Thursday 10 July 2008

နွားကြီး

ကျွန်တော် လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ရေးခဲ့တဲ့ ရီစရာစာတိုလေး တစ်ခုပါ။ စာမူ အဟောင်းတွေ ပြန်ဖတ်ရင်း တွေ့လို့ အပျင်းပြေတင်လိုက်တာပါ။ အရေးအသားက သိပ်မကောင်းတာ ခွင့်လွတ်ပါ။ တချို့အရေး အသားတွေ နည်းနည်းပြင်ချင်ပေမယ့် .. စာမူ ပုံစံ ဟောင်းအတိုင်း မပြင်သင့်ဘူး ထင်လို့ ဒီအတိုင်း ပြန်တင်လိုက်ပါတယ်။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကို ပြန်ကိုးကား ရေးထားတာပါ။
..................................................

ကျွန်တော်တို့ ရပ်ကွက်လူကြီး ဦးအောင်ဘ တစ်ယောက် ကျွန်တော်တို့ အိမ်ကို တစ်ညနေမှာ ရောက်လာပါတယ်။ သူက တာဝန်အရ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ရတာပါ။ ရောက်ရောက်ခြင်း ဆိုသလိုဘဲ ကျွန်တော့်ကို သူက

ဟို ဘက်ခန်းက ကိုသိန်းထွန်းရှိလားလို့ မေးလာပါတယ်။

သူ လမ်းထိပ်ဘက်ကို သူ့သားလေးနဲ့ အတူ လမ်းလျှောက် ထွက်သွားကတာဘဲ။ ကိစ္စ အရေးကြီးလို့လားလို့ ကျွန်တောက်က မေးလိုက်ပါတယ်။

ငါ အခုလာရတာက ကြံခိုင်ရေးနဲ့ဖွံဖြိုးရေး အသင်းကြီးရဲ့ နှစ်ပတ်လည် ညီလာခံကို ငါတို့ ရပ်ကွက်ကနေ တစ်အိမ်တစ်ယောက် မဖြစ်မနေတတ်ရမယ်။ အဲ့ဒါ မနက်ဖြန် မနက် ၆ နာရီရပ်ကွက်ရုံးကို မင်းရော၊ ကိုသိန်းထွန်းရော နှစ်ယောက်လုံးလာခဲ့ရမယ်။ ပြီးတော့ ဒီရပ်ကွက်ထဲမှာ ကိုသိန်းထွန်းက နည်းနည်း လည်လည်ဝယ်ဝယ်လည်းရှိတော့ သူ့ကို ချီတတ်မဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်လုပ်ခိုင်းမလို့လေ။ ဒါကြောင့်ပါ

ဦးလေးရော မလိုက်ဘူလား။ လို့ ကျွန်တော်က ပြန်မေးလိုက်ပါတယ်။

ငါ လိုက်တော့ လိုက်ခဲ့မယ်။ ဒါပေမယ့် ငါ့မိန်းမ မုန့်ဟင်းခါးဆိုင် ထွက်တာကို လိုက်ကူပေးပြီးတော့မှာ လာခဲ့မယ်။ မင်းသိတဲ့ အတိုင်းဘဲလေ။ သူက ငါအလုပ်မလုပ်ဘဲ အခုလို ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာတွေကို သိပ်ကြိုက်တာ မဟုတ်ဘူးလေ။

ဟုတ်တယ် ရပ်ကွက်က ရပ်ကွက်လူကြီးရွေးကြတော့ အရပ်ထဲ အလုပ်မရှိ အကိုင်မရှိ ယောင်ခြောက်ဆယ် ဆိုက်ကားသမားဟောင်း ဦးအောင်ဘကို မြို့နယ် မယက စစ်ဗိုလ်ကြီးတွေ အကြိုက် ရွေးတင်ထားတာကိုဗျ။

ပြောရင်းဆိုရင်းနှင့်ပင် ကိုသိန်းထွန်းက သူ့သားလေး အောင်အောင့်ကို လက်ဆွဲပြီး ပြန်လာကြသည်။ ထိုအခါ ဦးအောင်ဘက

ဟေ့ . မောင်သိန်းထွန်း။ အတော်ဘဲ မင်းဆီကိုလာခဲ့တာ မင်းနဲ့ မတွေ့လို့ ငါအခုဘဲ ပြန်တော့မလို့လို့ လှမ်းအော်ပြောလိုက်တော့၏။

ဘာကိစ္စရှိလို့လဲဗျ။ ခင်ဗျားမြင်ရင် ကျုပ်က အတော့်ကို လန့်နေတာဗျ။ အားအားရှိ ရပ်ကွက်သန့်ရှင်းရေး လုပ်အားပေးလုပ်ခိုင်းလိုက်၊ ဟိုအလှူငွေ ဒီအလှူငွေ ကောက်လိုက်နဲ့ ခင်ဗျားကို မြင်ရတာ ကျုပ်က လန့်လန့်လာပြီ။

ကျုပ်ကလည်း အထက်အမိန့်အရ လုပ်ရတာပါဗျာ။ အခုလာရတဲ့ကိစ္စကလည်း မနက်ဖြန် ကြံဖွတ် အဲယောင်လို့ ပြည်ခိုင်ဖြိုး နှစ်ပတ်လည် ညီလာခံတတ်ဖို့ လာပြောတာ။ အဲဒါ မနက် ၆နာရီ ရပ်ကွက်ရုံးကို လာခဲ့ကြ။ ကဲ ငါသွားပြီ။

နောက်တစ်နေ့ ၆ နာရီ လူစုပြီး၊ ကျွန်တော်တို့ ချီတတ်လာကြရာ ကန်တော်ကြီး ကန်ပတ်လမ်းမှ ဖြတ်လာစဉ် ဗိုလ်ချုပ်ပန်းခြံရှေ့ အရောက် နောက်မှ ဟေ့ .. မင်းတို့ ဘယ်သွားကြမလို့လဲဟု အသံတစ်ခုကြားလိုက်ရသဖြင့် ကျွန်တော်တို့ လှည့်ကြည့်မိလိုက်ကြသည်။ ကျွန်တော်တို့ လူစုမှလွဲ၍ ဘယ်သူမှ မတွေ့ပေ။ သေသေချာချာ ကြည့်မိလိုက်တော့မှ ဗိုလ်ချုပ်ကြေးရုပ်မှ ပြောလိုက်သော အသံဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ထိုအခြင်းအရာကြောင့် အချို့မှာ လန့်သွားကြသည်။ ကျွန်တော်တို့ လူစုထဲတွင် ခေါင်းဆောင်ဖြစ်သော၊ အတန်ငယ် သတ္တိရှိသော ကိုသိန်းထွန်းက ရှေ့သို့ တိုးထွက်လာပြီး ကျွန်ကျွန်ကျွန်တော်တို့ ကြံခိုင်ရေး အသင်းကြီးရဲ့ ပြည်လုံးညီလာခံ သွားတတ်ကြမလို့။

ထိုအခါ ဗိုလ်ချုပ်ကြေးရုပ်ကြီးက အေးအေး မင်းတို့ သွားကြ၊ ဒါပေမယ့် ငါအခုဒီမှာ ရပ်နေရတာ ညောင်းလာပြီ၊ ဟို မဟာဗန္ဓုလအရုပ်မှာဆို မြင်းတစ်ကောင်နဲ့ ကျကျနန သက်သက်သာသာရှိတယ်။ ဒီတော့ နောက်တစ်ခါ မင်းတို့လာရင် ငါ့အတွက် မြင်းတစ်ကောင် ယူလာခဲ့။

ဟုတ်. ဟုတ်ကဲ့ ဟုသာ ကိုသန်းထွန်း ပြန်ပြောနိုင်ပြီး၊ ကျွန်တော်တို့လည်း အာစေး ထည့်ထားခံရသလို ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

ဒီလိုနဲ့ ကျွန်တော်တို့ ဆက်လက် ချီတတ်လာခဲ့ကြရာ နောက်ဆုံး စည်းဝေးပွဲကျင်းပရာသို့ ရောက်သော အခါ ဒေါသတကြီးဖြင့် စောင့်နေရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့လိုက်ရသည်။

မင်းတို့ ဘာလို့ ဒီလောက်တောင် နောက်ကျ နေရတာလဲ ဟု မေး၏။

ကိုသန်းထွန်းက ကြောက်ကြောက်နဲ့ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ ကျွန်တော်တို့ ဒီကို အလာ လမ်းမှာ ဗိုလ်ချုပ် ကြေးရုပ်ကြီးက စကားပြောနေလို့ပါ ခင်ဗျာ။ ဟု ပြန်ဖြေလိုက်သည်။

မင်းတို့ အဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့၊ ငါ မယုံဘူး။

ဗိုလ်ချုပ်မှူးကြီး မယုံရင် ကျွန်တော် လက်တွေ့ပြမယ်။ ဟု ကိုသန်းထွန်းက ပြောလိုက်၏။

အေး . မင်းတို့ပြောသလို မဟုတ်ရင် မင်းတို့နဲ့ ငါနဲ့ အတွေ့ဘဲ။ ဟု ကြိမ်းပြီး ဗိုလ်ချုပ် ပန်းခြံရှိရာသို့ ကျွန်တော်တို့ အားလုံးသွားကြသည်။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ရောက်ရာ ကိုသန်းထွန်းက ဗိုလ်ချုပ်မှူးကြီးကို လက်ဆွဲပြီးဗိုလ်ချုပ်မှူးကြီး ခင်ဗျာ၊ ဒီကြေးရုပ်ကြီးဘဲ။ ဟု လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီးက ကြေးရုပ်ကြီးအား သေသေချာချာကြည့်နေစဉ် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကြီးက ပြောလိုက်သော စကားကို ကျွန်တော်တို့ ကြားလိုက်ရလေသည်။ ကြေးရုပ်ကြီးက မှတ်သားလောက်စရာ ပြောလိုက်သည်မှာ

ဟေ့ မင်းတို့ကို၊ ငါက နောက်တစ်ခါလာရင် မြင်းတစ်ကောင် ယူခဲ့လို့ မှာထားတာ၊ မင်းတို့က အခု ဘာလို့ ဒီနွားကြီးကို ခေါ်လာရတာတုံးတဲ့ဗျာ။

ကိုထိုက်

(p.s .... ဒီနေရာမှာ နွားနဲ့ နှိုင်းလို့ နွားသိက္ခာကျတာ သိပေမယ့် ရေးပြီးသားအတိုင်းမို့ ဒီအတိုင်း ထားလိုက်တာပါ။)

24 comments:

Unknown said...

ကိုထိုက်အဖေက S.B ကတဲ့ဟေ့..အားလုံး သတိထားကြ

လက်ရှိတာဝန်ထမ်းဆောင်နေဆဲတဲ့။ ဗဟန်းမြို့ နယ်က

တဲ့။ ခိုင်လုံတဲ့သတင်းရပ်ကွက်ကရတာ။

ကိုထိုက်....ဟုတ်မဟုတ်ဖြေရှင်းပေးပါ။

မလေးမေ said...

ကိုထိုက်ရ ..
မှားနေပြီ .. ဗိုလ်ချုပ်သာတကယ် မြင်းစီးနိုင်မယ်ဆို .. မြည်းတွေမြင်းတွေပြောတော့မှာ ဟုတ်ဖူး .. နားရင်းပြေးအုပ်မှာပေါ့

မလေးမေ said...

ကိုထိုက်ရ ..
မှားနေပြီ .. ဗိုလ်ချုပ်သာတကယ် မြင်းစီးနိုင်မယ်ဆို .. မြည်းတွေမြင်းတွေပြောတော့မှာ ဟုတ်ဖူး .. နားရင်းပြေးအုပ်မှာပေါ့

thitsar said...

I like it so very much.

strike said...

..yea...i heard that "News" quite long time ago...


Nathan said...
ကိုထိုက်အဖေက S.B ကတဲ့ဟေ့..အားလုံး သတိထားကြ

လက်ရှိတာဝန်ထမ်းဆောင်နေဆဲတဲ့။ ဗဟန်းမြို့ နယ်က

တဲ့။ ခိုင်လုံတဲ့သတင်းရပ်ကွက်ကရတာ။

ကိုထိုက်....ဟုတ်မဟုတ်ဖြေရှင်းပေးပါ။

11 July 2008 04:47

Goldie Shwe said...

Who cares what his father is ? He is working hard for free Burma and that's all we need. If his father is from SB, then we have to salute him even more. We must all follow his lead. If our fathers are monk killers, then we should all fight against our fathers because we all know it is wrong to kill anyone, let alone the monks, just for the sake of the family fortune.

strike said...

goldie shwe is deeply fall in love with "ko htike"...:P

အိုးဝေအောင် said...

(၁) ကိုထိုက် ။ငါ့ညီ အဖေ ကိစ္စ ပွင့်ပွင့်လင်းလင်း ဖြေရှင်းပေးလိုက်ပါ ။
(၂) ကိုထိုက်ကိုသိသောငါနှင့်အများလုပ်ဆောင်ရန်=
အင်္ဂလန်မှာ နေသော ငါ့ညီနှင့် အပါ့မန့် တ၀န်းတည်းနေသော ကိုထိုက်ကို ငါအသံဖြင့်စသိခဲ့ရ။
၂၀၀၄ခုနှစ် ကိုထိုက် ဘန်ကောက် အလည်လာစဉ် လူချင်း ရင်းနှီးသိခဲ့ရ။ ထိုစဉ်သူသည် ဘလော့ဂ်တွင် စာစရေးနေသူ။
မြန်မာ့အရေးစိတ်ဝင်စားသူအဖြစ်သိခဲ့ရ။သူအင်္ဂလန်တွင် ကျောင်းတက်ရင်းအလုပ်ကြိုးစားနေသူ ။ဒီ့ထက်မပို။
(၃)၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုကာလ - သူ့ ဘလော့ဂ်တွင် နောက်ဆုံးရသတင်းများ တင်ပေးသဖြင့်
လူသိများလာသူ ။ယနေ့ အထိ ထင်ရှားတဲ့ဘလော်ဂါ။
လှုပ်ရှားတက်ကြွသူ ။ ရံခါ သတင်းဌာနများတွင် မြန်မာအကြောင်း အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောပြတတ်သူ ။ဒါ့ထက်ပိုပြီး ကိုထိုက်အကြောင်းကို
ငါတို့ စုံစမ်းကြရမယ်။ မှန်တဲ့အတိုင်းဖော်ထုတ်ရမယ်။
ဘာလို့ လဲ။သူဟာ ဒီမိုရရေးလှုပ်ရှားနေသူ မြန်မာလူငယ်တဦးဖြစ်နေလို့  ပဲ။
(၄)သူဟာ မကြာခင်ကပဲ နယ်စပ်မြို့ သွားပြီး လှုပ်ရှားခဲ့သူ။ ဒါတွေကို မနာလိုသူတစုက အပုတ်ချ တိုက်ခိုက်နိုင်တယ်။နအဖဘက်က တန်ပြန်တိုက်နိုင်သလို - မနာလိုတဲ့ မိတ်ဆွေယုတ်တွေကလဲ အပုတ်ချနိုင်တယ်။
(၅)အကယ်လို့  သူဟာ ထောက်လှမ်းရေးရဲ့ သားဖြစ်တယ် ဆိုပါစို့ ။ ယခု အထိ သူ့ အဖေနဲ့ အဆက်အသွယ်ရှိမရှိ စုံစမ်းရမယ်။ မရှိခဲ့ရင် သူဟာ မိဘနဲ့ အဆက်ဖြတ်ကာ သူယုံကြည်ရာလုပ်နေသူလို့ ယူဆရမယ်။ မိဘက စစ်တပ်ကပေမယ့် သားသမီးတွေက ဒီမိုလိုလားသူတွေ အများကြီး။(ဥပမာ
ထင်ရှားတဲ့ခေါင်းဆောင် ကိုမိုးသီးဇွန်ရဲ့ အဖေဟာ စစ်တပ်ကလို့ သူကိုယ်တိုင် မကြာခဏ ပြောခဲ့ဖူးတယ်)
(၆)အကယ်လို့ ကိုထိုက်ဟာ သူ့ အဖေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပါစို့ ။ စစ်ထောက်လှမ်းရေးတွေဘက်က လျှို့ ဝှက်သတင်းတွေ ရမရစုံစမ်းရမယ်။ရခဲ့ရင် သူတို့ သားအဖဟာ ဒီမိုလိုလားသူတွေအဖြစ် ချီးကျူးရမယ်။(သာဓက-ထောက်လှမ်းရေးတိုင်း နအဖကို ဖားသူမဟုတ်။အခွင့်သင့်ရင် ဗိုလ်မှုးအောင်လင်းထွတ် တို့ လို ထောက်လှမ်းရေးတွေ
နအဖကို ဆန့် ကျင်ကြတာသာဓကပဲ)။

strike said...
This comment has been removed by the author.
strike said...

Ko Htike father is "Assistant Director" in SB,he' rich (i wouldn't say how he rich).

Goldie Shwe said...

To Min Min and many other Burmese Gentlemen

Please try to be true gentlemen because our country need you. 50 years of military ruling has made our country the poorest in te world. Millions of our people are starving and hundreds of our kids are dying everyday. Our country needs a lot of gentlemen and brave ladies who are not selfish, childish, greedy or small minded. Plese try to use your freedom to help others.

Unknown said...

ကိုထိုက် အဖေဟာ ထောက်လှမ်းရေးပဲ ဖြစ်ဖြစ်.. လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ အကြီးအကဲ ပဲဖြစ်ဖြစ်. ကျွန်မတို့ ဂရုစိုက်စရာ မလိုဘူးထင်တယ်။ မိဘက ဒါဖြစ်လို့ သားသမီးလည်း ဒါဖြစ်ရမယ်လို့ဆိုတာတွေ၊ ဒီပုတ်ထဲက ဒီပဲ ပဲ ဆိုတာတွေဟာ အတွေး အခေါ်တွေ ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျွန်မတို့ မတွေးထား သင့်တဲ့ အရာတွေပါ။ ပတ်ဝန်းကျင်တွေ၊ မိသားစုတွေကို မတွေးပဲ လက်ရှိ သူလုပ်နေတာကို ကျွန်မတို့ ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်သူက ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဆီကို ပြန်မလာနိုင်တဲ့ အလုပ်မျိုး လုပ်ချင်ပါ့မလဲ၊ ဘယ်သူက အချိန်တွေ ပေးဆပ်၊ ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို လျစ်လျူရှုပြီး နိုင်ငံအတွက် လုပ်ဆောင်နိုင်လဲ၊ ဘယ်သူက ကိုထိုက်လို ရဲရဲဝံ့ဝံ့နဲ့ မီဒီယာတွေမှာ ရုပ်ရော အသံပါ ဖော်ပြပြီး နိုင်ငံအတွက် လှုပ်ရှားနေလဲ၊ ဘယ်သူက နာမည်အရင်းတွေနဲ့ ဘလောဂ့်ရေးရင်း လူတွေကို မဖြစ်သင့်တာ မတွေးသင့်တာ မတွေးအောင် ဖြန့်ဝေ ပေးနေသလဲ။ ကျွန်မတို့ တွေးသင့်တာတွေ အများကြီးပါ။ သူလက်ရှိ လုပ်နေတာဟာ တစ်ကယ်စဉ်းစားကြည့်သင့်တဲ့ တွေးကြည့်သင့်တဲ့ အရာပါ။

သူဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ ဝေဖန်သင့်ပါတယ် မှန်ပါတယ်။ ဒါပေမယ့် ဖြေရှင်း ခိုင်းတာတော့ မတရားရာ ရောက်တယ်ထင်တယ်။ စဉ်းစားကြည့်လေ.. ကိုထိုက်ဟာ မိဝေး ဖဝေး ချစ်သူ ခင်သူတွေနဲ့ ဝေးရာကို ရောက်နေတယ်။ သူလည်း လူသားပဲ၊ သူလည်း လွမ်းတတ် ခံစားတတ်မှာပဲ။ မိဘရင်ခွင်မှာ တိုးဝှေ့နေချင်မှာပဲ။ နိုင်ငံတော်ကို ပြန်မလာ နိုင်သေးတဲ့၊ မိဘကို ခဏ အဆက်ဖြတ်ထားရတဲ့ လူတစ်ယောက်ကို "ငါ့ အဖေက ဒါဖြစ်တယ်၊ ဒါပေမယ့် ငါကတော့ သူနဲ့ ဆန့်ကျင်ဘက်ကို လုပ်တယ်" လို့ ဖြေရှင်းခိုင်းတာဟာ ရင်နင့်စရာ ကောင်းပါတယ်။ နားလည်တတ်ရင် နားလည် ပေးလိုက်ကြပါရှင်။

Unknown said...

ကိုထိုက်...အနေနဲ့ ဆိတ်ဆိတ်နေရင်းနဲ့ပဲ ၀င်ခံလိုက်ပြီလို့
ကျွန်တော်တို့ယူဆလိုက်ပါတယ်။
အရည်အချင်းပြည့်ဝတဲ့ ကိုထိုက် ကိုကျွန်တော်တို့အမြဲ
လေးစားနေမှာဖြစ်ပြီး၊တိုင်းပြည်လွတ်မြောက်ရေးအ တွက် ကိုထိုက်ရဲ့  ကြိုးပမ်းမှုတွေကိုလည်း အမြဲကျေးဇူး တင်အသိအမှတ်ပြုနေပါ့မယ်။

ရဲဘော်ရဲဘက် ညီအစ်ကိုယ်မောင်နှမများသို့ တော်လှန် ရေးသတိပေးချင်သည်မှာ.....

မြန်မာ့စစ်ဝါဒီတော်လှန်ရေးသမိုင်းအဆက်ဆက်မှာ အတွင်းစည်းထဲသို့စိမ့်ဝင်နေရာယူထားတတ်ကြတဲ့ Sleeper Cells များကြောင့် ကျဆုံးခဲ့ရ၊ ဘ၀ပျက်ခဲ့ရ၊ ထောင်နန်းစံခဲ့ရရှာသော မျိုးချစ်တော်လှန်ေ၇းသမား များစွာတို့အားသင်ခန်းစာယူ၍ ရန် ငါ ပြတ်ပြတ် တော်လှန်ရေးသတိချပ်နိုင်ကြပါစေ။

strike said...

I totally agreed with "nathan".Sleeper cells are very "Dangerous".

minthant said...

I asked ko htike to say sometimg back to those bugs who can only do worthless things on this blog, but he said, "Ignore them ... when they get tired they will shut their mouths. They are just small fly that try to disturb."

And he said a word from aristotle ..“Criticism is something we can avoid easily by saying nothing, doing nothing, and being nothing”

There is a words from Dale Carnegie as well, which is “Any fool can criticize, condemn, and complain but it takes character and self control to be understanding and forgiving.”

Unknown said...

To minthant,

Yeah right ! Obviously, you haven't seen

someone being hand cuffed and blind folded

and dragged out of your house in front of your

parents,do you? I have known Ko Htike for so

long and I know about him more than you

do ,my friend. Him, Ko Aung , Dr Win Naing they

are all the same.Do you even know that Dr Win

Naing's brother in law is a minister in Na- Ahh

Pha? I feel soory for the people like Ko Aung

Maw. အင်္ဂလန်မှာလိမ်စားနေတဲ့ဒေါက်တိုင်တွေကို

မကြာခင်ဖော်ထုတ် အပစ်ပေးတော့မယ်။

စောင့်သာနားထောင်ကြပေတော။့ နေဘုန်းလတ်အတွက်

မင်းတို့လူယုတ်မာတွေအားလုံး အကြွေးဆပ်ဖို့ပြင်ထား

ကြ။

strike said...

I just copied from "C Box"..
just "FYI"....Cheers


16 Jul 08, 05:26
ဆရာရယ်: ဆရာကိုထိုက်ခင်ဗျား နွားကြီးဆိုသောဝတ္ထု ဆန်ဆန် ပုံပြင်လေးသည် မဆလ ခေတ်က ဗိုလ်မှူးသော်က (တိုက်ရေယာဉ် ၁၀၃ ရေးသားသူ)ပြောခဲ့ဖူးသော ဟာသလေးဖြစ်ပါသည် ။ နေ၀င်း ကို စန်းယုနှင့်မောင်မောင်ခ ခေါ်လာသည့်ပုံပြင်ဖြစ်ပါသည်။ ဆရာကိုထိုက်ကိုယ်တိုင်ရေးတယ်ဆိုရင်တော့ သေသွားနှင့်ပြီဖြစ်သော ဗိုလ်မှူးသော်က တယောက် သူခိုးသာလျှင်ဖြစ်ပေတော့မည် ဟု မှတ်ချက်ချလိုက်ရပါသည် (မှတ်ချက်။ ။ ဗိုလ္မွဴးေ

minthant said...

သြော် .. ဟုတ်လား။ ခင်ဗျားက လန်ဒန်က အားလုံးနဲ့ သိတယ်ဆိုရင် လာခဲ့ပါ။ ပိုတောင် ကောင်းသေးတယ်။ လူစုံတဲ့ ပွဲလေး တစ်ခုလုပ်ပြီး မျက်နှာခြင်းဆိုင် ရှင်းကြတာပေါ့။ ကိုထိုက် ဖုန်းနံပါတ်ကို ခင်ဗျား ကြိုက်တဲ့လူဆီမှာ တောင်းယူလို့ရတယ်။ သူ့မေးလ်ကို တိုက်ရိုက် မေးလည်းရတယ်။ သူက အိုင်ဒီကို ဖွက်ပြီး အလုပ်လုပ်တဲ့ လူလည်း မဟုတ်တော့ ready ပဲ ထင်တယ်။ လာပါ .. ပြောကြတာပေါ့။ ခင်ဗျားထင်သလို သူနဲ့ အလုပ်တွဲလုပ်နေတဲ့ လူတွေဖြစ်တဲ့ လှုပ်ရှားနေတဲ့ လူတွေကို ငအ တွေများ ထင်နေလား။ ခင်ဗျားကို သနားတယ်။ ကိုယ့်အိုင်ဒီတောင် ဘာမှန်းသေချာအောင် မပြောနိုင်။ ဘေးကနေ လျှောက်ပြောနေတာ ခင်ဗျားအစား ရှက်တယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေသလဲ ဆိုတာနဲ့သာ သတ်မှတ်တယ်။ ခင်ဗျား ဘာလုပ်နေသလဲဆိုတာတော့ ခင်ဗျားသာလျှင် အသိဆုံးထင်ပါရဲ့။

နောက်တစ်ခု... ခင်ဗျားက လိမ်စားနေတဲ့ လူတွေလို့ ပြောရအောင် ကိုထိုက်တို့ လူစုထဲမှာ... ဘယ်သူကမှ လိမ်လည်းမလိမ်သလို၊ ဘယ်ကမှ တပြားတချပ်မှ ရနေတဲ့ လူတွေ မဟုတ်ဘူး ဆိုတာ သိဖို့လိုမယ်။ ခင်ဗျားသာ နာမည်လိမ်၊ ကိုယ်ရေး အတ္ထုပ္ပတ္တိလိမ်ပြီး ခိုလှုံခွင့်ယူထားသူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေလိုက်မယ်။ ခင်ဗျား လိပ်ပြာလုံတဲ့လူ ဖြစ်နိုင်ပါစေ။ ဟားဟား။

ကြီးကြီးကျယ်ကျယ် နေဘုန်းလတ်လေး၊ တော်လှန်ရေးလေး ပြောနေတာ .. သူတို့ နာမည်ပြောပြီး တော်လှန်ရေးဆိုတဲ့ အသုံး သုံးဖို့ ထိုက်တန်တဲ့ လူ ဖြစ်ရဲ့လားဆိုတာ ကိုယ့်သမိုင်းကို ပြန်ရှာဖတ်ကြည့်ဦး။ လူရီစရာ လာပြောနေတယ်။

ခင်ဗျားမှာ မျက်နှာခြင်းဆိုင်ရှင်းမယ်ဆိုတဲ့နေ့ကို စိတ်ကူးရှိခဲ့ရင် ခင်ဗျားပြောတဲ့၊ ကိုအောင်တို့ ကိုအောင်မော်တို့နဲ့ arrange လုပ်ပြီး စီစဉ်လိုက်ပါလား။ ဘုန်းဘုန်း ဦးဥတ္တရတို့၊ wembley ဆရာတော်တို့ကိုပါ ပင့်လိုက်။ လန်ဒန်က အလုပ်လုပ်နေတဲ့ လူတွေ အားလုံး ရှေ့မှာ ရှင်းကြတာပေါ့။ ဖိတ်လိုက်လေ။ မှတ်တမ်းရိုက်ပြီး ကိုထိုက်က သူ့သဘော့မှာ တင်ပါလိမ့်မယ်။ အားလုံးလဲ သိရတာပေါ့။

ခင်ဗျားတို့လို စိတ်ဓါတ်ရေးရာ နိမ့်ကျတဲ့ လူတွေ ရှိနေလို့ အဲဒါနဲ့ ထိုက်တန်တဲ့ အစိုးရ ရှိနေတယ် ဆိုတဲ့ စကားကို လက်ခံလိုက်ရတယ်။
................
နောက်တစ်ယောက်လည်း ဒီရီစရာ အတိုလေးရဲ့ အပေါ်ဆုံးက စာကို သေချာ ပြန်ဖတ်ပါဦး၊ ခင်ဗျား စာဖတ်တက်မယ် ဆိုရင်ပေါ့။ ကိုထိုက်က သူခိုးဆိုတာ ဟုတ်လား၊ မဟုတ်သလားဆိုတာ၊ အရှက်တရား နည်းနည်းထားပြီးမှ သူများကို ဝေဖန်ပါ။ မဆလ ခေတ်မှာ ကြံဖွတ် မရှိတာကြောင့် ဒီစာကို နအဖ လက်ထက်မှာမှရေးတယ် ဆိုတာ သေချာတယ်။ နောက်ပြီး ကိုထိုက်က အစ အဆုံး သူ စိတ်ကူးပြီးရေးတယ်လို့ မပြောထားဘူး။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကို ရေးထားတာပါလို့ သူ ရှင်းရှင်းလင်းလင်း ပြောထားတာ အသိသာကြီးပါ။ သူငယ်ငယ်က ကြားဖူးထားပြီး ဘယ်သူရေးသလဲ ဘယ်သူပြောသလဲ သူမမှတ်မိဘူးလို့ ကျုပ်ကို သူပြောဖူးတယ်။

Unknown said...
This comment has been removed by the author.
Pinkgold said...

သြော်.. လူတွေလည်း ကိုယ့်အကြောင်းထက် သူများအကြောင်း ပိုစိတ်ဝင်စားကြသကို.. ညစာဈေးဖိုးဖြင့် မရှိသေးဘူး.. လမ်းထိပ်က ကောင်မလေး ကုလားကြီးနောက် လိုက်ပြေးတာ ပြောကောင်းတုန်း...

strike said...
This comment has been removed by the author.
strike said...

"Zaw Zaw "&"blue" you both are right...
neither "SPDC" nor "UK demo crap" are no good for "Burma"...both of them must go to "Hell" together...

strike said...

....innt...hinnt....:P

strike said...

blue said...
lmao
typical refugee behavior and response, huh? i expected that.. B)

keep it up, it is fun seeing you taking like that !! B)
....I agreed with you "blue",,,hee hee...:P
.....typical low life "refugee behaviour & response"...a het...:D...poor "minthant",,,So so rude lower class Ko Htike thugs...:D