Wednesday 10 September 2008

ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံး နေ့များ (၂)

မြန်မာပြည်၌ ရဟန္တာဟု အထူးကျော်ကြားခဲ့သောဆရာတော်ကြီးများသည်ပင် မိမိသည် အရိယာပုဂ္ဂိုလ်ပါဟု မကြွေးကြော်ခဲ့ကြပါ။ ပြည်သူအကျိုး၊ လောကအကျိုး၊ သာသနာ အကျိုးကိုသာအသက်ထက်ဆုံး ရိုးရိုးကုပ်ကုပ် မဆုတ်မနစ်ဆောင်ရွက်ခဲ့ကြပေသည်။

မိမိကိုယ်ကို လောဘကင်းပြီဟု ထင်ယောင်ထင်မှား ဖြစ်နေသော ဦးကျော်သည် ထိုဆရာတော် ကြီးများကို အတုယူသင့်ပေသည်။……….

နောက်ပြီးတော့ ဦးကျော် ကျင့်နေတာ ဘာအကျင့်လဲဆိုတာကိုန ည်းနည်းပြောပါရစေ။ မိမိအကျင့်နဲ့ ပတ်သက်ပြီး ဦးကျော်ဖြေခဲ့တာက “ငါ့စိတ်ကို ငါ သိနေတယ်၊ သိနေတယ် ငါသိနေတယ် သိနေတာကို ထပ်သိတယ်။ ဒါပေမယ့် ဒါဟာ သမထမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ သမထ မဟုတ်ရင်ဘာလဲ။ သတိပဋ္ဌာန်တရားလား၊ သို့မဟုတ် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးထက် ပိုကောင်းတာလား၊ ဦးကျော်ဖြေနိုင်ရပါမယ်။ ဦးကျော် ကျင့်နေသော “စိတ္တ၀ိသုဒ္ဓိ”ဆိုတဲ့ စိတ်စင်ကြယ်ခြင်း အကျင့်သည် သာသနာပ ကျင့်စဉ်တခုမျှသာ။ မဂ္ဂင်လမ်းနှင့် မိုးနဲ့မြေလိုကွာခြားပါသည်။ ထို အကျင့်ကို အဆင့်ဆင့် ဆက်ပြီးကျင့်ရင် ဈာန်ရပြီး မြေလျှိုး၊ မိုးပျံနိုင်ရုံပါ။ သံသရာထွက်ရပ် လမ်းကိုထား၊ အပယ် (၄) ပါး တံခါးကိုတောင် မပိတ်နိုင်သေးပါ။…..

ဦးကျော်ရဲ့ ကျင့်စဉ်တခုလုံးမှာ ငါ့စိတ်၊ ငါသိ၊ ငါတတ်၊ ငါ့အကျင့်ဆိုသော ငါစွဲအတ္တတွေနဲ့သာ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ စိတ်ဟာ စိတ်၊ အသိဟာ အသိ၊ ကြားတာဟာ ကြားတာပဲ ဖြစ်ရပါမယ်။ ငါ ဆိုသော အတ္တကို ပယ်ရပါမယ်။ `ငါ´ သည်အပယ်သို့ သွားရာလမ်းဖြစ်ပြီး အတ္တကို မပယ်သတ်နိုင်သရွေ့ အပယ်ဘေးက ပြေးမလွတ်ပါဘူး။ ဒါကြောင့် ဦးကျော်ကိုယ်တိုင် အပယ်မပိတ်သေး၊ အပယ်ပိတ်တရား၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှင်းရှင်းလင်းလင်း မသိသေးဘဲနဲ့ သတ္တ၀ါတွေကို ဘာတရား သွားဟောမှာပါလဲ။ အပယ်ရောက်မယ့် တရားကို ဟောမှာလား။……….

လောကမှာဓမ္မနဲ့ အဓမ္မဆိုပြီး တရား နှစ်ပါးသာရှိပါတယ်။ မိမိကျင့်နေသော အကျင့်ဟာဓမ္မ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဓမ္မဖြစ်ရပါလိမ့်မယ်။ မြတ်စွာဘုရားတိုင်း၊ အရိယာပုဂ္ဂိုလ်တိုင်းသိခဲ့သော ဓမ္မသည် ကွဲပြားခြားနားမှုမရှိ။ အတူတူ တခုတည်းပင်ဖြစ်သည်။ ထို့ကြောင့် “ကျွန်တော် ကျင့်နေသော အကျင့်သည် ဘုရား၏ ဓမ္မနဲ့ ညီချင်မှ ညီလိမ့်မယ်” လို့ မပြောဆိုကောင်း မပြောဆိုအပ်ပါ .. ဦးကျော်။ ဓမ္မနဲ့ ညီကို ညီရပါလိမ့်မယ်။ ဒါမှမဟုတ်ရင် အဓမ္မ အကျင့်သာ ဖြစ်လိမ့်မည်။ …… လူဝတ်ကြောင်ဘ၀မှာတော့ ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ကျင့်၊ ဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ကျွန်တော်မဝေဖန်လိုပါ။ သို့သော် ဘုရားသားတော် ရဟန်းဘွဲ့ကိုခံ ယူပြီးသောအခါ၌ကား ဗုဒ္ဓလျှောက်ခဲ့သောလမ်း၊ ဗုဒ္ဓချမှတ်ခဲ့သော ၀ိနည်းနှင့် အညီ ဗုဒ္ဓကျင့်ခဲ့သော အကျင့်ကိုပဲ ကျင့်ရမှာပါ။

ဗုဒ္ဓသည် တရားကို ရှာနေဆဲ (၆) နှစ်လုံးလုံး ဘယ်သူ့ကိုမှ တရားမဟောခဲ့ပါ။ ယခု ရဟန်းပင်မဖြစ်သေးသော ဦးကျော်၌ကား တရားပွဲများသည် တပေါင်းလပြည့်နေ့အထိ Booking ပြည့်သွားပြီဟု ကြားသိရပါသည်။ မိမိ၏ Experience ဘ၀အတွေ့အကြုံကို ဟောပြောချင်ရင် သင်္ကန်းမ၀တ်ဘဲ လူဝတ်ဖြင့် ပိုသင့်တော်မှာပါ။ လူ အများ၏ စိတ်၌လည်း ဦးကျော်၏ တရားကို နာကြားချင်တာထက် ရုပ်ရှင်မင်းသား ကျော်ဟိန်းကိုမြင်ချင်တဲ့စိတ်က ပိုများနေမှာပါ။ သင်္ကန်းကို ရုံထားပြီးနောက် ရဟန်းအလုပ်ကို မလုပ်ဘဲ ကိုယ်ထင်ရာ လျှောက်
လုပ်နေမယ်ဆိုရင် “နောက်ဆုံး ကျော်ဟိန်းကနေ ရဟန်းဖြစ်မလာဘဲ အဓမ္မကျော်ဟိန်း (သို့) ပေါက်ကရ ကျော်ဟိန်း” သာဖြစ်လာလိမ့်မည်။

နောက်ဆုံးနေ့များနှင့် အလုပ်ရှုပ်နေသော နောက်ဆုံး ကျော်ဟိန်းကို နောက်ဆုံး ပြောချင်တာကတော့ အလုပ်တကာ့ အလုပ်၊ အလှူတကာ့ အလှူ ထဲတွင် သာသနာအတွက် ရည်းစူးပြီး လှူသောအလှူ၊ သာသနာကိုမပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သော အလုပ်သည် ဘုရားအဆူဆူကို လှူရခြင်း သံဃာအပေါင်းကို လှူရခြင်းထက် အမြင့်မြတ်ဆုံးသော ကုသိုလ်အလုပ် ဖြစ်ပါသည်။ ဒီလောက်ဆိုရင် ဦးကျော် ဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဦးကျော်ပြောသကဲ့သို့ အမိမြန်မာပြည်ကို ကျေးဇူးဆပ်ချင်သပဆိုရင် မိမိ၏ လွဲမှားနေတဲ့အယူ၊ အသိတွေကို စွန့်လွတ်ပြီး သျှင်ဦးဥတ္တမသျှင်ဦးဝိစာရသျှင်ဦးဥတ္တမသာရ စသော ဆရာတော်ကြီးများ ကဲ့သို့  သတ္တ၀ါအကျိုး၊ လောကအကျိုးနှင့် မြတ်ဘုရားသာသနာတော်ကြီးးကို မပျောက်ကွယ်အောင် ဦးလည်မသုန် ထမ်းရွက်နေသော သာသနာ့ အာဇာနည် ရဟန်းကောင်း၊ ရဟန်းမြတ် တစ်ပါးဖြစ်အောင် ကြိုးးစားသင့်ပါသည်။ ထိုသို့သာ ဖြစ်လာခဲ့ရင် လူသားအားလုံးက ဦးကျော်ကို ထိခြင်း ငါးပါးနဲ့ ဦးချကန်တော့ကြမှာပါ။

သို့သော် ယခုနောက်ဆုံး ကြားသိရသည်ကား ဦးကျော်သည်မိမိ၏ ရဟန်းခံ၊ ဆံချခြင်း အခမ်းအနားကို ပရိတ်သတ်အလယ်၌ စင်ပေါ်တက်ပြီး ပြုလုပ်မယ်လို့ ကြားသိရသလို ဆရာတော်ကြီးတစ်ပါးကလည်း ဦးကျော်ကို ဆံချပေးဖို့ ငြင်းပယ်လိုက်ကြောင်း ၀မ်းနည်းဖွယ် ကြားသိရပါသည်။

အားလုံးကိုကျေးဇူးတင်လျှက်
ညမင်းသား

12 comments:

Unknown said...

ကိုထိုက်ရေ

ကျွန်တော်ဒီအကြောင်းကို ပြောချင်နေတာကြာပါပြီ။
ဟိုတစ်နေ့က ကျော်ဟိန်း ဟောပြောပွဲဆိုတာမျိုးကို Video တွေ့လိုက်တယ်။ ပထမ တစ်ပိုင်းကြည့်ပြီး ကျွန်တော် ပိတ်လိုက်တယ်။ တစ်ပိုင်းပဲကြည့်ပြီး မဝေဖန်သင့်ဘူးလို့တော့ ပြောစရာပါပဲ။ ဒါပေမယ့်.... အဲဒီအထဲမှာကို အညှီအဟောက်တွေ ပါလွန်းလို့ ကျွန်တော် ဆက်မကြည့်နိုင်ဘူးဖြစ်သွားတယ်။

လူလယ်ဆိုတာ စားသာတယ်ဆိုတာမျိုးတွေ.......
ပညာမတတ်လဲ ချမ်းသာနိုင်တယ်ဆိုတာမျိုးတွေ.....
(ချမ်းသာဖို့ကတော့ ဓားပြတိုက်လဲ ချမ်းသာတာပဲ၊ လုပ်သင့်မလုပ်သင့်ဆိုတာ အတွက် ပညာလိုအပ်တာ)
အဲဒီလိုအတွေးတွေ ရှိနေလို့ ကျွန်တော်တို့ နိုင်ငံခုလိုဖြစ်နေတာ
သန်းရွှေတို့ ကြံ့ဖွံ့တို့ဆိုတာ ဒီလိုအတွေးအခေါ်တွေကြောင့် ပေါ်လာတာ
ဆရာ အောင်သင်းဟောပြောပွဲတို့ ဆရာ လူထုစိန်ဝင်း စာအုပ်တို့ကို ဖတ်ဖူးတဲ့ သူတွေအတွက်တော့ ဘာမှကို အနှစ်အသားမပါပဲ အလကား သရုပ်ဆောင်ပြနေသလိုပါပဲ။

ရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့ လုပ်ပါ အနုပညာအလုပ်တွေ ကိုယ်လဲ မလုပ်တတ်သလို အပြစ်လဲ မပြောလိုပါဘူး။ ဒါပေမယ့် ခုလို့ လူငယ်အတွက် ဆိုတာမျိုးတွေ။ နိုင်ငံအတွက်ဆိုတာမျိုးတွေ ဘာသာအတွက်ဆိုတာမျိုးတွေ။ အဲဒီနေရာမှာ ကိုယ့်ကိုကိုယ် အထင်တွေကြီး စကားလုံး အကြီးကြီးတွေ လျှောက်ပြော ၀မ်းစာကမရှိ။ လူတွေ အထင်ကြီးပြီး နားယောင်မိရင် ဆိုတာမျိုးတွေးလိုက်ရင်..........

ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့ ကိုယ်ကို ကိုယ် အရမ်းအထင်မကြီးကြပါနဲ့လို့သာ ပြောလိုက်ချင်ပါတယ်။
ဆရာအောင်သင်းကို သရုပ်ဆောင်ခိုင်းရင် ကျော်ဟိန်းလောက် လုပ်နိုင်မှာ မဟုတ်ဘူးလို့ပြော ရင် လက်ခံပေးလို့ရပေမယ့် အခုလို ဟောပြောပွဲမှာတော့ စေတနာရော အတတ်ပညာရော စိတ်ဝင်စားမှုရော ပါရမီရော အကျိုးရှိမှုရော ၀မ်းစာပြည့်ဝမှုရော တပြားသားမှ မမှီပါဘူးဆိုရင် စိတ်ဆိုးစရာ မရှိဘူးထင်ပါတယ်။

အကျိုးမရှိတာကိုလက်ခံပါသေးတယ်။ သူအချိန်ကို သူသုံးတာပဲ။ ဘာလုပ်လုပ် ကျွန်တော်ဘာပြောစရာရှိလဲ။ ဒါပေမယ့် အခုဟာက တစ်နိုင်ငံလုံးလှည့်ပြီး ဖျက်ဆီးမယ့်သဘောဖြစ်နေတာက ခက်ပါတယ်ဗျာ..........

ဖြစ်နိုင်ရင် အဲဒီအကြောင်းလေးကို ဝေမျှပေးကြပါ။

အဖြူရောင်လူ said...

အင်း..

သဘောကျတယ် ကိုထိုက်ရေ.....။

ဆက်သာ ဝေဖန်ပါ။ မှားနေတဲ့ လူကို ဝေဖန်ရ တာ ကုသိုလ် ရပါတယ်။

ခက်တယ်ဗျာ.....။

ဒါပေမယ့် နောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလားပဲ။

ခုလို ရွှေဝါရောင် နှစ်ပတ်လည်ကြီးမှာ တိုက်တိုက်ဆိုင်ဆိုင် တနိုင်ငံလုံး တရား လည်ဟောတာဟာ ရိုးရိုးတော့ ဖြစ်နိုင်မယ် မထင်ဘူး။

ဦးကျော်ဟိန်း တစ်ယောက် စားဖားများ ဖြစ်နေပြီလား မသိဘူး။

ပြည်သူတွေကိုတော့ သူ့ကြောင့် အာရုံပြောင်းမသွားစေချင်ဘူး။

ရဟန်းစစ်တွေ ခံရတာ နှစ်ပတ်လည်ချိန်မှာ ရဟန်းတု ကို သပိတ်မှောက်ပြီး သာသနာ ကို ပြည်သူတရပ်လုံး ရှင်းသန့်သင့်ပြီ ဗျာ။

သံဃာ့နာယက တွေ လည်းမ ရှက်ဘူးလား မသိဘူးဗျာ။ ရဟန်းတုကို ခုလို လှည့်လည် တရားဟောခွင့် ကို မပေးသင့်ဘူး။

ခုလို လှည့်လည်တာ သံဃာ့နာယက ကို ခွင့်တင်သလား ဆိုတာ မေးစရာပဲ။ ခွင့်တင်လို့ ခွင့်ပြုခဲ့ရင် သံဃာ့ နာယက အမှားပဲ။ ဒါမှမဟုတ်......ဦးကျော်ဟိန်းကပဲ တခြား သံဃာ့နာယက တဲ့ စွမ်းတဲ့ ပုဂ္ဂိုလ် တွေ နဲ့ ပေါင်းလုပ်နေသလား။

သာသနာ နဲ့ တိုင်းပြည်အတွက် သံဃာမဟာနာယက ဟာ အထူး စဉ်းစားသင့်ပါပြီ။

ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေ။

မြန်မာပြည်သူတွေ အသိပညာ လင်းပ နိုင်ပါစေ။

Unknown said...

I agree with u mate.I don't believe U Kyaw .He using this for his fame.

Fighter said...

I am sorry for Sex, Drug and Rock & Roll Kyaw Hein.
He knows he must do something before too late. Unfortunately, he still does not know what is right or wrong.
This is because he hasn’t got any education. I remember he ran for his life like a dog from the angry mob of RASU students.
Kyaw Hein and the camera crew filmed the seen in front of the RASU convocation hall.
He was in the convocation gown (robe) as a graduate student accompanied by the family for the clip, and so many students were watching their making of the film. At the end of the filming, he tossed the convocation cap with his foot like a football on the convocation hall front lawn.
All the students were outrage because of the insult. People start shouting and throwing with the stones to their crew.
From that day, he came into RASU daily and picked a girl(different) on the back of his motorbike as a revenge.
He destroyed so many innocent girls life with his fame.
Finally, he met with this current wife Mi Mi and took her on his bike like the others.
Kyaw Hein, Zaw Zaw(his brother) and thugs badly beaten up Mi Mi’s long-term lover Zarly Nyunt.

Unfortunately for him was, Mi Mi elder brother is married to General Nay Win daughter Kyaymon Win.
Although Mi Mi family does not want to get involve with him, they can not stop their teenage daughter.

Finally, General Nay Win daughters Sandar and Kyaymon called him to their Link Road flat and warned him not to mess-up with their family. Kyaw Hein knew what can happen to him after seeing the other star ending story(eg. Zaw One).

Due to the Nay Win background, he has so many privileges and business advantages. Traffic police from Swe-Gon-Dyne used to salute and clear the way for their family.
Their family used to follow Nat spiritual and celebrate the Nat Pwe regularly at home.

Being a Buddhist he desperately needs to fix something out for his pass. His time is running out and still do not know what is right or what is wrong due to the poor knowledge. Poor Kyaw Hein!

အ ဘ ။ said...

မှတ်မိတာလေးပြန်ပြောရရင်
၁၉၇၀ လောက်က အမေနဲ.အတူ မန္တလေးမြို.က ရပ်ကွက်ထဲက ဒုတိယနေ.တရားပွဲမှာ တရားနာနေတုန်း....
တရားဟောတဲ.ဆရာတော်...ရုတ်တရက်ရပ်သွားပြီး...တရားဟောစင်ပေါ် အသက် ၄၀ပါတ်ဝန်းကျင် ဦးဇင်း ၂ပါးတက်လာတယ်.....တရားဟောတဲ. ဘုန်းဘုန်း ကိုဆက်မဟောဘို.မေတ္တာရပ်ခံပြီး.....ဆရာတော်ဟောတဲ.တရားထဲမှာ ဗုဒ္ဓဟောတဲ. တရားနဲ. ဘယ်အပိုင်းတွေမှာ ဆန်.ကျင်နေကြောင်း အထောက်အထားများနဲ.သေချာတရားနာပိရိသတ်များရှေ.မှာရှင်းပြပြီးတရားပွဲကို ရပ်ပြီး ထိုဘုန်းကြီးကို လည်းပင်.သွားတာ တွေ.လိုက်ရတယ်.....အမေက ဘာပြောလဲဆိုတော. အဲဒီကိုတော်တွေဟာ ရဟန်းပျို အဖွဲ.ကဖြစ်ပြီး...သာသနာသန်.ရှင်းဘို.ရာ အတွက်ဒီလိုလုပ်ရတာလို.ပြောတယ်.....
ဦးကျော်တယောက်လဲ.....ဗုဒ္ဓရဲ.ဘာသာ တရားတွေ....အလွဲသုံးစားလုပ်ခဲ.မယ်.......အရင်ကလို ရဟန်းပျိုအဖွဲ. ရှိအုန်းမယ်ဆိုရင်တော.....မဖြစ်သင်.တာတွေမဖြစ်တော.သလို.......ဗုဒ္ဓဘာသာ ကါကွယ်ပေးမဲ. အဖွဲ.အစည်းမရှိတော.ဘူးဆိုရင်တော.......မြန်မာပြည်မှာ ဗုဒ္ဓဘာသာ စပြီးကွယ်တော.မလားဆိုပြီး.....ကိုယ်.ကိုကိုယ်မေးမိတယ်။။။။။

Win Kyaw said...

Wow....so great! Keep go on!I check this and like this! Make it clear!Keep the Truth! Kyaw Hein Needs a lesson!Please ...give him a lesson!
Bravo!
Nyaminthar...you're so Brilliant!

Dr. Yi Yi Win said...

အခုတလောမှာ လူပြောများနေတဲ့ ဦးကျော်အကြောင်းလေးဖတ်မိလို့ စိတ်ထဲရှိတာလေးဝင်
ရေးခဲ့ပါတယ်။ ရဟန်းမြတ်တစ်ပါးဖြစ်လာရေးမှာ သူနုစဉ် ငယ်စဉ် ပါရမီမရင့်စဉ်က ရှိခဲ့ဖူး
တဲ့ အမှားတွေဟာ အတော်အရေးပါတယ်လို့ ကျွန်မ မသိထားပါဘူး။ အမှန်တရားတွေဆို
တာကို အမှားတွေထဲကနေပဲရှာတွေ့ ခဲ့နိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း သူ
ရှာတွေ့ ခဲ့တဲ့တရားတွေကို သိပ်ပြောပြချင်နေခဲ့တာဖြစ်နေမလားပဲ။ ပုဂ္ဂိုလ်ခင်မှ တရားမင်
ဆိုတဲ့ စကားအတိုင်း သူ့ ကိုခင်မင်ရင်းရှိပြီးသား လူထုက အားပေးကြလို့ ခုလိုတရားပွဲတွေ
လက်မလည်အောင်လက်ခံထားနိုင်ခဲ့တာဖြစ်မယ်။ နောက် တရားပွဲ ပရိတ်သတ်ဆိုတာက
လည်း ဘယ်လိုရဟန်းရဲ့တရားကိုနာသင့်တယ် ဘယ်လိုရဟန်းကိုတော့ မနာသင့်ဘူးဝေဖန်
ခွဲခြားနိုင်သူတွေဟုတ်ချင်မှဟုတ်ပါလိမ့်ဦးမယ်။ အမှန်ကတော့ “တရားရှာ ကိုယ်မှာတွေ ”့
ဆိုသလို အမှန်တကယ်တရားရှာချင်ရင် ဦးကျော်ဘုန်းကြီး ဆီမှာရှာမှမဟုတ်ဘူးဆိုတာ
လည်း သိချင်မှသိကြဦးမယ်လေ။ တရားရှာပါတယ် ဆိုမှ ဆရားမသိကြ တရားမရှိကြသေး
လို့ ပဲဖြစ်နိုင်ပါတယ်။ တကယ်သိပြီးသူ တရားရှိပြီးသူတွေကတော့ ပုဂ္ဂိုလ်စွဲတွေမရှိမထား
ကြတော့ဘူးထင်ပါတယ်။ ဒီတော့ ဒီနေရာမှာ အရေးကြီးတဲ့အချက်က တရားမသိရှာသူ
တွေကို ပေးမယ့်တရားဟာ တရားစစ် တရားမှန်ဖြစ်ဖို့ အရေးကြီးလာပါတယ်။

သည်လိုအရေးကြီးတဲ့ကိစ္စကို ကိုင်တွယ်စဉ်းစားကြရမယ့် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အခု
ကိုထိုက်တို့ စဉ်းစားသလိုစဉ်းစားနိုင်ကြပါစေလို့ ကျွန်မ၀င်ပြီး ဆုတောင်းမိပါတယ်။ အရင်
က ဦးကျော်ရဲ့အနုပညာကို လေးစားမိသူ လူငယ်တစ်ယောက်ဖြစ်တဲ့ကျွန်မတောင် ဒီနေ့ 
နံနက်ပဲ အဲဒီသတင်းကြားတော့ “မဟုတ်သေးပါဘူး၊ နောက်ဆုံးခရီးဆိုပြီးလိုက်လှည့်လည်
နှုတ်ဆက်နေတာကိုက အဲဒီအောင်မြင်ကျော်ကြားခဲ့တဲ့ ကျော်ဟိန်း ဆိုတဲ့ဘ၀ကို သိပ်တန်
ဖိုးထားနေသေးသလိုဖြစ်နေတယ်” လို့ ကျွန်မခံစားမိတယ်။ တကယ်ဆိုရိုးရိုးကုတ်ကုတ်
လေး လောကီဘောင်ကို စွန့် သွားခဲ့ရင်တောင် ကျွန်မတို့ က လိုက်ရှာပြီး ကိုးကွယ်နေမိဦး
မှာ။ အခုတော့ရဟန်းဘ၀မှာအားပေးကြဦးနော်ဆိုပြီး လူဝတ်ကြီးနဲ့ လိုက် promotion လုပ်
နေသလိုပါပဲ။ ကျွန်မရဲ့ အထင်လေးတွေဝင်ရေးခွင့်ရလို့ ကျေးဇူးပါ။ ဦးကျော်လည်း အချိန်မီ
အမြင်မှန်ရစေချင်လို့ ပါ။

swe said...

I don't want to be too personal....but U Kyaw was a child abuser once. Academy Sandar (actress) is his own niece, a daughter of Kyaw Hein's half sister. When he had affair with his niece,Sandar (a young teenager) U Kyaw was already married with a child. I agree that past mistake should not be brought to the present.....may U Kyaw find his "Nibbana" through the real Dhamma of Buddha.

Myo Thant said...

Good Post for everything
Everything is nothing

swe said...

Let me tell you an incident.......Kyaw Hein and his wife Mi Mi used their family (Dr. Kyay Hmone Win's ) background and bought several used cars from a company in Japan, on credit (Ah-Kway). The manager of the company was a Burmese business man ...so he had no choice but to let Mi Mi's husband Kyaw Hein gets what he wants. The owner (Japanese ) became impatient when the debt was not paid after 5 years. The Burmese manager tried several tactics to get the money back but never successful. Kyaw Hein and Mi Mi tried everything they can to avoid and threaten the business man who is now in trouble with his Japanese boss... Finally that man had to leave Japan.
Fortunately, he got intouch with Chaung-Wa Sayadaw, who was Kyaw Hein's mentor and teacher. Through the help of Sayadaw, he finally got a piece of paper admitting that Kyaw Hein and Mi Mi owed money to this Japanese company for the used cars they bought (ah-kway) several years ago. Still today the company received only part of the money. What kind of a character is Kyaw Hein? you can imagine.

Bay Dah said...

Why did people call this guy "U" Kyaw, He doesn't deserve the title "U". For me he is just "Nga" kyaw who is drug addict, spoiled others people young daughters, a person without any integrity. He will never be a monk, eventhough he covered himself with a monk robe, he is just a "Ah Yee Gyi" (A cult in the King Anawratha time who deflower the brides a night before their wedding day or the idiot who is Russia Resputin equivalent)

Anonymous said...

網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部網愛俱樂部激情網愛激情網愛激情網愛激情網愛激情網愛激情網愛激情網愛激情網愛激情網愛激情網愛kk視訊kk視訊kk視訊kk視訊kk視訊kk視訊kk視訊kk視訊kk視訊kk視訊sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇sogo 成人論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇成人動畫論壇免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費情色影片觀賞免費貼圖區免費貼圖區SEX520免費影片免費貼圖片區sex貼片區免費貼圖片區免費a片貼圖區sex貼片圖片區sex貼圖片區sex免費a圖片區日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集日本美女寫真集av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施av女優VS檳榔西施ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室ut聊天室聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情豆豆聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室色情聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室男人尋夢園聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室080中部人聊天室