Sunday 13 April 2008

London ThinGyan (Burmese New Year)

လန်ဒန်မြို့ သာသန ရံသီ ဘုန်းတော်ကြီးကျောင်းမှ ကြီးမှုး၍ မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို ၂၀၀၈ ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့တွင် ပျော်ရွှင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

ဒေါင်းနီလူငယ်များ၏ ရိုးရာ သင်္ကြန် သံချပ်များ၊ ဒေါင်းအိုးဝေဝေ ရိုးရာသစ် အငြိမ့်၊ The Nox စင်တင် တေးဂီတနှင့်အတူ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ မြန်မာပိုင်းမှ အသံလွှင့်ဇာတ်လမ်း တင်ဆက်သွားပြီး လူကြိုက်များခဲ့သည့်၊ ပန်းချီဆရာ ကိုထိန်လင်းနှင့် ကိုသိန်းမြတ်တို့ တွဲဖက် ရေးသားသော "လျှော်ကန်သင့်မြတ်လှ ကြောင်းပါ" ပြဇာတ်ကို လန်ဒန်ရောက် မြန်မာလူငယ်များမှ ဝိုင်းဝန်းကပြ တင်ဆက်သွားကြပါသည်။

သင်္ကြန်ပွဲတွင် သာသန ရံသီ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရမှ ပြည်သူချစ်သော အနုပညာရှင် ကိုဇာဂနာအား ဂုဏ်ထူးဆောင် အနုပညာရှင်ဆုကို ချီးမြှင့် ခဲ့ပါသည်။ ထိုဆုကို ပန်းချီဆရာကိုထိန်လင်းမှ ကိုဇာဂနာ့ ကိုယ်စား တတ်ရောက် ဆုယူခဲ့ပါသည်။

ထို သင်္ကြန်ပွဲတွင် ပျော်ပွဲရွှင်ပွဲများသာ မက၊ မြန်မာ့ နိုင်ငံရေး သရုပ်ကို ထင်ဟပ်စေပြီး ဦးနှောက်မရှိသော ဘုရင်ရူး၏ လုပ်ချင်ရာ လုပ်သော ဇာတ်အိမ်ကို နောက်ခံ၍ ပြသသွားသော အဆိုပါ "လျှော်ကန် သင့်မြတ်လှကြောင်းပါ" ပြဇာတ်ကို အထူး လူကြိုက်များ နှစ်သက်မှု ရှိကြောင်း သိရပါသည်။

နောက်ဆုံး သတင်း အဖြစ် မကြာခင် အချိန်အတွင်းမှာ အဆိုပါ ပြဇာတ်ကို DVD အခွေထုတ်၍ မြန်မာပြည်တွင်း အထိ ဖြန့်ချီ သွားမည် ဖြစ်ကြောင်း သိရပါသည်။


ဒေါင်းနီ လူငယ်များ၏ သံချပ်

ဒေါင်းအိုးဝေဝေ ရိုးရာသစ် အငြိမ့်

ကိုဇာဂနာ့ကိုယ်စား ပန်ချီဆရာ ကိုထိန်လင်းမှ ကျေးဇူးတင်စကား ပြောစဉ်

အားပေးနေသော ပရိတ်သတ်

ဘုရင် မင်းတရားကြီးနှင့် သမီးတော်

ပြည်သူလူထု၊ ဝန်ကြီးနှင့် (၃၀၀၀-ကျပ်) တန် စွမ်းအားရှင် ရဲမတ်များ


ကိုရင်ဂျမ်း၊ မပန်းမှုံ၊ ဘုရင်၊ တရားရေး အမတ်ကြီး ဦးပေတိုးနှင့် ရဲမတ်များ

2 comments:

Hteink Min said...

လူတွေများတော့ ပြောနိုင်တာပေါ့.. ဟက်ဟက်.. ဒီမှာ လူနဲတယ် ကိုထိုက်ရ.. ဖင်လန်သင်္ကြန်တော့ အယောက်၁၀၀ ဖြစ်အောင် မြို့ကြီး နှစ်မြို့ စုထားရတာ..

ဝမ်းသာပါတယ်ဗျာ.. အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အတွက်.. ဒီဗီဒီ ထွက်ရင် ပြေပြပါဦး..

ထိုက်မင်း
http://www.hteinkmin.com http://www.hteinkmin.blogspot.com http://www.hteinkmin.myanmarbloggers.org

Anonymous said...

聊天室交友 網色美眉部落格sex999 免費影片免費視訊173liveshow免費視訊聊天室免費視訊gogo免費視訊ggo免費視訊美女免費視訊交友免費視訊聊天區視訊交友90739080視訊聊天室視訊美女34cc聊天室ukisssex888影片區sex888免費影片分享區sex888免費電影豆豆聊天室dodo豆豆聊天室辣妹視訊辣美眉173show影片視訊聊天室sogou搜狗音樂百分百貼影片區aaaa片免費看日本美女寫真集百分百貼圖區線上a片色咪咪影片免費視訊聊天免費影片免費視訊本土自拍免費聊天情色自拍情色貼片區本土自拍網情人視訊高雄網情人視訊聊天室視訊交友網男人幫論壇免費ava片線上看免費av18禁影片台灣kiss情人視訊網色色網a片天下第一色站小魔女免費影片小幻好玩遊戲小澤瑪莉亞小弟弟貼影片aaaaa片俱樂部影片卡通aa片子百分百貼成人圖片百分百貼影片區尋夢園聊天室交友愛情館交友愛戀速配網交友ggoo交友聊天室pc交友愛叭噗小遊戲aio交友愛情館aa免費看影片383成人影城