Thursday 8 May 2008

မုန်တိုင်းနဲ့မ

စစ်အစိုးရဲ့ရက်စက်ကြမ်းကြုတ်မှုက ကမ်းကုန်ပြီ။

ဒင်းတို့ရဲ့ တာဝန်ကင်းမဲ့ပုံကလည်း အတိုင်းအဆမရှိလွန်လွန်းလှပြီ။

ပြည်သူလူထုအပေါင်းတို့

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကိစ္စမှာ ဒင်းတို့စစ်အစိုးရ ဘယ်လောက်အထိ လူမဆန်ရိုင်းပြသလဲ......စဉ်းစားကြည့်ကြ။

မုန်တိုင်းမကျခင် ၄၈ နာရီအလိုမှာ ဒီမုန်တိုင်းလာမယ်ဆိုတာ နိုင်ငံတကာက ကြိုတင်သတိပေးထားပါရက်နဲ့ ဒင်းတို့ဘယ်လောက်တာဝန်မဲ့သလဲ။ မုန်တိုင်းအကြောင်း ပြည်သူကိုဘာတွေအသိပေးခဲ့သလဲ။ ဘာတွေကြိုတင်ကာကွယ်ပေးခဲ့သလဲ။ ဘာမှလုပ်မပေးခဲ့တာ အားလုံးအသိပဲ။ ဒီကြားထဲကနေတောင် ၄၈ နာရီကြိုတင်သိပြီး အစိုးရရဲ့ကြိုတင်ဆောင်ရွက်မှုတွေကြောင့် များစွာသက်သာသွားတယ်လို့ ရုပ်မြင်သံကြားကနေ မျက်နှာပြောင်တိုက်ကြေငြာရဲတာဟာ... ဒင်းတို့..... လူတွေကိုလူမထင်လို့
စော်ကားရဲတာမဟုတ်လား။

အခု......လယ်ကွင်းထဲမှာ အလောင်းတွေ ပြန့်ကြဲကုန်ပြီ။ တချို့မိသားစုတွေတစ်ယောက်မကျန်သေကုန်ပြီ။ တချို့မိသားစုမှာ အဘွားကြီးနဲ့ကလေးတစ်ယောက်ပဲကျန်တာ နိုင်ငံတကာရုပ်မြင်သံကြားပေါ်မှာတွေ့နေရပြီ။
ကြားလိုက်ကြရဲ့လား။ ကြည့်လိုက်ရရဲ့လား။ အဘွားကြီးငိုတဲ့အသံ......။

”တစ်ယောက်မှမကျန်တော့ဘူး......တစ်ယောက်မှမကျန်တော့ဘူး.....။ ကျမနဲ့ဒီကလေးပဲကျန်တော့တယ်။ ကျမဘယ်လို ဖြေရမှာလဲ....တဲ့။”

စဉ်းစားကြည့်..ဒီအဖွားကြီး ဒီလိုဖြစ်တာ ခင်ဗျားမှာလည်း တာဝန်ရှိတယ်၊ ကျုပ်မှာလည်းတာဝန်ရှိတယ်....ဒီအစိုးရကိုဒီနေရာမှာ နေခွင့်အုပ်ချုပ်ခွင့်ပေးထားတဲ့ပြည်သူအားလုံး ဘယ်သူမှတာဝန်မကင်းဘူး။ ငါ့ကိုတော့မထိသေးဘူး...။ ငါတော့ချောင်နေသေးတယ်.... နေသာသလိုနေလိုက်ဦးမယ်ဆိုတဲ့အတွေးနဲ့ ရေသာခိုနေဦးမှာလား။ အားလုံးတမိုးအောက်မှာ အတူတူနေသမျှ ကံကြမ္မာက အတူတူပဲဆိုတာ တွေးမိကြရဲ့လား။ ဒီအတိုင်းလက်ပိုက်ကြည့်နေရင် အဲဒီကံကြမ္မာဟာ တစ်နေ့ခင်ဗျားတို့ ကျုပ်တို့ဆီကိုရောက်လာမှာ မလွဲဘူး။ ခင်ဗျားတို့ကျုပ်တို့ သားသမီးတွေဆီကို ရောက်ဦးမှာမလွဲဘူး။ ဒီအစိုးရရှိနေသမျှဒီကံကြမ္မာကမလွတ်ဘူးဆိုတာ သိကြပါ။

တချို့နေရာမှာရွာလုံးကျွတ် အမျိုးပျောက်အောင်သေကုန်ပြီ။ လူတွေရေထဲမှာ ပုပ်ပွနေတာ မြင်မကောင်းဘူး။ ကျွဲသေ၊နွားသေတွေနဲ့အတူ တိရစ္ဆန်လို သေကြရတာဟာ ဖြစ်သင့်လို့ဖြစ်ခဲ့ တာဟုတ်ရဲ့လား။ ကာကွယ်ချိန်ရခဲ့ရက်နဲ့ ဒီလိုဖြစ်ရတာဟာ ဘယ်လောက်ရင်နာစရာ ကောင်းသလဲ။ ဒီအလောင်းတွေကြည့်ပြီး ဒင်းတို့ဘယ်လိုနှလုံးသားမျိုးနဲ့ ခံစားကြသလဲ။ ဒီလိုပြစ်မှုမျိုးကျူးလွန်ထားပြီးနောက် ဒီလိုကုလားထိုင်မှာ ဘယ်လိုစိတ်မွေးပြီး အေးအေးထိုင် နေနိုင်ကြပါလိမ့်။

ဒင်းတို့လက်တဆုပ်စာ အာဏာရူးတာနဲ့....
ကြည့်စမ်း....
လူသိန်းနဲ့ချီပြီး ပိုးစိုးပက်စက်ဖြစ်ရပြီ။

ဒင်းတို့သတ်တာနဲ့ဘာထူးလဲ။ ဒင်းတို့ကြောင့်မဟုတ်ရင်ဘယ်သူ့ကြောင့်လဲ။ ဒင်းတို့.. စည်းစိမ်မက်လွန်းလို့......။ ဒင်းတို့..အာဏာရူးလွန်းလို့.......။ မဖုံးသင့်တာကိုဖုံးလို့....။ လုပ်သင့်တာကိုမလုပ်လို့......။

သူတို့အသုံးမကျလို့လူတွေသိန်းနဲ့ချီသေသွားတော့ရော....ဒင်းတို့နည်းနည်းလောက်မှ နောင်တရရဲ့လား။ ဒင်းတို့နည်းနည်းလောက်များ စိတ်မကောင်းဖြစ်ရဲ့လား။ ဒင်းတို့နည်းနည်းလောက်များ အစားအသောက်ပျက်သွားမယ်ထင်လား။ ဒင်းတို့နည်းနည်း လောက်များ အရက်သောက်ပျက်သွားမယ်ထင်လား။ ဝေးသေးတယ်။ ၀မ်းနည်းပါတယ်လို့များ ပြည်သူကိုပြောလို့လား......။ တာဝန်ရှိအစိုးရအနေနဲ့ ပြည်သူကိုတောင်းပန်လို့လား။ ဂျော့ခ်ျဘုရှ်တောင် ကက်ထရီနာမုန်တိုင်းတိုက်တုန်းက သူပေါ့လျော့တာအတွက် တိုင်းပြည်ကိုတောင်းပန်ရတယ်။
ခုတော့မတောင်းပန်ရုံတင်မကဘူး။
ကြည့်ကြဦး။
ဘာတွေထပ်လုပ်နေသလဲဆိုတာ။
နိုင်ငံတကာက မနေနိုင်လို့ လူအချင်းချင်း ဒုက္ခရောက်တာ မကြည့်ရက်လို့ ကူညီပါမယ်ဆိုတာတောင် ဗီဇာထုတ်မပေးဘူး။ ပေးတဲ့အကူအညီကို ချောချောချူချူလက်မခံချင်ဘူး။ ကဲ..ဘာသဘောလဲ။ ဆန္ဒခံယူပွဲမှာ သူတို့မဲလိမ်မှာ၊ မဲခိုးမှာ၊ ဆန္ဒခံယူပွဲမတိုင်ခင်မှာ သူတို့အတင်းအဓမ္မထောက်ခံမဲပေးခိုင်းတာကို လူသိကုန်မှာစိုးလို့ မဟုတ်လား။ ဒါကလွဲပြီးဘာရှိဦးမလဲ။

တဘက်ကိုလည်းကြည့်ဦး။ အချိန်မီအကူအညီမရရင် အငတ်ဘေး၊ ရောဂါဘေးနဲ့ နောက်ထပ်သေမယ့်လူက သိန်းနဲ့ချီသေဦးမှာ။ လူတွေသေမှာကြေမှာကို သူတို့အာဏာ ပွန်းပဲ့သွားမှာလောက်အလေးမထားဘူးဆိုတာ ဘယ်လောက်တောင် ထင်ရှားသလဲ။

ပြည်သူလူထုအပေါင်းတို့

ဒီအစိုးရ လုပ်ချင်တိုင်းလုပ်လို့မရအောင်၊ အကူအညီတွေလက်ခံလာအောင်၊ နည်းမျိုးစုံနဲ့ တိုက်တွန်းကြစို့.... ဖိအားပေးကြစို့....

ပြည်သူကလွဲပြီး ဘယ်သူ့ကိုမှ ဒီအစိုးရ မကြောက်ဘူး။ ပြည်သူကိုတော့ သူတို့အကြိမ်ကြိမ်စော်ကားသည့်တိုင်အောင် ကြောက်တော့ကြောက်သေးတယ်။ သူတို့အကျိုးစီးပွားနဲ့ဆန့်ကျင်သူတွေထဲမှာ ရန်သူလို့သူတို့မကြေငြာရဲတာ ပြည်သူပဲရှိတယ်။

နိုင်ငံတကာကလည်း ပြောကုန်ကြပြီ။ မင်းတို့ဘာလို့ ဒီလောက်တောင်ခံနေကြသလဲတဲ့။ ကျုပ်တို့အခက်အခဲကိုတော့ သူတို့မသိဘူးပေါ့။ နောင်တချိန်မှာ သမိုင်းစာအုပ်ကို ဖတ်တဲ့လူတွေကလည်း အံ့သြကြဦးမယ်။ အဲဒီခေတ်တုံးကလူတွေ ဘာလို့များဒီလောက် ညံ့ကြသလဲပေါ့။ အခုချိန်မှာ ကျွန်ခေတ်တုံးကကျွန်တွေအကြောင်းကိုဖတ်ပြီး ကျုပ်တို့အံ့သြ သလိုမျိုးပေါ့။ နောက်မွေးမယ့်သားသမီးတွေမျိုးဆက်တွေကလည်း အဖေတို့အမေတို့ တာဝန်မကျေကြဘူးဆိုပြီး ကျုပ်တို့ကို အပြစ်တင်ကြဦးမယ်။

ဘယ်လိုလဲ......
ကျုပ်တို့ခေတ်ကျမှ ညံ့ကြတော့မှာလား.........။

ရဟန်းသံဃာကိုသတ်တဲ့အစိုးရ၊ ကျောင်းသားကိုသတ်တဲ့အစိုးရ၊ ပြည်သူကိုသတ်တဲ့အစိုးရ၊ ပြည်သူကိုရန်သူလိုဆက်ဆံသဘောထားတဲ့အစိုးရ၊ အဲဒီအစိုးရကို လက်ပိုက်ကြည့်နေကြတော့ မှာလား။ ဒီအစိုးရခြိမ်းခြောက်တာကို ကြောက်ပြီးသူ့အကြိုက်မဲထည့်ကြဦးမှာလား။ ထောက်ခံမဲထည့်မယ့်သူတိုင်း ဒီအစိုးရရဲ့သွေးစွန်းတဲ့ ဒုစရိုက်မှုမှာ ဘုမသိဘမသိ ကြံရာပါဖြစ်ကြမယ်ဆိုတာ မမေ့ကြပါနဲ့။ မဲလေးတစ်ပြားကိုတော့ရဲရဲပေးကြပါ။ အဲဒါကိုယ့်ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်ကျေကြပါ။ မဲတစ်ပြားဟာ မျက်မှောက်ခေတ် သမိုင်းကို ရေးနိုင်တယ်ဆိုတာ သတိရပါ။ မဲတစ်ပြားဟာ မျက်မှောက်ခေတ် သမိုင်းကို ပြောင်းပစ်နိုင်တယ်ဆိုတာ သတိရပါ။

အခြေခံဥပဒေကိုကန့်ကွက်ကြပါ။ စစ်အစိုးရကို ကန့်ကွက်ကြပါ။

အောင်မြတ်ဘုန်း

3 comments:

Anonymous said...

Yeah man you are right,
When I told to my friends to do something for the sake of Burmese people. I got the same answer from them.They told me that"we are the outsiders and there is nothing we can do".So I wanna ask, is there anything we can do as the outsiders?

Than Htaik Win said...

The junta knew the cyclone was coming . That's why they moved their military aircrafts to safer places prior to the cyclone.

I think they were planning how to get financial and political advantages out of the cyclone.

Anonymous said...

八國聯軍成人情色網八國聯軍成人情色網八國聯軍成人情色網八國聯軍成人情色網八國聯軍成人情色網八國聯軍成人情色網曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說曼雪兒免費小說sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex383線上娛樂場sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片sex999免費影片SEX520免費影片sex999免費影片sex999免費影片嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網嘟嘟情人色網85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城85cc免費影城SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片SEX520免費影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片一葉晴貼影片aa片免費看aa片免費看aa片免費看aa片免費看