Saturday 3 May 2008

မုန်းတိုင်းအတွက် ကူညီကြပါရန် နှိုးဆော် အပ်ပါသည်။

အားလုံး သိပြီးလောက်ပြီထင်ပါတယ်၊ မသိသေးလဲ ..... သိသလောက် ရထားတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမုန်းတိုင်းဝင်တဲ့ သတင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေပါ။

တနာရီ မိုင် ၁၀၀ ကနေ ၁၅၀ အတွင်း ပြင်းအားရှိတဲ့ နာဂစ်(Nargis) ဆိုတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်ပြီး မေလ ၂ ရက်နေ့ ညပိုင်းမှ စ၍ ရန်ကုန်မြို့တွင် တိုက်ခတ်ခဲ့ပါသည်။

ရထားသော သေချာသည့် သတင်းတွေအရ ရန်ကုန် လေဆိပ်ကို ပိတ်ထားရပြီး၊ လျှပ်စစ်မီးများ ပျက်တောက်နေပါသည်။ ဖုန်းလိုင်း အချို့သာ အဆက်အသွယ်ရပြီး၊ အင်တာနက် အဆက် အသွယ်လုံးဝ မရပါ။ ရန်ကုန်မြို့အပါအဝင် အခြားမြို့များတွင် ရေကြီးနေပြီး၊ သစ်ပင်များလဲနေပြိုနေပါသည်။ အိမ်အချို့လည်း ပြိုကျ ပျက်စီးနေသည်ဟု သိရပါသည်။ ရန်ကုန်မြို့နေ လူများသည် ဘဝ တလျှောက်တွင် တခါမှ မကြုံဖူး ဆိုးရွားသည့် ရာသီဥတု ဒဏ်ကို ခံစားနေရပါသည်။

သတင်း အချို့ကို သိလိုလျှင်
မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ်ကျော်မည်
ရန်ကုန်လေဆိပ် ပိတ်ထားရ

မုန်တိုင်းပြီးသွားသည့် အချိန်တွင် ဆက်လက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ လူမှု ဒုက္ခများကို မြန်မာပြည်သူများ ဆက်လက် ခံစားကြရဦးမည် ဖြစ်ပါသည်။

ထိုကြောင့် လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့(ယူကေ)မှ ဦးစီးပြီး၊ Unity To Victory (U2V) မှ မြန်မာပြည်ရှိဒုက္ခသည်များ၏ ဒုက္ခများကို တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်နိုင်ရန် Fund များကို စတင် စုဆောင်းနေပြီ ဖြစ်ပါသည်။

ကူညီလှူဒါန်းလိုလျှင်

u2v@u2v.org.uk
tzhtike2004@gmail.com

ကိုကျော်စွာ (+44) 7828 890 224
ကိုသန့်ဇင် (+44) 7727 248 755
ကိုမိုးဆွေ (+44) 7773 325 635
ကိုမြတ်စိုးခိုင် (+44) 7939 222 932
ကိုထိုက် (+44) 7974 817 387

သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

3 comments:

Unknown said...

လှူတာကတော့ဟုတ်ပါတယ်
ကျွန်တော်တို့လှူတဲ့ဟာတွေကတကယ်လိုအပ်သူတွေမရရင်...........
မေးကြည့်တာနော်.................

Anonymous said...

how to help the myanmar people , this government says "no need to help of other place", how can we help tell us , we are stanby to help.

Anonymous said...

et正妹牆etwalls com麗的色遊戲et正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls comet正妹牆etwalls com正妹牆麗的色遊戲正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆正妹牆女優王國麗的色遊戲女優王國女優王國女優王國女優王國女優王國女優王國女優王國女優王國女優王國色情遊戲麗的色遊戲