Friday 20 June 2008

အဖွဲ့ချုပ်အဖွဲ့ဝင် ၁၃ ဦး အကြမ်းဖက်ထိန်းသိမ်းခံရ

(From Moemaka)


ဒေါ်စု မွေးနေ့တွင် နှင်းဆီဝါ ၆၄ပွင့်လှူဒါန်း

အေပီသတင်းဌာန
ဇွန် ၂၀၊ ၂၀၀၈

မြန်မာစစ်အစိုးရက အတိုက်အခံပါတီဝင် ၁၃ ဦးကို ယမန်နေ့က ထိန်းသိမ်းလိုက်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့်မွေးနေ့တွင် ထိုသို့ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်အများအပြား စုဝေးကြစဉ် ၎င်းတို့ထဲမှ ၁၃ ဦးကို ထရပ်ကားဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောပြသည်။ ထိန်းသိမ်းခံရစဉ် ရိုက်နှက်ထိုးကြိတ်ခံရသူများလည်း ရှိသည်ဟု ဆိုသည်။

အဖွဲ့ချုပ်အဖွဲ့ဝင်များက ၎င်းတို့၏အဆိုအရ မတရား အကျဉ်းချခံနေရသည့် ဒေါ်စုအား ချက်ချင်းလွတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ်ပြီး အစိုးရကို တောင်းဆိုခဲ့ကြသည်။

ထိန်းသိမ်းခံလိုက်ရသူများထဲတွင် သံဃာတပါးလည်း ပါဝင်ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြောသည်။ အဆိုပါ သံဃာ ဖမ်းဆီးရခြင်းအကြောင်းရင်းကို မသိရှိရသေးပေ။

ဖမ်းဆီးမှုများ မပေါ်ပေါက်မီ မြင်ကွင်းများ (photos: AFP)


(photos: AP)


(photos: DVB)

ပြီးခဲ့သည့်လအတွင်း စစ်အစိုးရက ဒေါ်စုအား အကျဉ်းချထားခြင်းကို ၆ နှစ်မြောက်အဖြစ် ထပ်မံ သက်တမ်းတိုးလိုက်သည်။ နိုင်ငံတကာက ကန့်ကွက်နေသည့်ကြားမှ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ကို ထိုသို့ ဆက်လက် အကျဉ်းချလိုက်ခြင်းဖြစ်သည်။

ရာနှင့်ချီသော စစ်အစိုးရ၏နောက်လိုက် လူရမ်းကားများက ထရပ်ကား ငါးစီးဖြင့် ချည်းကပ်လာစဉ် ဒေါ်စုကို ထောက်ခံသူများ လူစုကွဲသွားကြသည်။ အချို့က ဌာနချုပ်ရုံးအတွင်းသို့ ၀င်ပြေးကြသည်။

အဖွဲ့ချုပ် ဌာနချုပ်ရုံး နှင့် ဒေါ်စု၏အိမ်ဝန်းကျင်တို့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သံဆူးကြိုးအတားအဆီးများကိုလည်း ယခင်ကထက် ပိုမိုတွေ့ခဲ့ရသည်။အရပ်ဝတ် လုံခြုံရေးအရာရှိ ၄၀ ခန့်နှင့် စစ်အစိုးရ၏လူများက အဖွဲ့ချုပ် ဌာနချုပ်ရုံးအနီး နေရာယူထားသည်။ သီလရှင်တစုက ဌာနချုပ်ရုံးရှေ့တွင် ဆုတောင်းမှုများ ပြုလုပ်စဉ် လုံခြုံရေးအရာရှိများက ဗွီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်လိုက်သည်။

နံနက်ပိုင်းတွင် ရုံးအတွင်းသို့ ရဟန်းသံဃာများ ပင့်ဆောင်ပြီး ဒေါ်စု၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လှူကြသည်။

ဒေါ်စုက အဖွဲ့ဝင်တစ်ဦး၏အကူအညီဖြင့် နာမည်ကျော် ရွှေတိဂုံဘုရားကို အ၀ါရောင်နှင်းဆီပန်းများ ကပ်လှူပူဇော်ခဲ့သည်။ ဒေါ်စုအတွက် အစားအသောက်များ နေ့စဉ် ၀ယ်ယူပို့ဆောင်ပေးရသည့် အဖွဲ့ဝင်ဖြစ်သူ ကိုမြင့်စိုးက အသက် ၆၄ နှစ်ထဲသို့ ရောက်လာသည့် ဒေါ်စုကိုယ်စား နှင်းဆီ ၆၄ ပွင့် သွားရောက် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ် သတင်းရပ်ကွက်က ဆိုသည်။

ကိုမြင့်စိုးသည် ဒေါ်စု၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင် အ၀ါရောင် ဂန္ဓမာပန်း ၆၄ ပွင့် သွားရောက် ပူဇော်ခဲ့သည်။ ဒေါ်ခင်ကြည်သည် မြန်မာပြည်လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးဖြစ်သည်။ ၎င်း၏ဂူသည် ရွှေတိဂုံစေတီအနီး တည်ရှိသည်။

ဒေါ်စု၏အိမ်နီးချင်းတဦးက “ဒေါ်စုရဲ့ခြံက ငြိမ်သက် တိတ်ဆိတ်နေတာပဲ။ မွေးနေ့မှာ ခုချိန်ထိတော့ ဘယ်ဧည့်သည်မှ လာတာမရှိဘူး။ ဘယ်သံဃာမှ ဆွမ်းခံဖို့လာတာ မရှိဘူး” ဟု ဆိုသည်။

ဒေါ်စုသည် ပြီးခဲ့သည့် ၁၈ နှစ်အတွင်း ၁၂ နှစ်မက အကျဉ်းချခံခဲ့ရသည်။

4 comments:

kay kay said...

NLD အနေနဲ့ကလည်း ခင်ဗျားတို့ ပါတီ တည်မြဲရင်ပြီးရော ဆိုပြီး စတိတ်မင့်လေးထုတ်ရုံ မီဒီယာတွေနဲ့တွေနေရုံ ဒါပဲ...

whitelighter said...

ဟေ့ကောင်ygnman
NLD က စတိတ်မင့်ထုတ်တာ တော့ ဟုတ်ပါပြီး၊
နင့်ကော် မြန်မာပြည် သာယာစေဘို့ ဘာတခုခုလုပ်နေပါသလည်း။
သေသေခြာခြာ စဉ်စားပြီးပြောပါ ဟေ့ကောင်ရာ……
အကျင့်ဆိုး… အကျင့်ဆိုး… အကျင့်ဆိုး

Unknown said...

Ygnman.. you blame those people at the front of NLD HQ, huh? they risk their life to do those things while you are enjoying yourself and just reading this blog. If you don't like it, go away.

read news light of myanmar from www.myanmar.com

ok?

kay kay said...

just reading this blog. If you don't like it, go away.
:P