Thursday, 17 July 2008

Generation Wave ၏ တော်လှန်ရေး အမြင် (သို့) မြန်မာ့တော်လှန်ရေး Road Map

မြန်မာပြည်သူပြည်သားတိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျား

ဒီမိုကရေစီတော်လှန်ရေးကြီးအောင်မြင်နိုင်ဖို့ အတွက်ကျွန်တော်အကြံပြုတင်ပြချင်တာလေး

တွေရှိလို့ ဒီစာလေးနဲ့ ပြောပါရစေ။

လက်ရှိအနေအထား

လက်ရှိအချိန်မှာ…လူထုလှုပ်ရှားမှုများဖော်ဆောင်ရန်အခွင့်အလမ်းအလွန်နည်းပါးလျက်ရှိပြီး

နအဖ ဘက်မှ NLD ပါတီကိုတောင် ရုံးတွင်းမ၀င်ယုံတမယ်ရိုင်းပြစော်ကားသည်အထိ…

ဖိနှိပ်မှုအရှိန်မြင့်လာနေပါတယ်။ပြီးတော့လည်း…လတ်တလောကာလတွေမှာမုန်တိုင်းဒဏ်သင့်

ဒုက္ခသည်တွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့…လူမှုရေးတက်ကြွသူတွေနဲ့ 

အတူ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ…မျိုးဆက်သစ်ခေါင်းဆောင်တွေကိုလည်းအဆက်မပြတ် ဖမ်းဆီးနေတာအားလုံးအသိပါ…သဘောကတော့ဗျာ..နိုင်ငံရေးတင်ဖိနှိပ်ရတာအားမရလို့ 

လူမှုရေးပါထပ်ဖိတာပါပဲ… လူမှုရေးလှုပ်ရှားမှုတွေကနေ…နိုင်ငံရေးအသိစိတ်တွေနိုးကြားလာမှာ

ကြောက်လို့ ကြိုကာထားတာကိုတော့အားလုံးသိပြီးသားဖြစ်မှာပါ…

ဒါတွေအပြင်စစ်တပ်ထဲမှာ အဆင့်မြင့်ခေါင်းဆောင်တွေ ရာထူးအပြောင်းအလဲလုပ်ပြီး…

နိုင်ငံရေးထဲဝင်လာတော့မယ့်အရိပ်ယောင်တွေမြင်နေရပါတယ်…

ခုတိုင်းပြည်မှာလက်ရှိဖြစ်နေတာက…ဖွဲ့ စည်းပုံဥပဒေ..မတရားအတည်ပြုထားတယ်…

နိုင်ငံရေးလူမှုရေးခေါင်းဆောင်တွေတင်မက…ပတ်သက်သမျှလူတွေအားလုံး…

၃၀မ်းကွဲသူငယ်ချင်းတောင်မကျန်စေရအောင်လိုက်ဖမ်းတယ်…

အသစ်အသစ်သောအဖွဲ့ ငယ်တွေကိုလည်းမျက်ခြေမပြတ်ထောက်လှမ်းနေတယ်…

ခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ရန်သူပဲပြောပြော…တော်လှန်နေရတဲ့ဖိနှိပ်သူပဲဆိုဆို..

ဒီနအဖဆိုတာကြီးက ပြည်သူ့ တပ်မတော်ကိုအရေခြုံပြီး.လက်နက်အင်အား..လူသူအင်အား

နည်းပညာအင်အား…ငွေကြေးနဲ့ သယံဇာတရင်းမြစ်အင်အားတွေအလုံးအရင်းကို

နှစ်ပေါင်းများစွာစနစ်တကျ အဓမ္မနည်းမျိုးစုံနဲ့ စုဆောင်းဖွဲ့ စည်းထားတဲ့စစ်အုပ်စုကြီးပါ..

နောက်ပြီးသူ့ အဖွဲ့ အစည်းတွေထဲမှာရော လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုထဲမှာပါ..

အကြောက်တရားဆိုတာကြီးကိုအနာဆိုးကြီးလိုအမြစ်တွယ်နေအောင်အုတ်မြစ်ချရိုက်

သွင်းထားပါသေးတယ်။အဲဒါတင်လားဆိုတော့မဟုတ်ပြန်ပါဘူး။ မကြောက်တရား(သတ္တိ)ရဲ့ 

ပင်မရေသောက်သောက်မြစ်ဖြစ်တဲ့ အသိဥာဏ်တွေရနိုင်တဲ့ပညာရေးစနစ်ကိုလည်း

ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားပါသေးတယ်…

ဒီတော့ကျွန်တော်တို့ လုပ်စရာဘာကျန်ဦးမလဲ…စဉ်းစားဖို့ လိုနေပါပြီ။ တိုက်ပွဲကအီနေပြီ…

လမ်းကြောင်းပျောက်နေပြီ။သူ့ ဘက်ကတဆင့်ပြီးတဆင့်တက်လာနေပါပြီ။ဆိုတော့

ခုကျွန်တော်တို့ လုပ်နိုင်တာတွေကိုရှာဖွေဖို့ အခြေအနေတွေကိုပြန်သုံးသပ်

ကြည့်ကြရအောင်ဗျာ။

သူ့ ဘက်ကလုပ်ခဲ့တာတွေ

ဒီစစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေကိုသေချာပြန်ကြည့်ရင်သူတို့ ဟာဒီလုပ်ရပ်တွေကို

ဗရမ်းပတာလျှောက်လုပ်နေတာမဟုတ်နိုင်ပါဘူး…နအဖဆိုတာဖြစ်လာကတည်းက

ဗိုလ်သန်းရွှေဟာ တကယ့်ကိုထိရောက်တဲ့လက်နက်အသစ်တွေသူ့ ဘက်မှာ

တပ်ဆင်လာပါတယ်။ဒီပုဂ္ဂိုလ်ကြီးကိုစစ်သားသက်သက်၊လူရမ်းကားကြီးလို့ တွက်လိုက်ရင်

ကျွန်တော်တို့ မှားပါလိမ့်မယ်။အင်မတန်အမြော်အမြင်ကြီးပါတယ်..မကောင်းတဲ့စိတ်

အာဏာရူးတဲ့စိတ်ကတပိုင်းပေါ့လေ။ သူကသူ့ အင်အားကို လက်နက်ကိုင်တပ်ဖွဲ့ တွေမှာ

တင်ဖြည့်ဆည်းထားတာမဟုတ်ပါဘူး။ကျွန်တော်တို့ နှစ်ပေါင်းများစွာပြောနေသုံးနေတဲ့

အကြမ်းမဖက်နည်းလမ်းတွေအတွက်လည်းလက်နက်အပြည့်တပ်ဆင်ထားပါတယ်။

လူလူချင်းရှုးတိုက်ဖို့ လည်းကြံဖွံအမှူးပြုတဲ့အဖွဲ့ တွေလည်းအမျိုးမျိုးဖွဲ့ စည်း

ထားပါသေးတယ်။

ဒီနေရာမှာကြံဖွံကိုဘယ်လိုဖွဲ့ စည်းထားလည်းဆိုတာအကြမ်းဖြင်းလေးပြောချင်ပါတယ်။

ကြံ့ဖွံဆိုတာပြည်သူ့ ဝန်ထမ်းအများစုပါဝင်ပါတယ်။ကျောင်းသားနဲ့ အရပ်သားတွေလည်း

အမျိုးမျိုးပါဝင်ပါတယ်။ဒီလူတွေကိုသူစည်းရုံးပုံကသင်းပါတယ်။

လူမှုရေးအဖွဲ့ လို့ ပထမအမည်ခံပါတယ်။ဒုတိယကမ၀င်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်

ဆိုပြီးမသိမသာခြောက်ပါတယ်။တတိယကတော့လူ့ သဘာဝရဲ့ အရေးကြီးဆုံး

သော့ချက်ဖြစ်တဲ့လောဘကိုကစားလိုက်ပါတယ်။ဝင်ရင်ဘာရမယ်ညာရမယ်ဆိုတာပါ။

(၀င်လာအောင်ခြိမ်းချောက်မှုတွေလုပ်ထားတယ်)

(မက်လုံးပေးပြီးစည်းရုံးသိမ်းသွင်းတဲ့နည်းကတစ်မျိုးနဲခြိမ်းချောက်ပြီးအကြပ်ကိုင်တဲ့နည်း

ကတစ်ဖုံ၊ ဒီနှစ်မျိုးနဲလူအင်အားရအောင်ယူထားပါတယ်)

ရာထူး.ငွေကြေး.အခွင့်အရေးမျိုးစုံထုတ်ရင်းလိုက်တာနောက်ဆုံးကျောင်းသားငယ်လေး

တွေကိုတောင်မှ.စာမေးပွဲအမှတ်နဲ သင်တန်းတွေနဲ့မြှားခေါ်သွားတဲ့အထိပါပဲ။

မေးခွန်းတခုရှိလာတာကခုချိန်မှာ..ကြံဖွံ့ ..စွမ်းအားရှင်အစရှိတဲ့အရပ်ဝတ်

လက်ကိုင်တုတ်တွေနဲ့ ယူနီဖောင်းဝတ်လက်နက်ကိုင်စစ်တပ်ဘယ်ဟာကပိုအားကြီးပြီး

ဘယ်ဟာကကျွန်တော်တို့ အတွက်အန္တရာယ်ပိုများလည်းဆိုတာပါ။

ကျွန်တော့်အဖြေကိုပြောကြည့်ပါမယ်။လူဦးရေအင်အားအရကိုပဲအရပ်သားအဖွဲ့ 

တွေကအင်အားပိုများပါတယ်။

ပြီးတဲ့အခါ ကျွန်တော်တို့ အနီးအနားမှာတင်ကျွန်တော်တို့ မသိရပဲ ကျွန်တော်တို့ နဲ့ 

အတူရှိနေပြီးကျွန်တော်တို့ ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်သတင်းပေး၊

နောက်ဆုံးစက်တင်ဘာမှာဆို အတူတူဆန္ဒပြနေရင်းကနေကိုယ့်ကိုထရိုက်တဲ့အထိ

ကောင်းကောင်းဒုက္ခပေးသွားတာလည်းဒီလက်နက်မဲ့…လူယောင်ဆောင်အဖွဲ့ ဝင်တွေပါပဲ။

ကဲကြည့်ကြပါဦးဗျာ။မောင်သန်းရွှေကဘယ်မှာသေနတ်တချက်ဖောက်သွားလို့ တုန်း

ဒီအင်အားတွေရလာအောင်။ ဒါဟာလည်းပြောရရင်အကြမ်းမဖက်နည်းလမ်းကိုသုံးသွားတာ

ပါပဲ။ကောင်းခြင်းမကောင်းခြင်းကတော့ထားလိုက်ပါတော့ဗျာ။ဆိုလိုချင်တာက စစ်အုပ်ဟာ

တိုင်းပြည်ကိုနည်းလမ်းပေါင်းစုံးသုံးပြီးချုပ်ကိုင်ဖို့ ကြိုးစာနေတယ်ဆိုတာရယ်၊

အကြမ်းမဖက်လူထုတော်လှန်ရေးရဲ့ စွမ်းအားကြီးမားပုံကိုသိလို့ ကြောက်လို့ တန်ပြန်

တော်လှန်ရေးအင်အားစုကိုကြိုတင်တည်ဆောက်ထားတာရယ်ကိုပါ။

တော်လှန်ရေးများအကြောင်း ခွပ်ဒေါင်းလည်ပြန်

သူ့ အပိုင်းပြီးတော့ကိုယ့်အပိုင်းပေါ့ဗျာ။ကျွန်တော်ကတော့ကျွန်တော်မြင်တာကို

ပွင့်ပွင့်လင်းလင်းပဲပြောတတ်ပါတယ်။မှားတာပါခဲ့ရင်လည်းညွှန်ပြပေးကြဖို့

ဝေဖန်ပြုပြင်ပေးကြဖို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာမြန်မာပြည်ရဲ့ သမိုင်းတလျှောက်လုံးတော်လှန်ရေးအမျိုးမျိုးကို

ဆင်နွှဲခဲ့ရတာရာစုနှစ်ချီကြာခဲ့ပါပြီ။ဒီတော်လှန်ရေးတွေထဲမှာ အောင်မြင်ခဲ့တယ်လို့ 

ယူဆလို့ ရတာတွေရှိခဲ့သလို၊မအောင်မြင်ခဲ့တာတွေနဲ့ လက်ရှိမအောင်မြင်သေးတဲ့

တော်လှန်ရေးကြီးကိုလည်းဆင်နွှဲနေရဆဲပါ။အောင်မြင်တယ်လို့ ပြောလို့ ရတဲ့

တော်လှန်ရေးတွေပြောရရင်အင်္ဂလိပ်နယ်ချဲ့ နဲ့ ဖက်ဆစ်ဂျပန်ကိုမောင်းထုတ်နိုင်ခဲ့တဲ့

နယ်ချဲ့ တော်လှန်ရေးကြီးတွေရှိပါတယ်။ဒီနေရာမှာလည်း အင်္ဂလိပ်တွေစ၀င်ကတည်းက

ဗိုလ်မင်းရောင်တို့ …ဗိုလ်မြတ်ထွန်းတို့ နောက်ဆရာစံတို့ လိုပုဂ္ဂိုလ်ကြီးတွေဦးဆောင်ခဲ့တဲ့

လက်နက်ကိုင်တော်လှန်ရေးတွေကစတင်ခဲ့ပါတယ်။ဒါပေမယ့်နယ်ချဲ့ ကိုမောင်းထုတ်နိုင်တဲ့

အထိမအောင်မြင်ခဲ့ကြပါဘူး။ဟိုကကမ္ဘာပတ်ပြီးစစ်တိုက်စားနေတဲ့ကောင်တွေကို

ကျွန်တော်တို့ က၀ါးရင်းတုတ်နဲ့ ဆောင်ဓါးနဲ့ ဒူးလေးနဲ့ အန်တုခဲ့ကြတာပါ။

အင်မတန်လေးစားစရာသတ္တိတွေပါ။ဒါပေမယ့်ရန်သူ့ အားနည်းချက်နဲ့ အံမ၀င်ခဲ့ပါဘူး။

ဘယ်အချိန်မှာနယ်ချဲ့ ကိုထိတ်လန့် စေခဲ့သလဲဆိုတော့၊ကျွန်တော့်အမြင်ပြောရရင်၊

၁၃၀၀ပြည့်အရေးတော်ပုံအကြမ်းမဖက်လူထုတိုက်ပွဲကြီးပေါ်လာတဲ့အချိန်လို့ ဆိုချင်ပါတယ်။

ဒီအရေးတော်ပုန်ကြီးရဲ့  ရလဒ်တွေကနေ ၁၉၃၈နောက်ပိုင်းကာလတလျောက်လုံးမှာ

အမျိုးသားရေးလှုပ်ရှားမှုတွေဆက်တိုက်ဖော်ဆောင်လာနိုင်ခဲ့ပြီး၊တော်လှန်ရေးစိတ်ဓါတ်

သန္ဓေသားကိုလည်းဖွံဖြိုးကြီးထွားလာစေခဲ့ပါတယ်။

နောက်ဆုံးအင်္ဂလိပ်အစိုးရကိုမောင်းထုတ်နိုင်ခဲ့တဲ့အထိပါပဲ။

နောက်တခုကကြမ်းကြုတ်ရက်စက်တဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးပါ။

ဒီပွဲမှာလည်းကျွန်တော်တို့ မရှုံးခဲ့ပါဘူး။ဒါပေမယ့်နိုင်ခဲ့လားဆိုတာတော့ကျွန်တော့်အမြင်မှာ

မသေချာပါဘူး။ဖက်ဆစ်ဂျပန်ကိုကျွန်တော်တို့ ဘိုးဘေးတွေတိုက်ထုတ်ခဲ့တဲ့နည်းကတော့

လက်နက်ကိုင်နည်းပါပဲ။ဒီနေရာမှာသေချာပြန်တွက်ကြည့်ရင်စဉ်းစားစရာတွေအများကြီးပါ။

ပထမအချက်က ဖက်ဆစ်ဂျပန်တွေဟာအဲဒီအချိန်မှာရင်ဆိုင်နေရတာကျွန်တော်တို့ မြန်မာ

ပြည်တခုတည်းမဟုတ်ပါဘူး။ဒုတိယတခုကသူ့ ရဲ့ မဟာမိတ်တွေဖြစ်တဲ့နာဇီဂျာမနီနဲ့ 

အီတလီတို့ လည်းဥရောပမှာမရှူနိုင်မကယ်နိုင်ဖြစ်နေချိန်ပါ။တတိယတခုကကျွန်တော်တို့ က

ကိုယ့်တိုင်းပြည်အရေးမို့ အသက်စွန့် တိုက်ကြသလိုအနောက်မဟာမိတ်တွေကလည်း

ကမ္ဘာ့ရန်သူမို့ အားသွန်ခွန်စိုက်လိုက်ပါဆင်နွှဲကြလို့ ပါ။ကျွန်တော်တို့ ချည်းဆိုနိုင်ပါ့မလား

ဆိုတာတော့ကျွန်တော်ကသံသယရှိနေဆဲပါ။(ပြီးတဲ့အခါလွတ်လပ်ရေးရပြီးနောက်ပိုင်း

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အများကြီးရှိခဲ့တဲ့ နိုင်ငံတို့ ရဲ့ ထုံးစံပဲလား

ပူပူနွေးနွေးဂျပန်သွေးမြည်းခဲ့ရလို့ ပဲအကျင့်ပါသွားလာမသိပါဘူး။ကိုယ့်တိုင်းရင်းသားချင်း

နားလည်မှုလွဲကြတာကိုလည်း လည်ပင်းဖက်မဆွေးနွေးပဲကျွန်တော်တို့ တွေ

ညီအကိုချင်းတုတ်တပျက်ဓါးတပျက်ရှင်းခဲ့ကြလို့ အပျက်အပျက်နဲ့  နှာခေါင်းတင်မက

တကိုယ်လုံးသွေးထွက်ပြီးရင်နာစရာတွေဖြစ်ခဲ့ရတာလည်းခုထိမပြေလည်သေးပါဘူး။)

ဒါကနောက်ကြောင်းပြန်ကြည့်တာပါ။ဒီနေ့ ခေတ်လို့ ပြောရမယ် ၁၉၈၈ လူထုအရေးတော်ပုံ

ကြီးကိုပြန်ကြည့်ရင်လည်းအကြမ်းမဖက်အံတုမှုတွေနဲ့ တော်လှန်ခဲ့ကြပြီးအတိုင်းအတာတခုထိ

ကျွန်တော်တို့ နိုင်ခဲ့ကြတာလို့ ပြောရမှာပါပဲ။ တောင်ကုန်းကို အလံမစိုက်နိုင်ခဲ့တာကတော့

လိုအပ်ချက်တွေရှိခဲ့လို့ ဖြစ်မှာပါ။ တဖက်လူကိုအပြစ်ပြောလို့ ရမယ်မထင်ပါဘူး။

သူတို့ ကလည်းသူတို့ တည်မြဲရေးကိုရတဲ့နည်းနဲ့ လုပ်မှာပါပဲ။

အဲဒီတုန်းကအသာစီးရခဲ့လျက်နဲ့ စစ်အာဏာရှင်ဇာတ်မသိမ်းနိုင်ခဲ့တာဘာလို့ လဲဆိုတဲ့

မေးခွန်းဟာဒီနေ့ ခေတ်၂၁ရာစုမျိုးဆက်တွေရဲ့ ခေါင်းထဲမှာရိုက်ခတ်နေပြီဖြစ်ပြီး၊

အဲဒီအချိန်ကဦးဆောင်ခဲ့တဲ့တိုက်ပွဲခေါင်းဆောင်တွေကိုအဖြေတောင်းလာနိုင်စရာလည်းရှိပါတယ်။

လိုအပ်ခဲ့မယ်ထင်တဲ့ ဟာကွက်တချို့ 

နိုင်ငံရေးသမားပဲဆိုဆိုတော်လှန်ရေးသမားပဲပြောပြော ကျွန်တော်တို့ အင်အားစုတွေဟာ

အာဏာရှင်စနစ်တိုက်ဖျက်ရေးအကြောင်းစဉ်းစားတိုင်းမှာလူထုအင်အားကိုအခြေခံစဉ်းစား

ကြပါတယ်။ပြီးတဲ့အခါနောက်တဆင့်ကလူထုအင်အားနဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ

ဖော်ထုတ်ပြီးတတိုင်းပြည်လုံးအုံကြွတော်လှန်ရေးဆိုတာကိုစဉ်းစားခဲ့ကြတာအမြဲပါပဲ။

ဒါဟာလည်းသဘာဝကျတဲ့လက်တွေ့ ဖြစ်နိုင်ခြေနဲ့ အနီးစပ်ဆုံး စဉ်းစားချက်ပါပဲ။

ဒီစဉ်းစားချက်နဲ့ ပဲလူထုတိုက်ပွဲကြီးငယ်တွေပေါ်ပေါက်ခဲ့ပြီး အရေးနိမ့်မှုတွေ

ကြုံလာတဲ့အခါမှာတော့လူထုတရပ်လုံးမပါဝင်သေးလို့ ၊လူထုကအကြောက်တရားကြီးမား

လွန်းလို့ ၊ဖိနှိပ်မှုကပြင်းထန်လွန်းလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရှေ့ မဆက်နိုင် ဖြစ်ခဲ့ကြရတာလည်းအကြိမ်မနည်းတော့ပါဘူး။လူထုပါဝင်သင့်သလောက်မပါဝင်ခြင်းရဲ့ 

အကြောင်းရင်းကိုဆန်းစစ်တိုင်းမှာကျွန်တော်တို့ စဉ်းစားချက်တွေက သမားရိုးကျ

ဆန်လွန်းနေတယ်ထင်ပါတယ်။

လူထုကကြောက်တယ်ဆိုတာမှန်ပါတယ်။မြန်မာပြည်ကလူထုတင်မဟုတ်ပါဘူး။

ကျွန်တော်တို့ လူသားအားလုံး ကြောက်တတ်ကြတာပါပဲ။ဒါကိုအငြင်းပွားနေစရာမရှိဘူး

လို့ ထင်ပါတယ်။ဒါဆိုရင်ကြောက်တတ်တဲ့ပြည်သူလူထုကြီးက ဘာလို့ လမ်းမတွေပေါ်မှာ

လှံစွပ်တွေသေနတ်တွေကိုရင်ဆိုင်ခဲ့ကြတာလဲ၊ကျန်တဲ့ဘေးကလူတွေကျပြန်တော့

ဘာလို့ မပါဝင်ကြတာလဲဆိုတဲ့မေးခွန်းတွေထွက်လာမှာပါ။ကျွန်တော်မြင်တာကိုပြောပါမယ်။

လူဟာသဘာဝအရကြောက်တတ်တယ်။လူ့ သဘာဝအရကြောက်တတ်တာကိုမကြောက်ပါနဲ့ 

ထွက်ချပါလို့ ပြောရင်ကျွန်တော်တို့ ကိုအရူးလို့ ပဲပြန်ပြောမှာပါ။ဒါပေမယ့်

ဘယ်လောက်ပဲကြောက်ကြောက် ကြောက်ရမှန်းမသိတဲ့အခါမျိုးနဲ့ မဖြစ်မနေရင်ဆိုင်

ရတော့မယ်လို့ ထင်လာတဲ့အခါမျိုး(သူသေကိုယ်သေအနေအထားရောက်လာတဲ့အခါမျိုး)

မှာတော့လူဟာအကြောက်တရားနေရာမှာသတ္တိဖြစ်ဖြစ် မိုက်ရူးရဲစိတ်ဖြစ်ဖြစ် အရှုံးမပေးလိုတဲ့

ဇောဟာ ၀င်လာတတ်ပါတယ်။အဲဒီစိတ်နဲ့ ပဲတဖက်က အင်အားကြီးမားတဲ့ရန်သူကို နိုင်ခြေရှုံးခြေ

မသိပဲတွန်းလှန်လိုက်မိတော့တာပါပဲ။ ဒီလိုပြောတဲ့အခါ တော်လှန်ရေးကြီးတွေအပေါ်

အထင်သေးတယ်မြင်သွားမှာလည်းစိုးရိမ်ပါတယ်။ဒါပေမယ့်သေချာတွေးကြည့်ကြ

စေချင်ပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်မျက်ဝါးထင်ထင်ပါဝင်ကြုံတွေ့ ခဲ့ရတဲ့ စက်တင်ဘာ

ရွှေဝါရောင်တော်လှန်ရေးကြီးကိုသုံးသပ်ကြည့်ပါမယ်။လူထုဟာလောင်စာဆီ ဈေးမြင့်တက်မှုကြောင့်ဘေးကျပ်နံကျပ်ကာလတခုကိုရုတ်တရက်ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအချိန်မှာတော်လှန်ရေးအတွက်အစဆွဲထုတ်ဖို့ စောင့်နေတဲ့ခေါင်းဆောင်

များဟာ တိုက်ပွဲကိုစခေါ်လိုက်ပါတော့တယ်။လူထုကလည်း ကျပ်တည်းမှုရဲ့ တွန်းအား

ကြောင့်အလိုက်သင့်ပါလာပါတယ်။စခဲတဲ့ခေါင်းဆောင်တွေအဖမ်းခံလိုက်ရတဲ့အချိန်မှာ၊

ကျန်ရှိနေကြတဲ့ခေါင်းဆောင်တွေကတာဝန်ကျေကျေဆက်လက်ဦးဆောင်ကြပါတယ်။

လူထုဟာအရှိန်ငယ်လေးတခုရလာပါတယ်။အဲဒီအချိန်ထိကျွန်တော်မြင်မိတာကလူထုဟာ

ရိုးရိုးတန်းတန်းပဲလောင်စာဆီဈေးများကျလိုကျငြားနဲ့ လိုက်ခဲ့ကြတာထင်ပါတယ်။

ပြီးတဲ့အခါမျှော်လင့်မထားတဲ့သံဃာထုရဲ့ ပါဝင်လာမှုနဲ့ ပခုက္ကူ

အဖြစ်အပျက်ရဲ့ လှုပ်နှိုးလိုက်မှု၊သံဃာအင်အားကြီးရဲ့ ရုတ်တရက်ဘွားကနဲပေါ်ထွက်လာမှု

တို့ ကြောင့်ပြည်သူတွေလည်းအပြုံဝင်ချလာပါတော့တယ်။သံဃာ့လှုပ်ရှားမှုဟာပင်မ

တပ်ဦးကြီးဖြစ်လာပြီးလူထုရဲ့ စိတ်လှုပ်ရှားမှုဟာအတိုင်းအမသိကြီးထွားသွားပါတယ်။

ဒီအချိန်မှာကျွန်တော်တို့ တွေးစရာဖြစ်လာတာက လမ်းမပေါ်ကလူထုရဲ့ မျှော်လင့်ချက်

အောင်ပွဲကဘာလဲဆိုတာပါပဲ။ဒီနေရာမှာကျွန်တော့်ကိုယ်တွေ့ လေးနဲ့ ရှင်းပြပါရစေ။

ရွှေဝါရောင်လမ်းမကြီးပေါ်မှာ

အခြားသောလူသိန်းပေါင်းများစွာဟာဘာကိုအိပ်မက်ခဲ့ကြသလဲမသိပေမယ့်ကျွန်တော်

သေချာသိခဲ့တာတော့၊ကျွန်တော်ဘာမှမသိခဲ့ဘူးဆိုတာပါပဲ။ဟုတ်ပါတယ်။

ကျွန်တော်အမှန်အတိုင်းဝန်ခံတာပါ။ ကျွန်တော့်မျက်လုံးထဲမှာမြင်ခဲ့တာကသံဃာတော်တွေ၊

ကျောပိုးအိတ်လွယ်ထားတဲ့၊ဘောင်းဘီတိုဝတ်ကျောင်းသားလူငယ်တွေ၊ပြည်သူတွေရဲ့ 

မျက်နှာတွေနဲ့ သူတို့ မျက်လုံးတွေထဲကတစုံတရာစိတ်အားထက်သန်မှုတွေပါပဲ။ဒီလိုလုပ်လို့ 

လောင်စာဆီဈေးနှုန်းတွေကျသွားမယ်လို့ မထင်ခဲ့သလို၊ဒါဟာတော်လှန်ရေးကြီးဆိုတာလဲ

မသိခဲ့ပါဘူး။ကျွန်တော်တို့ အလွန်ကိုရိုးစင်းစွာပဲလမ်းလျှောက်ထွက်ခဲ့ရုံသက်သက်ပါ။လမ်းရဲ့ 

အဆုံးမှာရှိနေတဲ့ ချောက်ကမ်းပါးကြီးကိုလည်းမသိခဲ့မမြင်ခဲ့ပါဘူး။ကျွန်တော့်အတွက်တော့

တကယ့်ကိုခြေဦးတည့်ရာနေ့ ရက်တွေပါ။ဒီတိုက်ပွဲကြီးရဲ့ နောက်ကွယ်မှာတစုံတခုသော

ရည်ရွယ်ချက်ကြီးနဲ့ ဦးဆောင်လှုပ်ရှားနေတဲ့ သူတွေရှိနေလိမ့်မယ်လို့ လည်းအတိအကျ

မသိခဲ့သလိုဘယ်သူကမှလည်းကျွန်တော်တို့ ကိုတကူးတကဖိတ်ခေါ်ခဲ့တာလည်း

မဟုတ်ပါဘူး။အာဏာရှင်ကိုဖြုတ်ချဖို့ အထိတိုက်ပွဲဝင်နေတာလို့ လည်းမသိခဲ့ဘူး။

လမ်းဘေးဝဲယာမှာကင်မရာတွေကိုင်လိုက်ပြီးဓါတ်ပုံတဖျတ်ဖျတ်ရိုက်နေကြတာလည်း

ကျွန်တော်တို့ မရှောင်လွှဲခဲ့ပါဘူး။မသိဘူးလေကျွန်တော်တို့ လမ်းလျှောက်ရုံလျှောက်နေတာ

ပဲ။ဓါတ်ပုံထဲပါလို့ လည်းဘာဖြစ်မှာမို့ လဲ။ပြန်တွေးကြည့်မိတော့ငိုရမလိုရယ်ရမလိုပါပဲ။

ကျွန်တော်တို့ လိုလျှောက်နေကြတဲ့သူတွေဘက်ကဘယ်သွားနေလဲကိုယ့်ဟာကိုယ်

မသိသလို၊ကျွန်တော်တို့ ဘေးနားကကပ်ပြီးအလုပ်သွားနေကြတဲ့သူတွေ၊မောင်းနှင်နေတဲ့

ကားပေါ်ကလူတွေကလည်းကျွန်တော်တို့ ဘာအတွက်လုပ်နေမှန်းသိတဲ့ပုံမပေါ်ပါဘူး။

အံသြမှုနဲ့ လူစုလူဝေးကိုမြင်ရလို့ ဖြစ်တဲ့စိတ်လှုပ်ရှားမှုတွေပဲသူတို့ မျက်နှာမှာရှိနေပါတယ်။

ဒီလူတွေနဲ့ သံဃာတွေဘာအတွက်ဘယ်ကိုသွားနေတယ်ဆိုတာသူတို့ နားမလည်နိုင်ကြတာ

အမှန်ပါ။ ဒီတော့သူတို့ လည်းကျွန်တော်တို့ နဲ့ အတူဒီလမ်းပေါ်ကိုလိုက်မလာကြဘူးပေါ့။

အရမ်းကိုရိုးစင်းလွန်းပါတယ်။

”ကျွန်တော်တို့ ဘာအတွက်ဒီလမ်းပေါ်ရောက်နေတာလဲ။ဒီလမ်းကကျွန်တော်တို့ ကိုဘယ်နေရာ

ဆီသယ်ဆောင်သွားမှာလဲ။ကျွန်တော်တို့ လမ်းဆုံးတဲ့အခါဘာရမှာလဲ။

ဘာကိုလိုချင်ခဲ့ကြတာလဲ”

ဖြစ်ပျက်ပုံကိုကွင်းကွင်းကွက်ကွက်မြင်ကြစေချင်လို့ ။ခံစားချက်တွေကိုပါသေချာရေးပြ

လိုက်တာပါ။အဓိကပြောပြချင်တာကတိုင်းပြည်ရဲ့ အင်မတန်ကြီးမားတဲ့အပြောင်းအလဲအချိုး

အကွေ့ တခုကိုဖန်တီးခဲ့တယ်ဆိုတဲ့တော်လှန်ရေးတိုက်ပွဲကြီး၊အဆုံးမှာစနစ်တကျလက်နက်

အပြည့်နဲ့ ချေမှုန်းဖြိုခွင်းဖို့ စောင့်နေတဲ့အာဏာရှင်ရဲ့ ခံတွင်းဝဆီဦးတည်နေတဲ့လမ်းမကြီး

ပေါ်ကျွန်တော်တို့ မှာဘာလက်နက်၊လမ်းညွှန်မြေပုံ၊ပန်းတိုင် တခုမှမပါပဲမျက်စိမှိတ်ချီတက်ခဲ့

ကြတာပါပဲ။ ပြည်သူလူထုရဲ အနေအထားကိုတချက်လောက်သေသေချာချာစာနာ

သုံးသပ်ကြည့်ပေးကြပါခင်ဗျာ။စစ်မြေပြင်ပေါ်မှာရှိတဲ့စစ်သားတိုင်းမှာလက်နက်ကိုယ်စီ

ရှိဖို့ လိုတာ၊ခဲယမ်းမီးကျောက်လုံလောက်အောင်ဆောင်ထားရမှာလူတိုင်းသိပါတယ်။

ဒါတွေအပြင်လိုက်နာရမယ့်ညွှန်ကြားချက်အမိန့် ၊ယူရမယ့်အကာအကွယ်။

ပြီးတော့စနစ်တကျစီးဆင်းလာနေတဲ့ဗျူဟာ၊သမ်းပိုက်ရမယ့်ပန်းတိုင်တောင်ကုန်း၊

အချိန်နာရီ၊အခြေအနေမကောင်းရင်ဆုတ်ခွာရမယ့်လမ်းကြောင်း၊အများကြီးပါပဲ။ဒါတောင်

သူမှာလည်းသေနတ်ကိုယ့်မှာလည်းသေနတ်နှစ်ဖက်အင်အားတူရင်ဆိုင်ကြရမယ့်တိုက်ပွဲ

မှာလိုတဲ့အရာတွေပါ။ကျွန်တော်တို့ က အကြမ်းမဖက်ရေးကအလုပ်မဖြစ်ပါဘူးလို့ 

သုံးသပ်ကြတာက၊ဘယ်လောက်အထိများစနစ်တကျအကောင်အထည်ဖော်ခဲ့ဆို

တဲ့မေးခွန်းနဲ့ ပဲရင်ဆိုင်ရမှာပါ။နောက်တခုကပြည်သူတွေကိုကြောက်တယ်လို့ ပြောရအောင်

ဘယ်သူကများငါတို့ ကိုဘာလက်နက်တပ်ပေးခဲ့လို့ လဲလို့ မေးလာကြပါလိမ့်မယ်။

လက်နက်နဲ့ ဗျူဟာမပါပဲဘယ်သူမှတိုက်ပွဲဝင်လို့ မရပါဘူး။ပြီးတော့လက်နက်ဆိုတာက

လည်းဗိုလ်တွေဆီမှာပဲရှိနေလို့ မရပါဘူး။တိုက်ပွဲမှာပါဝင်သမျှလူတိုင်းမှာရှိမှဖြစ်တာပါ။

ကျွန်တော်တို့ တိုက်ပွဲတွေမှာပြည်သူတွေကိုဘာလက်နက်တွေပေးခဲ့လဲစဉ်းစားစရာပါ။

ကျွန်တော်တို့ ရွေးစရာ ပညာလက်နက်

ကျွန်တော်တို့ မှာအာဏာရှင်ကိုတော်လှန်ဖို့ ရာသေနတ်တွေမပိုင်ပါဘူး။ပိုင်ဖို့ လည်းမလွယ်

ပါဘူး။ဒါဆိုရွေးစရာကရှင်းပါတယ်။အကြမ်းမဖက်အံတုမှုဆိုတဲ့နည်းလမ်းပါပဲ။ဒါလည်း

မြန်မာပြည်သူတော်တော်များများကြားဖူးပြီးသားပါ။ခုဆိုကလေးတွေတောင်သိနေမလားပဲ။

ဒါပေမယ့်ခက်တာကအဲဒီအကြမ်းမဖက်အံတုမှုဆိုတာကြီးကိုလက်နက်လို့ မမြင်ကြတာရယ်။

ဒီလက်နက်ကြီးကိုဘယ်လိုမောင်းတင်၊ဘယ်လိုချိန်ပြီးဘယ်နေရာကိုဘယ်အချိန်မှာခလုပ်ဆွဲ

ပစ်ချရမယ်ဆိုတာသိခွင့်မရကြတာပဲ။ပြီးတော့လူတွေတိုင်းမှာအဲဒီလက်နက်ရှိတဲ့အကြောင်းက

အများစုကြီးသေချာယုံကြည်လာအောင်အလေးအနက်မပြောပြနိုင်ခဲ့ကြဘူးထင်ပါတယ်။

နောက်ထပ်အင်အားပြင်းတဲ့လက်နက်တခုကကိုယ့်မှာရှိတဲ့အကြမ်းမဖက်အံတုရင်ဆိုင်

နိုင်စွမ်းနဲ့ အပြောင်းအလဲတွေဖန်တီးနိုင်တယ်ဆိုတာကိုခိုင်ခိုင်မာမာအခြေပြုတဲ့

ယုံကြည်ချက်ပါပဲ။ ဒါကိုလည်းပြည်သူလက်ထဲရောက်အောင်မပို့ နိုင်ခဲ့ကြပါဘူး။

ပြောချင်တာက၅၄သန်းသောပြည်သူတွေလက်ထဲလူတိုင်းလက်ထဲအကုန်ရောက်အောင်

ပို့ ဖို့ မဟုတ်ပါဘူး။၃၀ရာခိုင်နှုန်းလောက်ဆီရောက်ရင်ပဲတော်လှန်ရေးအတွက်

ကောင်းကောင်းလုံလောက်ပါပြီ။ဘာလို့ လဲဆိုတော့အကြမ်းမဖက်နည်းနာတွေကသေနတ်လို

တယောက်ပဲသုံးလို့ ရပြီးအခြားသူတွေဆီပွားပေးလို့ မရတဲ့ပစ္စည်းမဟုတ်ပါဘူး။

ယုံကြည်ချက်ရော၊အကြမ်းမဖက်တော်လှန်ရေးနည်းနာတွေပါလူတယောက်က

နေအခြားသူတွေဆီတိုက်ပွဲထဲမှာအလွယ်တကူဖြန့် ဝေသွားလို့ ရပါတယ်။ဒါပေမယ့်လူတ

သောင်းကိုရှေ့ကဦးဆောင်တဲ့လူ၅၀လောက်ဆီမှာပဲ ဒီအသိတွေရှိနေလို့ မရပါဘူး။

လူတိုင်းနီးပါကိုအကြမ်းမဖက် နည်းနာတွေနဲ့ ယုံကြည်ချက်ဆိုတဲ့

အတွေးအခေါ်လက်နက်တွေတပ်ဆင်ပေးဖို့ လိုနေပါပြီ။

ဒီလောက်ဆိုကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့အရာတွေကိုကောက်ချက်ဆွဲလို့ ရနိုင်ပြီ

ထင်ပါတယ်။

ရွှေရောင်အိပ်မက်သစ်ဆီ အတူတူ ချီတက်ကြဖို့လမ်း

၁။ အာဏာရှင်စနစ်ကိုဖယ်ရှားပြီးဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ဖို့  ကျွန်တော်တို့ 

မှာရွေးချယ်စရာတလမ်းပဲရှိပါတယ်။လူထုအင်အားနဲ့ အကြမ်းမဖက်တော်လှန်တိုက်ပွဲဝင်

ဖို့ ပါပဲ။(ဒါကိုသံသယမရှိကြစေချင်ပါဘူး။နိုင်ငံပေါင်းများစွာမှာအောင်မြင်ခဲ့သလို၊

မြန်မာပြည်မှာလည်း၊ ၈၈တုန်းကဒီနည်းမျိုးနဲ့ ပန်းတိုင်ကိုလက်တလုံးအလိုထိ

ရောက်ခဲ့ပါတယ်)

၂။ဒီအကြမ်းမဖက်တော်လှန်ရေးအတွေးအခေါ်နည်းနာတွေရဲ့ စွမ်းပကားနဲ့ 

အာဏာရှင်စနစ်ကိုတော်လှန်ဖယ်ရှားနိုင်ကြောင်းပြည်သူရဲ့  ၁၀ ကနေ ၃၀ရာခိုင်နှုန်းထိ

နားလည်လက်ခံလာဖို့ အတွေးအခေါ်တွေကျွန်တော်တို့ ဖြန့်ဝေရပါမယ်။

(ဖြန့်ဝေတဲ့နေရာမှာလည်း ဗျူဟာတွေ၊မြေပုံညွှန်းတွေ၊

ပစ်မှတ်နဲ့ ၊အချိန်ကာလစည်းချက်တွေစနစ်တကျပါဝင်ဖို့ လိုပါတယ်)

၃။ဒီအာဏာရှင်စနစ်ကိုဖယ်ရှားပြောင်းလဲရာမှာအမိန့် ပေးဗဟိုချက်ကိုသာအလဲထိုး

ရမှာဖြစ်ပြီး၊နာခံမှုတွေစီးဆင်းရာဒေါက်တိုင်များကိုကျွန်တော်တို့ နဲ့ ကင်းကွာမသွားအောင်

ဆွဲဆောင်စည်းရုံးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ရဲ့ မနက်ဖြန်နိုင်ငံတော်မှာ လက်ရှိ

တပ်မတော်သားတွေ၊ ကြံခိုင်ရေးအဖွဲ့ ဝင်ဟောင်းတွေ၊စွမ်းအားရှင်ဖြစ်ခဲ့ဖူးသူတွေ

နဲ့ ပြည်သူအားလုံးအတူတကွလက်တွဲနေထိုင်ရဦးမှာဆိုတာလူတိုင်းမြင်မှာပါ။

သူတို့ သိအောင်လည်းပြောပြရပါမယ်။(သန်းရွှေကကျွန်တော်တို့ ပြည်သူတွေအချင်းချင်း

ကို ဒီအကွက်နဲ့ သွေးခွဲပြီးကစားနေတာပါ။)

၎။ကျွန်တော်တို့ ရဲ့ ပန်းတိုင်ဟာ တနိုင်ငံလုံးကရဟန်းရှင်လူတိုင်းရင်းသားပြည်သူအားလုံး

ရဲ့ ပန်းတိုင်နဲ့ တထပ်တည်းဖြစ်ဖို့ လိုပါတယ်။လက်ရှိပြည်သူတွေအဓိကလိုအပ်နေတဲ့

စားဝတ်နေရေးပြေလည်ရေး၊ပညာရေးစနစ်ကောင်းမွန်ရေး၊လူနေမှုအဆင့်မြင့်မားရေး

ဆိုရင်လူတိုင်းအတွက်လက်လှမ်းမီနိုင်ပြီးပြောင်းလဲမှုဆီချီတက်ဖို့ လုံလောက်တဲ့

အကြောင်းတရားတခုဖြစ်နေပါပြီ။

(အလုပ်သမားကြီးတွေနဲ့ လယ်တောထဲက တောင်သူဦးကြီးတွေ ရပ်ကွက်ထဲကလူတွေ

နဲ့ ပြည်သူ့ ဝန်ထမ်းတွေ၊တပ်မတော်သားတွေ အားလုံးအတူတူလိုချင်တာအလုပ်အကိုင်

အခွင့်အလမ်းသစ်တွေ၊သင့်တင့်မျှတတဲ့ဝင်ငွေနဲ့ တရားမျှတမှုရှိတဲ့အုပ်ချုပ်ရေးစနစ်တခုပါပဲ)

၅။သန်းရွှေရဲ့ အာဏာရှင်စနစ်ပျက်သုဉ်းသွားတဲ့အခါ၊အမှတ်၎က အချက်တွေကိုကျွန်တော်

တို့ ဖြည့်ဆီးပေးနိုင်ကြောင်းပြည်သူတွေယုံကြည်နိုင်တဲ့ကတိက၀တ်ကိုပေးနိုင်ဖို့ ကို

ကြိုးစားဖို့ လိုပါမယ်။အဲဒီလိုဖြစ်ဖို့ အတွက်လက်တွေ့ လုပ်ဆောင်နိုင်မဲ့ယာယီအစိုးရတရပ်ကို

ဘယ်လိုသူတွေနဲ့ ဖွဲ့ စည်းမလဲဆိုတာလည်းအကြမ်းဖျင်းကြိုတင်စဉ်းစားထားသင့်ပြီး

တတိုင်းပြည်လုံးကိုလည်းအသိပေးထားသင့်တယ်ထင်ပါတယ်။

(ဒါကကျွန်တော်တို့ ဖွဲ့ စည်းရမယ့်အာဏာရှင်အလွန်အုပ်ချုပ်ရေးက အာမခံရမယ့်ကိစ္စဖြစ်ပြီး

ဗိုလ်ချုပ်သန်းရွှေမှအပလက်ရှိအာဏာပိုင်များနဲ့ ဒီမိုကရေစီအင်အားစုအားလုံးညှိနှိုင်းဆွေးနွေးပြီး

ညီညွတ်မျှတစွာအတူတကွလက်တွဲတာဝန်ယူသင့်တယ်လို့ ထင်ပါတယ်။)

ဒီအချက်တွေကိုကျွန်တော်တို့ အားလုံးယုံကြည်စွာလက်တွဲအကောင်အထည်ဖော်နိုင်

ကြရင်ဖြင့်ပြည်သူအားလုံးအတွက်မနက်ဖြန်အကောင်းစားတခုကိုထုဆစ်နိုင်မယ်လို့ 

ယုံကြည်ပါကြောင်းနှင့်လူငယ်အင်အားစုများမှစတင်ကြိုးပမ်းနေကြပြီဖြစ်ကြောင်းသတင်း

ကောင်းပါးယင်း…တော်လှန်ရေးညီအကိုမောင်နှမများကိုလည်းအားဖြည့်ကူညီပေးကြဖို့ 

လေးလေးနက်နက်တောင်းဆိုလိုက်ရပါကြောင်း………….

မျိုးဆက်သစ်တော်လှန်ရေးအင်အားစုများကိုယ်စား

မိုဃ်းသွေး

Generation Wave

“ကမ္ဘာ့သမိုင်းအဆက်ဆက်ကိုပြောင်းလဲစေခဲ့တာ ယုံကြည်ချက်၊ပညာဥာဏ်နဲ့ အတွေးအခေါ်သစ်တွေပါ”



download this letter in PDF file

4 comments:

Kyaw Zin said...

Cannot read the document.

Kyaw Zin said...

Cannot read the document.

2007 JALS said...

Good analysis and plans. Every pro-democracy activist should learn it well.

2007 JALS said...

I appreciate if we could discuss such important topic.