာ တစ်ကြောင်းတော့ရှိတယ်။

"မုဆိုးကို ထီးရိုးရိုက်မည်။
ထီးရိုးကို မိုးကြိုးပစ်မည်"

မုဆိုးဆိုတာက မုဆိုးဖိုရွာကနေ တည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ကို ဆိုလိုပြီး၊ ထီးရိုးလို့ ဆိုလိုတဲ့ အင်္ဂလိပ်က တိုက်ခိုက် သိမ်းပိုက်တာကို ပြောတာပါ။

အဲဒီနောက် အင်္ဂလိပ် အစိုးရကို မိုးကြိုး ပစ်မယ်လို့ ပြောတာပါ။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာနဲ့ ဂျပန် ပူးပေါင်းထားတဲ့ ပထမဆုံး စစ်ကြောင်းရဲ့ တပ်ဦးက ချီလာတဲ့ ဂျပန်စစ်ဗိုလ် (ဆူဇူကီး ထင်ပါတယ်) ကို ဗိုလ်မိုးကြိုးလို့ နာမည်ပေးပြီး အင်္ဂလိပ်ကို စတင် တိုက်ခဲ့တယ်။ နိုင်လဲ နိုင်ခဲ့တယ်လို့ အဘိုးက အဲဒီ တဘောင်ကို ရှင်းပြခဲ့ဖူးတယ်။ ထီးရိုး ဘုရင် အင်္ဂလိပ်ကို၊ ဂျပန် မိုးကြိုးက ပစ်ပြီး မောင်းထုတ်နိုင်တဲ့တယ်လို့ ဆိုလိုပါတယ်။

အခုလည်း ချစ်သူလေး ဆိုတဲ့ တစ်ယောက်က မေးလ်ထဲကို တဘောင်တစ်ခု ပို့လာလို့ အားလုံး သိရအောင် ပြန်လည် ဖြန့်ဝေလိုက်ပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ ......
(ကိုထိုက်)

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။

ဒီတဘောင်လေးကို ဘလော့မှာတွေ့ လို့ အရင်ကလည်းကြားဘူးတာနဲ့ သူငယ်ချင်းတယောက်နဲ့ ပြန်ပြီးစုံစမ်းကြည့်ပါတယ်။

အဲဒီတဘောင်ဟာရခိုင်ကနေလာပါတယ်လို့ ဆိုပါတယ်။
အဲဒီတဘောင်ကိုလုပ်ခဲ့တဲ့ရခိုင်နတ်ခတ်ဆရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သက္ကရာစ်အပိုင်းအခြားအလိုက်တဘောင်တွေလုပ်ခဲ့ပါတယ်။
အခုတဘောင်ဟာအခုအချိန်အပိုင်းအခြားအတွက်တဘောင်ဖြစ်လို့ ပြန်လည်ဖော်ထုတ်ထားတာဖြစ်ပါတယ်။
2001ခုနှစ်မှာဆရာတော်လေးပါးဟာတိုင်ပင်ခြင်းမရှိပဲနဲ့ မင်းဓမ္မတောင်မှာဆုံပြီးဘုရားစတည်ဖို့ ကြိုးစားတာလေးပါးလုံးအဖမ်းခံရပါတယ်။
ဦးဆောင်တာကတော့လက်ခတ်တောင်ဆရာတော်ပါ။
အဲဒီနောက်မှာတော့ခင်ညွန့် ဟာသူ တို့ ပါသာအဲဒီမှာဘုရားတည်ပါတယ်။ တဘောင်ကိုရှောင်တာပါ။
အဲဒီတဘောင်အလိုအတိုင်းပဲတေဇကသူ့ အိမ်ဖြစ်တဲ့တက္ကသိုလ်ရိပ်သာလမ်းမှာဒေါင်းမွေးခဲ့ပြီးခင်ညွန့် ပျောက်သွားပါတယ်။ နောက်ပိုင်းမှာတေဇ နာမယ်ကြီးလာပါတယ်။တဘောင်အလိုအရတော့တော်ကောက်ခံရတာပါ။
အဲဒီတဘောင်တရ ၁၀၁ပါးသောမင်းနဲ့ ဆရာတော်လေးပါးကူညီရင်ဒေါ်အောင်ဆန်းစုကြည်အာဏာရမယ်လို့ ပါပါတယ်။
(တကယ်လို့ UN ကမြန်မာ့အရေးကို ထောက်ခံချက်တောင်းရင် ထောက်ခံတဲ့နိုင်ငံ101နိုင်ငံရှိချင်ရှိနိုင်မယ် ထင်ပါတယ်)
ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာကအန်တီစုဟာအာဏာရပြီးတနှစ်အကြာမှာကွယ်လွန်မယ်။ အဲဒီနောက်မှာအာဏာရမှာလဲအမျိုးသမီးပါပဲတဲ့။
အဲဒီအမျိုးသမီးသက်တမ်းကုန်ချိန်မှာမြန်မာပြည်ဟာအထွတ်အထိပ်နိုင်ငံဖြစ်နေပြီလို့ ဆိုပါတယ်။
နအဖဖျက်ခဲ့သမျှအမျိုးသမီး၂ဦးကပြင်မယ်လို့ ဆိုပါတယ်။
(အဲဒါကိုပြန်ပြောပြတဲ့သူငယ်ချင်းကလည်းသေချာမမှတ်ထားလို့ ဘယ်စာကြောင်းကဘယ်ဟာမှန်းမသိတော့ပါဘူး
ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူတွေအားတတ်စေချင်တာပါ. အဲဒီတဘောင်စကြားဘူးကာစက ကျမလုံးဝမယုံခဲ့ပါဘူး.2001ခုနှစ်လောက်ကကြားတာပါ.အခုလဲအန်တီစုနောက်မှာရောက်လာမယ့်
အမျိုးသမီးဆိုတာဘယ်လိုမှကိုစဉ်းစားလို့ မရပါဘူး.ဒါပေမယ်မြန်မာပြည်အထွတ်အထိပ်ရောက်ဖို့ ရာကျွန်မတို့ သားသမီးလက်ထက်မှာကောင်းဖို့ ရာအခု
အချိန်မှာပြောင်းလဲမှဖြစ်မှာပါ.မင်းဓမ္မမှာဘုရားတည်ခြင်းနဲ့ သူတို့ ရှောင်ခဲ့ပေမယ့်19နှစ်မှာဖြစ်လာမယ့်အရေးကိုသူတို့ မရှောင်နိုင်ခဲ့ပါဘူး..ကြိုးစားကြပါစို့ )
ကျန်တဲ့ဘလော့ဂါများကိုလဲပြောပြပေးပါရှင့်
ခင်တဲ့
ချစ်သူလေး

(နောက်ဆက်တွဲ)
တဘောင်တဲ့ ပက်သက်ပြီး နောက်ထပ် လာပို့တဲ့ မေးလ်တစ်စောင်ကတော့

တဘောင်အကြောင်းတင်ထားတဲ့ ပိုစ့်လေး ဖတ်လိုက်ရ လို့ ကျွန်တော် သူငယ်ချင်းပြောပြတဲ့ တဘောင်လေးကို ပြောပြချင်လို့ပါ

ကုန်းဘောင် နန်းဆက်ကို စတင်တည်ထောင်ခဲ့ သူဟာ `အ´ နဲ့ စတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ဖြစ်ပြီး နန်းစွန့် ပြေးရတဲ့လူကတော့ `သ´ နဲ့ စတဲ့ သီပေါမင်း ဖြစ်ပါတယ်..

နောက် တဖန်ပြန်လည်ထူထောင် သူက တော့ `အ´ နဲ့ စတဲ့ သခင် အောင်ဆန်းဖြစ် ပြီး နန်းစွန့် ပြေးရမယ့်သူကတော့ `သ´ နဲ့ စတဲ့ သန်းရွှေ ပါတဲ့
နောက် တကြိမ် ပြန်ထူထောင်မယ့် သူကတော့ `အ´ နဲ့ စတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့ ခင်ဗျား.......





7 comments:

Unknown said...

I like that Taboung ( furtue predition). I also had been heard that Taboung since 5 of 6 years ago. My grandmother told and tought me. It is likely smae the meaning. So let pray and tell truth.

zin said...

I also like that Ta buang. We have to pray to become true. But I don't want Anty Su to pass away after one year become a leader. It doesn't show regarding about Anty Su. It just finish the meaning of 101 countries' helps.

Tayy Aye Yate said...

တဘောင်
တဘောင် ဆိုတာကတော့ နောင်အခါမှာ မည်သို့ မည်ပုံ ဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်း ကို ဆိုလိုပါတယ်။
တဘောင်ဟူသည် လက်ရှိပစ္စုပ္ပာန်မှ အနာဂတ်အရေးအတွက် မျှော်တွေးပြောဆိုခြင်းလို့ မှတ်သားဖူးပါတယ်။

အခု တဘောင်တွေဟာ ကြိုတင်ပြောဆိုထားတာလားဆိုတာကိုလည်း လေ့လာသုံးသပ်စေလိုပါတယ်။

ဒီမှာရေးထားတဲ့ တဘောင်ကို တတ်သဘောက်မှတ်သဘောက် ဖြည် ကြည့်ပါမယ်။
မမှန်တော့လည်း ဥာဏ်မမှီလို့ ပဲ မှတ်ယူပါ။

-ဂငယ်လေးဆူ အုတ်သစ်ထူ
ဂငယ်လေးဆူ ဟာ ၈၈၈၈ ကို ဆိုလိုပါတယ်။
၈၈၈၈ မှာ ဒီမိုကရေစီအတွက် အုတ်မြစ်ချတယ်လို့ သူကဆိုလိုသလိုလို ရှိပါတယ်။

-ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
၁၉၈၈ သြဂုတ်ကနေ ၂၀၀၇ ခုနှစ် သြဂုတ်လအထိကို ရေတွက်ကြည့်ရင်တော့ ဆယ့်ကိုးနှစ်ပြည့် ပြီပေါ့။

-ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
၁၉ နှစ်ကျော်တော့ တစ်ခါပြန်ပြီး ဒီမိုအတွက် ၈၈ လိုပြန်လည်တောင်းဆိုတဲ့ ဟာ တစ်ဖန်ပေါ်ပေါက်လာပါပြီ

်-ပေါ်သည့်ဦးခေါင်း နေထီးဆောင်း
ပေါ်တဲ့ ဦးခေါင်း ဆိုတာကတော့ အဲဒီ ၈၈၈၈ ကိုပဲ ပြန်ဆိုလိုတာပါ။ နေထီးဆောင်း ကိုရှင်းရင်တော့ နေထီးဆောင်းတာ ၊ လထီးဆောင်းတာ ကို မြင်ဖူးတဲ့သူတွေ သိမှာပါ ။ ၀၀၀၀ လို့ သူက ဆိုလိုပါတယ်။ သုညဟာ ဘာမှ တန်ဖိုး မရှိဘူးလို့  တဘောင်ထုတ်တဲ့သူက ပြောပါတယ်။(ဘာအဓိပ္ပါယ် နဲ့ ပြောသလဲတော့ တဘောင်ထုတ်တဲ့သူကို ပဲ မေးကြည့်ကြပါ) ။ အဲဒီတော့ လပြည့်နေ့ မှာပဲ အတိတ်နိမိတ်ဖော်ဆောင်ပြီး သုညဖြစ်နေတဲ့ အချိန်မှာ လက်စတုံး လုပ်ပါတယ်။

- ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
အများအမြင်မှာတော့ ဘုန်းကြီးလို့ ထင်ပါလိမ့်မယ်။ ကျနော်ယူဆတာကတော့ အပေါ်က ပြောတဲ့ သုညကို ပဲ ဆိုလိုတယ်လို့ ထင်ပါတယ်။ အဲဒီ သုညတွေ လမ်းပေါ်မှာ အတုန်းအရုံးလို့ တဘောင်သမားက ပြောတယ်။

-တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဒီနေရာမှာ ၂ ချက်ပါ ပါတယ်။
တစ်ရောင်ထဲဆိုတဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆိုရင် မင်းပျက်မယ်လို့ တဘောင်သမားက ပြောပါတယ်။
နောက်တစ်ချက်ကတော့ တူညီဝတ်စုံနဲ့ ထွက်မယ်ဆိုရင် မင်း (၀တ်ဆင်တဲ့ လူရဲ့ နာမ်စား) ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေမယ်လို့ တဘောင်သမားက ပြောပါတယ်။ အပေါ်က အချင်းအရာတွေကို ဆက်ရင်တော့ ဒုတိယ အကြောင်းအရာကိုပဲ တဘောင်သမားက ပြောချင်တာဖြစ်ပါမယ်။

ကျန်တဲ့ အပိုင်းက အဖြည့်ခံ အနေနဲ့ တဘောင်သမားက မသိမသာ ဖြည့်ထားတာလို့ ယူဆပါတယ်။

လံကြုတ် တဘောင် လို့ ကျနော့် အနေနဲ့  ယူဆပါတယ်။

မကောင်းတဲ့ နိမိတ်ကိုဆောင်တဲ့ တဘောင်ကို ပြောဆိုတာ ၊ ပျံ့ နှံ့ အောင် ပြုလုပ်တာဆိုရင်တော့ မကောင်းမွန်လှပါဘူး။

ကြုံတုန်း နောက်တဘောင်တစ်ခုကို ပြောချင်ပါသေးတယ်။
မိတ္ထီလာ သား လို့ ပြောပါတယ်။
တဘောင်ကတော့....

ရန်ကုန်ရေမြုပ် သန်းရွှေပြုတ်
ကြက်ဆူဆီထွက် စုကြည်တက်

အဲဒါနဲ့ နောက်ဆက်တွဲကို သူပဲ Cbox မှာ ရေးထားပါတယ်။

ကြက်ဆူဆီသုံး စုကြည်ဆုံး တဲ့ ...

စဉ်းစားသာ ကြည့်ကြပါအုံး....

အကောင်းဆုံးကတော့ တစ်ဘက်လှည့်နဲ့ လိုက်ရေးနေတဲ့ ဟာတွေကို ပျံ့ နှံ့ အောင် ၊ လူတွေ ပါးစပ်ဖျားမှာ မပြောဖြစ်အောင် တားဆီးပေးပါလို့  အကြံပြု ချင်ပါတယ်။

Unknown said...

oh no! I don't want Aunty Suu to die after just one year of leadership. I want her to lead the country for at least 10 years! I hope it is like that.

မလေးမေ said...

တေးရိပ်ရေ.. အခုလိုကူညီပြီးတဘောင်ကိုဖြည်ကြည့်တာကျေးဇူးပါ.ကျွန်မလဲကြားဘူးတာကိုပြောတာပါ။မကောင်းတဲ့ဘက်ကတွေးကြည့်တော့လဲဟုတ်ပါတယ်.ဒါပေမယ့် ၀၀၀၀ ဆိုတာကတုံးတုံးထားတဲ့ဘုန်းကြီးနေ.. နေထီးဆောင်းတဲ့အချိန်မှာနေကသိပ်မသာပါဘူး.နေဆိုတာ စနေနံနဲ့ နအဖလို့ တွေးလဲရပါတယ်.အကောင်းဘက်ကိုတွေးပေးကြပါရှင်.အဲဒီတဘောင်အကြောင်းကြားဘူးတဲ့သူများလဲပြောပြပေးကြပါဦး.ကျွန်မသိသလောက်တော့တော်တော်လေးကြာပါပြိ.ဒီတဘောင်က.မကောင်းတဲ့ဘက်ကတွေးတာတော့မကြားမိလို့ လက်ဆင့်ကမ်းလိုက်တာပါ.ခင်တဲ့

nyeinchan said...

တေးအေးရိပ်ရေ မတူညီတဲ့ ကျွန်တော်ယူဆချက်လေးကိုလည် တင်ပြပါရစေ...
`ပေါ်သည့် ဦးခေါင်း နေထီးဆောင်း` ဆိုတဲ့ နေရာက စပြီးပြောချင်ပါတယ်။ ပေါ်သည့် ဦးခေါင်း ဆိုတာ ဒီပေါပေါက်မှု့ကို ခေါင်းဆောင်သူတွေလို့ ယူဆပါတယ်။ သူတို့တွေကို နေထီးဆောင်းနေတဲ့အခါမှာ တွေ့ တဲ့ အပြင်က ၀ိုင်းရံထားတဲ့ ပုံလို နိုင်ငံတကာရဲ့ ၀ိုင်းဝန်းထောက်ခံအားပေးမှု့ ကို အရင်တုန်းကထက်ပိုရမှာ မျိုးဖြစ်ပါတယ်။ `ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်` ကတော့ ရှင်းပါတယ် ဘုန်းကြီးတွေကို သာ ဆိုလိုရင်းဖြစ်ပါတယ်။ ဒီထက်မက ဘုန်ကြီးတွေ လမ်းပေါထွက်လာအုံးမှာပါ။ ပြီးတော့ `တစ်ရောင်ထဲထွက် မင်းလည်းပျက်` မှာ အရောင် အဆင်းကို ပြောတာမျိုးလို့ မယူဆပါဘူး။ မြန်မာပြည်မှာ ဒီထက်မကတဲ့ သွေးမြေကျမှု့ တွေ။ ငတ်ပြတ်မှု့ တွေ ဆက်ပြီကြုံ့ တွေရအုံးမှာ ဖြစ်ပါတယ်။ တပ်မတော်သား၊ ပြည်သူလူထုအာလုံး သာသနာကို ကာကွယ်ရတော့မယ်ဆိုတဲ့ စိတ်ဓါတ် အသွေးအရောင် တစ်ရာင်ထဲ ဖြစ်လာမည်။ ဖြစ်လာပြီး မင်းစိတ် ဘုရင်စိတ် ပေါက်သူ ရဲ ပျက်စီးခြင်းကိန်းကို မုချ ရောက်ရှိပါ လိမ့်မည် လို့ ယူဆလို့ ရပါတယ်။

Eduking said...

အပေါ်ဆုံးက တဘောင်ကို ကျွန်တော်လည်း ဖတ်ဖူးပါတယ်..
ကျွန်တော့် အထင် ရဲဘော် ၃ ကျိတ်စာအုပ် သို့မဟုတ် ဗိုလ်ချုပ် စာကြည့်စားပွဲမှာ ထိုင်နေတဲ့ အဖုံးနဲ့ စာအုပ်.. တစ်အုပ် အုပ်မှာ ပါမယ်ထင်တယ်...
ဖတ်ခဲ့တာ တော်တော်လေးကြာပြီဖြစ်တဲ့အတွက် ကျက်ထားပေမယ့်လည်း မေ့နေပါတယ်..
လေ့လာချင်သူများ ရှိရင် ရှာဖွေလေ့လာနိုင်ပါတယ်..