Tuesday 24 June 2008

ခေတ္တရပ်နားခြင်း

နာဂစ် ရံပုံငွေ နှင့် မြန်မာနိုင်ငံအတွင်း အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး campaign တစ်ခု အတွက် အင်တာနက် နှင့် ကွန်ပြူတာ အလွယ်တကူ မရနိုင်သော နေရာ တစ်ခုသို့ ခရီးထွက်မည် ဖြစ်သဖြင့် ကျွန်တော်၏ ဘလော့မှ Post အသစ် တင်ခြင်းကို ယနေ့(၂၄.၀၆.၂၀၀၈) မှ စ၍ ၅ ရက်ခန့်၊ ခေတ္တရပ်နားထားမည် ဖြစ်သည်။ (သို့သော် အခြေအနေ တစ်ခုခုကြောင့် အဆင်ပြေလျှင် post တင်မည် ဖြစ်ပါသည်။)

ပို့စ် အသစ် မတင်နိုင်သည်မှ လွဲ၍ အခြားဘာမှ အပြောင်းအလဲ ရှိမည် မဟုတ်ပါ။

17 comments:

strike said...

mks said...
”ယူကေတွင်နေထိုင်ပြီး မြန်မာဝက်ဘလောက်လုပ်ချင်သူများအတွက်”

၁။ ပါးစပ်မှဆီမန်းမန်းသကဲ့သို့ “ အမေစု အမေစု၊ အဖေဦးအဖေဦး (ဦးတင်ဦး)” ဟု ရွတ်ရပါမည်။

၂။ မြန်မာသံရုံးရှေ့တွင်သွားရောက်ပြီး မိမိနှင့်အဆင်မပြေသူများ ၊ အဆင်မပြေသည့် အဖွဲ့အစည်းများ နံမယ်တပ်ပြီး ဆဲဆိုရပါမည်။

၃။ မြန်မာသံရုံးတွင် ကပ်ထားသောစာရွက်များအား ဓါတ်ပုံရိုက်ပြီး ရုံးပိတ်လျင် ပိတ်သည်၊ ဖွင့်လျင်ဖွင့်ပြန်သည်ဟု မိမိဘဘောက်တွင်တင်နိုင်ရပါမည်။

၎။ မြန်မာစာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် ငွေသိန်းပေါင်းမြောက်များစွာ လိမ်လည်ပြီး နယ်စပ်သို့ထွက်ပြေးသွားသော “ကဗျာဆရာအောင်ဝေး” ၏ကဗျာများအား မိမိဘလောက်တွင် တင်နိုင်ရပါမည်။

၅။ မြန်မာသံရုံးရှေ့တွင်သွားရောက်ပြီး ဖြူနီကြောင်ကျား အ၀တ်အစားများ ၀တ်ဆင်ကာ မြန်မာအလံပေါ်တွင် တက်ရောက်ခုန်ပေါက်ရပါမည်။

၆။ မိမိ၏ရန်ကုန်တွင် ကျန်ခဲ့သောမိသားစုများနှင့် ခွေး၊ကြောင၊ ပရွတ်ဆိတ၊်ဂျပိုး၊ ပိုးဟတ် များသည်လည်း မိမိကြောင့် အကျဉ်းထောင်ကျခံနေရသည်ဟု ပြောဆိုနိုင်ရပါမည်။

၇။ မိမိနှင့်ပြိုင်ဖက် မြန်မာအဖွဲ့အစည်းများမှ ပြုလုပ်သောပွဲများတွင်လည်း သွားရောက်ပြီး ရီ၊ ပြုံး၊ ဆို၊က သူများအား တွေ့လျင် MI 5, CIA မှအေးဂျင့်များသဖွယ်ဓါတ်ပုံရိုက်ပြီး ၊ ၄င်းပွဲများတွင်ကျွေးသော အစားအသောက်များအား ကောင်းမကောင်း စမ်းသပ်သည့်အနေ ဖြင့်တစ်ဦးလျင် သုံးပွဲမှ ၄ပွဲအထိ အရက်သေစာများဖြင့် သောက်စားနိုင်ရပါမည်။

၈။ အရက်သေစာများသောက်စားရလျင်လည်း အံကြိတ်ရှုံ့မဲ့ကာ ဘုရားတရားတော်နှင့် အညီ သံရည်သံပူများ သောက်နေရသကဲ့သို့ ဟန်ဆောင်နိုင်ရပါမည်။

၉။ ပြည်ပရောက်မြန်မာနိုင်ငံသားများအားလည်း ယူကေတွင်စားသောက်ကုန်ဈေးနှုန်း များ ၊ဓါတ်ဆီဒီဇယ်ဈေးနှုန်းများ တနေ့တခြား ကျဆင်းလျက်ရှိကြောင်း၊ ဒုစရိုက်မှုများ သည်လည်း မရှိသလောက်နဲပါးကြောင်း၊ အိန္ဒိယနွယ်ဖွားတိုင်းရင်းသားများနှင့် အရှေ့ဥရောပ မှ လာရောက်အခြေချသူများလည်း မရှိသလောက်ကို နဲပါးကြောင်း၊ ပြောဆိုရပါမည်။

ချစ်ခင်ရင်းနှီးစွာဖြင့်
mksျ

24 June 2008 20:57

whitelighter said...

ဟေ့ကောင် olငတုံးရ comment ရေးရင် ကိုယ်ဘာသာကိုရိုက် ပြီး comment ရေးရတယ်။
သူများစာတွေ ကူးယူပြီး လေကျယ်မနေနဲ့။ ဟ ဟားဟား…… နောက်ပြီး comment ဆိုတာ စာရေးသူ သို့မဟုတ် ဆောင်းပါးရေးသူ ခေါင်းစဉ်တက်ရေးသားထားသော အကြောင်းအရာ အပေါ်မှ မိမိ အမြင်ကိုစာဖြင့် ရေးသားဖေါ်ပြ၊ ရေးသားတာ ငတုံးရ။
အေးလေ ဒါကြောင့်လဲ နအဖ နောက်လိုက်ငတုံးဖြစ်နေတာတော့ ဆန်းတော့ မဆန်းပါဘူး။ နင်လိုလူတွေရှိလို လည်းတိုင်ပြည်အခုလိုဖြစ်နေတာ ငါ့ရင်မှာနာပါဘိ။ ဒီမိုနိုင်ငံ ရောက်ပြီး နင်မျက်စိ မဖွင့်၊ နားမဆွင့်ရင်တော့ ကိုယ်ပြည်ကိုသာပြန်ပါလို့ နအဖ ကျွန်သာလုပ်ပါတော့လေ ငတုံးရေ။

KeithWin said...

good luck and be safe.

Goldie Shwe said...

Wanted Junta Members and Followers

Must have ability to kill civilians.

Willingness to rape women and kill monks will be an advantage.

Must have a hatred for all kinds of media and reporters.

seinn said...

To Ol,
I strongly support Ko Htike what he posts about boat trip arranged by Myanmar Embassy.

Firstly, Myanmar embassy shouldn't arrange this picnic trip during this time. That is appalling to the whole community.

Secondly, the person particularly asylum seekers who enjoy the tip are the most disgusting. We all know how they make a rubbish story to get that status. Feel very sad that they use politics for their own benefit. This is ultimate assault to other myochitmyanmar who dedicated their life for " "Free Burma "

Thirdly, I personally do not have any reason to hate any one from embassy. I can personally invite them to my home. I can happily talk to them. But I would ever never go to any occasion arranged by the name of embassy. That is my strong stand. We must clearly know Black and White.

Forthly,you are warmly welcome to discuss why we support democracy movement and against Than Shwe and his gang.

seinn said...

To Ol,
I strongly support Ko Htike what he posts about boat trip arranged by Myanmar Embassy.

Firstly, Myanmar embassy shouldn't arrange this picnic trip during this time. That is appalling to the whole community.

Secondly, the person particularly asylum seekers who enjoy the tip are the most disgusting. We all know how they make a rubbish story to get that status. Feel very sad that they use politics for their own benefit. This is ultimate assault to other myochitmyanmar who dedicated their life for " "Free Burma "

Thirdly, I personally do not have any reason to hate any one from embassy. I can personally invite them to my home. I can happily talk to them. But I would ever never go to any occasion arranged by the name of embassy. That is my strong stand. We must clearly know Black and White.

Forthly,you are warmly welcome to discuss why we support democracy movement and against Than Shwe and his gang.

Unknown said...

Goldie Shwe
You comment is very good. Let me add more.
Prerequisites for those who wants to do pro junta blogs-
1-You must be able to write barefaced lies
2- You must be completely devoid of decency
3- You must have a propensity to leave rude words in c-boxes of other bloggers who do not agree with you
4- You must be a hypocrite ( You will write whatever you want but if others even mildly criticise the junta, you will make sure that they will be sent to jail)
5- last but not the least- You must be a total jerk

strike said...
This comment has been removed by the author.
strike said...

HMY's July 25
Wednesday, June 25, 2008

ကျွန်တော် ဒီနေ့ပဲ ရန်ကုန် ပြန်ရောက်ပါတယ်။ လမ်းခရီးတလျောက်လုံး ကားက ဒုက္ခ ပေးတာနဲ့ မအိပ်ရတာရယ်၊ စိတ်ဖိစီးမှု အချို့ရယ်ကြောင့် နေမကောင်းပါ။ မီဒီယာ ကိစ္စတစ်ချို့ကြောင့်လည်း စိတ်ညစ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ကမ်းရိုးတန်းဖုန်းကို အလုပ်နဲ့ မပတ်သတ်တာတွေ မဆက်ပါနဲ့လို့ သေသေချာချာ တောင်းပန် ထားတာတောင်မှ မဆိုင်တာတွေ လာမေးတာကို ကြုံရပါတယ်။ မီဒီယာမှာ ပါချင်လို့ အင်တာဗျူး လုပ်တာမဟုတ်ပါ။ ကျွန်တော်တို့ လုပ်နေတာလေးတွေကို အားလုံး သိနိုင်အောင် သတင်းပေးခြင်းသာ ဖြစ်ပါတယ်။ ဖုန်းနဲ့ မေးစဉ်က ခေါင်းစဉ်ကတစ်ခု ပြီးရင် အော့ဖ်တော့ပစ်တွေကို သီးခြား စာတစ်ပုဒ်အနေနဲ့ တင်ကြတာမျိုးလည်း တွေ့ရတယ်။ ဒီလို Prominent ဖြစ်တဲ့ မီဒီယာတွေက ချီးကျူး ဂုဏ်ပြုတာဟာ တကယ်တမ်းတော့ ပျော်ရွှင် ဂုဏ်ယူစရာ ကောင်းပါတယ်။ အွန်လိုင်း မီဒီယာတွေဟာ ပရင့်တက် မီဒီယာတွေထက်ကို ပိုမိုထိရောက်မှု ရှိကြတယ်။ ဒီလို ကျွန်တော်တို့က စီးပွားမဖက်တဲ့ ကူညီမှု အလုပ်လေးတွေလုပ်၊ သူတို့တွေကတဆင့် အလှူရှင်တွေက သိပြီး ဒုက္ခသည်တွေကို ပိုမိုလှူဒါန်းမယ်ဆိုရင် အလွန်ပဲ အကျိုး ရှိမှာပါ။

ဒါပေမယ့် ဒီနေရာမှာ အလေးအနက် ထားစရာ တစ်ခုက မြန်မာစကားဟာ တခါတရံ ဦးတည်ချက်နဲ့ ကွဲလွဲတဲ့ အနက်ကို ဆောင်သွားတတ်တာမျိုးပါ။ ဥပမာ ကျွန်တော်တို့ အဖွဲ့ဟာ အလှူငွေ သိန်း ၃၀၀ လောက် ကောက်ခံလို့ ရရှိပါတယ် ဆိုတာနဲ့ အလှူငွေ ဒေါ်လာ သောင်းဂဏန်းအထိ ကောက်ခံလို့ ရရှိပါတယ် ဆိုတဲ့ စကားနှစ်ခွန်းရဲ့ ပမာဏက မတူပါဘူး။ ဒေါ်လာသောင်းဂဏန်းလို့ ပြောလိုက်တာနဲ့ အလှူငွေထဲမှာ ဒေါ်လာတွေ ပါနေသလိုလို ထင်ရပါတယ်။ ကျွန်တော်တို့က တရားမဝင် ဒေါ်လာငွေ ကိုင်ဆောင်နေသလိုလို ထင်ရပါတယ်။ ဒါဟာ တရားဝင် NGO မဟုတ်တဲ့ ကျွန်တော်တို့ အတွက် ပြဿနာ ရှိနိုင်ပါတယ်။ နောက်တစ်ခုက HMY ဟာ အခုအချိန်အထိ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေကို ဘောင်အတွင်းကနေ ဆောင်ရွက်နေပါတယ် ဆိုတဲ့စကားနဲ့ HMY ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တားဆီးနိုင်ခြင်း မရှိသေးပါဘူး ဆိုတဲ့ စကားဟာ အနက်အဓိပ္ပာယ်များစွာ ကွာခြားပါတယ်။ မီဒီယာတိုင်းဟာ ကျွန်တော်တို့ထက် ပိုမို အတွေ့အကြုံ ရင့်ကျက်ပြီး ပညာတတ်တွေလည်း များလေတော့ အခုန ကျွန်တော် ပြောတာတွေကို နှံ့စပ်ကျွမ်းကျင်ပြီးသား ဖြစ်မှာပါပဲ။ ဒါပေမယ့် တခါတရံ မရည်ရွယ် မမျှော်လင့်ဘဲ အမှားအယွင်း ပါသွားခဲ့မယ်ဆိုရင် အခုန ကျွန်တော်ပြောသလို နားလည်မှု လွဲတာမျိုးတွေ ဖြစ်လာနိုင်တာ တွေ့ရပါတယ်။

ကျွန်တော်တို့ လုပ်နေတဲ့ရွာတွေ ဆောက်ခဲ့ပြီးသား ရွာတွေမှာ ကျွန်တော်တို့ ဘယ်လို လုပ်ကိုင်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါတယ်။ ရွာစာရင်း ဆောက်လုပ်တဲ့ အိမ်အရေအတွက်၊ ဦးတည်ချက် စတာတွေကို ကျွန်တော်တို့ ဒေသဆိုင်ရာ အဖွဲ့အစည်းကို အလွတ်သဘော တင်ပြထားပါတယ်။ အိမ်ဆောက်လုပ်တာမှတပါး အခြားကိစ္စတွေကို လက်ခံ ဆောင်ရွက်ခြင်း မရှိပါဘူး။ အိမ်သာလိုမျိုး Sanitation ကိစ္စတွေကိုတောင်မှ ကိုယ်နဲ့ မပတ်သတ်တာမို့ မကိုင်ပါဘူး။ မွေးစာရင်း၊ သေစာရင်း၊ လယ်သမားစာရင်း၊ တံငါစာရင်း စတာတွေကိုတော့ ကောက်ခံပါတယ်။ ဒါကလည်း ရွာသားတွေကို ကျွန်တော်တို့ မကူညီနိုင်ပေမယ့် အခြား အလှူရှင်တွေက သူတို့ လိုအပ်ချက်တွေကို ကူညီနိုင်အောင်လို့ပါပဲ။ နောက်တစ်ခုက မြန်မာပြည်မှာ နောက်မကြာမီ တရားဝင် သုံးစွဲတော့မယ့် Sahana; Disaster Management System မှာ အသုံးပြုနိုင်အောင်လို့ပါ။ ဒါကလည်း ကျွန်တော့်အနေနဲ့ MCPA EC တစ်ယောက် အနေနဲ့ တာဝန်ယူထားတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့ပါပဲ။ ပြီးတော့ ဒီလိုကောက်မှလည်း နေအိမ်တွေ တည်ဆောက်ပေးတဲ့အခါ သူတို့စာရင်းတွေကို မှန်မမှန် စစ်ဆေးနိုင်ပါတယ်။

ပြဿနာ အရပ်ရပ်နဲ့ အခြေအနေ အရပ်ရပ်ကို ကျွန်တော်တို့ သုံးသပ်ပြီး ကျွန်တော်တို့ရဲ့ တဲဆောက်လုပ်ရေး အစီအစဉ်ကို ရပ်တန့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ရပ်တန့်တာကလည်း အကြောင်းရှိပါတယ်။ ပထမအချက်က ဒေသအသီးသီးမှာ ဝင်ရောက်နေကြတဲ့ စီးပွားရေး အဖွဲ့တွေ၊ အန်ဂျီအိုတွေက ရွာတွေခွဲပြီး အိမ်ကောင်းကောင်းလေးတွေ ပြန်ဆောက်ပေးနေပြီလို့ သိရတာက တစ်ချက်၊ ဒုတိယက သွားရေးလာရေး ခက်ခဲမှု (လပွတ္တာမှာ နေတာထက် ရန်ကုန်-လပွတ္တာ ကားစီးရတဲ့ ဒုက္ခဟာ အလွန်ပင်ပန်းပါတယ်၊ နောက် လပွတ္တာကနေ အခြားရွာတွေသွားဖို့ လှေအခက်အခဲပါပဲ။ တခါတရံ လှေလုံးဝ ငှားမရပါဘူး) နောက် တတိယ အချက်က နေထိုင်စားသောက်စရိတ်တွေ တက်လာမှုပါ။ ဒါကို ကျွန်တော်တို့လည်း ဘာမှ မလုပ်နိုင်ဘူး။ အိမ်ငှားခဟာ ကျပ် ၂၅၀၀၀၀ ကနေအထက်မှာ ရှိနေပါတယ်။ စတုတ္ထ အချက်က ဆောက်လုပ်ရေး ပစ္စည်းတွေ ရှားပါးဈေးကြီးမှုပါ။ ဒါကြောင့် ရန်ကုန်ပြန်ပြန်ပြီး ပစ္စည်း ၀ယ်ရတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုက သစ်ကိစ္စ။ အဲဒီဘက်မှာ လေမိုး မငြိမ်တော့ သစ်လှေတွေက မဝင်နိုင်ပါဘူး။ ဒါကြောင့် သစ်ရှားပါးပါတယ်။ တခါတလေ ဈေးသက်သာတဲ့ သစ်ဝယ်မရတဲ့အခါ ဈေးကြီးတဲ့ သစ်နဲ့ အစားထိုး လိုက်ရပါတယ်။ ပဉ္စမ အချက်ကတော့ ရွာတိုင်း ရွာသားတိုင်းက ကျွန်တော်တို့ အစီအစဉ်အတိုင်း မလုပ်ဘဲ လုပ်ချင်သလို ဖြစ်သလို လုပ်ကြတာကြောင့်ပါ။ နောက်ဆုံး အချက်ကတော့ အလှူငွေကို ထိုင်စောင့်မနေနိုင်တာကြောင့်ပါ။ အလှူငွေကလည်း တချို့က လှူမယ်ပြောတယ် ရောက်မလာတာတွေ ရှိတယ်။ ကျွန်တော်တို့က အဲဒီငွေပမာဏနဲ့ လိုက်ပြီး အိမ်တွေ လက်ခံထားလိုက်တယ်။ တကယ်ကျတော့ ရောက်မလာခဲ့ဘူး။ ရန်ကုန်မှာ အလှူငွေ လာကောက်လိုက် လပွတ္တာ ပြန်လိုက် လုပ်ဖို့ကတော့ မလွယ်ကူပါဘူး။


ဆောက်လုပ်ပြီးစီး

ပြင်ကနုကုန်း (C-5)
ပြင်ကနုဝ (C-5)
ကုက္ကိုလ် (S-39)
ကျောင်းစု- ရွှေကျွန်းသာ (S-25)
ကညင်တပင် (S-9 C-4)
ရခိုင်ကုန်း (C-6)
သိုင်းချောင်း (S-23)
မလေးကြီးကုန်း (S-6)
ကန့်ဘလာတစ်ပင် (C-6)
ဆင်ကွင်း (S-6)


ဆောက်လုပ်နေဆဲ

ဒေါင့်ချောင်း (S-9)
အထက်စု (C-5)
ဒရယ်ဖြူ (S-5)


နောက်ဆုံးဆောက်လုပ်မည့်ရွာ

ဆိပ်ကလေး (S-29)
ချောင်းကြီး (-)


ဆိပ်ကလေးက မနက်ဖြန် စဆောက်ပါမယ်။ ဆောက်လုပ်နေဆဲ ရွာတွေက ပစ္စည်းတွေ ချထားပေးပြီးသားပါ။ တချို့က လာမတိုက်သေးတာ၊ တချို့က ပြီးမပြီး အကြောင်းမပြန်သေးတာပါ။ ကျွန်တော့်ဆီကို လှူထားပါတယ်ဆိုပြီး အီးမေးလ်တွေ ပို့ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် လက်ခံ မရရှိသေးတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ [Donor List] ကျွန်တော်တို့ လက်ခံ ရရှိတဲ့ အလှူရှင် စာရင်းကို ကြည့်ပြီး ကိုယ့်နာမည် မပါသေးရင် ကျွန်တော်တို့ကို အမြန်ဆုံး ဆက်သွယ်စေလိုပါတယ်။ နောက်ဆုံး ကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်းက ၂၉၇၀၅၂၅၀ ကျပ် ဖြစ်ပါတယ်။ http://myanmargidai.wordpress.com ကလည်း နောက်ထပ် သိန်းသုံးဆယ်ကျော် လှူဒါန်းမယ်လို့ သိရပါတယ်။
http://nyilynnseck.blogspot.com/2008_06_01_archive.html

မလေးမေ said...

ကိုထိုက် တယောက် ကျမ်းမာချမ်းသာ စွာရှိနေကြောင်း
သိချင်ပါတယ် ..
ရန်ကုန်မှာ ကိုထိုက်တယောက် ရန်ကုန်ပြန်လာရင်း အဖမ်းခံရြေ့ကာင်း သတင်းပျံ့ နေလို့ ကျမ စိတ်ပူနေပါတယ်.
ပြောပြကြစေလိုကြောင်း ..

မသိဘူး said...

ပေါက်တတ်ကရတွေ..

ကိုထိုက်မြန်မာပြည်မှာ မဟုတ်ဘူး..လန်ဒန်မှာလည်း ရှိဘူး..တစ်နေရာရာမှာ..သိပ်မကြာပါဘူး သူပြန်ရောက်တော့မယ်...
အဖွဲ့ နဲ့ သွားတာ..တစ်ယောက်တည်းသွားတာမဟုတ်ဘူး..

သူရေးခဲ့တဲ့ စာကိုသေချာဖတ်ပါ.. ကောလဟာလ အခြေအမြစ်မရှိတာတွေ ယုံမနေနဲ့ ..

strike said...
This comment has been removed by the author.
strike said...

Heard news that Ko Htike is getting training from KNU "Small Weapon Course" in Burma-Thailand border before he's going back to Burma .

မသိဘူး said...

ရူးနေလား.. စဉ်းစားပြီးမှပြော..လက်နက်ငယ်သင်တန်းတဲ့ ဟဟ..ရီချင်တယ်.. လက်နက်ငယ်သင်တန်းမပြောနဲ့ လက်နက်ကြီးသင်တန်းကို UK မှာသင်ချင်ရင် အလကားသင်လို့ ရတယ် သဘောပေါက်.. ပေါက်ကရတွေ သတင်းလွှင့်မနေနဲ့ ..

မလေးမေ said...
This comment has been removed by the author.
မလေးမေ said...

ကိုမသိဘူးရေ ..
ကျေးဇူးပါ .. ရန်ကုန် ကနေ သတင်းကြားတယ်ဆိုလို့ 
မေးမိတာပါ ..
စိတ်များ ညစ်ပါရဲ့  ကိုမသိဘူးရေ .. သတင်းလေးကြားလို့ မေးမိပါတယ်.
ရောင်တော်ပြန်တွေက စွတ်တင်တော့တာပဲ ..
မေးတောင် မမေးရဲသလောက် ...

strike said...

Other news that "Ko Htike" getting on training from "Sylvester Stallone" in
Woodland Hills, CA
USA
after that he will penerate to "Burma".