Sunday 8 June 2008

နည်းနည်း ပြောပါရစေ

ကျွန်တော် ဟိုတနေ့က အယ်လဂျာဇီးက ဗွီဒီယိုသတင်း တစ်ခုကို ကြည့်ပြီး တစ်ခုခု လွဲနေတယ်လို့ ခံစားမိပါတယ်။ အကြောင်းအရာကတော့ ဆိုင်ကလုန်း ဒုက္ခသည်တွေ နယ်စပ်ကို ပြေးလာတယ်ဆိုတဲ့ သတင်း တစ်ခုပါ။

ဧရာဝတီတိုင်းက ဒုက္ခသည် တွေဟာ နယ်စပ်ကို ထွက်ပြေးလာတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။

ဧရာတီတိုင်းကနေ နယ်စပ်အထိ တောက်လျှောက် ခရီးလမ်းတွင် ကုန်ကျမယ့် စရိတ်နဲ့ သွားရမည့် လမ်းကြောင်းတွေကို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေအနေနဲ့ ငွေကြေးလည်း တတ်နိုင်မှာ မဟုတ်သလို၊ လမ်းကြောင်းကို သိနိုင်မယ်လည်း မထင်ပါ။ နောက်ပြီး လေဘေးဒုက္ခသည်များ အနေဖြင့် ထွက်ပြေးရန် အကြောင်းအရင်းလည်း လုံးဝ မရှိပါ။

အမှန်တကယ် ဒုက္ခရောက်နေသူများကို ကူညီရန် အသင့်ဖြစ်သော်လည်း တချို့သော သတင်းမှားမှုများကြောင့် ပုံရိပ် အမှားတွေ ဖြစ်လာကာ မလိုလားအပ်သည့် ပြဿနာများ ဖြေရှင်းနေရတတ်သဖြင့် သတိမူမိစေရန် တင်ပြလိုက်ပါသည်။

5 comments:

thitsa said...

Yes , I agree with you .
another at http://arzarni.blogspot.com/2008/06/blog-post_4299.html almost three quater you can see that . I don't think they are Refugees

kay kay said...

I agreed with you too....Cheers

ခင်မင်းဇော် said...

ကိုထိုက်ရေ
မြစ်ဝကျွန်းပေါ်က လူတချို့တွေ မဲဆောက်မှာ အလုပ် လာလုပ်နေတာ တွေ ရှိတယ်လေ။ မုန်တိုင်းတိုက်တော့ တချို့လူတွေက သူတို့အိမ်တွေကို ပြန်ကြည့်ကြတယ်။ သေတဲ့ လူတေါ အကုန် ပျက်စီးသွားသူတွေ ရှိတယ်မဟုတ်လား။ အဲဒီအခါ ကိုယ့်အမျိုး ကိုယ့်မိသားစုတွေို့ ဒီမှာပဲ လုပ်ကိုင်စာြး့ဖို့ ခေါ်လာကြတယ်လေ။ တကယ်ရှိနေပါတယ်။ မဲဆောက်မှာ မိဘသေလို့၊ တအိမ်လုံးမှာ ၂ ယောက်ကျန် သူ တယောက်ထဲ ကျန်သူတွေ ရောက်လာတယ် ဆိုတာ အမှန်ပါပဲ။

Unknown said...

I agree with you.

Helper for the Old Professor said...

check his feet...
Difference with local people and soldier feet. Most of the people are trained by the Navy intelligent Branch 12 , 13 ,14 , 10 .Within the Democracy's people.