Sunday 10 February 2008

နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .. အပိုင်း(၂)

(လက်တွေ့အားဖြင့် နအဖက ယခု ပြုလုပ်မည်ဟုပြောသော ဆန္ဒခံယူပွဲဆိုသည်မှာ ယုတ္တိကင်းမဲ့လွန်းလှပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူပေါင်း သန်း(၅၀) တွင် လူဦးရေ တစ်သောင်းပြည့်အောင်ပင် သူတို့ ရေးဆွဲနေသော အခြေခံမူတွင် ပါဝင်သော အချက်များကို လုံးဝ သိရှိခြင်း မရှိပေ။ ပြည်သူများ မသိသည်ကိုလည်း သိရှိလာနိုင်အောင် ထိရောက်သည့် သတင်းထုတ်ပြန်ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။

ထိုသို့ လူမသိသော အခြေခံမူကို ပြည်သူတွေက ထောက်ခံခြင်း ရှိ၊ မရှိ ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ပြောနေခြင်းမှာ အဆိုပါ နအဖ တဖွဲ့လုံး မည်မျှအထိ အာဏာရူးကာ ဦးနှောက်မဲ့နေသည်ကို ဖေါ်ပြနေခြင်းသာ ဖြစ်ပါသည်။ အထက်ပါ အချက် တစ်ချက်ထဲဖြင့်ပင် နအဖ ပြုလုပ်မည် ဖြစ်သော ဆန္ဒခံယူပွဲကို ကန့်ကွက်ရန် လုံလောက်သော အချက်ဖြစ်နေပါသည်။

နောက်တချက် အားဖြင့်လည်း အမျိုးသားညီလာခံကို ဝေဖန်သည့်သူများအား ထောင်နှစ်ရှည် ချနိုင်သည့် ဥပဒေများထုတ်ပြန်ထားခဲ့ပြီး ပြည်သူများ ဝေဖန်နိုင်စွမ်းမရှိသော အခြေခံဥပဒေအား ပြည်သူများက ထောက်ခံရမည် ဆိုသည်မှာလည်း အတော်ပင် ယုတ္တိမဲ့နေပြန်ပါသည်။)


လမ်းပြမြေပုံ ( ၇ ) ချက်နှင့် ညောင်နှစ်ပင် ညီလာခံ

( ၂၀၀၃ ) ခုနှစ်၊ မေ ( ၃၀ ) ဒီပဲယင်း ပြဿနာကို လှည့်စားလိုသောကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က လမ်းပြမြေပုံ ( ၇ ) ချက်ကို ထိုနှစ် သြဂုတ်လ ( ၃၁ ) တွင် ချပြခဲ့ပါသည်။ ပြည်သူများအား မျက်စိလည်သွားစေရန် အသွင်ပြောင်းထားသော်လည်း နဂိုရ်ရုပ်ကိုကား ဖုံးကွယ်၍ မရနိုင်ပါ။ အရက်ဟောင်းကို ပုလင်းအသစ်ထဲ ထည့်လိုက်ခြင်းသာလျှင် ဖြစ်သည်။

တတ်ရောက်သော ကိုယ်စားလှယ် အများစုမှာ စစ်မှန်သော လူထုကိုယ်စားလှယ်များ မဟုတ်ဘဲ၊ အာဏာပိုင်တို့ စိတ်တိုင်းကျ ခေါင်းခေါက် ရွေးချယ်ထားသူများသာ ဖြစ်သည်။ ထိုသူတို့သည် တိုင်းပြည်ကို ချောက်ထဲကျအောင် တွန်းပို့သူများသာ ဖြစ်သောကြောင့် သမိုင်းတရားခံ အစစ်အမှန်များဖြစ်ကြောင်း ပြည်သူလူထုကြီးက သတ်မှတ် မော်ကွန်းထိုးရမည်။

အခြေခံမူ ( ၁၀၄ )ချက်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်


(က) နိုင်ငံတော်နှင့် စပ်လျဉ်းပြီး

- ၁ - ( ၁ ) မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်။

အခြေခံမူ ( ၁ ) အရ အချုပ်အခြာအာဏာပိုင် အစစ်အမှန်မှာ ပြည်သူလူထုသာလျှင် ဖြစ်သော်လည်း စစ်အာဏာပိုင်တို့သာလျှင် ကြီးစိုးပိုင်ဆိုင်သော ပြည်သူ့ဘ၀ မလွတ်လပ်သည့် နိုင်ငံဖြစ်နေကြောင်းထင်ရှားပါသည်။


-၂ - ( ၂ ) နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်မည်။

အခြေခံမူ ( ၂ ) အရ ပြည်ထောင်စု သဏ္ဍန် မပေါ်လွင်ဘဲ သမ္မတဆိုရာ၌လည်း ဗိုလ်ချုပ်ကြီးများသာ ဖြစ်လာနိုင်ပါသည်။

-၃ - ( ၃ ) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်သည်။

အခြေခံမူ ( ၃ ) အရ နိုင်ငံတော် အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဟု ဆိုထားသဖြင့် နိုင်ငံသားများရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ရမည်။ ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်သော တပ်မတော်သားများ ပါလီမန်သို့ ( ၂၅ ) ရာနှုန်းပါဝင်သည် ဆိုသည့် သတ်မှတ်ချက်အရ နိုင်ငံ့ အာဏာကို စစ်ဘက်မှ ဆင်းသက်စေရာ ရောက်နေပါသည်။


-၄- ( ၄ ) နိုင်ငံတော်၏ နယ်နိမိတ်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် ကျင်းပ တည်ရှိသည့်အတိုင်း ဖြစ်သည်ဟု အခြေခံမူများ ချမှတ်ပါသည်။

( ခ ) နိုင်ငံတော် ဦးတည်ချက်နှင် စပ်လျဉ်းပြီး နိုင်ငံတော်သည် - -


-၅ - ( ၁ ) ပြည်ထောင်စု မပြိုကွဲရေး

အခြေခံမူ အမှတ် ( ၅ ) အရ ပြည်ထောင်စု မပြိုကွဲရေး ( အကျိုး ) ကို ဖြစ်စေရန်အတွက် ယခု အဆင့်တွင် မပြိုကွဲနိုင်သော ပြည်ထောင်စုမျိုး တည်ဆောက်ရန်လိုသော(အကြောင်း)များ ထည့်သွင်း ဖေါ်ပြရန်လိုပါသည်။ နောင်ဖြစ်လာမည့် အကျိုးတရားများသည် ယခုပြုလုပ်သောအကြောင်းတရားများတွင် မူတည်ကြောင်း သဘောပေါက်ကြရမည်။

-၆ - ( ၂ ) တိုင်းရင်းသား စည်းလုံးညီညွတ်မူ မပြိုကွဲရေး

အခြေခံမူ အမှတ် ( ၆ ) သည် အလွန်အရေးကြီးပါသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မည်သည့် အဖွဲ့အစည်းမဆို ပါးစပ်ကပြောဆိုချင်းထက် လက်တွေ့လုပ်ပြဖို့ရန် လွန်စွာ အရေးကြီးပါသည်။ တိုင်းရင်းသားများ အချင်းချင်း အမျိုးသားနိုင်ငံရေး တန်းတူ ညီမျှမူ တည်းဟူသော အခြေခံ အုတ်မြစ်ပေါ်တွင် တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် ရရှိစေနိုင်ပါမည်။


-၇ - ( ၃ ) အချုပ်အခြာ အာဏာတည်တံ ခိုင်မြဲရေး

အခြေခံမူ အမှတ် ( ၇ ) အတွက် အချုပ် အခြာ အာဏာပိုင်ရှင်မှာ ပြည်သူလူထုများသာ ဖြစ်ကြောင်း နားလည်ကြရစေမည်။ ပြည်သူ့အထက်တွင် မည်သူမျှ မရှိစေရ။

အခြေခံမူ (၅)(၆)(၇) အားလုံးသည် စကားလုံးများ၏ အဓိပ္ပါယ်ကိုသေချာ ပြန်ကြည့်လျှင် ကောင်းမွန်သော အပြုသဘော(positive)ဆောင်သည့် ရည်ရွယ်ချက် ဆိုတာထက် အဆိုးဘက်၊ အပျက်ဘက်(negative)မှ ကြည့်ကာ စစ်တပ်၏ လက်ဝါးကြီး အုပ်ကာ ချုပ်ကိုင်လိုသော သဘောထားကို မသိမသာ ညွန်းဆိုထားသော စကားလုံးများသာဖြစ်သည်။ အထက်ပါ အခြေခံမူ ၃ ရပ်စလုံးကို အကောင်အထည်ဖေါ်နိုင်ရန် စစ်တပ်သည် တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားရမည်ဆိုသော အဓိပ္ပါယ်ကိုသာ ဖေါ်ဆောင်ပါသည်။


-၈ - ( ၄ ) စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး

အခြေခံမူအမှတ် ( ၈ ) အရ စစ်မှန်သောပါတီစုံ ဒီမိုကရေစီ ထွန်းကားရန်အတွက် စစ်မှန်သော ဒီမိုကရေစီကိုသာ ဦးတည်ကြရမည်။ ကြိုးတပ်ထားသော ရုပ်သေးရုပ် ဒီမိုကရေစီဆိုလျှင် စစ်မှန်သော ဒီမိုကရေစီ မဟုတ်ကြောင်း ရှင်းလင်း ကွဲပြားရန်လိုပါသည်။


-၉ - ( ၅ ) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး

အခြေခံမူအမှတ် ( ၉ ) သည် ပါးစပ်ကပြောခြင်းထက် လက်တွေ့အရ အကောင်အထည် ဖေါ်ဖို့ရန် အရေးကြီးပါသည်။


-၁၀ - ( ၆ ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု အခြေခံ မူများ ချမှတ်ပါတယ်။

အခြေခံမူအမှတ် ( ၁၀ )သည် အခြေခံမူ အမှတ် ( ၈ ) နှင့် ၀ိရောဓိ ဖြစ်စရာပင်တည်း။ စစ်မှန်သော ဒီမိုကရေစီ နည်းအရ နိုင်ငံသူနိုင်ငံသားတိုင်းက ရွေးချယ်တင်မြှောက်ခြင်း ခံရသော လူထုကိုယ်စားလှယ်များကသာလျှင် ဦးဆောင်ရပါမည်။ တပ်မတော်သည် အခွင့်ထူးခံ သူကောင်းမျိုးနွယ်မဟုတ်ကြောင်းနားလည်ကြရပါမည်။

တပ်မတော်သည် နိုင်ငံ၏ ၀န်ကြီးဌာန တစ်ခုသာ ဖြစ်သည်။ နိုင်ငံ အုပ်ချုပ်မူစနစ်၏ လက်တံ တစ်ခုမျှသာ ဖြစ်သည်။ အခြား ၀န်ကြီးဌာနများကဲ့သို့သာ ခံစားခွင့် အခွင့်အရေးရှိစေရမည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတွင် ၀န်ကြီးဌာန အဆင့်ထက်ပိုသော အုပ်ချုပ်မှု ကဏ္ဍများတွင် ပါဝင်စေခြင်း မရှိစေရ။ တပ်မတော်အကြီးအကဲများသည် နိုင်ငံတော်အုပ်ချုပ်မူ ကဏ္ဍများတွင်းပါဝင်လိုသော ဆန္ဒရှိပါက တပ်မတော်မှ အနားယူရမည် ဖြစ်သည်။ တပ်မတော်နှင့် နိုင်ငံတော် အုပ်ချုပ်သူ အဖြစ် ပူးတွဲ မဖြစ်စေရ။

( ဂ ) ပါတီစုံ ဒီမိုကရေစီနှင့် စပ်လျဉ်းပြီး

-၁၁- နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု အခြေခံမူများ ချမှတ်ထားပါသည်။

အခြေခံမူ ( ၁၁ ) သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဟု ဖေါ်ပြထားသောကြောင့် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူသော ပြဌာန်းချက်ကို အဓိပ္ပါယ် ကင်းမဲ့စေပါသည်။

ဆက်ရန်
(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

1 comment:

Anonymous said...

免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費線上a片免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看免費a片觀看線上aa片免費看線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片線上aa片免費影片sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看sex520aa免費片看免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片免費A片線上看aa片線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網線上免費a片網a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上看aa片免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看a片線上免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看AA片免費看小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女小魔女免費a片小魔女情色遊戲免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片免費線上成人影片情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說情色文學成人小說