Thursday 31 January 2008

အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ပြောသွားတဲ့ "အကောင်းဆုံးကို မျှော်လင့်ထားပြီး၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ" လို့ ပြောသွားတာကို အဓိပ္ပါယ် ဖွင့်ဆိုကြည့်ဖို့လိုနေပါတယ်။

တကယ်တန်းပြောရရင် အကောင်းဆုံးကို မျှော်လင့်ကြတာဟာ လူ့သဘာဝပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောလိုတဲ့ စကားစုရဲ့ အဓိပ္ပါယ်ဟာ ပထမ စကားစုမှာ မူတည်မနေဘဲ ဒုတိယ စကားစုဖြစ်တဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ ဆိုတဲ့ စကားစုကိုသာ ပြည်သူကို သတိပေးလိုက်တာပါပဲ။

ကောင်းကောင်းမွန်မွန်နဲ့ လူကြီးလူကောင်းဆန်ဆန် စကားဝိုင်းမှာ ဆွေးနွေးဖို့၊ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့၊ တိုင်းပြည်အကျပ်အတည်းတွေက လွတ်မြောက်ဖို့၊ သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိဖို့အတွက် အားလုံးက မျှော်လင့်ခဲ့ကြတာပါ။

စက်တင်ဘာ လူထု လှုပ်ရှားမှုကို သေနတ်နဲ့ပစ်၊ ထောင်ချတဲ့နည်းနဲ့ ဖြိုခွင်းပြီးနောက် နအဖ လူစုက ပြည်သူတွေ တောင်းဆိုတာကို လုပ်ပေးတာဆိုလို့ အချက်တွေအများကြီးထဲက အချက်တစ်ချက်ကိုတောင် တ၀က်ပဲ လိုက်လျှောခဲ့ပါတယ်။

အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါဆိုတဲ့ အချက်ပါပဲ။ တ၀က်လို့ ပြောရတာက .... ဆွေးနွေးစေချင်တာက တိုင်းပြည်ကံကြမ္မာကို အပြောင်းအလဲလုပ်ပေးနိုင်တဲ့ လူတွေနဲ့ ဆွေးနွေးခိုင်းတာပါ။ အဲဒါကို ကြားလူနဲ့ ဆွေးနွေးတာပဲလုပ်ပါတယ်။ ကြားလူနဲ့ ဆွေးနွေးတာတောင် ၁ လ တစ်ခေါက်၊ တခေါက် တနာရီနှုံးနဲ့ လူရီစရာ ဆွေးနွေးပွဲ လုပ်နေတာပါ။

သူများနိုင်ငံတွေမှာ တိုင်းပြည်အတွက် ခေါင်းဆောင်ပိုင်းတွေ အချိန်အများကြီးသုံးပြီး တိုင်ပင် ဆွေးနွေး နေကြတဲ့အချိန်မှာ အခြားနိုင်ငံတွေထက် အဆပေါင်းများစွာ နောက်ကျနေတဲ့ ကျွန်တော်တို့တိုင်းပြည်က ခေါင်းဆောင်တွေကတော့ တိုင်းပြည်အတွက် ဆွေးနွေးဖို့ ၁ လမှာ ၁ နာရီကို ကြားလူနဲ့ ဆွေးနွေးနေပါတယ်။

ဒေါ်စုကိုယ်တိုင်က အခုဆွေးနွေးနေတာကို ကျေနပ် အားရမှု မရှိပါဘူးလို့ ပြောသွားပါတယ်။ (အဲဒါကို ကျွန်တော်တို့ တိုင်းပြည်နိုင်ငံရေးကို လေ့လာနေတယ်ဆိုတဲ့ high politic လုပ်နေ၊ ပြောနေတဲ့ လူတွေက ဆီက အခုအထိ စောင့်ကြည့်ပါဦး၊ အပြုသဘောလုပ်နေတာပါ၊ အခြေအနေတိုးတတ် လာနိုင်ပါတယ် ဆိုတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။)

အဲဒီလိုမျိုး နအဖ ခြေယောင်ပြတာကို ကိုယ်တိုင်သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ပါဦး ပြောနေတာတွေကို သူကိုယ်တိုင် ပြန်ကြားနေရမှာတော့ သေချောပါတယ်။ ဒီတော့ ဘာမှဖြစ်မလာနိုင်တာကို စောင့်ကြည့်မနေနဲ့ တိုင်းပြည်အတွက် လုပ်စရာရှိတာလုပ်ကြတော့လို့ တိုက်ရိုက် ပြောလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ သွယ်ဝိုက်ပြီး "အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ" ဆိုတာကို ပြောသွားတာလို့ ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။

အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုချက် မှန်၊ မမှန် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အခြားစကားတွေနဲ့ NLD ပါတီဝင်တွေအတွက် ပြောသွားတာကိုပါ နောက်ကနေ ကပ်ပြီးတွေးကြည့်ရင် ပိုထင်ရှားလာပါတယ်။ ပထမဦးဆုံး နအဖနဲ့ ပြောဆိုဆွေးနွေးနေတာကို သူကိုယ်တိုင်က အားရကျေနပ်စရာ မရှိပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူတို့ ဆွေးနွေးနေတာကို စောင့်မနေပါနဲ့ လုပ်စရာရှိတာ လုပ်ပါလို့ ဆိုလိုတာ ထင်ရှားနေပါတယ်။
တိုင်းရင်းသား တွေမပါပဲ မြန်မာ့အရေး ဆွေးနွေးနေတာ အဓိပ္ပါယ် မရှိပါဘူးလို့လည်း ပြောပါတယ်။

NLD ရဲ့ CEC အတွက်ကို ပြောသွားတာဆို ပိုပြီးထင်ရှားသိသာနေပါတယ်။ "အဖွဲ့ချုပ် CEC က လုပ်ဆောင်တာ မှန်သမျှ ဘယ်ဟာကိုမဆို သူ လက်ခံနိုင်သည် ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ၊ ရှေ့က ကာသင့်တဲ့အခါ ကာမယ်၊ နောက်က တွန်းသင့်တဲ့ အခါ တွန်းမယ် လုပ်စရာရှိတာကို လုပ်ကြပါ" တဲ့။

ဒါတွေဟာ ရှင်းလင်းပြတ်သားပြီး NLD နဲ့ တိုင်းရင်းသား အားလုံး အပါအ၀င် ပြည်သူတရပ်လုံးက အကောင်းဆုံးကို မျှော်မှန်းပြီး အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ကာ တိုင်းပြည်ကြီး ပြန်လည် ကောင်းမွန်လာဖို့ လုပ်စရာရှိတာ လုပ်ကြပါ။ တိုက်ပွဲဝင်စရာ ရှိတာ ၀င်ကြပါ။ သူ့အနေနဲ့ အားလုံးကို ကာကွယ်၊ ထောက်ခံ၊ တွန်းအားပေးပါ့မယ်လို့ ပြောသွားတာပါ။ ဒီထက်ရှင်းလင်း ပြတ်သား တိကျတဲ့ အဓိပ္ပါယ် ရှိနိုင်မယ် မထင်ပါဘူး။

အသေချာဆုံး ဖြစ်အောင် ပြင်ဆင်ပြီး တိုက်ပွဲဝင်ကြဖို့ ပြောတယ်ဆိုတာကိုတော့ နောက်ထပ် အချက်တချက်က ထောက်ပြနေပါတယ်။ ...... ဘာလဲဆိုတော့ ဒေါ်စု ပြောသွားတဲ့ စကားဟာ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တွေကို နောက်ဆုံး အပြီးတိုင် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲက စကားကို ကောက်နှုတ်ပြီး ပြည်သူတွေကို ပြောလိုက်တာ ဖြစ်နေတာပါပဲ။

ဒါဟာ တိုက်ဆိုင်တာ လုံးဝ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စကားလုံးတွေ သေချာ ရွေးချယ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။

သူ့ကို စောင့်ကြည့်မနေဘဲ ပြည်သူတွေအားလုံး အာဏာရှင် စနစ်ကို အပြီးသတ် တိုင်းပြည်ထဲကနေ ကျဆုံးသွားအောင် နောက်ဆုံး တညီတညွတ်ထဲ တိုက်ပွဲဝင်ကြပါ။ လို့ မိန့်ခွန်းပြောသွာတာ ဖြစ်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Wednesday 30 January 2008

Wake Up Call From Daw Suu

"Prepare for the worst"

Cartoon

People's Desire

UPDATE: Suu Kyi Meets Party Members: Myanmar Official -AFP

YANGON (AFP)--Myanmar's detained pro-democracy leader Aung San Suu Kyi on Wednesday was allowed to meet with top members of her party as well as with a government liaison officer, an official told AFP.

The meetings took place at a military facility near her lakeside home in Yangon, where she has spent 12 of the last 18 years under house arrest, the official said.

A convoy took her around 1:00 pm (0630 GMT) to the facility, where the official said she held talks with members of the NLD's Central Executive Committee and with the liaison officer, Labor Minister Aung Kyi.

Aung San Suu Kyi was last allowed to meet with her party's leadership on Nov. 9, when she spoke with four top party members for about one hour at the same military compound.

The facility has also been the site of her four previous meetings with Aung Kyi, who was appointed in the wake of a deadly crackdown on pro-democracy protests in September. Their last talks were held on Jan. 11.

The talks came as the military intensified the pressure on political dissidents.

A popular blogger who belongs to the NLD was arrested along with another party member on Tuesday, apparently for defying the military's tough Internet controls, party spokesman Nyan Win said.

Ten leaders of last year's protests have been also charged with violating the nation's strict publishing law, a crime punishable by up to seven years in prison, the party said Tuesday.

U.S. State Department deputy spokesman Tom Casey denounced the charges as " further evidence that the regime is rejecting all efforts to promote dialogue and national reconciliation." The protests spearheaded by Buddhist monks in September were the biggest threat to military rule in nearly two decades. The United Nations says at least 31 people were killed during the suppression, and 74 remain missing.

Hoping to quell international outrage at the bloodshed, Myanmar made a series of conciliatory gestures, including allowing UN special envoy Ibrahim Gambari and a UN rights investigator to visit the country.

Gambari made two trips to Myanmar, but when he requested to make a third this month, the junta pushed him off until April.

Meanwhile censors have tightened controls on the media, banning one newspaper for a week over an article that said the government had backtracked on a huge hike in fees for satellite television.


တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် ရှမ်းပြည်မြောက်ပိုင်း အပစ်အခတ်ရပ်အဖွဲ့များနှင့် လိုက်လံတွေ့ဆုံ


Tuesday 29 January 2008

မျိုးချစ် ဒီမိုကရက်တစ်တပ်ပေါင်းစု

စင်္ကာပူရောက် မြန်မာများ၏ မြန်မာ့အရေး လှုပ်ရှားမှု

စင်္ကာပူရောက် မြန်မာများ Rambo 4 ဇာတ်ကားကို အတူ ကြည့်ရှုနိုင်ရန် လုပ်ဆောင်ထားသော အစီအစဉ်ကို ဒီနေရာမှာ ရယူ သိရှိနိုင်ကြပါသည်။

အသိတရား နိုးထမှု အာရုံလွှဲခံရခြင်း

နအဖက မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ အစီအစဉ်ထဲမှာ လူငယ်တွေ ပါးစပ်မှာ တစ်ယောက်ကစ တရာအဆုံးဆိုသလို လွယ်လွယ်ကူကူ ပျံနှံ့နိုင်မယ့် အပေါစားသတင်းတွေကို ထုတ်လွှင့်ပြီး လူထုကို အာရုံလွှဲတာကလည်း မီဒီယာ တိုက်ပွဲရဲ့ လက်နက်တစ်ခုဖြစ်လာပါတယ်။

လူငယ်တွေဟာ တဖြည်းဖြည်းနဲ့ နအဖရဲ့ မတရားဖိနှိပ်ခံရတာ၊ တရားဥပဒေမဲ့တာ ဆိုးဝါးယုတ်မာ ရက်စက်တာ တွေကို လက်တွေ့မှာ ခံစားလာရပြီး မတရားတာကို တော်လှန်ရမယ်ဆိုတဲ့ သိလာကြပါတယ်။ နအဖရဲ့ အထက်ပါ မတရားမှုတွေကို ပြောဆို ဖေါ်ထုတ်နေကြချိန်မှာ လူငယ်တွေ အာရုံပြောင်းသွားစေမယ့် media files တွေကို အင်တာနက်ပေါ်မှာ တင်လွှင့်လာကြပါတယ်။ မှန်တာရော မှားတာတွေရော အားလုံး အပါအ၀င်ပေါ့။ လူတွေကလည်း အဆိုပါ သတင်းတွေကို အာရုံလွှဲနေတာလို့ သတိထားမိတဲ့ လူလည်းရှိသလို များသောအားဖြင့် နိုင်ငံမှာ ကိုထင်ကျော် ၁ လ ကြာ အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတာထက် နန္ဒာလှိုင် ဖုန်းပြောတဲ့ အသံဖိုင်ကို ပိုစိတ်ဝင်စားကြပါတယ်။ ပြောဆို ဆွေးနွေးကြပါတယ်။ ၀မ်းနည်းစရာပါပဲ။

ဒီကြားကာလတွေမှာလည်း နိုင်ငံခြား အပြာရုပ်ရှင်တွေထဲက မြန်မာပြည်က မင်းသမီး၊ မော်ဒယ် ဆိုတာတွေနဲ့ ရုပ်ဆင်တူတဲ့ အမျိုးသမီးတွေပါတဲ့ အခန်းတွေကို ဖြတ်ညှပ်ကပ်ပြီး အင်တာနက်ထဲမှာ တင်နေတာကို မကြားချင်မှ အဆုံး mail တွေနဲ့ သတင်းဖြန့်ကြပါတယ်။ ဟုတ်တယ်ပြောတဲ့ လူနဲ့၊ မဟုတ်ဘူး ပြောတဲ့လူနဲ့ လူတွေက အတော် စိတ်တ၀င်တစား ပြောဆိုနေတာကို ၀မ်းနည်းစရာ အဖြစ် ထပ်တွေ့ရမှာပါ။ လွတ်လပ်ရေးနေ့ အောင်ပွဲ အခမ်းအနားလုပ်ဖို့ စီစဉ်သူတွေကို မတရားထိန်းသိမ်း ခံရတာကို မှန်၊ မမှန်၊ တရားမျှတမှု ရှိ၊ မရှိ ဆိုတာထက် ခုနက အပြာကား ဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားနေကြပါတယ်။ စိတ်မကောင်းစရာပါပဲ။

အခုလည်း ကိုမင်းကိုနိုင် အပါအ၀င် ခေါင်းဆောင်တွေကို မဟုတ်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုဖို့ ကြံစည်နေစဉ်မှာ အဲဒီသတင်းကို လူတွေကြားထဲ မှေးမိန်သွားနိုင်မယ့် နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့နောက်ကွယ်က ဇာတ်လမ်းကို ရိုက်ထားတဲ့ video clip တစ်ခုက တော်တော်လေး အသံကျယ်လာပါတယ်။ ၀န်ကြီးတစ်ဦးရဲ့သမီးနဲ့ ဆိုပြီး အသံထွက်လာပြီး ပြောဆိုနေကြပါတယ်။

ကျွန်တော် ပြောချင်တာကတော့ အဲဒီ အဆိုတော်ဟုတ်၊ မဟုတ် ... ၀န်ကြီး သမီး ဟုတ်၊ မဟုတ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘ၀တွေ၊ တစ်နိုင်ငံလုံး အဖိနှိပ်ခံ ဘ၀တွေနဲ့စာလိုက်ရင် ဘာမှ အရေးပါတာ မဟုတ်လို့ အဆိုပါ သတင်းတွေကို သတိထားဖို့ သတိပေးလိုပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Myanmar Charges 10 Over Protests Against Government -AFP

YANGON (AFP)--Military-ruled Myanmar has filed criminal charges against 10 activists arrested in August over rallies that snowballed into mass demonstrations against the regime, a lawyer said Tuesday.

Prominent pro-democracy leaders including Min Ko Naing and Ko Ko Gyi were among those charged under a law that bans unregistered groups from making statements, said the lawyer for the opposition National League for Democracy.

"They are likely to face trials behind closed doors inside Insein Prison," lawyer Aung Thein told AFP.

"I am ready to defend them, but so far I have not been allowed to meet with them," he added.

Each could be sentenced up to seven years in prison, Aung Thein said, adding that it wasn't clear what statement the activists had been accused of making.

The lawyer said he only learned of the charges from relatives of the activists, who found out while visiting them in prison last week.

Min Ko Naing and Ko Ko Gyi were among the top student leaders of a pro- democracy uprising in 1988, and both have already served lengthy prison sentences.

They formed the 88 Generation Student Group after their release about four years ago. The group spearheaded demonstrations against the government in August, in anger over a massive hike in fuel prices.

After their arrest, Buddhist monks began leading the protests, which turned into the biggest threat to military rule since the 1988 uprising.

Min Ko Naing's group isn't recognized by the government.

Monday 28 January 2008

သတင်း အတိုအထွာ

Yangon Mayor's Corruption

Whenever Yangon Mayor (Brig-Gen- Aung Thein Lin) go to Nay Pyi Taw , Assistant Chief Engineers,Executive Engineer and A/E need to pay Kyats 100,000(About US $ 100) each for his travel expences the total of about Kyats 20 lakh (About US $ 2000)in one trip.

Last year when Mayor's wife attended in private hospital to get operation CE,A/CE,EE,A/E had to support (Kyats 5 million)as fund for his wife's hospital expenditure.

That is a real story which YCDC (Yangon City Development Comittee)'s senior staff's has been suffering that virus since that guy became Mayor.

Cartoon

Rambo နှင့် ကျွန်တော့် အတွေးများ

Are you bringing any weapon?
Off course Not ...
You're not changing anything.

(From Rambo dialogue)

RAMBO 4 တဲ့။ ........... ဟုတ်ပါတယ်။ ကမ္ဘာ့ ရုပ်ရှင်လောကထဲမှာ တချိန်က အင်မတန် နာမည်ကျော်ခဲ့တဲ့ RAMBO series နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာမှာ အခု ရုံတင်ပြသနေပါပြီ။ ထုံးစံ အတိုင်း RAMBO ဇာတ်လမ်းအရ အကြမ်း အရမ်းတွေ အပြည့်နဲ့၊ စစ်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ စစ်ဒေသ ဇုံထဲမှာ လှုပ်ရှားတဲ့ စစ် အက်ရှင်ဇာတ်လမ်း တစ်ခုပါပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ လက်နက်အားကိုး လူရမ်းကားတွေရဲ့ လက်နက်မဲ့ အပြစ်မဲ့သူတွေအပေါ် လူမဆန်စွာ ပြုမူနေမှုတွေကို RAMBO က ၀င်ရောက်ဖြေရှင်းပေးတဲ့ ဇာတ်အိမ်တစ်ခုပါ။ သိပ်တော့ မထူးဆန်းပါဘူး။

အဲ ... ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ မျက်စိနဲ့ ကြည့်တဲ့ အခါ ထူးဆန်းမှု တစ်ခုကို မြင်ရတော့တာပါပဲ။ မြန်မာစကားပြောပြီး၊ မြန်မာ့နိုင်ငံ နောက်ခံပါတဲ့ Hollywood ဇာတ်လမ်းဖြစ်လို့ ထူးဆန်းတာလား လို့ မေးချင် မေးနိုင်ပါတယ်။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ယခင်က STEALTH ဆိုတဲ့ ဗုံးကျဲလေယဉ်နဲ့ သက်ဆိုင်တဲ့ Hollywood ဇာတ်လမ်းတစ်ခုမှာလဲ မြန်မာနိုင်ငံ နောက်ခံ ပါခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံက လူတွေ မျက်စိထဲ ထူးဆန်းသလို ခံစားမိတာကတော့ အနှစ် ၄၀ ကျော် လုံးလုံး ကယ်တင်ရှင် မြန်မာ့ တပ်မတော် ဆိုတဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေထဲ အကြောင်းအရာ ထပ်နေအောင် ကြားနေရတဲ့ သူရဲကောင်း မင်းသား တပ်မတော်က ဒီနေ့ RAMBO ဇာတ်လမ်းမှာတော့ ကမ္ဘာသိ လူယုတ်မာ တပ်မတော် ဖြစ်လို့ နေတာပါပဲ။ အရင်က အရပ်ထဲမှာ ပြောနေတဲ့ စကားတွေလို ... ဗိုလ်ကြီးတို့ လာမှ ကျွန်မတို့ ရွာလည်း ပြာကျ တော့တာပါပဲတို့ ..... ဗိုလ်ကြီးတို့ လာမှ ကျွန်မတို့တွေ ...( မရိုသေ့စကား) -ာဖြစ် တော့တာပဲတို့ ဆိုတာတွေ အခု RAMBO ဇာတ်လမ်းထဲမှာ ကမ္ဘာကို သိအောင် ရိုက်ပြသွားခဲ့ပါတယ်။ လူကြမ်းက မင်းသား ဖြစ်လာတာလား၊ မင်းသားက လူကြမ်း ဖြစ်လာတာလား မသိပါဘူး။



အနှစ် ၄၀ ကျော်ကြာအောင် ရိုက်ပြခဲ့တာတွေ မှန်တယ်၊ မှားတယ်၊ RAMBO မှန်တယ်၊ မှားတယ် ဆိုတာ ပြောမနေချင်ပါဘူး။ နေ့ခင်းကြောင်တောင် ရန်ကုန်မြို့ လယ်ခေါင်မှာတောင် လက်နက်အားကိုးနဲ့ ရက်စက်ပြနေတဲ့ နအဖက လူသူလက်လှမ်းမမှီနိုင်တဲ့ တောထဲမှာ ဘယ်လိုလုပ်မလဲ ဆိုတာကို အသိတရားရှိတဲ့ လူတိုင်း တွေးကြည့်ကြမှာပါ။

ဒီတော့ အခု RAMBO ဇာတ်လမ်းကိုသာ မြန်မာနိုင်ငံ တ၀ှမ်းက ရုပ်ရှင်ရုံတွေမှာ တင်ခွင့် ပြသခွင့် ရပြီး၊ ပြည်သူတွေက လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရမယ်ဆိုရင်ဖြင့် ရုံထဲမှာ ပြည့်နေမလား၊ .... မဟုတ်တာတွေကို လုပ်ကြံရိုက်ပြတဲ့အတွက် ဆိုပြီး လူမရှိဘဲ ခြောက်ကပ်နေမလား ...? လွတ်လပ်ခွင့် လုံးဝ မရှိတဲ့ တိုင်းပြည်တပြည်အတွက် မဖြစ်နိုင်တာတစ်ခုကို၊ ကြောင်ရေချိုးပေးဖို့ ကြံသလို ကျွန်တော် စဉ်းစားနေမိပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

Thursday 24 January 2008

Gtalk Avatar

ပြည်တွင်းမှ Graphic ဒီဇိုင်းဆွဲသူ တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံကို ကိုယ်စားပြုပြီး၊ နအဖ ပျက်သုဉ်းနှစ် (သို့) မြန်မာ့ ဒုတိယ လွတ်လပ်ရေးနှစ် အဖြစ် ၂၀၀၈ ခုနှစ်ကို သတ်မှတ်ထားပုံကို ပုံဖေါ်ထားသော Gtalk Avatar အား သုံးလိုသောသူများ အောက်တွင် ရယူနိုင်ပါသည်။

NLD's statement



Wednesday 23 January 2008

A poem is teasing THAN SHWE under their own nose!!!!

မှတ်မိကြဦးမှာပါ ..... Ewhsnahtrellik ။ လူသတ်သမား သန်းရွှေဆိုတာပြီး ရေးခဲ့တာကို။ ပြည်ပက လူတွေက ကြေငြာထည့်မှ ရေးမှ ရေးလို့ ဖြစ်တာ မဟုတ်ပါဘူး။ ပြည်တွင်းဖြစ် ကဗျာတပုဒ်ကလည်း သန်းရွှေရဲ့ သရုပ် အမှန်ကို အခုလို ဖေါ်ထုတ်သွားပါတော့တယ်။ မြတ်ခိုင်ရဲ့ အချစ်ဂျာနယ်ထဲမှာပါ။ ကျော်ဆန်းနဲ့ ဖက်ဆစ် ကင်ပေတိုင် စာပေစီစစ်ရေးတို့ရဲ့ မှန်ဘီလူး တပ်ထားတဲ့ မျက်လုံးအောက်မှာပါပဲ ....။

(နောက်ဆုံး ရရှိထားသော သတင်းအရ ကဗျာဆရာ ကိုစောဝေတစ်ယောက် ယခု ဖမ်းဆီးခံထားရပါတယ်။ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ သန်းရွှေ ဦးဆောင်တဲ့ နအဖအဖွဲ့က အခုလို ဥပဒေမဲ့ တရားလက်လွတ် လူတစ်ယောက်ကို လုပ်ချင်ရာ လုပ်နေတာကတော့ နအဖ ပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီများလားလို့ မေးစရာပါပဲ။)

..... အာဏာရူးကြီး မှူးကြီး သန်းရွှေ ....

Tuesday 22 January 2008

တကယ့်ကို မလွယ်ပါလား

ချမ်းမြစိုး ရေးထားပြီး သူ့ ဘလော့မှာ တင်ထားတဲ့ စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက် ရှမ်းတယောက် သီချင်း အလိုက်နဲ့ ဆိုရတဲ့ စာသားလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ မူရင်း Link ကတော့ ဒီမှာပါ။
................................

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P

လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း
သူတောင်းစား လေးတွေက
တတွတ်တွတ် တောင်းကြတယ်

ရုပ်ရှင်ကြည့်တိုင်းလည်း
ဗုံးပေါက်မလားရယ်ပဲ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ်
ဓာတ်ပုံရိုက်တိုင်းလည်း
Police လေးတွေက
အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ်
Bus Car တွေ စီးတိုင်းလည်း
စပယ်ယာလေးတွေက
လက်တဆော့ဆော့နဲ့ လုပ်ကြတယ်

လက်မှတ် ၀ယ်တိုင်းလည်း
အရောင်းသမားလေးတွေက
မှောင်ခိုရှိုတိတ် လုပ်ကြတယ်
ဘုရားတွေ သွားတိုင်းလည်း
ဂေါပက လူကြီးတွေက
ပတ်လည် ချက်စား လုပ်ကြတယ်

လေဆိပ်တွေ ရောက်တိုင်းလည်း
လ၀က လေးတွေက
လက်ဆောင်ပါလား မေးကြတယ်
အမှုတွေဖြစ်တိုင်းလည်း
ရဲရဲ လေးတွေက
လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ်
ကျောင်းတွေ အပ်တိုင်းလည်း
ကျောင်းအုပ်ကြီးတွေက
ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ်

နိုင်ငံခြားကို ရောက်တိုင်းလည်း
အပေါင်းအသင်းလေးတွေက
ဗမာဆို နှာခေါင်း ရှုံ့ကြတယ်
အင်တာနက်တွေ သုံးတိုင်းလည်း
ပြိတ္တာလေးတွေက
အကုန်လုံးနီးပါး ဘန်းကြတယ်
ပွဲတွေလုပ်တိုင်းလည်း
ရပ်ကွက်ရုံးတွေက
တစ်အိမ်တစ်ယောက် လိုက်ကောက်တယ်

စလောင်းတွေကြည့်တိုင်းလည်း
လူ့ငနွားလေးတွေက
အခွန် အခွန်ဆိုပြီး ကောက်ကြတယ်
ဆေးရုံတက်တိုင်းလည်း
ဒေါက်ဒေါက် (ဒေါက်တာ) လေးတွေက
ဆေးဖိုးဝါးခ တောင်းကြတယ်

ကုန်ဈေးနှုန်းတွေ တက်တိုင်းလည်း
ဘဘကြီးတွေက
မဆိုင်သူခေါ်ပြီး နှိပ်စက်တယ်
ဖုံးတွေ ဆက်တိုင်းလည်း
ဖုံးထဲက အသံများ
"လူကြီးမင်း" လို့ အမြဲပြောတယ်

ဖုံး၊ မီတာများလည်း
လျောက်ရတော့တာက
ဒီတစ်နိုင်ငံပဲ ရှိတော့တယ်

ည အိမ်ပြန်တိုင်းလည်း
မီးစက်နှိုးသံများ
တဒုတ်ဒုတ်နဲ့ ကြားရတယ်
အိပ်ရာဝင်တိုင်းလည်း
ရပ်ကွက်သီချင်းများ
မနေနိုင်အောင်ပဲ နှိပ်စက်တယ်

အို ... အိုအို့ ... အိုး

နေရာချင်းတော့ မလဲပါဘူး ... သခင်မျိုးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
ဒါပေမဲ့လည်း ... မြန်မာပြည်မှာ လူဖြစ်ရတဲ့အဖြစ်ဟာ တကယ့်ကို မလွယ်ပါလား

Monday 21 January 2008

Gmail User များအား အထူးသတိပေးချက် -

နအဖမှ ဂျီမေးလ်အချို့ အား hack လုပ်ကာ ၀င်ရောက်နေပါသည်။ မသင်္ကာဖွယ်ရာမှာ မိမိ contact list ထဲရှိ လိပ်စာများ ရုတ်တရက်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတတ်ပါသည်။ အခြားသော လှုပ်ရှားမှုများအာလည်း တွေ့ မြင်ရပါသည်။ ဒီအတွက် မိမိတို့  password အား အမြန်ဆုံး ပြောင်းပြစ်ရန် တိုက်တွန်းအပ်ပါသည်။ အနည်းဆုံး (၃) ကြိမ်ပြောင်းရန်နှင့် security question ထားပြီး လုပ်ရန် လိုအပ်ပါသည်။ anti-spy software နှင့် anti-virus software များဖြင့် အမြန် scan လုပ်ရန်တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံတွင်း လောင်စာဆီဈေး တိုးမြင့်လာနိုင်ချေနှင့် ပြည်သူတို့၏ စားဝတ်နေရေး သတိပေးချက်

မြန်မာ ပြည်သူများအားလုံး အထူး သတိထားရန်

နအဖမှ လောင်စာဆီသွင်းခွင့် ပါမစ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးရန် စဉ်းစားနေကြခြင်း .......

၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ပြည်သူတွေအတွက် သတင်းဆိုး တစ်ခုကို ကြားခဲ့ရတာကတော့ လောင်စာဆီဈေး အဆ မတန် ထိုးတတ်သွားခြင်းပါပဲ။ စွမ်းအင် ၀န်ကြီးဌာနက နှစ်စဉ် ဒေါ်လာသန်းချီ အရှုံးပေါ်နေတဲ့ လောင်စာဆီ ပြဿနာကို ဘယ်လိုမှ မကိုင်တွယ်နိုင်တော့တာကြောင့် အခုလို ဖြစ်သွားခဲ့ရတာပါ။
အားလုံးသိပြီးတဲ့ အတိုင်းပါပဲ၊ အဲဒီ နောက်ဆက်တွဲ အဖြစ် စက်တင်ဘာတော်လှန်ရေးအပါအ၀င် အခု အချိန်အထိ အစစ၊ အရာရာ ပြည်သူလူထု ပိုမိုကျပ်တည်းလာကြပါတယ်။ ဒါပေမယ့် စွမ်းအင် ၀န်ကြီး ဌာနရဲ့ အရှုံးပေါ်နေမှု ပြဿနာက မပြေလည်သေးပါဘူး။

ဒီတော့ စီးပွားရေး ကျပ်တည်းလာတဲ့ နအဖ ဘာတွေ လုပ်ဖို့ ကြံနေပါသလဲ။ ကျောက်မြတ်တွေ ထုတ်ရောင်းတယ်။ မပြေလည်သေးပါဘူး။ ရွှေဝါရောင် တော်လှန်ရေးကြောင့် စီးပွားရေး ပိုပိတ်ခံရလို့ ပိုပြီး ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ လုံခြုံရေး စရိတ်တွေ အခြားနှစ်တွေထက် ပိုသုံးလိုက်ရပါတယ်။ ရလဒ်က ပိုပြီး ငွေကြေးကျပ်တည်းတဲ့ ပြဿနာကို ကြုံနေရပါတယ်။

အင်အား မတရားကြီးလာတဲ့ စစ်တပ်နဲ့ မိမိမှားယွင်းတဲ့ စီမံ ခန့်ခွဲမှုတွေကို အဓိက ငွေယိုပေါက်လို့ မမြင်ဘဲ လောင်စာဆီအရှုံးပေါ်တာ အဓိက ငွေယိုပေါက်လို့ မြင်နေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုဆိုရင် လောင်စာဆီတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သွင်းခွင့်ပေးဖို့ စဉ်းစား ကြံစ နေကြောင်း ခိုင်လုံသော သတင်းရရှိထားပါသည်။

တကယ်တမ်း ပုဂ္ဂလိက တွေကို သွင်းခွင့် ပါမစ် ချပေးခဲ့ရင်တော့ အသေချာဆုံး တစ်ခုက လောင်စာဆီဈေး ထိုးတတ်လာမှာ ပါပဲ။ လောင်စာဆီဈေးတွေ ထပ်မံတိုးမြှင့်လာတာနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေ စားဝတ်နေရေး ပိုမိုပြီး ဒုက္ခရောက်လာတော့မယ် ဆိုတာကို ပြည်သူတွေကို ဒုက္ခ မရောက်ခင် ကြိုတင် ပြင်ဆင်ပြီး သတိနဲ့ စုဆောင်းနေထိုင်နိုင်ကြရန် သတိပေး အပ်ပါသည်ခင်ဗျာ။

နအဖကိုလည်း ဒီနေရာက ပြောချင်တာကတော့ ပုဂ္ဂလိက ပေးလိုက်လို့ လောင်စာဆီဈေးတွေ တတ်လာရတာ၊ ၀ိသမလောဘ သမားတွေကြောင့် ဆီဈေးတတ်လာရတာလို့ သတင်းစာကနေ (သို့) ပြန်ကြားရေး ကျော်ဆန်း သတင်းစာ ရှင်းလင်းပွဲမှာ ပေါက်တတ်ကရ မဆင်မချင် စွပ်ဆွဲချက်တွေ ထွက်မလာခင် နအဖ ကိုယ်တိုင် မှားယွင်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှုကြောင့် ဖြစ်ရတာလို့ ကျွန်တော် ဒီနေ့ ဒီနေရာကနေ ကြိုတင် ပြောဆို သတိပေးထားလိုပါတယ်။

အလားတူပဲ ပြည်သူတွေ မွဲလာတာကြောင့် ဒုစရိုက်လုယက်မှုတွေ များလာနိုင်သဖြင့်လည်း သွားတာလာတာ၊ အစစ အရာရာ သတိထားဖို့ကို ကြိုတင် သတိပေးအပ်ပါသည် ခင်ဗျာ။

Sunday 20 January 2008

နိုးထကြပါတော့

မြန်မာ့ ကိစ္စမှာ ကမ္ဘာ့ နိုင်ငံကြီးတွေ၊ ကုလသမဂ္ဂ၊ အီးယူ တွေနဲ့ သက်ဆိုင်တဲ့ မြန်မာ့အရေးဆိုင်ရာ high-politic တွေကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ပြောဆို နေရုံ၊ အားကိုးနေရုံနဲ့ နအဖကို ပြောင်းလဲ နိုင်စွမ်းရှိမလားဆိုတာ လက်တွေ့ကျကျ တွေးကြည့်သင့်ဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကနေ အခု အထိ ပြန်ကြည့်ပါ။ ကုလသမဂ္ဂက သေသေချာချာ ပါဝင်ပြီး ထိထိရောက်ရောက် ပြောနိုင်စွမ်း မရှိပါဘူး။ အဲ .... မြန်မာ့ ကိစ္စတစ်ခုထဲမှာလား၊ ...... မဟုတ်ပါဘူး။ သေချာ ပြန်ကြည့်ပါဦး၊ ကမ္ဘာ့ အရေးကိစ္စတွေမှာလည်း ကုလသမဂ္ဂက သတ်ဖြတ်မှုတွေ ဖြစ်မယ်၊ ဖြစ်နိုင်တယ်၊ တရားမျှတမှု ဘယ်မှာ ရှိတယ်၊ ဘယ်သူက အနိုင်ကျင့်တယ်၊ ဘယ်သူက အနိုင်ကျင့်ခံရတယ် ... ဆိုတာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ပညာတတ်တွေ ပါဝင် ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက ကြိုမသိတာလား၊ မသိချင်ယောင် ဆောင်တာလား သေချာ မကွဲပြားတော့ပါဘူး။

လက်တလော မကြာခင် အချိန်က ကိစ္စတွေကိုပဲ ပြန်ကြည့်ရအောင် .... ။ အင်ဒိုနီးရှားနဲ့ အရှေ့တီမော ပြဿနာ၊ ယူဂိုစလားဗီးယား ပြဿနာ၊ ဆူဒန်က ဒါဖောကိစ္စတွေကနေ အခု နောက်ဆုံး ရွှေဝါရောင် တော်လှန်ရေးအထိ ... လူတွေ မသေခင်၊ ပြဿနာတွေ မကြီးထွားခင်၊ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေခင်မှာ ကုလသမဂ္ဂက ကြိုကြိုတင်တင်ဘာများ လုပ်ပေးနိုင်ခဲ့ပါသလဲ။

အင်ဒိုနီးရှားက ဆူဟာတိုက လူတွေ သိန်းချီပြီး သတ်နိုင်တယ်၊ သတ်နေပြီ ဆိုတာကို ကုလသမဂ္ဂက ပုဂ္ဂိုလ်ကြီးတွေ ကြိုမသိနိုင်တာလား .... နောက်ဆုံး အသက်တွေ၊ ဘ၀တွေ စတေးပြီးမှ ကုလသမဂ္ဂက ဦးထုတ်ပြာလေးတွေ ကားကားနဲ့ ၀င်လာနိုင်ခဲ့ပါတယ်။ ယူဂိုစလားဗီးယား ပြဿနာ ... အမေရိကန်က ဦးဆောင်တိုက်မှ ပြဿနာ ပြေလည်ပါတယ်။ ဆူဒါန်က ဒါဖေါ ... အပြစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက်အထိသေပြီးမှ ကုလသမဂ္ဂက ပါဝင်ကူညီခဲ့ပါသလဲ။

မြန်မာ့ စက်တင်ဘာ တော်လှန်ရေး .......... ပြည်သူတွေက အရှုံးပေးမှာ မဟုတ်ဘူး၊ ဆန္ဒပြလိမ့်မယ်။ ဆန္ဒပြ ပြည်သူတွေကို နအဖက သတ်လိမ့်မယ် .... အဲဒါတွေကို ကျွန်တော်တို့ တတိယ နိုင်ငံမှာရှိတဲ့ လူတွေအတော်များများ မဖြစ်ခင်၊ မသတ်ခင်မှာ UN ကို သတင်းပို့ခဲ့ကြပါတယ်။ အင်္ဂလန်က နိုင်ငံခြားရေးရုံးကို သတင်းပို့ခဲ့ပါတယ်။ အင်္ဂလန် နိုင်ငံခြားရေးရုံးကတော့ သူတို့ သံရုံးက လူတွေဆီက သတင်းရပါတယ်၊ ... အဲဒီလို ဆန္ဒပြပွဲတွေ လုံးဝ ဖြစ်နိုင်ခြေမရှိပါဘူး။ ဒါကြောင့် ဘာမှ လုပ်ဖို့ အစီအစဉ်မရှိပါ ... တဲ့။ တကယ် ဖြစ်လာတော့မှ UK အစိုးရ အနေနဲ့ မြန်မာပြည်သူတွေနဲ့ တထပ်တည်း ရှိနေပါကြောင်းတဲ့ ....။

ကျွန်တော်တို့တွေ ကုလသမဂ္ဂဆိုတာနဲ့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို သမိုင်းအစဉ်အလာတွေနဲ့ ယှဉ်တွေးပြီး ဆက်လက် အားကိုးသင့်၊ မသင့် ဆိုတာ သေချာတွေးကြည့်ကြစေချင်ပါတယ်။ ကုလသမဂ္ဂက ဘာလုပ်ပေးနိုင်တယ်၊ ဘာလုပ်ပေးသင့်တယ်၊ ဂမ်ဘာရီဘာလုပ်နေပြီ ဆိုတာတွေကို ပြောဆိုဆွေးနွေးနေတာတွေဟာ နအဖလုပ်နေတဲ့ အချိန်ဆွဲ ဗျူဟာကို အားပေးနေရုံ သက်သက်သာ ဖြစ်နေပါတယ်။ မြန်မာ့ကိစ္စမှာ High-politic ကိစ္စတွေ ဒီနေ့မှာ မထိရောက်ဘူးဆိုတာကို ကုလသမဂ္ဂလှုပ်ရှားမှုသမိုင်း၊ န၀တ၊ နအဖ လုပ်ချင်ရာ လုပ်နေတဲ့ သမိုင်းတွေက သက်သေပြနေပါတယ်။

တချို့ကလည်းပြောဆို မျှော်လင့်နေကြပါသေးတယ်၊ တရုပ်က ပြောရင်၊ အာဆီယံက ဖိအားပေးရင် ပြောင်းလဲ လာနိုင်လို့ပြောနေတဲ့ အသံ တချို့ ကြားရပါသေးတယ်။ ကူညီပါမယ်၊ ကူညီနေတယ်လို့ ပြောနေတဲ့ UN နဲ့ နိုင်ငံကြီးတွေကတောင် ဘာမှ မလုပ်ပေးနိုင်ရင်၊ မြန်မာနိုင်ငံက ဘာပဲရရ၊ ရတာ အမြတ်ပဲလို့ တွေးထင်ပြီး နအဖဆီက ရသလောက်ယူပြီး အကျိုးရှာနေတဲ့ အာဆီယံနဲ့ တရုပ်က ပြောလာနိုင်ပြီး ပြောလာရင် အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာကို မျှော်လင့်ဆွေးနွေး နေတာကလဲ ကျောက်ခဲကို ရေညှစ်နေတာပါပဲ။ ဘာမှ ဖြစ်လာမယ် မထင်ပါဘူး။

ဒါဆို ဘာကို မျှော်လင့် ပြောဆို ဆွေးနွေးလုပ်ကိုင်ကြရမှာလဲ ... ။ ဟုတ်ကဲ့ တစ်ခုပဲ၊ တနည်းပဲ ရှိပါတယ်။

မြန်မာနိုင်ငံ ဒုတိယ လွတ်လပ်ရေးကို ရယူလိုသူတိုင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပြီး အာဏာရှင် နအဖကို ပြည်သူတွေ အင်အားနဲ့ ဘယ်လို တိုက်ထုတ် အနိုင်ယူနိုင်မလဲ ဆိုတာကို ဆွေးနွေးပြောဆို နည်းလမ်းရှာ လုပ်ကိုင်တာကလွဲရင် အခြားနည်းလမ်း မရှိပါဘူး ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Saturday 19 January 2008

ဒို့ဗမာ

ဘာလူမျိုးလဲလို့ မေးရင်
တစ်လ လုပ်ပြီး တစ်နှစ်လောက်
ထိုင်စားတတ်တဲလူမျိုးပါ။

ဘာလူမျိုးလဲလို့ မေးရင်
တစ်ကျပ်ဖိုးလောက်လှူပြီး
တစ်ရာဖိုးလောက် ကုသိုလ်ယူတတ်တဲ့လူမျိုးပါ။

ဘာလူမျိုးလဲလို့မေးရင်
သူခိုးပြေးမှ ထိုးကွင်းထ
လက်သီးတစ်ခါတန်းပြီးရင်
ဆယ်နှစ်စာလောက် သတ္တိရှိပြတဲ့လူမျိုးပါ။

ဘာလူမျိုးလဲလို့ မေးရင်
အုပ်စုလိုက် မိုက်တတ်တဲ့ လူမျိုးပါ။

ဘာလူမျိုးလဲလို့ မေးရင်
ကိုယ်ထမင်းနှပ်မှန်ဖို့
ဘယ်သူ့အကျိုးမှ မတွေးတဲ့ လူမျိုးပါ။

ဘာလူမျိုးလဲလို့မေးရင်
ဘုရားတရား ပါးစပ်ကမချ
ပြီးမှ တလွဲချည်း လုပ်ချတတ်တဲ့လူမျိုးပါ။

ဘာလူမျိုးလဲလို့ မေးရင်
ကြံရင်း သေနေတဲ့ လူမျိုးပါ။

မင်းသစ်တည်

မင်း….ရှေ့တစ်လှမ်းတက်ခဲ့ပါ။

တွေဝေနေလား….
စွန့်စားမှ အကျိုးရှိမယ်၊
တစ်လှမ်းတိုးမှ အရှေ့ရောက်မယ်၊
မင်းရဲ့ မျိုးဆက်တွေ
စစ်ဖိနပ်အောက်မှာ
ပြားပြားမှောက်မနေစေချင်ရင်…
မင်း….ရှေ့တစ်လှမ်းတက်ခဲ့ပါ။

ကြောက်နေလား…….
ကြောက်တတ်ရင် နှစ်ခါရှုံးမယ်
ဒီဘ၀ဆိုးကလွတ်ဖို့
ကိုယ့်ကို ကိုယ် ပေးဆပ်ဖို့ကလွဲရင်
တခြားဘာမှ အသုံးမ၀င်ဘူး၊
ကြောက်ရင်းနေရတာထက်
တိုက်ရင်းသေရတာမြတ်တယ် လို့ယုံရင်
မင်း……ရှေ့တစ်လှမ်းတက်ခဲ့ပါ။

အားငယ်နေလား ……
မင်းတစ်ယောက်တည်း မဟုတ်ပါ။
တို့တစ်တွေ အတူထွက်ကြမယ်
အနားရှိတဲ့လူချင်း လက်တွဲကူကြရင်းနဲ့
တို့မျိုးဆက်တွေအတွက်
တို့ပေးဆက်ကြရအောင်
မင်း….ရှေ့တစ်လှမ်းတက်ခဲ့ပါ။

ကိုယ့်နိုင်ငံ အရေးအတွက်
ကိုယ့်အသက်ကိုပေးမှရမယ်။
UN ကိုလည်းမျှော်မနေနဲ့
ဂမ်ဘာရီလဲ တော်ပြီကွဲ့။
Human’s Right လဲ အလကားပဲ
ပီနဲရိုးလဲ ဖွတ်ကြားပဲ။
ကိုယ့်ကိုကိုယ်သာ အားကိုးရာမှတ်လို့
ဒီမိုကရေစီတိုက်ပွဲအတွက်
ရှေ့ဆက်ဖို့လူတွေလိုတယ်
မင်း….ရှေ့တစ်လှမ်းတက်ခဲ့ပါ။

မေမင်းဆက်

Friday 18 January 2008

cartoon

Thursday 17 January 2008

ပြောင်းလဲ ရမည် မြန်မာပြည်

ဒီနှစ် ၂၀၀၈ သည် နအဖအတွက် နောက်ဆုံး အပြောင်းအလဲ လုပ်ရန်နှင့် အပြောင်းအလဲ ဖြစ်ရန် နှစ်တနှစ် ဖြစ်ကြောင်း မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း သိရှိခံစားမိနေပါတယ်လို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။

နအဖက ကိုယ်တိုင် စစ်မှန်တဲ့ အပြောင်းအလဲ လုပ်မလား၊ ပြည်သူက သူတို့ကို ပြောင်းလဲပေးတာကို ခံမလား အဲဒါကိုတော့ နအဖအဖွဲ့ဝင်တွေနဲ့ မိမိကိုယ်ကို နိုင်ငံတော်လို့ ခေါ်ဝေါ်နေသော ပုဂ္ဂိုလ်ကြီးတွေ ဖြေရမယ့် အဖြေပါပဲ။

ဘာကြောင့် ဒီလို ပြောနိုင်ပါသလဲ။ အောက်ပါ အချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
  • လူတွေ ယုံကြည်တတ်ကြတဲ့ ဗေဒင်၊ နက္ခတ္တာရာ၊ ယတြာ၊ အတိတ်နိမိတ်
  • ပြည်သူလူထု၏ ယုံကြည်ချက်
  • ပြည်တွင်းက တတ်ကြွလှုပ်ရှားမှုများ
  • ဗုဒ္ဓဘာသာနဲ့ သံဃာတော်များ
  • မြန်မာနိုင်ငံရဲ့ စီးပွားရေး
  • တပ်မတော်သားတွေရဲ့ ခံစားမှု
  • ကမ္ဘာ့ အုပ်ချုပ်မှု စနစ်ရေစီးကြောင်း
  • ပြည်ပလှုပ်ရှားသူများ၏ အခန်းကဏ္ဍ
  • အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် နိုင်ငံတကာဖိအား
  • မီဒီယာ အခန်းကဏ္ဍ
တို့ ဖြစ်ပါတယ်။

လူတွေ ယုံကြည်တတ်ကြတဲ့ ဗေဒင်၊ နက္ခတ္တာရာ၊ ယတြာ၊ အတိတ်နိမိတ်

ဗေဒင်တွေ၊ ယတြာတွေ၊ အတိတ် နိမိတ်တွေ ကောက်ပြီး လာပြောနေတာလားလို့ မေးချင်သူတွေ ရှိလာနိုင်ပါတယ်။ ဟုတ်ကဲ့ ....... ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ် တွေကလည်း ပြောနေကြတာ နားနဲ့ မဆန့်အောင် ကြားနေရတာပါပဲ။ တိုင်းပြည်က ဒီနှစ် မကုန်ခင် အပြောင်းအလဲ ဖြစ်မယ်၊ စစ်အာဏာရှင် စနစ် တိုင်းပြည်ထဲကနေ ၂၀၀၈ မကုန်ခင် ပျက်သုဉ်းမယ်၊ ပြည်သူတွေ အနိုင်ရမယ် .... အစရှိတာတွေကို ကြားနေရပါတယ်။

၂၀၀၈ နှစ်သစ် စလိုက်တာနဲ့ BBC သတင်းဌာနက ထုတ်လွင့်သွားတဲ့ အစီအစဉ်မှာ ပညာရှင်တွေနဲ့ ပြောသွားရာမှာလည်း ဘယ်သူကမှ ၂၀၀၈မှာ အာဏာရှင်စနစ် မကျနိုင်သေးဘူးဆိုတာ ပြောမသွားပါဘူး။ အခြား နီးစပ်ရာ ပညာရှင်တွေ၊ အရပ်ထဲက ဗေဒင် ပညာ လိုက်စားသူတွေကလည်း ပြောလိုက်ကြတာ အာဏာရှင်တွေ နိဂုံး ဆိုတာ တဖွဖွ ပြောနေကြပါတယ်။

ဒါတွေကတော့ နအဖ ကတော်တွေ၊ နအဖ လူကြီးတွေ အသေအလဲ ယုံကြည်နေကြတဲ့ ရှေ့ ဖြစ် ပြောဆိုကြတဲ့ လူတွေနဲ့ သဘာဝလွန် စွမ်းအားတွေ အကြောင်းပါပဲ။ ဒီနေရာမှာ လူရီစရာ တစ်ခု ပြောပြချင်ပါတယ်။ အရင်ကပေါ့ ...... နအဖ ၀န်ကြီးဌာနက လူတွေ ရွှေတိဂုံ ဘုရားခြေရင်းက သူတို့ ဆောက်ထားတဲ့ ဓမ္မာရုံတွေမှာ အလှူလုပ်ကြတယ်ဆို လှူလိုက်ကြတာ ဘာတွေလဲ..... ၊ .. ကြာဇံကြော်တဲ့ ... ကြာဇံချက် ... တဲ့။ ကြာကြာစံရအောင် နိမိတ်ယူတယ် ဆိုပဲ။ သူတို့ အိမ်တွေမှာ အလှူလုပ်လည်း ထို့အတူပါပဲ။ အလှူ လုပ်ချင်တာလား သူတို့ ကြာကြာစံချင်တာလား မသိ။ စိတ်ဓါတ်ရေးရာအရဆိုရင်ဖြင့် သူတို့တွေဟာ မတည်မြဲတဲ့ ရာထူး၊ မထိုက်တန်တဲ့ ရာထူးနေရာကို ရယူထားကြတယ်ဆိုတာ ပြနေတာပါပဲ။

သူတို့က NLD ကို ပြန်စွပ်စွဲတော့ NLD က အာဏာကို လိုချင်နေတယ်ပြောတယ်။ ဖြတ်လမ်းက ရယူဖို့ ကြိုးစားတယ် ပြောတယ်။ တကယ် အာဏာကို ဖြတ်လမ်းက ရယူပြီး၊ အာဏာကို ဆက်လက်လိုချင်နေတာ နအဖ လူကြီးတွေနဲ့ သူတို့ ကတော်တွေပဲ ဖြစ်ပါတယ်။ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။

ဟာသတွေထဲကလို ...... နယ် မပြောင်းချင်လို့ ဗေဒင်ဆရာက ပြောတဲ့ ယကြာအတိုင်း ပြောင်းဖူးကို ဘုရားမှာ ဆွမ်းကပ်ခိုင်းလိုက်တာ၊ ပြောင်းဖူးကို ပြုတ်ပြီး ကပ်လိုက်လို့ မပြောင်းရဘဲ အလုပ်ပါ ပြုတ်သွားသလိုအဖြစ်မျိုး ကြုံရသလို ဖြစ်နေဦးမယ်။

NLD က အာဏာ ရယူဖို့ နိုင်ငံရေး ပါတီဖွဲ့ထားတာပါ။ သူ့ ရည်ရွယ်ချက်ကိုက တိုင်းပြည်အုပ်ချုပ်ဖို့ ရည်ရွယ်ချက်ပါ။ ဒီတော့ NLD က အာဏာရယူလိုတယ်လို့ ရှုံ့ချပြောနေတာ လူရီစရာပါပဲ။ နအဖ လူကြီးတွေကသာ စစ်သားလုပ်ပြီး တိုင်းပြည်အာဏာကို ဖြတ်လမ်းက ရယူထားတာ။ သူခိုးက လူကို ပြန်စွပ်ဆွဲနေတာပါပဲ။ နအဖ အဖွဲ့ကို အဓိက run နေတဲ့ သန်းရွှေ၊ ကျော်ဆန်း၊ အောင်သောင်း၊ မောင်သောင်း၊ ခင်ရီ တို့က စပြီး နအဖ အဖွဲ့ဝင် လူတွေဟာ မွေးကတည်းက ရှက်တယ်ဆိုတဲ့ စကားလုံးကို တခါမှ ကြားဖူးခဲ့ပုံ မပေါ်ပါဘူး။ ရှက်ကို မရှက်တတ်တဲ့ လူတွေပါပဲ။ တပ်မတော်ကတော့ သနားစရာပါ။ အဲဒီ အရှက်မရှိတဲ့ လူတွေ လက်ထဲမှာ အသုံးခံနေရလို့ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ၂၀၀၈ မှာ အာဏာရှင် နအဖ မြန်မာနိုင်ငံထဲက ကွယ်ပျောက်သွားမယ်ဆိုတာကို ဗေဒင် အလိုအရ ယုံတဲ့ သူတွေဟာ မြန်မာလူမျိုးတွေထဲမှာ မနည်းပါဘူး။ တပ်မတော်ထဲမှာတောင် အဆိုပါ အယူကို ယုံကြည်သူတွေ များလာပါတယ်။

ပြည်သူလူထု၏ ယုံကြည်ချက်

ပြည်သူတွေရဲ့ ယုံကြည်ချက် စိတ်ဓါတ်ရေးရာပိုင်းမှာရော ဘာတွေ ပြောနေကြသလဲ။ ပထမဦးဆုံးအနေနဲ့ ရာခိုင်းနှုန်းအတော်များတဲ့ သာမန်(သူတို့နဲ့ ပေါင်းစားနေတဲ့ လူတွေအပါအ၀င်) ပြည်သူတွေက နအဖကို အစိုးရလို့ လုံးဝ(လုံးဝ) ကို မသတ်မှတ်ပါဘူး။ တိုင်းပြည်တပြည်ရဲ့ အစိုးရလို့ သတ်မှတ်ခံရတာဟာ ပြည်သူက သတ်မှတ်မှ ရတာပါ။ အခုက သူတို့ကို ဒမြဂိုဏ်းလို့သာ ပြည်သူတွေက သတ်မှတ်ထားတဲ့ အဆင့်ပါပဲ။

ဘာမှ နိုင်ငံရေးအကြောင်းကို မသိတဲ့ ပြည်သူတစ်ယောက်ကတောင် ဘုန်းကြီးနဲ့ သာသနာကို စော်ကားတဲ့ နအဖ ကြာကြာမခံဘူးလို့ ယုံကြည်နေပါတယ်။ ၂၀၀၈ အတွင်းမှာပဲ ပြောင်းလဲမှာပါလို့ ပြောနေပါတယ်။ တိုင်းပြည်မှာ အာဏာရှင် နအဖတွေ ဘ၀ပျက်ပြီး နောက်ဆုံးနေ့ကို ရောက်လာရမှလို့ ယုံကြည်သူတွေ ဒုနဲ့ဒေးပါ။ ဆူဟာတိုလို ဥပမာမျိုးကို သန်းရွှေရဲ့ နောက်ဆုံးရက်တွေမှာ ကြုံတွေ့ရမှာလို့ လူတိုင်းကပြောနေပါတယ်။ (ရန်ရန်ချင်း မတုံ့နှင်းဘဲ သန်းရွှေကို ဆက်ဒမ် ဟူစိန်လို ခပ်လွယ်လွယ် ရောဂါ မခံစားရတဲ့ ကြိုးပေးဖို့ မသင့်၊ ထောင်ထဲမှာ (ဒါမှမဟုတ်) သူ့အိမ်မှာပဲ နောက်ဆုံးနေရက်တွေကို ကုန်ဆုံးပါလေ့စေလို့ ပြည်သူတွေက တောင်းဆိုနေပါတယ်။) ဆူဟာတိုထက် ဆိုးဝါးတဲ့ ဒုက္ခကို သူ့ဘာသာ သန်းရွှေခံရမှာ မလွဲဘူးလို့ ယုံကြည့်နေကြတာပါ။

တိုင်းပြည်ဟာလဲ ပြည်သူ့လက်ထဲ အာဏာ ပြန်ရောက် လာရမယ်၊ တချိန်က ချမ်းသာခဲ့သလိုမျိုး ပြန်ဖြစ်မယ်လို့ တထစ်ချယုံကြည့်နေကြပါတယ်။ ဒါကတော့ သာမန် နိုင်ငံရေး နားမလည်တဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ယုံကြည်နေကြတာပါ။

ပြည်တွင်းက တတ်ကြွလှုပ်ရှားမှုများ

ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းပြည်အာဏာကို ပြည်သူ့လက်ထဲ ပြန်လည် ရရှိပြီး၊ တိုင်းပြည်ကောင်းစားတာ မြင်လိုတဲ့ သူရဲကောင်းတွေဟာ အသက်တွေ၊ ဘ၀တွေကို စတေးပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ပြီးပါပြီ။ မသေသေးတဲ့ လူတွေကလည်း ဆက်လက်ပြီး တိုင်းပြည်အတွက် ပေးဆပ်ပြီး အလုပ် လုပ်နေကြဆဲပါ။

နအဖ ၁၉ နှစ် ကျော်ကျော် ကာလ မှာ စက်တင်ဘာ တော်လှန်ရး မတိုင်ခင်က လှုပ်ရှားသူတွေထဲမှာ ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ကို ခေါင်းဆောင်တွေက စည်းရုံးလိုက်ရတာ၊ ဟောပြောလိုက်ရတာ၊ အကြောင်းရှာလိုက်ရတာ တော်တော်ကို ခက်ခဲတဲ့ ကိစ္စပါပဲ။ နေ့ကြီးတွေမှ လူစုနိုင်တယ်၊ ဟောပြောနိုင်တယ်။ ဆန္ဒထုတ်ဖေါ်ပြသတာဟာ တိုင်းပြည်ဆူပူအောင် လုပ်တာ မဟုတ်ဘဲ၊ မိမိရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ကြောင်းကို လူတွေ သိအောင် ဟောပြောရတာ အတော် မသက်သာတဲ့ အလုပ်ပါ။

အခုတော့ တတ်ကြွစွာ လှုပ်ရှားသူတွေဟာ ငြိမ်းချမ်းစွာ ဘယ်နေ့၊ ဘယ်နေရာမှ နအဖကို ဆန္ဒပြရမလဲ ... ရက်၊ နာရီနဲ့ နေရာသာ ပြောလိုက် ဆန္ဒပြဖို့ အဆင်သင့်ပါ။ ရှင်းရှင်းပြောရရင် တော်လှန်ရေး အဆင့်တွေထဲက အခက်ခဲဆုံး စည်းရုံးရေး အဆင့်ကို ပြည်သူ့ခေါင်းဆောင်တွေက ကျော်လွန်ရရှိထားပြီးပြီ ဖြစ်ကြောင်း ပြသနေတဲ့ သဘောပါပဲ။ တိုက်ပွဲဝင်ဖို့ အချိန်အခါ စောင့်နေတဲ့ သဘောသာ ဖြစ်နေပါတော့တယ်။

နအဖကလည်း ၂၀၀၈ တနှစ်လုံး ချိုကျိုး နားရွက်ပဲ့ အုပ်ချုပ်ရေး ပညာနဲ့ အဖက်ဖက်က ယိုယွင်းလာတဲ့ တိုင်းပြည်အခြေအနေကို အမှား မပါအောင် ဆက်လက် ထိန်းသိမ်းနိုင်ပါ့မလား။ ... မထင်ပါ ...။

၂၀၀၈ ခုနှစ်မှာ နအဖ စစ်အာဏာရှင်ရဲ့ ကျဆုံးခန်းရောက်အောင် ပြည်သူတွေက တိုက်ပွဲဝင်သွားဖို့ တတ်ကြွနေတာကြောင့် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံ ပြောင်းလဲရမည့် နှစ် ဖြစ်နေပါတော့သည်။

ဗုဒ္ဓဘာသာနဲ့ သံဃာတော်များ

အများ သိပြီးကြတဲ့ အခြေအနေအတိုင်း ပခုက္ကူက စလို့ သံဃာတွေ သပိတ်မှောက်ထားတာဟာ ဒီနေ့အချိန်အထိ သပိတ် မလှန်ရသေးပါဘူး။ ဘုရားဟောနဲ့ အညီဆိုရင် မြတ်စွာဘုရားကိုတော်တိုင်တောင်မှ သံဃာတွေ မှောက်ထားတဲ့ သပိတ်ကို ပြန်လှန်လို့ မရပါဘူး။ သံဃာတော်တွေကို ကျေနပ်သည်အထိ တောင်းပန်မှ၊ တောင်းဆိုမှုတွေကို ဆောင်ကျဉ်းပေးပြီးမှ ၀ိနည်းနဲ့ အညီ သိမ်ဝင်ရွတ်ဆိုကာ သပိတ်ပြန်လှန်မှ သပိတ်မှောက်ကံဆောင်တာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ယနေ့အချိန်အထိ နအဖက သံဃာတော်တွေကို သေနတ်နဲ့ ပစ်၊ တုတ်နဲ့ရိုက်၊ ထောင်ချ၊ နှိပ်စက်၊ လူဝတ်လဲ၊ ကျောင်းတွေ ချိတ်ပိတ် ဆိုတာတွေနဲ့သာ သံဃာ့ သပိတ်ကို တုံ့ပြန်ခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ပါ။ နောက်ဆုံးမှာ သံဃာတွေကို သံဃာဂိုဏ်းခွဲပါတယ်။ လူသတ်သမား သူရ မြင့်မောင်ကို သာသနာရေး ၀န်ကြီးရာထူးပေးပြီး၊ ဘုန်းကြီးဝတ်ကြီးနဲ့ အမျိုးသမီး တယောက်ကို ကျူးလွန်ပြီးလို့ မဖုံးဖိနိုင်တော့မှ လူထွတ်လိုက်ရတဲ့၊ သံဃာ့ ၀ိနည်းသိက္ခာလေးတောင် မထိန်းသိမ်းနိုင်တဲ့ အံမောင် ပေးတဲ့ အကြံအစည်တွေကို လိုက်လုပ်နေတော့ သံဃာ သပိတ်ကို ဖြေရှင်းတာထက် သာသာနာကို ပိုမိုဆော်ကားနေတာသာ ဖြစ်နေပါတော့တယ်။

ဗုဒ္ဓဘာသာနဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော် တည်ရှိလာတာပါ။ နအဖကတော့ ၁၉ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ကောသလ မင်းကြီး ရှိတယ်၊ ဗုဒ္ဓဘာသာလည်း ရှိတယ်၊ ကောသလမရှိတော့ဘူး၊ ဗုဒ္ဓဘာသာတော့ ရှိနေသေးတယ်။ တရုပ်ပြည်ယဉ်ကျေးမှု တော်လှန်ရေး ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ ယဉ်ကျေးမှု တော်လှန်ရေး မရှိတော့ဘူး၊ ဗုဒ္ဓဘာသာကတော့ ရှိနေသေးပါတယ်။ တာလီဘန် အုပ်ချုပ်သူတွေ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ တာလီဘန် အုပ်ချုပ်သူတွေ မရှိတော့ပါဘူး၊ ဗုဒ္ဓဘာသာရှိသေးပါတယ်။ ပုဂံ အရည်းကြီးတွေကို ကိုးကွယ်တဲ့ မင်းတွေ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ အရည်းကြီးနဲ့ အဲဒီ ဘုရင်တွေ မရှိတော့ဘူး၊ ဗုဒ္ဓဘာသာ ရှိနေသေးတယ်၊ ... အခု သာသနာ စော်ကားတဲ့ နအဖ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိနေတယ် ..... ဘာဖြစ်လာမလဲ၊ ဖြေစရာ မလိုဘူး ထင်ပါတယ် ..... ? ။

သံဃာတော်တွေ ကိုယ်တိုင်ကလည်း နောက်ထပ် တခါ သာသနာတော်နဲ့ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် အင်းအားစုစည်းထားကာ သပိတ်ကို ဆက်လက် ဆင်နွဲနေပြီး တိုက်ပွဲဝင်နေတာကြောင့်၊ အားလုံးက ၂၀၀၈ ခုနှစ်မှာ နအဖအတွက် နောက်ဆုံးဖြစ်စေရမယ်လို့ ယုံကြည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး

တဦးချင်း ပျမ်းမျှ ၀င်ငွေနဲ့ပဲ ကြည့်ကြည့်၊ နိုင်ငံစီးပွားရေး အနေနဲ့ပဲ ကြည့်ကြည့်၊ နအဖ ကိုယ်တိုင် လိမ်ပြီး ထုတ်ပြန်တဲ့ စာရင်းနဲ့ပဲ ကြည့်ကြည့်၊ ကမ္ဘာ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စာရင်းပဲ ကြည့်ကြည့်၊ တိုင်းပြည်ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုပဲ ကြည့်ကြည့်၊ ပြည်သူလူထု အများစု လူနေမှုပဲ ကြည့်ကြည့် ... တိုင်းပြည်စီးပွားရေးက ဘယ်နေရာ ဘယ်ရှု့ထောင့်ကမှ ကောင်းနေတာကို မတွေ့ရပါဘူး။ ကျဆင်းနေပါတယ်။

စက်တင်ဘာ တော်လှန်ရေးဖြစ်လာရတဲ့ အခြေံကအကြောင်းအရင်းက စီးပွားရေး ကျပ်တည်းလို့ပါ။ စက်တင်ဘာပြီးတော့ စီးပွားရေးအတွက် ပြောင်းလဲမှုတွေ လုပ်သလား ... ။ စလောင်းတွေ အခွန်တိုးကောက်ဖို့ ကြံပါတယ်။ လောင်စာဆီဈေးက ဒီအတိုင်းပါပဲ။ ဓါတ်ငွေ့တွေပေးတာကို ကန့်သတ်ဖို့ ကြံပါတယ်။ စစ်လက်နက်တွေ တရုပ်ပြည်က ထပ်ဝယ်ပါတယ်။

ုပြည်ပက စီးပွားရေးတွေကို ပိုပြီး ပိတ်လာတာကို ကိုယ့်အမူအရာ၊ လုပ်ကိုင်ပုံတွေ မပြောင်းပဲ NLD ကို အပြစ်တင်ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ကတ်ကတ်လန်အောင် သတင်းတွေ၊ ဆိုင်းပုဒ်တွေနဲ့ မိန်းမလို မိန်းမရ ရန်တွေ့ပါတယ်။ ရလဒ်က စီးပွားရေး ကျပ်တည်းလာပါတယ်။ အဆိုးဆုံး ရလဒ်ကတော့ အမေရိကန်က မြန်မာ့ကျောက်မြတ်တွေကို လုံးဝ ပိတ်ဆို့လိုက်တာပါပဲ။ နအဖဆီက ကျောက်တွေ ၀ယ်တဲ့၊ တရုပ်၊ ယိုးဒယားနဲ့ အာရှနိုင်ငံက လူတွေဟာ ပွဲစားတွေပါ။ ကျောက်တွေရဲ့ အဓိက ၀ယ်ယူ သုံးဆွဲသူတွေက အမေရိကန်တွေနဲ့ ဥရောပ နိုင်ငံတွေကပါ။ အဓိက ၀ယ်သူတွေက မ၀ယ်တော့ဘူးဆိုရင်တော့ ပွဲစားတွေက ရောင်းမစွံနိုင်တဲ့ ကျောက်တွေကို အရင်လို ၀ယ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါဆို မြန်မာ့ တတိယ အကြီးဆုံး ငွေဝင်တဲ့ လမ်းကြောင်းဟာ မျှော်လင့်ချက် မရှိတော့ပါဘူး။

ပြည်သူတွေတင် မဟုတ်ဘဲ စစ်တပ်ရဲ့ အသုံးစရိတ်ကို မနည်းကာမိအောင် လုပ်နေရပါတော့တယ်။ စစ်သားတွေကို လခ ပေးဖို့၊ စစ်အသုံးအဆောင် ပစ္စည်း လုံလုံလောက်လောက် ပေးဖို့ကိစ္စတွေမှာ တိုင်းမှူးတွေ၊ တပ်ရင်းမှူးတွေ လကုန်ရက်တွေမှာ အသက်ရူကျပ်လာပါတော့တယ်။

စီးပွားရေး ပြဿနာဟာ နေ့စဉ် တိုးတတ်မလာဘဲ ဆုတ်ယုတ်လာတာကို နောက်ထပ် ၁၁ လကျော်ကြာအောင် နအဖတွေ ဘယ်လို ဆက်လက် အသက်ရှင်ကြမှာလဲ။ နအဖ စီးပွားရေး အကျပ်အတည်း၊ ပြည့်သူ့လူထု စီးပွားရေး အကျပ် အတည်းတွေဟာ သူ့ဘာသာ ထွက်ပေါက်ရှာလာမယ် ဆိုရင်တော့ နအဖအတွက် ၂၀၀၈ ဆိုတာ နောက်ဆုံး နေရက်တွေ ဖြစ်နေတော့တာပါပဲ။

တပ်မတော် သားတွေရဲ့ ခံစားမှု

တပ်မတော်သားတွေရဲ့ ၈၀% လောက်ဟာ ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်။ အထက် အမိန့်အရ သံဃာတော်တွေကို သတ်ဖြတ်ခဲ့ရပေမယ့် သူတို့လက်မှာ သံဃာတွေရဲ့ သွေးတွေ စွန်းနေတာကို နှစ်ခြိုက်ကြမယ် မထင်ပါဘူး။ တကယ်လူသတ်ပေးခဲ့ရတာက တပ်သားလေးတွေပါ။ ခံစားရတော့ မ၀ရေစာ။ တိုင်းပြည်အတွက် အသက်ပေးပြီး လုပ်နေတဲ့ တပ်မတော်သားဆိုပြီး ပြည်သူက ချစ်မလားအောင့်မေ့တယ်၊ လက်တွေ့မှာ ပြည်သူက ထွီ ခနဲ တံတွေး ထွေးတာကို ခံစားနေရတာပါ။

တပ်မတော်သားဆိုတာ မြေကြီးနဲ့ လေနဲ့ ရောပြီး မွေးလာတဲ့ လူသားတွေ မဟုတ်ပါဘူး။ လူတွေက မွေးလာတဲ့ လူသားတွေပါ။ အဖေ၊ အမေ၊ ဆွေးမျိုးဆိုတာရှိပါတယ်။ အိုကြီး အိုမ မိခင်က ဆွမ်းကပ်ပြီး ရိုရိုသေသေ ကန့်တော့နေတဲ့ သံဃာကို စစ်သားဖြစ်တဲ့ သားက သေနတ်နဲ့ ပစ်သတ်ပါတယ်။ ကိုယ်တိုင်က မသတ်ခဲ့ရင်တောင်မှ သံဃာသတ်တဲ့ စစ်တပ်က စစ်သားဖြစ်နေပါတယ်။ မိခင်က ဘယ်လို ခံစားရမလဲ။ မိခင်က တာဝန်အားလို့ အိမ်ခဏ ပြန်လာတဲ့ သံဃာသတ်တဲ့ သားတော်မောင် စစ်သားကို ဘယ်လို ကြိုဆိုမှာလဲ။ မိခင်က အပြစ်ပြောလို့ အဲဒီစစ်သားက မိခင်ကို ပြန်သတ်ရင်တော့ နောက်တပြစ်ပေါ့။ အဲဒီလို လူမှုရေး ရှုပ်ထွေးနေတဲ့ စစ်သားတွေရဲ့ ဘ၀တွေကို နအဖတွေ နည်းမှန်မှန်နဲ့ ဖြေရှင်းမှု မလုပ်ခဲ့ရင်တော့ အဲဒီလို စစ်သားတွေရဲ့ နာကျည်းမှု ကျည်ဆံတွေက တပ်မတော် အရာရှိတွေဆီ ရောက်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။

ဒါကြောင့် ၂၀၀၈ မှာ နအဖကိုယ်တိုင် ကိုယ့်ဘာသာ တိုင်းပြည်ကို ပြောင်းလဲမှု မလုပ်ခဲ့ရင်တော့ တပ်မတော် သားတွေက ပြောင်းလဲမှု လုပ်ပေးလာရရင် တပ်ထဲမှာ သွေးချောင်းစီးလာမလား မသိ။

ကမ္ဘာ့ အုပ်ချုပ်မှု စနစ်ရေစီးကြောင်း

ကမ္ဘာမှာ အာဏာရှင် စနစ်နဲ့ ကိုယ့်ပြည်သူကို ဖိနှိပ်တဲ့ အစိုးရတွေ မရှိသလောက် နည်းနေပါပြီ။ အုပ်ချုပ်မှု စနစ်က ဒီမိုကရေစီ ရေးစီးကြောင်းပါ။ လွတ်လပ်ရေးမရခင်နဲ့ ရပြီးကာလမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ် ရေစီးကြောင်းဖြစ်ခဲ့လို့ မြန်မာ့ရေစီးကြောင်းမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ် ဖြစ်လာခဲ့ဖူးပါတယ်။ အခု ဒီမိုကရေစီ ရေစီးကြောင်းကို တွန်းလှန်ပြီး အာဏာရှင် စနစ်ကို နအဖ တည်ထောင်နေတာကတော့ နအဖ ဘယ်ကို သွားမှာလဲ။ ဒီမိုကရေစီ ရေစီးကြောင်းကို နအဖရဲ့ တထွာတမိုက် ဥာဏ်လေးနဲ့ အာဏာရှင် စနစ်ရေကာတာလေးကို ခနော်နီ ခနော်နဲ့ လာဆောက်နေတာကြောင့် ၂၀၀၈ ခုနှစ်သည် နအဖရဲ့ နောက်ဆုံးနှစ် ဖြစ်တယ်လို့ ကမ္ဘာ့ အုပ်ချုပ်ရေး စနစ်ရေစီးကြောင်းက ပြဌာန်းနေပါတယ်။

ပြည်ပလှုပ်ရှားသူများ၏ အခန်းကဏ္ဍ

ပြည်ပမှာရောက်ရှိ လှုပ်ရှားနေတဲ့ တတ်ကြွသူ လှုပ်ရှားသူများဟာ ယခင် နအဖ ဗိုလ်ပြုတ် ခင်ညွန့်နဲ့ သူ့တပည့်တွေ ရှိစဉ်က ထိထိရောက်ရောက် ထိုးဖောက် လှုပ်ရှားနိုင်ခဲ့တာရယ်၊ အတွေ့အကြုံ မရှိသေးတာတွေရယ် ပေါင်းပြီး အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့မှာတော့ ညီညွတ်ရေး တည်ဆောက်ပြီး တိုင်းပြည်ကောင်းအောင် အရင်လုပ်မယ်။ ပြီးမှ ကျန်တာ ဆက်ရှင်းကြမယ်ဆိုတဲ့ စကားသံတွေ တညီတည်း ထွက်နေကြပြီး ညီညွတ်ရေးတည်ဆောက်နေကြပါပြီ။

ပြည်ပရောက် သံဃာတော်တွေက သံဃာ့ဥသျှောင်ဆိုတာဖွဲ့ထားပြီး လှုပ်ရှားသူတွေကို အမှားတွေ မလုပ်မိအောင်၊ အမှားတွေ နည်းအောင် နည်းလမ်းတွေ၊ ထောက်ပံမှုတွေပေးပြီး ပဲ့ကိုင်ပေးနေတာကြောင့် ပြည်ပ လှုပ်ရှားမှုတွေဟာ အရင် ၁၉ နှစ်ကာလကနဲ့ မတူတော့ဘဲ ပိုမိုအားကောင်းလာတာကို တွေ့ရမှာပါ။

ဘုန်းကြီးက ဘုန်းကြီး အလုပ်လုပ်မယ်၊ လူတွေက လူတွေ အလုပ်လုပ်ပြီး၊ ဆရာ ဒကာ နှစ်ဦးပူးပေါင်းကာ တိုင်းပြည်အကျိုးအတွက် လုပ်သွားမယ်ဆိုရင် တို့တိုင်းပြည်ကြီး မကြာခင် ပြန်ကောင်းလာမှာပါလို့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသက ဆုံးမတာမှတ်သားမိခဲ့ပါတယ်။ ဒီတော့ နအဖ အတွက် တိုက်ပွဲခေါ်သံကိုပြည်ပရောက် တတ်ကြွသူတွေကလည်း ညာသံပေးနေပါပြီ။ ၂၀၀၈ သည် နောက်ဆုံး နှစ်ပါတဲ့။

အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် နိုင်ငံတကာဖိအား

အပြည်ပြည်ဆိုင်ရာ ဖိအားနဲ့ နိုင်ငံရေးကစားကွက်တွေမှာ နအဖဘယ်လောက် ကစားနိုင်ပါသလဲ။ နိုင်ငံခြားရေး ၀န်ကြီး ဥာဏ်ဝင်း အသိပါ။ နအဖခေါင်းဆောင် သန်းရွှေဟာ ကြောက်တတ်တဲ့ ဦးဥာဏ်ဝင်းကို နိုင်ငံခြားရေး ၀န်ကြီးခန့်ပြီး မင်း တခုခု မှားတာလုပ်ရင် မလွယ်ဘူးဆိုပြီး ဖိအားပေးထားတာကြောင့် ဦးဥာဏ်ဝင်း တယောက်၊ ဒေါသတကြီး ဆန္ဒပြနေတဲ့ UN ရုံးရှေ့က လူထုကို ရင်ဆိုင်နေရပါတယ်။ ဂျပန်က ဆန္ဒပြတဲ့ လူထုကို ရင်ဆိုင်နေရပါတယ်။

အဲဒီလူတွေကို ကျော်လွန်ပြီး အခန်းထဲရောက်တော့ အင်္ဂလိပ်စာက အဆင့်မှီအောင် မတတ်၊ နိုင်ငံတကာက နိုင်ငံခြားရေး ၀န်ကြီးတွေက မင်းလူလိမ်ပါကွာဆိုပြီး ပြောနေတဲ့ မျက်လုံးတွေကို ရင်ဆိုင်နေရတာကို သနားစရာ တွေ့ရမှပါ။ အဲဒါကို ကြည့်ရင် နအဖကို အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားတွေက ပြောင်းလဲရေးဆိုတာကို ဘယ်လောက် ဖိအားပေးနေသလဲဆိုတာကို သိနိုင်ပါတယ်။ နအဖ နောက်ဆုံးနေ့ရက်များဟာ မကြာတော့ပါဘူး။

မီဒီယာ အခန်းကဏ္ဍ

ရှင်းပါတယ်။ ပြည်တွင်းမီဒီယာကို နအဖက ချုပ်ကိုင်ထားပေမယ့် မီဒီယာလောကမှာ နအဖဟာ အလဲလဲအကွဲကွဲပါ။ သူတို့ လုပ်သမျှ နောက်ကနေ မီဒီယာက လိုက်ပြီးဖေါ်ထုတ်နေပါတယ်။ န၀တ တတ်လာကတည်းက ချုပ်ကိုင်ထားပြီး အနိုင်တိုက်ဖို့ ကြိုးစားနေတာ အခုအထိ မအောင်မြင်သေးပါဘူး။ နောင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။

တပ်ထဲမှာ စစ်သားတွေက ရိုသေမှုရှိပြီး တပ်တွင်း နာမည်ကောင်းရှိတဲ့ ဦးအောင်ကြည်ကို ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ပြီး နိုင်ငံတကာကို အချိန်ဆွဲဗျူဟာ သုံးပါတယ်။ တပ်တွင်းက လူတွေအနေနဲ့ ဦးအောင်ကြည်က ယုံကြည်ရတဲ့ လူဖြစ်တာကြောင့် ငါတို့ တကယ်ပြောင်းမှာပါ။ မင်းတို့ ကျည်ဆံတွေ နောက်ကထွက်မလာပါနဲ့ ဆိုပြီး ကလိမ်ကကျစ် ဗျူဟာ သုံးတာပါ။ ဒါပေမယ့် တပ်တွင်းမှာတော့ သန်းရွှေက ဦးအောင်ကြည်ကို ထိုးကျွေးနေပြီ ဆိုတဲ့ အသံသာ ထွက်လာပါတော့တယ်။

ကမ္ဘာ့ မီဒီယာကလည်း ခပ်ကျယ်ကျယ်ပါပဲ၊ အချိန်ဝယ်တဲ့ ဗျူဟာကို အားလုံးက သိအောင် ဖော်ထုတ်ပေးနေကြပါတော့တယ်။

အထက်ပါ အချက်တွေ အားလုံးကို ခြုံကြည့်ရင် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်အတွက် ပြောင်းလဲရေး နှစ် ဖြစ်နေတယ် ဆိုတာ ဘယ်လိုမှ ငြင်းဆန်လို့ မရတော့ဘူးဆိုတာ ရှင်းရှင်းကြီး မြင်နေရပါတော့တယ်။

လေးစားစွာဖြင့်
ကိုထိုက်

Wednesday 16 January 2008

(၈) တွေ ပလူပျံလို့  စစ်အစိုးရပြုတ်ကျမည်

(မဇ္ဈိမမှာ အောက်တိုဘာ ၂၃ ရက်နေ့က တင်ထားတဲ့ ဆောင်းပါးကို ပြန်တင်လိုက်ပါတယ်။ စာရေးသူကတော့ ဇွဲမောင် ဖြစ်ပါတယ်။)

ယနေ့ အချိန်အခါမှာ ဖြစ်ပြီးသွားခဲ့တဲ့ အခြင်းအရာတွေကို ပြန်လည် သုံးသပ်ရင်း မည်သည့် နည်းလမ်း၊ နည်းဗျူဟာများ ချမှတ်၍ အချိန်တိုအတွင်း၊ မည်သို့ မည်ပုံနဲ့  ပန်းတိုင်စိုက်ထူမဲ့ ရက်ချိန်းကို သတ်မှတ်ကြရန် အချိန်ရောက်နေပြီ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခုအချိန်သည် (၈) လေးလုံး မတိုင်မီ မောင်ဖုန်းမော် သေဆုံးပြီး အချိန်ကာလနှင့် အတော် တူနေပါသည်။ မောင်ဖုန်းမော် အသတ်ခံရပြီးချိန်က စပြီး ဟိုနေရာ နည်းနည်း ဒီနေရာ နည်းနည်းနဲ့ ပျောက်ကျားဆန်ဆန် စီကနဲ ကျွက်ကနဲ လှုပ်ရှားကြရင်း (၈) လေးလုံး ရက်ကို တီးတိုးတမျိုး ကျယ်ကျယ်တဖုံ သတ်မှတ်လိုက်ကြကာ (၈-၈-၈၈) ရောက်မဲ့နေ့ ကို ရင်တဖိုဖိုနဲ့  မောင်းတင်ပြီး စောင့်နေခဲ့ကြတာ ပြည်သူအားလုံး အသိပါပဲ။တကယ့် ရက်ရောက်လို့  တကယ်ပဲ ချကြပြီဆိုတော့ ပြည်သူတွေ အကုန်လုံး လမ်းပေါ် ထွက်လာခဲ့ကြတာပဲ မဟုတ်လား။ အဲဒါ ကြောင့်လည်းပဲ မဆလနဲ့ နောက်ပါ အစိုးရ အဆက်ဆက် ရက်နဲနဲစီပဲ ကွာပြီး တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသွားတာ ယနေ့ထိ မမေ့နိုင်သေးပါဘူး။ အဲဒါ တတိုင်းပြည်လုံး တချိန်တည်း တပြိုင်တည်း ထွက်လာကြလို့နော်။

အခုလည်း မောင်ဖုန်းေးမာ် အသတ်ခံရတာထက် အဆမတန် ရင်နာစရာ ဖြစ်ခဲ့ပါပြီ၊ မြန်မာ ပြည်သူများ သာမက ကမ္ဘာ့ ပြည်သူ အပေါင်းတို့ကပါ အော့နှလုံးနာပြီး နာကျည်း ခံပြင်းချက်တွေနဲ့ အတူ ဆန့်ကျင်နေကြပါပြီ ။ ကျနော်တို့ အချိန်မဆွဲဘဲ သွေးမအေးစေဘဲ ခပ်သွက်သွက် ခပ်မြန်မြန် အဟုန်ပြင်းပြင်းနဲ့ တိုက်ပွဲဝင်ဖို့ အချိန်တန်ပါပြီ။

စစ်အစိုးရရဲ့ အချိန်ဆွဲ နည်းဗျူဟာကို အားလုံးက သိပြီးသားမို့ သူတို့ ဘာပြောပြော ဘာတွေပဲလုပ်လုပ် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ယူဂျီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်လုံးကျွတ် တော်လှန်ရေး အတွက် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပြီး နေကြပြီ ဆိုတာလည်း ယုံကြည် မိပါသည် ။ သူတို့လိုပါပဲ ပါးစပ်ကလဲ ပြောပေး၊ တဖက်ကလည်း အစီအစဉ်တွေ ချမှတ်ထားရမှာပါ။ အစီအစဉ် ချမှတ်လို့  သေချာပြီ ဆိုရင် ပါးစပ်ပြောထဲမှာ ရက်ချိန်းကို ပြတ်ပြတ်သားသား ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ပြောနေလို့ ကတော့ မောင်ပြောပဲ ဖြစ်ပြီး မောရုံရှိမှာပါ။

ကျနော်လေ့လာထားသော အကြောင်းချင်းရာတစ်ခုကိုတင်ပြချင်ပါတယ်။

အဲဒီအကြောင်းကို စပြီး သတိပြုမိတာက နအဖတို့ အတင်း အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ပြည်သူတွေက ဒါဟာသက်သက် (စုကြည် ကို ကြက်ဆူ) နဲ့ ကက်ကင်း ယတြာ လုပ်တာဘဲလို့ သဘောပေါက်ပြီး တန်ပြန်ကက်ကင်း ဓါတ်အဖြစ်နဲ့  (ကြက်ဆူစိုက်- ဇီးကွက်ဆောင်) ဆိုပြီး ဇီးကွက် ရုပ်ကလေးတွေ ရင်ဘတ်မှာ ချိန်ဆွဲခဲ့ကြတာ မှတ်မိမှာပါ။ အဲဒီကတည်းက (ကြက်ဆူစိုက် နဲ့ ဇီးကွက်ဆောင်တို့) ရဲ့ (၈) ဂဏန်းတွေကို လှစ်ကနဲ သတိပြုမိခဲ့ပါတယ်။

အဲဒါနဲ့ (၈) လေးလုံး အရေးအခင်းက စပြီး ဖြစ်ပေါ်ခဲ့တဲ့ (၈)တွေနဲ့ ဆက်စပ်ပြီး (၈) အကြောင်းတွေ တွေးမိ ရာက (၈)တွေ တသီကြီး ဖြစ်ပေါ်နေတာကို မြင်တွေ့ရပါတော့တယ်။ အဲဒီကနေ တဆင့်ကျော်ပြီး ယထာဘူတကျကျ ဆက်စဉ်းစား လိုက်ပြန်တော့လဲ အောက်ပါအတိုင်း (၈) ဂဏန်းတွေနဲ့ နိုင်ငံ့အရေးတွေ ဆက်စပ် ပါတ်သက်နေတာကို ကွင်းဆက် တွေ့မြင်မိပါတယ် ။

တကယ်တော့ မည်သည့် တိုင်းပြည်တွင်မဆို (ပြည်သူလူထု) နဲ့ (အစိုးရ) နဲ့ (အာဏာ) တို့ ဟာ ကွင်းဆက်သဖွယ် ဆက်စပ်လျက် ရှိပါတယ်။ အမှန်စင်စစ် (အာဏာ) ဆိုတာကို (ပြည်သူလူထု)က ပိုင်ဆိုင်တာပါ။ (ပြည်သူလူထု)က (အစိုးရ)အဖွဲ့ ဖွဲ့ပေးပြီး အဲဒီ (အစိုးရ) လက်ထဲ (အာဏာ)ကို အပ်နှင်းခဲ့တာဘဲ မဟုတ်လား။ အဲဒီမှာ ကြည့်လိုက်ရင် (ပြည်သူလူထု) ဆိုတာ (၅+၆+၈+၇=၂၆=၈)၊ (အာဏာ) ဆိုတာ (၁ +၇=၈)၊ (အစိုးရ) ဆိုတာ(၁+၃+၄=၈) အဲဒီလို တွေ့ရပါတယ်။

အဲဒါကြောင့် (ပြည်သူလူထု) ဆိုတဲ့ (၈) က အားသန်လွန်းရင် (အစိုးရ) ဆိုတဲ့ (၈) ဟာအပြောင်းအလဲတွေ မကြာခဏ ဖြစ်ကြရပါတယ်။ (အစိုးရ) ဆိုတဲ့ (၈) က အားသန်ပြန်ရင်လဲ (ပြည်သူလူထု) ဆိုတဲ့ (၈)က အနှိပ်စက် ခံကြရပြန်ပါရော။ ပြည်သူကရွေးကောက် တင်မြှောက်ထားထား၊ မဟား ဒယား အတင်းဝင်လု ထားတာဘဲ ဖြစ်ဖြစ် (အစိုးရ) အလုပ်ကို လုပ်နေတဲ့ အဖွဲ့အစည်းဟာ (အစိုးရ)ပဲ ဖြစ်ပါတယ်။

(အစိုးရ) ဆိုတဲ့ အဖွဲ့အစည်းဝင် လူတွေဟာ ငါတို့ဟာ(ပြည်သူလူထု) ထဲက တဦး ဖြစ်တယ်လို့  မှန်မှန်ကန်ကန်နဲ့ ရိုးသားစွာ ခံယူနိုင်မှလည်း (ပြည်သူလူထု)နဲ့ တသားတည်း ဖြစ်ပြီး (ပြည်သူလူထု)နဲ့  (အစိုးရ) ချိန်ခွင်လျှာ မျှနေမှာ ဖြစ်ပါတယ်။

(ပြည်သူလူထု) နဲ့ (အစိုးရ) တို့ အင်အား မျှနေတဲ့ တိုင်းပြည်တွေမှာ (အာဏာ) ဆိုတာ ခိုင်မြဲ တည်ငြိမ်မှုရှိပြီး တိုင်းပြည်မှာလည်း အေးချမ်းသာယာ ဝပြောလျက် ရှိကြတာကို တွေ့ ကြရမှာပါ။ ဆိုလိုချင်တာက (၈) ဂဏန်းဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ကြောင်းပြောပြချင်တာပါ။

အခု ကျနော် တင်ပြမယ့်(၈) ဋီကာ ဟာ သင်္ချာပညာ၊ ဝေဒပညာတွေနဲ့ မပါတ်သက်ဘူး ဆိုတာ ပြောထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒီ ပညာရပ်တွေကို မကျွှမ်းကျင်တာမို့လို့ပါ။ သက်ဆိုင်ရာ ပညာရှင်များက ဒီလို-ဒီလို ပါတ်သက်ပါတယ်လို့ တင်ပြလာရင်တော့ အတိုင်းထက် အလွန်
ဝမ်းမြောက် ကျေနပ် လက်ခံရမှာပါ။ ပြည်သူတွေမှာလည်း ပိုပြီး အားရှိသွားတာပေါ့။

(၈) ဂဏန်းမှာ ဆွဲအား အစွန်းနှစ်ဖက် ရှိပါတယ်။ (သည်းခံ)ခြင်းနဲ့ (အိပ်မောကျ) ခြင်းတို့ဟာ (၈) ဂဏန်းရဲ့ အနှုတ် လက္ခဏာ ဆောင်တဲ့ အစွန်းဖြစ်ပြီး (ဝိရိယအား) ကတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အစွန်းတစ်ဖက်ပါ။ (ဝီရိယ) မှာ (အား) ထည့်ပေါင်းခြင်းက (၈) ဖြစ်အောင် အတင်းယူထားခြင်း မဟုတ်ပါဘူး။ ဝီရိယဆိုတဲ့ အားထုတ်မှုမှာ အားနည်းမှု၊ မျှတမှုနဲ့ အားကြီးမှု သုံးဆင့် ရှိပါတယ်။ အားနည်း လွန်းနေရင် ဟန်ပြ ဝီရိယ ဖြစ်ပြီး အကျိုးရလာဒ်မှာ မရေရာပါ။ အားကြီး လွန်းအားရင်လည်း လိုချင်တဲ့ အကျိုး ရလာဒ်နဲ့ လွဲတတ်ပါတယ်။ အလယ်အလတ်အား မျှတနေမှ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာ ဖြစ်ပါတယ်။

(ပြည်သူလူထု) ဖက်က (သည်းခံ) ခြင်းနဲ့ (အိပ်မောကျ) ခြင်း လွန်ကဲသွားရင် (အစိုးရ)က (ပြည်သူလူထု)ကို နှိပ်စက် အနိုင်ကျင့် တတ်ပါတယ်။

(ပြည်သူလူထု)ဖက်က (ဝီရိယအား) များလွန်းရင် (အစိုးရ)ဟာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပလ္လင်ပေါ်က ဆင်းပေးရတဲ့အထိ ဖြစ်သွားရမှာပါ။ ဘုရားရှင်တော်မြတ်နဲ့ ရဟန္တာတွေတောင်မှ မဂ္ဂင်(၈)ပါးနဲ့ ကင်းပြီး ပွင့်ထွန်း ဖြစ်ပေါ်လာရိုး မရှိပါ။

(၈) သည် မြတ်သော အလုပ်တရား ဖြစ်ပြီး (၉)ဂ ဏန်းသည် အကျိုးရလာဒ်သာ ဖြစ်ပါသည်။ ဒါ့ကြောင့် (၉) ဂဏန်းကိုင် နေဝင်း အစိုးရသည် (၈) ဂဏန်း ပိုင်ရှင်(ပြည်သူလူထု)၏ (ဝီရိယအား) အောက်တွင် လက်မြှောက် အရှုံးပေးခဲ့ရတာ အထင်အရှား အများအသိပင် ဖြစ်ပါသည်။

ယခု (ပြည်သူလူထု)ဖက်မှ (၈) ဂဏန်း အားတွေ အလွန် အားကောင်းနေတာကို တင်ပြလိုပါတယ်။

ဤခုလို ပြည်သူလူထုဖက်က (၈) အားတွေ ကောင်းနေတုန်း ဝီရိယအား ပြင်းပြင်းနဲ့  စစ်အစိုးရကို ဖြုတ်ချပြီး မိမိတို့ စိတ်ကြိုက် အစိုးရကို ရွေးကောက် တင်မြှောက်ရပါမယ်၊ ပြီးရင်တော့ အိပ်မောကျခြင်းမှ နိုးထ၍ သည်းခံခြင်း တရားကို စံနစ်တကျ သုံးစွဲကြခြင်းဖြင့် သာယာ ဝပြောသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရအောင်ပါ။

ကြည့်လိုက်ကြစမ်းပါ၊ ဘယ်လောက်လှတဲ့ (၈) တွေလည်း ဆိုတာ ။

ဒီ (၈) တွေကို စောင့်ကြည့်နေခဲ့တာ ကြာပြီ။

ကဲ အခုတော့ ကျကျ နန သန်သန်မာမာ စွမ်းအားကောင်းကောင်းနဲ့ ပေါ်ထွန်းလာတာ တွေ့ရပါပြီ။ စခဲ့တာက လွန်ခဲ့တဲ့ (၈) လေးလုံး ကာလ ကတည်းကပါ ။ အဲဒီ (၈) ရဲ့ အရှိန်အဝါက သေမသွားပါဘူး၊ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ခေတ္တခဏ မှေးမှိန် သွားလိုက်တာဘဲ ရှိတာပါ ။

ဟော ရုတ်ခြည်း ဆိုသလိုဘဲ ဟုန်းကနဲ ထတောက်လိုက်တယ်။ အဲဒါကတော့ ဓါတ်ဆီဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ၊ ကားခတွေ တက်လာတဲ့အတွက် (၈၈) မျိုးဆက် ကျောင်းသားများက (စီတန်း လမ်းလျှောက်) (ဆန္ဒပြကြ) တဲ့ အဖြစ်ပါဘဲ။

ကျောင်းသားဆိုတာ (ကျား၊မ မခွဲခြားဘဲ သုံးရတဲ့ အသုံးအနှုန်းပါ)

(၈၈) မျိုးဆက်ကျောင်းသားတွေက သူတို့ကိုယ်ကို သူတို့ ဒီလို အမည်နာမ ပေးလိုက်တာဟာ (၈) ဂဏန်းရဲ့ ခွန်အားတွေ ဖြစ်သွားတယ် ဆိုတာ အမှုမဲ့ အမှတ်မဲ့ နဲ့ မသိလိုက်ဘူး။

ကဲ (၈) တွေ ဖြစ်လာတာကို ကြည့်ကြစမ်းပါဦး။

(၈၈)--(၈) နှစ်လုံး

မျိုးဆက် (၅+၃) (၈) တစ်လုံး နဲ့

ကျောင်းသား (၂+၆) (၈) တစ်လုံး

ကဲ (၈) လေးလုံး တွေ့ပြီမဟုတ်လား။

စီတန်းလမ်းလျှောက် (၃+၇+၈+၈= ၂၆=၈ ) နောက်ထပ် (၈) တစ်လုံး။

ဆန္ဒပြကြ (၃+၇+၅+၂=၁၇= ၈) နောက်ထပ် (၈) တလုံး (တကိုယ်တော် မဟုတ်တော့ဘဲ အများစုပြီး ဆန္ဒပြကြတာမို့လို့ ဗဟုဝစ်ကိန်း သုံးရတာပါ။)

ကျောင်းသားခေါင်းဆောင်တွေကို မတရား ဖမ်းဆီးသွားပေမယ့် ပြီးမသွားပါဘူး။

နောက်ထပ် (၈) တွေ ထပ်ပေါ်လာတာ ခုထိပဲ ။

(သံဃာ) တော်တွေက (စီတန်းလှည့်လည်) (မေတ္တာပို့) (ဆန္ဒပြကြ) တယ်တဲ့ ၊ ဝမ်းသာစရာကြီး။

ရတနာသုံးပါးမှာ တတိယ ရတနာလေ၊ သံဃာ ရတနာလို့ဘဲ သုံးနှုန်းပါတယ်။

ရဟန်း ရတနာ၊ ဘုန်းကြီး ရတနာလို့ မသုံးပါဘူး။ အတင်းဆွဲပြီး ပြောတယ်ဆိုမှာ စိုးလို့ ပါ ။

ဒီတော့ သံဃာဆို တာ (၆+၂) နောက်ထပ် (၈)တလုံး၊

အဲဒီမှာ ထူးခြားတာ ထပ်ပြောပါဦးမယ်။ နိုင်ငံအနှံ့ မှာ သံဃာတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်တုန်း၊ အမရပူရ၊ မြင်းခြံ နဲ့ ပခုက္ကူ ဆိုတဲ့ မြို့တွေမှာ သံဃာတော် အရေအတွက် အများဆုံး ဖြစ်ပြီး အဲဒီထဲမှာ (ပခုက္ကူမြို့) မှာမှ ဘာဖြစ်လို့ စဖြစ်လိုက်တာလဲ။

ကြည့်လေ ပခုက္ကူ (၅+၂+၂= ၉)။ ဒါ့ကြောင့် ပခုက္ကူ သံဃာ ဆိုရင် (၉+၈= ၁၇=၈)

ဟော သံဃာ (၈) တလုံးဟာ ထူးခြားတဲ့ ဝိသေသန ဆောင်တဲ့ (၈) ဖြစ်သွားရော။ ဝိသေသန ဖြစ်ပြီ ဆိုမှတော့ ထူးခြားတဲ့ အခြင်းအရာတွေကို ဖန်တီး ဖြစ်ပေါ်စေတော့မယ့် အတိတ်ကောင်း နိမိတ်ကောင်းတွေဘဲ ဆိုတာ နားလည် သိရှိ သဘောပေါက်ကြရမှာပါ။ သံဃာတော်တွေက ဘာလုပ်ကြသလဲ။ စီတန်းလှည့်လည် မေတ္တာပို့  ဆန္ဒပြကြတာဘဲ။

သဘောပေါက်လောက်ပြီ ထင်ပါတယ် ။

စီတန်းလှည့်လည် (၃+၇+၈+၈=၂၆= ၈) (၈) တစ်လုံး

မေတ္တာပို့  (၅+၇+၅=၁၇= ၈) (၈) တစ်လုံး

ဆန္ဒပြကြ (၃+၇+၅+၂= ၁၇=၈) (၈) တစ်လုံး

အဲဒီ (၈)တွေက အတင်း ဖန်တီးထားတာတွေ မဟုတ်ပါဘူး။ သူ့အကြောင်းတရားနဲ့ သူ အလိုအလျောက ဖြစ်ပေါ်လာကြတာပါ။ ဒါ့ကြောင့်လဲ ခွန်းအားတွေ တအား ကြီးမားသွားတာပေါ့ လုပ်ရပ်တွေကကော မေတ္တာ ပို့ကြတာလေ။ ဘယ်လောက် မွန်မြတ်သလဲလို့။

မပြီးသေးဘူးလေ။ ဆက်ပြောပါအုန်းမယ်။

ပတ္ထနိက္ကုဇ္ဇန ကံဆောင်တဲ့နေ့လေ။ နအဖကို ရက်ချိန်း ပေးထားတာက (၁၇) ရက်နေ့၊ မလိုက်လျောရင် နောက်တနေ့ (၁၈) ရက်နေ့ ကံဆောင်မယ်ဆိုပြီး ကြေငြာထားတယ်။ တကယ့် တကယ်ကျတော့ (၁၇) ရက်နေ့ မှာပဲ စပြီးတော့ ကမ္မဝါစာ ရွတ်ပြီး ကံဆောင် တော်မူကြတော့တယ်။ ရေးရင်းနဲ့တောင် ကြက်သီးတွေထ လာတယ်။ အဲဒီမှာလည်း (၈) တလုံး သံဃာတော်များ ပရိတ်ရွတ် ကြွတော်မူရာ လမ်းတလျှောက်မှာ ကျောင်းသားတွေက ဘေးကနေ လက်ချင်းချိတ်ပြီး စောင့်ရှောက် လိုက်ပါလာကြတာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ။

(၈) ရဲ့ အားတွေကို ထိုင်စောင့်ပြီး ကြည့်နေတဲ့ ကျနော်ကတော့ လက်ခမောင်းတချက် ထပြီး ခတ်မိတော့တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များလည်း လည်မိပါရဲ့။ (၈) တလုံး ထပ်တိုးလာပြန်ပြီ။

(သံဃာ) (ကျောင်းသား) ဖြစ်လာပြီလေ ။

ကျနော် ထပ်မျှော်နေမိတဲ့ အင်အား အကြီးမားဆုံးသော (၈) တလုံးကို စောင့်မျှော် နေခဲ့မိပါတယ်။

တကယ်တော့ (သံဃာ) (ကျောင်းသား) အားလုံးဟာ (ပြည်သူလူထု)ထဲက ပြည်သူတွေဘဲ ဖြစ်ပါတယ်။ သံသရာအတွက် အားထားရာ အဖြစ်နဲ့ ဆည်းကပ် ကိုးကွယ်နေရတဲ့ ဆရာ ရတနာနဲ့ အနာဂါတ် တိုင်းပြည်အတွက် အားကိုးရဖို့ ထောက်ပံ့ ပြုစု ပျိုးထောင်နေရတဲ့ သားသမီးရတနာတွေပါ သူတို့ကို ပြုစု စောင့်ရှောက်နေကြတဲ့ (ပြည်သူလူထု) ဆင်းရဲဒုက္ခ ရောက်နေကြတာကို မကြည့်ရက်တော့လို့  ဆရာ သံဃာတော်များက ဦးဆောင်ပြီး သားသမီးများပါ ရဲရဲတောက် ပါဝင်နေကြတဲ့ အရေးမှာ အမိအဖသဖွယ် ဖြစ်သော (ပြည်သူလူထု) ဆိုသော ထိပ်တန်း (၈) တလုံး နိုင်ငံအဝှမ်း ဝုန်းကနဲ ပါလာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ ဘဝအမောတွေ ပြေလည် ချမ်းမြေ့ ကြရပါတော့မယ် ဆိုတာကို မျှော်လင့် စောင့်စားခဲ့မိပါတယ်။

(သံဃာ) တော်များရဲ့ လှုပ်ရှားမှုကို (ရွှေဝါရောင် တော်လှန်ရေး) လို့ အမည် တပ်တာ တွေ့လိုက်ရပြန်တော့ စွေ့ကနဲ ခုန်မတတ် ဝမ်းသာ လိုက်ရပါသေးတယ်။ ကြည့်လေ (၄+၈+၄+၇+၈+၄=၃၅=၈)ပေါ့၊

ကျနော်တို့ တကွက် နောက်ကျ သွားသလား။ မဟုတ်ပါဘူး။ အချိန်အခါ နည်းနည်းလေး လိုနေသေးလို့ပါ။ သင်ခန်းစာ ယူစရာ ရှိတာတွေကို ယူပြီး (၈) အင်အားတွေ ထပ်မံ တိုးပွားအောင် ပြင်ဆင်ကြရင်း (၈) အောင်ပွဲ ရက်တစ်ရက်ကို အရောက်သွားကြဖို့ပါဘဲ ။

ကျနော်တို့ရဲ့ တိုက်ပွဲကို (ဝါ-စိမ်း-ဖြူ တော်လှန်ရေး)လို့ အမည်ပေးရင် (၈) တလုံး ထပ်ပွားလာပါပြီ။ (၈+၃+၅+၇+၈+၄=၃၅=၈)။ ရွှေဝါရောင် တော်လှန်ရေးရဲ့ အဆက် ဝါစိမ်းဖြူ တော်လှန်ရေးပေါ့။

အဝါရောင် က သံဃာတော် အရှင်မြတ်များကို ရည်ညွှန်းပါတယ်။

အစိမ်းရောင် ကတော့ ကျောင်းသားများကို ရည်ညွှန်းပါတယ်။ (ပြည်သူ့ဖက်သား တပ်မတော်သားများ ပါလာရင်လည်း အကျုံးဝင်သွားတာပါပဲ)

အဖြူရောင် ကတော့ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုပါတယ်။ တိုင်းရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ သက်တန့် ၇ ရောင်ပေါင်းဟာ အဖြူရောင် တခုထဲကိုသာ ကိုယ်စားပြုသလိုမျိုးပေါ့။ အဲဒီ (ဝါ-စိမ်း-ဖြူ တော်လှန်ရေး) အောက်မှာ နည်းဗျူဟာများ မဟာဗျူဟာများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများက ရေးဆွဲ၍ ရေတို အချိန်အတွင်း အကောင်အထည် ဖေါ်ကြရန် ဖြစ်ပါသည်။

ပြည်သူများဖက်မှ (၈) တွေ ဖြစ်နိုင်သမျှ များနေအောင် လုပ်ကြပါ၊ နံရံတွေမှာ (၈) တွေ ရေးကြပါ။

အိမ်မှာနေသူ လူကြီးများကလည်း မဂ္ဂင်(၈)ပါး ပုတီးစိတ်များ ပွားများပေးပါ။ ပုတီးနှစ်ပါတ်ပြည့်လျှင် မဂ္ဂင် (၈) ပါး (၂၆) ခေါက် ပြည့်ပါမည်၊ ပထမ တပါတ်တွင် ပုတီး (၄) လုံး အပို နှင့် ဒုတိယ အပါတ်ပုတီး (၄) လုံး အပို ပေါင်း အပို ပုတီး(၈)လုံးကို ဗုဒ္ဓရှင်တော်မြတ်၏ နံပါတ် (၈) ဂုဏ်တော် ဖြစ်သော (ဗုဒ္ဓေါ) ဂုဏ်တော်ကို (သောဘဂဝါ ဣတိပိဗုဒ္ဓေါ)ဟု စိပ်ပြီး ဖြည့်ရန် ဖြစ်ပါသည်။ သို့မဟုတ် ပုတီးစိတ် မှားမည် စိုးပါက ပထမ (၈) လုံးနဲ့ စပြီး ပွားနိုင်ပါသည်။

ပထမအကြိမ် (၈) တွေတုန်းက မပြီးပြတ်သော တာဝန်သည် ယခု(၈) အချိန်တွင် အပြီးပြတ်မည်ဖြစ်ကြောင်း ပုတီးစိတ် (၂) ပါတ်က ညွှန်ပြပါသည်။ သွားရင်းလာရင်း (၉) လုံး ပုတီးဖြင့် ပုတီး စိတ်လိုပါကလည်း ဗုဒ္ဓေါ ဂုဏ်တော် တလုံးနှင့် မဂ္ဂင်(၈)ပါး တပါးတလုံးစီ စိတ်နိုင်ပါကြောင်း။

ဈေးရောင်းဝယ်ကြရာတွင်လည်း (၈) ဂဏန်း တန်ဖိုးများကိုသာ ဈေးနှုန်း သတ်မှတ် ရောင်းဝယ်ကြပါ။ ဘတ်စကား မှတ်တိုင်တွင်လည်း (၈) ယောက်တတွဲ စောင့်ကြပါ။ ဘတ်စ်ကားပေါ် ဘယ်နှစ်ယောက်ပဲ တက်သွားသွား၊ ကျန်သူများက (၈)ယောက်တတွဲ ဖြစ်အောင်အမြဲ ဖြည့်ကြပါ။ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင်လည်း (၈) ယောက်တစ်ခုံ ထိုင်ပြီး စားသောက်ကြပါ။ မိုးပျံ ဘောလုံးများပေါ်တွင် (၈) ဂဏန်းများ ရေးပြီး လွှတ်နိုင်ပါသည်။

(၈) အားတွေ ဖြည့်ဆည်းရင်း ပြည်သူများကလည်း အသံတိတ် တဦးနဲ့ တဦး အားပေးရင်း တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ခံယူ ထားကြစေချင်ပါတယ်။ ပြည်သူအားလုံးက မိမိတို့ စိတ်ကူး ရသလောက် ပြည်သူဖက်မှ (၈)တွေ များနိုင်သမျှ များအောင် ပွားပေးကြစေလိုပါတယ်။

ဘာယတြာမှ သူတို့ကို မကယ်နိုင်တော့ဘူးဆိုတာ ပြည်သူလူထု အားလုံး သိထားစေချင်ကြောင်းပါ။


သာသနာ့အလံ
ဒေါင်းအလံတို့ 
ဝေယံပျံဝဲ
ဒို့ အောင်ပွဲသည်
မလွဲသေချာ
ဆိုက်ရောက်မှာမို့ 
ငါတို့ ပြည်ရွာ
ပြည်မြန်မာသည်
ရောင်ဝါနေသို့ ထွန်းပါပြီ ။
နောင်ခါအသရေမချို့ ကျွန်းဌာနီ ။
ဇွဲမောင်
မှတ်ချက်။

ရ နှင့် ယ သည် ဗုဒ္ဓဟူး (၄) ကို ကိုယ်စား ပြုပါသည်။

လ နှင့် ဝ သည် ရာဟု (၈) ကို ကိုယ်စား ပြုပါသည်။

Another time, Another Bomb in Myanmar Again!

Explosion on Myanmar bus kills conductor: official

From AP

YANGON, Myanmar: A bus conductor in Myanmar was killed Wednesday by an explosion in his vehicle, a government official said. It followed three bombings in public places since late last week.

The official said the explosion occurred when the bus was in Pyinbonegyi, 105 kilometers (65 miles) north of Yangon, the country's biggest city. He spoke on condition of anonymity because he was not authorized to release information to the media.

He said the blast took place when the bus was stopped to allow passengers to eat at a roadside shop, and the conductor remained on board. The bus was traveling to Yangon from Kyaukyi, a town about 168 kilometers (105 miles) to the north.

Three bombings in different parts of Myanmar since Friday have killed two people and wounded five. No one has claimed responsibility.

The ruling junta blamed the recent bombings on an unspecified foreign organization and called on the public to report any sightings of terrorists, a state-run newspaper said Monday.

"Information has been received that a foreign organization has sent terrorist saboteurs with explosives across the border to perpetrate destructive acts inside the country," the Myanma Ahlin newspaper said.

State media linked at least one of the bombings to ethnic Karen rebels, and the bus that was hit by an explosion Wednesday originated in an ethnic Karen area.

The junta routinely blames acts of violence on foreigners, including street rallies last year led by Buddhist monks that the government suppressed with a violent crackdown. After troops fired on peaceful protesters in September, the junta accused Western powers and the foreign media of fomenting the protests.

The first of the recent explosions occurred Friday morning at the railway station serving the country's new administrative capital of Naypyitaw, killing a 40-year-old ethnic Karen woman whom the government later said was the bomber.

The second blast occurred Friday night at a circus in the northern town of Pyu, injuring four civilians and killing a man said to be a Karen rebel who allegedly planted the explosive.

The third blast on Sunday near a public toilet at the ticketing office of Yangon's main railway station injured a 73-year-old woman.

The Karen National Union has been fighting for half a century for greater autonomy from Myanmar's military government. It is the only major ethnic rebel group that has not agreed to a cease-fire with the junta. But they and other government opponents deny carrying out attacks targeting civilians.

Terrorism is rare but not unknown in Myanmar, which has been under military rule almost continuously since 1962.

The deadliest such attack in recent years took place on May 7, 2005, when three bombs went off almost simultaneously at two upscale supermarkets and a convention center in Yangon, killing about two dozen people and injuring more than 160 others. The perpetrators remain unknown.

Tuesday 15 January 2008

မြန်မာတိုင်းမှဂျာနယ်လစ် (၃) ဦးကို ပြန်ကြားရေးဝန်ကြီးအမိန့် ဖြင့်အလုပ်ထုတ်

ပြီးခဲ့သောတနင်္လာနေ့က မြန်မာတိုင်းဂျာနယ်မှ ဂျာနယ်လစ်(၃)ဦးကို နေပြည်တော်အထူးအမိန့်ဖြင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက အလုပ်ထုတ်ပြစ်ရန် စေခိုင်းခဲ့ကြောင်း သိရှိရသည်။

အလုပ်မှ ထုတ်ပယ်ခံရသော ဂျာနယ်လစ်(၃)ဦးမှာ မြန်မာဘာသာစာတည်းမှူး ဒေါ်နွယ်နွယ်အေး၊ ကိုဝင်းညွန့်  နှင့် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးတို့ ဖြစ်သည်။

မြန်မာတိုင်းဂျာနယ်မှသတင်းထောက်များသည် ၈ ပေစလောင်းများကို အခွန်ငွေ ၁၀ သိန်းကောက်ခံခြင်း ကိစ္စအား သတင်းလိုက်ခဲ့ခြင်းကြောင့် ထိုကဲ့သို့ စာတည်းမှူးများနှင့် သတင်းထောက်ချုပ်တို့ ကို အလုပ်မှ ထုတ်ပယ်ရန် အစိုးရကဖိအားပေး အကြပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာတိုင်းဂျာနယ် သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ ကြက်ငှက်တုပ်ကွေးဖြစ်ပွားသည့် သတင်းများ၊ ဧရာဝတီ တိုင်းတွင် အစိုးရတည်ဆောက်ထားသော တံတားကျိုးသော သတင်းများထည့်သွင်း ဖေါ်ပြခဲ့သောကြောင့် အာဏာပိုင်အစိုးရက မြန်မာတိုင်းကို အလေးထား စောင့်ကြည့်နေခဲ့သည်။

ယခုတဖန် စလောင်းအခွန်ငွေ ၁၀သိန်း အတည်ပြုသတင်းထည့်ရန် မြန်မာတိုင်းမှ သတင်းထောက်များ ကြိုးစားမိရာက စာတည်းမှူး ဒေါ်နွယ်နွယ်အေး ကိုဝင်းညွန့်  နှင့် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးတို့ ကို အာဏာပိုင်များက အလုပ်ထုတ်ပေးရန် အမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီးအာဏာပိုင်များက မြန်မာတိုင်းကို ဆက်လက်အရေးယူမည့် အစီအစဉ်များလဲ ရှိနေသေးသည်။
လွန်ခဲ့သော ၂၀၀၇ ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့်ထုတ်ဝေသော မြန်မာတိုင်း၌ killer thanshwe ဆိုသော ကြော်ငြာပါ ရှိပြီး ကတည်းက အာဏာပိုင်များသည် မြန်မာတိုင်းဂျာနယ်ကို အလေးထားစောင့်ကြည့်နေသည်။

ဘာလုပ်မလဲ

ငါတို့ အံကြိတ်ထားကြတယ်
ငါတို့ လက်သီးတင်းတင်း ဆုပ်ထားကြတယ်။
ငါတို့ မျက်လုံးကို ကြည့်စမ်း
ယုံကြည်မှုကြောင့် မီးဝင်းဝင်းတောက်နေစေရမယ်။

အမှန်တရားကို ရင်မဆိုင်ဝံ့သူတွေ
ခေါင်းငုံ့နေချိန်မှာ
စော်ကားခံနေရတဲ့ ငါ့တို့ ပခုံးတွေဟာ
မတ်မတ်ပဲဟေ့။

ဒီမယ်… မင်းတို့
လက်ခုတ်သံ တစ်ချက်မထွက်….
အမှန်တရားအတွက် ခြေတလှမ်းမထွက်ဘဲနဲ့
အနာဂါတ်ကို မျှော်မကြည့်လေနဲ့
ဒီနွံထဲက နွံထဲမှာဘဲ မျိုးဆက်တုန်းကုန်ကြမယ်။

ငါတို့လက်တွေ ဆန့်တန်းပေးထားတုန်း
သင်… အမိအရဆွဲပါ။

မင်းသစ်တည်

Friendly Fire Among SPDC Troops

Monday 14 January 2008

Opps! What is going on?

Britney Spears and Paris Hilton to Visit Burma




Rangoon - Singer and Kojak impersonator Britney Spears and her pal Paris Hilton are planning image makeovers with a trip to Burma in April for the 'Thingyan' water festival. Whilst there the singer and tabletopdancer hope to meet with and offer support to Nobel prize laureate 'Aung San Suu Kyi'.

Britney hit the headlines last weekend after a squabble with her ex-husband and wanna be rap singer Kevin Federline who sent round a couple of heavies to take back custody of their two children, Britney locked herself in a cupboard and after Police were called she was taken to Cedars-Sinai Medical Centre on a 5150.

In an interview accompanied by her personal paparazzi Adnan Ghalib, Britney told The Spoof.com, "Aung San Suu Kyi has long been estranged from her own two children through her involuntary detention and house arrest, I now believes that this was a sign and that she, Paris and I have a special connection. I also shaved my head last year and attacked a car with an umbrella, I saw the monks in Burma carrying umbrellas during their demonstartions last year and I need to act upon this synchronicity, first we'll visit Rangoon and then travel to Yangon." When it was pointed out to Britney that they were alternative names for the same place she paused before replying "You mean like Paris Hilton and Paris Hilton."

When asked their reasons for attending Burma during its "Thingyan" festival in April, Britney replied "We heard that its a really good piss up and we wouldn't want to miss that, Paris is going to join me there after her trip to Rwanda."

Staff at the Burmese Embassy in Washington DC would not comment on whether Britney or Paris Hilton would be granted visas.

With their antics a little more synchronicity they might both end up in the Insein Jail.

What a Shame! They named themself for State Peace and Development Council (SPDC)

Is there any place in Burma that has Peace and Developing by Junta? I wonder that do they know the word "shame" in their life. see below

Burma call to help catch bombers

BURMA’S ruling junta blamed a string of recent bombings on a foreign group and called on the public help catch the terrorists.

Three bombings in different parts of Burma since Friday have killed two people and wounded five. The junta urged the people to come forward with any information about perpetrators of the attack.

Burma's unlucky number

China has been striving to make certain that Aug. 8, 2008, the start of this summer's Olympic Games in Beijing, will be an auspicious date. The Communist authorities have even set the start of their gala for 8 p.m. on 8/8/08.

On that same day, victims of the junta ruling Burma will commemorate the 20th anniversary of a popular uprising against military dictatorship that was violently suppressed. Leaders of that movement, known as the 88 Student Generation, were among the first to be arrested when Buddhist monks led popular protests against the junta last September, and they are among the 700 protesters still incarcerated.

The numerological coincidence of China's Olympic gala and Burma's mournful memory will serve a positive purpose if it reminds the world of Burma's agony in the two decades since Aug. 8, 1988 and of the shameful symbiosis between China's government and the Burmese junta. Beijing has been the principal arms seller and commercial partner of the generals in Burma, and the threat of a Chinese veto in the UN Security Council shields the junta from an international arms embargo.

Yet the other rising power in Asia, democratic India, has shown a decent respect for international opinion by halting arms sales and transfers to Burma's military dictators. As 8/8/08 approaches, the world must see to it that when it comes to propping up the Burmese junta, Beijing's number is up next.

Sunday 13 January 2008

Bomb attacks hit Burmese cities

A woman has been injured in a bomb blast in Burma's commercial capital, Rangoon, officials say - the third bombing incident in three days.

The latest explosion occurred at a public bathroom in a Rangoon railway station, witnesses said.

On Friday, a woman was killed by a blast in a railway station toilet in Nay Pyi Taw, the new capital.

And another man died, and four people were injured, when a bomb exploded in Pyu, north of Rangoon.

The government has blamed both incidents on the Karen National Union, a group fighting for greater autonomy for the ethnic Karen people.

The state-run newspaper, the New Light of Myanmar, said in both cases it was the bomber who was killed in the process of handling the bomb.

There was no claim of responsibility from the KNU or any other group.

နောက်ထပ် ၂ နေရာတွင် ဗုံးပေါက်ခြင်း

ပျဉ်းမနား နေပြည်တော်ဘူတာရုံတွင် ဗုံတစ်လုံးပေါက်ကွဲပြီးနောက် ဖြူးမြို့ တွင်လည်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိသွားပါသည်။ ယနေ့  နေ့ လည် (၂း၃၀) နာရီခန့် တွင် ရန်ကုန်မြို့  ဘူတာကြီးတွင်လည်း ဗုံးတစ်လုံးပေါက်ကွဲရာ အသက် (၆၃) နှစ် အမျိုးသမီးကြီးတစ်ဦးသေဆုံးသွားကြောင်း သိရှိရပါသည်။
............................................................

လူထုကို နှိပ်စက်သူများအား နအဖမှ လူမှုထူးချွန်ဆု ပေးခြင်း

မြို့ နယ်များထဲမှ လမ်းမတော်မြို့နယ်ရှိ ကြံ့ဖွတ်စွမ်းအားရှင် နိုင်ထွန်းဆိုသူသည် စက်တင်ဘာလတွင် ရဟန်းသံဃာများနှင့် ပြည်သူများအား ရိုက်နှက်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင်ခဲ့၍ ယခုနှစ်တွင် လူမှုထူးချွန် တတိယအဆင့် ပေးအပ်ခြင်းခံရသည်။ ၎င်းသည် လမ်းမတော်မြို့နယ် ၁၄ လမ်း၊ အိမ်အမှတ် (၆၉)၊ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော သံစဉ် Beauty Saloon ဟု အမည်ခံထားသော ပြည့်တန်ဆာလုပ်ငန်းတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီး အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။

Saturday 12 January 2008

What will you do after you join to Myanmar Military?

သတင်း အတို အထွာ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ ထောင်တွင်း အခြေအနေ
(From GenerationWave)

ရေချိုးခန်းရှိတဲ့ ကိုမင်းကိုနိုင် ၊ ကိုသိန်းဆွေ ... အစရှိသူတို့ကို အဆောင်မှ လုံးဝ အပြင်မထုတ်ပါ ၊ လုံးဝ အပြင်မထွက်ရပါ ။

ရေချိုးခန်းမရှိတဲ့ ရှင်သုတဥာဏ.... ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ ကိုမြအေး ၊ ကိုမာကီး ၊ ကိုဂျင်မီ ၊... အစရှိသူတို့ကို မနက် - ၁၅ မိနစ် မျက်နှာသစ် ထုတ် ၊ နေ့လည် - ၁၂:၀၀ မှ ၁:၀၀ ထိ ရေချိုး ၊ အ၀တ်လျှော် လမ်းလျှောက် ထုတ် ။ စုစုပေါင်း တရက်လျှင် (၁ နာရီ နှင့် ၁၅ မိနစ်) သာ အဆောင် အပြင်ထွက်ရသည် ။

ကိုလှမျိုးနောင်.... စတင်အဖမ်းခံရစဉ် ဘယ်ဘက်မျက်လုံး အခြေအနေဆိုးရွား ၊

အင်းစိန်ဆေးရုံတွင်ခွဲစိတ် ၊ ဆရာဝန်မှ ဆေးရုံတွင် အနားယူရန်လိုဟုဆို ၊ S.B မှ ပယ်ချ ၊

အင်းစိန်ထောင်သို့ အတင်းပြန်ခေါ်၍ စစ်ကြောရေး ပြန်ဝင် ၊ ပြီးနောက် ထွက်ချက်ကို လတ်မှတ်ထိုးရန် အတင်းအကျပ် ဖတ်ခိုင်းရာမှ ဘယ်ဘက်မျက်လုံး ကွယ်သွားရခြင်း ဖြစ်သဖြင့် န.အ.ဖ တွင် လုံးဝ တာဝန်ရှိသည် ။

.....................................................................

Yangon security situation
(From Ko Sai)

now security tighten in yagon.
Law enforcement police start blocking pansoedan bridge.
they open for 1way only .
Start: 12 Jan 2008 at 8:30pm yangon time we think cause of boom in nay pyi daw .
but among the public say each other the boom was the spdc put them self.


Friday 11 January 2008

Suu Kyi Taken to Meeting With Myanmar Junta Official, AFP Says

By Michael Heath

Jan. 11 (Bloomberg) -- Myanmar opposition leader Aung San Suu Kyi was taken from her home in the former capital, Yangon, to meet with an official from the ruling junta, Agence France-Presse reported.

Suu Kyi was driven in a convoy to a nearby military site used for official meetings at about 1 p.m. local time, the news service cited unidentified witnesses as saying.

She was due to meet with Labor Minister U Aung Kyi, who was appointed by the junta to liaise with her. That followed international pressure stemming from a junta crackdown on anti- government demonstrators in September, which left at least 31 dead and 74 missing, according to the United Nations, AFP said.

Myanmar, a nation of 47 million people, has been ruled by the military since 1962. In 1990, the junta rejected the results of parliamentary elections won by Suu Kyi's National League for Democracy. She has spent 12 of the past 17 years in detention and remains under house arrest at her home in Yangon.

Small bomb blast kills one in Myanmar: official

YANGON - A WOMAN was killed early on Friday when a small bomb exploded near the railway station serving Myanmar's remote new capital of Naypyidaw, an official told reporters.

The woman died when the bomb went off around 4am on Friday near the station in Pyinmana, a logging town just outside the capital, the Myanmar official said by telephone. The official could provide no other details on the blast.

Since moving the capital two years ago from the country's main city of Yangon to Naypyidaw, about 400 km to the north, a handful of small blasts have rattled the surrounding region, usually causing only minor damage.

The military has tried to establish a security cordon around the capital, which critics say has led to the forced removal of ethnic minority villagers from their homes and sparked clashes with ethnic Karen rebels. -- AFP

ဒီနေ့  နေပြည်တော် ဘူတာမှာ ဗုံးပေါက်ကွဲ သွားတယ်လို့ သိရတယ်။

အသေးစိတ်မသိရသေးပါ။ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

(ကိုမိုးသီးထံမှ ရယူထားပါသည်။)

Thursday 10 January 2008

25/12/2007 sinagpore မှာ သီတဂူ ဆရာတော်ကြီး ဟောကြားတော်မူခဲ့ သော “လူမိုက်တွေကိုပဲ စည်းရုံးကာ နေတော့မယ်” တရားတော် VCD

အပိုင်း(၁)


အပိုင်း (၂)


From AOAB

ရရှိထားသော သတင်းများ

ဒေါ်ကြိုင်ကြိုင် လေဖြတ်သွားသည်ဟု သတင်းထွက်လာခြင်း

ဗိုလ်ချုပ်မှုးကြီး ကတော် ဒေါ်ကြိုင်ကြိုင် တစ်ယောက် လေဖြတ်သွားသဖြင့် ပန်းလှိုင်ဆေးရုံတွင် တင်ထားရကြောင်း သိရပါသည်။ လူသိမခံလိုသောကြောင့် စင်္ကာပူတွင် ဆေးကုသမှုခံယူခြင်း မရှိသေးကြောင်း ကြားသိရပါသည်။

..................................................

ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းနှင့် ရန်ကုန်တိုင်း တိုင်းမှုး လှဌေးဝင်းတို့ အခြင်းများနေကြခြင်း
(သတင်းပေးပို့သူ ကိုစိုင်း)

မြို့တော်ဝန် အောင်သိန်းလင်းနှင့် တိုင်းမှုး လှဌေးဝင်းတို့ ၂ ယောက် ရန်ကုန်မြို့တော်ခန်းမရှေ့ ညဈေးဖွင့်ခြင်း ကိစ္စပေါ် မူတည်၍ တယောက်နှင့် တစ်ယောက် မကြေမချမ်း ရှိနေကြသည်ဟု သိရပါသည်။ အောင်သိန်းလင်းက မြို့တော်ခန်းမရှေ့တွင် ညဈေးဖွင့်ရန် အစီအစဉ် လုပ်သည်ကို တိုင်းမှုး လှဌေးဝင်းက လုံခြုံရေးကို အကြေင်းပြ၍ တားမြတ်ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် မြို့တော်ဝန်မှ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့တွင် ပြောင်းလဲ ဖွင့်ရန် စီစဉ်သော အခါတွင်လည်း တိုင်းမှုးက လိုက်လံ တားမြစ်သဖြင့် ထိုညဈေး ဖွင့်မည့်ကိစ္စ အပေါ်တွင် နှစ်ယောက်သား မကြေမချမ်း အခြင်းများနေကြသည်ဟု ရန်ကုန်မြို့တော် စည်ပင်ဝန်ထမ်းတယောက်မှ တဆင့် သိရပါသည်။

ဘ၀ နောက်ဆုံး အချိန်မှာတောင် နောင်တရပုံ မပေါ်သေးသော သန်းရွှေ

ကျွန်တော် အောက်မှာပါတဲ့ မဇ္ဈိမမှာတင်ထားခဲ့တဲ့ ပုံကို ကြည့်ပြီး အတွေးတွေ ပွားစရာ အများကြီးကို တွေ့ရပါတယ်။

နောင်တ မရသေးသော သန်းရွှေနှင့် တိုင်းပြည်အဖျက်သမားများ

လွန်ဆန်နိုင်စွမ်းမရှိတဲ့ အနိစ္စ သဘောအရ ဒီလောက် အိုမင်း နေတာတောင် မကောင်းတာတွေ ထပ်မလုပ်တော့ဘဲ၊ ဘ၀မှ တခဏလေး လူကောင်း အဖြစ် နေသွားမယ်ဆိုတဲ့ စိတ်ကူးမျိုး မထားဘဲ မိုက်တွင်းနက်နေတဲ့ သန်းရွှေပါလား။

ကိုယ်ကျိုးအတွက် သူများ အသတ်တွေ၊ ဘ၀တွေကို ထောင်ထဲမှာ၊ လမ်းမမှာ၊ သူများမိသားစုတွေကို လက်မတွန့်ဘဲ ဖြိုခွဲခဲ့တာ၊ လက်ရှိလည်း ထောင်ထဲမှာ နှိပ်စက်နေတာ၊ အဲဒီလို လက်မရွံ့ လူသတ်သမား သန်းရွှေက သူ့အသက်ကို သေမှာကြောက်ပြီး ရှေ့နောက် ၀ဲယာမှာ လက်နက်ကိုင် အစောင့်တွေ ထားလိုက်တာများ၊ လူရီစရာကြီး။

ကျွန်တော်တို့ကလည်း ပြောလိုက်ပါဦးမယ်။ သန်းရွှေကို ဆုငွေ ထုတ်ထားတာက အဲဒီ အစောင့်တွေရဲ့ သေနတ်ထဲက ထွက်လာမယ့် ကျည်ဆံတွေအတွက် ထုတ်ထားတာ။ ကျည်ဆံဖိုးပါ။ ပြည်သူတွေကတော့ သန်းရွှေကြီးကို တကယ် သေမှာ မလိုလားကြပါဘူး။ မေတ္တာထားလွန်းလို့တော့ မထင်နဲ့။ သဘာဝ ဓမ္မ အရ ခံစားရမယ့် ဝေဒနာတွေ ကောင်းကောင်း အိပ်ယာထဲ အလူးအလဲ နှစ်ရှည် ခံစားနေရတာကို မြင်ချင်လို့ပါ။

တိုင်းပြည်ပြဿနာတွေရဲ့ ၇၀ % ခန့်ဟာ သန်းရွှေရဲ့ တကိုယ်ကောင်းဆန်မှု၊ ယုတ်မာမှုတွေက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ အစိုးရ အမှုထမ်းတွေ၊ အရာရှိတွေ၊ တရားဥပဒေ စနစ်တွေကို အစီအစဉ်တကျ ဖျက်ဆီးပြီး သူ့ အပြစ်တွေကို အခြားလူတွေက ပြောလို့မရအောင် ဖျက်စီးထားတာပါ။ တိုင်းပြည်ထဲမှာလည်း စနစ်တကျ အဲဒီ စနစ် ထွန်းကားကောင် သေချာ အကောင်အထည် ဖေါ်ထားပါတယ်။ ဒီတော့ အဲဒီလို စနစ်ဆိုးထဲမှာ တချိန်က အာရှမှာ လက်မထောင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ အဆင်းရဲဆုံး၊ အစုတ်ပျက်ဆုံး ဖြစ်လာနေရတာ မဆန်းပါဘူး။ သန်းရွှေရဲ့ ယုတ်မာမှုကြောင့် တိုင်းပြည်ပျက်နေရတာပါ။

ဒီတော့ အတ္တကြီးပြီး၊ ယုတ်မာတဲ့ သန်းရွှေလို လူတစ်ယောက်ကို တိုင်းပြည်က ဖယ်ထုတ်ပြီး၊ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေက ပြည်သူနဲ့ ပူးပေါင်းပြီး အနာဂါတ်နိုင်ငံတော်သစ်ကို သွားမယ်ဆိုရင် ဒီအချိန်ဟာ အချိန်ကောင်းပါပဲ။ နောက်မကျသေးပါဘူး၊ ပြည်သူတွေက လက်ကမ်းကြိုနေကြပါတယ် ဆိုတာ ကျွန်တော် ဒီနေရာက ပြောလိုက်ချင်ပါတယ်။

Wednesday 9 January 2008

၂၆.၁၂.၂၀၀၇ စင်္ကာပူတွင် ဟောကြားသော သီတဂူဆရာတော်၏ တရားတော်

ဇေတ၀န် ကျောင်းတိုက်ထဲမှာ ဘုရင် ကောသလ လွှတ်ထားတဲ့ အတုအယောင် ....
ဇေတ၀န် ကျောင်းတိုက်ဝင်းထဲမှာ ကောသလ မင်းက ဗုဒ္ဓဘာသာနဲ့ မအပ်စပ်တာတွေ့ရှိခြင်း ....
နားထိုင်းတွေ၊ ဥာဏ်နည်းတဲ့ လူတွေကို သံတမန် အနေဖြင့် တိုင်းတပါးကို သံတမန် လွှတ်ရာတွင် ....
ဒေါင်းမျိုးနွယ် ဘယ်က စသလဲ .....
နောက်ဆုံးတွင် ဘုရားနှင့် သာသနာကို စော်ကားခဲ့မိသော ကောသလ မင်းကြီး၊ ခွေးသေကဲ့သို့ သေဆုံးခဲ့ရပုံ ...
တို့ပါဝင်သော .....
သီတဂူ ဆရာတော်မှ ဟောကြားတော်မူသော ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်



download 14.57MB

Myanmar regime imposes huge satellite TV fee in bid to curb foreign channels

THE ASSOCIATED PRESS

YANGON, Myanmar - Myanmar's military junta rang in the New Year on Wednesday by dramatically raising the annual fee for TV satellite dishes in an apparent move to limit access to the foreign news channels that beamed in global criticism of its recent crackdown on pro-democracy protests.

The license fee has rocketed from US$5 to $800 - an unaffordable sum to most people in Myanmar. It is equivalent to about three times the annual salary of a public school teacher.

The new fee was imposed without warning and discovered by residents who went to renew their licenses Wednesday.

Most middle class homes and shops use satellite dishes to tune into foreign sports events, soap operas and to circumvent the junta's tightly controlled state media.

"The government is trying to shut our ears and eyes," said Thant Zin, a 57-year-old civil servant. "The military regime does not want us to know the truth about our country."

Post offices, which handle the license renewals, informed residents that the deadline for the new fee was Jan. 30, after which satellite owners would have to pay a $3 fine to renew licenses.

An official at Myanmar Post and Telecom said he was not authorized to comment on the price rise, but on condition of anonymity said it was meant to discourage people from watching foreign news channels.

Many residents said they would be forced to give up satellite TV, while others said they would risk fines and secretly keep their dishes in place.

A sudden hike in fuel prices last year led to protests that ballooned into anti-government street demonstrations, which were brutally crushed by the military in September.

Foreign news channels and banned programing like the Democratic Voice of Burma - a channel run by dissidents out of Norway - were the main source of information for people in Myanmar during the crackdown.

The junta was reportedly furious by the images beamed around the world and inside the country of its troops beating Buddhist monks who led the protests.