Tuesday 26 August 2008

စစ်အစိုးရရဲ့ အထူးအခိုင်းခံပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် အ(ဒ်)ဘူလာ ဂမ်ဘာရီသို့ ပန်ကြားချက်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ၊ အ(ဒ်)ဘူလာ ၊ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံသို့(၆)ရက်ကြာခရီးစဉ်ဟာ ၂၃ . ၈ . ၂၀၀၈ (စနေနေ့)မှာ ပြီးဆုံးခဲ့ပါတယ် ။မြန်မာလူထု တစ်ခဲနက်ထောက်ခံအားပေးရွေးချယ်ခဲ့တဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)” နှင့် လက်နက်အားကိုးနဲ့ မတရားအာဏာယူထားတဲ့ စစ်အစိုးရတို့အကြား “နိုင်ငံရေးအရ တင်းမာမှုတွေကို ပြေလည်အောင်ညှိနှိုင်းဖြေရှင်းပေးရန်” ဆိုတဲ့ ကုလသမဂ္ဂရဲ့ တာဝန်နဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ခရီးစဉ်ဟာ(၆) ကြိမ်မြောက် ဖြစ်ပါတယ် ။


မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်တိုင်း စစ်အစိုးရရဲ့ အလိုကျစီစဉ်ထားတာဖြစ်တဲ့အတွက် ၊ လွပ်လပ်စွာ သွားရောက်နိုင်ခွင့်မရှိခဲ့ပါဘူး ။ အဲ့ဒါကိုလည်း မစ္စတာ ဂမ်ဘာရီဟာ မိမိအနေနဲ့ မိမိအစီအစဉ်အတိုင်း လုပ်ဆောင်ခွင့်ရရန်တောင်းဆိုခဲ့ခြင်းမရှိဟု ၊ ယူဆရပါတယ်။ စစ်အစိုးရက တွေ့ဆုံရန် စီစဉ်ပေးတဲ့ပုဂ္ဂိုလ်များနဲ့သာ တွေ့ဆုံခွင့်ရရှိခဲ့တာ တစ်နိုင်ငံလုံးကပြည်သူတွေ အသိဆုံးပါ ။ ဒါကိုလည်း မစ္စတာ ဂမ်ဘာရီက ၀မ်းသာအားရ လက်ခံတွေ့ဆုံခဲ့တာပါဘဲ ။ ငြင်းပယ်ခြင်းမရှိသလို ၊ အမှန်တကယ်တွေ့ဆုံသင့်တဲ့ပုဂ္ဂိုလ်တွေနဲ့တော့ တွေ့ဆုံရန် မကြိုးစားခဲ့ပါဘူး ။

စစ်အစိုးရရဲ့ နေ့စဉ်ထုတ်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကိုကြည့်ရင် အစဉ်အမြဲ စစ်အစိုးရပုဂ္ဂိုလ်တွေနဲ့ အထူးခင်မင်ရင်းနှီးစွာဆက်ဆံလေ့ရှိပြီး စစ်အစိုးရရဲ့ပုဂ္ဂိုလ်များနဲ့သာ ညစာစားပွဲ ကျင်းပလေ့ရှိပါတယ် ။ အတိုက်အခံပုဂ္ဂိုလ်များ တက်ရောက်နိုင်ရန် လုံးဝတောင်းဆိုခြင်းမရှိခဲ့ပါဘူး ။ ဒါပေမယ့် မစ္စတာ ဂမ်ဘာရီဟာ ညစဉ်ညတိုင်း မြရိပ်ညိုရွိုင်ရယ်ဟိုတယ်မှာ ၊ အနှိပ်ခံခဲ့တယ်လို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူအချို့က ပြောကြားခဲ့ပါတယ် ။ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်မှာ အချိန်ပေး ၊ ထမင်းစား ၊ အနှိပ်ခံ ဇိမ်ယူနေပြီး အမှန်တကယ် တာဝန်အရ အချိန်ပေးတွေ့ဆုံရမယ့် NLD အပါအ၀င် ၊ တိုင်းရင်းသားဒီမိုကရေစီပါတီ အဖွဲ့အစည်းတွေ ၊ တွေ့ဖို့ကျတော့ အချိန်မရှိလို့ (၁၀) မိနစ်ဘဲလက်ခံတွေ့တာဟာ မစ္စတာ ဂမ်ဘာရီရဲ့သိက္ခာမရှိတဲ့ လုပ်ရပ်ပါ ။ ကမ္ဘာကထည့်ဝင်ထားတဲ့ UN ကငွေကြေးတွေ (လစာအပါအ၀င်)ကို မိမိကိုယ်ကျိုးအတွက် သုံးဖြုံးပစ်နေတာဟာ ၊ ကမ္ဘာပြည်သူတစ်ရပ်လုံးကို မစ္စတာ ဂမ်ဘာရီ စော်ကားနေတာပါ ။

ခရီးစဉ်တိုင်းမှာ ဖြစ်ဖြစ်မြောက်မြောက် ၊ မအောင်မြင်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီဟာ ယခု နောက်ဆုံးအကြိမ်မှာတော့ “ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ” နဲ့ မတွေ့ဆုံခဲ့ရပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတွေ့မခံတဲ့အကြောင်းရင်းကို အခုအချိန်ထိ မည်သူမှ မသိရှိနိုင်သေးပါဘူး ။ ဖြစ်နိုင်ချေကတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) ကို အသိအမှတ်ပြုခဲ့လို့ရယ် ၊ မိမိရဲ့ မူလတာဝန်ကနေ သွေဖီပြီး စစ်အစိုးရအလိုကျ ဆောင်ရွက်ပေးနေတာရယ်ကြောင့် ဖြစ်နိုင်ပါတယ် ။ ထူးခြားတာကတော့ စစ်အစိုးရရဲ့ ရုပ်မြင်သံကြားက မစ္စတာ ဂမ်ဘာရီရဲ့ အဖွဲ့ဝင်တွေနဲ့ စစ်အစိုးရကလူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ကနေ လော်စပီကာတွေနဲ့ အော်ဟစ်ခေါ်ဆိုနေပုံတွေကို ပြသတာပါဘဲ ။

စစ်အစိုးရရဲ့ ထိန်းသိမ်းခြင်းကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်တွေ့ဆုံလိုတယ်ဆိုရင် ဘာဖြစ်လို့ မစ္စတာ ဂမ်ဘာရီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ သွားရောက်တွေ့ဆုံ ဂါရ၀ပြုခွင့်ကို စစ်အစိုးရထံ မတောင်းဆိုခဲ့တာလဲ ။ အလားတူ မစ္စတာ ဂမ်ဘာရီ ကို လက်ခံတွေ့ဆုံမှုမရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ယိုင်ယိုင်)ရဲ့ အိမ်ရှေ့ကိုရော ဘာဖြစ်လို့ လော်စပီကာနဲ့ သွားမအော်ကြတာလဲ ။ (သေနတ်နဲ့ ပစ်ခံရမှာ သိနေလို့လား ။ )

မစ္စတာ ဂမ်ဘာရီ ရဲ့ အဆင့်ဟာ ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် (သံတမန်) တစ်ဦးသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင်တစ်ဦးဖြစ်တယ်ဆိုတာ မစ္စတာ ဂမ်ဘာရီ သဘောပေါက်မှာပါ ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ သွားရောက်တွေ့ခွင့် တောင်းဆိုခြင်းဟာ မစ္စတာ ဂမ်ဘာရီ အတွက် သေးသိမ်တဲ့ကိစ္စမဟုတ်ပါဘူး ။ ကမ္ဘာက လေးစားရတဲ့ နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်ရဲ့ အိမ်မှာ တွေ့ဆုံခွင့်ရတာဟာ မစ္စတာ ဂမ်ဘာရီ အတွက် အထူးဂုဏ်ယူဖွယ်ရာ ကိစ္စကြီးတစ်ခု ဖြစ်လာမှာပါ ။

ရဟန်းသံဃာ ၊ ကျောင်းသူ/သား ၊ လူငယ်လူရွယ်လူကြီးမကျန် ၊ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်ပြီး မတရားအာဏာကိုရယူထားတဲ့ စစ်အစိုးရနဲ့ သူတို့ရဲ့လက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်း လူလိမ်လူညာတွေနဲ့သာ ဆက်လက်တွေ့ဆုံပျော်ပါးနေဦးမယ်ဆိုရင်တော့ မြန်မာနိုင်ငံကို ထပ်မလာပါနဲ့တော့လို့ မြန်မာလူထုကိုယ်စား တောင်းဆိုလိုပါတယ် ။မစ္စတာ ဂမ်ဘာရီ အနေနဲ့ မိမိနိုင်ငံ (နိုက်ဂျီးရီးယား) မှာ လာဘ်စားတာ အားမရလို့ စစ်အစိုးရရဲ့ ပေးစာကမ်းစာတွေရဖို့ မျက်နှာချိုသွေးနေရတာ ၊ ၀င်ခွင့်မရမှာကြောက်လို့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း (ဟာသကျော်ဆန်း) ရဲ့ တံတွေးခွက်ထဲမှာ မျက်နှာအပ်တောင်းပန်နေရတာဟာ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ် ။ ရှက်တတ်ရင် လဲသေဖို့တောင်ကောင်းပါတယ် ။

စစ်အစိုးရနဲ့ မစ္စတာ ဂမ်ဘာရီ တို့ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြစ်ဖြစ်အောင် ပညာသားပါပါ ဖန်တီးဆောင်ရွက်နေတာတွေကို မြန်မာပြည်သူပြည်သားတွေက ကောင်းကောင်းနားလည်ကြပါတယ် ။ မြန်မာလူထုဟာ ဦးနှောက်ကောင်းကြပါတယ် ။ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများလို ကျပ်မပြည့်တဲ့သူတွေမဟုတ်ဘူးဆိုတာ မစ္စတာ ဂမ်ဘာရီ သိထားသင့်ပါတယ် ။ မစ္စတာ ဂမ်ဘာရီ၊ (ခင်ဗျား)အရင်ရှေ့က အာပေါင်အာရင်းသန်သန်ပြောခဲ့ကြတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ စစ်အစိုးရနဲ့ အပေါင်းအသင်းလုပ်မှုကြောင့် ၊ နောက်ဆုံး ဘယ်လိုဇာတ်သိမ်းခဲ့သလဲဆိုတာ သွားရောက်တွေ့ဆုံ မေးမြန်းကြည့်စေချင်ပါတယ် ။

ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စစ်အစိုးရရဲ့ ခိုင်းစေမှုတွေသာ ဆက်လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံကို ထပ်မလာပါနဲ့တော့လို့ မစ္စတာ ဂမ်ဘာရီ ကို ထပ်မံပန်ကြားလိုက်ပါတယ် ။

သူရဲကောင်း။

Mr. Ibrahim Agboola Gambari

Entreaty to Mr. Ibrahim Agboola Gambari (Special Slavish Servant of Burmese Military Junta)

So call special envoy from United Nation Secretary General, Mr. Ibrahim Agboola Gambari completed his (6) days trip to Burma on Saturday, 23.08.2008.This is a 6th trip for him and purpose of his mission was to negotiate between Military Junta and National League for Democracy (NLD) to resolve the political tension and reconciliation. NLD won the landslide election held by Junta but latter refuse to hand over the power to NLD. Most of the NLD party members were arrested, tortured and even murdered by Junta.

Each and every of Mr. Gambari’s trips and itineraries are entirely arrange by Military Junta and he has no freedom to go wherever he wants but we never heard of his objection to that restriction.

Mr. Gambari only get the chance to see the person if Junta arrange/allow for him and all entire nation know that he is gladly followed everything arrange by Junta. He never refuses the arrangement and never tries to request for the meeting which really necessary.

All entire nation watch in the Junta’s own news paper and television media as they can always see Mr. Gambari enjoy the accompany of Generals and having enjoy together with them in Banquet Dinner. We never heard of Mr. Gambari requesting any opposition party members to attend in that event or arrange to meet and having a chance to talk and dine with them. We learnt from some security personnel that he can spare his time to have massage session in Mya Yeik Nyo Royal Hotel every night. He can spend the extra time for own relaxation such as massage, manicure and other personal satisfaction but his main task of meeting with NLD and other Ethnic Organization, he can only spare 10 minutes for them. That is the most dishonorable behavior of Mr. Gambari’s and we feel insulted to our entire Nation and people. He is wasting the money of United Nation and in other mean he is wasting the money of the world people’s distribution. He is insulting the people of the world too.

He can never achieve any positive result in all his trips to Burma. Only result is that he praises the Junta’s 7 steps Road Map as that is totally unacceptable by Burmese people. Probably, Daw Aung San Su Kyi refusal to meet him is mostly because of that. Moreover, Mr. Gambari is very obviously doing all the jobs for Junta and Burmese people consider him as Junta’s slavish servant.

The funniest thing we can see in this trip was that Mr. Gambari’s entourages and Junta’s subordinates were shouting with portable Loudspeaker in front of Daw Aung San Su Kyi house. State run Medias want to accuse that they call Daw Aung San Su Kyi in that way but she was not turn up.

Daw Aung San Su Kyi was in under house arrest for more than five years without trial and her house, her compound and surrounding area including all adjacent roads were segregated and restricted. No one except authority and security personnel can enter that area. They can go into her house anytime and that is daily and normal practice for the authorities to do so. Why can’t they go in? Why Mr. Gambari did not wants to go in? Why they want to make that comical show? She’s not free person to come out from her house. Junta leader Senior General Than Shwe also refuses to meet Mr. Gambari and why didn’t he go in front of Than Shwe house with Loudspeaker and shout? He knows that he will get bullets instead of meeting.

Mr. Gambari’s position is only a special envoy from United Nation Secretary General and we consider him as normal diplomat. Not more than that but Daw Aung San Su Kyi is a leader of Burmese people so we believe if Mr. Gambari go to her house and arrange for meeting is not a dishonorable subject for him. Mr. Gambari can be proud of going to Noble peace prize laureate house for meeting especially she is under unlawful suppression and house arrest.

Mr. Gambari is enjoying with Junta’s entertainments and neglecting the desire of entire nation and people. Junta and Generals are criminals and innocent people of Burma were tortured, murdered and threaten by them. If Mr. Gambari is enjoying associating with them, then the best for you is not to come back to Burma. Your task and your work are contrary and we feel betrayed.

This is a shame for United Nation as one of their top diplomats was shamelessly associated with the world most corrupted and murderous criminals. He can’t save his own face in front of Generals when he was insulted by Brigadier General Kyaw San but he is immediately tamed after that. Probably Kyaw San did some under table negotiation to close Mr. Gambari’s mouth and recruited as their most loyal servant.

The last act of Loudspeaker conspiracy in front of Daw Aung San Su Kyi house was intentional set up collaborated together by Junta’s Generals and Mr. Gambari. But let us warn to Mr. Gambari that Burmese people are not stupid and have considerable brain with them. We are not like brainless Generals. All of Mr. Gambari’s predecessors were end up in the dishonorable results due to corruption and close association with Junta. We hope you are better at beginning but all the same at the end.

We again, hereby request you not to come back to Burma as if you are obeying the order of Junta and breaching the duty of United Nation that Burmese people are not in trust with you anymore.

THU YE KAUNG.

1 comment:

Anonymous said...

丁字褲美女圖丁字褲美女圖丁字褲美女圖前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞前進東洋混血美女 莉亞3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看3d 美女短片免費試看台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區台灣美女 kiss 情網貼圖區巨乳美女巨乳美女巨乳美女巨乳美女巨乳美女巨乳美女巨乳美女巨乳美女巨乳美女巨乳美女我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身我要看美女全身波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳波波線上遊戲網美女拳 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網 完美女人影音網絲襪美女絲襪美女絲襪美女絲襪美女絲襪美女絲襪美女絲襪美女絲襪美女絲襪美女絲襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女吊帶襪美女日本a片日本a片日本a片日本a片日本a片日本a片日本a片日本a片日本a片日本a片色情照片色情照片色情照片色情自拍照片色情照片色情照片色情照片色情照片色情照片色情照片情色文學情色文學情色文學情色文學情色文學情色文學情色文學情色文學情色文學情色文學免費a片aa片免費看85cc免費影城視訊聊天室080中部人聊天室ut免費視訊聊天室嘟嘟成人網嘟嘟情人色網網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室網友一夜情聊天室