Tuesday 9 December 2008

ဘေးချင်း ကပ်လျှက်ပါပဲ .. ဒါပေမယ့်

ဆမက်၊ စွန်ချိုင်း ဆိုတဲ့ “ထိုင်း”နာမည်တွေကို ကြားမိတိုင်း တန်းခနဲ ပြေးပြီး မြင်ယောင်မိတာကတော့ လက်နက်ကိုင် အကြမ်းဖက်သမား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ရွှေမန်း ကိုပါပဲ။ (ဗိုလ် .. ဆိုတာ“ဗ” “လ” ဆိုတဲ့ စာလုံး ၂ လုံးနဲ့ ဆိုတော့ ပါဋိလို “ဗာလ” မြန်မာလို “လူမိုက်” လို့ အဓိပ္ပါယ် ထွက်တယ်လို့ စာတစ်ပုဒ်မှာ တွေ့ဖူးတာကြောင့် သုံးပါသည်။)

ဗိုလ်ရွှေမန်းရဲ့ သမိုင်းဝင် ကြီးကြီးကျယ်ကျယ် စကားလုံး တစ်ခုကတော့ (မရိုသေ့ စကား .. ဟိုဒင်း ပါးစပ်က နတ်စကား ထွက်တယ်ဆိုတဲ့ ဗမာ စကားပုံလည်း သတိရမိသေးရဲ့။) “ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူး” တဲ့။

လက်တွေ့မှာ ဥပဒေအထက် ဘယ်သူမှ မရှိစေရတာကတော့ ထိုင်းနိုင်ငံက ထိုင်း ပြည်သူလူထုတွေ ခံစားနေရတာပါပဲ။ ထိုင်းတပ်မတော်ဟာလည်း ဂုဏ်သရေရှိတဲ့ တပ်မတော် အဖြစ် ကမ္ဘာသမိုင်းမှာ မှတ်တမ်းဝင်သွားစေတာကိုလည်း တွေ့ရပါတယ်။ အားလုံး သိပြီး ဖြစ်တဲ့အတိုင်း ထိုင်းမှာ ဝန်ကြီးချုပ် တပ်ဆင် ကို ဖြုတ်ချပြီး အာဏာ သိမ်းလိုက်တဲ့ ထိုင်း တပ်မတော်ဟာ ပေးထားတဲ့ ကတိစကား၊ သတ်မှတ်တဲ့ အချိန်ကာလ အတွင်းမှာပဲ ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲ ပြန်အပ်လိုက်ပါတယ်။

မြန်မာပြည်ရဲ့ ယောက်ကျားရင့်မာ သေနတ်ကြီး တကားကားနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတစ်စုရဲ့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ကတိစကားကတော့ တန်ဖိုး မရှိတဲ့ လမ်းဘေးက လူလိမ်ကတိစကားထက် ဘာမှ မပိုပါဘူး။

မြန်မာပြည်မှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ road map ဆိုတာကြီးက ဘယ်က ဘယ်လို ပေါ်လာတာလဲ မသိ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်း ထိုင်းတပ်မတော်ရဲ့ ရွေးကောက်ပွဲ အပြီး road map မရှိပါဘူး။ ၁၈ နှစ် ဆိုတဲ့ အချိန်က လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တန်ဖိုးကို ထင်းထင်းကြီး ပြထားတာပါပဲ။

ထိုင်းမှာ အာဏာပြန်အပ်ပြီးချိန်မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပြီး အာဏာရ ပါတီရဲ့ အုပ်ချုပ်မှုကို မကြိုက်တဲ့ ပြည်သူလူထုကို People's Alliance for Democracy (PAD) ဆိုတဲ့ ပါတီက ဦးဆောင်ဆန္ဒပြပြီး ဝန်ကြီးရုံး အဆောက်အဦး “လ” ချီ ပြီး လူထုအားနဲ့ ပိတ်ထားလိုက်ပါတယ်။ (သူတို့ တိုင်းပြည်ရဲ့ အချက်အလက်တွေအရ အာဏာရ ပါတီကို မကြိုက်ရတဲ့ အချက်တွေကို ကျွန်တော်တို့နဲ့ တိုက်ရိုက်ပက်သက်မှု မရှိတာကြောင့် အရှည်မရေးတော့ပါ။) နောက်ဆုံးမှာ ဆမက် ဝန်ကြီးချုပ် အဖြစ်ကနေ ထွက်ပေးဖို့ ထိုင်းတရားရုံးက ဥပဒေနဲ့ အညီ အမိန့်ချပါတယ်။ ဆမက် ရာထူးက ထွက်ရပါတယ်။

မြန်မာပြည်မှာ ဝန်ကြီးချုပ်ရုံးကို လူထုအားနဲ့ “လ” ချီကြာအောင် ပိတ်ထားဖို့ မပြောနဲ့ စည်းကမ်းရှိရှိ ၉ ရက် မေတ္တာပို့တဲ့ သံဃာတော်တွေကိုတောင် လက်နက်ကိုင် အကြမ်းဖက်သမား ဗိုလ်ရွှေမန်းရဲ့ လက်နက်ကိုင် တပ်ရင်း ဖြစ်တဲ့ “၆၆” က ရိုရိုသေသေ သေနတ် ကျည်ဆံလေးတွေနဲ့ ဆွမ်းလောင်းလှူပါတယ်။ သေနတ်ဒင်လေးတွေနဲ့ ကန်တော့ပန်း ဆင်ပါတယ်။ မူးပြီးရမ်းကားနေတဲ့ ကြံဖွတ်၊ စွမ်းအားရှင် လူတစ်စုက ဖရုဿဝါစာဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ရွတ်ဖတ်ပူဇော်ပြီး ဝါးရင်းတုတ် ကတော့ခန်းနဲ့ အရိုအသေ ပေးကြပါတယ်။

ဆမက် ရာထူးကထွက်အပြီး နောက်ထပ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တပ်ဆင်ရဲ့ ယောက်ဖတော်ကိုလည်း ပြည်သူက မကြိုက်တော့ လေယဉ်ကွင်း နှစ်ကွင်းကို ပိတ်ပြီး ဆန္ဒပြ တောင်းဆိုပြန်ပါတယ်။ နောက်ဆုံးမှာ ထိုင်း တရားရုံးက ဥပဒေနဲ့ အညီ ဝန်ကြီးချုပ်ကို ရာထူးက ထွက်ပေးဖို့ အမိန့်ချပြန်ပါတယ်။ ဝန်ကြီးချုပ် ထွက်ပေးရပြန်ပါတယ်။

မြန်မာပြည်မှာတော့ လေယဉ်ကွင်း ပိတ်ဖို့ မပြောနဲ့၊ ကုန်ဈေးနှုံးကြီးနေတာကို ချပေးဖို့ တောင်းဆိုတဲ့ ကိုထင်ကျော်လို သူရဲကောင်းတွေ၊ ၈၈ မျိုးဆက် သူရဲကောင်း အာဇာနည်တွေကို မတရား ဥပဒေနဲ့ အညီ မတရားသူကြီးတွေက မတရားတဲ့ ထောင်ဒဏ်တွေကို လူထုမျက်ကွယ်မှာ အမိန့်ချပြီး နယ်ထောင်တွေကို ပို့ပစ်ပါတယ်။ ဘေးချင်းကပ် ၂ နိုင်ငံ ဖြစ်ရပ် ၂ ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါမှာပါ။

ကမ္ဘာက လေးစားရတဲ့ တရားဥပဒေ စနစ်၊ ကမ္ဘာက လေးစားရတဲ့ ဂုဏ်သိက္ခာရှိ တပ်မတော်ဆိုတာကို ထိုင်း နိုင်ငံနဲ့ လူမျိုးတွေက ဂုဏ်ယူဖွယ်ရာ ဝင့်ကြွားနေရချိန်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင် သခင်အောင်ဆန်း တည်ထောင်လာခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ လက်နက်ကိုင် အကြမ်းဖက်သမား အဆင့်သာ ဖြစ်လာတာမို့၊ အခုလို လုပ်ချင်ရာ လုပ်ရင် တိုင်းပြည်ဟာ ဖာ နိုင်ငံတော် ဖြစ်မယ်လို့ သခင်အောင်ဆန်းရဲ့ စကားကို ပြန်ကြားရောင်မိတဲ့အခါ .. လက်ရှိမှာ တိုင်းပြည်ဟာ “ဖာ” နိုင်ငံတော် မဖြစ်ခင် တပ်မတော်ကြီးဟာ “ဖာ” တပ်မတော် ဖြစ်သွားပါပြီ ဆိုတာကို ဝမ်းနည်းစွာနဲ့ပဲ မှတ်ချမိလိုက်ပါတော့တယ်။

ဘေးချင်း ကပ်လျှက်ပါပဲ။ ဒါပေမယ့် ...

လေးစားစွာဖြင့်
ကိုထိုက်

10 comments:

သတိ said...

အားလုံးသတိ

ဘုရင့်လောင်းရိပ်အောင်က ခွဲထွက်လို့ ပြည်သူနဲ့ လုံးထွေးလာတဲ့ ဒီမိုအစိုးရကို ဇက်သတ်ချင်တဲ့အချိန်...

အခြေခံလူတန်းစားတွေရဲ့ ထောက်ခံမှုကို ရထားတာမို့ တကယ့်ဘုရင့်မျိုးနွယ်တွေ.. စီးပွားရှင်ကြီးတွေရဲ့ မျက်ထောက်နီနေရတှဲိ့ဒီမိုအစိုးရ..

ပြည်သူထောက်ခံမှုမှာလဲ အဲဒီအစိုးရကို မယှဉ်နိုင်လှတာမို့ တယောက်တမဲအစား စုပေါင်းမဲစနစ်သာ ကျင့်သုံးသင့်ပါတယ် ဘာညာနဲ့ လေသံပစ်နေတဲ့ အတိုက်အခံပါတီ..

အဲဒီအချိန်မှာ အဲဒီအတိုက်အခံပါတီက နိုင်ငံပြည်သူနဲ့ ယှဉ်လိုက်ရင်ဘာမှမရှိလောက်တဲ့ လူအရေအတွက်နဲ့ နိုင်ငံရဲ့ အရေးပါတဲ့နေရာတွေကို ဒီမိုနည်းနဲ့ အညီဆန္ဒပြရပါတယ်ဆိုပီး လွတ်လပ်စွာဆန္ဒပြခွင့်ဆိုတာကို အခွင့်ကောင်းယူလို့ မဟုတ်တရုတ်သောင်းကျန်းချိန်..

အာဏာသိမ်းရာမှာ လက်ယဉ်လှလွန်းလို့ ကမ္ဘာ့အာဏာအသိမ်းဆုံး နိုင်ငံဖြစ်နေတဲ့ ထိုင်းတပ်မတော်ဟာ ဘုရင်နဲ့ အထက်တန်းလွှာ လူနဲစုရဲ့အာဏာပြန်လည် လွှမ်းမိုးဖို့ ဆန္ဒပြမှုတွေ ပိုမိုကြီးထွားလာပီး လက်ရှိဒီမိုအစိုးရ ချောက်ကျအောင် လက်ပိုက်ထိုင်ကြည့်နေတာ.. အစိုးရက လေဆိပ်တွေကို အရေးပေါ်ကြေငြာ စစ်တပ်ကို အပိုင်းလိုက်ထိမ်းသိမ်းစေပီး ဆောင်ရွက်စေတာတောင် ထိရောက်တဲ့ ထိမ်းသိမ်းမှုမျိုးတွေ မလုပ်ခဲ့တာဟာ ဒီမိုကရေစီနည်းနဲ့ ဒီမိုအစိုးရကို ကန်ချတဲ့အကွက်လို့ တကမ္ဘာလုံးက မချင့်မရဲနဲ့ ရှိခဲ့ကြပါတယ်ခင်ဗျ..

ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခုဖြစ်ပီး ထိုင်းတပ်မတော်ဟာ ဥပုသ်စောင့်နေခဲ့တာ မဟုတ်ပါဘူး.. ဒီနောက်ကွယ်မှာ သြဇာအရှိန်အ၀ါ ကြီးမားသူတွေရဲ့ အကွက်ရွှေ့မှုတွေ အများကြီးပါလိမ့်မယ်လို့ မှန်းဆမှုတွေ ရှိခဲ့ကြပါတယ်..

ခုတော့ လက်ရှိဒီမိုအစိုးရဟာ ရွေးကောက်ပွဲပီးခတဲက စွပ်စွဲခံဖို့ အသံတောင်မထွက်ခဲ့တဲ့ အကြောင်းပြချက်ကြီး ရုတ်တရက်ပေါ်လာပီး ပါတီဖျက်သိမ်းတဲ့အထိကို ခံခဲ့ရပါတယ်.. ခပ်ရှင်းရှင်းပြောရင် အဲဒီသြဇာကြီးမားသူတွေရဲ့ အရှိန်ကို မတွန်းလှန်နိုင်ခဲ့တာဖြစ်နိုင်ပါတယ်.. ကမ္ဘာ့ဒီမိုပါဆိုတဲ့ နိုင်ငံအားလုံးဟာလည်း ဒီမိုကရေစီနည်းကျကျနဲ့ ဘယ်လိုမှထောက်ပြမရအောင် လက်ရှိဒီမိုကရေစီနည်းကျကျေ၇ွးကောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချလို့ အရင်အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီ ပြန်အသက်သွင်းနေတာကို ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေရလောက်အောင် အကွက်စေ့လှလွန်းလို့ သတင်းစာတွေက ဝေဖန်ရုံကလွဲပီး ဘာမှမတတ်နိုင်တဲ့ အချိန်မှာ..

ဟားဟား.. ကိုထိုက်ရဲ့ ချီးကျူးမှုဟာ သူတို့အတွက် တအားဖြစ်စေမှာပါ.. ဒီလိုပါးနပ်မှုဟာ တကယ်လည်း ချီးကျူးလောက်ပါတယ်.. နောက်နောင် မြန်မာမှာ ဒီမိုပေါ်ပေါက်လို့ အန်အယ်ဒီများ အာဏာရခဲ့မယ်ဆိုရင် အဲဒီနည်းနာတွေ အသုံးချလို့ အတုယူနိုင်တယ်မဟုတ်လားဗျာ.. လေဆိပ်တစ်ခုလောက် သိမ်းဖို့ဆိုတာ လူ အများဆုံးလိုလှ အင်အား တစ်သိန်းလောက်ပေါ့ဗျာ.. အန်အယ်ဒီဆန့်ကျင်တဲ့ လူတစ်သိန်းလောက် ရှာဖို့ဆိုတာလဲ မခက်လှပါဘူး.. အဲဒီအချိန်ကျမှ ရန်ကုန်လေဆိပ်အား အရေးပေါ်အခြေအနေကြေငြာကာ စစ်တပ်အား ယာယီအပ်နှင်းသည်မလုပ်နဲ့ဗျနော.. ထိုင်းနိုင်ငံနမူနာယူလို့ ကိုယ့်ဘာသာ လုပ်ပေါ့.. ဘာလို့ငါ့လာပြောနေလဲဆိုရင်တော့.. အင်း.. အဲဒီအချိန်ကျရင်လည်း ချီးကျူးစကားပြောဖို့ မမေ့နဲ့ပေါ့ဗျာ.. ဟားဟား..

အားလုံးသက်သာဗျို့..

မောင်သတိ

ssthu said...

Normally I am pure reader... But .. Now i like to give comment for "Mg Ta Ti"..
That...Mg Ta Ti.. You got wrong idea or Are you negative thinking guy? ...i hope you will be know "something is better than nothing.."
Ko Htike.... I am welcome your post.. carry on brother...one day we will be win....

မင်းဒင် said...

မောင်သတိ ထောက်ပြတဲ့ အချက်ကို ကျနော် သဘောတူတယ် ဗျ။ ဆိုလိုတာက ထိုင်းမှာ ဖြစ်နေပုံဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ပုံစံတူ ဆွဲမတွေးသင့်ဘူး ။ ထိုင်းပြဿနာဟာ မြှုပ်ကွက်ပေါင်းများစွာရှိနေတယ်။ Ssthu ဆိုတဲ့ ဆရာသမားက မောင်သတိ ဘာကိုဆိုလိုတယ် ဆိုတာ နားမရှင်းဘူး လို့ ယူဆ စရာဖြစ်နေတယ် ။ ရှင်းရှင်းပြောရရင် လက်ရှိ ထိုင်းမှာ ဖြစ်ပေါ်နေမှုတွေဟာ ဒီမိုကရေစီ တိုက်ပွဲ မဟုတ်ဘူး။
ကိုယ်ကျိုးစီးပွားအခြေခံတဲ့  စားကျက်တွေလုရာက ဖြစ်ပေါ်လာတဲ့  ကိစ္စတွေလို့  ကျနော်မြင်တယ်။
အစိုးရရုံး ကို ဝင်စီးတာ ၊ လေဆိပ်ကြီးကို ဝင်သိမ်းတာ မင်းမဲ့ စရိုက်တွေ ပဲ ။
ဒါတွေကို ကျနော့် တို့ အမြင်ရှင်းသင့်တယ် ထင်ပါတယ်။
မင်းဒင်

minthant said...

ကိုထိုက်ရေးတဲ့ ဆောင်းပါးထဲမှာ သူ့နိုင်ငံ၏ အရှုပ်အရှင်းမှာ ကျွန်တော်တို့နှင့် မသက်ဆိုင်ပါ .. လို့ ပြောထားတာ တွေ့တယ်။

သူပြောချင်တာ စစ်တပ်ခြင်း တူပါလျှက် ကတိ မတည်တာကို ထောက်ပြတာရယ်၊ တရားရုံးရဲ့ အထက်မှာ ဝန်ကြီးချုပ်လည်း မရှိဘူးဆိုတာရယ်၊ ဆန္ဒပြနေပေမယ့် လက်နက်ကိုင် ထားတဲ့ လူတွေက ကိုယ့်ပြည်သူလူထုကို ကိုယ်ပြန်မသတ်တာရယ်၊ အကြိမ်ကြိမ် အာဏာသိမ်းတယ်လို့ နာမည်ထွက်ပေမယ့် ကတိစကားအတိုင်း အာဏာလွှဲပေးတာရယ် တွေကိုသာ ထောက်ပြပြောသွားတာ တွေ့ရပါတယ်။

ယောက်ကျားတစ်ယောက်မှာ ဘာအရေးကြီးဆုံးလည်း လို့ တွေးမိတဲ့ အချိန်မှာ ကိုယ်ပြောတဲ့ စကားကို ကတိမတည်တတ်တာ အဆိုးဆုံးလို့ မြင်တယ်။ အထူးသဖြင့် တိုင်းပြည်မှာ အာဏာယူထားတဲ့ လူတွေအတွက် ကတိက ပိုအရေးကြီးတယ်။

နောက်ပြီး ဒီနေရာဟာ ထိုင်းနိုင်ငံရေး ဆွေးနွေးတဲ့ နေရာထက် မြန်မာ့နိုင်ငံရေး ဆွေးနွေးတဲ့ နေရာလို့ နားလည်ပါတယ်။

သူများ မကောင်းတာ လုပ်တိုင်း ကိုယ်က မကောင်းတာ လုပ်ရမှာလားဆိုတာ စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ စာရိတ္တခွန်အား လိုအပ်ပြီး ကိုယ့်ဘာသာ ဖြေသင့်တဲ့ အချက်ဆိုတာ မောင်သတိနဲ့ ကိုမင်းဒင် တွေးကြည့်သင့်ပါတယ်။

သူများ မကောင်းတာ ၁၀ ခု လုပ်ပေမယ့် ကောင်းတာ တစ်ခုလုပ်ရင် ကောင်းတာကို အတုယူတတ်မှ တိုးတတ်တဲ့ လူ့ ဘောင်ကို တည်ဆောက်နိုင်မှာပါ။

မှန်ကန်သော စိတ်ဓါတ်ခွန်အား၊ စာရိတ္တခွန်အား ရှိကြပါစေဗျာ ...

မင်းသန့်

Jackel said...

ကိုထိုက်ဆောင်းပါးရဲ့ရည်ရွယ်ရင်းကို လမ်းလွှဲအောင်အမောင်သတိ ပြောထားတာကို သတိထားမိရာက ကိုမင်းသန့်ရဲ့ကောင်းမွန်တဲ့တုံ့ပြန်ချက်ကို သဘောကျမိပါတယ်။ အစကတော့ ၀င်မပြောတော့ပါဘူးလို့ နေမလို့ပါပဲ။ ဒါပေမယ့် ဘလော့တွေပေါ်မှာ ငြင်းဖော်ငြင်းဖက် ရောင်းရင်းကြီး အမောင်သတိ ထိုင်းစစ်တပ်နဲ့ ဗမာစစ်တပ် နှိုင်းယှဉ်ပြောဆိုခြင်းခံရမှု အပေါ် မခံချိမခံသာနဲ့ ထိုင်းနိုင်ငံက ဥပဒေဘောင်ကျော်သွားတဲ့ အစိုးရဆန့်ကျင်မှုလုပ်ရပ်တွေကို ကိုထိုက်ကပဲ အားပေးထားသယောင်ပြောလာတာတွေ့တော့..၊ သတိဘာကိုကာဗာလုပ် ပြောချင်တယ်ဆိုတာကို သေချာသဘောမပေါက်မိပဲ သဘောတူ သူရှိလာတဲ့အတွက်..၊ အနည်းငယ်ဝင်ရောက် ပြောဆိုလာချင်မိတယ်။ ကိုထိုက်က ထိုင်းနိုင်ငံရေးမှာဖြစ်ပျက်နေတာတွေကို ဘယ်သူမှားတယ်မှန်တယ် ပြောထားတာမဟုတ်ပါပဲ၊ သတိက ထိုင်းနိင်ငံရေးအခြေအနေတွေကို အမှားတွေနဲ့ပြောထားတာတွေ့တဲ့အတွက် ထိုင်းနိင်ငံရေးအခြေအနေကို အနည်းငယ်ဝင်ဖြည့်ပြောပါမယ်။

သတိစပြောကတည်းက မှားနေတာက ထိုင်းနိုင်ငံမှာ ဘုရင့်လောင်းရိပ်အောက်က ခွဲထွက်လာနိုင်အောင် ဒီမိုကရေစီအစိုးရက ကြိုးစားလာတယ်ဆိုတာပါပဲ။ ထိုင်းမှာ ဘုရင်ဟာ အတိုက်အခံရော အစိုးရကရော လေးစားကြည်ညိုရတဲ့ neutral figure တစ်ခုပါ။ ဘယ်အစိုးရတက်တက် ဘုရင်ဟာ သြဇာရှိသော်ငြား အုပ်ချုပ်ရေးပိုင်းမှာ တိုက်ရိုက်ဝင်စွက်မှုမရှိပါ။ Nation’s sacred guardian အဖြစ်တပြည်လုံးက သတ်မှတ်ထားကြတဲ့အတွက် ပြည်သူနဲ့ လုံးထွေးလာတဲ့ ဒီမိုအစိုးရဆိုတာ ဘုရင့်အတွက် ပြသနာလုံးဝမဟုတ်ပါ။ neutral figure ဖြစ်ပေမယ့် တိုင်းပြည်အတွက် ဒုက္ခရောက်စေမယ့် အစိုးရကို ထောက်ခံမှု ပေးမပေးကိုတော့ ဘုရင်အနေနဲ့ လုပ်နိုင်သလို၊ ဘုရင်ကိုတိုင်းပြည်က ချစ်တဲ့အတွက် ဘုရင်ပြောတာဟာအာဏာတည်နေသလိုပါပဲ။

အမောင်သတိပြောတဲ့ ပြည်သူနဲ့ လုံးထွေးလားတယ်ဆိုတာ ဘယ်လိုလုံးထွေးလာတာလဲ ပြောစရာ၇ှိလာတယ်။ မဲများများ ရနိုင်ရေးအတွက် တောနေ ပညာမဲ့ အောက်ခြေလူတန်းစားကို အတိုးမဲ့၊ နှစ်ရှည် ချေးငွေ ချပေးခြင်းစတဲ့ နည်းတွေနဲ့ စည်းရုံးထားတာကလွဲလို့ အခြားနည်းလမ်းနဲ့ တတိုင်းပြည်လုံး သက်သာချောင်ချိရေးဦးတည် လုပ်ဆောင်မှုတွေလုံးဝမရှိပါ။ နိုင်ငံရဲ့ အခြားကဏ္ဍတွေမှာ သုံးရမယ့် ငွေတွေကို ပါတီမဲရ၇ှိရေးအတွက် ပုံအောသုံးထားခြင်းကို မြို့နေ ပညာတတ် လူလတ်တန်းစားက ကောင်းကောင်းနားလည်ထားပီး၊လွှတ်တော်အတွင်း အတိုက်ခံနဲစွာနဲ့ သက်ဆင်ရဲ့ပါတီက လုပ်ချင်ရာ လုပ်လာတာကို ဘယ်လိုမှ တားဆီးမရလာနိုင်ဖြစ်လာတယ်။ သက်ဆင်ရဲ့ အခြားအလွဲသုံးစားမှုတွေ အကျင့်ပျက်မှုတွေဟာ အန္တရယ်သိပ်ကြီးလာတဲ့အတွက် ပထမအကြိမ်စစ်တပ်က ၀င်စွက်ဖက်ပါတယ (ဗမာပြည်လို ဆိုရင်တော့ သမိုင်းပေးတာဝန်ပေါ့ဗျာ :) အချိန်တိုင်းတာတစ်ခုအတွင်း တိတိကျကျပဲ ဒီမိုကရေစီအစိုးရဆီကို ပြန်လွှဲပေးပါတယ် ။ သက်ဆင်လက်ကျန်သြဇာခံတွေဆီကိုပဲ အာဏာဆက်လက်ရောက်သွားတယ်… နောက်ဆုံး ပီအေဒီက ဦးဆောင်ပီး အဲဒီအကျင့်ပျက်ပါတီကလူတွေ လုံးဝနေရာမရနိင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်တယ်။ ဒီနေရာမှာ ပြောစရာရှိတာက ပီအေဒီ ရဲ့ဒီနောက်ပိုင်းလုပ်ပုံကိုင်ပုံတွေဟာ ဥပဒေအပြင်ပရောက်လာသလို. အတွေးအခေါ်အရလဲ ဒီမိုကရေစီအန္တရယ်တွေဖြစ်လာတယ်။ အမောင်သတိကိုယ်တိုင်လဲ အဲဒါကိုထောက်ပြထားတယ်။ ဒါကို ကျွန်တော်တို့လဲ လက်ခံတယ်။ ဒါပေမယ့်… ပီအေဒီကိုထောက်ခံနေတာဟာ လူနည်းစုလေးတော့ မဟုတ်ဘူးဆိုတာ အမောင်သတိ သိရက်နဲ့ပြောတယ်လို့ထင်တယ်။ ပီအေဒီရဲ့ ကနဦး အကျင့်ပျက်သက်ဆင်ပါတီကို ဆန့်ကျင်မှုတွေဟာ ထောက်ခံမှု အကြီးအကျယ်ရခဲ့ပါတယ်။

ရွေးကောက်ပွဲကို ဘယ်လိုနိုင်လာတယ်ဆိုတာ ကောင်းကောင်းသိထားတဲ့ စစ်တပ်အပါအ၀င် စောင့်ကြည့်သူတွေဟာ စမတ်နဲ့ စုန်ချိုင်းပါတီ အနိင်ရကတည်းက မဲလိမ်မှု မဲဝယ်မှုတွေအကြောင်း တစ်ပြည်လုံးကို အသိပေးထားပါတယ် ကိုယ့်လူရေ။ ရောင်းရင်းပြောသလို စွပ်စွဲခံရဖို့ အကြောင်းချက်အနေနဲ့တောင် မရှိခဲ့ဘူးဆိုတာတော့ လုံးဝမဟုတ်ဘူး။ ဒါကြောင့်လဲ အဲဒီကတည်းက အမှုနေနဲ့လက်ခံစဉ်းစား စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးပေါ်တင်ထားခဲ့လို့ ခုလို နိုင်ငံရေးအကြပ်တည်းဖြစ်လာချိန်မျာ အမှုကိုတည်ဆောက်စစ်ဆေးနိုင်တာပေါ့ ကိုယ့်လူရယ်။ အမောင်သတိ နောက်တစ်ခု သတိချပ်ဖို့ရာက မဲဝယ်တဲ့ အထောက်ထားဗီဒီယိုတွေ နဲ့ တရားရုံးကိုတင်ပြီး ခိုင်ခိုင်မာမာ အမှုတည်ဆောက်နိုင်လို့ အစိုးရတရပ်လုံးကိုဖြုတ်ချနိုင်ဖို့ လုံလောက်တဲ့အကြောင်းဖြစ်လာတာပဲ။ ကျုပ်တို့ ရွှေပြည်ကြီးမှာ အဓမ္မဆန္ဒလုယူပွဲတုံးက သက်သေတွေကို စုဆောင်းပြီး တရားရုံးသွားတင်ကြည့်ပါလား အမောင်သတိရေ။

ဒါပေမယ့် ၀မ်းနည်းစရာကတော့ ကျုပ်တို့နိုင်ငံမှာ စစ်ဗိုလ်တစ်မတ်သား လွှတ်တော်ကိုအသက်သွင်းဖို့ အများဆန္ဒကိုဆန့်ကျင်ပြီး အဓမ္မလုပ်နေတယ်။ သူများနိုင်ငံမှာကျတော့ သမာသမတ်ကျတယ်လို့ သူတို့ထင်တဲ့၊ ပြည်သူနဲ့နီးစပ်တဲ့ စစ်တပ်က အုပ်ချုပ်ရေးထဲတောင် ၀င်စေချင်နေကြတယ်။ လူတစ်ဦးချင်းက တိုက်ရိုက်ရွေးကောက်တဲ့စံနစ်ကိုပြောင်းချင်နေကြတယ်။ ဘာပဲပြောပြော သူများနိင်ငံက အဲလိုအခြေအနေတွေကို သင်ခန်းစာတော့ ယူကြရမှာပါ။ ဆောင်းပါးရှင် ဆိုလိုရင်းကို လမ်းလွှဲသွားအောင်တော့ လုပ်မယ်မကြံနဲ့ဗျို့ ။

တကယ်လို့ ၂၀၁၀မှာ NLD များအနိုင်ရသွားခဲ့လို့ မောင်ရင် ပြောသလို စစ်တပ်ကိုအကူအညီတောင်းရသည်ထိ ဖြစ်လာခဲ့ရင်တော့ မောင်ရင့်စစ်တပ်ကြီးဟာ ထိုင်းနိုင်ငံစစ်တပ်လို ကတိစကားတည်၊ ပြည်သူ့အကျိုး နိုင်ငံအကျိုးကိုပဲ ရှေးရှုပြီး တိုင်းပြည်ငြိမ်သက်အောင် စီမံပေးပြီးအချိန်တန် ပြည်သူ့အစိုးရလက်ထဲပဲ အာဏာပြန်လွှဲပေးနိုင်မယ့် စစ်တပ်ကြီးဖြစ်နေပါစေ လို့ ဆုတောင်းတယ်။

သင့်ရဲ့ဘလော့ပေါ်က ငြင်းဖက်

သတိ said...

အားလုံးသတိ

ဟားဟား.. တော်တော်လေး အောက်ကျသွားပီမို့ ဘာမှမရှိတော့ဘူးထင်တဲ့ နေရာလေးက တော်တော်စည်ကား နေပါလားဗျ..

စာအုပ်ခဲတံကိုင်လို့ စီဘောက်တော်တော်များများ လှည့်လည်ခဲ့တဲ့ ကျွန်တော့်အနေနဲ့ မှတ်သားလောက်ဖွယ် တုန့်ပြန်ချက်တွေကြောင့် တော်တော်အကျိုးရှိစေတယ်တော့ ပြောရမယ်ဗျ.. ဒါကြောင့်လဲ ကျေးဇူးတင်တယ်ဗျို့..

ကဲ.. ကျွန်တော့်အမြင်တချို့ကို ပြန်ပြောချင်တယ်ဗျာ.. ပထမဦးဆုံး ကျွန်တော်ဟာ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ရင်းကို လမ်းလွှဲတယ်ဆိုတဲ့ စွပ်စွဲချက်ကြီးကတော့ နဲနဲရင်ခံသားဗျ.. ဟော.. လေးစားကြည်ညိုလောက်ဖွယ် ထိုင်းစစ်တပ်ကြီးပါလားဟ.. အတုယူကြ ယူကြဆိုတဲ့ ရည်ရွယ်ရင်း မဟုတ်ဘူးလားခင်ဗျာ.. ဒီတော့ကာ ကျွန်တော့်အနေနဲ့ ဟာ.. ဘာတုန်း.. ပေါင်းရိုက်တာဟ.. လေးစားလောက်ဖွယ် ဘာမှမရှိဆိုတာကို ပြန်ပြောချင်ရုံပါပဲ..

ကဲ.. နဲနဲတော့လည်း ဘယ်လိုပေါင်းရိုက်တယ်ဆိုတာ သိဖို့ ပြန်လှန်ရအောင်လားဗျာ.. ပြည်သူတွေနဲ့ လုံးလားထွေးလားလုပ်လာတဲ့ ပါတီ.. ဘုရင်ကို အချိန်တန် လေးစားပါတယ်ခင်ဗျာလို့ အရိုသေပေးရုံလောက် သဘောထားလာတဲ့ပါတီ.. အောက်ခြေပြည်သူကို စည်းရုံးလို့ အာဏာတည်မြဲရေးကို ကြိုးစားလာတဲ့ပါတီကို မဟာဂရိတ်တွေက မျက်စိစပါးမွှေးစူးလာတာပေါ့ဗျာ.. ပြောဖို့ဆိုဖို့ဆိုတာကလည်း လွှတ်တော်ထဲမှာက အနိုင်ရထားတာ အပြတ်အသတ်ဆိုတော့ ထိလို့ကိုမရ.. ကဲ.. ဒီတော့ ကိုသက်ဆင်ရေ အပြင်သွားတုန်း ကန်ချမဟေ့ဆိုတဲ့ ဇါတ်နဲ့ စခဲ့တယ်ပေါ့ဗျာ..

အာဏာရ အဓိက ဒီမိုပါတီကြီးကို တပ်မတော်နဲ့ ထိပ်သီးအသိုင်းဝိုင်းက ဖြုတ်ချချင်တယ်.. အဲဒီမှာ ဒီမိုနည်းနဲ့ လွှမ်းမိုးဖို့ကလည်း ဘယ်လိုမှမဖြစ်နိုင်.. ၂၀၀၆ အောက်တိုဘာမှာလည်း ရွေးကောက်ပွဲက ထပ်ကျင်းပတော့မယ်.. အဲဒီမှာလည်း နိုင်ဖို့လမ်းကမရှိ.. မနိုင်ရင်လည်း ဒီပုံနဲ့ပဲ နောက်လေးနှစ်ဆက်စခန်းသွားလို့ ပိုစုံကန်တော့မှာလည်း မြင်နေ.. ဒီတော့ ၂၀၀၆ စက်တင်ဘာမှာ မနေနိုင်မထိုင်နိုင် အူယားဖားရား အာဏာသိမ်းရတယ်လို့ မြင်တာပဲဗျာ.. ဟိုလိုလိုဒီလိုလိုနဲ့ အဲဒီအချိန်ထိုင်းတပ်မတော်ရဲ့ အာဏာသိမ်းမှုဟာ ဘလိုင်းဆန်လှတာတော့ အမှန်ပဲဗျ..

ဟော အာဏာသိမ်းပီးတာနဲ့ နောက်လမှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဖျက်လိုက်ပီ.. နောက်တစ်နှစ်မှ ကျင်းပတော့မယ် ကြေငြာလို့ သူတို့ လန့်နေရတဲ့ အဲဒီပါတီကြီးကိုဖျက်.. အမတ် ၁၀၀ ကျော်လောက်ကို ချက်ခြင်းထုတ်.. နိုင်ငံရေးလုပ်ခွင့်ပိတ်.. ဟားဟား.. မပိုင်လားဗျာ.. ဒီလက်စလက်နဟာ အစွမ်းထက်လှတယ်ဟုတ်..
အဲဒီအချိန်မှာ ထိပ်ပိုင်းအဓိက ခေါင်းတစ်ရာကျော်လောက် ဖြတ်ခံလိုက်ရတဲ့ အဲဒီပါတီရဲ့ ဒသဂီရိအစွမ်းကတော့ အံ့လောက်စရာလို့ မောင်သတိမြင်ပါတယ်ခင်ဗျ.. မှုလောက်စရာလဲ မရှိလောက်ဖူးလို့ ထင်လို့ ချန်ထားခဲ့တဲ့ ကျန်တဲ့လူတွေဟာ ရာသီပေါ်နိုင်ငံရေးသမားလို့ အမည်တပ်လို့ရတဲ့ ဦးစမတ်ကို တင်မြှောက်လို့ ပါတီအသစ်ဖွဲ့ပီး ပြန်ပေါ်လာခဲ့ပါတယ်.. အဲ.. အဲဒီမှာလည်း အုံဖွဆိုပီး ပြန်ပေါ်လာတယ်မထင်နဲ့ဗျ.. အပြင်းအထန် ရုံးကန်ပီး ပါတီဖွဲ့ခွင့်ရအောင် တပ်မတော်အစိုးရကို ဖိအားပေးနိုင်တယ်ဆိုရမှာပေါ့.. အင်အားသုံး ဖြိုခွင်းခံရတဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါသေးတယ်..
ဒါတောင် သူတို့ အတည်ပြုတဲ့ ဖွဲ့စည်းပုံနဲ့ ပြိုင်ရမယ် (အဲ.. ဆန္ဒခံယူပွဲတောင် လုပ်သေးဆိုပဲ.. ရီစရာက အတည်မဖြစ်ခဲ့ရင် အရင်ရှိဖူးတဲ့ ဖွဲ့စည်းပုံတွေထဲက ကြိုက်ရာသုံးမယ်ဆိုလားပဲ.. ကျွန်တော်ကူးချဖူးပါရဲ့).. အဲဒီဖွဲ့စည်းပုံဆိုတာကလည်း ပါတီတစ်ခုထည်းက နောက်နောင်ချုပ်ကိုင်မရအောင် ဦးတည်ဆွဲထားတဲ့ ဖွဲ့စည်းပုံ.. တခြား ကြပ်တာတွေ တပုံပါဗျ.. တပ်မတော်ဖက်ကကြည့်တော့လည်း မကြိုက်လို့တောင် ကန်ချခဲ့တဲ့ ပါတီက ပြန်အသက်ဝင်နေတာ ဘယ်ကြည်မတုန်းဗျာ..
ဟော.. ရွေးကောက်ပွဲလဲ လုပ်ပါပီဆိုရော.. ဒီပါတီကြီးကပဲ အနိုင်ရပါရောလားဗျာ.. ဒီတော့ အာဏာသိမ်းအစိုးရရဲ့ နေရာမှာ စဉ်းစားကြည့်စမ်းပါဗျာ.. ဟားဟား.. မျောက်မီးခဲကိုင် ဖြစ်နေမှာဗျ.. ဘယ်လောက်တောင် ကသိကအောင့်နိုင်မလဲဆိုတာ.. ဒါပေမဲ့ မှန်တယ် ချီးကျူးစရာက မတတ်နိုင်ဘူး ပေးရမှာပဲဆိုပီး ပေးလိုက်တာပဲ.. ငပွကြီးကန်ကို ကြောက်ရတာလဲ ပါမယ်ထင်ပါရဲ့.. ဒါမှမဟုတ် ခုလိုပိုပိုင်တဲ့ အကွက်ရှိလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ..

အဲဒီလို ရလာဒ်ကောင်းနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပါတီဟာ ချောချောမွေ့မွေ့တော့ မထင်နဲ့ဗျ.. တချို့အနိုင်ရအမတ်တွေဟာ စည်းကမ်းမကိုက်ညီ.. မရိုးသား.. မဲဝယ်စတဲ့ စွပ်စွဲချက်တွေနဲ့ ချက်ခြင်းပယ်ခံခဲ့ရပါတယ်.. တခြားပါတီတွေမှာလဲ အဲလိုစွပ်စွဲခံရတဲ့ လူတွေရှိပေမဲ့ အရည်အတွက်မှာ PPP ကလူတွေ ပိုများခဲ့ပါတယ်.. ဒီလိုအရေအတွက် ကွာခဲ့တာကတော့ အာဏာသိမ်းအစိုးရအမြင်မကြည်တဲ့ လုံးဝတက်လာမှာ မလိုလားတဲ့ ပါတီတစ်ခုအတွက် ဒါမဆန်းပါဘူး ပြောရမှာပဲ.. ဒါတောင် သောင်းကျန်းသူတွေနဲ့ ဆက်သွယ်တာတွေ လက်ဝါးရိုက်တာတွေ ပြည်ပနိုင်ငံတွေနဲ့ ခြေပုန်းခုတ်တာတွေ အဲဒီပါတီက မလုပ်မိလို့ တော်သေးတာပေါ့.. ဟီးဟီး.. ကြုံတုန်းဆွဲထည့်လိုက်တာ..

အင်း.. ဒီနေရာမှာ မောင်သတိအနေနဲ့ ၀န်ခံရမှာက လွန်ခဲ့တဲ့ တစ်နှစ်က ထိုင်းတပ်မတော်အစိုးရက ကျင်းပစေတဲ့ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေဟာ အဲဒီရွေးကောက်ပွဲ ပီးပီးချင်း စွပ်စွဲချက်တွေနဲ့ အနိုင်ရတဲ့ အမတ်အချို့ကို အနီကတ်ပြ ဖြုတ်ချမှုတွေမှာတင် ပီးခဲ့တယ်ထင်ပီး လက်ရှိတစ်နှစ်ကြာပီးတဲ့ အချိန်ထိ ရှိနေတဲ့ စွဲချက်တွေကို မသိပဲ ပြောခဲ့မိတာ ဖြစ်ပါတယ်.. ဆောဒီးပါဗျာ..

အဲလို အာဏာသိမ်းထိုင်းတပ်မတော်အနေနဲ့ မကြိုက်လွန်းပါဘူးဆိုတဲ့ ပါတီဟာ ဒီမိုနည်းနဲ့ အာဏာပြန်ရလာတဲ့နောက်မှာ ဒီတစ်နှစ်အတွင်း အတိုက်အခံတွေဟာ အာဏာရပါတီကို အမျိုးမျိုးပြသနာရှာ.. ဆူပူမှုတွေ အမျိုးမျိုးလုပ်.. နောက်ဆုံး လေယာဉ်ကွင်းတွေသိမ်းတဲ့အထိကို မင်းမဲ့စရိုက်အနေနဲ့ သောင်းကျန်းခဲ့ရောဗျား.. ဒီနေရာမှာ အဲဒီအတိုက်အခံပါတီဟာ ဘယ်လောက်ပဲ လူထုထောက်ခံမှုကို ရတယ်ပြောပြော လက်ရှိအာဏာရပါတီ ရထားတဲ့ ထောက်ခံမှုကို လုံးဝမယှဉ်နိုင်တာ.. အဲဒီ သူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ လူအများစုဟာတောင် ဒီလိုမင်းမဲ့လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် ကျွန်တော်ဟာ လူနည်းစုလောက်ဆိုတဲ့ စကားကို သုံးခဲ့တာဖြစ်ပါတယ်ခင်ဗျ..

ကြုံလို့ ပြောရမှာက အဲဒီလို မင်းမဲ့စရိုက် ပရမ်းပတာ ဆန္ဒပြတဲ့လူတွေကို မနှိမ်နင်းခဲ့တာဟာ ဒီမိုကိုထိန်းသိမ်းတာမဟုတ်ပဲ တာဝန်ပျက်ကွက်ခဲ့တာလို့ ကျွန်တော့်အနေနဲ့ ယူဆတာပဲဗျာ.. ကိုယ်မကြိုက်တာ လွတ်လပ်စွာ ထုတ်ဖော်ဆန္ဒပြတယ်ဆိုတဲ့ စည်းဘောင်ကိုကျော်လို့ အားလုံးအနှောင့်အယှက်ဖြစ်အောင်.. ဒီလိုလူအများကို ထိခိုက်လောက်တဲ့ လူထုလှုပ်ရှားမှုတွေကို ဘယ်လိုထိမ်းသိမ်းရတယ်ဆိုတာ အမေရိကန်တို့လို ထိပ်တန်းနိုင်ငံတွေကို ဥပမာယူရင်တောင် ရပါသေးသဗျာ.. ပြည်သူလူထု တပုံတပင်ရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ထိကို သောင်းကျန်းခဲ့တဲ့ ဒီလူတစ်ဆုပ်စာလောက်ကိုမှ မထိန်းသိမ်းနိုင် မနှိမ်နင်းနိုင်တဲ့ အစိုးရဟာ ပြုတ်တာအကောင်းဆုံးပါပဲ.. ဒါပေမဲ့ အဲလိုမထိန်းသိမ်းနိုင်အောင်ကို အစိုးရက အရေးပေါ်ကြေငြာပီး တာဝန်အပ်နှင်းခိုင်းစေတာတောင် ရူးချင်ရောင်ဆောင်နေတဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ကလည်း ရှယ်ခဲ့သကိုး..

အချုပ်ပြောရင်တော့ဗျာ.. တပ်မတော်ဆိုတာဟာ အစိုးရပါတီတွေရဲ့ အာဏာလုပွဲတွေမှာ အကွက်ရွှေ့သူတွေ.. လက်ကိုင်ဒုတ်တွေ မဖြစ်ဖို့ အရေးကြီးတယ်လို့ မောင်သတိထင်တာပဲဗျ.. အဲဒီတော့ လက်ရှိအစိုးရကို ချောက်ကျအောင် ခြေထိုး.. ကန်ချ.. ဖိတွန်း.. နည်းမျိုးစုံနဲ့ နိုင်ငံရေးမှာ ၀င်ရှုပ်နေတဲ့ ထိုင်းတပ်မတော်ဟာ အတုယူစရာ ဖြစ်ပါသလား.. ဒီလို နည်းစနစ်တွေနဲ့ ဖြုတ်ချမှုတွေကရော အနာဂါတ် ဒီမိုကရေစီစနစ်အတွက် မဟာအန္တရယ်လို့ မထင်ဘူးလား..

အင်း.. ကိုယ့်နိုင်ငံရဲ့ တပ်မတော်ကို ထောက်ပြချင်တာလေးတစ်ခုနဲ့ ဒီလောက်မဟုတ်တရုတ်လုပ်ရပ်ကြီးကို လေးစားလိုက်တာကွာတော့ မလုပ်ကြပါနဲ့လားဗျာ.. ဟားဟား.. ဒါကတော့ ဒီထိုင်းနိုင်ငံအရေးအပေါ် ကြည့်ပီး ထိုင်းတပ်မတော်လုပ်ရပ်ကို မောင်သတိ ပြောချင်တာပါ..

အဲ.. ဒီမိုအရေးတစ်ရပ်လုံးကို ကြည့်ပီး ဆိုချင်တာရှိသေးသဗျ..
ခုလိုမျိုး ထိုင်းနိုင်ငံကိုကြည့်ရင် ခုပြုတ်ကျသွားတဲ့ အဓိကအာဏာရ ppp ပါတီဟာ ခုစွပ်စွဲချက်တွေအရ (မှန်တယ်ဆိုရင်ပေါ့ဗျာ) တော်တော်ကို အကျင့်ပျက်တဲ့ပါတီဗျ.. အဲ.. အကျင့်သာပျက်တာ.. ပြည်သူကလည်း တော်တော်ကြိုက်တယ်ဆိုတော့.. ပီးတော့ အတိုက်အခံပါတီပြောသလိုဆိုရင် ထိုင်းပြည်သူအများစုဟာလည်း စိတ်ခံစားမှုနဲ့ ကြိုက်မကြိုက်ဆုံးဖြတ်ကြပီး နိုင်ငံအရေးကို နားလည်သူဟာ နည်းပါးလှတယ်ဆိုတော့ အင်း.. ဒီမိုနည်းအတိုင်း သွားနေရင် ဒီပါတီကို ဘယ်လိုသွားထိန်းမလဲဗျနော..
အဲဒီတော့ ဒီမိုကရေစီအတွေ့အကြုံမရင့်ကျက်သေးတဲ့ နိုင်ငံတွေမှာ ဒီမိုနည်းကျကျနဲ့ အများဆုံးဖြတ်တယ်ဆိုတိုင်း ကောင်းတာမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာလေးများ မရကြဘူးလားဗျ.. အထိန်းအကွပ်လေးတွေနဲ့သာ သွားပီးတဖြည်းဖြည်း ပြည်သူကို အမြင်တွေဖွင့်ပေးခြင်းဟာလည်း လုံးဝမှားယွင်းတယ်ဆိုတဲ့ အမြင်မဟုတ်ဘူးဆိုတာ မြင်နိုင်သားဗျ.. မဟုတ်ရင်တော့ PPP လို လူပိန်းတွေသေအောင်ကြိုက်.. တိုင်းပြည်ကလည်း လူပိန်းများတဲ့ နိုင်ငံမျိုးတွေမှာ ပညာတတ်ပါတီတွေမှာ ငုတ်တုတ်မေ့နေရသကောဗျာ.. ဟားဟား..

အဲဒီတော့ နိုင်ငံရေးအနေနဲ့ကြည့်မယ်ဆိုရင် ထိုင်းတပ်မတော်ဟာ အများကြီးဝင်ရှုပ်နေတဲ့ တပ်မတော်ဖြစ်တယ်.. ဒီမိုအရေးနဲ့ ကြည့်မယ်ဆိုရင် ပြည့်ဝတဲ့ ဒီမိုကရေစီကို အကန့်အသတ်ဒီမိုအဖြစ် ပြောင်းဖို့အားထုတ်နေတာဖြစ်တယ်.. ဖိနှိပ်မှုနဲ့ ကြည့်မယ်ဆိုရင် အာဏာရပါတီကို နည်းမျိုးစုံနဲ့ လုံးပါးပါးအောင် ကိုယ်တိုင်ရော.. ပူးပေါင်းပီးရော ဖဲ့နေတယ်.. တာဝန်မကျေမှုနဲ့ ကြည့်မယ်ဆိုရင် ကိုယ်ဆန့်ကျင်သူ ဒုက္စရောက်အောင် မင်းမဲ့သောင်းကျန်းမှုကို တရားဝင်ခွင့်ပြုခဲ့တာဖြစ်တယ်..

အင်း.. ဘေးချင်းကပ်ရပ်ဆိုတော့လည်း ဒီလိုတပ်မတော်မျိုးကို အနာဂါတ်ဒီမိုနိုင်ငံတော်မှာ မြန်မာ့တပ်မတော်က ကိုထိုက်စကားနားယောင်လို့ အတုမယူပါစေနဲ့ပဲ ပြောရမှာပဲ.. ဟားဟား..

ကျွန်တော်ရေးဖူးသမျှထဲမှာ အရှည်ဆုံးကော်မန့်ပဲဗျို့.. ဟိုကူးဒီကူးတွေလည်း ကုန်ပီ.. ဗဟုသုတရအောင် သေချာဆွေးနွေးပေးတဲ့ ကိုအောင်ဆန်းကို ကျေးဇူးတင်တဲ့စိတ်နဲ့ ဒီလောက်ရှည်ရှည် ပြန်ရေးမိတယ်ပေါ့ဗျာ..

သက်သာဗျို့..

မောင်သတိ

Anonymous said...

What's going on here? That's why, Burma was under colony 100 years and still under stupid regime because of stupid arguments and stupid timewasters. I want to tell just one thing to Mg Ta Ti, if one of your family members was murdered by brutal military, you wouldn't say that sort of comment to blame military for not attacking or crushing down the demonstrators or civilians. Violence or using the power with wrong attitude or fliddling fingers on guns to shoot civilians can't sort the problems. Every live has the value. At least Tai military love their own people. We should ashame of our so-called burmese military ( actually they are gansters)

Nay Lin said...

မောင်သတိဆိုတဲ့ငတိရေ...
ဒါဆိုရင်ပြည်သူတွေကျပ်တည်းလို့
လမ်းလျှောက်ခဲ့တဲ့ကိုမင်းကိုနိုင်တို့..
လူတွေငတ်လာလို့ ဆိုင်းဘုတ်လေးကိုင်
ဈေးနှူန်းလေးကျအောင်ကူညီပါလို့ပြောမိခဲ့တဲ့
ဲ့ကိုထင်ကျော်..(အများကြီးပါဗျာ)
[လမ်းပိတ်လို့ထောင်ချတာလို့ပြောအုံးမလား]
ပိုယုတ်တာက..ဒကာ။ဒကာမတွေစားဝတ်နေရေးကျပ်တည်းတာမြင်လို့
မေတ္တာပို့မိတဲ့သံဃာတော်တွေ..
အဲဒီသူတွေအားလုံးကိုသောင်းကျန်းသူတွေလို့ပြောအုံးမလား..
ိုဖမ်းသတ်ထောင်ချတဲ့မြန်မာ့တပ်မတော်ဆိုတဲ့
မင်းအဖေတွေကိုဖားတာမင်းအပိုင်း..
ဒါပေမဲ့မပြောခင် မင်းဖင်နဲ့ခြေထောက်ချီးပေမပေအရင်
ကြည့်ဦး..

ရွံဖို့ကောင်းလိုက်တာကွာ..

myan-law said...

ကို သတိရေ...
ကျွန်တော် ဖတ်ဖူးသမျှထဲမှာ အကောင်းဆုံး..အကြိုက်ဆုံး...အဆင့်အတန်း အရှိဆုံး ကွန်မန့်ပါဘဲ ခင်ဗျာ.. တကယ်ကိုလေးစားလောက်ပါတယ်.. တကယ် ပညာပြည့်ဝပါပေတယ်.. ဘလော်ဂါတောင် သူရေးထားတာ ပြန်ဖျက် ချင်စိတ် ဝင်အောင်ကို ကောင်းလှပါတယ်..။ အဆင့် အတန်းမရှိတဲ့ သူတွေရေးတဲ့ စာတွေကြားမှာ " ချီးတွင်းထဲ ကျနေတဲ့ ပတ္တမြားခဲ " လိုဖြစ်နေပါတယ်..။ ဘာပဲဖြစ်ဖြစ်ဗျာ.. အဲဒီလိုလူတွေထဲက တစ်ယောက်လောက် မျှမျှတတ တွေးတတ်အောင် လမ်းပြပေးနိုင်ရင်ဘဲ အစ်ကို ရေးရကြိုးနပ်ပါပြီ..။ အစ်ကို့စေတနာ တစ်နေ့ အကြိုးပေးမှာပါ..။
လေးစားစွာဖြင့်...

Unknown said...

It is good comment Mr The Thi
But also give you some advise that one day when right moment come and one of the side country is open for supply line there will be ablaze whole country. If the Buddha and Thi kyar Min dose not give justices to the monks killer leaders and their followers, our Burmese peoples got to take the justices by themself no matter what it cost if this is not possible in our time it will be our son and our great son time.