Wednesday 26 November 2008

ထောက်ပံ့ကြပါစို့


လက်နက်ကိုင် သောင်းကျန်းနေသော သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူတို့နှင့် ပူးပေါင်းရန် ကရင်ပြည်သူများ၏ ကရင်အမျိုးသား အစည်းအရုံးသို့ လက်နက်ချ အလင်းဝင်လာသူ ၆ ယောက်အား ကရင် အမျိုးသား အစည်းအရုံးမှ ကြိုဆိုလက်ခံထားသည်ကို သတင်းတွင်ဖတ်ရပါသည်။

ဒီနေရာမှာ ကျွန်တော် တစ်ခု တွေးမိတာလေး ပြောပါရစေ။

အခုလို လက်နက်ကိုင် သောင်းကျန်းသူ နအဖ စစ်တပ်မှ ပြည်သူများထံ အလင်းဝင်လာသော စစ်သားများအား လက်ခံကြိုဆိုကာ နွေးနွေးထွေးထွေး ဆက်ဆံသော ကရင် အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူး တင်မိပြီး၊ ထိုကဲ့သို့ အလင်းဝင်လာသူများကို အခြားသော ပြည်သူများမှလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းကာ ငွေအား၊ လူအားဖြင့် ထောက်ပံ့မူများ လုပ်ဆောင် သင့်ပါသည်ဟု တွေးမိသလောက် ရေးမိလိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

No comments: